12/04/2022
အဆီချခြင်း အနုပညာ ၆
##################x
နောက်တစ်မျိုး ကျတော်တို့ ကြားဖူးကြတာ
ကတော့ အဆီလုံးဝ ထပ်မကျတော့ဘူး ဆို
တဲ့စကားပါပဲ..
ဒီစကား ပြောသူ တွေမှာ အဓိက အားဖြင့်
၂ မျိုး တွေ့ရတတ်ပါတယ်.
ပထမတစ်မျိုးကတော့ ပြီးခဲ့တဲ့ အပိုင်း ၅ မှာ
ပါတဲ့ အတိုင်း အဆီတွေ ပေါင်ချိန်ပေါင်း
များစွာကျပြီးနောက် ဇီဝ ဖြစ်ပျက်နှုန်း
နှေးသင့်တာထက် အများကြီးပိုနှေးသွားတဲ့
အတွက် မိမိတို့မှာ အဆီပိုတွေ အများ
ကြီး ကျန်နေသေးသော်လည်းပဲ နောက်ထပ်
အဆီ ထပ် မကျသောသူများ
ဖြစ်ပြီး
ဒုတိယအဖွဲ့ကတော့ အဆီ ကို ဖြည်းဖြည်း
ချင်း ချသွားပါလျက် နဲ့ မိမိ ခန္ဓာကိုယ်
အဆီ ရာခိုင်နှုန်း အတော်လေး ok လာခါနီး
မှာ အဆီ ထပ်မကျသူတွေဖြစ်ကြပါတယ်..
ဒုတိယအဖွဲ့ မှန်မှန် ဖြည်းဖြည်း အဆီချသူတွေဟာ
လည်း ပဲ ကိုယ်အလေးချိန်နည်းလာလို့
ဇီဝဖြစ်ပျက်မှု ဟာ အလိုက်သင့် နှေးလာ
တာမှန်ပေမယ့် တစ်ချိန်မှာ တော့ အဆီကျ
တာရပ်သွားတတ်ပါတယ်..
ဒီ ၂ မျိုးလုံးမှာ တူညီတဲ့ သဘောတရားရှိပါ
တယ်..
အဲ့လိုတွေဖြစ်အောင် ခန္ဓာကိုယ်ကြီးက
ဘယ်လို adapt လုပ်သလဲကြည့်ရအောင်--
ယခု လက်ရှိမှာ မိမိအသက်ရှင် နေထိုင်ခြင်း
သွားလာလှုပ်ရှားခြင်း လေ့ကျင့်ခန်းလုပ်
ခြင်း အစာစားခြင်း အစာချေခြင်း အာဟာရ
စုပ်ယူခြင်း
ကိုယ်ခန္ဓာ နှင့် ကလီစာ ဥဏှောက် စတာတွေ
ကိုပြုပြင် ခြင်း ဖျက်စီးခြင်း တည်ဆောက်
ခြင်း ဟော်မုန်းများထုတ်လုပ်ခြင်း
ရွှေ့ပြောင်း ခြင်း စတဲ့ အရာအားလုံးအတွက်
ကီလိုကယ်လိုရီ ၁၅၀၀ လောင်ကျွမ်းနေ
တဲ့အနေအထားကိုရောက်နေတယ်ဆိုပါစို့..
မိမိက အဆီ ထပ်ကျချင်တဲ့အတွက် ကီလို
ကယ်လိုရီ တစ်နေ့ ၃၀၀ လောက် ပိုပြီး
လောင်ကျွမ်းနိုင်တဲ့ အထိ လေ့ကျင့်ခန်း
ပမာဏ ကို တိုးလုပ်တယ်လို့မှတ်ယူကြ
ရအောင်...
သို့သော် ခန္ဓာကိုယ်ကြီးက ယခင် အရာအား
လုံးအတွက် ရော ယခု လက်ရှိ တိုးလုပ်တာ
အတွက်ရော အားလုံးအတွက် ကီလိုကယ်လို
ရီ ၁၅၀၀ တည်းနဲ့ပဲ လောက်အောင်သုံး
လိုက်ပါတယ်..
မြင်သာအောင်ပြောရလျှင်တော့---
၁.
ယခင်ဆိုင်ကယ်နဲ့သွားတဲ့ခရီးစဉ်
ခရီးအကွာအဝေး - ၁၀မိုင်
ကုန်သွားသည့် ဆီ -- ၁ လီတာ
ယခုဆိုင်ကယ်နဲ့သွားတဲ့ခရီးစဉ်
ခရီးအကွာအဝေး - ၁၀ မိုင် ၁ ဖာလုံ
ကုန်သွားသည့်ဆီ -- ၁ လီတာ
ဒါကြောင့် လေ့ကျင့်ခန်း ပိုလုပ်ပေမယ့် တစ်နေ့တာလောင်တဲ့စွမ်းအင် ပမာဏ
တူအောင် လိုက်ညှိ ခြင်းဖြင့် Adapt လုပ်ပါတယ်...
၂.
လေ့ကျင့်ခန်းတိုးမလုပ်ပဲ အစားလျှော့စား
လျှင်လည်း အလားတူ Adapt လုပ်ပါတယ်..
ဥပမာ--
ယခင်
ထည့်ထားသည့်ဆီပမာဏ -- ၁ လီတာ
ရောက်သည့် ခရီးအကွာအဝေး -- ၁၀ မိုင်
ယခု
ထည့်ထားသည့်ဆီ -- ၀.၈ လီတာ
ရောက်သည့်ခရီး အကွာအဝေး -- ၁၀ မိုင်
ဒါကြောင့် ကယ်လိုရီ လျှော့စားပေမယ့်လည်း စားသလောက် ကယ်လိုရီနဲ့နေ့စဉ်
ရှင်သန်လှုပ်ရှားမှုတွေအတွက်လုံလောက်
အောင်လုပ်ခြင်းဖြင့် Adapt လုပ်ပါတယ်..
အဆီချရာမှာ အဓိက ထိန်းညှိ ရမှာက
ကယ်လိုရီ အဝင် နှင့် ကယ်လိုရီ အထွက်ပါ..
အဝင်ကတော့ စားတာကိုပြောတာပေါ့
အထွက်ကတော့ ကိုယ်လက်လှုပ်ရှားမှုပါ..
မှန်မှန် အဆီချလိုသူတွေဟာ
မိမိတို့ လိုအပ်တဲ့ စုစုပေါင်း ကီလိုကယ်လိုရီ
ပမာဏ အောက် ကို ၃၀၀ ကီလို ကယ်လိုရီ
ဝန်းကျင် လျှော့ထားတဲ့ အစားအသောက်
အစီအစဉ် , သင့်တင့်တဲ့ လေ့ကျင့်ခန်းဇယား
တစ်ခုတို့နှင့်စရပါမယ်..
ဒီလို နည်းနည်း လျှော့စားခြင်း လေ့ကျင့်ခန်း
အသင့်အတင့်သာ လုပ်ခြင်း တို့နှင့် အစပြု
မှသာ ရေရှည် လေ့ကျင့်ခန်း တိုး တိုးပြီး
ကစားခြင်း အစား နည်းနည်း စီ လျှော့
လျှော့ပြီးစားခြင်းတို့ကို လုပ်သွားနိုင်မှာပါ..
လေ့ကျင့်ခန်းကို တစ်ပတ် ထက် တစ်ပတ်
နည်းနည်းချင်းတိုးပေးရပါတယ်. ဥပမာ
အလေး နည်းနည်းလေးစီတိုးတာမျိုးပေါ့.
တစ်လ လောက် ကြာလို့ အဆီထိုက်သင့်သ
လောက်ကျသွားပြီးလျှင် ဒီပုံအတိုင်းဆက်
လက်စားသောက် လေ့ကျင့်ပါ.
နောက်လ မှာအဆီမကျတော့ဘူးဆိုလျှင်
ကိုယ်လက်လှုပ်ရှားမှုကို ထပ်တိုးပါ..
ဘယ်လိုတိုးရမလဲဆိုတော့ ဥပမာ လက်ရှိက
တစ်ပတ် ၃ ရက် Strength training သွေးပူလေ့
ကျင့်ချိန် အပါအဝင် ၄၅ မိနစ် လုပ်တယ်ဆိုလျှင်
ကျန် ၄ ရက်ထဲမှ ၂ ရက်ကို HIIT တစ်ရက် ၅ မိနစ်
ထည့်နိုင်ပါတယ်...
သို့မဟုတ် တစ်ရက် ၄၅ မိနစ် ၂ ရက်
လမ်းလျှောက် ခြင်းကို ထည့်နိုင်ပါတယ်..
သို့မဟုတ် strength training session
အတို တစ်ရက်ထပ်ထည့် နိုင်ပါတယ်..
အဲ့အတိုင်းတိုးပါ...
နောက်ပိုင်းမှာ အဲ့လိုတိုးလို့ မကျတော့လျှင်
နောက်ထပ် နည်းနည်းထပ်တိုးရပါမယ်..
၂ လ ဆက်တိုက် တိုးကြည့်လို့မှ ၂
လလုံး အဆီ မကျတော့ဘူးဆိုလျှင်လေ့
ကျင့် ခန်းကို ဆက်မတိုးပဲ အစားကို ၃၀၀
ကီလိုကယ်လိုရီဝန်းကျင် လျှော့စားကြည့်ရ
ပါတယ်...
အဓိက မှတ်သားရမှာက အဆီ ကျတာရပ်
သွားလျှင် အစာကို အလျှင်မလျှော့ပဲ လေ့ကျင့်ခန်း
ကို ဦးစွာ တိုးကြည့်ရမှာပါ...
ပထမတစ်လ တိုးကြည့်လို့ မထူးလျှင်
နောက် တစ်လ ထပ်တိုးပါ... ဒါလည်းမထူး
မှ အစားလျှော့ရပါမယ်...
လိုရင်းကတော့ အစားကို မဖြစ်မနေမှ လျှော့
သင့်ပါတယ်..
နောက်တစ်ခုကတော့ လေ့ကျင့်ခန်းတိုးလုပ်
ခြင်း နှင့် လေ့ကျင့်ခန်း မတိုးပဲ အစားလျှော့
စားတာ ၂ ခု ယှဉ်လျှင် Body composition
ခြင်းမတူပါဘူး..
လေ့ကျင့်ခန်းတိုး ပြီး အစား မလျှော့သူရဲ့
body composition က သာပါတယ်.
ဒါကတော့ တစ်ချိန်တုန်းက ကျတော် ရေး
တင်မယ် ဆိုပြီးမတင်ဖြစ်ခဲ့တဲ့ G flux
ကြောင့် ပါပဲ..
ဒီလို မှန်မှန်လေးအဆီချရင်း နှင့် မိမိတို့စား
တဲ့ ကယ်လိုရီ သိသိသာသာနည်းလာတဲ့အခါ
တစ်ပတ် ဖြစ်စေ ၁၀ ရက်ဖြစ်စေ မိမိလိုအပ်
တဲ့ ကယ်လိုရီ အပြည့်အဝ ပြန်စားပေးသင့်
ပါတယ်..
ဒါမှသာ Leptin, cortisol စတဲ့ အဆီချခြင်း
ကို အနှောက်အယှက် များစွာပေးနိုင်တဲ့
ဟော်မုန်းတွေကို ကမောက်ကမ မဖြစ်
အောင် တစ်ဖက်တစ်လမ်းမှ ထိန်းပေးသလို
ဇီဝ ဖြစ်ပျက်မှု အလွန်အကျွံ နှေးသွားခြင်း
ကိုလည်း ရှောင်ရလွယ်မှာဖြစ်ပါတယ်..