MUDRA Yoga Nay Pyi Taw

MUDRA Yoga Nay Pyi Taw The best Yoga Studio in Nay Pyi Taw
Beginner to Advanced Level Classes &
Aerial Yoga Class by
Certified Instructor Tr Myat Su Kyi
09773219010

မိတ်ဆွေတို့ ယောဂလေ့ကျင့်တာအချိန်ဘယ်လောက်ကြာပြီလဲ ?ယောဂလုပ်ရတာ ပျင်းစရာကြီးလို့ တွေးဖူးလား ?ကျွန်မတို့တွေ နေ့တိုင်း ဒီယော...
23/06/2026

မိတ်ဆွေတို့ ယောဂလေ့ကျင့်တာ
အချိန်ဘယ်လောက်ကြာပြီလဲ ?
ယောဂလုပ်ရတာ ပျင်းစရာကြီးလို့
တွေးဖူးလား ?

ကျွန်မတို့တွေ
နေ့တိုင်း ဒီယောဂပို့စ်တွေကိုပဲ
ထပ်ခါထပ်ခါ လေ့ကျင့်နေရပေမဲ့
ဘာလို့ မပျင်းမရိဘဲ
နှစ်နဲ့ချီအောင်
လေ့ကျင့်နေကြတာလဲ ဆိုတာ သိချင်လား🧘‍♀️✨

ယောဂလေ့ကျင့်တယ်ဆိုတာ
အသစ်အသစ်သော ပို့စ်တွေကို
လိုက်ရှာတဲ့ Practice မဟုတ်ဘူး…

Consistency ကို တည်ဆောက်တဲ့ Practice ဖြစ်လို့ပဲ

တစ်ရက်ပြီးတစ်ရက် ခန္ဓာကိုယ်က
ပိုပြီး ကျန်းမာလာတယ်။

စိတ်က ပိုတည်ငြိမ်လာတယ်။

မဖြစ်နိုင်ဘူးထင်ခဲ့တဲ့ အရာတွေက
တဖြည်းဖြည်း ဖြစ်နိုင်လာတယ်။

ဒါ့အပြင် သင်တန်းမှာ မိတ်ဆွေတွေနဲ့
အတူတူလေ့ကျင့်ရတဲ့ အခါ
ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှုတွေလည်း
ရရှိပြီး Stressတွေလျော့စေတယ်

နေ့စဉ်ဒါတွေပဲ Yoga practice တွေတူပေမဲ့…
နေ့တိုင်း ပိုကောင်းတဲ့
Version ဖြစ်လာတာကို ခံစားရတာကြောင့်
ကျွန်မတို့ဟာ မပျင်းမရိဘဲ
နေ့စဉ် လေ့ကျင့်ဖြစ်နေကြပါတယ် 💛🌱

MUDRA Yoga Nay Pyi Taw
Tr. Myat Su Kyi

Ph: 09773219010
နေပြည်တော်၊ ပုဗ္ဗသီရိမြို့။


တစ်ခါတစ်ရံ…ဘဝကို ရှုထောင့်အသစ်တစ်ခုကနေ မြင်နိုင်ဖို့ကမ္ဘာကြီးကို ဇောက်ထိုးကြည့်တတ်ဖို့လည်းလိုအပ်တယ်💜 Inversion လို့ခေါ်တ...
23/06/2026

တစ်ခါတစ်ရံ…
ဘဝကို ရှုထောင့်အသစ်တစ်ခုကနေ
မြင်နိုင်ဖို့
ကမ္ဘာကြီးကို ဇောက်ထိုးကြည့်တတ်ဖို့လည်း
လိုအပ်တယ်💜

Inversion လို့ခေါ်တဲ့
ဇောက်ထိုးအနေအထား Pose တွေကို
ဘာကြောင့် လေ့ကျင့်သင့်တာလဲ ဆိုတာ
ပြောပြဦးမယ်နော် ✨

🌿 Core Strength ကို တည်ဆောက်ပေးတယ်

🌿 ပခုံး၊ လက်မောင်းနဲ့
နောက်ကျောဘက် muscles တွေကို
သန်မာစေတယ်

🌿 ခန္ဓာကိုယ်ကျစ်လစ်စေတယ်

🌿 Balance နဲ့ Body Control ကို တိုးတက်စေတယ်

🌿 အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းလာစေတယ်

🌿 ကြောက်စိတ်တွေကို ကျော်ဖြတ်နိုင်ဖို့
သင်ပေးတယ်

🌿 အသားအရေ ပိုကြည်လင်ပြီး လန်းဆန်းနုပျိုတဲ့
အသွင်ကို ပေးနိုင်တယ်

Inversion Pose တစ်ခုကို သင်ယူတဲ့အခါ
ခန္ဓာကိုယ်တစ်ခုတည်း လေ့ကျင့်နေတာ
မဟုတ်ပါဘူး။

စိတ်ရှည်မှု၊ ဇွဲလုံ့လနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုပါ လေ့ကျင့်နေတာ ဖြစ်ပါတယ်။ ✨

MUDRA Yoga Nay Pyi Taw
Tr. Myat Su Kyi

Ph: 09 773219010


ကျွန်မတို့ယောဂလေ့ကျင့်တဲ့အခါ မှာ Wheel Pose လိုမျိုး နောက်ကျောဘက်ကို ကွေးချတဲ့Backbend Practice တွေကို ဘာလို့လုပ်ကြလဲဆို...
22/06/2026

ကျွန်မတို့ယောဂလေ့ကျင့်တဲ့အခါ မှာ
Wheel Pose လိုမျိုး နောက်ကျောဘက်ကို
ကွေးချတဲ့
Backbend Practice တွေကို
ဘာလို့လုပ်ကြလဲဆိုတာ သိကြလား

တကယ်တော့ အလှပြဖို့ပဲ မဟုတ်ဘဲ
ခန္ဓာကိုယ်နဲ့ စိတ်နှစ်ခုလုံးအတွက်
အကျိုးကျေးဇူးများစွာရှိလို့ လေ့ကျင့်ကြတာပါ ✨

🧘‍♀️ ဘာကြောင့် Backbend တွေလုပ်သင့်လဲ?

✅ Chest ကိုဖွင့်ပေးတယ်

* ရင်ဘတ်၊ ပခုံး၊ ခန္ဓာကိုယ်ရှေ့ပိုင်းကို
ဖွင့်ပေးပြီး အသက်ရှူစနစ်ကို ပိုမိုနက်ရှိုင်းစေတယ်

✅ Posture ကောင်းစေတယ်

* ဖုန်း၊ ကွန်ပျူတာ ကြည့်တာများလို့
ရှေ့ကိုကိုင်းနေတဲ့ ကိုယ်ဟန်အနေအထားကို
ပြန်ညှိပေးတယ်

✅ Spine ကို သန်မာပြီး ပျော့ပြောင်းစေတယ်

* ကျောရိုးပတ်ဝန်းကျင်မှာရှိတဲ့ ကြွက်သားတွေ အားကောင်းလာပြီး
ကျောရိုးလှုပ်ရှားနိုင်စွမ်း တိုးတက်စေတယ်။

✅ Energy Boost ဖြစ်တယ်

* Backbend တွေဟာ ခန္ဓာကိုယ်ကို
ဖွင့်ထုတ်တဲ့ Pose တွေဖြစ်လို့
ပင်ပန်းနွမ်းနယ်မှုကို လျော့စေပြီး စွမ်းအင်တက်ကြွစေ
တာကို
ချက်ခြင်းခံစားရပါတယ်

ဒါကို လေ့ကျင့်မယ်ဆိုရင်
ယောဂကို အခြေခံပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ပြီးမှ
ဘေးမှာ Instructor ရဲ့ ညွှန်ကြားမှုနဲ့သာ
လေ့ကျင့်သင့်ပါတယ်

ဒါမှသာ Injury ကင်းကင်းနဲ့ စိတ်ချလက်ချ
လေ့ကျင့်နိုင်မှာပါ

အားလုံးကျန်းမာလှပကြပါစေရှင်

MUDRA Yoga Nay Pyi Taw
Tr. Myat Su Kyi

Ph: 09773219010


ယောဂမလေ့ကျင့်ဖူးသေးတဲ့ လူအများစုကယောဂကို အကြောလျှော့တဲ့ လေ့ကျင့်ခန်းလို့ပဲထင်လေ့ရှိကြတယ်ပုံထဲမှာ လေ့ကျင့်ပြထားတဲ့ ပို့စ်...
22/06/2026

ယောဂမလေ့ကျင့်ဖူးသေးတဲ့ လူအများစုက
ယောဂကို
အကြောလျှော့တဲ့ လေ့ကျင့်ခန်းလို့ပဲ
ထင်လေ့ရှိကြတယ်

ပုံထဲမှာ လေ့ကျင့်ပြထားတဲ့ ပို့စ်ကို
တစ်ချက်ကြည့်ကြည့်ပါ
ပေါင် ၁၂၀ Body weight တစ်ခုလုံးကို
လက်ကောက်ဝတ်ပေါ်မှာတင် ထိန်းတင်ထားတာပါ

တကယ်တော့ ယောဂဟာ
ခန္ဓာကိုယ်ရဲ့ Core Strength
(ဝမ်းဗိုက်၊ ခါး၊ ကျောအလယ်ပိုင်း ကြွက်သားများ)
ကိုပါ တည်ဆောက်ပေးတဲ့ လေ့ကျင့်မှုတစ်ခုပါ။

Balance Pose တွေ၊
Arm Balance တွေ၊ Inversion(eg. Headstand)
တွေကို
လုပ်နိုင်ဖို့ဆိုရင် Core Strength က
အလွန်အရေးကြီးပါတယ်။

အကြောတွေ ပိုပျော့ပြောင်းလာသလို
ကြွက်သားတွေ ပိုသန်မာလာမယ်၊
ကိုယ်ဟန်အနေအထား ပိုကောင်းလာမယ်၊
ခန္ဓာကိုယ်ကို ပိုမိုထိန်းချုပ်နိုင်လာမယ်။

ယောဂဆိုတာ “Stretching” သက်သက်မဟုတ်ပါဘူး

“Strength + Flexibility + Balance” ကို
တစ်ပြိုင်နက် တည်ဆောက်ပေးတဲ့
လေ့ကျင့်မှု တစ်ခုဖြစ်ပါတယ်။ 🧘‍♀️💪✨

ကိုယ်တိုင်လေ့ကျင့်ပြီးတဲ့အခါ ပိုနားလည်သွားပါလိမ့်မယ်

MUDRA Yoga Nay Pyi Taw


🧘‍♀️ Happy International Yoga Day 🧘‍♂️ဒီ International Yoga Day မှာ ကျန်းမာခြင်း၊ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့...
21/06/2026

🧘‍♀️ Happy International Yoga Day 🧘‍♂️

ဒီ International Yoga Day မှာ ကျန်းမာခြင်း၊
ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့ အတူ
ရှေ့ဆက် ပြည့်စုံတဲ့ နေ့ရက်များကို
ပိုင်ဆိုင်နိုင်ကြပါစေ။ ✨

အသက်ရှူတိုင်းမှာ အားအင်တွေ ရရှိပြီး၊
လှုပ်ရှားမှုတိုင်းမှာ ပျော်ရွှင်မှုတွေ
တွေ့ရှိနိုင်ကြပါစေ လို့

MUDRA YOGA Nay Pyi Taw မှ
ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်

Namaste 🙏🤍


ဒါကတော့ Over 50 မမတွေပါ🩷ဘယ်လောက်လေ့ကျင့်နိုင်လဲဆိုတာ ယောဂပို့စ်တွေကိုပဲတစ်ချက်ကြည့်ကြည့်ပါဦး MUDRA မှာလေ့ကျင့်နေတာ ၃ နှစ...
20/06/2026

ဒါကတော့ Over 50 မမတွေပါ🩷

ဘယ်လောက်လေ့ကျင့်နိုင်လဲဆိုတာ
ယောဂပို့စ်တွေကိုပဲ
တစ်ချက်ကြည့်ကြည့်ပါဦး
MUDRA မှာလေ့ကျင့်နေတာ ၃ နှစ်ကျော်ပါပြီ

သူတို့အတွက် Headstand ဆိုတာ လွယ်ကူတဲ့
Pose တောင်ဖြစ်နေပါပြီ

အခုမှ ယောဂစလေ့ကျင့်မယ့်သူတွေအနေနဲ့
ဒီအစ်မတွေကိုကြည့်ပြီး
Motivation ရစေဖို့ တင်လိုက်တယ်နော်🥰

တချို့တွေပြောကြတာရှိတယ်
အသက်ကြီးလာလို့ ဒူးတွေနာလာတယ်
အကြောတွေတင်းတယ်
လုပ်နိုင်မှာမဟုတ်ဘူးပေါ့

စစ်မရောက်ခင် မြှားမကုန်ပါနဲ့ လို့
စပြီး လေ့ကျင့်ကြည့်ပါ

သိသာတဲ့အကျိုးရလဒ်အနေနဲ့

✨ ခန္ဓာကိုယ်က ပိုသန်မာလာမယ်
✨ စိတ်က ပိုကြံ့ခိုင်လာတယ်
✨ ပေါ့ပါးသွက်လက်နေတယ်
✨ ယုံကြည်မှုက ပိုမြင့်လာတယ်

တချို့လူတွေက “အသက်ကြီးလို့ မလုပ်နိုင်တော့ဘူး”
လို့ ပြောနေချိန်မှာ
တချို့လူက “ဘာကြောင့် မလုပ်နိုင်ရမှာလဲ” လို့
သက်သေပြနေကြတယ်

ကိုယ်စတင်မယ့်နေ့က ဒီနေ့ပဲ ဖြစ်နိုင်ပါတယ် 💪🏼💪🏼

MUDRA Yoga Nay Pyi Taw
Ph: 09773219010

ပိတောက်လမ်းမပေါ်၊ ပုဗ္ဗသီရိမြို့။

#ယောဂသင်တန်း

19/06/2026

ခုနောက်ပိုင်း ဟာသအနေနဲ့ရေးကြတဲ့
အသက် ၃၀ ကျော်ရင် ခါးနာတာတို့
ဒူးနာတာ နောက်ကျောနာတာတို့
ဆိုတဲ့ ပို့စ်လေးတွေခပ်စိပ်စိပ်တွေ့ရတယ်

အတည်ပြောရရင်တော့
၃၀ ကျော်လာရင် ခန္ဓာကိုယ်ကြံ့ခိုင်မှု
အားနည်းလာတာက ဟာသလုပ်စရာမဟုတ်ပါဘူး

ခန္ဓာကိုယ်က စတင်အချက်ပြလာတာပါ
မိမိခန္ဓာကိုယ်ကိုထိန်းသိမ်းဖို့အတွက်
ဂရုစိုက်သင့်ပြီ

မသေမချင်းသယ်သွားရမယ့်
ဒီခန္ဓာကိုယ်လေးဟာ
ကျန်းမာနေဖို့ အရေးကြီးပါတယ်
အဓိကက လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့နဲ့
အစားအသောက် အနေအထိုင်ဂရုစိုက်ဖို့ပဲ
ဘာမှ အထွေအထူးပိုက်ဆံကုန်တာလည်း
မဟုတ်ဘူးနော်

ဒါမဲ့ အများစုကမလုပ်ကြပါဘူး
တခုခုဖြစ်ခါမှ ဆေးရုံပြေးကြတာပဲ

ကိုယ်ကတော့ အသက်၃၀ ကျော်ပြီမို့
ကိုယ့်ကိုကိုယ်အရမ်းဂရုစိုက်ဖြစ်တယ်
ဝိတ်တက်လာရင် ပြန်လျှော့တယ်
ခေါက်ဆွဲခြောက်လိုဟာတွေဆို
လုံးဝမစားသလောက်ပဲ

Classရှိရှိ မရှိရှိ
Meditation နေ့စဉ်လုပ်တယ်
အသက်ရှုလမ်းကြောင်းနဲ့
အဆုတ်အားပိုကောင်းလာတယ်

ကိုယ့်ကိုကိုယ်မှ ဂရုမစိုက်ရင်
ဘယ်သူက လာဂရုစိုက်မလဲနော်

ဒါကြောင့် ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ
လေ့ကျင့်ခန်းကို မဖြစ်မနေလုပ်ပါ

အိမ်မှာတစ်ယောက်တည်းလုပ်ရတာပျင်းရင်
MUDRA Yoga မှာ အဖွဲ့လိုက်အတူတူ
လာလေ့ကျင့်ပါရှင် 🥰🥰

MUDRA YOGA Nay Pyi Taw
Ph: 09773219010

#ယောဂသင်တန်း

ည ၇:၁၅ အတန်းလေးသင်ပြီးတော့မလေ့ကျင့်ရတာကြာတဲ့Arm balancing practice လေးတွေ ပြန်လေ့ကျင့်ဖြစ်တယ် ✨💪🏼Arm Balance လေ့ကျင့်တဲ့...
19/06/2026

ည ၇:၁၅ အတန်းလေးသင်ပြီးတော့
မလေ့ကျင့်ရတာကြာတဲ့
Arm balancing practice လေးတွေ
ပြန်လေ့ကျင့်ဖြစ်တယ် ✨💪🏼

Arm Balance လေ့ကျင့်တဲ့အခါ
လက်မောင်းအားတစ်ခုတည်း မဟုတ်ဘဲ
ခန္ဓာကိုယ်တစ်ခုလုံးက muscles တွေ အတူတကွ အလုပ်လုပ်ရပါတယ်။

Shoulders, Arms, Core, Back, Glutes,
Leg muscles

အားလုံးကို Activate လုပ်ရတဲ့အတွက်
Strength, Stability နဲ့ Body Control ကို
တစ်ပြိုင်နက်တည်း တိုးတက်စေတယ်

လေ့ကျင့်ချိန်မှာလည်း ပုံမှန်လေ့ကျင့်နေကျထက်
အများကြီး ပိုပင်ပန်းပါတယ်
အဲ့ဒီဒဏ်ကို ခံနိုင်တဲ့စိတ်ခွန်အားရှိဖို့လည်း
လိုပါတယ်

🥰

MUDRA YOGA Nay Pyi Taw
Ph: 09773219010

#ယောဂသင်တန်း

You are stronger than you think,calmer than you feel when you’re on yoga mat..✨🌿 Yoga Mat ပေါ်ရောက်နေတဲ့အခါကိုယ်ထင်ထားတာ...
18/06/2026

You are stronger than you think,
calmer than you feel when you’re on yoga mat..✨

🌿 Yoga Mat ပေါ်ရောက်နေတဲ့အခါ

ကိုယ်ထင်ထားတာထက် ပိုသန်မာလာတယ်
ကိုယ်ခံစားနေရတာထက် ပိုတည်ငြိမ်လာတယ်✨🧘‍♀️

ဒါဟာ ယောဂဆက်လေ့ကျင့်ဖြစ်နေတဲ့
အကြောင်းရင်းထဲက တစ်ခုပါပဲ

MUDRA YOGA Nay Pyi Taw

Ph: 09773219010

🕉️ Breathe In… Breathe Out…ဒီအချိန်ဆို အားလုံးရဲ့ မျက်နှာလေးတွေကကြည်လင်အေးချမ်းနေတာပါပဲ🍀ဒီ ၅ မိနစ်အချိန်လေးအတွင်းမှာတော့...
15/06/2026

🕉️ Breathe In… Breathe Out…

ဒီအချိန်ဆို အားလုံးရဲ့ မျက်နှာလေးတွေက
ကြည်လင်အေးချမ်းနေတာပါပဲ🍀

ဒီ ၅ မိနစ်အချိန်လေးအတွင်းမှာတော့
ပြင်ပအာရုံတွေကို ခဏမေ့ထားပါ

▪️ဖုန်းသံလေးတွေ ပိတ်ထားပေးပါ▪️

တစ်နေ့တာလုံး ပင်ပန်းထားရတဲ့
ကိုယ့်စိတ်နဲ့ခန္ဓာကိုယ်လေးဟာ ဒီခဏလေးအနားယူဖို့
မထိုက်တန်ဘူးလား

ခဏလောက် အရာအားလုံးကို
ဘေးချပြီး
ကိုယ့်အသက်ရှူသံကိုပဲ နားထောင်ကြည့်ပါ။

Yoga မလေ့ကျင့်ခင်မှာ
ကနဦးအနေနဲ့ Meditation ပြုလုပ်တယ်ဆိုတာ
ကိုယ့်စိတ်အတွင်းက တည်ငြိမ်မှုနဲ့
အေးချမ်းမှုကို ပြန်ရှာတွေ့ဖို့ပါ။

စိတ်တည်ငြိမ်မှု၊ ပျော်ရွှင်မှုနဲ့
အတွင်းစိတ်ခွန်အားတွေကို
Meditation Time မှာ ရှာဖွေကြည့်ပါ🌿

MUDRA YOGA Nay Pyi Taw

ပိတောက်လမ်းမပေါ်၊ ပုဗ္ဗသီရိမြို့။

Ph: 09773219010

Address

Padauk Street, Pobba Thiri Township
Naypyidaw

Website

Alerts

Be the first to know and let us send you an email when MUDRA Yoga Nay Pyi Taw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share