13/08/2024
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် ဒီရေတော
ကမ္ဘာ့ရာသီဥတုသည် ပို၍ပူပြင်းလာသောကာလသို့ရောက်ရှိလာပြီဖြစ်သည်။ ကမ္ဘာ၏အအေးပိုင်းဒေသ တွင်ရှိ နေသည့် ရေခဲပြင်များသည် ယခင်ကထက်ပို၍ အရည်ပျော်နှုန်းမြန်ဆန်လာသည်။ ထို့ကြောင့် ပင်လယ်သမုဒ္ဒရာရေမျက်နှာပြင်တို့သည် တစ်ဖြည်းဖြည်းမြင့်တက်လာပြီဖြစ်ပါသည်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းမှာ ပင်လယ်ပြင်နှင့်ထိစပ်မှုများပြီး မြေနိမ့်ဒေသများသော နိုင် ငံ၊ ဒေသတို့အတွက် ဘေးအန္တရာယ်များကျရောက်လာနိုင်ပါသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာ ခြင်းသည် မုန်တိုင်းနှင့်ဒီရေမြင့်တက်ချိန်များတွင် ရေလွှမ်းမိုးခြင်းကို ယခင်ကထက်ပို၍ ခံစားရမည်ဖြစ် သည်။ ထို့နောက် ကမ်းပါးပြိုခြင်းများ၊ စိုက်ပျိုးမြေများ၊ သောက်သုံးရေကန်များအတွင်းသို့ ဆားငန်ရေစိမ့် ဝင်မှုများကိုကြုံလာရမည်။ ကုန်းမြေနှင့်ထိစပ်လျက်ရှိသော ကမ်းခြေဧရိယာများပိုမို၍ ရေလွှမ်းမိုးခြင်းခံ ရမည်ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံအတော်များများသည် ပင်လယ်ရေမျက်နှာမြင့်တက်လာခြင်းအန္တရာယ်ကိုစတင်ရင်ဆိုင်နေရပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှု ဒဏ်ကိုရင်ဆိုင်ကြုံတွေ့နေရသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ လူဦးရေ ၃.၅ သန့်ခန်းသည့် ပင်လယ်ရေ မျက်နှာပြင်မြင့်တက်မှုကြောင့်ဖြစ်ပေါ်လာသော ရေလွှမ်းမိုးမှုဒဏ်ကိုနှစ်စဉ်ရင်ဆိုင်နေရပြီး ဒေသခံ ၁၇ ရာခိုင်နှုန်းမှာ နေရာပြောင်းရွှေ့နေထိုင်ရန်လိုအပ် နေပြီဟု ခန့်မှန်းကြပါသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ သုံးပုံနှစ်ပုံသည် ပင်လယ်ရေမျက်နှာပြင်အထက် (၅) မီတာအောက်တွင်တည်ရှိပြီး လာမည့် ၂၀၅၀ ခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင်သည် လက်ရှိအမြင့်ထက် (၅၀) စင်တီမီတာ ခန့်မြင့်တက်လာခဲ့ ပါက နိုင်ငံအကျယ်အဝန်း၏ ၁၁ ရာခိုင်နှုန်းကို ဆုံးရှုံးမည်ဟု ခန့်မှန်းပြောဆိုကြပါ သည်။ (ကိုးကား- အင်တာနက်)
ထို့ကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းကို တတ်နိုင်သမျှ ကာကွယ်ရန်လိုအပ်လာပြီဖြစ်ပါ သည်။ ဤနေရာတွင် ဒီရေတောများ၏အရေးပါမှုကို ချန်လှပ်ထားခဲ့၍မရပေ။ ဒီရေတောများသည် ကမ်း ခြေကိုကာကွယ်ပေးနေသောအပင်များဖြစ်လေသည်။ ဒီရေတောအမြစ်များနှင့် အပင်များသည် ကမ်းခြေ ကိုခြေကုပ်သဖွယ်ယူပြီး ပင်လယ်ရေလွှမ်းခြင်းများကိုကာကွယ်ပေးနေခြင်းဖြစ်ပါသည်။
တစ်ချို့ကမ်းရိုးတန်းဒေသများတွင် ရှိသည့် ဒီရေတော များကို ခုတ်ထွင်ရှင်းလင်းပြီး ပုဇွန်မွေးမြူရေး လုပ်နေကြသည်များလည်းရှိပါသည်။ ကမ်းပါးပြိုခြင်းများ၊ ရေလွှမ်းခြင်းများမဖြစ်ပေါ်စေရန် ဒီရေတော များကို ခုတ်ထွင်ရှင်းလင်းခြင်းမှကာကွယ်ရမည်ဖြစ်သည်။
ကမ်းရိုးတန်းတစ်လျှောက် ကျောက်ဆောင်ကျောက်တန်း၊ ကမ်းတက်မြေများတွင် ပေါက်ရောက်သော ဒီရေတောများကိုကာကွယ်ထိန်းသိမ်းကာ ကုန်းမြေဖွဲ့စည်းပေးသင့်ပါသည်။ ဒီရေတောများသည် လူသား တို့အတွက် သဘာဝတရားကပေးခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် လက်ဆောင် ဖြစ်လေသည်။ ဒီရေတော များမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို အခြေခံအားဖြင့် နှစ် မျိုးခွဲခြားနိုင်မည်ဖြစ်သည်။ ၎င်း တို့မှာ (၁) လက်တွေ့မြင်နိုင်သော အကျိုးကျေးဇူးများနှင့် (၂) သွယ်ဝိုက်သောအကျိုးကျေးဇူးများ ဖြစ်လေသည်။ ထို့ ကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းကို ကာကွယ်ရန်အတွက် ဒီရေတောများကို ကာကွယ် ထိန်းသိမ်းရမည်ဖြစ်ပါသည်။
🌿🌿
𝐖𝐨𝐫𝐥𝐝𝐯𝐢𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫’𝐬 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 –https://www.instagram.com/worldview_myanmar/
𝐖𝐨𝐫𝐥𝐝𝐯𝐢𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫'𝐬 𝐓𝐰𝐢𝐭𝐭𝐞𝐫 - https://twitter.com/MyamarWif45219
𝐖𝐨𝐫𝐥𝐝𝐯𝐢𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫’𝐬 𝐘𝐨𝐮𝐓𝐮𝐛𝐞 -https://www.youtube.com/c/WorldviewMyanmar/videos
𝐖𝐨𝐫𝐥𝐝𝐯𝐢𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫'𝐬 𝐓𝐢𝐤𝐓𝐨𝐤 -https://www.tiktok.com/