ယူရို ဘောလုံးသတင်းနှင့်စီးပွားရေး

  • Home
  • Myanmar
  • Pakokku
  • ယူရို ဘောလုံးသတင်းနှင့်စီးပွားရေး

ယူရို ဘောလုံးသတင်းနှင့်စီးပွားရေး Euro Football ဘောလုံးသတင်းနှင့်စီးပွားရေး Grou

ယူနိုက်တက်နဲ့ သတင်းထွက်နေတဲ့ အန်တိုနီကို ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ အေဂျက်စ်နည်းပြနယ်သာလန်ကလပ် အေဂျက်စ်...
23/07/2022

ယူနိုက်တက်နဲ့ သတင်းထွက်နေတဲ့ အန်တိုနီကို ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ အေဂျက်စ်နည်းပြ

နယ်သာလန်ကလပ် အေဂျက်စ်အသင်းရဲ့ နည်းပြဖြစ်သူ အဲလ်ဖရက်ရှုဒါက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းထွက်နေတဲ့ အန်တိုနီအပါအဝင် အေဂျက်စ် ကစားသမားတွေကို ရောင်းချသွားတော့မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တာပါ။
အေဂျက်စ်အသင်းက ဒီနှစ်နွေအပြောင်းအရွှေ့ရာသီ၌ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ မာတီနက်ဇ်ကို မန်ချက်စတာယူနိုက်တက်၊ ဟော်လာ ကို ဒေါ့မွန်၊ မာဇိုဝီကို ဘိုင်ယန်မြူးနစ်အသင်း တွေဆီ ရောင်းချ ထားခဲ့ပြီးပြီ လည်း ဖြစ်ပါတယ်။ အေဂျက်စ်အသင်းက တောင်းတင်းတဲ့လူစာရင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ရှုံးထွက် အဆင့်ထိ တက်လှမ်းနိုင်ခဲ့သလို ပြည်တွင်းလိဂ်ကိုလည်း အရယူထားနိုင်ခဲ့ကာ ချန်ပီယံသရဖူကို‌ ဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီ၌ အေဂျက်စ်အသင်း အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့နေရာမှာ အသက် ၂၂နှစ်အရွယ် တောင်ပံကစားသမား အန်တိုနီက ၃၃ပွဲကစားပြီး ၁၂ဂိုး သွင်းယူပေးခဲ့ကာ အဓိကနေရာမှ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အန်တိုနီအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပေမဲ့ အေဂျက်စ် အသင်းရဲ့ နည်းပြ အဲလ်ဖရက်ရှုဒါက“ကျွန်တော်အမြင်အရတော့ သူအသင်းမှာပဲ သေချာပေါက် ဆက်ရှိသွားမှာပါ။ ကစားသမားကောင်းတွေကို လက်လွှက်ဆုံးရှုံး ထားရပြီးဖြစ်လို့ ထပ်မံ ရောင်းချသွား ဦးမှာ မဟုတ်ပါဘူး” “ကစားသမားသစ်တွေကို ခေါ်ယူထားခဲ့တာ ရှိပေမဲ့ အဓိကကစားသမားတွေကို ရောင်းချထားခဲ့ရတာကြောင့် ထပ်ရောင်းချသွားဖို့တော့ မရှိပါဘူး။ နောက်ထပ် အဓိက အားထားရတဲ့ ကစားသမားတစ်ဦးကိုသာ ရောင်းချလိုက်မယ် ဆိုရင် အသင်းအတွက် အရမ်းဆိုးရွားစေမှာ ဖြစ်ပါတယ်”လို့
ESPN သတင်းဌာနသို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ အဲရစ်တန်ဟတ်က သူတို့အသင်းကနေ ထွက်ခွာချင်နေတဲ့ ရော်နယ်ဒိုနေရာမှာ နောက်ထပ်တိုက်စစ်လမ်းကြောင်းအတွက် ရွေးချယ်စရာ တစ်ရပ်အဖြစ် အေဂျက်စ်အသင်း၌ ဆုဖလားတွေကို အတူတကွ ရယူခဲ့ဖူးသူ အန်တိုနီ ကို ခေါ်ယူလိုနေတာဖြစ်ပေမဲ့ အေဂျက်စ်အသင်းရဲ့ နည်းပြဖြစ်သူက အခုလိုပြောဆိုလိုက်တာ ကြောင့် အဟန့်အတား ဖြစ်သွားစေမှာလည်း ဖြစ်ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

ဘိုင်ယန်နဲ့ ပွဲဦးထွက်ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ဒီလစ်ချ်နဲ့ မာနေးတို့ကို နာဂယ်စ်မန်း ချီးကျူးဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်...
22/07/2022

ဘိုင်ယန်နဲ့ ပွဲဦးထွက်ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ဒီလစ်ချ်နဲ့ မာနေးတို့ကို နာဂယ်စ်မန်း ချီးကျူး

ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်စ်မန်းက ဒီစီယူနိုက်တက်ကို ၆-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပွဲဦးထွက်ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ မာနေးနဲ့ ဒီလစ်ချ်တို့ကို ချီးကျူးစကားဆိုလိုက်ပါတယ်။
ဒီလစ်ချ်က volley ကန်ချက်ကနေ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး မာနေးက ပင်နယ်တီကနေတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ နယ်သာလန်သားနောက်ခံလူူကတော့ ကွင်းထဲမှာ ၂၅ မိနစ်လောက်ရှိခဲ့ပြီး အဲ့နောက်လူစားလဲခဲ့ကာ နာဂယ်စ်မန်းက ဒဏ်ရာ ရရှိမှာစိုးရိမ်တာကြောင့် လူစားလဲခဲ့တာလို့ ဆိုခဲ့ပါတယ်။
မာနေးဟာ ကိုယ်တိုင်တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သလို အသင်းဖော် ဂနာဘရီရဲ့ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နာဂယ်စမန်းက အသင်းကစားသမားသစ် ၂ ဦးရဲ့ခြေစွမ်းကို သဘောကျနေပြီး ချီးကျူးခဲ့တာဖြစ်ပါတယ်။
“၂ ဦးစလုံးက အစကောင်းခဲ့ကြပါတယ်။ ဒီလစ်ဂျ်ဆိုလည်း တကယ်ကောင်းတဲ့ ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ သူဒဏ်ရာမရပါဘူး။ ဒါပေမယ့် ဘာမဆိုဖြစ်သွားနိုင်တဲ့တွက် လူစားလဲလိုက်တာပါ။ မနက်ဖြန်မှာ ကြံ့ခိုင်မှုပြည့်ဝနေမှာဖြစ်ပြီး စနေနေ့မှာ ပါဝင်ကစားနိုင်ပါလိမ့်မယ်”လို့ နာဂယ်စမန်းက ပြောကြားခဲ့ပါတယ်။
ဂရာဗန်ဘာ့ဂျ်နဲ့ မာဇာရာအူရီတို့လည်း ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး နာဂယ်စမန်း သူတို့ ၂ ဦးခြေစွမ်းကိုလည်း ချီးကျူးခဲ့တာဖြစ်ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

တန်းတက်ကလပ် နော်တင်ဟမ်ဖောရက်စ် အသင်းကို အံ့အာသင့်ဖွယ် ပြောင်းရွှေ့သွားတဲ့ ဂျက်စီလင်ဂတ်မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာခ...
22/07/2022

တန်းတက်ကလပ် နော်တင်ဟမ်ဖောရက်စ် အသင်းကို အံ့အာသင့်ဖွယ် ပြောင်းရွှေ့သွားတဲ့ ဂျက်စီလင်ဂတ်

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချူပ် သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်တဲ့ ဂျက်ဆီလင်ဂတ်က ပရီးယားမီးယားလိဂ်သို့ တန်းတက်လာတဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းဆီသို့ ပြောင်းရွှေ့ ကစားတော့မှာပဲ ဖြစ်ပါတယ်။
ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်တဲ့ ဂျက်ဆီလင်ဂတ်က ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီ၌ ပွဲထွက်ကစား ခွင့် ၂ကြိမ်သာ ရခဲ့ကာ ရုန်းကန်ခဲ့ရတာလည်း ဖြစ်ပါတယ်။
လင်ဂတ်က ၂၀၂၀-၂၁ ရာသီက သူ အငှား သွားရောက် ကစားပေးခဲ့ကာ ထိပ်တန်း ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့တဲ့ လန်ဒန် ကလပ် ဝက်စ်ဟမ် အသင်းဆီသို့ ပြန်လည် ပြောင်းရွှေ့ ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့သေးတာ လည်းဖြစ်ပါတယ်။
နယူးကာဆယ် အသင်းက ခေါ်ယူဖို့ရန်အတွက် စိတ်ဝင်စားမှု တစ်ချို့ကို လည်း ခံခဲ့ရသေး တာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ ပရီးမီးယားလိဂ်သို့ ပူပူနွေးနွေး ရောက်ရှိ လာတဲ့ အသင်း တစ်သင်းဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းက လင်ဂတ် ကို တစ်နှစ်စာချူပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။
ဂျက်ဆီလင်ဂတ်က ရာသီကြို ခြေစမ်း ခရီးစဉ်အဖြစ် ဂျာမနီနိုင်ငံကို ရောက်ရှိနေတဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းရှိရာသို့ ယူနီယံဘာလင် အသင်းနဲ့ ခြေစမ်းပွဲစဉ် မတိုင်မီ သွားရောက် ပူးပေါင်းရဖို့ ရှိနေတာ ဖြစ်ပြီး လင်ဂတ်က နော်တင်ဟမ်ဖောရက်စ် အသင်း အတွက် ဒီနွေရာသီ အပြောင်းရွှေ့ ကာလရဲ့ ၁၁ယောက်မြောက် ခေါ်ယူမှု လည်းဖြစ်ပါတယ်။
တန်းတက်ကလပ် နော်တင်ဟမ်ဖောရက်စ် အသင်းက ဒီရာသီ ခေါ်ယူထားတဲ့ ကစားသမားတွေထဲမှာ အိုဘရိုင်ယန်၊ တော့ဖ်ဖိုလို၊ လင်ဂတ်၊ ဟန်ဒါဆန်(အငှား) ၊ ဝီလီယံ နဲ့ အာဝမ်နီယီ တို့လို ကစားသမားတွေလည်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

အာမန်ဒို ဘရိုဂျာအနေနဲ့ နွေရာသီမှာ အသင်းက ထွက်ခွာဖို့ မမျှော်လင့်ကြောင်း တူချယ် ပြောကြားချဲလ်ဆီအသင်းနည်းပြ တူချယ်ဟာ ဝက်စ်...
21/07/2022

အာမန်ဒို ဘရိုဂျာအနေနဲ့ နွေရာသီမှာ အသင်းက ထွက်ခွာဖို့ မမျှော်လင့်ကြောင်း တူချယ် ပြောကြား

ချဲလ်ဆီအသင်းနည်းပြ တူချယ်ဟာ ဝက်စ်ဟမ်းအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းရဲ့ ကစားသမား အာမန်ဒိုဘရိုဂျာအနေနဲ့ နွေရာသီမှာ အသင်းက ထွက်ခွာမှာကို မမျှော်လင့်ထားကြောင်း ပြောကြားလိုက်ပါတယ်။
ဘရိုဂျာဟာ မနှစ်က ဆောက်သမ်တန်အသင်းမှာ အငှားသွားကစားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ ပွဲ ကစားထားခဲ့ကာ ၆ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ကစားသမားဟာ ပေါင် သန်း ၃၀ နဲ့ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွေ့ဖို့ ကမ်းလှမ်းခြင်းခံထားရတယ်လို့ Football London သတင်းထောက် အဒန်နယူးဆင်က တနင်္လာနေ့က ပြောကြားခဲ့ပြီး ကစားသမားဟာ ချဲလ်ဆီးအသင်းနဲ့အတူ အမေရိက ခရီးစဉ်ကို လိုက်ပါသွားကာ အသင်းအနေနဲ့ စဉ်းစားသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒေးဗစ်မိုရက်ဟာ သူ့ရဲ့ ဝက်စ်ဟမ်းအသင်းတိုက်စစ်ပိုင်းအတွက်ဘရိုဂျာကို ခေါ်ယူချင်နေတာပါ။ ဝက်စ်ဟမ်းအသင်းဟာ ဆက်ဆူလိုအသင်းရဲ့ ကစားသမား ဂီရန်လူကာ ဆကာမက်ကာကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်ထားပြီး ဝက်စ်ဟမ်းအသင်းကတော့ ကစားသမားနှစ်ယောက်စလုံးကို ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
သို့သော် ဝက်စ်ဟမ်းအသင်းအနေနဲ့ ဘရိုဂျာကို ခေါ်ယူနိုင်ဖို့ ဆွဲဆောင် ကမ်းလှမ်းထားပေမယ့် ချဲလ်ဆီးနည်းပြ တူချယ်ကတော့ ယခုနွေရာသီမှာ ဘရိုဂျာအနေနဲ့ အသင်းကထွက်ခွာမယ်ဆိုတာကို မမျှော်လင့်ထားဘူးလို့ ဆိုလိုက်ပါတယ်။
တူချယ်က Sky Sport မှာ
"ကျွန်တော့်အနေနဲ့ သူအသင်းကထွက်ခွာမယ်လို့ မထင်ထားပါဘူး။ သူ့အတွက် ကမ်းလှမ်းချက်တွေ စိတ်ဝင်စားမှုတွေကို ကျွန်တော်တို့ သိပါတယ်။ အသင်းပိုင်ရှင်ရယ် ၊ ကစားသမားရယ် ကျွန်တော်ရယ် အားလုံးအတူတူ ဆွေးနွေးပြီး ဆုံးဖြတ်သွားပါမယ်။ "
"သူအသင်းကိုရောက်တဲ့အခါမှာ သူဟာ ချဲလ်ဆီးကစားသမားတစ်ယောက်အဖြစ် အထင်ကြီးစရာကောင်းအောင် ကြိုးစားပါတယ်။ ဆောက်သမ်တန်မှာ အငှားကစားပြီးတဲ့နောက်မှာ သူဟာ သူ့ရဲ့ ကစားသမားဘဝကို နောက်တစ်ဆင့်တက်ချင်ပါတယ်။ ကံမကောင်းစွာပဲ သူဒဏ်ရာရခဲ့ပါတယ်။ အခုတော့ သူ့ကို စိတ်ဝင်စားတဲ့အသင်းတွေရှိလာပါပြီ။ ဘယ်လိုဆက်ဖြစ်သွားမလဲ ကြည့်ရပါမယ်။ သူဟာ အသင်းနဲ့လည်း စာချုပ်သက်တမ်းရှိပါသေးတယ်။ "
"ကျွန်တော်တို့မှာ ရွေးချယ်စရာ ကစားသမားတွေရှိပါတယ်။ ဒါပေမယ့် အာမန်ဒိုလို ကစားသမားမျိုးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရာသီကာ သူနဲ့ ဂယ်လာဟာကို အသင်းက စောင့်ကြည့်ခဲ့ပြီး သူတို့နဲ့ အသင်းအတွက် ဘာတွေ ကောင်းကျိုးရှိမလဲ ကြည့်ခဲ့ပါတယ်။ သူ အခုအသင်းမှာ အချိန်ခနကစားနေရပေမယ့် သူ့အတွက် ကောင်းတဲ့ အလားအလာရှိပါတယ်။ "
"သူဟာ ပရီးမီးယားလိဂ်မှာလည်း ကောင်းကောင်း ကစားထားရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့အခြေအနေကို ကျွန်တော်တို့ အထူးဂရုစိုက် စောင့်ကြည့်နေပါတယ်။ တစ်ဦးချင်းလည်း သေချာ ဂရုစိုက်ပါတယ်။ သူ့အတွက် အသင်းမှာ ကစားဖို့ အခြေအနေပေးမလား ၊ ဒါမဟုတ် သူပွဲကစားချိန် များများစားစားရဖို့ အငှားကစားသမားအဖြစ် ဆုံးဖြတ်သွားမလားဆိုတာ စောင့်ကြည့်နေပါတယ်။ "
လို့ တူချယ်ကဆိုပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဂျက်ဆီလင်ဂတ်ကို ခေါ်ယူချင်နေပြီး နေယ်တင်ဟမ်ဖောရက်အသင်းကတော့ ဝက်စ်ဟမ်းအသင်းကို ကျော်ကာ လင်ဂတ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ အဲဗာတန် ၊လက်စတာ နဲ့ နယူးကာဆယ်အသင်းတို့ကလည်း ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးထားတဲ့ လင်ဂတ်ကို ခေါ်ယူချင်နေပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

ကွန်ဒီသာချဲလ်ဆီးကို ရွေးချယ်ခဲ့ရင် ဆာလီဘာဆီ ပစ်မှတ်ပြောင်းလာနိုင်တဲ့ ဘာစီလိုနာဘာစိလိုနာအသင်းဟာ သူတို့ရဲ့ခံစစ်ပစ်မှတ်ဖြစ်...
21/07/2022

ကွန်ဒီသာချဲလ်ဆီးကို ရွေးချယ်ခဲ့ရင် ဆာလီဘာဆီ ပစ်မှတ်ပြောင်းလာနိုင်တဲ့ ဘာစီလိုနာ

ဘာစိလိုနာအသင်းဟာ သူတို့ရဲ့ခံစစ်ပစ်မှတ်ဖြစ်တဲ့ ဂျူးစ်ကွန်ဒီကို ဒီနွေရာသီမှာ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် အာဆင်နယ်ခံစစ်မှူး ဝီလီယံဆာလီဘာကို ပြောင်းလဲပစ်မှတ်ထားလာနိုင်တယ်လို့ သိရပါတယ်။ ပြင်သစ်ခံစစ်မှူးဟာ ပြီးခဲ့တဲ့ရာသီတုန်းက မာဆေးလ်အသင်းမှာ အငှားထွက်ကစားခဲ့ပြီး လီဂူးဝမ်းရဲ့ တစ်နှစ်တာအကောင်းဆုံး အသင်းမှာလည်း ရွေးချယ်ခံရသလို၊ ပြင်သစ်လိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆိုကိုလည်း ရရှိခဲ့ပါတယ်။ ဆာလီဘာရဲ့ ခြေစွမ်းပြမှုနဲ့အတူ မာဆေးလ်ကလည်း ပီအက်စ်ဂျီရဲ့နောက် အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
၂၁ နှစ်အရွယ် ဆာလီဘာဟာ အာဆင်နယ်ကိုပြန်ရောက်နေပြီဖြစ်ပြီး လာမယ့်ရာသီအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖွယ်ရှိပေမယ့် အသင်းမှာတော့ တရားဝင်ပွဲ တစ်ပွဲတောင် မကစားရသေးပါဘူး။ စပိန်ဂျာနယ်လစ် ဂျရတ်မိုရီနိုက ဆာလီဘာဟာ ဘာစီလိုနာရဲ့ ခံစစ်အရန်ပစ်မှတ်ထဲမှာ ပါဝင်နေပြီး အဓိကပစ်မှတ် ဂျူးစ်ကွန်ဒီကိုသာ မခေါ်နိုင်ခဲ့ရင် ဘာကာခေါ်ယူမယ့် ကစားသမားဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ကြယ်ပွင့်နည်းတူ ဘာကာဟာ အင်တာမီလန်က မီလန်စကင်နီယာ၊ လိုက်ပ်ဇစ်က ဂျိုစ်ကိုဂျီဗာဒီယို၊ ဘီလ်ဘာအိုက အီနီဂိုမာတီနက်ဇ်နဲ့ ရိုးမားက ရော်ဂျာအီဘာနက်ဇ်တို့ကိုလည်း စောင့်ကြည့်နေပါတယ်။
ဆာလီဘာဟာ အာဆင်နယ်ကို ၂၀၁၉ ကတည်းက ပေါင် ၂၇ သန်းနဲ့ရောက်ရှိခဲ့သူဖြစ်ပေမယ့် ၃ နှစ်လုံး လီဂူးဝမ်းက မတူညီတဲ့အသင်းတွေကို အငှားထွက်ကစားခဲ့ရပါတယ်။ ဆီဗီလာက ကွန်ဒီကတော့ ဘာစီလိုနာအတွက် ဦးစားပေးပစ်မှတ်ဖြစ်ပေမယ့် ပြင်သစ်လက်ရွေးစင်ကိုရဖို့ သူတို့ကရေပန်းအစားဆုံး မဟုတ်ဘူးဆိုတာကိုလည်း သိရှိထားပါတယ်။ လက်ရှိမှာတော့ ချဲလ်ဆီးက ကွန်ဒီကိုရဖို့ ထိပ်ဆုံးကဦးဆောင်နေပြီး ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းထားပြီး စပိန်ကလပ်ကလည်း လက်ခံထားပါတယ်။
ဒါပေမယ့် ဘာစီလိုနာက ကစားသမားရဲ့ ဦးစားပေးအသင်းဖြစ်ပြီး နူးကမ့်ကိုပြောင်းရွှေ့ဖို့ကိုပဲ ကြိုးစားလာဖွယ် ရှိပါတယ်။ ဘာစီလိုနာအသင်းဟာ ဝါရင့်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါစကီးကိုလည်း ခေါ်ယူနိုင်ခဲ့ပြီး နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်တဲ့ အက်စတွန်ဗီလာလူငယ်ကြယ်ပွင့် ကာနေးချူကွေမီကာကိုလည်း ကမ်းဖို့စီစဉ်နေပါတယ်။ ကတ္တာလန်ကလပ်ဟာ လူငယ်ကွင်းလယ်လူအတွက် ပီအက်စ်ဂျီ၊ ဒေါ့မွန်နဲ့ နယူးကာဆယ်တို့ကို အသာစီးရယူနိုင်ခဲ့ပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

ယူနိုက်တက်ကို ဘယ်တော့မှ ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ဆိုလာတဲ့ မန်စီးတီးကစားသမားသစ် ကယ်ဗင်ဖီးလစ်မန်စီးတီးအသင်းက ဒီနှစ်အပြေ...
21/07/2022

ယူနိုက်တက်ကို ဘယ်တော့မှ ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ဆိုလာတဲ့ မန်စီးတီးကစားသမားသစ် ကယ်ဗင်ဖီးလစ်

မန်စီးတီးအသင်းက ဒီနှစ်အပြောင်းရွှေ့ရာသီမှာပဲ ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမား ကယ်ဗင်ဖီးလစ်က သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းက သူရဲ့မိခင်ကလပ် လိဒ်ယူနိုက်တက်အသင်းရဲ့ သမိုင်းကြောင်းအရ ရှည်လျားတဲ့မဟာပြိုင်ဘက်ဖြစ်နေ တာကြောင့် ဘယ်တော့မှာ ပြောင်းရွှေ့ကစားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တာဖြစ်ပါတယ်။
ကယ်လ်ဗင်ဖီးလစ်က ပြီးခဲ့တဲ့ ရာသီ၌ လိဒ်ယူနိုက်တက်အသင်းမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသထားကာ အင်္ဂလန်အသင်းကိုလည်း ကွင်းလယ်တစ်ကြောမှာ အဓိက ကစားသမားအနေနဲ့ ဝင်ကစားပြီး ယူရို ၂၀၂၀ ရဲ့ဗိုလ်ပွဲစဉ်အထိ အရောက်ပို့ပေးထားနိုင်ခဲ့ သူဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့က ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားလာခဲ့ကြတာ ဖြစ်ပါတယ်။
ယော့ရှိုင်းယားနယ်ဖွား လိဒ်ယူနိုက်တက် ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ဖီးလစ်က သမိုင်းအစဉ်အလာအရ ပြိုင်ဘက်ဟောင်းတွေ ဖြစ်ခဲ့ကြတဲ့ ယူနိုက်တက်အသင်းဆီသို့ မပြောင်းရွှေ့လိုခဲ့ဘဲ မန်စီးတီးအသင်းဆီကိုသာ ပေါင် ၄၅သန်းနဲ့ ဒီလအစောပိုင်းက ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းသို့ မပြောင်းရွှေ့ဖြစ်ခဲ့တာနဲ့ ပတ်သတ်လို့ ကယ်လ်ဗင်ဖီးလစ်က
“ကျွန်တော်က ကမ္ဘာ့အကြီးအကျယ်ဆုံးကလပ်အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ယူနိုက်တက်လိုအသင်းကြီးဆီကနေ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပေမဲ့ လိဒ်ယူနိုက်တက်အသင်းအပေါ်ကိုလည်း သစ္စာရှိချင်တာ ကြောင့် မန်စီးတီးအသင်းကိုသာ ပြောင်းရွှေ့လာခဲ့တာပါ”
“ကမ္ဘာ့ပေါ်မှာ ကျွန်တော့အတွက် အကြီးမားဆုံးအခွင့်အရေးကို ပေးခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းကို သစ္စာရှိပေးရမှာ ဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်အသင်းက သာ ကျွန်တော့်ဘဝအတွက် ပထမဆုံးစာချူပ် ကို ချူပ်ဆိုပေးခဲ့တဲ့ အသင်းဖြစ်တာ ကြောင့် ကျွန်တော်အနေနဲ့လည်း အခုလို အသင်းအပေါ် သစ္စာရှိရှိနဲ့ တုံ့ပြန်ပေးဖို့ လိုတာပေါ့” လို့
သူ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကယ်လ်ဗင်ဖီးလစ်က လိဒ်ယူနိုက်တက်မှာရှိခဲ့တဲ့ ၈ရာသီအတွင်း ပွဲပေါင်း ၂၃၅ပွဲအထိ ကစားပေးထားခဲ့သူဖြစ်ပြီး အသင်းပြောင်းရွှေ့တဲ့အချိန်မှာတော့ စာချူပ် သက်တမ်း ၂နှစ်ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းက ဒီနှစ်အပြောင်းအရွှေ့ကာလအတွင်း ဟာလန်းနဲ့ စတက်ဖန် တို့ကို ခေါ်ယူမှု အပြီးနောက် ကယ်လ်ဗင်ဖီးလစ်ကို ခေါ်ယူကာ ၆နှစ်စာချူပ်မှာ လက်မှတ်ထိုး စေခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ပက်ဂွာဒီယိုလာ လက်အောက်မှာ မန်စီးတီးအသင်းနဲ့အတူ လာမယ့်ရာသီသစ်အတွက် ကစားပေးဖို့ရာ မစောင့်နိုင်အောင် ဖြစ်နေတာ လည်းဖြစ်ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

အဲဗာတန်ခံစစ်မှူး မီနာကို တိုက်ရိုက်ဝေဖန်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဂျီးဆပ်စ်ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဘယ်လ်တီမိုးမှာကစားခ...
21/07/2022

အဲဗာတန်ခံစစ်မှူး မီနာကို တိုက်ရိုက်ဝေဖန်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဂျီးဆပ်စ်

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဘယ်လ်တီမိုးမှာကစားခဲ့တဲ့ အာဆင်နယ်နဲ့ အဲဗာတန်တို့ ရာသီကြိုခြေစမ်းပွဲစဉ်အတွင်း သူ့ကို တိုက်ခိုက်ခဲ့ခြင်းနှင့် စော်ကားပြောဆိုခဲ့ခြင်းများအတွက် အသင်းဖော်ဟောင်း၊အဲဗာတန်ခံစစ်မှူး မီနာကို အာဆင်နယ်တိုက်စစ်မှူး ဂျီးဆပ်စ်က တိုက်ရိုက်ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။
ယင်းပွဲစဉ်မှာ ဂျီးဆပ်စ်ရဲ့ ထိပ်တန်းသွင်းဂိုးတစ်ဂိုးအပါအဝင် အာဆင်နယ်က အဲဗာတန်ကို နှစ်ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးဂျီးဆပ်စ်ကတော့ ပွဲကစားချိန်အတွင်း အသက်-၂၇ နှစ်အရွယ် ကိုလံဘီယာနောက်ခံလူရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး မပျော်ရွှင်ခဲ့ရပါဘူး။
မီနာနဲ့ ဂျီးဆပ်စ်တို့က ၂၀၁၆ ခုနှစ်၊ပါမီးရပ်စ်အသင်းမှာ အတူတွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းနှစ်ဦး ဖြစ်ပါတယ်။
ဂျီးဆပ်စ်က “အရင်တုန်းက ကျွန်တော်နဲ့ မီနာတို့ ပါမီးရပ်စ်မှာ တွဲဖက်ကစားခဲ့ဖူးတာကို မင်းတို့လည်း သိကြမှာပါ။ ကျွန်တော်တို့အချင်းချင်းလည်း ရင်းနှီးခဲ့ကြပါတယ်။
ဒါတွေပြီးနောက်မှာ သူက ကျွန်တော့်ရင်ဘတ်ကို လက်ညှိုးထိုးပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာမျိုးကို သူ ဘာကြောင့်လုပ်ခဲ့သလဲဆိုတာကို ကျွန်တော် နားမလည်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတာ တကယ်မသိပါဘူး။ ဒါတွေလုပ်ဖို့ သူ့ရဲ့အကြောင်းပြချက်က ဘာလဲဆိုတာ ကျွန်တော် မသိပါဘူး။
ကျွန်တော်လည်း ကလေးတစ်ယောက်မှမဟုတ်တာ၊ ဒါကြောင့် သူ့ကို ဒဲ့သွားရှင်းလိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပွဲကိုဆက်ကစားခဲ့ပါတယ်။ ဖြစ်ပျက်ခဲ့တာတွေကတော့ ဒါတွေပါပဲ”လို့ TNT Sports သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ပေါင် ၄၅ သန်းတန် တိုက်စစ်မှူးကတော့ အမ်းမရိတ်စ်ကလပ်နဲ့ စာချုပ်သက်တမ်းငါးနှစ်အတွင်း ပရီးမီးယားလိဂ်ဖလားအနိုင်ရဖို့ ရည်မှန်းထားတယ်လို့ ဆက်ပြောခဲ့ပါတယ်။
“ကျွန်တော့်ဘဝရဲ့ ရည်မှန်းချက်တွေကို ကျွန်တော်အမြဲတမ်း ကြိုက်နှစ်သက်ခဲ့ပါတယ်။ ဒီနေ့တစ်ရက်တည်း အတွက်သာမက ရေရှည်အတွက် စဉ်းစားတွေးတောရတာမျိုးကို ကျွန်တော်လုပ်လေ့ရှိပါတယ်။
ကျွန်တော် အာဆင်နယ်မှာ တစ်ရာသီ(သို့မဟုတ်) နှစ်ရာသီလောက်ပဲ နေဖို့ ရောက်လာတာ မဟုတ်ပါဘူး။ ငါးနှစ်ကြာ ကစားဖို့ပါ။ ဒါကပဲ ကျွန်တော် တွေးထားတဲ့ အကြောင်းအရာပါ။
ဒါကပဲ အင်္ဂလန်ဘောလုံးလောကရဲ့ အရမ်းလှပတဲ့သမိုင်းကြောင်းနဲ့ အစဉ်အလာကြီးမားတဲ့ကလပ်ဖြစ်တဲ့ အာဆင်နယ်ကို ရွေးချယ်ရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ သူတို့က နည်းနည်းလေး ငြိမ်သက်နေခဲ့ရတာပါ။ အချိန်ကာလတစ်ခုကြာ အမှတ်ပေးဖလားကို အနိုင်မရခဲ့ပေမယ့် အသင်းက နှစ်တိုင်း တိုးတက်နေတာပါ။ အောင်ပွဲတွေအတွက် ဒီလိုစိန်ခေါ်မှုတွေ ကျွန်တော့်မှာ ရှိပါတယ်”လို့ ဂျီးဆပ်စ်က ဆက်ပြောခဲ့ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

ဖိုက်တာ Page ရဲ့ 2D ဝါသနာရှင်များအတွက် ညီမတို့ဖိုက်တာ Page မှာ  Thai 2D စတင်ဆော့ကစားလို့ရပါပီရှင်....Thai 2D ကို နေ့လည် ...
20/07/2022

ဖိုက်တာ Page ရဲ့ 2D ဝါသနာရှင်များအတွက် ညီမတို့ဖိုက်တာ Page မှာ Thai 2D စတင်ဆော့ကစားလို့ရပါပီရှင်....
Thai 2D ကို နေ့လည် ၁၂နာရီ တကြိမ်၊ ညနေ ၄နာရီ ၃၀ တကြိမ် (အဆ ၈၀) ဖြင့် တနေ့ ၂ကြိမ် အလျော်အစားမှန်ကန်တိကျစွာ ဆော့ကစားနိုင်ပြီဖြစ်ကြောင်းကို မိတ်ဟောင်းမိတ်သစ်များကို
အသိပေးအပ်ပါတယ်ရှင်။
2D စုံစမ်းမေးမြန်းလိုပါက Phone(or)Viber - 0943163852 (2D သီးသန့်)
iBet789(ဘောလုံး) အတွက် စုံစမ်းမေးမြန်းလိုပါက
Fighter ဘောလုံးသတင်းနှင့် စီးပွားရေး
☎{Viber & Mobile} =>No.09:787677755 / 09:950750533 /09:951614450
☎{Mobile} =>09:763199067 / 09:787677755 /09:78767567

ဘောလုံးဝါသနာရှင်များအားလုံးမင်္ဂလာပါ... ညီမတို့ရဲ့ "Euro" iBet789 Agent မှကြိုဆိုပါတယ်။iBet789 မှာ အကောင့်ဖွင့်ကစားမယ်ဆိ...
19/07/2022

ဘောလုံးဝါသနာရှင်များအားလုံးမင်္ဂလာပါ... ညီမတို့ရဲ့ "Euro" iBet789 Agent မှကြိုဆိုပါတယ်။
iBet789 မှာ အကောင့်ဖွင့်ကစားမယ်ဆိုရင်တော့ Euro iBet789 Agent ကိုသတိရလိုက်ပါနော်။
-ငွေသွင်းငွေထုတ် မှန်ကန်ပြီး မြန်ဆန်တဲ့ "Euro" iBet789 Agent
-ငွေကြေးနဲ့ပါတ်သက်ပြီး နာမည်ပျက်မရှိပဲ (၅)နှစ်တာရပ်တည်ခဲ့တဲ့ "Euro" iBet789 Agent
-အခက်အခဲမျိုးစုံကို (24)နာရီပါတ်လုံး ဖြေရှင်းပေးနေတဲ့ "Euro" iBet789 Agent
iBet789 မှာကစားချင်တယ်ဆိုရင် အခုလို ယုံကြည်စိတ်ချရမှု(100%) နဲ့ အကောင်းဆုံးသောဝန်ဆောင်မှုပေးနေတဲ့ ညီမတို့ရဲ "Euro" iBet789 Agent ကို အခုပဲ ဆက်သွယ်လိုက်ပါနော်...။

🔺"Euro" iBet789 Master Agent🔺
{Hot Line}
{Viber & Mobile} =>09:956999003 / 09:955566388 / 09:953711777

ဘာစီလိုနာသို့ ပြောင်းရွေ့လာခဲ့ပြီးနောက် ဆုဖလားတွေရရှိဖို့ ပစ်မှတ်ထားနေတဲ့ လီဝန်ဒေါ့စကီးနူးကမ့်သို့ ပြောင်းရွေ့လာခဲ့ပြီးန...
19/07/2022

ဘာစီလိုနာသို့ ပြောင်းရွေ့လာခဲ့ပြီးနောက် ဆုဖလားတွေရရှိဖို့ ပစ်မှတ်ထားနေတဲ့ လီဝန်ဒေါ့စကီး

နူးကမ့်သို့ ပြောင်းရွေ့လာခဲ့ပြီးနောက်မှာတော့ ဘာစီလိုနာဟာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိဖို့အတွက် အချိန်ကျပြီလို့ လီဝန်ဒေါ့စကီးက ကြွေးကြော်လိုက်ပါတယ်။ ဒါ့အပြင် လာလီဂါမှာ ကစားဖို့အတွက် အမြဲတမ်းအိပ်မက်မက်ခဲ့တာဖြစ်ကြောင်း ပိုလန်လက်ရွေးစင်ကစားသမားက ပြောပါတယ်။
တနင်္ဂနွေနေ့မှာ အသက် ၃၃ နှစ်အရွယ် ကစားသမားကို ယူရိုသန်း ၅၀ ဖြင့် အပြီးသတ်ခေါ်ယူမှုမပြုလုပ်မီ ဘိုင်ယန်မြူးနစ်က လီဝန်ဒေါ့စကီကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဘာစီလိုနာဟာ စနေနေ့မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ၁၀ကြိမ်ဆက်တိုက် ဘွန်ဒက်စ်လီဂါဆုဖလားရရှိခဲ့မှုတွင် လီဝန်ဒေါ့စကီးဟာ ပြိုင်ပွဲစုံမှာ ဂိုးပေါင်း ၅၀ သွင်းယူခဲ့တာဖြစ်ပြီး ရာသီကုန်မှာ လာလီဂါကလပ်သို့ ပြောင်းရွေ့ချင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ ဘွန်ဒက်စ်လီဂါ ဂိုးပေါင်း ၃၁၂ ဂိုးသွင်းယူခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ၃၆၅ ဂိုးသွင်းယူခဲ့တဲ့ ဘိုင်ယန်ဂန္တဝင်တိုက်စစ်မှုး ဂျရက်မူလာ တစ်ဦးတည်းအောက်သာ နည်းခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာကတော့ ပြီးခဲ့ရာသီမှာ လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်ထက် သွင်းဂိုး ၁၂ ဂိုးသာ နည်းခဲ့တာဖြစ်ပါတယ်။
အင်တာမိုင်ယာမီနှင့် ခြေစမ်းပွဲမကစားမီ လီဝန်ဒေါ့စကီဟာ ဖလော်ရီဒါမှာ အသင်းဖော်သစ်တွေနဲ့ ပေါင်းစည်းမှာဖြစ်ကာ တိုက်စစ်မှုးကတော့ စပိန်လိဂ်က ပွဲစဉ်တွေမှာ ဘာစီလိုနာကို ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
"နောက်ဆုံးတော့ ကျွန်တော် ဒီကို ရောက်လာပါပြီ၊ အရမ်းကို ပျော်ရွင်မိပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်က အရမ်းကိုရှည်ကြာလွန်းပါတယ်။ သို့သော်လည်း အဆုံးသတ်မှာတော့ ပြီးခဲ့ပြီဖြစ်ပြီး ကျွန်တော့်ဘဝမှာ စာမျက်နှာအသစ် ၊ စိန်ခေါ်မှုအသစ်ကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်"
"ကျွန်တော်ဟာ ပွဲစဉ်တွေမှာသာမက ဆုဖလားတွေကိုပါ အနိုင်ရရှိလိုတဲ့ ကစားသမားပါ။ ရာသီအစကတည်းက အနိုင်ရရှိဖို့နှင့် ရာသီကုန်မှာ ဆုဖလားတွေရရှိဖို့ မျှော်လင့်မိပါတယ်"
"ကျွန်တော်ဟာ လာလီဂါမှာ အမြဲတမ်း ကစားချင်တာပါ။ အသင်းကြီးတွေအတွက်လည်း ကစားချင်ပါတယ်"
"အခုတော့ ဒါဟာ ကျွန်တော့်ရဲ့ နောက်ထပ် ခြေလှမ်းတစ်ခုပါ။ ဒီအခွင့်အရေးကို ကျွန်တော်က ရရှိခဲ့တာပါ။ ကျွန်တော့်ရဲ့ ဘဝအတွက်တော့ ဒါဟာ စိန်ခေါ်မှုအသစ်တစ်ခုပါ၊ ဘဝအသစ်တစ်ခုပါ"
"ဘာစီလိုနာက လမ်းကြောင်းမှန်ပေါ်ရောက်ရှိဖို့ အချိန်ကျပါပြီ၊ ဒါကြောင့်ပဲ ကျွန်တော်က ဒီကိုရောက်လာတာပါ။ ထိပ်ဆုံးသို့ရောက်ရှိဖို့ရန် ဘာစီလိုနာကို ကူညီမှာဖြစ်ပြီး ဖြစ်နိုင်သလောက် ဆုဖလားတွေကို ရယူပေးချင်ပါတယ်"
"ကျွန်တော့်အတွက်ကတော့ ရည်မှန်းချက်တွေက အမြဲတမ်း မြင့်မားပါတယ်။ အသင်းမှာ အရည်အချင်းရှိပြီး ကောင်းတဲ့ကစားသမားတွေအများကြီးပါ၊ ဒီလိုအသင်းနဲ့ ဒီရာသီမှာ အောင်မြင်မှုအများကြီးရရှိမယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုတာ သေချာပါတယ်" လို့ လီဝန်ဒေါ့စကီးက ပြောပါတယ်။
လက်ရှိအပြောင်းအရွေ့မှာ လီဝန်ဒေါ့စကီးဟာ ကက်ဆီ၊ ခရစ္စတီယန်ဆန်၊ ရာဖင်ဟာတို့နှင့်အတူ ဘာစီလိုနာသို့ ရောက်ရှိလာတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အသင်းရဲ့ပုံစံကို ဇာဗီက ပြန်လည်တည်ဆောက်လိုနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတွေက ခက်ခဲခဲ့ပြီးနောက် ဇာဗီဟာ ဘာစီလိုနာကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ပို့ဆောင်ပေးနိုင်မယ့်သူဖြစ်ပါတယ်လို့ တိုက်စစ်မှုးက ယုံကြည်နေတာပါ။
"ကျွန်တော်က ဇာဗီနှင့် စကားပြောဆိုခဲ့ပါတယ်။ အစကတည်းက သူ့ရဲ့အစီစဉ်တွေဟာ ကောင်းမွန်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူ့ရဲ့အစီစဉ်တွေကြောင့် ဘာစီလိုနာသို့ ပြောင်းလာဖို့ အလွယ်တကူ ဆုံးဖြတ်ခဲ့တာပါ"
"ကျွန်တော်ဟာ ပွဲတိုင်းကစားချင်တယ်၊ အနိုင်ရရှိချင်တယ်ဆိုတာ ကိုယ့်ကိုကိုယ်သိပါတယ်။ ဒါဟာ ဇာဗီအတွက်ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်"
"သူဟာ အံ့ဩဖို့ကောင်းတဲ့ ကစားသမားဖြစ်ခဲ့တာကြောင့် ဘာစီလိုနာကို ဘယ်လိုနည်းပြရမလဲဆိုတာကို သိပါတယ်။ အခုတော့ သူဟာ အံ့ဩဖို့ကောင်းတဲ့ အရမ်းကိုကောင်းတဲ့ နည်းပြဖြစ်ပြီး သူနဲ့အတူ လက်တွဲပြီးလုပ်ဆောင်ချင်ပါတယ်" လို့ လီဝန်ဒေါ့စကီးက ပြောပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

မော်ရင်ဟို ရိုးမားအသင်းမှာအောင်မြင်တာက တိုက်ဆိုင်မှုမဟုတ်ကြောင်း စမောလင်း ပြောကြားရိုးမားအသင်းနောက်ခံလူ စမောလင်းက ၂၀၀၇ -...
19/07/2022

မော်ရင်ဟို ရိုးမားအသင်းမှာအောင်မြင်တာက တိုက်ဆိုင်မှုမဟုတ်ကြောင်း စမောလင်း ပြောကြား

ရိုးမားအသင်းနောက်ခံလူ စမောလင်းက ၂၀၀၇ - ၀၈ နောက်ပိုင်း ပထမဆုံးအကြိမ် မော်ရင်ဟိုလက်အောက် ရာသီပြည့်ကစားနိုင်ခဲ့သလို ဆုဖလားလည်းကိုင်မြှောက်နိုင်ခဲ့ကာ တိုက်ဆိုင်မှုဆိုတာမရှိဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
စမောလင်းဟာ ၂၀၂၀ တုန်းက ယူနိုက်တက်ကနေ ရိုးမားအသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပေါ်တူဂီသားနဲ့ ပြန်လည်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်အသင်းမှာ ၁၇ လကြာဖြတ်သန်းခဲ့ပြီးနောက် အီတလီကိုပြန်လာခဲ့တာဖြစ်ပြီး ရိုးမားအသင်းကို အဆင့် ၆ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ထိပ်ဆုံး ၄ သင်းနေရာနဲ့လွဲချော်ခဲ့ပေမယ့်လည်း မော်ရင်ဟိုဟာ အသင်းကို ယူရိုပါကွန်းဖရန့်လိဂ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အသက် ၅၉ နှစ်သားဟာ ဂျီယိုဗင်နီပြီးနောက် ဥရောပဖလား ၅ လုံးရရှိတဲ့ ဒုတိယမြောက်နည်းပြဖြစ်လာခဲ့ကာ မတူညီတဲ့ ၄ သင်းမှာ ဆုဖလားတွေကိုင်မြှောက်နိုင်တဲ့ပထမဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။
“နည်းပြက အတူတူပါပဲ။ သူက ဦးဆောင်နိုင်တဲ့သူပါ။ နှစ်အတော်ကြာလည်း အောင်မြင်မှုယူခဲ့တဲ့နည်းပြတစ်ဦးပါ။
သူ့လိုနည်းပြမျိုးက ပထမဆုံးရာသီမှာ အောင်မြင်မှုရယူနိုင်တာက တိုက်ဆိုင်မှုမဟုတ်ပါဘူး”လို့ စမောလင်က ပြောကြားခဲ့ပါတယ်။
ရိုးမားအသင်းဟာ အခြားတစ်ဖက်မှာ အလွတ်နဲ့ရမယ့် ဒိုင်ဘားလားကို ခေါ်ယူနိုင်တော့မှာဖြစ်ကာ ဆာဗီလာ ၊ မာတစ် ၊ ဆီလစ်တို့ကိုလည်း ခေါ်ယူထားပြီးဖြစ်ကာ အင်တာ ၊ ဂျူဗင် ၊ နာပိုလီ နဲ့ အေစီမီလန်တို့ကို အားပြိုင်နိုင်မယ်လို့ စမောလင်းက ယုံကြည်နေပါတယ်။
စမောလင်းရဲ့စာချုပ်သက်တမ်းက လာမယ့်ဇွန်လမှာကုန်ဆုံးမှာဖြစ်ပြီး ရိုးမားမှာဆက်နေမယ်လို့ အသက် ၃၂ နှစ်သားက အခိုင်အမာပြောကြားခဲ့ပါတယ်။
“ကျွန်တော့်ရဲ့အဓိကပစ်မှတ်က ကစားရဖို့ နဲ့ အသင်းကိုကူညီပေးနိုင်ဖို့ပါ။ ကျွန်တော်က အသုံးဝင်သေးတယ်လို့ ထင်ပါတယ်။ အသက်အရွယ်ကနေ မလွတ်မြောက်နိုင်ပါဘူး။
ဒါပေမယ့် ကျွန်တော် အနားယူသွားမှာမဟုတ်သလို ပွဲတိုင်းနီးပါးကစားနိုင်အောင် လုပ်ဆောင်သွားမှာပါ။ အသင်းအတွက်အမြဲတမ်း တတ်နိုင်သလောက်ပေးဆပ်သွားမှာပါ”လို့ စမောလင်းက ပြောကြားခဲ့ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

ရော်နယ်ဒိုကို မခေါ်ယူဖို့ ဆုံးဖြတ်ရတဲ့အကြောင်းအရင်းကို တူချယ် ထုတ်ဖော်ပြောကြားချဲလ်ဆီးနည်းပြ တူချယ်က မိမိတို့ဟာ ရော်နယ်ဒ...
17/07/2022

ရော်နယ်ဒိုကို မခေါ်ယူဖို့ ဆုံးဖြတ်ရတဲ့အကြောင်းအရင်းကို တူချယ် ထုတ်ဖော်ပြောကြား

ချဲလ်ဆီးနည်းပြ တူချယ်က မိမိတို့ဟာ ရော်နယ်ဒိုကို ယူနိုက်တက်အသင်းထံကနေ ခေါ်ယူဖို့ အခွင့်အရေးရှိပေမယ့် နံပတ် ၁ ပစ်မှတ် စတာလင်ကို ခေါ်ယူဖို့အတွက်သာ အာရုံစိုက်ထားတာကြောင့် မခေါ်ယူခဲ့တာဖြစ်တယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။
အင်္ဂလန်သားဟာ စီးတီးအသင်းထံံကနေ ပေါင် ၄၇ သန်းနဲ့ ချဲလ်ဆီးအသင်းကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မနက်ဖြန် ကလပ်အမေရိကနဲ့ခြေစမ်းပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။
ချဲလ်ဆီးဟာ တိုက်စစ်ပိုင်းမှာ လူကာကူကို အင်တာမီလန်အသင်းထံ လက်လွှတ်ခဲ့တာကြောင့် တိုက်စစ်မှူးခေါ်ယူဖို့ သတင်းထွက်ခဲ့ပြီး ရော်နယ်ဒိုကို ခေါ်ယူမယ်လို့ သတင်းတွေထွက်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၇ နှစ်သားဟာ ယူနိုက်တက်အသင်းရဲ့အခုနွေရာသီအတွင်း လှုပ်ရှားမှုတွေကို သဘောမကျဖြစ်နေသလို ယူရိုပါလိဂ်ကန်ရမယ့်အနေအထားမှာ အသင်းပြောင်းချင်နေတာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင်သစ် ဘိုဟီလေကလည်း ရော်နယ်ဒိုရဲ့အေးဂျင့် မန်ဒက်စ်နဲ့ စကားပြောဖြစ်ခဲ့ကြသေးတာဖြစ်ကာ တူချယ် နဲ့ အမေရိကန်သားကြားမှာ အငြင်းပွားမှုတွေတောင်ဖြစ်ခဲ့ကြသေးတယ်လို့ သတင်းတွေက ဆိုပါတယ်။
ရော်နယ်ဒိုသတင်းနဲ့ပတ်သက်ပြီး တူချယ်က သတင်းထောက်တွေကို ပြောကြားရာမှာ “ကျွန်တော်တို့နာမည်တပ်ပြောမယ်ဆိုရင် သူက ပရီးမီးယားလိဂ်မှာ တကယ်ကောင်းတဲ့ကစားသမားတစ်ဦးပါ။
ဒါပေမယ့် အခြားနည်းပြတွေလို ကျွန်တော်လည်း လေးစားမှုမရှိပဲ ပြိုင်ဘက်ကစားသမားအကြောင်း မပြောလိုပါဘူး။ ကျွန်တော်တို့ ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ စတာာလင်ကိုပဲ အာရုံစိုက်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
စတာလင်ဟာ မနက်ဖြန်မှာကစားမယ့် ခြေစမ်းပွဲမှာ ပါဝင်လာဖို့စောနေသေးတာဖြစ်ပြီး တူချယ်က သူ့လိုကစားသမားမျိုးကိုခေါ်ယူနိုင်လိုက်ဖို့ ပျော်ရွှင်မိတယ်လို့ ဆိုခဲ့ပါတယ်။
“သူတစ်ဦးချင်းလေ့ကျင့်မှုတွေပဲလုပ်ရပါသေးတယ်။ အသင်းနဲ့ပူးပေါင်းမှာမဟုတ်ပဲ လေ့ကျင့်ခန်း ၂ ပတ်လောက်ပဲဆင်းရပါသေးတယ်။
လက်ရှိအချိန်မှာ အသင်းနဲ့အလုံးစုံပူးပေါင်းဦးမှာမဟုတ်သေးပါဘူး။ သိပ်မကြာခင်မှာတော့ သူပူးပေါင်းပါလိမ့်မယ်။
သောကြာနေ့မျာ သူပူးပေါင်းပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူဒီမှာမရှိသေးပါဘူး”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်

Address

Pakokku
11111

Telephone

+959777391616

Website

Alerts

Be the first to know and let us send you an email when ယူရို ဘောလုံးသတင်းနှင့်စီးပွားရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share