I Gym Nam kham

I Gym Nam kham Gym, Yoga and Zumba.

ခေတ်ကာလအရ ဘယ်လောက်ပဲ ဆန်းသစ်တဲ့ Modernized Workouts တွေ ခေတ်စားလာပါစေ Fitness လောကရဲ့ မပြောင်းလဲတဲ့ အခြေခံအုတ်မြစ်ကတော့ ...
25/05/2026

ခေတ်ကာလအရ ဘယ်လောက်ပဲ ဆန်းသစ်တဲ့ Modernized Workouts တွေ ခေတ်စားလာပါစေ Fitness လောကရဲ့ မပြောင်းလဲတဲ့ အခြေခံအုတ်မြစ်ကတော့ Weight Training ပါပဲ🎯🔥

အခုနောက်ပိုင်း ကမ္ဘာတစ်ဝှမ်းမှာ ရေပန်းစားလာတဲ့ Hyrox လိုမျိုး ခံနိုင်ရည်နဲ့ ခွန်အားကို ပေါင်းစပ်ထားတဲ့ Functional Fitness ပြိုင်ပွဲတွေကိုပဲ ကြည့်မလား၊ သို့မဟုတ် Runners တွေကိုပဲ ကြည့်မလား...❓❓

အားလုံးရဲ့ နောက်ကွယ်က Performance ကို ပံ့ပိုးပေးနေတာဟာ Weight Training ပါပဲ✔️

Weight Training က Body Transformation သမားတွေ/ Hypertrophy သမား(Body Builders and Competitors)တွေအတွက် ပဲ သီးသန့်မဟုတ်ပါဘူး❌

အားကစားနည်းတိုင်းရဲ့ အဓိက အခြေခံပဲ ဖြစ်ပါတယ်နော်

"ကားဘယ်လောက်ကောင်းကောင်း ကိုယ်ထည်မခိုင်ရင် ကြာကြာမောင်းလို့ မရပါဘူး"

ဒါဆို Hyrox နဲ့ Runners တွေအတွက် Heavy Weights ဘာကြောင့်လိုတာလဲ❓

Runners တွေရော၊ Hyrox အားကစားသမားတွေပါ Weight Training လုပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်🛑

"အလေးမရင် ခန္ဓာကိုယ်ကြီး လေးလံသွားပြီး အပြေးနှေးသွားမယ်၊ စွမ်းဆောင်ရည် ကျသွားမယ်" ဆိုတာ တကယ်တော့ ခေတ်နောက်ကျနေပြီဖြစ်တဲ့အတွေးအခေါ်
အမှားတစ်ခုသာ ဖြစ်ပါတယ်🧐❌

• Weight Training တွေက အရိုး၊ အရွတ်နဲ့ အဆစ်တွေကို ခိုင်မာတောင့်တင်းလာစေပါတယ်✅

• ပြေးတာပဲဖြစ်ဖြစ်၊ Hyrox ပဲ ဖြစ်ဖြစ် ဘယ်exercise မှာ မဆို Weight Training စနစ်တကျ လုပ်ထားခြင်းက ဒူး/ခါး/ခြေသလုံး နဲ့ hamstrings injuries ဖြစ်နိုင်ခြေကို အမြင့်မားဆုံး လျှော့ချပေးနိုင်မှာပါ ✅

• Muscle Base ခိုင်မာတဲ့အတွက် Performance တွေကိုကောင်းမွန်စေပြီး
ခြေလှမ်းတိုင်းမှာ တွန်းကန်အား ပိုကောင်းစေမယ်
ပိုမြန်မြန်နဲ့ ပိုဝေးဝေး ပြေးနိုင်လာမယ့်အပြင်၊ Hyrox ရဲ့ Station တိုင်းကို သက်လုံကောင်းကောင်းနဲ့ ဖြတ်ကျော်
နိုင်မှာပါ✅

ခေတ်သစ် Hybrid အားကစားတွေမှာ Cardiovascular Endurance ကောင်းဖို့ လိုသလို၊ အဲဒီ Performance ကို ထိန်းမတ်ပေးဖို့က Muscle Strength ရှိမှ ရပါမယ်နော်💯

ဒါကြောင့် ခေတ်ပေါ် Workout Trend တွေ ဘယ်လောက်ပြောင်းပြောင်း၊ ဘာအားကစားပဲလုပ်လုပ် ခန္ဓာကိုယ်ရဲ့ Base ကို ခိုင်မာဖို့အတွက် Weight Training ကို ပစ်ပယ်ထားလို့ မရကြောင်း သတိပြုစေချင်ပါတယ်ရှင်💪🏻✔️

crd...Aurora

24/05/2026

Check out igym’s video.

🍃စိတ်မပျော်တဲ့အခါ Gym ကစားပါစိတ်မပျော်တဲ့အခါ gymကစားတာကစိတ်ဖိစီးမှုကို လျော့ပါးစေပြီးအပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေက...
15/05/2026

🍃စိတ်မပျော်တဲ့အခါ Gym ကစားပါ

စိတ်မပျော်တဲ့အခါ gymကစားတာက
စိတ်ဖိစီးမှုကို လျော့ပါးစေပြီး
အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို သက်သာစေဖို့လည်း ကူညီပေးနိုင်ပါတယ်။

gymကစားတာက
စိတ်ကျန်းမာရေးနဲ့
စိတ်ခံစားမှုအခြေအနေအပေါ်
သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုရှိစေပါတယ်။

သုတေသနပြုချက်တွေအရ gym ကစားတာက စိတ်ခံစားချက်ကို တိုးတက်ကောင်းမွန်စေပြီး
စိတ်ဖိစီးမှုကို လျှော့ချဖို့၊
စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျတာကို လျှော့ချဖို့အတွက် အစွမ်းထက်တဲ့ ကိရိယာတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။

အမေရိကန် စိတ်ရောဂါကု ဆရာဝန် John H. Greist ပြုလုပ်တဲ့ ဆေးဘက်ဆိုင်ရာ စမ်းသပ်ချက်တစ်ခုကလည်း ဒီအချက်ကို သက်သေပြခဲ့ပါတယ်။

ဆရာဝန်ဟာ အပျော့စား စိတ်ကျရောဂါရှိသူ ၂၈ ယောက်ကို ကျပန်းစုဆောင်းပြီး သူတို့ကို အုပ်စုသုံးစု ခွဲလိုက်ပါတယ်။

အုပ်စုတစ်စုက gym ကစားတယ်။

နောက်အုပ်စုက ရက်တိုစိတ်ကုထုံးကို ခံယူတယ်။

နောက်အုပ်စုက ရက်အကန့်အသတ်မရှိတဲ့ ရေရှည်စိတ်ကုထုံးကို ခံယူတယ်။

တစ်ပတ်အတွင်းမှာပဲ
gym ကစားသူအများစုက သက်သာလာကြတယ်။

သုံးပတ်အကြာမှာ
ရှေ့အုပ်စုနှစ်စုလုံးကထက် "လုံးဝနီးပါး ပြန်ကောင်းလာပြီ" လို့ ပြောတယ်။

ရေရှည်နဲ့ရေတိုစိတ်ကုထုံးခံယူတဲ့ အုပ်စုရဲ့ အခြေအနေက သိသာထင်ရှားတဲ့ ပြောင်းလဲမှု မတွေ့ခဲ့ရပါဘူး။

gymကစားတဲ့သူတွေက အပျော့စား စိတ်ကျရောဂါကို ဖယ်ရှားရာမှာ
ရက်တိုစိတ်ကုထုံးနဲ့ အချိန်အကန့်အသတ်မရှိတဲ့ ရေရှည်စိတ်ကုထုံးထက် ပိုထိရောက်ကြောင်း ဆရာဝန်က ကောက်ချက်ချခဲ့ပါတယ်။


✨ တစ်နေ့တစ်နာရီလောက် i gym မှာကိုယ့်ကိုယ်ကိုယ် အချိန်ပေးရအောင် ...

--

💌

အဆီမြန်မြန်ကျဘို့ အခြေခံ ၅ ချက် အဆီကျဖို့ ကိုယ်အလေးချိန်ကျဖို့ ရေးသားမှုတွေကတော့အများကြီးပါဘဲ။ ဒါတွေအားလုံးကိုအနှစ်ချုပ်...
28/04/2026

အဆီမြန်မြန်ကျဘို့ အခြေခံ ၅ ချက်

အဆီကျဖို့ ကိုယ်အလေးချိန်ကျဖို့ ရေးသားမှုတွေကတော့အများကြီးပါဘဲ။ ဒါတွေအားလုံးကိုအနှစ်ချုပ်ပြီးအခြေခံအချက် ၅ ချက်ကိုလိုက်နာနိုင်ဖို့ပါ။ ဆောင်းပါးရှင် Anthony J Yeungရေးတဲ့ 5 rules for fast fat lossကို မျှဝေလိုက်ပါတယ်။

၁။ လောင်ကျွမ်းတဲ့ကယ်လိုရီက စားတဲ့ကယ်လိုရီထက်ပိုပါစေ။
ကိုယ့်ဗိုက်ထဲထည့်လိုက်တဲ့အရာမှန်သမျှရဲ့ ကယ်လိုရီပါဝင်မှုကို သိနိုင်အောင်ကြိုးစားပါ။ အထူးသဖြင့် သရေစာတွေ အချိုအဆိမ့်တွေ အကျော်အလှော်တွေ က ထင်တာထက် ကယ်လိုရီ အများကြီးပါဝင်နေတတ်ပါတယ်။

၂။ ပရိုတိန်းများများစားပါ။
ပရိုတိန်းက ဇီဝလောင်ကျွမ်းမှု Metabolismကိုမြင့်တင်ပေးပါတယ်။ ပရိုတိန်းများများစားလေ အဆီကျဖို့ အထောက်ကူဖြစ်လေပါဘဲ။ ပရိုတိန်း ကိုယ်တိုင်က အစာခြေဖျက်မှု စုပ်ယူမှု တည်ဆောက်မှု ဖြစ်စဉ်တွေ အတွက် ကယ်လိုရီများစွာလောင်ကျွမ်းရပါတယ်။ ပရိုတိန်းများများစားခြင့်ဖြင့် အဆီဖြစ်လွယ်တဲ့ ကာဘိုဟိုက်ဒြိတ်စားခြင်းကိုလျော့ချနိုင်ပါတယ်။ ပရိုတိန်းက ကြွက်သားတည်ဆောက်မှုလည်းဖြစ်စေလို့ အရမ်းကစားလိုက်လို့ ကြွက်သားယုတ်လျော့ခြင်းကို တားဆီးပေးပါတယ်။

၃။ သန့်ရှင်းသောအဆီများစားပါ။
အဆီစားလို့အဆီဖြစ်မယ်ထင်နေကြပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့သန့်ရှင်းတဲ့အဆီများဖြစ်တဲ့ အသီးနှံ အစေ့များရဲ့ဆီများဟာ ကိုယ်တွင်းအဆီဓါတ်ကို လျော့ချပေးပါတယ်။ အဆီမှာပါတဲ့ ကယ်လိုရီကြောင့် ကာဘိုဟိုက်ဒြိတ်ကြောင့် စားရမဲ့ကယ်လိုရီကိုလျော့နည်းစေပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့မညီတဲ့ တိရိစ္ဆာန်ကရတဲ့ ပြည့်ဝပျော်ဝင်ဆီ saturated fat နဲ့ အပူပေးထားတဲ့ အကျော်ဆီ trans fatတွေကိုတော့ ရှောင်ကြည့်ရပါမယ်။

၄။ သန်မာအောင်လေ့ကျင့်ပါ။
အလေးမလေ့ကျင့်ခန်းများဟာ လူကိုသန်မာစေပြီး ကြွက်သားတည်ဆောက်မှုဖြစ်စေလို့ ကယ်လိုရီလောင်ကျွမ်းမှုများစေပါတယ်။ ကာယဗလသမားများလို ကြွက်သားကြီမားမှု မဖြစ်လိုချင်တောင်မှ အောက်ခံကြွက်သားအထိုက်လျောက်ရှိထားဖို့လိုပါတယ်။ compound exercise များဖြစ်တဲ့ squat, deadlift, bench press, shoulder press, rows စတဲ့ အလေးမ လေ့ကျင့်ခန်းများ အနည်းဆုံး တပတ်ကို တကြိမ်တော့ ကစားဖြစ်အောင်ကစားပါ။

၅။ ညဘက် အနည်းဆုံ ၇ နာရီလောက်နှစ်ခြိုက်စွာအိပ်စက်ပါ။
လေ့လာမှုများစွာက အဝလွန်ခြင်း နဲ့ အိပ်ရေးပျက်ခြင်း ဟာ ဆက်စပ်နေတယ်ဆိုတာ အတည်ပြုပြီးဖြစ်ပါတယ်။ အအိပ်ပျက်ရင် ကောတီစောcortisol ဟော်မုန်းထုတ်လုပ်မှုများစေပြီး အဝလွန်ခြင်းကို ထိန်းချုပ်လို့မရပါဘူး။ တည အနည်းဆုံး ၇ နာရီလောက်နှစ်ခြိုက်စွာအိပ်စက်ခြင်းဟာ အဆီကိုလောင်ကျွမ်းစေတဲ့ ကြီးထွားဟော်မုန်းgrowth hormoneထွက်စေပြီး အဆီကိုလျော့ကျစေပါတယ်။

Credit_ ဆရာထွန်းထွန်းwellness

26/03/2026
26/03/2026

တန်းစီစရာမလိုပဲ ဆီ လိုချင်ရင် i gym ကိုသာလာခဲ့ပေါမှပေါ🤪

Address

အရိန္ဒမာလမ်း
Namkham

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00

Telephone

09444029129

Website

Alerts

Be the first to know and let us send you an email when I Gym Nam kham posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share