Ywar Thar

Ywar Thar မွတ္သားစရာမ်ား

11/05/2021
10/05/2021
👍👍👍💟💟💟👍👍👍❝ အပေါင်းအသင်း ❞ပေးနိုင်လို့ ပေါင်းတဲ့အပေါင်းအသင်းဟာသင်မပေးနိုင်တဲ့တစ်နေ့ ပစ်သွားမှာပါ။ ကျွေးနိုင်လို့ ပေါင်းတဲ...
10/05/2021

👍👍👍💟💟💟👍👍👍

❝ အပေါင်းအသင်း ❞

ပေးနိုင်လို့ ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မပေးနိုင်တဲ့တစ်နေ့ ပစ်သွားမှာပါ။

ကျွေးနိုင်လို့ ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မကျွေးနိုင်တဲ့တစ်နေ့ ပစ်သွားမှာပါ။

ကူညီနိုင်လို့ ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မကူညီနိုင်တဲ့တစ်နေ့ ပစ်သွားမှာပါ။

ခိုင်းသ၍လုပ်ပေးနိုင်လို့ ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မလုပ်ပေးနိုင်တဲ့တစ်နေ့ ပစ်သွားမှာပါ။

ချေးငှါးနိုင်လို့ ပေါင်းတဲ့အပေါင်းအသင်းဟာ
သင် မချေး မငှါးနိုင်တဲ့တစ်နေ့ ပစ်သွားမှာပါ။

တကယ်တော့ အပေါင်းအသင်းဆိုတာ
ပေးဆပ်နိုင်မှုနဲ့ မရင်းနှီးပါနဲ့။
ရယူမှုနဲ့ မရင်းနှီးပါနဲ့။
မေတ္တာနဲ့ ရင်းနှီးပါ။
နားလည်မှုနဲ့ ပေါင်းသင်းပါ။
စာနာစိတ်နဲ့ မိတ်ဖွဲ့ပါ။
ညာတာစိတ်နဲ့ လက်တွဲပါ။
အစားကောင်းစားရတိုင်း သတိရပါ။
အသိတရားကောင်းရရှိတိုင်း ဝေငှပါ။
ပျော်စရာတွေ့တိုင်း လှမ်းခေါ်ပါ။
စိတ်ညစ်စရာတွေ့တိုင်း တိုင်ပင်ပါ။
ဝမ်းနည်းစရာတွေ့တိုင်း ဖွင့်ဟပါ။
သူ့ဆီကဆိုတဲ့ရလိုမှုတွေ ဖျောက်ပစ်ပါ။

ဘာတွေဘယ်လိုကြုံကြုံ ဘဝကခဏလေးပါ။

ကိုယ့်ရဲ့အတ္တစိတ်ကြောင့် မာန်မာနတွေကြောင့်
မိတ်ဆွေကောင်းတွေကိုတော့
လက်မလွှတ်လိုက်ရပါစေနဲ့။


*လေးစားစွာဖြင့်

မြွေတစ်ကောင် မီးထဲ ပိတ်မိနေတာကို မြင်တဲ့လူတစ်ယောက်က အဲ့ဒီမြွေကို ကယ်ဆယ်ဖို့ လုပ်နေတယ်။ကယ်ဖို့ လုပ်နေချိန်မှာ မြွေက အဲ့ဒီ...
10/05/2021

မြွေတစ်ကောင် မီးထဲ ပိတ်မိနေတာကို
မြင်တဲ့လူတစ်ယောက်က အဲ့ဒီမြွေကို
ကယ်ဆယ်ဖို့ လုပ်နေတယ်။

ကယ်ဖို့ လုပ်နေချိန်မှာ
မြွေက အဲ့ဒီလူကို ကိုက်လိုက်တာကြောင့်
သူ့ခမျာ ပြင်းထန်တဲ့ နာကျင်မှုကို
ခံစား လိုက်ရတယ်။
ကယ်ဖို့ လုပ်နေသူက မြွေကို လွှတ်ချလိုက်တဲ့အခါ မြွေက မီးထဲ ကျသွားပြန်ပါတယ်။

ကယ်ဖို့လုပ်နေသူက အနီးအနားကို
စူးစမ်း ကြည့်ပါတယ်။
သတ္တုတုတ်ချောင်း တစ်ချောင်းကို တွေ့တဲ့အခါ
အဲ့ဒီ တုတ်ချောင်းသုံးပြီး မီးထဲက မြွေရဲ့အသက်ကို ကယ်ထုတ်ဖို့ လုပ်နေခဲ့ ပြန်ပါတယ်။

ဒီ အဖြစ်အပျက်ကို တစ်ချိန်လုံး
ကြည့်နေသူတစ်ဦးက မြွေကို ကယ်ထုတ်နေသူအနား ချဉ်းကပ်လာကာ
"က ခင်ဗျားကို ကိုက်လည်း ကိုက်ခဲ့တယ်။
ဒါတောင် အဲ့ဒီမြွေကို
ဘာလို့ ကယ်ဖို့လုပ်နေတာလဲဗျား" လို့
မေးလိုက်တယ်။

မြွေကယ်ဖို့ လုပ်နေသူက
"မြွေရဲ့ပ င်ကို စရိုက်ဗီဇက ကိုက်ဖို့ပါပဲ။
ဒါပေမယ့် အဲ့ဒီမြွေရဲ့ ပင်ကို စရိုက်က ကျုပ်ရဲ့ ကယ်ဆယ်တတ်တဲ့ ပင်ကိုစရိုက်
ဗီဇကို ပြောင်းလဲလို့ မရဘူးလေ" လို့
ဖြေလိုက်တယ်။

သင့်ကို တစ်စုံတစ်ယောက်က
နာကျင်စေလို့ သင့်ရဲ့ ပင်ကိုစရိုက် ဗီဇကို
လွယ်လွယ် မပြောင်းလဲ လိုက်ပါနဲ့။
သင့်ရဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်ကို
အဆုံးရှုံး မခံလိုက်ပါနဲ့။
ကြိုတင် ကာကွယ်မှုကိုတော့ သင်ယူလိုက်ပါ။

(အမေရိကန် စာရေးဆရာမ Diane Johnson ရဲ့ "A Man and A snake" ကို မြန်မာလို ဆီလျော်အောင် ဘာသာ ပြန်ပါသည်။ )

မူရင်းရေးသားသူအား လေးစားလျက်

ပြန်လည်မျှဝေပေးပါသည်

10/05/2021

ယနေ့ဖတ်မိလို့သဘောကျသောစာပေလေး ပြန်လည်မျှဝေပါတယ်ခင္ဗ်
🌻🌹🌼🌷🏵️🌺🌸💐
(တန်ခူးလပြည့်နေ့)

မင်းလိုချင်တဲ့ အရာထက်
လိုအပ်တဲ့အရာကိုပဲအရင် လုပ်သင့်တယ်

ခဏတာကို မကြည့်နဲ့
တစ်ဘ၀စာကို ကြည့်တတ်ပါစေ

တစ်ချို့. အရာတွေက
လိုချင်,တပ်မက်ဖို့ကောင်းတယ်
ဒါပေမယ့်
မင်းအတွက် အားမခံချက်မရှိဘူး
အဓိကနဲ့သာမည. ခွဲခြားတတ်ပါစေ

ဘ၀ကိုစကားလုံးတွေနဲ့. ရေးသားလို့မရဘူး
လုပ်ဆောင်ချက်တွေနဲ့ပဲ ပုံဖော်တတ်သူဖြစ်ပါစေ

မျှော်လင့်ချက်အိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အခါ
ပြည်လည်တည်ဆောက်ဖို့. ကြိုးစားပါ

ဘ၀ဆိုတာပြိုလဲဖို့. လွယ်ကူသလောက်
ပြန်တည်ဆောက်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်

အိမ်မက်ဆိုတာဟာ အခမဲ့မက်လို့ရပေမယ့်
အကောင်ထည် ဖော်ဖို့အတွက်တော့
အစွမ်းကုန် ပေးဆပ်ရလိမ့်မယ်

ကိုယ်သာလျှင် ကိုယ့်ရဲ့အားကိုးရာပါ
ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေသရွေ့
ရှင်သန်ချိန်တိုင်းက. အဓိပ္ပါယ်ရှိနေမှာပါ

ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းတစ်လျှောက်မှာ
အခက်,အခဲတွေကြုံလို့. လက်လျှော့ချင်လာတဲ့အခါ
သင်ဘာကြောင့် စတင်ခဲ့သလဲဆိုတာ ပြန်သတိရပါ

သူများနဲ့မတူတဲ့အခက်,အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်ပီးတဲ့အခါ

သူများနဲ့မတူတဲ့ ခံစားခွင့်တွေ ရရှိလာမယ်ဆိုတာ
ဧကန်မုချ ယုံကြည်လိုက်ပါ မိတ်ဆွေ

---------------------------------
ထီးမပါတဲ့ ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်တတ်ပါတယ်။

ဦးတည်ချက်မရှိတဲ့လူဟာ ဦးတည်ချက်ရှိတဲ့ လူအတွက် အလုပ်လုပ်ပေးရတယ်။

ဘွဲ့ဒီဂရီဆိုတာ ကြေးတံဆိပ်၊ အရည်အချင်းဆိုတာ ငွေတံဆိပ်၊ လူမူဆက်ဆံရေး အတတ်ဟာ ရွှေတံဆိပ်ပါ။

အချစ်ဆိုတာ ရိုးရိုးရှင်းရှင်းဖြစ်လို့ရတယ်။
လွယ်လွယ်ကူကူတော့ မဖြစ်သင့်ဘူး။

ယော့က်ျား ကောင်းဟာ မြူစွယ်မူဒဏ်ကို ကောင်းကောင်းခံနိုင်စွမ်းရှိဖို့လိုသလို ၊
မိန်းမကောင်းဟာ အထီးကျန်တဲ့ ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ်။

လှပတဲ့ နတ်သမီးဆိုတာ လူ့လောကမှာ တကယ်မရှိပါဘူး၊
စိတ်ရင်းကောင်းတဲ့ မိန်းကလေးဆိုတာပဲ ရှိပါတယ်။

အမုန်းခံရတဲ့လူဟာ ဘာမှထိခိုက်မူ မရှိပါဘူး၊ မုန်းတဲ့လူရဲ့ နှလုံးသားထဲမှာသာ ဒဏ်ရာဒဏ်ချက် အပြည့်ဖြစ်နေတတ်ပါတယ်။

သင်ကိုယ်တိုင် ဘ၀အခက်အခဲကို ရင်ဆိုင်ရဲတဲ့သတ္တိ မရှိဘူးဆိုရင်
သင်အတွက် ရဲရင့်ပေးမဲ့လူ မရှိပါဘူး။

ပြသနာတွေ့ရင် မိမိကိုယ်ကို အရင်စမ်းစစ်ပါ။ ၀မ်းချုပ်တိုင်းတာ
ကမ္ဘာ့မြေဆွဲအားကို အပြစ်ဖို့နေမယ်ဆိုရင် ပြသနာဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး။

Sayar Aung Ko Latt
Credit....

10/05/2021

တန်ဖိုးထားခံရခြင်းနဲ့ မထားခံရခြင်းက
ကိုယ်ရွေးချယ်လိုက်တဲ့ သူနဲ့ပဲဆိုင်တယ် . . . ။

ကိုယ့်ရဲ့ဖြစ်တည်မှု ကိုယ့်ရဲ့ပုံစံ
ကိုယ့်အပြုမူတွေနဲ့မဆိုင်ပါဘူး . . . ။
ကိုယ်‌ရွေးချယ်ထားတဲ့လူက ကိုယ့်ကိုချစ်လား
မချစ်လားဆိုတာနဲ့ပဲ ဆိုင်တယ် . . . ။

ကိုယ့်ကိုချစ်တဲ့သူက ကိုယ်ဘယ်လိုပုံစံဖြစ်ဖြစ်
ဘယ်လိုနေနေ ချစ်မှာပါပဲ ။
ကိုယ်ကအမှားတွေရှိရင်တောင်အမှန်တွေမြင်ပေး
ပြင်ပေးပြီးချစ်ပါလိမ့်မယ် ။
တန်ဖိုးထားပါလိမ့်မယ် . . . . . . ။

ကိုယ့်ကိုမချစ်တဲ့သူကတော့ ကိုယ်ကဘယ်လောက်ပဲ
ကောင်းအောင်နေပါစေ . . . .
ဘယ်လောက်ပဲ‌ချောနေလှနေပါစေ . . . .
ကိုယ့်ကိုချစ်မှာမဟုတ်ပါဘူး ။
တန်ဖိုးထားမှာလဲမဟုတ်ပါဘူး . . . . ။

ဒါကြောင့် ကိုယ့်ဖြစ်တည်မှုကိုချစ်ပေးမဲ့သူ
ကိုယ့်ရဲ့အတိတ်ကိုနားလည်ပေးမဲ့သူ
ကိုယ့်ကိုပျော်ရွင်အောင်ထားမဲ့သူမျိုးကိုရွေးပါ ။

ချစ်ခြင်းမေတ္တာဟာလူရွေးမှန်သွားတဲ့အခါ
သိပ်ကိုပျော်ရွှင်စရာကောင်းပါတယ် ။
လူ ‌ရွေး မှန် ပါ ‌စေ . . . . . ။

10/05/2021

ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း
---------------------------------------------
(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ။

(၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ။

(၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲဆိုတာ မရွိပါဘူး။

(၄)ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ။

(၅)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင်အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ။

(၆)ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာလုံး၀မရှိတာထက်စာရင်တော်ပါသေးတယ်။

(၇)ကံတရားပါကွာလို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး။

(၈)စေတနာသည် ကံတရား၏အရင်းအမြစ် ဖြစ်သည်။

(၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံး၀ယုံကြည်ဖို့ပဲ။

(၁၀)ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ။

(၁၁)ကံကြမ္မာဆိုတာလူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုတောင်ပြောင်းလဲပစ်နိုင်တယ်။

(၁၂)လိုအပ်တဲ့အခြေနေတွေအားလုံးပြည့်စုံမှအလုပ်လုပ်မယ်ဆိုပြီးထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်းနေတာပါပဲ။

(၁၃)လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ။

(၁၄)ဘ၀ဆိုတာပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ။

(၁၅)ဒုက္ခအနီးတွင် သုခရွိ၏။

(၁၆)ဘဝြမင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့။

(၁၇)ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ်။

(၁၈)ဘ၀ဆိုတာ အစမ်းသဘောအဖြစ် နေထိုင်ခွင့်မရှိတဲ့ အရာပါ။

(၁၉)ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပါပဲ။

(၂၀)အချစ်တွက်နဲ့အသက်ပင်သေသေဆိုပြီးဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပါပဲ။

(၂၁)နားလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာမွေးဖွားနေဦးမှာပဲ။

(၂၂)ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာအခြေခံအကျဆုံးအရာပါပဲ။

(၂၃)ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာအမြဲဒွန်တွဲနေလျှက်ပါ။

Credit-OriginalWriter

10/05/2021

" နှလုံးသားတွေ လှနေပါစေ "

ထားသွားသူ နဲ့ ကျန်ခဲ့သူ
ဘယ်သူ ခံစားရသလဲဆိုရင်
ပိုချစ်တဲ့သူက ပိုခံစားရမှာပဲ ။

အောင်မြင်သူ နဲ့ ရှုံးနိမ့်သူ
ဘယ်သူ သာသလဲဆိုရင်
ပိုအေးချမ်းတဲ့သူက ပိုသာမှာ ပဲ ။

ယောက်ျားဘဝ နဲ့ မိန်းမဘဝ
ဘယ်သူ ပိုမြတ်သလဲဆိုရင်
ကိုယ်ကျင့်တရား ကောင်းတဲ့သူက
ပိုမြတ်မှာပဲ ။

ဖြူသူ နဲ့ မဲသူ၊
ဝသူ နဲ့ ပိန်သူ၊
ဘယ်သူက ပိုလှသလဲဆိုရင်
ကျန်းမာနေတဲ့သူက ပိုလှနေမှာပါပဲ ။

ဆိုတော့
ချစ်တာထက် ဘဝမြာ မေတ္တာပိုထားပါ။
ဘယ်နေရာမှာပဲ နေရနေရ
နေပျော်ပါလိမ့်မယ် ။
အနိုင်/ အရှုံးထက်

စိတ်အေးချမ်းဖို့ကို ဦးတည်ပါ ။
နေရတဲ့ခဏလေးမှာ
ပူလောင်နေရရင် အရှုံးကြီးရှုံးတာပဲ ။

လိင် (ယောက်ျား/မိန်းမ) သတ်မှတ်ချက်ထက်
ကိုယ်ကျင့်တရား စံနှုန်းကို
အလေးအနက်ပြုပါ ။

ယုတ်မာချင်တဲ့သူဆိုတာ
က်ား / မ- မရွေးပါဘူး ။

အပေါ်ယံ မှတ်ချက်တွေထက်
ခန္ဓာကိုယ်ကျန်းမာနေဖို့ အာရုံစိုက်ပါ ။
လန်းဆန်းကျန်းမာနေသူ တစ်ယောက်ဟာ

ဘယ်လိုနေနေ လှပါတယ် ။
ပျော်ရွှင် လှပတဲ့ဘဝလေးများ
အားလုံး ပိုင်ဆိုင်နိုင်ကြပါစေ...။

ခရက်ဒစ်-မူရင်းရေးသားသူ

Address

Paukkaung

Telephone

+959256535412

Website

Alerts

Be the first to know and let us send you an email when Ywar Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share