Htay Hlaing Oo - Professional Business Coach

Htay Hlaing Oo - Professional Business Coach Htay Hlaing Oo is the business coach in Myanmar who is helping successful business owner to become more successful in their businesses.

🎂 ဘာလိုလိုနဲ့ ၃၅ နှစ်ပြည့်ပြီ 🎂ဘဝမှာရခဲ့တဲ့ အတွေ့အကြုံအချို့ကို ဝေမျှပေးချင်ပါတယ်၁။ သိချင်စိတ်မရှိရင် ဘာမှသိလာမှာမဟုတ်ဘူ...
28/02/2022

🎂 ဘာလိုလိုနဲ့ ၃၅ နှစ်ပြည့်ပြီ 🎂

ဘဝမှာရခဲ့တဲ့ အတွေ့အကြုံအချို့ကို ဝေမျှပေးချင်ပါတယ်

၁။ သိချင်စိတ်မရှိရင် ဘာမှသိလာမှာမဟုတ်ဘူး

လူတစ်ယောက်အောင်မြင်ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ အခြေခံက သိချင်စိတ်ပါ။ သိချင်စိတ်မရှိတဲ့သူတွေ ကျွန်တော့်ဘေးမှာ အများအပြားတွေ့ခဲ့ရပါတယ်။ ကျွန်တော် ဘယ်လောက်ပဲ လုပ်ပြပြ သူတို့နဲ့မဆိုင်သလို နေကြပါတယ်။ ပြီးရင် သူတို့ ဒီနေရာက ဘာကြောင့်မတက်လဲဆိုတဲ့ မေးခွန်းကို မေးကြပါဦးမယ်။ မွေးကတည်းက ဘယ်သူမှသိမလာပါဘူး။ သိချင်ရင် လေ့လာမှရပါမယ်။

၂။ သိတ်ိုင်းလည်း မတတ်ဘူး

သိတာနဲ့ တတ်တာမတူပါဘူး။ တက်ဖို့အတွက် လက်တွေ့လုပ်ကြည့်ရပါတယ်။ စမ်းသပ်ရပါတယ်။ အဲဒီအတွက် အချိန်တွေ ၊ ဖြတ်ထိုးဉာဏ်တွေ လိုပါတယ်။ ကိုယ်တိုင် လုပ်မကြည့်ပဲ ကိုယ်လုပ်တတ်တယ်လို့မထင်ပါနဲ့။ ကျွန်တော်ကတော့ ကိုယ်မတတ်တဲ့အလုပ်မှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ပါဘူး။ ဘာအလုပ်ကို လုပ်လုပ် ကိုယ်တိုင်တတ်အောင်အရင်သင်တယ်၊ ကိုယ်တိုင်လုပ်ကြည့်ပါတယ်။

၃။ တတ်တိုင်းလည်း မတော်ဘူး

လုပ်တတ်ပြီဆိုတာနဲ့ ကိုယ်ကဒီအလုပ်မှာ ကျွမ်းကျင်တဲ့သူ မဖြစ်သေးပါဘူး။ ကျွမ်းကျင်ဖို့အတွက် ထပ်ခါထပ်ခါ လေ့ကျင့်ရပါတယ်။ ကိုယ်က ဒီအလုပ်မှာ ကျွမ်းကျင်တဲ့အထိလုပ်ဖို့ အစီအစဉ်မရှိရင် ကျွမ်းကျင်အောင် လုပ်နိုင်တဲ့သူကို သင်ပေးရပါတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကိုယ့်မှာ ကျွမ်းကျင်တဲ့သူရှိဖို့လိုပါတယ်။ သူ့ကိုတော့ အဲဒီနယ်ပယ်မှာတော်တယ်လို့ သတ်မှတ်ရပါမယ်။

၄။ တော်တိုင်းလည်း မအောင်မြင်ဘူး

ဒီအချက်က အရေးအကြီးဆုံးပဲ။ ငါတော်ရဲ့သားနဲ့ ဘာကြောင့်မအောင်မြင်တာလဲ လို့ ခံစားနေရတဲ့သူတွေ အများကြီးရှိပါတယ်။ ကိုယ်ဘယ်လောက်တော်နေနေ ကိုယ့်နောက်မှာ ကိုယ့်ကိုအထောက်အပံ့ပေးမယ့် Follower မရှိရင် ရေရှည်မှာ အခက်ကြုံရမှာပဲ။ အရာရာကိုယ်ပဲလုပ်နေရပြီး စိတ်ပင်ပန်း၊ လူပင်ပန်းခံနေမှာလား။ အဲဒီအတွက် Management ထဲက ခေါင်းဆောင်မှုစွမ်းရည်က မရှိမဖြစ်လိုအပ်လာပါတယ်။ ကိုယ့်နောက်ကလူတွေ ကိုယ်ဖြစ်ချင်သလိုမဖြစ်တာ ကိုယ့်ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကြောင့်ပါ။ ဒါပဲလားဆိုတော့ မဟုတ်သေးပါဘူး အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးမှာတော့ လုပ်ငန်းကို ဦးဆောင်တဲ့သူတွေအနေနဲ့ Management က ဘာသာရပ်တွေဖြစ်တဲ့ Sale, Marketing, HR, Finances, Strategy အစရှိတာတွေလေ့ကျင့်သင်ကြားထားဖို့လိုပါတယ်။

ချစ်ခြင်းများစွာဖြင့်
Htay Hlaing Oo (EMBA)

စျေးကွက်မှာနေရာတစ်ခုရဖို့လုပ်ရတဲ့ ဗျူဟာတွေမတူဘူး1️⃣သင်ဝင်ချင်တဲ့စျေးကွက်ကို အရင်လေ့လာပါ(၁) သင့်ကိုလိုအပ်နေတဲ့စျေးကွက်လား...
22/03/2020

စျေးကွက်မှာနေရာတစ်ခုရဖို့လုပ်ရတဲ့ ဗျူဟာတွေမတူဘူး

1️⃣သင်ဝင်ချင်တဲ့စျေးကွက်ကို အရင်လေ့လာပါ
(၁) သင့်ကိုလိုအပ်နေတဲ့စျေးကွက်လား✅
(၂) သင့်ကိုမလိုအပ်တဲ့ စျေးကွက်လား❌
(၃) သင်ရှိရှိမရှိရှိ ဂရုမစိုက်တဲ့ စျေးကွက်လား❕

2️⃣ဒါကိုလေ့လာပြီးရင် စျေးကွက်ပေါ်မူတည်ပြီး သင်ဖောက်လို့ရမည့်နည်းလမ်းတွေကိုများနိုင်သမျှ များများချရေးပါ

3️⃣ပြီးရင်အဲဒီအထဲက ထိရောက်မှုအရှိဆုံးနှင့် ကုန်ကျစားရိတ်အသက်သာဆုံးနည်းတွေကို အစဉ်လိုက်အမှတ်စဉ်တပ်ပါ။

4️⃣နည်းလမ်းတစ်ခုချင်းစီကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပါ

5️⃣ဘယ်ရက်မှာဘာလုပ်မယ်ဆိုတဲ့ တိကျသေချာတဲ့ Plan ရေးဆွဲပါ

6️⃣အချိန်မဆွဲပဲ အမြန်ဆုံးအကောင်အထည်ဖော်ပါ
(စီးပွားရေးမှာ အကြံတူရင်ဦးသူသာမယ်)

7️⃣လစဉ်ပြန်လည်သုံးသပ်ပြီး သင်ခန်းစာယူပါ

8️⃣ရရှိသည့်သင်ခန်းစာပေါ်မူတည်၍ ဖြေရှင်းရန် အဆင့်2️⃣သို့ပြန်သွားပါ

ဒါကတော့ ကျွန်တော်သုံးတဲ့ အရိုးရှင်းဆုံးနည်းလမ်းပါ (ဉာဏ်ရှိသလို အသုံးချကြပါ)


သင့်ကိုယ်သင် အောင်မြင်မယ့်သူလို့ မမြင်သ၍ အောင်မြင်တဲ့သူလို မလုပ်နိုင်သေးဘူး... စိတ်နဲ့ပဲဆိုင်တယ်... အောင်မြင်မယ့်သူမှာ လ...
26/01/2020

သင့်ကိုယ်သင် အောင်မြင်မယ့်သူလို့ မမြင်သ၍

အောင်မြင်တဲ့သူလို မလုပ်နိုင်သေးဘူး...

စိတ်နဲ့ပဲဆိုင်တယ်...

အောင်မြင်မယ့်သူမှာ လုပ်နေတဲ့အလုပ်အပေါ်

ပြင်းပြတဲ့စိတ်ဆန္ဒရှိတယ်


အတိတ်ကို သင်ခန်းစာယူအနာဂါတ်အတွက် ကြိုတွေးပြီးပစ္စုပ္ပန်မှာ အကောင်းဆုံး လုပ်ပါ
21/01/2020

အတိတ်ကို သင်ခန်းစာယူ

အနာဂါတ်အတွက် ကြိုတွေးပြီး

ပစ္စုပ္ပန်မှာ အကောင်းဆုံး လုပ်ပါ


Hello Sweet Decemberမင်းရဲ့ဘဝဟာ မင်းရွေးချယ်ပြုလုပ်တဲ့အရာတွေရဲ့ ရလဒ်ဖြစ်တယ်မင်းဘဝကို မင်းမကြိုက်ဘူးဆိုရင် မတူတဲ့ရွေးချယ်...
01/12/2019

Hello Sweet December

မင်းရဲ့ဘဝဟာ မင်းရွေးချယ်ပြုလုပ်တဲ့

အရာတွေရဲ့ ရလဒ်ဖြစ်တယ်

မင်းဘဝကို မင်းမကြိုက်ဘူးဆိုရင်

မတူတဲ့ရွေးချယ်မှုတွေကို စတင်ပြုလုပ်သင့်တဲ့အချိန်ပဲ

ပြောင်းလဲချိန်တန်ပြီ


သင့်လူတွေရဲ့ အလားအလာဟာ သူတို့အပေါ် သင် ဘယ်လိုယုံကြည်လည်းဆိုတာပေါ်မူတည်တယ်အရင် ဆယ်တန်း Guide လုပ်တုန်းက စာမေးပွဲစစ်တဲ့ အဖ...
14/11/2019

သင့်လူတွေရဲ့ အလားအလာဟာ သူတို့အပေါ်

သင် ဘယ်လိုယုံကြည်လည်းဆိုတာပေါ်မူတည်တယ်

အရင် ဆယ်တန်း Guide လုပ်တုန်းက စာမေးပွဲစစ်တဲ့ အဖြစ်အပျက်ကို ပြန်စဉ်းစားမိတယ်

စာတော်တဲ့ကလေးဆိုရင် သူလုပ်တာ မှန်မှာပါလေဆိုတဲ့ သူ့အပေါ်ယုံကြည်မှုနဲ့ စာစစ်တော့ သူမှန်တာတွေပဲ အများဆုံးမြင်မိတယ်

စာညံ့တဲ့ကလေးကျတော့ သူမှန်အောင်လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်မှုနဲ့ စာစစ်တော့ သူအမှားလုပ်တာတွေကိုပဲ အများဆုံးမြင်တယ်

သင်တစ်ယောက်တည်း လုပ်လို့မရတဲ့ အဖွဲ့အစည်းနဲ့လုပ်ရတဲ့အလုပ်တွေမှာ သင့်အောက်မှာရှိတဲ့သူတွေ အလားအလာရှိသလောက် လုပ်နိုင်ဖို့အတွက် သူတို့အပေါ်ထားတဲ့ သင်ရဲ့ယုံကြည်မှုဟာ အရမ်းအရေးကြီးတယ်

သူတို့ရဲ့အလားအလာဟာ သူတို့အပေါ်ထားတဲ့ သင်ရဲ့ ယုံကြည်မှုပေါ်မှာ မူတည်တယ်


မင်းရဲ့ကျွမ်းကျင်မှုက မင်းလုပ်နိုင်တဲ့အရာတွေကို ဆုံးဖြတ်ပေးတယ်မင်းရဲ့ တက်ကြွမှုကမင်းဘယ်လောက်ထိလုပ်ဖို့ စိတ်ဆန္ဒပြင်းပြတယ...
05/11/2019

မင်းရဲ့ကျွမ်းကျင်မှုက

မင်းလုပ်နိုင်တဲ့အရာတွေကို ဆုံးဖြတ်ပေးတယ်

မင်းရဲ့ တက်ကြွမှုက

မင်းဘယ်လောက်ထိလုပ်ဖို့ စိတ်ဆန္ဒပြင်းပြတယ်ဆိုတာကို ဆုံးဖြတ်ပေးပြီး

မင်းရဲ့စိတ်နေစိတ်ထားက

မင်းဘယ်လိုကောင်းကောင်းလုပ်သလဲကို ဆုံးဖြတ်ပေးလိမ့်မယ်

ဒါ့ကြောင့် သာမန်ထက်ပိုတဲ့သူဖြစ်ဖို့ မင်းလုပ်နေတဲ့အလုပ်မှာ

💪ကျွမ်းကျင်ရမယ်

💪တက်ကြွရမယ်

💪စိတ်သဘောထားပြည့်ဝရမယ်


ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ မိမိကိုယ်ကို နှိမ့်ချနိုင်ဖို့လိုတယ်သင့်ရဲ့အဖွဲ့အစည်းကို ပိုမိုကောင်းမွန်စွာ ဦးဆောင်နိ...
28/10/2019

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့

မိမိကိုယ်ကို နှိမ့်ချနိုင်ဖို့လိုတယ်

သင့်ရဲ့အဖွဲ့အစည်းကို ပိုမိုကောင်းမွန်စွာ ဦးဆောင်နိုင်ဖို့

သင့်မှာတိုးတက်ဖို့လိုနေတဲ့အရာတွေကို

သင့်ကိုယ်သင် နှိမ့်ချပြီး သင့်အဖွဲ့အစည်းကို မေးဖူးလား?

သင့်ကို ကောင်းစေချင်တဲ့ ဆန္ဒနဲ့ပေးတဲ့

အပြုသဘောဆောင်တဲ့ Feedback တွေကို

လက်ခံပြီး ပြုပြင်ဖို့ အဆင်သင့်ဖြစ်ပြီလား?


လူအများစုက အောင်မြင်ချင်ကြတယ်ဒါပေမယ့် လူအနည်းစုပဲ အောင်မြင်ကြတယ်ဘာကြောင့်လဲ ?အချိန်တန်ဖိုးရှိကြောင်းလည်း လူတိုင်းသိကြတယ်...
27/10/2019

လူအများစုက အောင်မြင်ချင်ကြတယ်

ဒါပေမယ့် လူအနည်းစုပဲ အောင်မြင်ကြတယ်

ဘာကြောင့်လဲ ?

အချိန်တန်ဖိုးရှိကြောင်းလည်း လူတိုင်းသိကြတယ်

သိသာသိတယ် တန်ဖိုးမထားကြဘူး

မင်းဘာပဲလုပ်လုပ် တနေ့ဆိုတဲ့အချိန်က ကုန်သွားမှာပဲ

ငါတော့အချောင်ခိုနိုင်ခဲ့ပြီဆိုပြီး ဝမ်းသာမနေနဲ့

မင်းဘဝမှာ ဘယ်တော့မှပြန်မရတော့မယ့်အချိန်တွေ

မင်းကိုယ်တိုင် ဖျက်စီးလိုက်တာပဲ

မအောင်မြင်ခင် အချိန်းဖြုန်းတာများရင်

အောင်မြင်ရင် အချိန်သုံးစရာမရှိဖြစ်လိမ့်မယ်


23/08/2019

Address

Pathein

Alerts

Be the first to know and let us send you an email when Htay Hlaing Oo - Professional Business Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htay Hlaing Oo - Professional Business Coach:

Shortcuts

Share

Category