Your Gym

Your Gym "Life is Better with YOUR GYM"

19/04/2026

လက်ရှိအထွေထွေကုန်ဈေးနူန်းတွေမြှင့်တက်နေသောကြောင့် 5လပိုင်း1ရက်နေ့မှစပီး Gymလစဥ်ကြေးကိုတလ40000သို့တိုးမြှင့်လိုက်ပါသည်။လူဦးရေအကန့်အသတ်ဖြင့်သာလက်ခံတော့မှာဖြစ်လို့လူပြည့်နေလို့ထပ်လက်မခံဖြစ်ပါကနားလည်ပေးကြပါရန်အထူးမေတ္တာရပ်ခံအပ်ပါသည်။

သင်္ကြ​န်ပိတ်ရက်   ကြိုတင် အသိပေး​​ခြင်း ဖြစ်ပါတယ် ခင်ဗျာApril လ 13 ရက်နေ့ မှ April လ 19 ရက်နေ့ အထိ  Your Gym ပိတ်မည်ဖြစ...
04/04/2026

သင်္ကြ​န်ပိတ်ရက်
ကြိုတင် အသိပေး​​ခြင်း ဖြစ်ပါတယ် ခင်ဗျာ

April လ 13 ရက်နေ့ မှ
April လ 19 ရက်နေ့ အထိ Your Gym ပိတ်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးခြင်း ဖြစ်ပါတယ် ခင်ဗျာ

April လ 20 ရက်နေ့မှာတော့ Your Gym ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားပါမယ် ခင်ဗျာ

စတာပါဗျာ လို့ ဟဲဟဲ 😁😁😁
15/03/2026

စတာပါဗျာ လို့ ဟဲဟဲ 😁😁😁

15/02/2026

မနက်ဖြန်တရုတ်နှစ်သစ်ကူးနေ့တရက်ဂျင်ပိတ်ပါသည်။သဖက်ခါ အဂါ်နေ့ပြန်ဖွင့်ပါမည်။

မင်္ဂလာ ရှိသော Feb 14 ရက် နေ့လေး ဖြစ်ပါစေဗျာ 😎😎😎
14/02/2026

မင်္ဂလာ ရှိသော Feb 14 ရက် နေ့လေး ဖြစ်ပါစေဗျာ 😎😎😎

မနက်ဖြန် Monday နော်သူငယ်ချင်းလေးတို့ရေ အဟိ 😅
04/01/2026

မနက်ဖြန် Monday နော်
သူငယ်ချင်းလေးတို့ရေ အဟိ 😅

01/01/2026

Trainer ဖျားနေလို့ သောကြာ စနေ ဆက်ပိတ်လိုက်ရပါသည်။ 5.1.2026 တနလာ်နေ့မှပြန်ဖွင့်နိုင်ပါတော့မည်။ အားလုံးပဲ နှစ်သစ်မှပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ...

သီတင်းကျွတ် Your Gym  ပိတ်ရက်ကြေညာခြင်းမကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်အခါသမယလေးအတွက် ၂၀၂၅ခုနှစ်​ အောက်တိုဘာလ(၆.၁၀....
05/10/2025

သီတင်းကျွတ် Your Gym ပိတ်ရက်ကြေညာခြင်း

မကြာခင်ရောက်ရှိလာတော့မယ့်
သီတင်းကျွတ်အခါသမယလေးအတွက်
၂၀၂၅ခုနှစ်​ အောက်တိုဘာလ
(၆.၁၀.၂၀၂၅) (၇.၁၀.၂၀၂၅) Gym (၂)ရက်ပိတ်မည်ဖြစ်ကြောင်းရိုသေလေးစားစွာအသိပေးအပ်ပါသည်
(၈.၁၀.၂၀၂၅) ဗုဒ္ဓဟူးနေ့မှာ ပုံမှန်တိုင်းပြန်ဖွင့်ပါမည်

သီတင်းကျွတ်အခါသမယမှာ
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေကြောင်း
ကျနော်တို့ Your Gym မိသားစု မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏🏻🙏🏻🙏🏻

လေ့ကျင့်ခန်းကို လေ့ကျင့်ခန်းနဲ့ တူအောင် မလုပ်ဘူးတစ်နေ့လာလဲ ပန်းရောင်တုန်းလေး ကိုင်ပြီးစကားလေး တစ်ပြောပြောနဲ့ ကတော့ တစ်လန...
09/09/2025

လေ့ကျင့်ခန်းကို လေ့ကျင့်ခန်းနဲ့ တူအောင် မလုပ်ဘူး

တစ်နေ့လာလဲ ပန်းရောင်တုန်းလေး ကိုင်ပြီး
စကားလေး တစ်ပြောပြောနဲ့ ကတော့

တစ်လနဲ့ တစ်လသာ ကုန်သွားမယ်ဆိုရင်

ဝိတ်ကျဖို့ အထောက်အကူ ပြုမှာ မဟုတ်သလို

Exercise intensity မရှိနိုင်သလို
Mind muscle connection လဲ မကောင်း စေနိုင်သလို
Exercise ရဲ့ အကျိုးကျေးဇူး
ထိရောက်မှုလဲ ရှိစေမှာ မဟုတ်ပါဘူး

ဆိုတော့

ကျွန်တော် တို့ လေ့ကျင့်ခန်း လုပ်တဲ့ အချိန်မှာ

အာရုံ မများဖို့
စကား မများနေဖို့ လိုအပ်ပါတယ်

ငါတို့ က စိတ်ကို relax လာလုပ်တာ
ပျော်ရင် ပြီးတာပဲ ဆိုလဲ သဘောပါ

တစ်ချို့ တစ်ကယ်ထိရောက်မှု လိုချင်တယ်ဆိုရင်တော့ ဆက်ဖတ်ပါ

ဆိုတော့ ကျွန်တော် တို့
လေ့ကျင့်ခန်း တစ်ခု လုပ်တိုင်း လုပ်တိုင်း မှာ
ဆော့တဲ့ အကြိမ်တိုင်း တစ်ကြိမ်ဆီတိုင်းမှာ

ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်း ပေါ်မူတည်ပြီး

Fully concentrated ရစေဖို့ ဆိုရင်
လေ့ကျင့်ခန်း တစ်ကြိမ် လုပ်တိုင်းမှာ

စကားများမနေဖို့
အာရုံမများနေဖို့ အဓိက လိုအပ်ပြီး

Eccentric လေ့ကျင့်ခန်း အဆင်းပိုင်းမှာကစ
အလေးကို လွတ်မချပဲ
စောင့်မချဘဲ

Control လုပ်ပြီး ဆင်းသင့်ပြီး

အပေါ်ပြန်ဆွဲ တင်တာပဲ ဖြစ်ဖြစ်
တွန်းတာပဲ ဖြစ်ဖြစ်
မတာပဲ ဖြစ်ဖြစ်

လေ့ကျင့်ခန်း Concentric အပိုင်းမှာ
Contraction ကောင်းကောင်းနဲ့ ကိုယ်ဆော့ တဲ့
Target muscle ကို

အာရုံ စိုက်ကစားရပါမယ်

ပြီးရင် ကြွက်သားကို Relax လုပ်တဲ့ အချိန်မှာ
Diaphragmatic breathing အသက်ရှူသင့်ပြီး

Contract လုပ်တဲ့ အချိန် တစ်ခါတည်း
ရှူထုတ် ရမှာ ဖြစ်ပါတယ််

ဒါမှလဲ လေ့ကျင့်ခန်း လုပ်ရင်

အာရုံ စူးစိုက်မှု အားကောင်းစေတယ်
ဦးနှောက် ကြီး ဖွံဖြိုးစေတယ်

ဆိုတာ

အခုလို သေချာ အာရုံ စူးစိုက်မှု အားကောင်းကောင်း
နဲ့ ဆော့ပေးမှ ရမှာ ဖြစ်ပါတယ်

ဒီလို အာရုံ စူးစိုက်မှု အားကောင်းမှ
ကိုယ်ဆော့ နေတဲ့ လေ့ကျင့်ခန်း
ကိုယ်ဆော့ နေတဲ့ ကြွက်သားကို

Focus ထားနိုင်မှ

ပိုထိရောက်မှု ရှိပြီး

Progress ဖြစ်လာကာ
အလေးပိုနိုင်လာကာ

ဝိတ်ကျချင်ချင်
အဆီကျချင်ချင်
Body transformation ဖြစ်ချင်ချင်

လို ချင်တဲ့ ပန်းတိုင် ကို နီးကပ်စေမှာ ဖြစ်ပါတယ်

Exercise ဆိုတာ ထိအောင် Train မှ
Exercise ကို Exercise နဲ့ တူအောင် ဆော့မှ

Exercise ရဲ့ အနှစ်သာရ ကို ခံစားရစေမှာ ဖြစ်ပါတယ်

မဟုတ်လို့ ကတော့

Gym လာ ချွေးထွက် သွေးပူ သွားစေတဲ့
ကိုယ်လက် လှုပ်ရှားပဲဖြစ်နေမှာ ဖြစ်ပါတယ် 🤭

အားနာတတ်ပါ မိတ်ဆွေ သန့်ရှင်းမှု ဖြင့် ကူညီတတ်ပါစေ မိတ်ဆွေGymမှာ မိမိဆော့ပီးသား အလေးတုန်းတွေကို နေရာတကျပြန်ထားလေ့ရှိသလား?...
07/08/2025

အားနာတတ်ပါ မိတ်ဆွေ
သန့်ရှင်းမှု ဖြင့် ကူညီတတ်ပါစေ မိတ်ဆွေ

Gymမှာ မိမိဆော့ပီးသား အလေးတုန်းတွေကို နေရာတကျပြန်ထားလေ့ရှိသလား?
မထားမိဘူးဆို တခြားသူတွေကို အားနာတတ်ပါမိတ်ဆွေ...

မိမိကစားခဲ့တဲ့နေရာမှာ ချွေးတွေပေနေခဲ့ရင် သန့်ရှင်းရေးလုပ်ပေးလေ့ရှိလား??
မလုပ်မိဘူးဆို တခြားသူတွေကို အားနာတတ်ပါမိတ်ဆွေ...

စက်တခုပေါ်မှာ အကြာကြီးဖုန်းသုံးနေပီလား??
စောင့်နေရတဲ့ တခြားသူတွေကို အားနာတတ်ပါမိတ်ဆွေ..

အတူတူကစားပေါ်အချင်းချင်း အလေးတွေနဲ့ စနောက်နေတတ်ပီလား??
ဒါဏ်ရာဖြစ်နိုင်တာမို့ အချင်းချင်း အားနာတတ်ပါမိတ်ဆွေ...

အလေးတွေမနိုင်ဝန်တွေထည့် ဝုန်းဒိုင်းပစ်ချပီး Proဂိုက်တွေဖမ်းနေတတ်ပီလား??
စိတ်အနှောက်ယှက်ဖြစ်နေတဲ့ တခြားသူတွေကို အားနာတတ်ပါမိတ်ဆွေ..

အများလေ့ကျင့်နေတဲ့ မှန်ရှေ့မှာ စိတ်တိုင်းမကျမချင်း အရှေ့ကကွယ်ပီး selfieဆွဲနေပီလား??
ပုံစံအမှန်ကို မှန်ကြည့်ဆော့နေကြတဲ့ တခြားသူတွေကို အားနာတတ်ပါမိတ်ဆွေ..

Gymစဆော့တဲ့နေ့ကနေ ၂ပတ်လောက်အထိ memberကြေးမပေးပဲ အမေ့ခံနေပီလား??
နည်းပြတွေကို အားနာတတ်ပါမိတ်ဆွေ..

မိန်းကလေးခပ်လန်းလန်းရောက်လာပီဆို အနားတဝိုက်မှာပဲ ဟန်ရေးတွေပြနေတတ်ပီလား??
တခြားသူရဲ့ လွတ်လပ်ခွင့်ကို အားနာတတ်ပါမိတ်ဆွေ..

အားကစားခန်းမအတွင်း အပြင်ကဖိနပ်နဲ့ ဝင်လာနေတတ်ပီလား??
သန့်ရှင်းရေးလုပ်ပေးနေရသူတွေကို အားနာတတ်ပါမိတ်ဆွေ..

မိမိဆီမှ ကိုယ်အနံ တော်တော်ဆိုးလား
သတိပြုမိလား မိတ်ဆွေ
ပတ်ဝန်းကျင်မှ ဆော့ကစားသူများကို
အားနာတတ်ပါ မိတ်ဆွေ

Gymဆိုတာ အလွှာအသီးသီးက လာကြတဲ့သူတွေအများကြီးမို့ မိမိက ဒီအချက်တွေထဲက တချက်(သို့) တချက်နဲ့အထက် ညှိနေပီဆိုရင် သေချာလေးတွေးပီး နည်းပြတွေနဲ့ တခြားသူတွေအပေါ်..
အားနာတတ်ပါမိတ်ဆွေ🙏

တချက်မှ မညှိဘူးဆိုရင်တော့
🙏Thank You 🙏

Credit

30/07/2025

2025 YBPC Bodybuilding 70kg တတိယ ဆု နှင့်
2025 MGOA Bodybuilding 70kg တတိယ ဆု
ရယူခဲ့သော Your Gym မှ ဆရာ ရဲထက်ဇာနည် အား
ညနေပိုင်း ကစားသော တပည့်များမှ အမှတ်တရ
ဂုဏ်ပြု ပန်းစည်း ပေးအပ်သော အမှတ်တရ
Video

Address

Hmattaing Street
Paungde
18.4977703,95.5119650

Opening Hours

Monday 07:00 - 09:30
14:30 - 20:30
Tuesday 07:00 - 09:30
14:30 - 20:30
Wednesday 07:00 - 09:30
14:30 - 20:30
Thursday 07:00 - 09:30
14:30 - 20:30
Friday 07:00 - 09:30
14:30 - 20:30
Saturday 07:00 - 09:30
14:30 - 20:30

Website

Alerts

Be the first to know and let us send you an email when Your Gym posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share