M.H.K Fitness

M.H.K Fitness Fitness trainer

18/01/2024

၂၀၂၄-မှာကျန်းမာသန်စွမ်းဖို့ဆိုရင်ဒါလေးတွေမှတ်ထားဗျာ။-ဗိုက်ကြွက်သားနေ့တိုင်းကစားရုံနဲ့ဗိုက်အဆီမကျပါ-အသီးအနှံတွေကိုပရိုတိန...
17/01/2024

၂၀၂၄-မှာကျန်းမာသန်စွမ်းဖို့ဆိုရင်
ဒါလေးတွေမှတ်ထားဗျာ။

-ဗိုက်ကြွက်သားနေ့တိုင်းကစားရုံနဲ့ဗိုက်အဆီမကျပါ

-အသီးအနှံတွေကိုပရိုတိန်းတွေကိုဒုတိယနေရာမှာထားပါ

-စားတဲ့အနပ်တိုင်းမှာအသားဓါတ်ကိုအရင်စားပါ

-အသီးအမျိုးမျိုးအရွက်အမျိုးမျိုးစားပါ

-တစ်ပါတ်မှာတစ်ပေါင်၊နှစ်ပေါင်ကျရင်ရှယ်ပါ။
အဲ့ထက်ပိုပီးလောဘမကြီးပါနဲ့

-လေ့ကျင့်ခန်းတွေကကျန်းမာဖို့သန်စွမ်းဖို့သက်လုံကောင်းဖို့ကြွက်သားကြီးထွားဖို့

-အာဟာရကကျန်းမာဖို့၊အနာကင်းဖို့၊
စွမ်းအင်တိုးဖို့၊ဝိတ်တင်/ချဖို့

-နေ့တိုင်းလမ်းလျှောက်ပါ။
လျှောက်နိုင်သလောက်လျှောက်ပါ။

-မနက်စောစောလမ်းလျှောက်တာက
စွမ်းဆောင်ရည်၁၀ တက်ဖို့အတွက်
ဆေးလို့တင်စားချင်တယ်ဗျာ။

လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ #ဖစ်ဂုရု #အဆီချလက်စွဲ
#ကာယဗလသော့ချက်များ


#မူရင်းရေးသားသူအားလေးစားလျက်

လူတော်တော် များများက ဝိတ်ချဖို့ body fit ဖြစ်ဖို့ အတွက်ကို ဘာလေ့ကျင့်ခန်းလုပ်ရမလဲကိုအရင်တွေးကျတယ်။ ကိုယ့်ရဲ့ တစ်နေ့ တာ မ...
29/11/2023

လူတော်တော် များများက ဝိတ်ချဖို့ body fit ဖြစ်ဖို့ အတွက်ကို ဘာလေ့ကျင့်ခန်းလုပ်ရမလဲကိုအရင်တွေးကျတယ်။ ကိုယ့်ရဲ့ တစ်နေ့ တာ မှာ ဘာတွေ စားသောက်နေလဲ ဘာတွေ စားသောက်သင့်လဲဆိုတာကို မေ့နေတတ်ကြပါတယ်။
weight loss ဖြစ်ချင်တယ်၊ကိုယ့် body ကို ပြောင်းလဲချင်တယ်ဆိုရင် အရင်ဆုံးတွေးရမာက ကိုယ့်ရဲ့ တစ်နေ့တာမှာ ဘာတွေ စားသောက်နေလဲ ဆိုတာကို အရင်စဉ်းစားပါ။ မိတ်ဆွေ တစ်နေ့တာ စားသောက်တဲ့ အစားအစာတွေမှာ junk foods တွေ၊readymade အစားအသောက်တွေ ၊ဖျော်ရည်တွေ ကများနေတယ် ဆိုရင်တော့ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေရုံနဲ့ ကိုယ်လိုချင်တဲ့ body goal ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။
Junk foods၊readymade foods၊ဖျော်ရည်တွေကိုလျှော့နိုင်သမျှ လျှော့ပါ ရေများများသောက်ပါ ၊တစ်နေ့ကို နာရီဝက် ၄၅မိနစ်လောက် လေ့ကျင့်ခန်းပုံမှန် လုပ်ပါ အိပ်ရေးဝအောင် အိပ်ပါ အချိန်တခုရောက်ရင် မိတ်ဆွေ လိုချင်တဲ့ body goal ကို ရောက်လာပါလိမ့်မယ်။

ထိုင်ထ(squat) လေ့ကျင်ခန်းရဲ့ ကောင်းကျိုးကျွန်တော်တို့ ငယ်ငယ်က ယောကျ်ားလေးတွေ ထိုင်ထ လေ့ကျင့်ခန်းတွေ လုပ်ရင် မင်းတင်ပါးကြ...
25/11/2023

ထိုင်ထ(squat)
လေ့ကျင်ခန်းရဲ့ ကောင်းကျိုးကျွန်တော်တို့ ငယ်ငယ်က ယောကျ်ားလေးတွေ ထိုင်ထ လေ့ကျင့်ခန်းတွေ လုပ်ရင် မင်းတင်ပါးကြီး ကြီးလာမယ်ဆိုတဲ့ စကားကို တော်တော် များများ ကြားဖူးကြမှာပါ။ ဟုတ်ကဲ့ ကျွန်တော် ဒီနေ့ ပြောပြမဲ့ လေ့ကျင့်ခန်းလေးကတော့ ကျွန်တော်တို့ ယောကျ်ားလေးတွေ ငယ်ငယ်က ဂျင်းထည့်ခံရတဲ့ ထိုင်ထ (squats)လေ့ကျင့်ခန်းလေးပါခင်ဗျ။
ထိုင်ထ(squats)လေ့ကျင့်ခန်းဟာ အခြေခံကျတဲ့ လေ့ကျင့်ခန်းတွေထဲကတစ်ခုဖြစ်ပြီး ထိုင်ထ(squats)လေ့ကျင့်ခန်းကို လေ့ကျင့်ခြင်း အားဖြင့် ကျွန်တော် တို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်း မှာရှိတဲ့ ခြေထောက်၊ပေါင်၊တင်ပါးကြွက်သားတွေကို သန်မာ စေတဲ့အပြင် ဝမ်းဗိုက်နဲ့ နောက်ကျော ကြွက်သားတွေကိုပါ ထိရောက်ပီး အဆီလောင်ကျွမ်းမှုကိုလဲ ကောင်းစွာ အထောက်အကူပြုပါတယ်။ထိုင်ထ လေ့ကျင့်ခန်းကို ပုံမှန် လုပ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ် အနေအထားကိုပိုကြည့်ကောင်းစေပြီး သက်ကြီးပိုင်းတွေမှာဖြစ်တတ်တဲ့ ဒူးခေါင်းနာကျင်မှုတွေ ခါးနာတာတွေကို သက်သာစေပါတယ်။ ထိုင်ထ(squats)လေ့ကျင့်ခန်းဟာ လူကြီး၊ လူငယ်၊ကျား၊မ အသက်အရွယ် မရွေး လေ့ကျင့်လို့ ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပီး မိမိ အိမ်မာတင် အကူပစ္စည်း ကိရိယာ တွေမလိုအပ်ဘဲ လေ့ကျင့်လို့ရတဲ့ လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ ထိုင်ထ(squats)လေ့ကျင့်ခန်း စလုပ်တော့မယ် ဆိုရင် အကြိမ်ရေ များများရဖို့ အလေးများများနဲ့ လေ့ကျင့်နိုင်ဖို့ထက် ပုံစံ(form) မှန် ဖို့ကို အရင်ဦးစားပေးပါ။ ပုံစံ မှန်မှန် နဲ့ စနစ်တကျ လေ့ကျင့်ခြင်းက injuries ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပီး မိမိ Target ထားတဲ့ ကြွက်သားအုပ်စုတွေကို ပိုပြီးထိရောက်စေပါတယ်။ မိတ်ဆွေ ဟာကိုယ့်ကိုကိုယ် ပြောင်းလဲ ချင်တဲ့ လူတစ်ယောက်ဆိုရင်တော့ ဒီနေ့ကစပြီး ထိုင်ထ(squats)လေ့ကျင့်ခန်းလေးကို စပြီးလေ့ကျင့်ကြည့်လိုက်ပါ။

မိတ်ဆွေဟာ ကိုယ့် body ကိုယ့် lifestyle ကိုပြောင်းလဲချင်တဲ့လူဆိုရင် ဒီpage လေးကို like and follow လေးလုပ်ထားလိုက်ပါ မိတ်ဆွေ။ ဒီ pageလေးမှာ fitnessနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေ gym သွားစရာမလိုဘဲ အိမ်မာ ကိုယ့်ဘာသာလေ့ကျင့်လို့ရမဲ့ လေ့ကျင့်ခန်းတွေ ကို ပုံမှန်မျှဝေ ပေးသွားပါ့မယ်ခင်ဗျ။

ဒိုက်ထိုးခြင်းရဲ့ ကောင်းကျိုးများဒိုက်ထိုးလေ့ကျင့်ခန်းကိုလုပ်တဲ့ အခါမှာ ကျွန်တော် တို့ ခန္ဓာကိုယ် အပေါ်ပိုင်း ကြွက်သားအု...
22/11/2023

ဒိုက်ထိုးခြင်းရဲ့ ကောင်းကျိုးများ

ဒိုက်ထိုးလေ့ကျင့်ခန်းကိုလုပ်တဲ့ အခါမှာ ကျွန်တော် တို့ ခန္ဓာကိုယ် အပေါ်ပိုင်း ကြွက်သားအုပ်စုတွေ ဖြစ်တဲ့ ရင်ဘတ်၊လက်မောင်း၊ပုခုံး၊ဝမ်းဗိုက် နဲ့ နောက်ကျော စတဲ့ ခန္ဓာ ကိုယ် အပေါ်ပိုင်းကြွက်သားတွေကို ထိရောက်စေပါတယ်။
ဒိုက်ထိုး လေ့ကျင့်ခန်းရဲ့ နောက်ထပ် ကောင်းကျိုးက နေရာ အကျယ် အဝန်းတွေ အကူပစ္စည်း ကိရိယာ တွေ မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ body weight တခုထဲနဲ့ ကစားလို့ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒိုက်ထိုးခြင်းဟာ ခန္ဓာကိုယ် အနေအထားကို ပိုမိုကြည့်ကောင်းလာအောင်လဲ အထောက်အကူ ပြုပါတယ်။ မိတ်ဆွေဟာ လက်ပြင်ကုန်းနေတဲ့ လူတယောက်ဆိုရင် ဒိုက်ထိုးလေ့ကျင့်ခန်းကို လေ့ကျင့် ကြည့်ဖို့ recommend ပေးပါတယ်။
ဒိုက်ထိုးလေ့ကျင့်ခန်းကို စတင်လုပ်တော့မယ်ဆိုရင် အရင်ဆုံး နည်းစနစ် မှန်အောင်လုပ်ပါ။ နည်းစနစ် ပုံစံ မမှန်ဘဲ လေ့ကျင့်ရင် ထိရောင်သင့်သလောက် မထိရောက်တာ
injuries ရတာတွေ ဖြစ်နိုင်ပါတယ်။ ဘာလေ့ကျင့်ခန်းဘဲ လုပ်လုပ် ပုံစံကျအောင် form မှန်
အောင် ဦးစွာလေ့ကျင့်ပါ။ အကြိမ်ရေ များများ ရဖို့ထက် form မှန်မှန် နဲ့ ကိုယ်လုပ်နိုင်
သလောက် စနစ်တကျထိရောက်အောင်ကစားပါ။
လူဆို တာ ငြီးငွေ့လွယ် တဲ့ အမျိုးအစားတွေပါ၊ ဒိုက်ကို ပုံစံတမျိုးထဲ မထိုးပါနဲ့ အပြောင်းအလဲလေးတွေ လုပ်ပီး ကစားကြည့်ပါ။ ဒိုက်ထိုးကစားနည်းအမျိုးမျိုး ရှိပါတယ်
(Standard push-up,wide grip push-up,diamond push-up,etc)
တစ်ရက်ကို ကစားနည်းတစ်မျိုး ဖြစ်ဖြစ် အပြောင်းအလဲလေးတွေ လုပ်ပြီး လေ့ကျင့်ကြည့်ပါ။
မိတ်ဆွေဟာ ကိုယ့်ကိုကိုယ် ပြောင်းလဲချင်တဲ့ လူတစ်ယောက်ဆိုရင် ဒီနေ့က စပီး push-up လေ့ကျင့်ခန်းကို စလုပ်ကြည့်လိုက်ဖို့ အကြံပြုပါတယ်

မိတ်ဆွေဟာ ကိုယ့် body ကိုယ့် lifestyle ကိုပြောင်းလဲချင်တဲ့လူဆိုရင် ဒီpage လေးကို like and follow လေးလုပ်ထားလိုက်ပါ မိတ်ဆွေ။ ဒီ pageလေးမှာ fitnessနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေ gym သွားစရာမလိုဘဲ အိမ်မာ ကိုယ့်ဘာသာလေ့ကျင့်လို့ရမဲ့ လေ့ကျင့်ခန်းတွေ ကို ပုံမှန်မျှဝေ ပေးသွားပါ့မယ်ခင်ဗျ။

Address

Nawnghkio

Website

Alerts

Be the first to know and let us send you an email when M.H.K Fitness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share