YGN GYM - Yae Kyaw

YGN GYM - Yae Kyaw YOUR STARTING POINT.

🔥 2 MONTHS TRANSFORMATION 🔥📸 Before ➡️ Afterအချိန်က ၂ လပဲရှိသေးတယ်။ဒါပေမယ့် ပြောင်းလဲမှုကတော့ ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ...
28/08/2026

🔥 2 MONTHS TRANSFORMATION 🔥

📸 Before ➡️ After

အချိန်က ၂ လပဲရှိသေးတယ်။
ဒါပေမယ့် ပြောင်းလဲမှုကတော့ ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ။ 💪✨

ဒီ Result က ကျွန်တော် Trainer တစ်ယောက်တည်းရဲ့ Result မဟုတ်ပါဘူး။
ပေးထားတဲ့ Training ကို စနစ်တကျလိုက်လုပ်ပြီး Consistency & Discipline ရှိရှိ ကြိုးစားခဲ့တဲ့ Client ရဲ့ Result ပါ။ 👏❤️‍🔥

Body ပြောင်းချင်ရင် Perfect ဖြစ်နေဖို့မလိုပါဘူး။
စတင်ဖို့နဲ့ ဆက်လုပ်နေဖို့ပဲ လိုပါတယ်။

ဒီနေ့ စလိုက်ရင် နောက် ၂ လအကြာမှာ ကိုယ့်ရဲ့ Before & After က ဘယ်လိုဖြစ်နေမလဲ? 🔥

Trust the process. Stay consistent. Results will follow. 💯

🐟 OMEGA-3 — ဘာကြောင့် သောက်သင့်တာလဲ?Omega-3 က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကျန်းမာရေးအကျိုးပြု အဆီဓာတ် (Healthy Fat) တစ်မျိ...
23/08/2026

🐟 OMEGA-3 — ဘာကြောင့် သောက်သင့်တာလဲ?

Omega-3 က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကျန်းမာရေးအကျိုးပြု အဆီဓာတ် (Healthy Fat) တစ်မျိုးဖြစ်ပါတယ်။ 💪

🧠 ဦးနှောက်ကျန်းမာရေး
ဦးနှောက်ရဲ့ ပုံမှန်လုပ်ဆောင်မှုနဲ့ အာရုံစူးစိုက်နိုင်စွမ်းကို အထောက်အကူပြုပါတယ်။

❤️ နှလုံးကျန်းမာရေး
နှလုံးနဲ့ သွေးကြောကျန်းမာရေးကို အထောက်အကူပြုပြီး Triglyceride ပမာဏကို ထိန်းညှိရာမှာ ကူညီပေးနိုင်ပါတယ်။

👀 မျက်စိကျန်းမာရေး
Omega-3 ထဲက DHA ဟာ မျက်စိရဲ့ ပုံမှန်လုပ်ဆောင်မှုအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပါ။

🔥 ရောင်ရမ်းမှုကို ထိန်းညှိပေးနိုင်ခြင်း
ခန္ဓာကိုယ်ရဲ့ ပုံမှန်ရောင်ရမ်းတုံ့ပြန်မှုကို ထိန်းညှိရာမှာ အထောက်အကူပြုနိုင်ပါတယ်။

🏋️ လေ့ကျင့်ခန်းနှင့် Recovery
လေ့ကျင့်ခန်းလုပ်သူတွေအတွက် မျှတတဲ့ အာဟာရအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးဝင်နိုင်ပါတယ်။

💊 တစ်နေ့ ဘယ်လောက်သောက်ရမလဲ?
ကျန်းမာတဲ့ လူကြီးအများစုအတွက် EPA + DHA စုစုပေါင်း 250–500 mg/day ခန့် ရရှိအောင် စားသုံးနိုင်ပါတယ်။

⚠️ ဆေးလုံးအရေအတွက်ကိုပဲ မကြည့်ပါနဲ့။
Omega-3 တံဆိပ်တစ်ခုနဲ့တစ်ခုမှာ EPA + DHA ပါဝင်မှုပမာဏ မတူတာကြောင့် Nutrition Label ကို စစ်ပြီး EPA + DHA ပမာဏကို ကြည့်ပါ။

🥗 Salmon, Sardine, Mackerel လို အဆီဓာတ်များတဲ့ ငါးတွေကလည်း Omega-3 ရရှိနိုင်တဲ့ ကောင်းမွန်တဲ့ အစားအစာတွေပါ။

18/08/2026

" မိတ်ဆွေက ခါးနာလို့ ဆေးသောက်တယ်၊ လေ့ကျင့်ခန်းလုပ်တယ်၊ ဒါပေမဲ့ မပျောက်ဘူးဖြစ်နေလား။ "

❗❗တကယ့်ပြဿနာက မိတ်ဆွေရဲ့ ခါးမှာမဟုတ်ဘဲနဲ့ လည်ပင်းမှာ ဖြစ်နိုင်ပါတယ်။❗❗



🔧 YGN GYM (ရေကျော်ရုံခွဲ) ယာယီပိတ်ကြောင်း အသိပေးခြင်းလေးစားရပါသော YGN GYM Member များခင်ဗျာ၊YGN GYM (ရေကျော်ရုံခွဲ) တွင်...
13/08/2026

🔧 YGN GYM (ရေကျော်ရုံခွဲ) ယာယီပိတ်ကြောင်း အသိပေးခြင်း

လေးစားရပါသော YGN GYM Member များခင်ဗျာ၊
YGN GYM (ရေကျော်ရုံခွဲ) တွင် စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း (Maintenance) နှင့် Facility Improvement လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့်
📅 ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၅) ရက် (စနေနေ့)တွင် ယာယီပိတ်ထားမည်
ဖြစ်ပါသည်။
🏋️ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၆) ရက်(တနင်္ဂနွေနေ့)တွင် ပုံမှန်အတိုင်းပြန်လည်
ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။

📍 ယာယီပိတ်ထားသည့် ကာလအတွင်း YGN GYM (ရေကျော်ရုံခွဲ) Member များသည် YGN GYM ၏ အခြားရုံခွဲများတွင် Membership တူညီစွာဖြင့် လေ့ကျင့်
နိုင်ပါသည်။

Member များအတွက် ပိုမိုကောင်းမွန်သော လေ့ကျင့်ရေးပတ်ဝန်းကျင်နှင့် ဝန်ဆောင်မှုများ ပေးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
နားလည်ပေးမှုနှင့် အစဉ်အမြဲ အားပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ 💛

YGN GYM
Stronger Everyday

10/08/2026

---- Hyrox Training / Zero Equipment -----

🎯800 m run
50 burpee
🎯800 m run
50 air squat
🎯800 m run
50 lunges
🎯800 m run
50 mountain climner
🎯800 m run
50 sit up

Time cap - 50 mins

🔥 YGN GYM 100 DAYS TRANSFORMATION CHALLENGE 2026 🔥ဒီနေ့ YGN GYM Management Team နှင့် Branch Managers များအားလုံး စုပေါင...
10/08/2026

🔥 YGN GYM 100 DAYS TRANSFORMATION CHALLENGE 2026 🔥

ဒီနေ့ YGN GYM Management Team နှင့် Branch Managers များအားလုံး စုပေါင်းပြီး 100 Days Transformation Challenge 2026 Campaign ကို တရားဝင် Launch ပြုလုပ်ခဲ့ပါသည်။

🏆 Champion Prize – 1,000,000 Ks
🥈 Runner Up – 500,000 Ks
🥉 Third Place – 300,000 Ks

ရက် 100 အတွင်း

✅ Fat Loss
✅ Muscle Building
✅ Fitness Improvement
✅ Lifestyle Transformation

ကို အတူတကွ အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

ဤ Campaign သည် Membership Promotion တစ်ခုသာ မဟုတ်ဘဲ လူတစ်ယောက်၏ ဘဝကို ပိုမိုကျန်းမာကြံ့ခိုင်သော Lifestyle တစ်ခုသို့ ပြောင်းလဲပေးမည့် Challenge တစ်ခု ဖြစ်ပါသည်။

🌧️ Don’t Wait For The Perfect Weather.
🔥 Start Today.

100 Days From Now,
You’ll Wish You Started Today.

📅 Registration Open Now
📍 All YGN GYM Branches

Ph : 09778353268
: 09968615056

Location : Yaekyaw street , Yaekyaw complex second floor ( car parking ) , Pazuntaung.





TABATA ဟာ အချိန်တိုအတွင်း Calories Burn မြင့်စေပြီး Cardio Endurance၊ Core Strength နဲ့ Fitness Level ကို တစ်ပြိုင်တည်း ...
03/08/2026

TABATA ဟာ အချိန်တိုအတွင်း Calories Burn မြင့်စေပြီး Cardio Endurance၊ Core Strength နဲ့ Fitness Level ကို တစ်ပြိုင်တည်း တိုးတက်စေတဲ့ High-Intensity Workout ဖြစ်ပါတယ်။

မိနစ် ၃၀ အတွင်း ကိုယ့်ရဲ့ စွမ်းအားကို စိန်ခေါ်ပြီး ပိုသန်မာတဲ့ ခန္ဓာကိုယ်ကို တည်ဆောက်လိုသူတိုင်းအတွက် ဒီ Class က အကောင်းဆုံး ရွေးချယ်မှုပါ။

Beginner ဖြစ်ဖြစ်၊ Fitness Level ကို နောက်တစ်ဆင့်တက်ချင်သူဖြစ်ဖြစ် အားလုံး ပါဝင်နိုင်ပါတယ်။

အချိန်တို။
လေ့ကျင့်ခန်းထိရောက်။
ရလဒ်က သိသာမယ်။

Instructor - Zaw Htoo Naung (PZD)

Date - Monday, 3 August 2026

Time - 6:00 PM – 6:30 PM

Location - YGN GYM 8 (Yay Kyaw)

သင့်ရဲ့ Limit ကို ကျော်ဖြတ်ပြီး ပိုသန်မာတဲ့ ကိုယ့်ကိုယ်ကို ဖန်တီးလိုက်ပါ။

📢 UPDATED OPERATING HOURSYGN GYM ၏ လည်ပတ်မှုစနစ်နှင့် Member Service များကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်ရန် ဖွ...
31/07/2026

📢 UPDATED OPERATING HOURS

YGN GYM ၏ လည်ပတ်မှုစနစ်နှင့် Member Service များကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်ရန် ဖွင့်လှစ်ချိန်အား ပြောင်းလဲသတ်မှတ်ထားပါသည်။

📅 Effective From: 1 August 2026
🗓️ Monday – Sunday
⏰ 6:00 AM – 9:00 PM

Member များအနေဖြင့် ပြောင်းလဲထားသော ဖွင့်ချိန်အတိုင်း လေ့ကျင့်ခန်းအစီအစဉ်များကို ကြိုတင်စီစဉ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အားပေးမှုနှင့် နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါသည်။ 💛

YGN GYM — STRONGER EVERYDAY

🌕 ၁၃၈၈ ခုနှစ်၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ 🌕✨ ”သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်...
29/07/2026

🌕 ၁၃၈၈ ခုနှစ်၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ 🌕
✨ ”သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက် သံဃို့ လဝါဆို” ✨
ဒီနေ့မှာ ကျရောက်တဲ့ ထူးမြတ်လှသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မင်္ဂလာအခါသမယမှာ မိတ်ဆွေသူတော်စင်အပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏
ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ သာသနာ့သမိုင်းတွင် အလွန်ထူးခြားဆန်းကြယ်ပြီး မွန်မြတ်လှသော နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါသည်။
🌸 ဝါဆိုလပြည့်နေ့၏ ထူးခြားသော သမိုင်းဝင်အဖြစ်အပျက်များ -
* သန္ဓေယူသောနေ့ - ဂေါတမဘုရားလောင်း မဟာမာယာဒေဝီ မိဖုရားကြီး၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စတင်ယူတော်မူသောနေ့။
* တောထွက်တော်မူသောနေ့ - ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ခန္ဓာငါးပါး ဒုက္ခမှ လွတ်မြောက်ရာကို ရှာဖွေရန် တောထွက်တော်မူသောနေ့။
* ဓမ္မစက် ဟောကြားတော်မူသောနေ့ - ဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ပဉ္စဝဂ္ဂီ (၅) ဦးတို့အား ပထမဆုံးအကြိမ် ဓမ္မစကြာဒေသနာတော်ကို စတင်ဟောကြားတော်မူသောနေ့။
* သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ - အရှင်ကောဏ္ဍည မထေရ်မြတ် တရားထူးရရှိကာ သာသနာတော်တွင် သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့သောနေ့။
ထို့အပြင် ရဟန်းသံဃာတော်များ ဝါတွင်းသုံးလပတ်လုံး ဝါကပ်တော်မူကြသည့် သာသနာ့အစဉ်အလာစတင်ရာ မင်္ဂလာနေ့မြတ်လည်း ဖြစ်ပါသည်။
ဤမင်္ဂလာရှိသော ဝါဆိုလပြည့်နေ့၌ တရားဓမ္မများ နာယူကျင့်ကြံရင်း၊ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုအပေါင်းကို တိုးပွားအောင် ပြုလုပ်အားထုတ်နိုင်ကြပါစေခင်ဗျာ။ 🌿🙏
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

📅 August  လအတွက် 𝐆𝐗 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 လေးကို အောက်မှာ ကြည့်ပြီး အကြိုက်ဆုံး 𝐂𝐥𝐚𝐬𝐬 တွေကို ရွေးချယ် 𝐉𝐨𝐢𝐧 လိုက်တော့နော်။👇  𝟏.Yae Kya...
28/07/2026

📅 August လအတွက် 𝐆𝐗 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 လေးကို အောက်မှာ ကြည့်ပြီး အကြိုက်ဆုံး 𝐂𝐥𝐚𝐬𝐬 တွေကို ရွေးချယ် 𝐉𝐨𝐢𝐧 လိုက်တော့နော်။👇

𝟏.Yae Kyaw 𝗕𝗿𝗮𝗻𝗰h (𝗣𝗥𝗘𝗠𝗜𝗨𝗠)

Location : yae kyaw complex , ဒုတိယထပ် ၊ ရေကျော်လမ်း ၊ ပုဇွန်တောင်မြို့နယ် ၊ရေကျာ် city mark အပေါ်ထပ်

☎️ 09 -778353268
-968615056


Address

Yae Kyaw Complex, 2nd Floor, (Upper Floor Of Yae Kyaw City Mart)
Pazundaung
11171

Telephone

09969625593

Website

Alerts

Be the first to know and let us send you an email when YGN GYM - Yae Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share