WIN GYM

WIN GYM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from WIN GYM, Gym/Physical Fitness Center, https://her. is/3hdtZR 8, Pathein.

31/01/2025

အဆီချချင်ရင် အိပ်ရေး ဝအောင်အိပ် ၊ စောအိပ်စောထတဲ့အကျင့်လုပ်၊ လမ်းများများလျှောက် ၊ active lifestyle နေ၊ အစားအစာရဲ့ calories ကိုဂရုစိုက်သလို အဟာရလည်းဂရုစိုက် ၊ ရေများများသောက် ၊ လေ့ကျင့်ခန်းလည်းလုပ် ( ကျန်းမာရေးအတွက်တောင်လုပ်သင့်တဲ့အရာတွေပါ) လို့ပြောတာကို တချို့က …

ကျနော် တရက် ၄ နာရီပဲအိပ်တယ် ဘာလို့မဝတာလဲ
ကျနော် ညနက်စာထိစားတယ် ဘာလို့မဝတာလဲ
ကျနော်ဘာလေ့ကျင့်ခန်းမှ မလုပ်ဘူး ဘာလို့မဝတာလဲ ဆိုတဲ့ မေးခွန်းတွေလေ…

တခွန်းပဲပြောချင်တယ်။ သိပ်ပျော်မနေနဲ့ .. ခင်ဗျားတို့အသက်ငယ်သေးလို့ အချိန်မရောက်သေးလို့ပါ

ခုချိန်ခန္ဓာကိုယ်ကို နှိပ်စက်နေရင် တချိန်ကျရင် ခန္ဓာကိုယ်က ပြန်နှိပ်စက်ပါလိမ့်မယ်။

ခန္ဓာကိုယ်က တခုပဲရှိတာ။ အပိုပစ္စည်းတွေ ပါမလာဘူး ၊ဝယ်လို့လည်းမရဘူးရှင် ။

ကျန်းမာပါစေရှင်
ဇီဇဝါစိုး

28/01/2025

Gym ထဲမှာ အပျော်မကစားနဲ့ တသက်လုံးပျော်ရဖို့ သေချာကစားပါ
✅✅✅✅✅✅✅✅✅✅✅✅✅
အမျိုးသမီးတယောက် ကြွက်သားတွေ ကျစ်လစ်သန်မာပြီး
တင်ပါးတွေအချိုးအစားကျကျလှပဖို့ ကစားရတာတွေက
ပန်းခင်းလမ်းပေါ်လျှောက်လှမ်းရသလို သက်သက်သာသာမဟုတ်ပါ

တကယ်ဖြစ်ချင်ရင် တကယ်ကစား တကယ်ဖြစ်ပါသည်
မိမိရဲ့ အသက်အရွယ် အရိုးတွေရဲ့ တည်ဆောက်မှု့ ပုံစံနဲ့ လိုက်ဖက်ပြီး
ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြီး ကစားတတ်ဖို့လိုသည်

✅မိမိက ခင်ဝင့်ဝါလို အရိုးတည်ဆောက်မှု့ပုံစံဆိုရင် မေပန်းချီလို
ခန္ဓာကိုယ်ပုံစံမျိုး မရနိုင်ပါ

✅မိမိက မေပန်းချီလို အရိုးတည်ဆောက်မှု့ ပုံစံဆိုရင် ခင်ဝင့်ဝါလို
ပုံစံမျိုး မရနိုင်ပါ ။

မိမိအရိုးတည်ဆောက်ပုံရဲ့ ဘောင်အတွင်းကျော်ပြီး လောဘကြီး
ကစားဖို့ မလိုအပ်ပါဘူး အရပ်ပုခြင်း/ရှည်ခြင်း တင်ပါးဆုံရိုး
Pelvic Bone တွေ ဘေးကားခြင်း နောက်ကောက်ခြင်း စတာတွေက
မိဘမျိုးရိုးကို 90% လိုက်သည်။

ဒါကြောင့် မဖြစ်နိုင်တာကို လောဘကြီးရင် မိမိပဲ ပင်ပန်းပြီး
ကြိုးစားသမျှ အရာတခုမှထင်မည်မဟုတ်ပါ။

ဒါကြောင့် Gym ကစားမည်ဆိုလျှင် ရည်ရွယ်ချက်မရှိ အပျော်သက်
သက် မကစားကြပါနဲ့

ရည်ရွယ်ချက်ထားပြီး သေသေချာချာ ကစားကြပါ
စမတ်ကျကျ ကျန်းမာစွာနဲ့ တသက်လုံးပျော်ရွှင်စွာ နေထိုင်သွား
နိုင်ပါလိမ့်မည်။

Video တွေကတော့ အမျိုးသမီးတွေအတွက် တင်ပါးနဲ့ပေါင်တွေ
ကြီးထွားဖို့ အချိုးအစားကျ ကျစ်လစ်ပြီး တင်ပါးလှပဖို့တွေအတွက်
ကစားတဲ့ လေ့ကျင့်ခန်း အတွဲတချို့တလေပဲဖြစ်ပါသည်။

အမျိုးသမီးတွေအတွက် အောက်ပိုင်းတွေအတွက် ကစားနည်းများစွာ
ရှိသည် တရက်တည်း တကြိမ်တည်း အကုန်ကစားလို့ မဖြစ်နိုင်ပါ

ဒါကြောင့် မိမိအတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းကို အမြဲထည့်
ကစားပြီး ကျန်တဲ့လေ့ကျင့်ခန်းတွေနဲ့ တွဲဖက် ကစားတတ်ဖို့လိုသည်

နေ့စဉ် ထမင်းစားသလို ထမင်းကအမြဲပါပြီး ဟင်းတွေကပြောင်း
သွားသလို အောက်ပိုင်းတွေကို ကစားတဲ့အခါ Full Squats တွေကို
အမြဲထည့်ကစားပြီး အခြားလေ့ကျင့်ခန်းတွေနဲ့ အမြဲတွဲဖက်ကစားဖို့
လိုအပ်ပါသည်

ကစားတဲ့ အခါ ပုံစံမှန်ဖို့ ဂရုစိုက်ပါ
မိမိတကယ် မနိုင်တဲ့ အလေးတွေနဲ့ ကစားခြင်းရှောင်ပါ
ကစားတာတွေအကျိုးဖြစ်ထွန်းဖို့ အစားအသောက်တွေကို
ရွေးချယ်စားသောက်ပါ

ကစားတာအဆင်မပြေရင် တွဲမကစားတတ်ရင်
ကစားသလောက် အကျိုးမဖြစ်ထွန်းခဲ့ရင် (အခမဲ့)လာရောက်
ဆွေးနွေးတိုင်ပင်နိုင်သည်။

⛔သတိပြုရန်
✅ကျန်းမာရေးအတွက်
ကစားသည့် အကြိမ်ရေ၊အကျော့ရေ အစားအသောက်
✅ကြီးထွားဖို့ ကစားသည့် အကြိမ်ရေ၊အကျော့ရေ၊အစားအသောက်
✅အဆီကျဖို့ ကစားသည့် အကြိမ်ရေ၊အကျော့ရေ၊အစားအသောက်
✅ တပတ်အတွင်း ကစားသည့်ရက်၊အနားယူသည့်ရက်များ

(မတူညီပဲ ခြားနားချက်ရှိသည်ကို သတိပြုပါ)

ကစားသည့်အခါ ရည်ရွယ်ချက်အလိုက်နည်းစနစ်၊ပုံစံ
မှန်ကန်စေဖို့ ကျွမ်းကျင်သော နည်းပြတွေနဲ့ ကစားပါ၊တိုင်ပင်ပါ
အားကိုးစရာတိုင်ပင်စရာ ရှားပါးတဲ့ နယ်တွေမှာဆိုရင်တော့
ဒီ Video တွေကြည့်ပြီး တူအောင်လိုက်ကစားပါ

🍞🥑🥭🍍🍌သီအိုရီမပိုင် စားပွဲမထိုင်နဲ့🍔🍟🌭
🏋️🏋️🏋️လက်တွေ့မနိုင် အလေးမကိုင်နဲ့🏋️🏋️🏋️

🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
ပိုစ့်ကို လွတ်လပ်စွာ Share နိုင်ပါသည်
ရေးသူနာမည်ပါ ထည့်ရေးထားပါသည် ။
Copy ယူလျှင် နာမည်ကို
ဖြုတ်ချန်မထားခဲ့ပါနဲ့

16/01/2025

✅ လေ့ကျင့်ခန်းကို ဆေးလိုမှီဝဲပါ

🙎‍♀️ ငယ်ရွယ်တဲ့အချိန်တုန်းကတော့ ခန္ဓာကိုယ်လေးလှပဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေ့ကျင့်ခန်းကိုဆော့ခဲ့ပါတယ်။

💁‍♀️ ကျွန်မခုချိန်မှာ လေ့ကျင့်ခန်းလုပ်ရတဲ့ ရည်ရွယ်ချက် တစ်ခုပါပဲ အဲ့ဒါ ကျွန်မကျန်းမာချင်လို့ပါ။

💁‍♀️ အသက်အရွယ်တစ်ခုကိုရောက်လာတဲ့အခါ ရည်ရွယ်ချက်တွေပြောင်းလဲလာခဲ့တယ်။

🫶 ချစ်ရတဲ့သူတွေအနားမှာ ကျန်းကျန်းမာမာနဲ့အချိန်အကြာကြီးနေချင်တယ်။ ကျန်းမာရေးမကောင်းမှာ အရမ်းကြောက်တယ်။ 😔နာတာရှည်ရောဂါတွေဖြစ်မှာကြောက်တယ်။ 😔

✨ ကျန်းကျန်းမာမာနဲ့ အိုမင်သွားချင်တယ်။
ဒါကြောင့် ကျွန်မလေ့ကျင့်ခန်းကို ဆေးလိုမှီဝဲတယ်။✨

💁‍♀️ ကျွန်မချစ်ရတဲ့အမျိုးသမီးတွေကိုလည်း ကျန်းကျန်းမာမာနဲ့ရှိစေချင်တယ်။ ဒါကြောင့် လေ့ကျင့်ခန်းနေ့စဉ်ဆေးလိုမှီဝဲဖို့ တိုက်တွန်းလိုက်ရပါတယ်။

Teacher Naw
ISSA Certified Glute Specialist
MFTA Certified Personal Trainer

16/01/2025

WIN GYM။ မိတ်ဟောင်းမိတ်သစ်များမနက်ဖန်ပြန်ဆော့လို့ရပါပြီလို့အကြောင်းကြားအပ်ပါသည်

08/01/2025

စာရှည်ရှည်ပါ။အဟောင်းပါ။

ဘာလို့ gym ဆော့ရတာလဲ?

အများအားဖြင့် body လှချင်လို့ပါ။

Body လှအောင် မလုပ်နိုင်မှ ကျန်းမာရေးအတွက်ဆော့တာလို့ မုသား ဆိုတော့တာပဲ။

Gym ဆော့တယ်ဆိုတာ exercise တစ်မျိုးပါ။

အခုခေတ်အများစုက အခန်းထဲလေအေးပေးစက်နဲ့ ကစားတယ်ဆိုတော့ indoor game တစ်မျိုးပေါ့။

ဒါပေမယ့် သူမှာ အပိုပါတာက muscle mass တိုးလာတာပဲ။

ဆေးပညာအခေါ်အဝေါ်အရ hypertrophy ခေါ်ပါတယ်။

တိတိကျကျပြောရရင် muscle fiber တွေများလာတာပါ။

Muscle mass တက်လာရင်တစ်ခုကောင်းတာက သွေးထဲက သကြားဓာတ်ကို ပိုသုံးနိုင်ပါတယ်။

ဒါကြောင့် gym ကစားလို့ muscle mass တက်လာရင် ဆီးချိုသက်သာလာတာပါ။

ဒါပေမယ့် gym ကစားတဲ့ကောင်းကျိုးက ဒါထက်ပိုပါတယ်။

ဘယ် exercise မဆို တစ်နေ့ နာရီဝက်လောက် နေ့စဉ်ကစားပေးရင် လပိုင်းလောက်ကြာတဲ့အခါ ကစားလိုက်တာနဲ့ သွေးထဲမှာ endrophine ဆိုတဲ့ hormone တစ်မျိုးထွက်လာပါတယ်။

Endorphine ဆိုတာ endogeneous morphine ပါ။နာကျင်မှုကို သက်သာတယ်။စိတ်ကိုတည်ငြိမ်စေတယ်။စိတ်တည်ငြိမ်တာရဲ့ အကျိုးဖြစ်တဲ့ immunity(ကိုယ်ခံအား) တက်ပါတယ်။

ဒါကြောင့်သွေးကင်ဆာသမား gym ဆော့လို့ ကင်ဆာပျောက်တယ်ဆိုတာ တကယ်လည်းလက်တွေ့ဆန်ပါတယ်။

Morphine ကို အပြင်ကသုံးရင် သိပ်ဆိုးကျိုးများပါတယ်။ဒါပေမယ့် endrophine က ကိုယ်တွင်းက ထုတ်ပေးတဲ့morphine မို့ သိပ်ဘေးကင်းပြီး အကျိုးများပါတယ်။

စိတ်ဓာတ်ကျတာသက်သာတယ်။
နာကျင်တာပျောက်တယ်။
ခုခံစွမ်းအားတက်တယ်။
ကင်ဆာကာကွယ်တယ်။
မှတ်ဉာဏ်လည်းကောင်းစေပါတယ်။

Gym ကစားရင် reward chemical လို့ခေါ်တဲ့ dopamine လည်းထွက်ပါတယ်။

Dopamine ဟာ exercise, drugs,alcohol,food နဲ့ s*x တွေ့ကြောင့်ထွက်ပေါ်လာတတ်ပါတယ်။

သူဟာ လူတစ်ယောက်ကို စွဲလန်းစေတတ်တယ်။ဒါကြောင့် အရက်နဲ့ ဆေးတွေစွဲသွားကြတာပါ။
ဒါကြောင့် gym မှာ မိနစ်ပိုင်းလောက်နေ့စဉ်ကစားမည်ဆိုရင် dopamine ဟာ ကိုယ်တွင်းက ထွက်လာတတ်လို့ အပြင်က မလိုတော့ပါဘူး။ဒါကြောင့် gym ကစားတာဟာ ဆေး နဲ့ အရက်ဖြတ်ဖို့ပိုလွယ်ကူစေပါတယ်။

ရှေ့က ပြောခဲ့သလိုပဲ gym ကစားသူအများစုက body လှဖို့ သိပ်စိတ်ဝင်စားကြတယ်။

တစ်ချို့ကလှချင်ရုံသက်သက်ကစားတယ်၊တစ်ချို့က နာမည်ရချင်လို့ ကစားကြတယ်၊တစ်ချို့ကလည်း body အလှနဲ့ အိပ်ယာပေါ်ငွေရှာလို့ရအောင်ကစားကြပြန်ရော ကျွန်တော်ပြောတာ တဲ့တိုးမို့ တစ်ချို့လူတွေနာကောင်း နာသွားမှာပါ။

ဒါပေမယ့် ကျွန်တော်ပြောတာ မှန်လားမမှန်လားလေ့လာကြည့်ပါ။

Body ပြပြီး အိပ်ယာပေါ်ငွေရှာဖို့ gym ဆော့တယ်ဆိုတာက gym abuse ပါပဲ။

တကယ်gym ရဲ့ ပင်မရည်ရွယ်ချက်က လူတွေကျန်းမာရေးကောင်းလာအောင်ပါ။နောက်ပိုင်းမှ ကျန်းမာရေးနဲ့အတူ body shape လေးပေါ်လာမည်။

နောက်ပိုင်း ကြည့်ကောင်းလာတယ်ဆိုတာ ဆယ်တန်းက သင်ခဲ့တဲ့ Good health give grace and glow ဆိုတဲ့စာပါ။

Body building ပြိုင်ပွဲရောက်တိုင်း Steroid abuse လုပ်ပြီး body ကစားထားတာတွေ တွေ့ရပါသည်။

သူတို့သာ steroid ရဲ့ ဆိုးကျိုးတစ်ဝက်လောက်သိရင် သုံးပါ့မလား မသိတာလား မသိချင်တာလား သိနိုင်လောက်အောင် ဗဟုသုတ မရှိတာလား

Anabolic steriod ဖြစ်တဲ့ testrostone ဟာ ကြွက်သားတက်ဖို့ အရေးကြီးပါတယ်။ကြွက်သားတက်ဖို့ဆိုသူအများကြီးလိုပါတယ်။အများကြီးလိုလို့ အများကြီးသောက်တယ်ဆိုတာ ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မကို နားမလည်တာပဲ။

Testrosterone ကို အပြင်ကထည့်တဲ့အခါ ကိုယ်ထဲက ထုတ်ပေးတဲ့ပမာဏကျလာပါသည်။ရေရှည်ဆို လုံးဝမထုတ်နိုင်တော့ပါ။ဒါဆိုရင် အဆိုးဆုံးရလဒ်က သားသမီးမရနိုင်တော့တာပါ။

နောက်ဖြစ်လာမှက Steroid ကြောင့်သွေးတိုးလာမည်။ဆီးချိုဖြစ်လာမည်။ကာမစွမ်းအင်နည်းလာမည်၊ ကိုယ်ခံအားကျလာလို့ တစ်ခြားရောဂါတွေဖြစ်လာမည်။

ကိုယ်ခန္ဓာက Hormone တွေကိုနားလည်ပြီး ကောင်းကောင်းကစားတတ်မည်ဆိုရင် တကယ်ကျန်းမာပြီးလှလာမှာပါ။

Insulin

သူက ကိုယ်ခန္ဓာက ထုတ်ပေးသော တစ်ခုတည်းသော hypoglycemic hormone ပါ။

သွေးထဲက သကြားကို ချပေးလို့ သူကို hypoglycemic လို့သုံးတာပါ။

သူထွက်လာတဲ့အခါ သွေးထဲက သကြားဓာတ်တွေကို ကြွက်သားနဲ့ အဆီ cell ထဲကိုပို့ပေးပါတယ်။အဆီစုလာတယ်ပေါ့။

နောက်တစ်ခုက ကြွက်သားထဲ သကြားဓာတ်လည်းပို့ပေးပါသည်။

သွေးထဲသကြားဓာတ်များလာတဲ့အခါ သူထွက်လာတတ်ပါတယ်။

ဒါကိုသာနားလည်မည်ဆိုရင် မကစားခင် insulin များများမထွက်အောင် ထိန်းရမည်ဆိုတာ သိလောက်မှာပါ။

ဒါကို နားမလည်တော့ မကစားခင် energy drink တွေသောက်ပြီး insulin တက်အောင်လုပ်လိုက်ကြတော့ လိုချင်တဲ့ weight loss အတွက် လမ်းမမြင်ပါ။

ပုံမှန်လေး သိပ်မချိုတာ သကြားသိပ်မပါတာစားထားမည်ဆိုရင် စကစားတာနဲ့ sympathetic system လို့ခေါ်တဲ့ ကိုယ်တွင်းအာရုံကြောစနစ်က insulin ထုတ်ပေးတာကို ဖိထားလို့ fat ပြိုကွဲတာ၊glycogen ဖြိုချတာ ပိုလုပ်ဖြစ်ပါတယ်။

မစားပဲဆော့တာကို တစ်ချို့လူတွေ အတွက်သဘောတူပေမည့် တစ်ချို့လူတွေကို သဘောမတူပါ။

Workout မလုပ်ခင်အစာစားသင့်လား၊မစားရဘူးလား အမြဲတိုင်ပတ်နေတဲ့အမေးပါပဲ။

ကျွန်တော်အမြင်ကတော့ လူလည်းကျန်းမာမည်။ခံနိုင်ရည်လည်းရှိမည်ဆိုရင် မနက်စောစော အစားမစားခင်workout လုပ်တာဟာ weight loss အတွက်ကော၊ကျန်းမာရေးအတွက်ကော အကောင်းဆုံးပါ။

မစားပဲကစားတော့ သွေးချိုကျသွားလို့မူးလာရင် energy drink လိုမျိုးသောက်နိုင်သလို၊ကြွက်သားကြီးထွားလိုလို့ protein shake
သောက်လို့လည်းရပါတယ်။သောက်ရင်တော့ အကောင်းဆုံးကဆော့ပြီးချွေးစထွက်ပြီးမှသောက်သင့်ပါတယ်။

Workout လုပ်လို့ချွေးစထွက်တာ sympathetic action activated စဖြစ်တာပါ။သူဟာ insulin ထွက်လာမှာကို ဖိထားလို့ သိပ်အဆီမစုမိပါဘူး။

Glucagon

ကစားလို့ သွေးထဲမှာရှိတဲ့ သကြားဓာတ်နည်းလာတဲ့အခါ glucagon ပေါ်လာပါတယ်။သူထွက်လာရင် အဆီတွေဖြိုဖျက်ပေးလို့ weight loss အတွက်သိပ်အကျိုးများပါတယ်။

Glucagon က pancreas ကထွက်တာပါ။

Cortisol

သူက catabolic steroids ပါ။Catabolic ဆိုတာ ဖျက်ဆီးတတ်လို့ခေါ်တာပါ။

Stress,low blood sugar,exercise
တွေကြောင့် adrenal glands က cortisol ကိုထုတ်ပါတယ်။

Cortisol တက်လာပြီဆို အဆီတွေကော ကြွက်သားတွေကော ပျက်စီးတော့တာပဲ။သူအများဆုံးထွက်တာ လေ့ကျင့်ခန်းလုပ်လွန်းပြီး၊ နားချိန်မရရင် ပိုထွက်ပါတယ်။

တစ်ချို့ကစားသမားတွေ ကြွက်သားသိပ်မထွက်တာ စားလည်းမစား လေ့ကျင့်ခန်းလည်းတအားလုပ် အကြာကြီးလည်းလုပ်လေတော့ cortisol တွေထွက်ကြွက်သားမတက်ဖြစ်ရပုံပါပဲ။

Epinephrine and Norepinephrine

သူတို့က amine hormone တွေပါ။သူတိုဟာ sympathetic system (SNS) အတွက်အရေးပါပါတယ်။SNS ဆိုတာဘာလဲပြောရရင် ကြောက်တဲ့အခါ အန္တာရာယ်နဲ့တွေ့တဲ့အခါ ပြေးဖို့လွှားဖို့ ပြင်ဆင်ပေးတဲ့ အလိုအလျောက် အာရုံကြောစနစ်ပါ။

သူက နှလုံးခုန်မြန်လာစေပြီး နှလုံးကောင်းကောင်း အလုပ်လုပ်လို့ နှလုံးကျန်းမာရေးကော၊အဆုတ်က အသက်မြန်မြန်ရှူစေလို့ အဆုတ်ကျန်းမာရေးကောကောင်းလာတတ်ပါတယ်။သူက အဆီပိုတွေဖျက်ပြီး သွေးထဲသကြားဓာတ်ကိုတက်စေပါတယ်။

Brain Derived Neurophic Factor(BDNF)

High intensity exercises လို့ခေါ်တဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ (အလေးနဲ့ကစားခြင်း)လုပ်ရင်ထွက်လာပါတယ်။သူက neurotransmitters လို့ခေါ်တဲ့ အာရုံကြောကြားဆက်သွယ်တဲ့ အရာဖြစ်သလို ဦးနှောက် cell အတွက်အရေးပါလို့ လေဖြတ်ထားတဲ့သူတွေ gym ဆော့ရင်း သက်သာလာကြတာ ကြားနေကြဖြစ်မှာပါ။

Insulin like growth factor(IGF)

သူဟာ peptide hormone ပါ။insulin ကဲ့သို့ အလုပ်လုပ်ပါတယ်။ဒါပေမယ့် သူရဲ့ကောင်းကျိုးက တစ်ကယ် body building ဆော့သူတွေအတွက် အရမ်းအကျိုးရှိပါတယ်။။သူကို ပြင်းတန်သော အလေးနဲ့ဆော့တဲ့လေ့ကျင့်ခန်းများ(high intensity exercise )များမှာ ကိုယ်ခန္ဓာက ထုတ်ပေးပါသည်။

Human Growth hormone (HGH)

သူက cell menbrane မှာပေါင်းတဲ့ peptide hormone ပါ။Anterior pitutary လို့ခေါ်တဲ့ brain တစ်နေရာကထုတ်ပေးပါတယ်။သူက ကြီးထွားစေတဲ့ ဂုဏ်သတ္ထိရှိပါသည်။HGH က cell growth ကိုဖြစ်စေတယ်၊ကြွက်သားတွေကြီးထွားစေတယ်၊အရိုးကိုသန်မာစေတယ်။အဆီချေဖျက်ခြင်းကို အားပေးပြီး ခုခံအားကောင်းစေသည်။သာမာန်လူတွေမှာလည်း ထွက်ပါတယ်။အဓိက ထွက်တာ လူတစ်ယောက်ရဲ့ အိပ်ပျော်နေစဉ် REM cycle လို့ခေါ်တဲ့ အိပ်မက်မက်တဲ့ အချိန်မှာ ပိုထွက်ပါတယ်။

နောက်ထပ်များများထွက်တာက high intensity exercises,heavy strength training နဲ့ တစ်ချို့သော cardio လေ့ကျင့်ခန်းတွေမှာ ထွက်ပါတယ်။

Testosterone (T)

သူက steroid hormone ပါ။သူကို ယောက်ျားလေးတွေရဲ့ ဝှေးစေ့ မှာ အမြောက်အများ၊အမျိုးသမီးတွေရဲ့ သားဥအိမ် မှာ တစ်ချို့တစ်ဝက်နဲ့ ကျား၊မ နှစ်ဦးလုံး၏ adrenal glands တွေက အနည်းငယ် ထုတ်ပေးပါသည်။သူကိုအားကစားသမားတွေ အထူးသဖြင့် body building သမားတွေက သုံးကြတာများပါသည်။

Testosterone, Human Growth hormone,Insulin like Growth Factor တို့က high intensity exercise အပြီး ကြွက်သားပျက်စီးသွားတာကို ပြုပြင်ဖို့၊အသစ်ဆောက်ဖို့အတူတကွလက်တွဲလုပ်ပါတယ်။

ကြွက်သားကို ကြီးထွားစေတာက Testosterone ,Human Growth hormone,Insulin like growth factor(IGF)ဆိုတဲ့ hormone သုံးခုကြောင့်ပါ။

သည်ထဲမှာ ပြသနာတက်နေတာက Testosterone ပါ။သူက လေ့ကျင့်ခန်းလုပ်တိုင်းထွက်တတ်တာ မဟုတ်လေတော့ မြန်မြန် body building လုပ်လိုသူတွေ များများသုံးချင်လို့ abuse ဖြစ်သွားတာ မဆန်းပါ။

Testosterone Steroid ဟိုမုန်းအများစုက cholesterol ကို အခြေခံပါသည်။

တကယ်လည်းကောင်းလွန်းပြီး အကျိုးလည်းအတော်များတာ ဆရာဝန်တိုင်းသိပါသည်။

အသက်ကယ်ဆေးတွေ၊ပန်းနာရင်ကျပ်ဆေးတွေသာမက ရောဂါတော်တော်များများမှာ steroid ကိုသုံးကြပါသည်။

ဒါပေမယ့် သူဟာကောင်းသလောက် ဘေးထွက်ဆိုးကျိုးလည်း အတော်များပါသည်။

ဒါကြောင့်ဆရာဝန်တွေတောင် ကြိုက်တဲ့သူ နဲ့ မကြိုက်တဲ့သူ ကွဲပြားသွားပါသည်။

Anabolic steroid ဆိုတာ ကျားဟိုမုန်း Testosterone ပါ။

ကျားဟိုမုန်းဟာ အမျိုးသမီး၊အမျိုးသား နှစ်ယောက်လုံးအတွက်လိုပါသည်။

သူမရှိရင် ဘာဖြစ်မလဲ။

ဆယ်ကျော်သက်အရွယ်မှာဆိုရင်

၁။အမျိုးသားတွေရင်သားထွက်လာမည်။(gynaecomastia)

၂။ကြွက်သားမဖွံ့ဖြို့တော့ဘူး။

၃။လိင်အင်္ဂါမဖွံဖြိုးဘူး။

၄။အမွေးအမျှင်နည်းတာ၊မရှိတာဖြစ်မည်။

အရွယ်ရောက်ပြီးပြီဆိုရင်

၁။လိင်စိတ်လျော့နည်းလာမည်။(reduced s*x drive)

၂။ပန်းသေပန်းညိုးရမည်(erectile dysfunction)

၂။ကြွက်သားအားနည်းမည်(muscle weakness)

၃။စိတ်ကျရောဂါရမည်။(depression)

အရွယ်အားလုံးမှာဖြစ်နိုင်တာက

၁။အရိုးကျန်းမာရေးကျဆင်းမည်။
၂။အရိုးကျိုးလွယ်မည်။
၃။ကြွက်သားကြီးထွားမှုကျဆင်းမည်။
၄။သက်လုံမကောင်းတော့ဘူး။

ဒါတွေမဖြစ်ရအောင် ကျား ဟိုမုန်းလိုအပ်ပါသည်။

အကောင်းဆုံးက သဘာဝတိုင်းထွက်လာအောင် အစားအစာ၊အဟာရ၊ုဖြည့်စွက်ဆေးတို့နဲ့ နည်းမှန်လမ်းမှန် ပြုပြင်သင့်ပါသည်။

ဒါပေမယ့် တစ်ချို့သော အားကစားသမားတွေဝါ သူတို့ ကျားဟိုမုန်းဖြစ်တဲ့ anabolic steroid ကို သုံးလိုက်ရင်ကြွက်သားကြီးထွားမည်။အားကစားစွမ်းအင်တက်လာမည်၊သက်လုံကောင်းလာမည်ဆိုပြီး လိုအပ်တာထက် အဆတစ်ရာလောက် လွဲမှားစွာသုံးကြတော့ မလိုလားအပ်တဲ့ ကျန်းမာရေးချို့တဲ့မှုတွေဖြစ်လာကြပါသည်

Anabolic steroid ဆိုတာ ကျားဟိုမုန်း Testosterone ပါ။

ကျားဟိုမုန်းဟာ အမျိုးသမီး၊အမျိုးသား နှစ်ယောက်လုံးအတွက်လိုပါသည်။

သူမရှိရင် ဘာဖြစ်မလဲ။

ဆယ်ကျော်သက်အရွယ်မှာဆိုရင်

၁။အမျိုးသားတွေရင်သားထွက်လာမည်။(gynaecomastia)

၂။ကြွက်သားမဖွံ့ဖြို့တော့ဘူး။

၃။လိင်အင်္ဂါမဖွံဖြိုးဘူး။

၄။အမွေးအမျှင်နည်းတာ၊မရှိတာဖြစ်မည်။

အရွယ်ရောက်ပြီးပြီဆိုရင်

၁။လိင်စိတ်လျော့နည်းလာမည်။(reduced s*x drive)

၂။ပန်းသေပန်းညိုးရမည်(erectile dysfunction)

၂။ကြွက်သားအားနည်းမည်(muscle weakness)

၃။စိတ်ကျရောဂါရမည်။(depression)

အရွယ်အားလုံးမှာဖြစ်နိုင်တာက

၁။အရိုးကျန်းမာရေးကျဆင်းမည်။
၂။အရိုးကျိုးလွယ်မည်။
၃။ကြွက်သားကြီးထွားမှုကျဆင်းမည်။
၄။သက်လုံမကောင်းတော့ဘူး။

ဒါတွေမဖြစ်ရအောင် ကျား ဟိုမုန်းလိုအပ်ပါသည်။

အကောင်းဆုံးက သဘာဝတိုင်းထွက်လာအောင် အစားအစာ၊အဟာရ၊ုဖြည့်စွက်ဆေးတို့နဲ့ နည်းမှန်လမ်းမှန် ပြုပြင်သင့်ပါသည်။

ဒါပေမယ့် တစ်ချို့သော အားကစားသမားတွေဝါ သူတို့ ကျားဟိုမုန်းဖြစ်တဲ့ anabolic steroid ကို သုံးလိုက်ရင်ကြွက်သားကြီးထွားမည်။အားကစားစွမ်းအင်တက်လာမည်၊သက်လုံကောင်းလာမည်ဆိုပြီး လိုအပ်တာထက် အဆတစ်ရာလောက် လွဲမှားစွာသုံးကြတော့ မလိုလားအပ်တဲ့ ကျန်းမာရေးချို့တဲ့မှုတွေဖြစ်လာကြပါသည်။

Anabolic steroid ကို အရပ်အခေါ်က (အနောက်နိုင်ငံမှာ ပြောတာနော်) Roid,juice,Gym canday,420 လို့ခေါ်ကြသည်။

သောက်ဆေးရှိသလို၊ထိုးဆေးလည်းရှိပါသည်။

သုံးလေရှိတဲ့ anabolic steroid အချို့က သောက်ဆေးဆိုရင် Anadrol,Dianabol,Oxandrin တွေပါ။

ထိုးဆေးက Deca-Durabolin နဲ့ Depo- Testosterone ပါ ။Depo ဆိုတာ အရေပြားထဲထိုးထည့်လို့ ခေါ်တာပါ။

တစ်ချို့က anabolic steroid ကို သုံးလိုက်ဖြတ်လိုက်လုပ်ပြီးဘေးထွက်ဆိုးကျိုးကိုရှောင်ကြတယ်။ဒါကို cycling ထိုးနည်းလုပ်တယ်ပြောကြတယ်။

တစ်ချို့က နည်းနည်းနဲ့စထိုးတယ် ပြီးတော့ ပြိုင်ပွဲရက်မှာ အများကြီးထိုးပြီး တစိဖြည်းဖြည်းလျော့သွားသည်။သူလည်း ဘေးထွက်ဆိုးကျိုးနည်းအောင်လုပ်တာပါပဲ။သည်ထိုးနည်းကို pyramiding ထိုးနည်းခေါ်သည်

တစ်ချို့က ထိုးနည်းကို stacking လို့ခေါ်တယ်။steroid နှစ်မျိုးလောက်ပေါင်းထိုးတာပါ။

သည်ထိုးနည်းတွေဟာ steriod ရဲ့ဘေးထွက်ဆိုးကျိုး သက်သာလားဆိုတာတော့ ခိုင်မာတဲ့ စမ်းသပ်ချက်မရှိသေးပါ။

သည်လောက်များများလွဲမှားစွာသုံးရင် ဘာဖြစ်မလဲ။

ကာလတစ်ခုကြာသုံးခဲ့ရင်

အဆိုးဆုံးစိတ်အခြေအနေကို roid rage လို့ခေါ်သည်။စိတ်ဆိုးလွယ်ပြီး ပြင်းထနိစွာပေါက်ကွဲတတ်လို့ အဖျက်လုပ်ငန်းလုပ်တတ်ပါသည်။

သိပ်မဆိုးရင်

အကြောင်းပြချက်မရှိပဲ အစွန်းရောက် မကျေမနပ်ဖြစ်တဲ့ အခြေအနေ paranoid jealously

လွဲမှားတဲ့ အတွေးတွေ၊ယုံကြည်ချက်တွေ ဖြစ်လာတဲ့ အခြေအနေ delusions

ဂနာမငြိမ် တာတွေ၊ ဆုံးဖြတ်ချက်မချနိုင်တွေဖြစ်တတ်ပါသည်။

ကာလကြာစွဲသုံးမည်ဆိုရင် ပြင်လို့မရတဲ့ ကျန်းမာရေးချို့တဲ့မှုတွေရနိုင်ပါသည်။

များပြားလှတဲ့ steroid ကို သနိ့စင်ပေးတဲ့ အသည်း ပျက်စီးတတ်ပါသည်။ကင်ဆာလည်းဖြစ်နိုင်သည်။

Steroid ကြောင့် ရေ နဲ့ ဆား ကိုယ်ထဲများလာရင် သွေးထိုးလာမည်။ကျောက်ကပ်ပျက်စီးလာမည်။

သွေးပေါင်ကြောင့် နှလုံးကြီးလာနိုင်သလို steroid ကိုယ်တိုင်က သွေးကြောပိတ်အောင်လုပ်တဲ့အကြောင်းဖြစ်နေပါသည်။

Anabolic steroid ဟာ မကောင်းတဲ့ အဆီ LDL ကို သွေးထဲများစေသလို ကောင်းတဲ့အဆီ HDL ကို သွေးထဲလျော့နည်းစေလို့ နှလုံးရောဂါတွေ၊လေဖြတ်တာတွေ အသက်ငယ်ငယ်နဲ့ ဖြစ်စေပါသည်။

အမျိုးသားတွေမှာ

ဝှေးစေ့သေးတာတွေ
သုတ်ပိုးနည်းသွားတာတွေ
ထိပ်ပြောင်လာတာ
ရင်သားထွက်လာတာ
ဆီးကျိတ်ကင်ဆာ တာတွေဖြစ်တတ်ပါသည်။

အမျိုးသမီးတွေမှာ

ထိပ်ပြောင်တာ
မုတ်ဆိတ်တွေ၊နှုတ်ခမ်းမွေးတွေထွက်လာတာ
ရာသီသွေးမပေါ်တော့တာ
အသံသြသွားတာတွေ ဖြစ်တတ်ပါသည်

ဆယ်ကျော်သက်တွေ သုံးမည်ဆိုရင် အရပ်တော့ ကျိန်းသေ ပုသွားမှာပဲ။

ထိုးဆေးတွေမှာ အပ်မသန့်ရင် ရောဂါပိုးကူးစက်ပါလိမ့်မည်။

ဆိုးကျိုးများတဲ့ steroid မသုံးပဲရပ်ချင်သည်။

ချက်ချင်းရပ်မရပါ။

ချက်ချင်းရပ်ရင် ရူးကြောင်မူးကြောင်၊အိပ်ချိနိတွေပြောင်း အမြဲနုန်းသွားတတ်သလို တစ်ခြား အသက်အန္တာရယ်ရှိတဲ့ အခြေအနေလည်းဖြစ်နိုင်ပါသည်။

အကောင်းဆုံးက ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးဖြတ်သင့်ပါသည်။

အဆုံးသတ်အကြံပေးလိုတာ Testosterone မြှင့်တင်တဲ့ နည်းလမ်းတွေရှိပါသည်။

သေချာတတ်တဲ့ ဆရာသမား(trainers)ထံ လမ်းညွှန်ချက်ရယူပြီး gym ကစားမည်ဆိုရင် လိုချင်တဲ့ ရလဒ်က ရဖို့ကြာနိုင်ပေမည့် ကျန်းမာခြင်းကိုတော့ အပိုင်ရမှာပါ။
ဆရာ ဒေါက်တာ ဖြိုးမောင်မောင်ရဲ့ post ကို copy ယူမျှဝေခြင်းပါ။

Crd

PHYO MAUNG

08/01/2025

ဝိတ်တက်ဖို့ ဘာတွေစားရမလဲ ?

🔴 အလွန်အမေးများတဲ့ ဒီမေးခွန်းကိုမဖြေခင် ဝိတ်တက်ဖို့ဖြစ်ကိုဖြစ်နေရမယ့် အချက်ကို အရင်ပြောပြပေးပါမယ် ။ အဲ့တာကတော့ " Calories Surplus " ပါ ။ Calories Surplus ဆိုတာက ဘာလဲ ? ဝိတ်တက်ချင်ရင် ပထမဆုံးအနေနဲ့ စားတဲ့ ကယ်လိုရီတွေ ပိုပြီးစုမိနေဖို့လိုပါတယ် ။ တစ်နေ့တာသုံးလိုက်တဲ့ စွမ်းအင် ကယ်လိုရီက ၂၀၀၀ ရှိတယ်ထားပါတော့ ။ ကိုယ်တစ်နေ့တာစားတာက ၂၅၀၀ ဆိုရင် မသုံးပဲပိုနေတဲ့ ကယ်လိုရီ ၅၀၀ ကို ခန္ဓာကိုယ်က အဆီ (သို့) ကြွက်သား အနေနဲ့စုပါလိမ့်မယ် ။ တကယ်လို့ စားတာက ၁၈၀၀ ပဲရှိတယ်ဆိုရင်တော့ ဘာပဲစားစား Mass Gainer ပဲသောက်သောက် ဝိတ်မတက်ပါ ❌

🔴 ဒါဆို အဆီထက်ကြွက်သား ပိုတက်ချင်ရင်ရော ?
- သင့်တော်တဲ့ Resistance Training ကစားပါ ။
- အသားဓာတ်၊ ကစီဓာတ်၊ အသီးအရွက်၊ အဆီ စတဲ့ အာဟာရအုပ်စုတွေကို မျှတအောင် စားပါ ။ အပေါ်က "Calories Surplus" ရယ် ဒီနှစ်ချက်ရယ်ပါရင်တော့ 'သေချာပေါက်' ဝိတ်တက်လာပါလိမ့်မယ် 💪🏻❤️

🔴 ဝိတ်တင်တဲ့အချိန်မှာ
- ကွကျဥအကာ
- ကြက်ရင်ပုံသား
- တူနာငါး
- ဂရိဒိန်ချဦ
- နွားနို့
- Peanut Butter
- Lean Beef
- Quinoa ဆန်
- ပုဇွန် စတာတွေကတော့ ကျွန်တော့် Favourite တွေပေါ့ ။ ဒါတွေက ဥပမာရွေးလို့ရအောင် ပြပေးထားတာပါ ။ ဘာတွေစားစား "Calories Surplus" မဖြစ်သရွေ့တော့ ဝိတ်မတက်ပါ ။


27/12/2024

ဝ တဲ့သူတွေ သေချာဖတ်စေချင်ပါတယ် သင်တို့ကို ဝိတ်ချခိုင်းနေတာက ချစ်လို့ပါ 💜

Weight loss..

ဝိတ်ချတဲ့ အကြောင်း ပြောရင်းခေါင်းထဲပေါ်လာတာလေး ရေးမယ်နော်..။

ပတ်ဝန်းကျင်မှာ (မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ အိမ်နီးချင်း စသဖြင့်) တချို့တွေဝကြတယ်။ ဝတဲ့အကြောင်းကို ၂ မျိုး ခွဲပြောပါမယ်။

ပထမ တမျိုးက အလွန်အမင်းဝတာပါ။ ကြည့်လိုက်တာနှင့် မျက်နှာကနေ ခြေထောက်ထိ အကုန်ဝနေတာမျိုး။ ဒါမျိုးကို ဝတယ် လို့ ပတ်ဝန်းကျင်ကရော သူကိုယ်တိုင်က ပါလက်ခံထားပါတယ်။

အဲ့လို လူမျိုးတွေကို အမြဲ ဝိတ်ချဖို့တိုက်တွန်း တတ်ပါတယ်။ ဒါကို တချို့က သူကပိန်တော့ ငါဝတာကို နှိမ်တယ် ထင်ကြတယ်။ ငါ့ဖာသာ ဝတာ သူ့အပူလား။ ငါဖာသာ စားနိုင်သောက်နိုင်လို့ ဝတာ ဆိုပြီး ညိုညင်ကြပါတယ်။ အမှန်တော့ ချစ်လို့ပြောတာပါ။ မချစ်ရင် မခင်ရင် ဟန်ဆောင်ပြီးတောင် စကားပြောတတ်တဲ့ သူမဟုတ်ပါဘူး။ လူ့ဘဝတိုတိုလေးကို မချစ်သူတွေ အတွက် အချိန်မပေးနိုင်ဘူးလေ။

ဒါ့ကြောင့် ဒီနေရာက တခါတည်းပြောပါမယ်..။ ဝ သည်ဖြစ်စေ ပိန်သည် ဖြစ်စေ #သင့်အရိုးက_ဒီအရိုးပါပဲ။ ••အရိုးက ဝ မလာပါဘူး••။ ဒီလိုပါပဲ ပိန်ရင်လဲ အရိုးက လိုက်မပိန်ပါဘူး။ ကဲ ဒီတော့ သာမာန် လူတယောက်ရဲ့ ခန္ဓာကိုယ်က အသားတွေ အဆီတွေကို သတ်သတ် ခွဲထုတ်လိုက်ရင် ဆန်အိတ် တအိတ်စာ ရှိတယ် ဆိုပါတော့.. ။

အဲ့တော့ သူ့အရိုးက ဆန်အိတ်တအိတ်စာ နေ့စဉ် ထမ်းထားရတာပေါ့။ အကယ်၍ သူက အဝလွန်ပြီး ဆန်အိတ် ၅ အိတ်စာ ဖြစ်နေတယ်ဆိုရင် ဒီအရိုးက ပဲ ဆန်အိတ် ၅ အိတ်ထမ်းရမှာ။ ဆန်အိတ်ကမှ ပင်ပန်းရင် အောက်ချထားလို့ရတယ်။ လူကိုယ်က အဆီတွေက ခဏဖြုတ်ထားလို့ မရဘူး။ စားစား သွားသွား၊ အိပ်တာဖြစ်ဖြစ်၊ ရေချိုး၊ ကျောင်းသွား၊ လိုင်းကားစီး၊ ဆိုက်ကားစီး ၊ နောက်ဆုံး အိမ်သာတက်တာတောင် သယ်ထားရတာ မဟုတ်လား?

အဲ့တော့ ကိုယ့်အရိုးကို သနားရင် လျော့ကျပါ။ ဝတာကြာလာရင် Metabolism ကျလာပြီး ပိုဝလာမယ်။ ဝိတ်ချဖို့ ပိုခက်မယ်။ အဆိုးဆုံးက စားသမျှ အဆီပဲ ဖြစ်နေပြီး အားမဖြစ်တော့ မူးလာမယ်၊ အားနည်းမယ်။

ကျားကိုးစီး စားမကုန်ပဲ မူးနေသေးတယ်လို့ လူတွေက တမျိုးထင်မယ်။ လူပိန်းစကားပြောရရင် metabolism က ကိုယ်ထဲက အဆီတွေ၊ အသားတွေ ကို energy (အားအင်) ဖြစ်ဖို့ လောင်ကျွမ်းပေးတာပါ။ energy ဆိုတာက လမ်းလျောက်တာ၊ အိပ်တာ ကအစ အကုန်လုံးမှာ လိုအပ်နေတယ်။ ကားအင်ဂျင်လိုပေါ့။ လူတွေ အသက်ရှင်ဖို့ energy လိုအပ်နေတယ်လေ။

ဒီ Metabolism က ကျလာပြီဆိုရင် သူက burning လုပ်ဖို့ ရှာမတွေ့တော့ဘူး။ အစာအိမ်တခုပဲ သူသိတော့တယ်။ အစာအိမ်ထဲက အစာကို ချေဖျက်မယ်။ အစာကုန်သွားရင် မဖျက်တော့ဘူး။ တခြားနေရာက အဆီတွေ အသားတွေ ကို မတွေ့တော့ဘူး။ အဲ့အဆီအသားတွေက လဲ သူကပဲ အစာထဲကနေ စုပ်ယူပြီ ကိုယ်ထဲသိမ်းထားတာ။ ဒါပေမယ့် သူက အတိတ်မေ့သွားတယ်။

တဖြည်းဖြည်း သူက အစာတွေစုလိုက် ဆာလိုက် burning လုပ်ဖို့မတွေ့တော့ မူးလိုက်မော်လိုက်၊ ချွေးတွေထွက်လိုက်၊ လူကလဲ စားမှ သက်သာတယ်ဆိုပြီး ထပ်စားလိုက်၊ အသားထပ်တက်လိုက်နှင့် သံသရာလည်တော့တာပေါ့။ အဲ့ အဆင့်မရောက်ခင် ကိုယ့် ဝိတ်ကိုယ်ချပေးပါ။

ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပေးခြင်းက Metabolism ကိုတိုးတက်စေတဲ့ အတွက် ဝိတ်မချချင်ရင်တောင် အနည်းဆုံး တပတ် ၃ ရက်လောက်တော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။

တချို့က ဘယ်သူက ဝချင်မလဲ။ ဘယ်လိုချချ မရလို့ပေါ့ ဆိုတာ ရှိသေးတယ်။ တကယ်မဖြစ်ချင်သေးလို့ပါ လို့ပဲ ပြောပါရစေ။ တကယ်ဖြစ်ချင်ဖြစ်ပါတယ်။ အပင်ပန်း မခံနိုင်လို့ တို့၊ အချိန်မအားလို့ ဆိုတာ အကြောင်းပြချက်တွေပါ။ Facebook သုံးဖို့၊ TV ကြည့်ဖို့ အချိန်ပေးနိုင်ကြတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်တာ အံ့သြလွန်းလို့ပါ။

နေ့တိုင်း ရေချိုးကြပါတယ်။ ရေမချိုးခင်ဖြစ်စေ။ ရေချိုးခန်းထဲ ဖြစ်စေ ထိုင်ထ လုပ်တာမျိူး ၅ မိနစ် လောက်လုပ်ကြည့်ရင်း အစပျိုးလိုက်ရင် တဖြည်းဖြည်း အကျင့်ရသွားပါလိမ့်မယ်။ ရေမချိုးရင်တော့ မပြောတတ်ဘူးပေါ့နော်။ ဒါက အရမ်းဝသူတွေ အတွက်ပါ။

ဒုတိယတမျိုးကတော့ အဆီများတဲ့နေရာတွေပဲ ကွက်ဝတာ။ ဗိုက်၊ ခါး၊ တင်၊ ပေါင်၊ လက်မောင်း စသည်ဖြင့်ပေါ့။ တချို့က လူပိန်တယ် တနေရာတည်းကွက်ဝတာ။ အများစုက ဗိုက်ပူတာပေါ့လေ။ ကျွန်မဆို ဗိုက်ပူတာ မှန်ပေမယ့် ဗိုက်ထက်ပို အဆီစုတာက လက်ပြင်။ weight တက်ပြီဆို စတက်တာ လက်ပြင် ပြီးရင် ခါး အနောက်ဘက်က အဆီပြင် နောက်မှ ဗိုက်တက်တာ။

ဒါမျိုးလူတွေက ချဖို့ပိုပျင်းကြတယ်ဆို ယုံမလား?
မှန်ရှေ့ရပ်ပြီး အော် ငါဗိုက်ပူနေပါလား။ ချရမယ်လို့ တွေးပေမယ်။ မှန်ရှေ့က ခွာတာနှင့် အော်ငါက ဗိုက်လေးပဲ ပူတာပါ ကျန်တာက လှပြီးသား ဖြစ်သွားရော။ ဒီလိုလူတွေက တော့ ပိန်ဖို့ အာရုံမစိုက်ပဲ ကျန်းမာဖို့ အာရုံစိုက်ပါ။ ကိုယ့်ကိုယ်ကိုအသိဆုံးပါ။ ခါးနာလား ဒူးနာနေလား ဆိုတဲ့ ရောဂါတွေ အပြင် အသက်ကို ကြည့်ပါ။ ငါနှင့် Level တန်းမှာ ငါ့အခြေအနေက ဘယ်လိုလဲ။ ပြိုင်ဖို့ပြောတာ မဟုတ်ဘူး။ ကိုယ့်ကျန်းမာရေးကို ဆန်းစစ်ဖို့ပြောတာ။

ခန္ဓာကိုယ်က လူတွေရဲ့ ဖွားဖက်တော်ပါ။ မွေးကတည်းက အတူကြီးလာတာ။ တခါမှ ခွဲခွာ မနေဖူးသလို။ တခါမှလဲ spare parts မလဲခဲ့ပါဘူး။ လဲစရာလဲ အပို မပါပါဘူး။ ဒီတော့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်မှ ဂရုမစိုက်ချင်ရင် ဘယ်သူက ဂရုစိုက်ပါ့မလဲ?။

ငွေကို အသည်းအသန် ရှာကြတယ်။ ကျန်းမာရေးကနောက်မှ။ နေမကောင်းဖြစ်တော့မှ လူမသေ ငွေမရှားဆိုပြီး ရှာထားသမျှ ကုန်အောင် ကုကြပြန်ရော။ ကောင်းသွားတော့ ငွေပြန်ရှာကြပြန်ရော။ Steve Jobs ကိုကြည့်။ သူ့လောက်ချမ်းသာ အောင်ရှာနိုင်ရင်တောင် သူလိုပဲ သေနိုင်သေးတာပဲလေ။ သူ့ငွေတွေက သူ့ကိုယ် မကယ်နိုင်ဘူး။

နောက်တခုက ကျန်းမာရေးနှင့် အလှအပ က တိုက်ရိုက်အချိုးကျတယ်နော်။ ဘယ်လောက်ပဲ မိတ်ကပ်တွေ လိမ်း၊ Skin care တွေလုပ်၊body spa တွေသွားနေလဲ မကျန်းမာရင် မျက်ကွင်းကြီးညိုပြီး မျောက်အိုမကြီးလို ဖြစ်နေတတ်တယ်။

မိတ်ကပ်အားကိုးလွန်းရင်လဲ အရေးအကြောင်းတွေ ပိုပြီးစောစော ပေါ်လာတတ်တယ်။ မိတ်ကပ်မပါရင် ကြည့်မကောင်းတော့ဘူး။ ဒီတော့ အသက်ရလာတာနှင့် အမျှ သဘာဝ အတိုင်းလေး လှနေဖို့ အသက် နှင့်အညီ ရင့်ကျက်တဲ့ အလှပေါ်လွင်ဖို့က ကိုယ်တွင်းကိုယ်ပြင် စိတ်တွင်းစိတ်ပြင် ကျန်းမာဖို့ အရေးအကြီးဆုံးပါလို့ ပြောရင်း...။

Crd _DMY

စုထားတဲ့ဗိုက်ခေါက်လေးတွေဖြုတ်ဘို့ WIN GYM လာပါလို့
12/12/2024

စုထားတဲ့ဗိုက်ခေါက်လေးတွေဖြုတ်ဘို့ WIN GYM လာပါလို့

လှပပျော်ရွှင်ကျမ်းမာမိတ်သစ်ရဘို့. WIN Gym. မှာဆုံကြစို့
06/11/2024

လှပပျော်ရွှင်ကျမ်းမာမိတ်သစ်ရဘို့. WIN Gym. မှာဆုံကြစို့

လှချင် WIN လာပါ
24/09/2024

လှချင် WIN လာပါ

အရမ်းကြိုးစားတာ
06/09/2024

အရမ်းကြိုးစားတာ

ကျမ်းမာပျော်ရွှင်ကြပါစေ
31/08/2024

ကျမ်းမာပျော်ရွှင်ကြပါစေ

Address

Https://her. Is/3hdtZR 8
Pathein

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00

Website

Alerts

Be the first to know and let us send you an email when WIN GYM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share