JeremyPhyo.Fitness Studio

JeremyPhyo.Fitness Studio Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JeremyPhyo.Fitness Studio, Gym/Physical Fitness Center, အမှတ်(86)ကျောက်မြောင်းလမ်းမကြီးပေါ်, မြိုသစ် . ၁ လမ်းထိပ် ကျောက်မြောင်း တာမွေမြိုနယ်, Nay Pyi Taw.

Squat ဟာ ခြေသလုံးနဲ့ တင်ပါးကြွက်သားတွေကို သန်မာစေတဲ့ အခြေခံအကျဆုံးနဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခုပါ။ ပုံစံမမှန်ဘဲ ဆော...
26/08/2026

Squat ဟာ ခြေသလုံးနဲ့ တင်ပါးကြွက်သားတွေကို သန်မာစေတဲ့ အခြေခံအကျဆုံးနဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခုပါ။

ပုံစံမမှန်ဘဲ ဆော့မိတဲ့အခါ ဒူးနာတာ၊ ဒူးခေါင်းဒဏ်ရာရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒူးမနာဘဲ ထိရောက်တဲ့ Squat ပုံစံမှန် ရရှိစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါခင်ဗျာ

🏋️ခြေထောက်အပြင်ဘက် လှည့်ထားပါ

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ထားပြီး ခြေဖျားလေးတွေကို အပြင်ဘက်ကို ၁၅ ဒီဂရီကနေ ၃၀ ဒီဂရီလောက် ခန်းမှန်းလှည့်ထားပေးပါ။

🏋️ တင်ပါးကို နောက်ကို အရင်ပစ်ပါ

အောက်ကို နိမ့်ဆင်းတဲ့အခါ ဒူးကို အရှေ့ကို အရင်ကွေးချတာမျိုး မလုပ်ဘဲ ကုလားထိုင်မှာ ထိုင်ချလိုက်သလိုမျိုး တင်ပါးကို နောက်ကို အရင်ဆုတ်ပြီးမှ ဆင်းပေးပါ။

🏋️ ဒူးခေါင်းနဲ့ ခြေဖျား တန်းနေပါစေ

အောက်ဆင်းချိန်မှာ ဒူးခေါင်းနှစ်ဖက် အတွင်းကို မဝင်သွားပါစေနဲ့။ ဒူးခေါင်းဟာ အမြဲတမ်း ခြေဖျားရှိတဲ့ လမ်းကြောင်းအတိုင်း ရှိနေရပါမယ်။

🏋️ကျောရိုးကို တောင့်တောင့်မတ်မတ် ထားပါ

ရင်ဘတ်ကို ကော့ထားပြီး ကျောရိုးကို ဖြောင့်ဖြောင့်တန်းတန်း ထိန်းထားပါ။ ကျောကုန်းကွေးသွားပါက ခါးနဲ့ ဒူးပေါ်ကို ဖိအားပိုရောက်စေပါတယ်။

🏋️ ဒူးကွေးတဲ့ ပမာဏကို ထိန်းပါ

အစပိုင်းမှာ အောက်ကို အလွန်အကျွံ ဆင်းစရာမလိုဘဲ တင်ပါးနဲ့ ဒူး တန်းတန်း (၉၀ ဒီဂရီ) ပဲ ဆင်းပေးပါ။

နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်ခန်းလုပ်ပြီး ပိုမိုကျန်းမာသန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ Jeremy Phyo Fitness Studio မှာ အတူတူ လေ့ကျင့်လိုက်ရအောင်။

𝐉𝐄𝐑𝐄𝐌𝐘 𝐏𝐇𝐘𝐎 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐒𝐭𝐮𝐝𝐢𝐨

📞 - 09 799 223 958

🏢 Address: အမှတ် ( ၈၆ )၊ ကျောက်မြောင်းလမ်းမကြီးပေါ် ၊ မြို့သစ် ( ၁ ) လမ်းထိပ်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။


Gym သွားတယ်ဆိုတာ ခန္ဓာကိုယ်လှရုံတင်၊ ဝိတ်ကျရုံတင် မဟုတ်ပါဘူး... နေ့စဉ်ဘဝရဲ့ စိတ်ဓာတ်၊ ကျန်းမာရေးနဲ့ စည်းကမ်းတွေကို မြှင့...
24/08/2026

Gym သွားတယ်ဆိုတာ ခန္ဓာကိုယ်လှရုံတင်၊ ဝိတ်ကျရုံတင် မဟုတ်ပါဘူး... နေ့စဉ်ဘဝရဲ့ စိတ်ဓာတ်၊ ကျန်းမာရေးနဲ့ စည်းကမ်းတွေကို မြှင့်တင်ပေးနိုင်မယ့် ဘဝပုံစံသစ် တစ်ခုကို တည်ဆောက်တာပါ။

Jeremy Phyo Fitness Studio မှာ
🏋️‍♂️ စနစ်ကျပြီး ထိရောက်မယ့် Workout Plan များ
🏋️‍♂️ မှန်ကန်တဲ့ အာဟာရနှင့် Form အယူအဆများ
🏋️‍♂️ သင့်ရဲ့ Goal အလိုက် သီးသန့် လေ့ကျင့်ပေးမယ့် Coach တို့နဲ့အတူ ခန္ဓာကိုယ်ရော စိတ်ဓာတ်ပါ ပြောင်းလဲလိုက်ပါ။

မနေ့ကထက် ပိုမိုသန်မာပြီး ယုံကြည်မှုရှိတဲ့ Version အသစ်တစ်ခုဆီကို ဒီနေ့ပဲ စတင်လိုက်ရအောင်

𝐉𝐄𝐑𝐄𝐌𝐘 𝐏𝐇𝐘𝐎 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐒𝐭𝐮𝐝𝐢𝐨

📞 - 09 799 223 958

🏢 Address: အမှတ် ( ၈၆ )၊ ကျောက်မြောင်းလမ်းမကြီးပေါ် ၊ မြို့သစ် ( ၁ ) လမ်းထိပ်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။

အဆီကျဖို့အတွက် ချွေးဒီးဒီးကျအောင် ထွက်မှ ရတာ မဟုတ်ပါဘူး။ချွေးထွက်တာဟာ ခန္ဓာကိုယ်က အပူချိန်ကို ထိန်းညှိဖို့ ရေဓာတ်နဲ့ ဆား...
20/08/2026

အဆီကျဖို့အတွက် ချွေးဒီးဒီးကျအောင် ထွက်မှ ရတာ မဟုတ်ပါဘူး။

ချွေးထွက်တာဟာ ခန္ဓာကိုယ်က အပူချိန်ကို ထိန်းညှိဖို့ ရေဓာတ်နဲ့ ဆားဓာတ်တွေကို စွန့်ထုတ်ပေးတာသာ ဖြစ်ပြီး၊ အဆီလောင်ကျွမ်းတာ (Fat Loss) နဲ့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိပါဘူး။

✅အရေးကြီးတာက Cardio နဲ့ Weight Training ကို ဘယ်လောက် ထိရောက်အောင် စနစ်တကျ ပေါင်းစပ် ဆော့ကစားနိုင်သလဲဆိုတာပါ။

ဒါကြောင့် လေ့ကျင့်ခန်း လုပ်နည်း အလွဲတွေနဲ့ အချိန်ကုန် မခံဘဲ မိမိခန္ဓာကိုယ်နဲ့ ကိုက်ညီမယ့် မှန်ကန်တဲ့ လေ့ကျင့်ခန်းပုံစံကို Jeremy Phyo Fitness Studio မှာ လာရောက် ဆွေးနွေးတိုင်ပင်လိုက်ပါ။

ကျန်းမာကြံ့ခိုင်ပြီး အချိုးအစားကျတဲ့ Body Shape ကို စနစ်တကျ အတူတူ တည်ဆောက်ကြရအောင်လားခင်ဗျာ 🤘🔥

𝐉𝐄𝐑𝐄𝐌𝐘 𝐏𝐇𝐘𝐎 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐒𝐭𝐮𝐝𝐢𝐨

📞 - 09 799 223 958

🏢 Address: အမှတ် ( ၈၆ )၊ ကျောက်မြောင်းလမ်းမကြီးပေါ် ၊ မြို့သစ် ( ၁ ) လမ်းထိပ်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။

ဖုန်းလေးကြည့်ရင်း အိပ်ရာပေါ်မှာ လှဲနေမိတယ်၊ Gym သွားဖို့ကျတော့လည်း စိတ်ပါလက်ပါ မရှိဘဲ ပျင်းရိနေမိတဲ့နေ့တွေ ရှိတတ်ကြတယ်မဟ...
17/08/2026

ဖုန်းလေးကြည့်ရင်း အိပ်ရာပေါ်မှာ လှဲနေမိတယ်၊ Gym သွားဖို့ကျတော့လည်း စိတ်ပါလက်ပါ မရှိဘဲ ပျင်းရိနေမိတဲ့နေ့တွေ ရှိတတ်ကြတယ်မဟုတ်လား။

ဒါပေမဲ့ ခန္ဓာကိုယ်ကျန်းမာလှပဖို့အတွက် သိပ်
အများကြီး စဉ်းစားမနေဘဲ အခုပဲ ထလိုက်ပါ။

ကြီးကြီးမားမား လေ့ကျင့်ခန်းတွေ ချက်ချင်းမလုပ်နိုင်သေးရင်တောင် အဝတ်အစားလဲပြီး Gym ကို ခြေလှမ်းလှမ်းလိုက်ဖို့ပဲ လိုပါတယ်။ Gym ထဲရောက်သွားတာနဲ့ ပတ်ဝန်းကျင်ရဲ့ Energy က အလိုလို တက်ကြွလာစေမှာပါ။

အပြင်းအထန် လေ့ကျင့်ခန်းတွေကို ချက်ချင်းမစဘဲ ၁၅ မိနစ်လောက် ပေါ့ပေါ့ပါးပါး စလုပ်ကြည့်တာက ပျင်းရိမှုကို ပျောက်ကွယ်သွားစေမယ့် အကောင်းဆုံး နည်းလမ်းပါပဲ။

ကျန်းမာကြံ့ခိုင်ပြီး ကြည့်ကောင်းတဲ့ Body Shape ကို ပိုင်ဆိုင်ဖို့အတွက် ပျင်းရိမှုကို ခဝါချပြီး Jeremy Phyo Fitness Studio ဆီ အခုပဲ အရောက်လာခဲ့လိုက်တော့ဗျာ 🤘

𝐉𝐄𝐑𝐄𝐌𝐘 𝐏𝐇𝐘𝐎 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐒𝐭𝐮𝐝𝐢𝐨

📞 - 09 799 223 958

🏢 Address: အမှတ် ( ၈၆ )၊ ကျောက်မြောင်းလမ်းမကြီးပေါ် ၊ မြို့သစ် ( ၁ ) လမ်းထိပ်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။

🏋️‍♂️ခန္ဓာကိုယ် အပြောင်းအလဲတစ်ခုလုပ်ဖို့ စဉ်းစားတဲ့အခါ ရက်တိုတိုနဲ့ ဝိတ်ကျစေမယ့် ပန်းတိုင်တွေထက် စနစ်ကျတဲ့ အလေ့အကျင့်ကော...
15/08/2026

🏋️‍♂️ခန္ဓာကိုယ် အပြောင်းအလဲတစ်ခုလုပ်ဖို့ စဉ်းစားတဲ့အခါ ရက်တိုတိုနဲ့ ဝိတ်ကျစေမယ့် ပန်းတိုင်တွေထက် စနစ်ကျတဲ့ အလေ့အကျင့်ကောင်းတွေကို တစ်သက်တာ အကျင့်အဖြစ် ဖန်တီးယူတာကမှ ရလဒ်ကို ရေရှည်တည်တံ့စေတာပါ။

အငတ်ခံပြီး ဝိတ်ချတာ၊ ကစားလိုက် နားလိုက်လုပ်တာတွေက ခဏတာ အဆင်ပြေရုံပဲ ရှိမှာဖြစ်ပြီး စိတ်ရော ခန္ဓာပါ ပင်ပန်းစေပါတယ်။

ဒါကြောင့် မိမိနဲ့ ကိုက်ညီမယ့် အာဟာရမျှတစွာ စားသောက်မှု ပုံစံနဲ့ မှန်ကန်တဲ့ လေ့ကျင့်ခန်း နည်းစနစ်တွေကို ပုံမှန် ပုံမှန်လေး ပြုလုပ်သွားတာကမှ စိတ်ကျေနပ်မှု အပြည့်ပေးနိုင်တဲ့ ခန္ဓာကိုယ်အလှကို ဖန်တီးပေးနိုင်မှာပါ။

ရေရှည်တည်တံ့ပြီး ကျန်းမာကြံ့ခိုင်တဲ့ Lifestyle အသစ်တစ်ခုကို စနစ်တကျ စတင်နိုင်ဖို့ Jeremy Phyo Fitness Studioကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်
လိုက်ပါတယ်ခင်ဗျာ 💪🔥

𝐉𝐄𝐑𝐄𝐌𝐘 𝐏𝐇𝐘𝐎 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐒𝐭𝐮𝐝𝐢𝐨

📞 - 09 799 223 958

🏢 Address: အမှတ် ( ၈၆ )၊ ကျောက်မြောင်းလမ်းမကြီးပေါ် ၊ မြို့သစ် ( ၁ ) လမ်းထိပ်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။

တကယ်တော့ Gym ဆော့တာက ခန္ဓာကိုယ်လှဖို့အတွက် အစိတ်အပိုင်းတစ်ခုပဲ ရှိပါသေးတယ်။ ကျန်တဲ့ အရေးကြီးဆုံးအပိုင်းကတော့ နေ့စဉ် စားသ...
13/08/2026

တကယ်တော့ Gym ဆော့တာက ခန္ဓာကိုယ်လှဖို့အတွက် အစိတ်အပိုင်းတစ်ခုပဲ ရှိပါသေးတယ်။

ကျန်တဲ့ အရေးကြီးဆုံးအပိုင်းကတော့ နေ့စဉ် စားသောက်နေတဲ့ Protein နဲ့ Calories ကို သေချာ တွက်ချက်စားသုံးတတ်ဖို့ပါပဲ။

အစားအသောက်မှာ မူတည်ပြီး ဘယ်လို ကွာခြားသွားမလဲဆိုတာ ကြည့်ရအောင်…

🔥 Muscle Gain လုပ်ချင်သူတွေအတွက် လေ့ကျင့်ခန်းလုပ်ရုံတင် မကဘဲ ခန္ဓာကိုယ်က လောင်ကျွမ်းလိုက်တဲ့ Calories ထက် ပိုပြီး ဖြည့်တင်းပေးမှ ကြွက်သားတွေ ထိထိရောက်ရောက် တက်လာမှာပါ။

🔥 Weight Loss လုပ်ချင်သူတွေအတွက် တစ်နေ့တာ သုံးစွဲတဲ့ Calories ထက် လျှော့စားပေးမှ အဆီကျပြီး သစ်လွင်တဲ့ Body Shape ကို ရရှိမှာ ဖြစ်ပါတယ်။

🔥 Protein အချိုးအစား မမှားဖို့ ကြွက်သား တည်ဆောက်တဲ့နေရာမှာ Protein က အဓိက သော့ချက်မို့ မိမိ ကိုယ်အလေးချိန် ပေါင်/ကီလို အလိုက် လိုအပ်တဲ့ Protein ပမာဏကို စနစ်တကျ ဖြည့်ဆည်းပေးဖို့ လိုပါတယ်။

စနစ်ကျတဲ့ Coach ရဲ့ သေချာ လမ်းညွှန်ပေးမှု၊ နည်းမှန်လမ်းမှန် လေ့ကျင့်မှုနဲ့ Nutrition Plan တွေနဲ့အတူ လိုချင်တဲ့ Body Goal ကို အမြန်ဆုံး အကောင်အထည်ဖော်ချင်ရင်တော့ Jeremy Phyo Fitness Studio ကို သာ လှမ်းခဲ့တော့နော် 💪✨

𝐉𝐄𝐑𝐄𝐌𝐘 𝐏𝐇𝐘𝐎 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐒𝐭𝐮𝐝𝐢𝐨

📞 - 09 799 223 958

🏢 Address: အမှတ် ( ၈၆ )၊ ကျောက်မြောင်းလမ်းမကြီးပေါ် ၊ မြို့သစ် ( ၁ ) လမ်းထိပ်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။

Muscle တက်ချင်လို့ Protein တော့ သောက်နေတာပဲ၊ ဘာလို့ ထင်သလောက် သိသာမလာတာလဲ?" ဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ကိုယ်ကို မေးဖူးလာ...
10/08/2026

Muscle တက်ချင်လို့ Protein တော့ သောက်နေတာပဲ၊ ဘာလို့ ထင်သလောက် သိသာမလာတာလဲ?" ဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ကိုယ်ကို မေးဖူးလား?

👉အမှန်ကတော့ အချို့အချက်တွေကို သတိမထားဘဲ Protein သောက်နေရုံနဲ့တင် မလုံလောက်ပါဘူး။

ပထမဆုံးအနေနဲ့ Weight Loss လား၊ Muscle Gain လား အပေါ်မူတည်ပြီး Whey Isolate, Concentrate, Blend စတဲ့ အမျိုးအစားတွေထဲက ကိုယ်နဲ့ အသင့်တော်ဆုံးကို စနစ်တကျ ရွေးချယ်တတ်ဖို့ လိုပါတယ်။

ဒါ့အပြင် 💪လူတစ်ယောက်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ Protein ပမာဏဟာ သူ့ရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ လှုပ်ရှားမှုပေါ် မူတည်တာမို့ များများသောက်လေ ပိုကောင်းလေမဟုတ်ဘဲ သောက်ရမယ့် ပမာဏနဲ့ သောက်သုံးရမယ့် အချိန် ၊ Workout ပြီးချိန် သို့မဟုတ် အိပ်ခါနီးအချိန်ကိုပါ မှန်ကန်အောင် ဂရုစိုက်ရပါမယ်။

❗️အရေးကြီးဆုံးအချက်ကတော့ Protein ဆိုတာ Muscle Build လုပ်ဖို့ ဖြစ်တာကြောင့် တောင့်တင်းတဲ့ လေ့ကျင့်ခန်းတွေ တသမတ်တည်း မလုပ်ရင်တော့ ဒီ Protein တွေကို ခန္ဓာကိုယ်က အပြည့်အဝ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

ဒီအချက်တွေကို စနစ်တကျ ပေါင်းစပ်လိုက်ရင်တော့ ကိုယ်လိုချင်တဲ့ Muscle Gain Result တွေကို မြင်တွေ့လာရမှာဖြစ်ပါတယ်။ ကိုယ့်အတွက် အသင့်တော်ဆုံး Workout တွေ၊ Diet Plan တွေနဲ့ Supplement အကြံဉာဏ်တွေကို စနစ်တကျ ရယူချင်တယ်ဆိုရင်တော့ Jeremy Phyo Fitness Studio ကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

𝐉𝐄𝐑𝐄𝐌𝐘 𝐏𝐇𝐘𝐎 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐒𝐭𝐮𝐝𝐢𝐨

📞 - 09 799 223 958

🏢 Address: အမှတ် ( ၈၆ )၊ ကျောက်မြောင်းလမ်းမကြီးပေါ် ၊ မြို့သစ် ( ၁ ) လမ်းထိပ်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။

Gym သွားတတ်ပေမဲ့ လိုချင်တဲ့ ရလဒ်မထွက်လို့ စိတ်ပျက်နေပါသလား…❓🏋️‍♂️ပုံမှန်ကစားတာဟာ မိမိစိတ်ကြိုက် အချိန်မှာ လွတ်လပ်စွာ လာရ...
07/08/2026

Gym သွားတတ်ပေမဲ့ လိုချင်တဲ့ ရလဒ်မထွက်လို့ စိတ်ပျက်နေပါသလား…❓

🏋️‍♂️ပုံမှန်ကစားတာဟာ မိမိစိတ်ကြိုက် အချိန်မှာ လွတ်လပ်စွာ လာရောက်ကစားနိုင်ပြီး အလေ့အကျင့်တစ်ခု ရစေပေမယ့် နည်းလမ်းမမှန်ရင် ရလဒ်ထွက်ဖို့ အချိန်အများကြီး ကြာမြင့်
တတ်ပါတယ်။

Form မမှန်လို့ ဒဏ်ရာရနိုင်ခြေ ပိုမြင့်သလို၊ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းဇယားကို ကိုယ်တိုင် စမ်းသပ် ရေးဆွဲနေရတာကြောင့် လမ်းပျောက်လေ့ ရှိကြပါတယ်။

🏋️‍♂️Personal Training (PT) ယူပြီး ကစားတာကတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ ပန်းတိုင်အပေါ် မူတည်ပြီး သီးသန့် Program ရေးဆွဲပေးတာကြောင့် လမ်းကြောင်းမှန်မှန်နဲ့ လိုချင်တဲ့ Body Goal ကို မြန်မြန်ဆန်ဆန် ရောက်ရှိစေပါတယ်။

လေ့ကျင့်ခန်းလုပ်ရာမှာ ဒဏ်ရာမရအောင် အနီးကပ် Form ပြင်ပေးမယ့်အပြင် အာဟာရပိုင်း Meal Plan ပါ အစအဆုံး Guide လုပ်ပေးလို့ စိတ်ဓာတ်ကျမသွားဘဲ ထိရောက်တဲ့ ပြောင်းလဲမှုကို တိတိကျကျ ခံစားရမှာပါ။

တိုတိုပြောရရင်… ပုံမှန်ကစားတာက အလေ့အကျင့်တစ်ခုပဲ ရစေပေမဲ့ PT ယူတာကတော့ စစ်မှန်တဲ့ ရလဒ်ကို ပေးစွမ်းပါတယ်။

အချိန်တွေ မဖြုန်းပါနဲ့တော့… Jermery Phyo Fitness Studio မှာ နည်းလမ်းမှန်မှန်နဲ့ မြန်မြန်ဆန်ဆန် ပြောင်းလဲလိုက်ရအောင်။ 💪✨

𝐉𝐄𝐑𝐄𝐌𝐘 𝐏𝐇𝐘𝐎 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐒𝐭𝐮𝐝𝐢𝐨

📞 - 09 799 223 958

🏢 Address: အမှတ် ( ၈၆ )၊ ကျောက်မြောင်းလမ်းမကြီးပေါ် ၊ မြို့သစ် ( ၁ ) လမ်းထိပ်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။

ကြည့်လိုက်တာနဲ့ ကြံ့ခိုင်ပြီး သွယ်လျလှပတဲ့ Body Shape တစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတာ လေ့ကျင့်ခန်းတစ်ခုတည်းကြောင့် မဟုတ်ပါဘ...
05/08/2026

ကြည့်လိုက်တာနဲ့ ကြံ့ခိုင်ပြီး သွယ်လျလှပတဲ့ Body Shape တစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတာ လေ့ကျင့်ခန်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

တိကျတဲ့ နည်းလမ်းနဲ့ မှန်ကန်တဲ့ အလေ့အကျင့်ကောင်းတွေကို စနစ်တကျ ပေါင်းစပ်လိုက်တာကြောင့်ပဲဖြစ်ပါတယ်။

🏋️‍♂️တစ်ရက်ထဲမှာ အလွန်အကျွံ အမောခံတာထက် နည်းလမ်းမှန်မှန်နဲ့ ပုံမှန် ဇွဲရှိရှိ လေ့ကျင့်ပေးဖို့ လိုသလို၊ အငတ်မခံဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို မျှတအောင် စားသုံးပေးရပါတယ်။

ဒါတင်မကသေးဘဲ လေ့ကျင့်ထားသမျှ ကြွက်သားတွေ ပြန်လည်ဖွံ့ဖြိုးဖို့အတွက် ပြည့်ပြည့်ဝဝ အနားယူပေးဖို့လည်း အရေးကြီးပါတယ်။

အဓိကအချက်ကတော့ မိမိခန္ဓာကိုယ်နားလည်တဲ့ ကျွမ်းကျင်သူရဲ့ စနစ်ကျတဲ့ လမ်းညွှန်မှုနဲ့ ကစားမှသာ ဒဏ်ရာရတာတွေ၊ အချိန်ကုန်တာတွေမဖြစ်ဘဲ လိုချင်တဲ့ ရလဒ်ကို မြန်မြန်ဆန်ဆန် ရရှိစေမှာပါ။

စိတ်ကူးထဲကအတိုင်း ကျန်းမာလှပပြီး ယုံကြည်မှုအပြည့်ရှိတဲ့ Body Shape ကို အကောင်အထည် ပုံဖော်ချင်တယ်ဆိုရင်တော့ Jeremy Phyo Fitness Studio မှာ Professional Coach နဲ့အတူ စတင်လိုက်ပါခင်ဗျာ 💪🔥

𝐉𝐄𝐑𝐄𝐌𝐘 𝐏𝐇𝐘𝐎 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐒𝐭𝐮𝐝𝐢𝐨

📞 - 09 799 223 958

🏢 Address: အမှတ် ( ၈၆ )၊ ကျောက်မြောင်းလမ်းမကြီးပေါ် ၊ မြို့သစ် ( ၁ ) လမ်းထိပ်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။

#ကျောက်မြောင်း

💪 Workout ပြီးသွားတိုင်း Stretching သေချာမလုပ်ဘဲ ပြန်လေ့ရှိပါသလား? ကစားတာ လေ့ကျင့်တာတွေ ဘယ်လောက်ပဲ ကောင်းကောင်း ကစားပြီး...
03/08/2026

💪 Workout ပြီးသွားတိုင်း Stretching သေချာမလုပ်ဘဲ ပြန်လေ့ရှိပါသလား?

ကစားတာ လေ့ကျင့်တာတွေ ဘယ်လောက်ပဲ ကောင်းကောင်း ကစားပြီးတဲ့အခါ Stretching သေချာ မလုပ်ဘဲ အလွယ်တကူ ကျော်သွားတတ်ကြပါတယ်။

ဒါပေမဲ့ Stretching ကို ပေါ့ပေါ့ဆဆ လုပ်မိတဲ့အခါ ကြွက်သားတွေ တင်းမာပြီး နာကျင်တာ၊ Flexibility နည်းသွားတာနဲ့ နောက်ပိုင်း လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒဏ်ရာရလွယ်တာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြုံတွေ့ရစေနိုင်ပါတယ်။

ဒါကြောင့် Workout တိုင်းရဲ့ အဆုံးမှာ အချိန် ၅ မိနစ်ကနေ ၁၀ မိနစ်လောက် ပေးပြီး Stretching သေချာ လုပ်ပေးတာက ကြွက်သား နာကျင်မှုကို သက်သာစေရုံတင်မကဘဲ နောက်တစ်နေ့ လေ့ကျင့်ခန်းအတွက်ပါ ခန္ဓာကိုယ်ကို အကောင်းဆုံး ပြင်ဆင်ပြီးသား ဖြစ်စေမှာပါ။

စနစ်ကျပြီး ထိရောက်တဲ့ လေ့ကျင့်ခန်း ပုံစံတွေနဲ့ အတူ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ Jeremy Phyo Fitness Studio သို့ အခုပဲ လာ
ရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါရစေခင်ဗျာ🏋️‍♂️

𝐉𝐄𝐑𝐄𝐌𝐘 𝐏𝐇𝐘𝐎 𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐒𝐭𝐮𝐝𝐢𝐨

📞 - 09 799 223 958

🏢 Address: အမှတ် ( ၈၆ )၊ ကျောက်မြောင်းလမ်းမကြီးပေါ် ၊ မြို့သစ် ( ၁ ) လမ်းထိပ်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။

#ကျောက်မြောင်း #အကြောလျှော့

Address

အမှတ်(86)ကျောက်မြောင်းလမ်းမကြီးပေါ်, မြိုသစ် . ၁ လမ်းထိပ် ကျောက်မြောင်း တာမွေမြိုနယ်
Nay Pyi Taw

Telephone

+959799223958

Website

Alerts

Be the first to know and let us send you an email when JeremyPhyo.Fitness Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share