Score Match Myanmar

Score Match Myanmar Score Match Myanmar Score match

 #ဂေါက်ရောဂါကိုအစားအစာနဲ့ ကုသမယ် ===================✅ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအ...
12/10/2025

#ဂေါက်ရောဂါကိုအစားအစာနဲ့ ကုသမယ်
===================

✅ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ

‌✅ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

‌ ✅ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

‌✅ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

‌✅သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

‌✅အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

‌✅ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
‌တွေကြောင့်လို့သိရပါတယ်။


✅ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်✅

၁ – ရေသောက်ခြင်း✅
••••••••••••••••••••
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

၂ – တရုတ်နံနံ✅
•••••••••••••••
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

၃ – ဗိုစားပဲ✅
••••••••••••
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

၄ – ပန်းသီး✅
••••••••••••
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

၅ – ငှက်ပျောသီး✅
•••••••••••••••••
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

၆ – ရှောက်သီးနဲ့ သံပရိုသီး✅
••••••••••••••••••••••••••
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။

၇ – နာနတ်သီး✅
•••••••••••••••
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၈ – သင်္ဘောသီး အစိမ်း✅
••••••••••••••••••••••••
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။

Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ

‌ ၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး✅
‌- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
‌ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။

‌ ၂ - ငှက်ပျောသီး✅
‌- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

‌ ၃ - မုန်လာဥနီ✅
‌ - မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
‌လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

‌ ၄ - ချယ်ရီသီး ✅
‌- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
‌အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

‌ ၅ - ရေ✅
‌ - ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
‌က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၆ - ပန်းသီး✅
‌- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
‌ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၇ - တရုတ်နံနံကြီး✅
‌ - ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
‌ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

‌ ၈ - ကြက်သွန်နီ ✅
‌ - ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
‌လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

‌ ၉ - ရေနွေးကြမ်း✅
‌- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
‌ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

‌ ၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး✅
‌ - ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
‌အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

‌ ၁၁ - ဘယ်ရီသီးများ✅
‌ - ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
‌တားဆီးပေးနိုင်ပါတယ်။


‌❌မစားသင့်သည့်အစားအစာများ✅

‌1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

‌2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။

‌3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

‌4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

‌5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

‌6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

‌7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

‌8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

‌9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။
#ကျန်းမာရေးဗဟုသုတရကြပါစေ



Credit... Original writer

မနက်ခင်းမှာ အိပ်ရာထ ရေနွေးနွေးလေး တစ်ခွက်ထဲကို သံပုရာသီး တစ်ခြမ်းစာ အရည်ညှစ်ပြီး ပျားရည်အနည်းငယ်နဲ့ သမအောင် ရောမွှေပါ။ ပ...
11/10/2025

မနက်ခင်းမှာ အိပ်ရာထ ရေနွေးနွေးလေး တစ်ခွက်ထဲကို သံပုရာသီး တစ်ခြမ်းစာ အရည်ညှစ်ပြီး ပျားရည်အနည်းငယ်နဲ့ သမအောင် ရောမွှေပါ။ ပြီးရင်တော့ ဘာမှမစားရသေးတဲ့ ဗိုက်ထဲကို ဖြည်းဖြည်းချင်း သောက်ပေးပါ။

​ဒီရိုးရှင်းတဲ့ နည်းလမ်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို လှုံ့ဆော်ပေးတာကြောင့် အူလှုပ်ရှားမှု ပုံမှန်ဖြစ်စေပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။ ဒါ့အပြင် အစာမကြေတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာမျိုးကိုလည်း ကောင်းမွန်စေပါတယ်။

​ဒီအဖျော်ယမကာရဲ့ ကောင်းကျိုးတွေကတော့.....
* ​ပျားရည်မှာ သဘာဝအချိုဓာတ်သာ ပါဝင်တာကြောင့်
သောက်ပြီးရင် ကိုယ်ခန္ဓာ လေးလံထိုင်းမှိုင်းခြင်းမျိုး မဖြစ်
ပါဘူး။
* ​သံပုရာသီးက ခန္ဓာကိုယ်တွင်း သတ္တုဓာတ်တွေကို မျှတ
အောင် ထိန်းညှိပေးတာကြောင့် ကြွက်တက်တာမျိုး မဖြစ်
အောင်လည်း ကာကွယ်ပေးပါတယ်။
* ​ဒါ့အပြင် သံပုရာသီးမှာပါတဲ့ ဗီတာမင်စီက အသားအရေ
ကို အတွင်းပိုင်းကနေ လန်းဆန်းတောက်ပစေပါတယ်။

​ဒါကြောင့် ဒီလိုမျိုး မနက်တိုင်း ပုံမှန်လုပ်ပေးမယ်ဆိုရင် တစ်နေကုန် လန်းဆန်းပြီး ကိုယ်ခန္ဓာပေါ့ပါးလန်းဆန်းစေကာ အလုပ်တွေကိုလည်း ပိုပြီး အာရုံစိုက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်

ရွှေပြား ငွေပြား ကိုပိုင်ဆိုင်ခဲ့ပြီလေ👍
29/11/2021

ရွှေပြား ငွေပြား ကိုပိုင်ဆိုင်ခဲ့ပြီလေ👍

24/10/2021

Score Match

24/07/2021

အချောင်လေးရလိုက်သောဂိုး😂

24/05/2021


🇲🇲 2-0🇮🇳

19/05/2021

Score match football

🇲🇲 2-1 🇰🇷

ကျွန်တော်ကိုချစ်ကြသောမိတ်ဆွေများကျွန်တော်လဲပြန်ချစ်ပါတယ်လို့ ၇ယောက်ပြန်ခေါ်ထားပါတယ်နော်😁
16/05/2021

ကျွန်တော်ကိုချစ်ကြသောမိတ်ဆွေများ
ကျွန်တော်လဲပြန်ချစ်ပါတယ်လို့ ၇ယောက်ပြန်ခေါ်ထားပါတယ်နော်😁

12/11/2020

ကို မျက်ရည် မျက်ခွက်များ ဖြင့် ကြက်ကန်းဆန်အိုးတိုး အနိုင်ယူ လိုက် နိုင်ခြင်း
၏ နေရာယူတက်ခြင်းနှင့် တုန့်ပြန်မှု မြန်ဆန်ခြင်းကို ဖော်ပြရုံလောက်သာ
တစ်ဖက်လူငို ဆော်ကသလို့ ဖြစ်တယ်လို့ ယူဆ မိရင် တောင်းပန်းပါတယ် 🙏🙏🙏

😁😁
04/11/2020

😁😁

Intruder ၄ ကောင်းနဲ့တော့ အလုပ် ဖြစ်နေတယ်ဗျ ။
02/09/2020

Intruder ၄ ကောင်းနဲ့တော့ အလုပ် ဖြစ်နေတယ်ဗျ ။

19/08/2020

Japan ဆော်ပြီ😆

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when Score Match Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category