Natogyi Cyclists & Runners Group - NCRG

Natogyi Cyclists & Runners Group - NCRG Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Natogyi Cyclists & Runners Group - NCRG, Cycling Studio, Natogyi.

13/04/2022

Drinking toddy on the way back to home from Bagan.

NCG BIKERS

13/04/2022

Bagan Trip
NCG bikers

11/03/2022

Yeah!! On top of the world!!!

Create by Jason Cheong Singapore

မင်္ဂလာပါ Biker တို့ရေ...ဒီတစ်ခါ စက်ဘီးနင်းရင် ခြေထောက်နဲ့နင်းရတာမှာ ခြေထောက်အနေအထား မှန်ကန်စေဖို့ ခြေဖဝါးအထားအသိုမှန်စေ...
15/01/2022

မင်္ဂလာပါ Biker တို့ရေ...

ဒီတစ်ခါ စက်ဘီးနင်းရင် ခြေထောက်နဲ့နင်းရတာမှာ ခြေထောက်အနေအထား မှန်ကန်စေဖို့ ခြေဖဝါးအထားအသိုမှန်စေတဲ့ #ကလစ်ခြေနင်းနဲ့ နင်းတာလေး ပြောပြချင်ပါတယ်။ စက်ဘီးနင်းရင်၊ နင်းသက်ကြာလာရင်တော့ ကလစ်ခြေနင်းနဲ့ နင်းတာဟာ ကောင်းကျိုးတွေများသလို အကောင်းဆုံးလို့လည်း ပြောလို့ရပါတယ်။

ဒီနေရာမှာ #အခုမှစနင်းမယ့်သူတွေအတွက် ပထမဆုံးကြောက်မိတာက ကလစ်တပ်ထားရင်း စက်ဘီးလဲမှာ ဆိုတာပါ။ တကယ်တမ်းက စက်ဘီးဆိုတာ လဲတတ်တာပါပဲ။ ကလစ်မတပ်ပဲ လဲတာကတောင် impact ဆိုးကျိုးပိုများပါတယ်။

#ကလစ်တပ်ပြီးနင်းလို့လဲတာဟာ အချက် ၂ ချက်ကြောင့်ပဲ ရှိတယ်

1. နင်းနေကျမဟုတ်လို့ စက်ဘီးရပ်ပြီး ကလစ်ဖြုတ်ဖို့မေ့တာရယ် (နောက်ပိုင်းဆို ဒါကို မမေ့တော့ပါဘူး)

2. ရှေ့ကစီးနင်းဖေါ် ဘော်ဒါရဲ့ဘီးက ရုတ်တရက်ရပ်လိုက်တာမျိုးဆိုရင်လည်း လဲတတ်ပါတယ်

ဒီ ၂ ချက်ကြောင့်သာ အလဲများတတ်ပြီး ဒီလိုလဲတာဟာ speed မများလို့ ဒဏ်ရာရတာ သက်သာတယ်ဆိုတာ သိစေချင်ပါတယ်

#ကလစ်နဲ့နင်းတာဟာ တကယ်တော့ #တပ်ရ၊ ဖြုတ်ရတာအရမ်းလွယ်ပါတယ်၊ စက်ဘီးပေါ်စတက်မယ်ဆိုတာနဲ့ ဘားတန်းပေါ်ခွမယ်၊ ခြေထောက်က ခြေနင်းပြားပေါ်က ကလစ်ရှိမယ့်နေရာကို မှန်းတင်ပြီး ဖိချလိုက်တာနဲ့ "ကလစ်" ဆိုတဲ့အသံကို ကြားရမယ်၊ ဒါဆိုရင် ကလစ်ကို တစ်ဖက်တပ်ပြီးသွားပါပြီ၊ ဘီးကိုလှိမ့်မယ်၊ ရှေ့ကိုအားနဲ့နင်း၊ နောက်ခြေထောက်တစ်ဖက်ကို ခြေနင်းပြားပေါ်တင်၊ ဖိချလိုက်ရင် တပ်ပြီးသွား ဖြစ်သွားပါပြီ။ နောက်ပိုင်း အဲ့လိုအသံလေးကြားရတာကိုက ဖီးလ်ပဲဆိုတာ အမျိုးတို့ သိလာပါလိမ့်မယ် 😀

#နောက်ထပ် အကျိုးကျေးဇူးတွေကတော့ ခြေဖဝါးကို ခြေနင်းရဲ့ ဘယ်နေရာမှာတင်ပြီး နင်းရမလည်းဆိုတာကို အတိအကျတွက်ချက်ထားသလိုပါပဲ၊ ကလစ်တပ်လိုက်ပြီဆိုတာနဲ့ ခြေဖဝါးအနေအထားက မှန်ကန်တဲ့အထားအသိုမှာ ရှိနေပြီးသားဖြစ်သွားပါတယ်။ ဒီလိုမှန်ကန်သွားတာနဲ့အမျှ နင်းအားတက်ဖို့ တစ်ခုတည်းကို လုံ့လစိုက်လို့ ရသွားပါတယ်။ ခြေနင်းပေါ်မှာ ခြေထောက်‌ေချာ်ထွက်တာတို့၊ ခြေဆီထွက်လို့ အနေအထားလွဲတာတို့ စတာတွေမဖြစ်တော့ပါဘူး။ ခြေနင်းလိုက်တဲ့ ဖိနင်းအားတင်မကဘူး၊ ဆွဲတင်အားပါရတဲ့အတွက် speed ပိုထွက်ပါတယ်။

#အောက်က ပုံတစ်ပုံမှာလည်း ဘယ်လိုတပ် ဘယ်လိုဖြုတ်ဆိုတာကို ပြပေးထားပါတယ်။ တပ်ရင် ဖိနင်းလိုက်မယ်၊ ဖြုတ်ရင်တော့ ခြေဖ၀◌ါးလေးကို ဘေးကို ဆတ်ခနဲ လှည့်လိုက်ရင် ပြုတ်သွားပါပြီ။

#အနှစ်ချုပ်ရရင်တော့ ကိုယ့်ရဲ့ စက်ဘီးစီးသက်ရင့်လာပြီဆိုရင် ပြိုင်ပွဲဝင်တာပဲဖြစ်ဖြစ်၊ အပျော်တမ်းပဲ ဖြစ်ဖြစ်၊ ကလစ်ဖိနပ်၊ ကလစ်ခြေနင်းနဲ့ စမ်းပြီးနင်းသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုမျိုး ကလစ်ဖိနပ်၊ ခြေနင်းတွေနဲ့ နင်းတာနဲ့ပက်သက်တဲ့ Technical fitting and skills တွေကိုတော့ ကိုယ်တွေ့ကိုအခြေခံပြီး နောက်တစ်ပိုင်းမှာ ရေးပါဦးမယ်။

👌ကလစ်ဖိနပ် + ခြေနင်းနဲ့နင်းလို့ရမယ့် ကောင်းကျိုးတွေကတော့

#ဒူးအပြင်ကို ကားထွက်မနေတော့ဘူး၊ အတွင်းကိုလည်း ခွင်ဝင်မနေတော့ဘူး (ကျနော့်အသိ စီးနင်းဖေါ်တစ်ချို့ အတွင်းကို ခွင်ဝင်နေတာ တွေ့ဖူးတယ်ဗျ)

#ခြေနင်းပေါ်ကို ခြေဖဝါး အထားအသို မှန်ကန်မယ်

#နင်းအားပိုကောင်းမယ်

ပိုထွက်တယ်

#ခြေထောက်တစ်ချောင်းလုံးက ငြိမ်ပြီး ကြွက်သားအားလုံးရဲ့ ခွန်အားတွေဟာ ခြေနင်းပေါ်ကို ကျရောက်နေမယ် စသည်ဖြင့် အများကြီးပါပဲ။

#နောက်တစ်ခုရှိတာက စက်ဘီးပေါ်ကိုတက်၊ ဖိနပ်ကို ခြေနင်းပေါ်ကိုချပြီး ဖိနင်းလိုက်လို့၊ ဖိနပ်က ကလစ်က၊ ခြေနင်းက Cleat ထဲကို "ချောက်" ကနဲဝင်သွားတဲ့အသံကို ကြားလိုက်ရတဲ့အရသာက နင်းဖူးတဲ့သူပဲ သိမယ့် ခွန်အားတက်စေတဲ့ အသံဆိုတာပါပဲဗျ 😀

#နိဂုံးချုပ် ပြောရရင်တော့ စက်ဘီးစီးနင်းသူ အမျိုးတို့အတွက် ကလစ်ဖိနပ်၊ ကလစ်ခြေနင်းသည် လိုအပ်တဲ့အရာတွေဖြစ်ကြောင်း...

Credit to Bicycle Lover Myanmar & Original Writer

NCG 100km Natogyi to Myittha Round TripSuper Sunday Activity9Jan2022
09/01/2022

NCG 100km Natogyi to Myittha Round Trip

Super Sunday Activity
9Jan2022

"ဘာကြောင့် စက်ဘီး‌ေန့စဥ်စီးသင့်သလဲ?"--------------------------------------တကယ်တော့ စက်ဘီးစီးတယ်ဆိုတာ gym ဆော့စရာမလိုဘဲခန...
28/12/2021

"ဘာကြောင့် စက်ဘီး‌ေန့စဥ်စီးသင့်သလဲ?"
--------------------------------------

တကယ်တော့ စက်ဘီးစီးတယ်ဆိုတာ gym ဆော့စရာမလိုဘဲခန္ဓာကိုယ်ကို
အဆီကျလှပစေတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါပဲ။

စက်ဘီးစီးပေးခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

စက်ဘီးစီးခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလေ့လာကြည့်လိုက်ကြရအောင်။

၁... ကြံ့ခိုင်သန်စွမ်းစေတယ်
လူသားတစ်ယောက်အနေနဲ့ ကျမ တို့ရဲ့ခန္ဓာကိုယ်ပုံမှန်အလုပ်လုပ်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

အဲဒီထဲမှာမှ စက်ဘီးစီးခြင်းက ခန္ဓာကိုယ်အတွက် အကောင်းဆုံးပါပဲ။ နောက်ပြီး စက်ဘီးစီးခြင်းက ပေါင်တွေ၊ ခြေသလုံးတွေကိုပဲ သန်စွမ်းစေတဲ့လေ့ကျင့်ခန်းမဟုတ်ပါဘူး။

စက်ဘီးစီးပြီဆိုရင် ခန္ဓာကိုယ်ပေါ်ကအစိတ်အပိုင်းအားလုံး လှုပ်ရှားရတဲ့အတွက် ကိုယ်ကာယတစ်ခုလုံးကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။

၂...စိတ်ဖိစီးမှုကိုလည်းပြေပျောက်စေပါတယ်
ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေအပြင် စက်ဘီးစီးခြင်းက စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။

ဘာလို့လဲဆိုတော့ စက်ဘီးစီးခြင်းက သဘာဝတရားကြီး (မျက်နှာကို တိုးဝှေ့တိုက်ခတ်လာတဲ့ လေပြည်လေညှင်း၊ မနက်ခင်းအချိန်ရဲ့ ပူနွေးတဲ့ နေရောင်ခြည်၊ မော်တော်ကားတွေကထွက်တဲ့ ကာဘွန်ဒိုအောက်ဆိုဒ်တွေ မရောနှောသေးလို့ သန့်စင်နေတဲ့လေထု) နဲ့ ပိုမိုအချိတ်အဆက်မိဖို့ အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။

ပြီးတော့ သဘာဝတရားကို ပိုမိုချစ်မြတ်နိုးစေပါတယ်။ တစ်ဆက်တည်းမှာပဲ စက်ဘီးစီးခြင်းက စိတ်ဖိစီးမှုကိုကင်းဝေးစေပြီး နေရထိုင်ရလည်း သက်သာစေပါတယ်။

အကောင်းဆုံးအပိုင်း ကတော့ မနက်တိုင်း၊ ညနေတိုင်း ပုံမှန်စက်ဘီးစီးပေးခြင်းဖြင့် စိတ်ကျရောဂါ၊ စိတ်ဖိစီးလွန်ရောဂါ၊ ပူပန်သောကများခြင်းရောဂါတို့လိုမျိုး စိတ်ပိုင်းဆိုင်ရာမကျန်းမာမှုမျိုးတွေ ကင်းဝေးစေပါတယ်။

၃...အဆီပိုတွေကိုလောင်ကျွမ်းစေပါတယ်
sweatpant (အသားကပ်ဘောင်းဘီ) တွေဝတ်ထားတဲ့လူတွေကြားမှာ လေ့ကျင့်ခန်းလုပ်ရတာပျော်ဖို့ကောင်းပါသလား။

ချွေးနံ့ပေါင်းစုံနဲ့ အခန်းထဲမှာ လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန် ကျဆင်းဖို့ ကြိုးစားမယ့်အစား အပြင်ထွက်ပြီးစက်ဘီး ထွက်စီးလိုက်ပါ။

စက်ဘီးစီးတယ်ဆိုတာ ခြေနင်းနင်းပြီး စီးရတာဖြစ်တဲ့ အတွက်စက်ဘီးခြေနင်းကို နင်းပေးခြင်းဖြင့် ပေါင်နဲ့ခြေသလုံး သာမက တစ်ကိုယ်လုံးမှာရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးအလုပ်လုပ်ရပါတယ်။

အဲဒီလို လုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်က မလိုလားအပ်တဲ့ အဆီပိုတွေကိုလည်း ဖယ်ရှားပေးပါတယ်။

Gym ဆော့တာထက် ပိုကောင်းတာကတော့ ပြင်ပက လေကောင်းလေသန့်ကိုပါ ရှူရှိုက်နိုင်တဲ့အတွက် အဆီပိုတွေကိုပါလောင်ကျွမ်းစေရာမှာ အကောင်းဆုံး လေ့ကျင့်ခန်းပါပဲ။

၄...နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။
စက်ဘီးစီးခြင်းက အသက်ရှူခြင်းနဲ့ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန် စေတဲ့အတွက် ကျန်းမာရေး အတွက်လည်း သင့်တော်ပါတယ်။

နောက်ပြီး စက်ဘီးစီးခြင်းက ခြေထောက်ကြွက်သားတွေကို အဓိကထားရတဲ့အတွက် နှလုံးခုန်နှုန်းကိုလည်း ပိုမိုမြန်ဆန်စေပြီး သက်လုံပိုမိုကောင်းမွန်စေပါတယ်။

သက်လုံ ကောင်းလာ‌ေစတဲ့အတွက် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။

ဒါတွေကတော့ စက်ဘီးစီးခြင်းကရတဲ့ ကျန်းမာရေး ကောင်းကျိုးတွေပါပဲ။

အထက်မှာ မြင်တဲ့အတိုင်းပဲ စက်ဘီးစီးခြင်းက ကျန်းမာရေးအတွက် တကယ်ကောင်းမွန်ပြီး ကျမ တို့်ကိုလည်း နည်းလမ်းပေါင်းစုံနဲ့ အကူအညီပေးနိုင်ပါတယ်။

ဒါကြောင့် စက်ဘီးစီးခြင်းကို နေ့စဉ် လုပ်ငန်းဆောင်တာတွေထဲ ထည့်သွင်းပြီး ပိုမိုကျန်းမာတဲ့ ဘဝတစ်ခုကို ရယူလိုက်ပါ...။

Monday ActivityMorning MotivationNatogyi Cycling Group29/11/21
29/11/2021

Monday Activity
Morning Motivation
Natogyi Cycling Group
29/11/21

စက်ဘီးစီးခြင်းရဲ့ အကျိုးကျေးဇူး (၁၅) ချက်ဘာကြောင့် လေ့ကျင့်ခန်းအတွက် စက်ဘီးစီးကြတာလဲ။ စက်ဘီးစီဖို့အတွက် အသင်းအဖွဲ့ထဲ ပါ၀...
25/11/2021

စက်ဘီးစီးခြင်းရဲ့ အကျိုးကျေးဇူး (၁၅) ချက်

ဘာကြောင့် လေ့ကျင့်ခန်းအတွက် စက်ဘီးစီးကြတာလဲ။ စက်ဘီးစီဖို့အတွက် အသင်းအဖွဲ့ထဲ ပါ၀င်ဖို့ စဉ်းစားနေပြီလား။ စက်ဘီးစီးလို့ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေဟာ အဆုံးမရှိသလောက်အောင်ပါပဲ။ စက်ဘီးစီးမယ် ဒါမှမဟုတ် တခြားလုပ်ချင်တဲ့ လေ့ကျင့်ခန်းတွေလည်း ရှိနေလို့ ဘယ်ဟာကို လုပ်ရင် ကောင်းမလဲ ချိန်ဆနေတယ်ဆိုရင်တော့ စက်ဘီးစီးတာကိုသာ မလွဲမသွေ ရွေးချယ်သင့်တယ်ဆိုတာကို ပြောချင်ပါတယ်။ ဒါကြောင့် စက်ဘီးစီးခြင်းရဲ့ အကျိုးကျေးဇူး ၁၅ ချက်ကို ဆက်လက်ဖတ်ရှုကြည့်ရအောင်။

၁။ စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်စေခြင်း

လေ့လာချက်တစ်ခုအရ ကိုယ်လက်လှုပ်ရှားပြီး ဖြတ်လတ်တဲ့ လူနေမှုပုံစံ ပိုင်ဆိုင်တဲ့သူတွေက ကိုယ်လက် လှုပ်ရှားမှု မရှိတဲ့ သူတွေထက် ၃၂ ရာခိုင်နှုန်းကျော်လွန်ပြီး စိတ်ကျန်းမာရေး ပိုမိုကောင်းမွန်ကြတယ်လို့ တွေ့ရှိရပါတယ်။ ပျော်ရွှင်၊ တက်ကြွတဲ့ ဟော်မုန်းဖြစ်တဲ့ အဒရီနယ်လင်နဲ့ အန်ဒေါ်ဖင် ဟော်မုန်း အခြေခံထုတ်လွှတ်မှုကို ဖြစ်ပေါ်စေပြီး လေ့ကျင့်ခန်းပန်းတိုင်ဆီ ရောက်တာ စတဲ့ အသစ်အသစ် အရာတွေ ရရှိတာမှလည်း မိမိကိုယ်ကိုမိမိ ယုံကြည်မှု တိုးတက်လာမှာ ဖြစ်ပါတယ်။ စက်ဘီးစီးတာက ကိုယ်ကာယလေ့ကျင့်ခန်းကို ပြင်ပပတ်၀န်းကျင်မှာ နေထိုင်တာနဲ့ ရှုခင်းသစ်တွေ စူးစမ်းလေ့လာတာကို ပေါင်းစည်းပေးပါတယ်။ တစ်ယောက်တည်း စက်ဘီးစီးပြီး စိုးရိမ်စရာတွေ ဒါမှမဟုတ် စိတ်ပူစရာတွေကို လေ့လာစမ်းစစ်ဖို့ အချိန်ပေးနိုင်သလို အပေါင်းအဖွဲ့နဲ့ စက်ဘီးစီးပြီး ပေါင်းသင့်ဆက်ဆံရေးကိုလည်း ချဲ့နိုင်ပါတယ်။

၂။ ကိုယ်အလေးချိန် လျှော့ချပေးခြင်း

ကိုယ်အလေးချိန်လျှော့ချတာနဲ့ ပတ်သက်လို့ ရိုးရှင်းတဲ့ညီမျှခြင်းတစ်ခုကတော့ အထွက် ကယ်လိုရီပမာဏက အ၀င် ကယ်လိုရီပမာဏထက် ပိုရမည် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျဖို့ ဆိုရင် စားသုံးတာထက်ပိုပြီး ကယ်လိုရီတွေ လောင်ကျွမ်းဖို့ လိုအပ်ပါတယ်။ စက်ဘီးစီးတာဟာ တစ်နာရီအတွင်းမှာ ကယ်လိုရီ ၄၀၀ ကနေ ၁၀၀၀ အထိ လောင်ကျွမ်းစေနိုင်ပါတယ်။ စက်ဘီးစီးလေ့ကျင့်ခန်း ပြင်းထန်ခြင်းမှု အဆင့်ဆင့်နဲ့ စီးသူရဲ့ ကိုယ်အလေးချိန်ပေါ်လည်း မူတည်ပါတယ်။ တခြားအချက်တွေလည်း ရှိပါသေးတယ်။ စားသုံးလိုက်တဲ့ကယ်လိုရီကို တည်ဆောက်ဖွဲ့စည်းထားတဲ့ ပစ္စည်းက စွမ်းအင်ပြန်ဖြည့်တဲ့ အကြိမ်ရေကို သက်ရောက်စေသလို အိပ်စက်မှု အရည်အသွေးပေါ်လည်း မူတည်ပါတယ်။ နောက်ပြီး ရွေးချယ်ထားတဲ့ လေ့ကျင့်ခန်းလှုပ်ရှားမှုကို ဘယ်လောက်နှစ်သက်သလဲ အပေါ်မူတည်ပြီး ကယ်လိုရီလောင်ကျွမ်းဖို့ လုပ်ဆောင်ချိန်အတိုင်းအတာကလည်း မူတည်ပါသေးတယ်။

သင့်အနေနဲ့ စက်ဘီးစီးတာကို နှစ်သက်တယ်ဆိုရင် ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေပါလိမ့်မယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးမယ်ဆိုရင်လည်း အလေးချိန်လျော့ကျလာပါလိမ့်မယ်။

၃။ ကြွက်သားများ သန်မာစေခြင်း

စက်ဘီးစီးလေ့ကျင့်ခန်းရဲ့ တွန်းကန်အားပါ၀င်ခြင်း ဆိုတာကိုက အဆီကိုသာ လောင်ကျွမ်းစေတာတင် မကပါဘူး။ ကြွက်သားတွေကိုပါ သန်မာစေပါတယ်။ အထူးသဖြင့် တင်ပါးဆုံ၊ ပေါင်နောက်ကြွက်သား၊ ပေါင်ရှေ့ကြွက်သားနဲ့ ခြေသလုံးကြွက်သားတွေကို သန်မာစေပါတယ်။ ကြွက်သားက အဆီထုထက်စာရင် အဆီပါ၀င်မှုနည်းတာကြောင့် ကြွက်သားဖွဲ့စည်းမှု ရာခိုင်နှုန်း ပိုများတဲ့လူတွေက အထိုင်များရင်တောင်မှ ကယ်လိုရီပိုပြီး လောင်ကျွမ်းနိုင်ပါတယ်။ ရှင်းရှင်းလင်းလင်းဆိုရရင် သင့်အနေနဲ့ အချိန်တော်တော်များများ လေ့ကျင့်မှု မလုပ်ထားဘူးဆိုရင် အပြေးသမားတွေလို ပေါင်ကြွက်သားတွေ ရရှိမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လှပသန်မာတဲ့ ကြွက်သားများတော့ ရရှိမှာ ဖြစ်ပါတယ်။

၄။ ဒုတိယအကြိမ် မနက်စာကို စားသုံးနိုင်ခြင်း

တကယ်လို့ အလုပ်ကို စက်ဘီးစီးသွားဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် သင့်ရဲ့နေ့အတွက် နောက်ထပ် မနက်စာကို အပြစ်ကင်းကင်းစားသုံးဖို့ ဆင်ခြေကောင်းကောင်းတစ်ခု ရသွားပြီပဲ ဖြစ်ပါတယ်။ ရုံးကို နာရီ၀က်လောက် စက်ဘီးစီးပြီး သွားတာက ကယ်လိုရီ ၂၀၀ နဲ့ ၅၀၀ ကြား လောင်ကျွမ်းစေတဲ့အတွက် အလုပ်စားပွဲမှာ ဒုတိယမနက်စာ ထပ်စားသုံးနိုင်ဖို့ လိုင်စင်ရသွားသလို ဖြစ်စေမှာပါ။ အဆီလောင်ကျွမ်းတာကို အလေးအနက် လုပ်ဆောင်နေပါက မနက်စာမစားဘဲ စက်ဘီးစီးနိုင်ပါတယ်။ ဒါပေမယ့် ဒါကတော့ ရည်မှန်းချက်အမြင့်မားဆုံး ပုဂ္ဂိုလ်တွေအတွက် အဓိကထား ရည်ရွယ်တဲ့ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။

၅။ အဆုတ်ကျန်းမာရေး ပိုကောင်းစေခြင်း

ဒီအချက်ဟာ လက်တွေ့အသိအမြင်အရ ဆန့်ကျင်ရာဖြစ်နေရင် ဒီလို တွေးနေတာ သင်တစ်ယောက်တည်းတော့ မဟုတ်ပါ။ ဒါပေမယ့် လတ်တလော လေ့လာတွေ့ရှိချက်တစ်ခုအရ စက်ဘီးစီးတဲ့သူတွေဟာ ကားနဲ့သွားလာသူတွေထက် အန္တရာယ်ရှိတဲ့ မီးခိုးငွေ့တွေနဲ့ ထိတွေ့မှု နည်းပါးပါတယ်လို့ တွေ့ရပါတယ်။ လန်ဒန်တက္ကသိုလ်တစ်ခုရဲ့ ကျန်းမာတဲ့ လေထုလှုပ်ရှားမှု ကန်ပိန်းအရ လန်ဒန်မြို့လယ်ခေါင် ရှုပ်ထွေးတဲ့လမ်းကြောင်းကို အသုံးပြုတဲ့ ကားမောင်းသူတွေ၊ ဘတ်စ်အသုံးပြုသူတွေ၊ လမ်းလျှောက်သူတွေနဲ့ စက်ဘီးစီးသူတွေကို လေ့လာကြည့်တဲ့အခါမှာ ကားမောင်းသူတွေက စက်ဘီးစီးတဲ့သူတွေထက် လေထုညစ်ညမ်းမှုကို ၅ ဆ ပိုပြီး ခံစားရပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ဟာလမ်းလျှောက်သူများထက် ၃ ဆ ခွဲ နဲ့ ဘတ်စ်ကားအသုံးပြုသူတွေထက် ၂ ဆခွဲ လေထုညစ်ညမ်းမှုကို ခံစားရပါတယ်။ လိုရင်းတိုရှင်း ပြောရလျှင် စက်ဘီးစီးတာကပဲ အနိုင်ရရှိပါတယ်။

၆။ နှလုံးရောဂါနှင့် ကင်ဆာဖြစ်နိုင်ချေ လျှော့ချပေးခြင်း

စက်ဘီးစီးခြင်းဟာ နှလုံးခုန်နှုန်းကိုမြင့်တက်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလည်ပတ်စေပါတယ်။ နောက်ပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေတဲ့အတွက် အ၀လွန်နိုင်ချေမှ ကာကွယ်ပေးပါတယ်။ ရလဒ်အနေနဲ့ စက်ဘီးစီးတာဟာ အမျိုးသားကျန်းမာရေးအဖွဲ့အစည်းက ထောက်ခံထားပြီး နှလုံးရောဂါနဲ့ ကင်ဆာရောဂါလိုမျိုး အရေးကြီးတဲ့ရောဂါတွေ ဖြစ်နိုင်ချေမှ လျှော့ချပေးတဲ့ လေ့ကျင့်ခန်းများထဲမှ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လေ့ကျင့်ခန်းနည်းလမ်း တစ်ခု အဖြစ်လည်း ပါ၀င်ပါတယ်။ သုတေသနာပြုချက်အရလည်း ၅ နှစ်တာ ကာလအတွင်း စက်ဘီးစီးသူပေါင်း ၂၆၀,၀၀၀ ကို လေ့လာကြည့်တဲ့အခါ စက်ဘီးနဲ့ အလုပ်သွားသူတွေဟာ နှလုံးရောဂါ ဒါမှမဟုတ် ကင်ဆာရောဂါဖြစ်နိုင်ချေ ထပ်၀က် လျှော့ချပေးတယ်လို့ သိရပါတယ်။

၇။ ပေါ့ပေါ့ပါးပါးနှင့် ထိခိုက်မှုနည်းသော လေ့ကျင့်ခန်းဖြစ်ခြင်း

စက်ဘီးစီးတဲ့အစား အပြေးလေ့ကျင့်ခန်းပဲလုပ်ရတာ ပိုမလွယ်ကူဘူးလား။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာက ခန္ဓာကိုယ်အပေါ်သက်ရောက်မှုပါ။ အပြေးလေ့ကျင့်ခန်းက ကိုယ်အလေးချိန်ကို သက်ရောက်သယ်ဆောင်ရပါတယ်။ ထိခိုက်ဒဏ်ရာရနှုန်း များပါတယ်။ ပြေးလွှားခြင်းနဲ့ ယှဉ်ရင် စက်ဘီးစီးတာက ကိုယ်အလေးချိန် သယ်ဆောင်တာမျိုး မရှိပါဘူး။ သိပ္ပံပညာရှင်တွေဟာ တာရှည်အပြေးသမားတွေနဲ့ စက်ဘီးစီးသမားတွေကို ယှဉ်တွဲလေ့လာကြည့်တဲ့ အခါမှာ အပြေးသမားတွေဟာ ကြွက်သားထိခိုက်ဒဏ်ရာရနိုင်ချေ ၁၃၃-၁၄၄ ရာခိုင်နှုန်း ပိုများပြီး ရောင်ရမ်းခြင်း ၂၅၆ ရာခိုင်နှုန်း၊ ကြွက်သားနှောင်နှေးနာကျင်နိုင်ချေ ၈၇ ရာခိုင်နှုန်းပိုများပါတယ်လို့ တွေ့ရှိရပါတယ်။ စက်ဘီးစီးခြင်းအနေနဲ့ အလွန်အကျွံအသုံးပြုလို့ ထိခိုက်ဒဏ်ရာ ရနိုင်ချေနည်းပေမယ့် ရေရှည်မှာ ခံစားရနိုင်ချေရှိပါတယ်။ စက်ဘီးနဲ့ အသားကျအောင်ကျင့်ယူတာက အကြံကောင်း တစ်ခုပါ။ ဒါကို ကျော်သွားတယ်ဆိုလျှင် သင့်အနေနဲ့ ကိုယ်ကာယကုသရေးပိုင်းမှာ ပိုအကုန်အကျ များပါလိမ့်မယ်။ ကိုယ်အလေးချိန် သယ်ဆောင်တာမျိုး မရှိတာကလည်း အရိုးအဆစ်တွေကို တခြားအားကစားတွေ နည်းတူသန်မာစေတာမျိုး မရှိတာလည်း ဆိုလိုပါတယ်။ ဒါကြောင့် အရိုးသန်မာဖို့ အတွက် လေ့ကျင့်ခန်းအစီအစဉ်မှာ အရိုးအဆစ်သန်မာလေ့ကျင့်ခန်း နည်းနည်း ထည့်ဖို့ လိုပါလိမ့်မယ်။

၉။ လမ်းကြောင်း သိသွားလာနိုင်မှု စွမ်းရည် တိုးတက်လာခြင်း

ဂြိုလ်တုတပ်ဆင် ကားတွေနဲ့ Google မြေပုံတွေရှိတဲ့ ကမ္ဘာမှာ တစ်ခါတစ်လေ သင်ရဲ့ ဘဘာ၀အတိုင်း နေရာဦးတည်ချက်ရှာ အာရုံကို သွေးနိုင်ဖို့ အားထုတ်မှု သိပ်မလိုအပ်ပါဘူး။ ဒါပေမယ့် နောက်ဆုံးပေါ် GPS ဦးတည်ချက်ပြကွန်ပျူတာတပ် စက်ဘီးလိုမျိုး စျေးကြီးပစ္စည်းတွေ မရင်းနှီးထားရင်တော့ အခုပဲ အပြင်ကိုထွက်ပြီး ဘဘာ၀ နေရာဦးတည်ချက်ရှာဖွေစွမ်းရည်ကို လေ့ကျင့်ဖို့အတွက် စူးစမ်းရှာဖွေလိုက်ပါ။

၁၀။ လိင်မှုကိစ္စကို တိုးတက်စေခြင်း

လိင်မှုကိစ္စဆိုတာကို ကျွန်တော်တို့ တော်တော်များများက ကောင်းတဲ့အရာလိုပဲ သိကြပေမယ့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အလုံးစုံကျန်းမာရေးအတွက် ကောင်းစေတယ်ဆိုတော့ လူတိုင်း မသိကြပါဘူး။ ပုံမှန်ဆက်ဆံရေးက အမှန်တကယ်ပဲ သက်တမ်းကို ရှည်စေနိုင်ပါတယ်။ ဒါဆို စက်ဘီးစီးတာက လိင်မှုကိစ္စကို တိုးတက်စေနိုင်သလား။ အမှန်တကယ်တော့ လိုအပ်တဲ့ ကြွက်သားအုပ်စုအနည်းငယ်ကိုတော့ သန်မာစေပါတယ်။ ကြွက်သားသန်မာလေလေ ဆက်ဆံရေးကိစ္စ ပိုအဆင်ပြေလေလေလို့ ဆီးလမ်းကြောင်း အထူးကုလည်းဖြစ်၊ ပုံမှန်စက်ဘီးစီး လေ့ကျင့်သူလည်း ဖြစ်တဲ့ပညာရှင်တစ်ဦးက ဆိုပါတယ်။

၁၁။ ကောင်းမွန်စွာ အိပ်စက်စေခြင်း

စက်ဘီးစီးပြီး မောပန်းလာတဲ့နေ့မျိုးမှာ ကောင်းကောင်း အိပ်စက်လို့ ရတယ်ဆိုတာက အခုမှသိတဲ့ ခေတ်ပေါ်သိပ္ပံတွေ့ရှိချက်တစ်ခုတော့ မဟုတ်ပါဘူး။ ဒီဆက်သွယ်ချက်ရဲ့ အကြောင်းရင်းကို သိပ္ပံပညာရှင်တွေ ရှာဖွေကြည့်တဲ့အခါမှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကြောင့် စိတ်စိုးရိမ်ပူပန်မှုတွေ ကျဆင်းလာပြီး အဲဒီကနေတစ်ဆင့် အိပ်စက်တဲ့ စွမ်းရည်ကို မြင့်တက်စေတာကြောင့်ပါလို့ သိရပါတယ်။ လေ့ကျင့်ခန်းဟာ အိပ်စက်တာကို အနှောင့်အယှက်ဖြစ်စေတဲ့ အသက်ရွယ်ကြီးလို့ ကိုယ်အလေးချိန် တက်လာခြင်း ဖြစ်စဉ်ကိုလည်း ကာကွယ်ပေးပါတယ်။

၁၂။ ဦးနှောက်စွမ်းအားကို တိုးတက်စေခြင်း

လေ့ကျင့်ခန်းပြုလုပ်တာဟာ ဦးနှောက်ကျန်းမာရေးနဲ့ ထပ်ခါထပ်ခါ ဆက်နွယ်ပတ်သက်ပြီး အသက်ကြီးရင့်လာတဲ့အခါ မှတ်ဥာဏ်ဖောက်ပြန်ရောက်ကို ဖြစ်စေနိုင်တဲ့ မှတ်ဥာဏ်အာရုံ ပြောင်းလဲမှု ပြဿနာတွေကို လျော့နည်းစေပါတယ်။ ၂၀၁၃ ခုနှစ် လေ့လာချက်တစ်ခုအရ စက်ဘီးစီးလေ့ကျင့်ခန်း လုပ်နေစဉ် ဦးနှောက်ဆီကို သွေးထောက်ပံ့မှု ၂၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်းနဲ့ လိုအပ်တဲ့ နေရာတွေဆီကို သွေးထောက်ပံ့မှု ၇၀ ရာခိုင်နှုန်းမြင့်တက်လာကြောင်းကို တွေ့ရှိရပါတယ်။ ဒါတင်မကသေးဘဲ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာတောင် ခန္ဓာကိုယ်ရဲ့တချို့နေရာတွေမှာ သွေးထောက်ပံ့မှုက ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိနေသေးတယ်ဆိုတာ တွေ့ရပါတယ်။ သွေးထောက်ပံ့မှု ကောင်းကောင်းရရှိတာဟာ ကျန်းမာစေတဲ့ အာဟာရတွေကို ရရှိစေတဲ့အတွက် ကောင်းမွန်တဲ့ရလဒ်တစ်ခု ဖြစ်ပါတယ်။

၁၃။ ကိုင်တွယ်မှုနှင့် အနေအထားဆိုင်ရာ စွမ်းရည် တိုးတက်လာခြင်း

စက်ဘီးစီးခြင်းဟာ နှလုံးခုန်နှုန်းမြန်စေခြင်းနဲ့ မောပန်းစေတာပဲ မဟုတ်ပါဘူး။ ကုန်းတက်၊ ဆင်းခြင်းနဲ့ လမ်းကွေ့ခြင်းဆိုတဲ့ ကိုယ်အလေးချိန်ကိုယ် စက်ဘီးပေါ်မှာ ထိန်းညှိပြီး လိုရာခရီး ရာက်နိုင်အောင် လုပ်ဆိုင်တဲ့ နည်းပညာစွမ်းရည်ကိုပါ တိုးတက်စေပါတယ်။ ဒီနည်းပညာပိုင်းဆိုင်ရာ စွမ်းရည်တွေကို ရရှိအသုံးချတာက မိမိကိုယ်မိမိ ယုံကြည်မှုကို များစွာရရှိစေပါတယ်။ အထူးသဖြင့် မိမိကိုယ်ကို တိုးတက်လာမှုကို ခံစားရလာတဲ့အခါမျိုးမှာပေါ့။

၁၄။ ကိုယ့်ခံအားစနစ်ကို မြင့်တက်စေခြင်း

လေ့ကျင့်ခန်းက အထက်ပိုင်း အသက်ရှူလမ်းကြောင်းအဖွဲ့အစည်းရဲ့ ကျန်းမာရေး အလွန်အကျိုးရှိစေတဲ့အတွက် တုတ်ကွေးဖျားနာရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ တစ်ပတ်မှာ ရက်တော်တော်များများ အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်မယ် ဆိုရင် ဖျားနာရောဂါခံစားနိုင်ချေ ၄၀ ရာခိုင်နှုန်းခန့်အထိကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်လည်း လေ့ကျင့်ခန်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကိုလည်း ရရှိနေမှာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းက ခန္ဓာကိုယ်တွင် လိုအပ်တဲ့ ပရိုတင်းဓာတ် ထုတ်လုပ်မှုကို မြင့်တက်စေပြီး သွေးဖြူဥတွေကို နိုးကြားစေတဲ့အတွက် ကျွန်တော်တို့ရဲ့ ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ စက်ဘီးစီးတာကို ရွေးချယ်ရတာက အလုပ်သွားချိန်ကို လျှော့ချပေးနိုင်တာနဲ့ ရောဂါပိုးတွေပြည့်နေတဲ့ ဘတ်စ်ကားနဲ့ ရထားတွေရဲ့အန္တရာယ်ကနေ ကင်းဝေးစေလို့ ဖြစ်ပါတယ်။

၁၅။ လူမှုဆက်ဆံရေး စက်၀န်းကို တိုးပွားစေခြင်း

စက်ဘီးစီးတယ်ဆိုတာ မယုံနိုင်စရာ ကောင်းလောက်အောင် လူမှုဆက်ဆံရေးကြွယ်တဲ့ အားကစားတစ်ခု ဖြစ်ပါတယ်။ စက်ဘီးစီးအသင်းအဖွဲ့ ဒါမှမဟုတ် အုပ်စုတစ်ခုမှာ ပါ၀င်တာဟာ လူမှု ဆက်ဆံရေးစက်၀န်းကို တိုးပွားစေဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စက်ဘီးစီးခြင်းက အသစ်ဖြစ်နေပါက ဒီအဖွဲ့အစည်း၊ အုပ်စုတွေမှာ သင် ရှာဖွေနေတဲ့ လေ့ကျင့်ရေး အကြံဥာဏ်ကောင်းတွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

ဒေါက်တာ သုတ

Ref: http://www.cyclingweekly.com/news/latest-news/benefits-of-cycling-334144

Source - kkmmonline.com

Address

Natogyi
05261

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959772210382

Website

Alerts

Be the first to know and let us send you an email when Natogyi Cyclists & Runners Group - NCRG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category