Myanmar Sepaktakraw Federation

Call Directions Website Contact the business

Myanmar Sepaktakraw Federation မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် တရားဝင်စာမျက်နှာ

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းအားကစားနည်း၏ လေးယောက်တွဲ(အမျိုးသား/အမျိုးသမီး)ဆုပေးပွဲ ကျင်းပပြုလု...
03/10/2026

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းအားကစားနည်း၏ လေးယောက်တွဲ(အမျိုးသား/အမျိုးသမီး)ဆုပေးပွဲ ကျင်းပပြုလုပ်

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းအားကစားနည်း၏ လေးယောက်တွဲ(အမျိုးသား/အမျိုးသမီး)ဆုပေးပွဲ အခမ်းအနားကို ယနေ့ (၃.၁၀.၂၀၂၆) ရက်နေ့ ၊ ဒေသစံတော်ချိန် နေ့လယ် (၁၂:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့က ပူးတွဲကြေးတံဆိပ်ဆုရရှိခဲ့ပြီး၊ ဂျပန်အသင်းက ရွှေတံဆိပ်၊ အင်ဒိုနီးရှားအသင်းက ငွေတံဆိပ် အသီးသီးရရှိခဲ့ကြပါသည်။
အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက ရွှေတံဆိပ်၊ ထိုင်းအသင်းက ငွေတံဆိပ်၊ အင်ဒိုနီးရှားအသင်းနှင့်ဂျပန်အသင်းတို့က ပူးတွဲကြေးတံဆိပ်တို့ အသီးသီးရရှိခဲ့ကြပါသည်။

မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ယခုပြိုင်ပွဲကြီးတွင် အမျိုးသားသုံးယောက်တွဲ (Men's Regu Event)၊ အမျိုးသမီးနှစ်ယောက်တွဲ (Women's Double Event)နှင့် အမျိုးသားလေးယောက်တွဲ (Men's Quadrant Event) စသည့် ကစားနည်းသုံးမျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားသုံးယောက်တွဲ (Men's Regu Event)နှင့် အမျိုးသမီးနှစ်ယောက်တွဲ (Women's Double Event) တို့မှာ အုပ်စုအဆင့်နှင့်သာကျေနပ်ခဲ့ရပြီး အမျိုးသားလေးယောက်တွဲ (Men's Quadrant Event)တွင်သာ ပူးတွဲကြေးတံဆိပ်ဆုကို ရရှိနိုင်ခဲ့ပါသည်။



ယခုပြိုင်ပွဲမှာ ကျွန်တော်တို့ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းက ကြေးတံဆိပ်ဆု တစ်ဆုသာ ရရှိခဲ့ပါတယ်။ပွဲစဉ်တိုင်းမှာ ...
02/10/2026

ယခုပြိုင်ပွဲမှာ ကျွန်တော်တို့ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းက ကြေးတံဆိပ်ဆု တစ်ဆုသာ ရရှိခဲ့ပါတယ်။

ပွဲစဉ်တိုင်းမှာ မျှော်မှန်းထားသလို ခြေစွမ်းကောင်းမပြနိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲကရရှိခဲ့တဲ့ သင်ခန်းစာတွေကို အခြေခံပြီး နောင်လာမယ့် ပွဲစဉ်တွေမှာ ဒီထက်ပိုမို တိုးတက်ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ ပြန်လာနိုင်အောင် ကျွန်တော်တို့ပြင်ဆင်သွားပါမယ်ခင်ဗျ။

အခက်အခဲများစွာ ရှိတဲ့ကြားကနေ အစဉ်အမြဲ အားပေးဝန်းရံပေးကြတဲ့ ပရိသတ်များနဲ့ လိုအပ်ချက်တွေကို ဝေဖန်အကြံပြု ထောက်ပြပေးကြသူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

Match Result        Men’s Quadrant Event 🇲🇲 Myanmar 0-2 Indonesia 🇮🇩                13-15 | 9-15
02/10/2026

Match Result

Men’s Quadrant Event
🇲🇲 Myanmar 0-2 Indonesia 🇮🇩
13-15 | 9-15



02/10/2026

Address

Naypyidaw
15011

Alerts

Be the first to know and let us send you an email when Myanmar Sepaktakraw Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Sepaktakraw Federation:

Shortcuts

Share

Category