31/07/2020
စားပွဲတင်တင်းနစ် စည်းမျဉ်းများ
၁။ ပြိုင်ပွဲကစားနေစဉ် ချွေးသုတ်ခွင့်ရှိပါသလားး
အဖြေ = ကစားနှစ်ယောက်ပေါင်းအမှတ် ၆မှတ်ပြည့်တိုင်းသုတ်ခွင့်ရှိပါတယ်။ တခြားအချိန်တွင်ချွေးသုတ်ခွင့်မရှိပါ။
ဥပမာ = နှစ်ယောက်ပေါင်းအမှတ် ၆ ၁၂ ၁၈ ၂၄
4 - 2, 6 - 0, 5 - 1, 3 - 3, 6 - 6, 8 - 4, 9 - 9, 10 - 8, 12 - 12
၂ ။ ပြိုင်ပွဲတွင် ကစားသမားတဦးမှ Time out (1) minute ဘယ်နှစ်ကြိမ် တောင်းခံခွင့်ရှိပါသလဲ
အဖြေ = တကြိမ်သာခေါ်ခွင့်ရှိပါသည်
၃။ ပြိုင်ပွဲ၀င် ၀တျစုံအရောငျမှာ အဖြူရောင် ဖြစ်နေပါက ပြိုင်ပွဲတွင် ကစားရန် ခွင့်ပြုပါသလားး
အဖြေ = လုံး၀ခွင့်မပြုပါ
ဘောလုံးအရောင်မှာ အဖြူရောင်ဖြစ်သောကြောင့် အဖြူရောင် ၀တျစုံ ကိုခွင့်မပြုပါ
၄။ ပြိုင်ပွဲတပွဲ အတွက် သတ်မှတ်ထားသော ဘောလုံးအမျိုးအစားမဟုတ်ပဲ ကိုယ့်ဘောလုံးနှင့်ကိုယ် ကစားရန် ခွင့်ပြုပါသလား
အဖြေ = လုံး၀ခွင့်မပြုပါ
ပြိုင်ပွဲကျင်းပရေးမှ သတ်မှတ်ထားသော ဘောလုံးကိုသာ အသုံးပြုပြီး ပြိုင်ပွဲကိုယှဉ်ပြိုင်ကစားရပါမည်
၅။ ပြိုင်ပွဲကစားနေစဉ် ကစားသမား၏ နည်းပြဖြစ်သူမှ အော်ဟစ်အကြံပေးခြင်း၊ အချက်ပြခြင်း၊ မျက်ရိပ်ပြခြင်း၊ လက်ဟန် ခြေဟန်ဖြင့် ပြသခြင်း (Illegal Advice) တို့ကို ခွင့်ပြုပါသလား။
အဖြေ = လုံး၀ခွင့်မပြုပါ။
ပထမအကြိမ်ဖြစ်ပါက Umpire မှ အဝါကဒ်ပြား ပြသ သတိပေးသွားမှာ ဖြစ်ပါသည်။
ဒုတိယအကြိမ်ဖြစ်ပါက Umpire မှ အနီကဒ်ပြား ပြသပြီး နည်းပြဖြစ်သူကို Technical Area မှ ထွက်ခွာစေရမည်ဖြစ်ပါသည်။
၆။ ကစားသမားတစ်ဦးသည် ပြိုင်ပွဲကစားနေစဉ် ပြိုင်ပွဲကွင်းဘေးတွင် ကာရံထားသော အကာအကွယ် အား ခြေထောက်ဖြင့် ကန်ခွင့်ရှိပါသလား။
အဖြေ = လုံး၀မရှိပါ။
အားကစားသမားတစ်ယောက်အနေဖြင့် မသင့်လျော်သော အပြုအမှု Misbehaviour ဖြစ်ပါသည်။
Umpire မှ ပထမအကြိမ် ဖြစ်ပါက အဝါကဒ်ပြား ပြသပြီး သတိပေးမှုကို ပြုလုပ်မှာ ဖြစ်ပါသည်။
၇ ။ ပြိုင်ပွဲကွင်းအတွင်း အသုံးပြုသော မီးအလင်းအား ဘယ်လောက် ရှိရပါသလဲ။
အဖြေ = နိုင်ငံတကာပြိုင်ပွဲများတွင် ကစားခုံ၏အပေါ်တွင် 1000 Lux ရှိရမည်ဖြစ်ပြီး ကစားကွင်း ၏ တခြားနေရာများတွင် အနည်းဆုံး 500 Lux ရှိ နေရပါမည်။
ပြည်တွင်းပြိုင်ပွဲများအတွက်မူ ခုံပေါ်တွင် 600 Lux နှင့် ကစားကွင်း၏ အခြားနေရာများ တွင် 400 Lux ရှိနေရပါမည်။
မှတ်ချက်။ ။ Lux Meter ဖြင့် တိုင်းတာထားသော ယူနစ်ဖြစ်ပါသည်။
၈။ ကစားသမားတစ်ဦးသည် ပြိုင်ပွဲကစားနေစဉ် Racket မတော်တဆ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးပါက Racket အသစ် တစ်ချောင်းဖြင့် အစားထိုး ယှဉ်ပြိုင်ရန်ခွင့်ပြုပါသလား။
အဖြေ = ခွင့်ပြုပါသည်။ ဆက်လက်ယှဉ်ပြိုင်မကစားမှီ Umpire မှ အဆိုပါ ဘက်တံအသစ်ကို အကြမ်းဖျဉ်းအားဖြင့် စစ်ဆေး ကြည့်ရှုသွားရမှာ ဖြစ်ပါသည်။
၉။ ကစားသမားတစ်ဦးသည် ပြိုင်ပွဲကစားနေစဉ် အောက်ကျသွားသော ဘောလုံးကို ခြေထောက်ဖြင့် ကန်ခွင့် ရှိပါသလား။
အဖြေ = လုံး၀မရှိပါ။
အားကစားသမားတစ်ယောက်အနေဖြင့် မသင့်လျော်သော အပြုအမှု Misbehaviour ဖြစ်ပါသည်။
Umpire မှ ပထမအကြိမ် ဖြစ်ပါက အဝါကဒ်ပြားပြသခြင်းဖြင့် သတိပေးမှုကို ပြုလုပ်မှာ ဖြစ်ပါသည်။
၁၀။ ပြိုင်ပွဲကစားနေစဉ် ကစားသမားတစ်ဦးမှ ပြိုင်ဘက်ကစားသမား စိတ်အနှောင့်အယှက် ဖြစ်စေရန် အော် ဟစ်ခြင်းကို ခွင့်ပြုပါသလား။
အဖြေ = လုံး၀ ခွင့်မပြုပါ။
Umpire မှ ပထမအကြိမ် ဖြစ်ပါက အဝါကဒ်ပြား ပြသခြင်းဖြင့် သတိပေးမှုကို ပြုလုပ်မှာ ဖြစ်ပါသည်။
၁၁။ ကစားသမားတစ်ဦး နှင့် တစ်ဦး ပြိုင်ပွဲမစမှီ ကွင်းအတွင်းတွင် Racket ကို ကြည့်ရှုစစ်ဆေးခွင့် ရှိပါ သလား။
အဖြေ = ရှိပါသည်။
၁၂။ ကစားသမားမှ သွေးထွက်သံယို ထိခိုက်ဒဏ်ရာ ရရှိပါက Injury Time out ဘယ်နှစ်မိနစ် ခေါ်ခွင့် ရှိပါ သလဲ။
အဖြေ = အများဆုံး ၁၀ မိနစ် တောင်းခံခွင့်ရှိပါသည်။
၁၃။ အသင်းလိုက်ပွဲစဉ်တွင် A, B, Double, A, B သို့မဟုတ် X, Y, Double, Y, X အခြေအနေမျိုးတွင် Double ပွဲစဉ် မစမှီ နှင့် ပြီးဆုံးသော အချိန် တွင် ပွဲကစားရမည့် ကစားသမားအနေဖြင့် နားချိန် ဘယ်လောက်ရပါသလဲ။ ကစားသမားတစ်ဦးအနေဖြင့် ပြိုင်ပွဲတွင် ပွဲစဉ် နှစ်ခု ဆက်တိုက် ကစားရမည် ဆိုပါက အနားယူခွင့် တောင်းဆိုနိုင်ပါသလား။
အဖြေ = ၅ မိနစ် တောင်းခံခွင့်ရှိပါသည်။
၁၄။ ပွဲငယ် တပွဲနှင့် တပွဲကြား တွင် နားချိန် ဘယ်လောက်ရပါလဲ။
အဖြေ = ၁ မိနစ် ရပါသည်။
၁၅။ ပြိုင်ပွဲတွင် ပထမပွဲငယ်မစခင် Warming Up ဘယ်နှစ်မိနစ် ရပါသလဲ။
အဖြေ = ၂ မိနစ် ရပါသည်။
၁၆။ ပြိုင်ပွဲကစားနေစဉ် Time out ကို မည်သူမှခေါ်ခွင့်ရှိပါသလဲ။
အဖြေ = ကစားသမားကိုယ်တိုင်နှင့် ကစားသမား၏ နည်းပြဖြစ်သူမှ ခေါ်ခွင့်ရှိပါသည်။
၁၇။ Service ကို အနည်းဆုံး ခွောကျလက်မမွောကျပေး ရပါမည်။
၁၈။ နှစ်ယောက်တွဲပြိုင်ပွဲတွင် ကစားသမားနှစ်ဦး အချင်းချင်း ဘက်တံလဲပြီး ကစားခြင်းကို ခွင့်ပြုပါသလား။
အဖြေ = ခွင့်မပြုပါ။
ပြိုင်ပွဲမှထုတ်ပယ်ခြင်း ခံရပါမည်။
၁၉။ ကစားသမားတဦးအနေနှင့် အသင်းလိုက်ပြိုင်ပွဲအတွက် ဘယ်လောက်ကြိုတင်သတင်းပို့ရန်လိုအပ်ပါသလဲ
အဖြေ = ပြိုင်ပွဲကစားရန်သတ်မှတ်ထားသော အချိန်ထက် ၄၅ မိနစ် ကြိုတင်သတင်းပို့ရန်လိုအပ်ပါသည်။
ဥပမာ ပြိုင်ပွဲကစားရန်အချိန် = ၃ နာရီ
သတင်းပို့ရန်အချိန် = ၂ နာရီ ၁၅ မိနစ်
၂၀။ ကစားသမားတဦးအနေနှင့် တစ်ဦးချင်းပြိုင်ပွဲအတွက် ဘယ်လောက်ကြိုတင်သတင်းပို့ရန်လိုအပ်ပါသလဲ
အဖြေ = ပြိုင်ပွဲကစားရန်သတ်မှတ်ထားသော အချိန်ထက် မိနစ် ၂၀ ကြိုတင်သတင်းပို့ရန်လိုအပ်ပါသည်။
ဥပမာ ပြိုင်ပွဲကစားရန်အချိန် = ၃ နာရီ
သတင်းပို့ရန်အချိန် = ၂ နာရီ မိနစ် ၄၀
၂၁ ။ ကစားသမားတဦးအနေနှင့် ပြိုင်ပွဲတွင် ပွဲစဉ် နှစ်ခု ဆက်တိုက် ကစားရမည်ဆိုပါက နားခွင့်တောင်းနိုင်ပါသလားး
အဖြေ = ၅မိနစ် အနားတောင်းခွင့် ရှိပါသည်။
ပွဲငယ် တပွဲ နှင့်တပွဲကြားတွင် နားချိန်ဘယ်လောက်ရပါသလဲ
အဖြေ = ၁ မိနစ် နားချိန်ရပါတယ်
ပြိုင်ပွဲတွင် ပထမပွဲငယ်မစခင် Warming up
၂၂။ ပြိုင်ပွဲတလျှောက် ကစားသမားတစ်ဦး သို့မဟုတ် နည်းပြတစ်ဦးသည် အနီကဒ် သို့မဟုတ် ပြိုင်ပွဲမှ ထုတ်ပယ်ခံရသည့် အကြိမ် ၃ ကြိမ် ပြည့်ပါက ဘာဖြစ်နိုင်သလဲ။
အဖြေ = အဆိုပါ ကစားသမား သို့မဟုတ် နည်းပြ ဖြစ်သူသည် ပြိုင်ပွဲမှ အလိုအလျောက် ထုတ်ပယ်ခံရ နိုင်ပါသည်။
၂၃။ ကစားသမားတစ်ဦးသည် ပြိုင်ပွဲကစားနေစဉ် Service ထိုးရန် ဘောလုံးကိုအမြင့်သို့မြှောက်ပြီး လက်ဖြင့်ပြန်ဖမ်းနိုင်ပါ သလား။
အဖြေ = Service မထိုးပဲ ဘောလုံးကို ပြန်ဖမ်းပါ Fault ဖြစ်ပါသည်။
ပထမအကြိမ်ဖြစ်ပါက Umpire ဖြစ်သူမှ အဝါကဒ်ပြား ပြသမှာဖြစ်ပါသည်။
ဒုတိယအကြိမ်ဖြစ်ပါက Umpire ဖြစ်သူမှ အဝါနှင့်အနီကဒ်ကို ပူးတွဲပြသသွားမှာဖြစ်ပြီး တဖက်ကစား သမားကို အမှတ် ၁ မှတ် ပေါင်းပေးပါမည်။
ဥပမာ 1 1 ဆိုပါက 1 2 ဖြစ်သွားပါမည်။
တတိယအကြိမ်ဖြစ်ပါက Umpire ဖြစ်သူမှ အဝါနှင့်အနီကဒ်ကို ပူးတွဲပြသသွားမှာဖြစ်ပြီး တဖက်ကစား သမားကို နောက်ထပ် အမှတ် ၂ မှတ် ပေါင်းပေးပါမည်။
ဥပမာ = 1 1 ဆိုပါက 1 3 ဖြစ်သွားပါမည်။
စတုတ္တအကြိမ်ဖြစ်ပါက Umpire မှ အဝါနှင့်အနီကဒ်ကို ပူးတွဲပြသသွားမှာဖြစ်ပြီး ပြိုင်ပွဲကို ရပ်ဆိုင်းပြီး Referee ကို သတင်းပို့ပြီး Referee မှ ဆက်လက်ကစားရန်သင့်မသင့်ကို ဆုံးဖြတ်သွားမှာဖြစ်ပါသည်။
၂၄။ ပြိုင်ပွဲကစားနေစဉ် ကစားသမားများအနေဖြင့် ချွေးသုတ်ခွင့် ရှိပါသလား။ ( မျက်မှန်သမား)
အဖြေ = ကစားသမားနှစ်ယောက်ပေါင်းအမှတ် ၆ မှတ် ပြည့်တိုင်း ချွေးသုတ်ခွင့်ရှိပါသည်။ Time out ခေါ်ချိန် နှင့် Best of 5 သို့မဟုတ် Best of 7 တွင် နောက်ဆုံးပွဲငယ် (Final) တွင် Side ပြောင်းလဲကစားရမည့်အချိန် (ကစားသမားတစ်ဦးဦးမှ အရင်ဆုံး ၅ မှတ်သို့ရောက်ရှိချိန်)တွင် ပွဲကိုခေတ္တရပ်နားပြီး ချွေးသုတ်ခွင့်ရှိပါသည်။ တခြားအချိန်တွင် ချွေးသုတ်ရန်ခွင့်မပြုပါ။
ဥပမာ = နှစ်ယောက်ပေါင်းအမှတ် ၆ ၁၂ ၁၈ ၂၄
4 2, 2 4, 6 0, 5 1, 3 3, 6 6, 8 4, 9 3, 9 9, 10 8, 12 12, etc.
မျက်မှန်သမားအတွက် ချွင်းချက်အနေဖြင့် မျက်မှန်တွင် ရေငွေ့ရိုက်လျှင် သုတ်ခွင့်ရှိပါသည်။
၂၅။ ကစားသမားများ ချွေးသုတ်နေစဉ် နည်းပြဖြစ်သူဆီသွားရောက်ပြီး စကားပြောခွင့်ရှိပါသလား။
အဖြေ = လုံး၀ခွင့်မပြုပါ။
၂၆။ ကစားသမားများ ပြိုင်ပွဲမစခင် Warming Up ၂ မိနစ် ပြုလုပ်ပြီး နည်းပြဖြစ်သူထံ သွားရောက်ခွင့် ရှိပါသလား။
အဖြေ = လုံး၀ခွင့်မပြုပါ။
Warming Up ပြုလုပ်ပြီးပါက ပြိုင်ပွဲကို စတင် ကစားရမှာဖြစ်ပါသည်။
၂၇။ ပြိုင်ပွဲတွင် ကစားသမားတစ်ဦးသည် ဆားဗစ် Receive လုပ်ရာတွင် Racket နှင့်ဘောလုံးမထိပဲ Racket ကိုင်ထားသော လက်၏ လက်ဖမိုးနှင့်ထိပြီး တဖက်ခုံပေါ်သို့ ဘောလုံးကို ပြန်လည်ပေးပို့နိုင်ပါ က ခွင့်ပြုပေးနိုင်ပါသလား။
အဖြေ = ခွင့်ပြုပါသည်။ Racket ကိုင်ထားတဲ့လက် (Racket Hand) ၏ လက်ကောက်၀တ်အောက် နှင့် ဘောလုံးထိပြီး တဖက်ခုံပေါ်သို့ ပြန်လည်ပေးပို့နိုင်ပါက တရား၀င်ခွင့်ပြုပါသည်။
၂၈။ ကစားသမားတစ်ဦးသည် ပြိုင်ပွဲကစားနေစဉ် Racket ကို ညာလက်မှ ဘယ်လက်သို့ ပြောင်းကိုင်ခြင်း ကို ခွင့်ပြုပါသလား။
အဖြေ = ခွင့်ပြုပါသည်။
၂၉။ ကစားသမားတစ်ဦးသည် ပြိုင်ပွဲကစားနေစဉ် ဘက်တံကို ခုံပေါ်သို့ ပစ်တင်ခြင်း၊ ဘောလုံးကို ရည်ရွယ် ချက်ရှိရှိဖြင့် အဝေးသို့ရိုက်ထုတ်ခြင်း၊ ဘောလုံးကို ခြေထောက်ဖြင့်နင်းခြင်း၊ စားပွဲခုံကို ခြေထောက်ဖြင့် ကန်ခြင်း၊ ဘေးအကာအရံများကို ပြေးကန်ခြင်း၊ စားပွဲခုံကို အပေါ်သို့မတင်ပြီး အောက်သို့ပစ်ချခြင်း၊ အော်ဟစ်ဆဲဆိုခြင်း၊ တဖက်ကစားသမားအား ရန်လိုခြင်း၊ ဘောလုံးကို ခြေထောက်ဖြင့်အဝေးသို့ ကန်ထုတ်ခြင်း၊ တဖက်ကစားသမားကို မထီလေးစားအမှုအရာလုပ်ပြခြင်း၊ ပရိသတ်အား မဖွယ်မရာ အပြု အမူ ပြုလုပ်ပြသခြင်း၊ အစရှိသည့် အပြုအမူများကို ခွင့်ပြုပေးပါသလား။
အဖြေ = လုံး၀ခွင့်မပြုပါ။
ပထမအကြိမ်ဖြစ်ပါက Umpire ဖြစ်သူမှ အဝါကဒ်ပြား ပြသမှာဖြစ်ပါသည်။
၃၀။ ကစားသမားတစ်ဦးသည် အသင်းလိုက်ပြိုင်ပွဲအတွက် အချိန်ဘယ်လောက်ကြိုတင် သတင်းပို့ရန် လို အပ် ပါသလဲ။
အဖြေ = ပြိုင်ပွဲကစားရန် သတ်မှတ်ထားသော အချိန်ထက် ၄၅ မိနစ် ကြိုတင် သတင်းပို့ရန် လိုအပ်ပါ သည်။
ဥပမာ = ပြိုင်ပွဲကစားရန် သတ်မှတ်ထားသော အချိန် = ၃ နာရီ
သတင်းပို့ရန် အချိန် = ၂ နာရီ ၁၅ မိနစ်
၃၁။ Sercviceပေးစဉ် ပိုက်ကို ဘယ်နှစ်ထိမိကြိမ် ထိခွင့်ရှိပါသလဲ?
ဘယ်နှစ်ကြိမ်ထိထိ ပြန်ဖွင့်ခွင့်ရှိပါသည်။
ကစားသမားများအတွက် စိတ်စေတနာနဲ့ ပြုစုပေးသည့််။ ဆရာဘုန်းနိုင်အား ကျေးဇူးအထူးတင်ပါသည်။
Crd to Table Tennis Training Centre