ဘောလုံးပွဲခန့်မှန်းချက်များ

  • Home
  • Myanmar
  • Myingyan
  • ဘောလုံးပွဲခန့်မှန်းချက်များ

ဘောလုံးပွဲခန့်မှန်းချက်များ Chit Zaw

27/09/2023

(27-10-2023)

Lazio(=55) vs Torino

(Lazio)

Good Luck

11/08/2023

Today Choice
(11-8-2023)

ဆီးဗီးလား ဂိုးအောက်

Good Luck

07/03/2020

Today Choice

ဖရိုင်းဘတ် ဂိုးအောက်
နိုက်
လိဒ် ဂိုးအောက်
ဝက်ဟမ်း
ဝက်ဖို့
ရှက်ဖီး u
ဘန်လေ

Good Luck

ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) အတွက် မိုက်ကယ်အိုဝင်၏ ခန့်မှန်းချက်များပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်သမားဟောင်း မိုက်ကယ်အ...
03/05/2019

ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) အတွက် မိုက်ကယ်အိုဝင်၏ ခန့်မှန်းချက်များ

ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်သမားဟောင်း မိုက်ကယ်အိုဝင်ရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်တွေကို ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါတယ်။

အဲဗာတန် Vs ဘန်လေ
(မေ ၄၊ စနေနေ့ မနက် ၁း၃၀ နာရီ)
အဲဗာတန်က နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ လိဂ်ပွဲ 9 ပွဲမှာ 7 ပွဲကို ဂိုးမပေးရအောင် ကြိုးစားထားနိုင်တယ်။ အိမ်ကွင်းမှာ ချယ်ဆီး၊ အာဆင်နယ်၊ ယူနိုက်တက်တို့ကို အနိုင်ကစားထားတယ်။ ဘန်လေက အဝေးကွင်း နောက်ဆုံးပွဲ 11 ပွဲမှာ တစ်ပွဲပဲ ဂိုးမပေးရအောင် ကြိုးစားထားနိုင်တယ်။ နှစ်သင်းလုံး ဂိုးသွင်းပြီး အဲဗာတန် အနိုင်ရပါလိမ့်မယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ အဲဗာတန် 3-1 ဘန်လေ

ဘုန်းမောက် Vs စပါး
(မေ ၄၊ စနေနေ့ ညနေ ၆း၀၀ နာရီ)
ဘုန်းမောက်က နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ အဝေးကွင်းနှစ်ပွဲမှာ 8 ဂိုးထိ သွင်းယူထားပေမယ့် အိမ်ကွင်းမှာ နောက်ဆုံးယှဉ်ပြိုင်တဲ့ 5 ပွဲကို အနိုင်မရထားဘူး။ စပါးကတော့ ကြားရက် အမ်စတာဒမ်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ကစားရဖို့ ရှိနေတယ်။ စပါးက အဆင့်လေးဝင်ဖို့ ရမှတ်တွေရဖို့လည်း လိုနေတယ်။ နှစ်သင်း နောက်ဆုံးတွေ့ထားတဲ့ ပရီးမီးယားလိဂ်ပွဲ 7 ပွဲမှာ 6 ပွဲထိ အနိုင်ရထားတဲ့ စပါးတို့ပဲ စံချိန်ကောင်းကို ဆက်လက် ထိန်းသိမ်းသွားပါမယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 0-1 စပါး

ဝက်စ်ဟမ်း Vs ဆောက်သမ်တန်
(မေ ၄၊ စနေနေ့ ည ၈း၃၀ နာရီ)
စပါးတို့ရဲ့ အိမ်ကွင်းသစ်မှာ သွားရောက်ယှဉ်ပြိုင်ပြီး ဝက်ဟမ်းတို့ အနိုင်ရလဒ် ယူပြနိုင်ခဲ့တယ်။ စိန့်နဲ့ပွဲမှာလည်း ရလဒ်ကောင်း ယူနိုင်မယ်လို့ မျှော်လင့်တယ်။ စိန်ကလည်း နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ 9 ပွဲမှာ ဂိုးတွေ သွင်းယူထားပြီး ဖျော်ဖြေမှုပေးနိုင်ကာ နှစ်ဘက်လုံး ဂိုးတွေသွင်းယူပါလိမ့်မယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ၀က်စ်ဟမ်း 2-1 ဆောက်သမ်တန်

ဝုဗ် Vs ဖူဟမ်
(မေ ၄၊ စနေနေ့ ည ၈း၃၀ နာရီ)
ဝုဗ်က အိမ်ကွင်း နောက်ဆုံး 7 ပွဲကို အရေးနိမ့်ထားပါဘူး။ ဖူလ်ဟမ်နဲ့ပွဲကို အရေးနိမ့်ခဲ့ရင် 2006-2007 ခုနှစ်မှာ ရီးဒင်းအသင်း တင်ရှိထားတဲ့ တန်းတက်တစ်သင်း အိမ်ကွင်းရှူံးပွဲမရှိ စံချိန်တစ်ခုကို လိုက်မှီမှာဖြစ်တယ်။ ဝုဗ်က သူတို့ရဲ့ ဒီရာသီ နောက်ဆုံး အိမ်ကွင်းပွဲကို အကောင်းဆုံး အဆုံးသတ်လိုပါလိမ့်မယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ၀ုဗ် 2-0 ဖူဟမ်

ကာဒစ် Vs ခရစ္စတယ်ပဲလေ့စ်
(မေ ၄၊ စနေနေ့ ည ၁၁း၀၀ နာရီ)
ပရီးမီးယားလိဂ်မှာ ဆက်နေလိုရင် ကာဒစ်က ပဲလေစ့်ကို အနိုင်ယူဖို့ လိုပါတယ်။ ဒါပေမယ့်လို့ ပဲလေစ့်က ကာဒစ်တို့ အဆင့်မြင့်တန်းလိဂ်မှာ တင်ကျန်ရအောင် တိုက်ခိုက်ဖို့က အရည်အချင်း ကြွယ်လွန်းပါတယ်။ 2019 ခုနှစ်မှာ ပဲလေစ့်ရဲ့ အဝေးကွင်း ရမှတ်စုဆောင်းနိုင်မှုထက် ပိုရထားတဲ့ အသင်းဆိုလို့ မန်စီးတီးပဲ ရှိပါတော့တယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ကာဒစ် 0-1 ခရစ္စတယ်ပဲလေ့စ်

နယူးကာဆယ် Vs လီဗာပူး
(မေ ၅၊ တနင်္ဂနွေနေ့ မနက် ၁း၁၅ နာရီ)
လီဗာပူးက ချန်ပီယံလိဂ် ပထမအကျော့မှာ ဘာစီလိုနာကို သုံးဂိုးပြတ် ရှူံးမှုအား တုန့်ပြန်လိုမှာပါ။ ဘာစီလိုနာနဲ့ပွဲမှာ သွင်းဂိုး တစ်ဂိုးမှ မရခဲ့တာအတွက် လီဗာပူးတို့ ကံမကောင်းခဲ့ပေမယ့် အဲ့သည်အတွက် စိတ်မကောင်းဖြစ်နေဖို့ အချိန်မရှိပါဘူး။ လီဗာပူးက အမှတ်ပေးဖလားမှာ မန်စီးတီးကို ဖိအားပေးဖို့အတွက် နယူးကာဆယ်နဲ့ပွဲကို အနိုင်ရဖို့ အရင်ကြိုးစားရမှာဖြစ်တယ်။အစာပိုင်းက မန်စီးတီးကို အိမ်ကွင်းမှာ 2-1 နဲ့ အနိုင်ယူထားတဲ့ နယူးကာဆယ်ကို အကောင်းဆုံး ယှဉ်ပြိုင်ဖို့ ကလော့ပ်က အသင်းသားတွေကို တွန်းအားပေးရမှာဖြစ်တယ်။ နယူးကာဆယ်ဟာ နောက်ဆုံး ယှဉ်ပြိုင်ကစားတဲ့ အိမ်ကွင်း 6 ပွဲမှာ တစ်ပွဲပဲ အရေးနိမ့်ထားတာဖြစ်ပြီး ခက်ခဲစွာ မတိုက်ခိုက်ပဲ လီဗာပူးတို့ အနိုင်မရနိုင်ဘူး။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 0-2 လီဗာပူး

ချယ်ဆီး Vs ၀က်ဖို့ဒ်
(မေ ၅၊ တနင်္ဂနွေနေ့ ည ၇း၃၀ နာရီ)
အဆင့်လေးအတွင်း ဝင်ဖို့အတွက် ချယ်ဆီးက အက်ဖ်အေဖလား ဗိုလ်လုပွဲရောက် အသင်းနဲ့ ထိပ်တိုက်တွေ့မှုမှာ ခြေချော်လို့ မရပါဘူး။ ဒီပွဲက ချန်ပီယံလိဂ်ဝင်ဖို့ ချယ်ဆီးရဲ့ ဒုတိယပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်ပွဲတွေကြားမှာ ကစားရမှာဖြစ်တယ်။ ချယ်ဆီးက ဝတ်ဖိုဒ့်နဲ့ ကစားထားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး 11 ပွဲမှာ အရေးနိမ့်ထားပါဘူး။ ချယ်ဆီးက အနိုင်ရသွားမယ် ခံစားရတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-1 ၀က်ဖို့ဒ်

ဟက်ဒါဖီး Vs မန်ချက်စတာယူနိုက်တက်
(မေ ၅၊ တနင်္ဂနွေနေ့ ည ၇း၃၀ နာရီ)
ယူနိုက်တက်က နောက်ဆုံး 4 ပွဲဆက် အနိုင်မရထားပေမယ့် ဒီပွဲမှာတော့ ခြေချော်မယ်လို့ မထင်ပါဘူး။ ဟက်ဒါဖီးဟာ ဒီရာသီမှာ အိမ်ကွင်းဂိုး 9 ဂိုးပဲ သွင်းယူထားတယ်။ အဆင့်မြင့်တန်း သမိုင်းမှာတော့ သွင်းဂိုး လက် ၁၀ ချောင်း မကျော်ခဲ့တဲ့ အသင်းလည်း ဖြစစ်ခဲ့တယ်။အရင်အပတ်က ချယ်ဆီးနဲ့ပွဲမှာ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည် တိုးတက်လာခဲ့တယ်။ အဆင့်လေးအတွင်း ဝင်လိုတယ်ဆိုရင် ဒီပွဲမှာ ယူနိုက်တက်က ရမှတ်အားလုံးကို စုဆောင်းနိုင်ဖို့ လိုပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားထုတ်ခွင့်က ကိုယ်လက်ထဲမှာ မရှိပေမယ့် ယူနိုက်တက် လုပ်နိုင်တာက နောက်ဆုံး နှစ်ပွဲမှာ ရမှတ်တွေအားလုံးကို ရယူဖို့ပါပဲ။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ဟက်ဒါဖီး 0-3 မန်ချက်စတာယူနိုက်တက်

အာဆင်နယ် Vs ဘရိုက်တန်
(မေ ၅၊ တနင်္ဂနွေနေ့ ည ၁၀း၀၀ နာရီ)
ဘရိုက်တန်က ကြီး ၆ ကြီးနဲ့ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပရီးမီးယာလိဂ်အဝေးကွင်းပွဲ ၁၁ ပွဲလုံးကို အရေးနိမ့်ထားပြီး ပေးဂိုး ၂၃ ဂိုးရှိကာ ၂ ဂိုးပဲ ပြန်သွင်းထားနိုင်တယ်။ ဒါကြောင့် အမ်းမရိတ်မှာ ရလဒ်ကောင်းယူဖို့ ခက်ခဲပါဦးမယ်။ ကြားရက်မှာ အာဆင်နယ်က ဗလန်စီယာနဲ့ ယူရိုပါလိဂ်ပွဲ ကစားရဖို့ရှိပေမယ့် သူတို့ကလည်း အဆင့်လေးဝင်ခွင့်အတွက် မျက်လုံးမိတ်မထားနိုင်ပါဘူး။အရင်အပတ်က နယူးကာဆယ်နဲ့ပွဲမှာ ရမှတ်ရခဲ့တာကြောင့် ဘရိုက်တန်ရဲ့ ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ ကာကွယ်နိုင်တဲ့ ရမှတ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံး 7 ပွဲမှာ တစ်ပွဲမှလည်း အနိုင်မရထားပါဘူး။ အာဆင်နယ်က နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ်ပွဲ သုံးပွဲကို အရေးနိမ့်ထားပြီး အိမ်ကွင်းပွဲကို အနိုင်ယူသင့်ပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-1 ဘရိုက်တန်

ကစားသမားသစ် 6-7 ဦးအထိ ခေါ်ယူပြီး အသင်းကို ပြန်လည် တည်ဆောက်သွားဖို့ ရှိနေတဲ့ ရီးယဲမက်ဒရစ်ရဲ့ မဟာ စီမံကိန်းရီးယဲ မက်ဒရစ် အ...
02/05/2019

ကစားသမားသစ် 6-7 ဦးအထိ ခေါ်ယူပြီး အသင်းကို ပြန်လည် တည်ဆောက်သွားဖို့ ရှိနေတဲ့ ရီးယဲမက်ဒရစ်ရဲ့ မဟာ စီမံကိန်း

ရီးယဲ မက်ဒရစ် အသင်း ဟာ နောက် ရာသီ အတွက် အသင်း ကို အလန်းစား ပြင်ဆင် မှုတွေ ပြုလုပ် ဖို့ အတွက် ဘယ်လို ခြေလှမ်း တွေ လှမ်း နေလဲ ဆိုတာ ကျွန်တော် တို့ သိရှိ ကြ ပါတယ် လို့ စပိန် အခြေစိုက် နာမည် ကြီး သတင်းစာ တစ်ရပ် ဖြစ်တဲ့ မာကာ က ဖော်ပြ သွားခဲ့ ပါတယ် ။

မာကာ ဟာ ပြီး ခဲ့တဲ့ ရက် သတ္တပါတ် တွေ ကတည်းက ရီးယဲ မက်ဒရစ် အသင်း ရဲ့ အပြောင်း အရွှေ့ ဖြစ်လာ နိုင်ခြေ တွေ နဲ့ ပတ်သက် ပြီး အမျိုးမျိုး လေ့လာ ဖော်ပြ ထားခဲ့ ပါ သေးတယ် ။ ဒါ့ကြောင့် နောက် ရာသီ မှာ ဇီဒန်း ဟာ ဘယ်လို ကစားသမား မျိုး တွေ ပါဝင် တဲ့ အသင်း ကို ပိုင်ဆိုင် နိုင်လိမ့် မလဲ ဆိုတာ မာကာ ဒီ တစ်ကြိမ် ဖော်ပြ သွားခဲ့ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ဆီ ရောက်ရှိ နိုင်ဖို့ ရေပန်း အစားဆုံး အဖြစ် ဗဟို နောက်ခံ ကစားသမား ဖြစ်တဲ့ အီဒါ မီလီတာအို ၊ ညာ တောင်ပံ အဖြစ် ရိုဒရီဂို ၊ ကွင်းလယ် တိုက်စစ် အဖြစ် အီဒင် ဟာဇက် တို့ဟာ သေချာ သလောက် ရှိနေ ကြတယ် လို့ မာကာ က ဖွင့်ဟ သွားခဲ့ ပါတယ် ။

မာကာ က ဒီနေ့ ညနေ မှာပဲ ရီးယဲ မက်ဒရစ် ဟာ လက်ရှိ ဘောလုံး ရာသီ ကုန်ဆုံး သွားတဲ့ အခါ အီဒင် ဟာဇက် ကို ခေါ်ယူ နိုင်ဖို့ ကြိုတင် သဘော တူညီ မှု ရရှိ ထားခဲ့ ပြီ ဖြစ်ကြောင်း ၊ အတည်ပြု ကြေငြာဖို့ လောက်ပဲ စောင့်ဆိုင်း နေ တော့ကြောင်း ဖော်ပြ သွားခဲ့ ပါ သေးတယ် ။

ဒါ့ အပြင် ရီးယဲ မက်ဒရစ် အသင်း ဟာ တိုက်စစ် မှူး အဖြစ် လူကာ ဂျိုဗစ် ၊ ဘယ် နောက်ခံလူ အဖြစ် ဖာလန် မန်ဒီ ၊ ကွင်းလယ် ဖန်တီးရှင် ကစားသမား အဖြစ် အဲရစ်ဆင် ( သို့ ) ပေါ့ဂ်ဘာ တို့ကို ခေါ်ယူ နိုင်ဖို့ အတွက် ပြင်ဆင် နေတယ် လို့ မာကာ က ဆက်လက် ဖော်ပြ သွားခဲ့ ပါတယ် ။

အဲ့တာ တွေ အပြင် လက်ရှိ PSG အသင်း ရဲ့ အားထား ရတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ နေမာ ဟာလည်း ရီးယဲ မက်ဒရစ် အသင်း ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီးရက်ဇ် ရဲ့ အထူး ပစ်မှတ် အဖြစ် ရှိနေ သေးဆဲ ပါပဲ ။

ဒါ့ကြောင့် တစ်ကယ့် ကို အောင်မြင် ခဲ့တဲ့ ခေတ် တစ်ခု ကုန်ဆုံး သွားတဲ့ အချိန် ရီးယဲ မက်ဒရစ် အသင်း ဟာ နောက် တစ်ခေတ် ပြန်လည် ထူထောင် နိုင်ဖို့ အတွက် ကစားသမား သစ် 6 – 7 ဦး အထိ ခေါ်ယူ သွား နိုင်ဖို့ ပစ်မှတ် ထားနေ ခဲ့တာ ပဲ ဖြစ် ပါတယ် ။

အခုလို လုပ်ဆောင် နိုင်ဖို့ အတွက် တော့ ရီးယဲ အနေ နဲ့ အသင်း ရဲ့ ကစားသမား အချို့ကို ရောင်းချ သွားဖို့ လိုအပ် နေပြီး လက်ရှိ အနေအထား အရ ဂါးရတ် ဘေးလ် ၊ မာရီယာနို ၊ ဗာလီဂျို ၊ ဆီဘယ်လော့စ် ၊ လော်ရန်တေး နဲ့ ရီဂူလင် တို့ကို ရီးယဲ မှ ရောင်းချ သွားနိုင် ဖို့ ရှိနေ ပါတယ် ။

ဒါ့အပြင် တိုနီ ခရူးစ် ၊ အစ္စကို ၊ လူးကပ်စ် ဗတ်ဇ်ကွက် နဲ့ နာချို တို့ရဲ့ အနာဂတ် ဟာလည်း ဘယ်မှာ ရှေ့ဆက် ရှိဖြစ် လိမ့် မလဲ ဆိုတာ မရေရာ တဲ့ အနေအထား မှာ ရှိနေ ပါတယ် ။ ဒါ့အပြင် နံပါတ် တစ် ဂိုးသမား အဖြစ် ကော့တွိုက် ၊ နာဗတ်စ် ဘယ်သူ့ ကို ရွေးချယ် မလဲ ဆိုတာ ကိုလည်း ဇီဒန်း ဟာ ဆုံးဖြတ် ရဖို့ ရှိနေ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဇီဒန်း ဟာ အသင်း နဲ့ အတူ အောင်မြင် မှုတွေ ဆက်တိုက် ရယူ ခဲ့ရာ မှာ အရေး ပါသူ တွေ ဖြစ်ခဲ့ ကြတဲ့ မာဆယ်လို ၊ လူကာ မိုဒရစ် ၊ တိုနီ ခရူးစ် ၊ ကာဆီမီရို တို့လို စီနီယာ ကစားသမား တွေကို အသင်း မှာ ဆက်လက် ရှိနေ စေဖို့ အတွက် အလို ဆန္ဒ ရှိနေ တယ်လို့ မာကာ က ဆက်လက် ဖော်ပြ သွားခဲ့ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း မှာ လိုအပ် နေ ခဲ့တဲ့ ဖန်တီး နိုင်မှု စွမ်းရည် တွေကို ပြန်လည် မြင်တွေ့ ရဖို့ အတွက် စပိန် ထိပ်သီး က ဟာဇက် ၊ ပေါ့ဂ်ဘာ တို့လို ကစားသမား မျိုး တွေကို ခေါ်ယူ လို နေတာ ကတော့ ထူးဆန်း တဲ့ အရာ တစ်ခု တော့ မဟုတ် လှ ပါဘူး ။

ဒါပေမဲ့ ရီးယဲ မက်ဒရစ် အသင်း မှာ စီ ရောနယ်ဒို လို အဆုံးသတ် ပိုင်းတွေ သေချာ အောင် လုပ်ဆောင် ပေးနိုင် မဲ့ ကစား သမား လိုအပ် နေပါ ဦးမယ် ။ ဒီ အတွက် တော့ ဇီဒန်း ဟာ ဘယ်လို ကစားသမား မျိုး ဆက်လက် ရွေးချယ် လိမ့်ဦး မလဲ ဆိုတာ ကတော့ စိတ်ဝင်စား စရာ ပါပဲ ။

02/05/2019

မှီသေးရင်ဆော်ဗျာ

ချဲဆီး

ဘာစီလိုနာ အသင်းဟာ လာမယ့် အပတ် အတွင်းမှာ ဒုတိယအကျော့အဖြစ် အန်ဖီးလ် မှာ သွားရောက်ရင်ဆိုင်ရဦး မှာဖြစ်ပြီး အိမ်ရှင် လီဗာပူး...
02/05/2019

ဘာစီလိုနာ အသင်းဟာ လာမယ့် အပတ် အတွင်းမှာ ဒုတိယအကျော့အဖြစ် အန်ဖီးလ် မှာ သွားရောက်ရင်ဆိုင်ရဦး မှာဖြစ်ပြီး အိမ်ရှင် လီဗာပူးအသင်းကို လေးစားမှု ရှိရှိကစားသွားဖို့ ဗီဒယ်ကဆိုခဲ့ပါတယ်။အင်တာဗျူး တခုမှာဗီဒယ်က – – – ” ဒီနေ့ ပွဲရလဒ်ဟာ အတော်လေးကြီးကျယ်ကောင်းမွန်တဲ့ ရလဒ်မျိုးဆို တာ သံသယ ဝင်စရာတောင် မလိုပါဘူး။ဒီပွဲဟာ အခုနှစ်ရဲ့ အရေးအကြီးဆုံး ပွဲလည်းဖြစ်ပါတယ်။ဒါပေမယ့် နောက်ထပ် မိနစ် ၉၀ ထပ်ကစားရဖို့ ရှိနေလို့ ဘယ်လို တွေ ခံစားရနိုင်တယ်ဆိုတာ နားလည်ပါတယ်။ဒါကြောင့် လည်းလာမယ့် ပွဲကို ပါ အပြတ်ဖျက်ဖို့ လိုပါသေးတယ်။

ဗီဒယ်ဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဂျူဗီ အသင်းမှာ ကစားခဲ့ပြီး နောက်ဆုံးနှစ်မှာချန်ပီယံလိဂ် ဖိုင်နယ် အဆင့်ကို လည်းတက်ရောက် နိုင် ခဲ့ပါတယ်။သူ့ရဲ့ အသင်းဟောင်းဟာဒီရာသီမှာ ရော်နယ်ဒို လို ချန်ပီယံလိဂ်လူသားကို ခေါ်ယူထားခဲ့ပေမယ့် ကွာတားဖိုင်နယ်အဆင့်မှာ အေဂျက် ကို အရေးနိမ့်ခဲ့ရလို့ ပြိုင်ပွဲကနေထွက်လိုက်ရပြီလည်းဖြစ်ပါတယ်။ဂျူဗီ အသင်းရဲ့ အရေးနိမ့်ခဲ့မှု အပေါ် ဗီဒယ်က – – – ” သူတို့ ( ဂျူဗီ ) အသင်း ပြိုင်ပွဲကနေ ထွက်လိုက်ရလို့ ကျွန်တော် တကယ်ကို အံ့အားသင့်မိပါတယ်။နည်းပြ ကြီး အယ်လီဂရီ နဲ့ အတူ သူတို့အသင်း ဖိုင်နယ် အဆင့်ကို ကျိန်းသေရောက်မယ်လို့ ကျွန်တော်ယုံကြည်ထားခဲ့တာဖြစ်ပါတယ်။ သူတို့ ထွက်ခွာခဲ့ရတာဟာ တကယ်ကို စိတ်ပျက်ဖို့ ကောင်းပါတယ် ” လို့ပြောသွားခဲ့ပါတယ်။
ကျွန်တော်တို့ အနေနဲ့ လီဗာပူး အသင်းကို အများကြီး လေးစားသမှု ထားရှိသွားဖို့လိုပါတယ်။ဘာကြောင့် လည်းဆိုတော့ သူတို့ဟာ အသင်းကောင်းတသင်းဖြစ်လို့ပါပဲ။လာမယ့် ပွဲစဉ် ဟာ ဒီနေ့ ည ပွဲထက် အများကြီး ပိုပြီး ခက်ခဲမယ်ဆိုတာ ကို လည်း ကျွန်တော်တို့ ယုံကြည်ပါတယ် ” လို့ပြောခဲ့ပါတယ်။ဒီပွဲမှာ အံ့မခန်း ဖရီးကစ် ကန်ချက် တကြိမ်အပါအဝင် ၂ဂိုးသွင်းယူနိုင် ခဲ့တဲ့ မက်ဆီအပေါ် ဗီဒယ်က – – -” သူ ဟာအတော်လေးကို အလုပ်ကြိုးစားသူဖြစ်ပါတယ်။သူ့ရဲ့ နောက်ဆုံး ဂိုးကတော့ တကယ့်ကို ခမ်းနားကြီးကျယ်လွန်းပါတယ်ဗျာ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

02/05/2019

နောက်ဆုံးရအားကစားသတင်းများ

အာဆင်နယ် ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးလ်က လန်ဒန်ကလပ်မှာပဲ ပျော်ရွှင်နေပြီး နောက်ရာသီမှာလည်း အသင်းမှာ ဆက်နေ သွားချင်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဘရာဇီး တိုက်စစ်သမား နေမာက နောက်ဘောလုံး ရာသီအကုန်မှာ ပီအက်စ်ဂျီ အသင်းက ထွက်ခွာနိုင်မှာ ဖြစ်ပါတယ်။ ၄င်းရဲ့ စာချုပ် ဖျက်သိမ်းကြေးနဲ့ အသင်းကထွက်ခွာခွင့်က ၂၀၂၀ မှ အသက်ဝင်မှာ ဖြစ်ပြီး ပေါင် သန်း ၁၅၀ နဲ့ ထွက်ခွာနိုင်မှာပါ။ ရီးရဲလ်ကလည်း ဒီပမာဏပေးဖို့ စိတ်ဝင်စားနေပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားက မိုက်ဖီလန်ကို အသင်းရဲ့ ပထမဆုံ နည်းစနစ် ဒါရိုက်တာ အဖြစ် ခန့်အပ်ပေးစေလိုနေပါတယ်။

ဘိုင်ယန်မှာ လက်ရှိနည်းပြနဲ့ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ်မှူး သောမတ်မူလာကို ခေါ်ယူလိုတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေ ရှိနေပြီး အေစီ၊ အင်တာမီလန်အသင်းများနဲ့ အပြိုင် ကြိုးပမ်းကြဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ အဲဗာဗန်နီဂါရဲ့ ဆီဗီလာနဲ့ စာချုပ်ကိစ္စ ဆွေးနွေးမှုကို စောင့်ကြည့်နေပါတယ်။ ကွင်းလယ်ကစားသမား ရဲ့ လက်ရှိ စာချုပ်က ၂၀၂၀ မှာ ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုး ဆွေးနွေးမှု အဆင်မပြေပါက လာမယ့်နွေမှာ ရောင်းချခံရမှာပါ။ ၄င်းကို အသင်းဟောင်း ဘိုကာဂျူနီယာကလည်း ပြန်လည် ခေါ်ယူလိုနေပါတယ်။

စပါးအသင်းနဲ့ ၂၀၂၀ မှာ စာချုပ်ကုန်ဆုံးမယ့် ကွင်းလယ်ကစားသမား အဲရစ်ဆန်က ရီးရဲလ်သို့ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရပြီး ဖြစ်တယ်လို့ AS သတင်းမှာ ဖော်ပြထားပါတယ်။

မန်စီးတီး ခံစစ်မှူး ဒန်နီလိုက အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ အချက်အလက်များ သဘောတူပြီး ဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ်တူဂီသား လူငယ်နှစ်ဦး ဖြစ်တဲ့ ဘင်ဖီကာတိုက်စစ်သမား ဂျိုအာဖိလစ်နဲ့ စပို့တင်း ကွင်းလယ် ဘရူနို ဖာနန်ဒတ်စ်တို့ကို ခေါ်ယူရန် ကြိုးပမ်းမှု အရှိန် မြှင့်တင်လာခဲ့ပါတယ်။

လီဗာပူးနဲ့ ပွဲမှာ ကော်တင်ညိုကို ၀ိုင်းဝန်းသရော်ခဲ့ကြတဲ့ ဘာစီလိုနာ ပရိသတ်တွေအား မက်ဆီက ထိုဖြစ်ရပ်ဟာ အရုပ်ဆိုးလွန်းပြီး ကစားသမားနဲ့ ပရိသတ် အားလုံး အတူရှိကြဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဂါရတ်ဘေးလ်က ဇီဒန်းရဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီ အစီအစဉ်တွေထဲ မပါဝင်နေဘူးလို့ သိရပြီး ဝေးစ်ကြယ်ပွင့်ကစားသမားကို ရောင်းဖို့ ရီးရဲလ်က စိတ်အားထက်သန်နေပါတယ်။ ဥရောပ ထိပ်သီးကလပ်အသင်းအချို့က ဘေးလ်ကို စိတ်ဝင်စားပေမယ့် ၄င်းရဲ့ တစ်နှစ် ပေါင် ၁၄ သန်း လုပ်ခနဲ့ ခေါ်ယူနိုင်မယ့် အသင်း အနည်းငယ်သာ ရှိပါမယ်။

အသက် ၃၃ နှစ်အရွယ် ဘရာဇီးသား ဖိလစ်လူးဝစ်က ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီး အက်သလက်တီကို မက်ဒရစ်မှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

02/05/2019

နောက်ဆုံးရအားကစားသတင်းများ

မန်စီးတီး ခံစစ်မှူး ဘန်ဂျမင် မန်ဒီကို ညက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ နူးကမ့်မှာ တွေ့လိုက်ရပြီး ဘာစီလိုနာနဲ့ အတူ အောင်ပွဲခံနေတဲ့ ဗီဒီယိုပါ တက်လာခဲ့ပါတယ်။ မန်ဒီအပြင် စီးတီးနည်းပြ ဂွာဒီယိုလာလည်း ထိုပွဲစဉ်ကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

မန်စီးတီး ပစ်မှတ်ထားနေတဲ့ အက်သလက်တီကို ကွင်းလယ် ကစားသမား ရိုဒရီက လက်ရှိကလပ်အသင်းမှာပဲ ဆက်နေဖို့ အလိုရှိနေပါတယ်။

ဘာနာဒိုဆေးဗားက ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ဂျာအို ဖိလစ် အပါအ၀င်၊ ဖာရို၊ ဖလော်ရန်တီနိုနဲ့ ဂျိုတာ အစရှိတဲ့ ဘင်ဖီကာ လူငယ်ကစားသမားလေးတွေကို မန်စီးတီးက ခေါ်ယူစေချင်မိကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် ဗလင်စီယာက အသင်းရဲ့ ဒီရာသီ လက်ကျန်ပွဲစဉ် ၂ ပွဲမှာ ပြန် ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။ ဇန်န၀ါရီ ၂ နယူးကာဆယ်ကို နိုင်တဲ့ပွဲနောက်ပိုင်းတည်းက မပါဝင်နိုင်ခဲ့တဲ့ ဗလင်စီယာကို ဗုဒ္ဓဟူးနေ့က အသင်းရဲ့ ထရိန်နင်မှာ ပြန် ပါဝင်လေ့ကျင့်ေ်နတာ တွေ့ရပါတယ်။

ဟက်ဒါဖီးနဲ့ပွဲကြို ယူနိုက်တက် လေ့ကျင့်ရေးမှာ လူငယ်ကစားသမား Lee O’Connor လည်း ပါဝင်နေတာ တွေ့ရပြီး တာဟစ်ချောင်၊ အိန်ဂျယ် ဂိုမက်နဲ့ ဂျိမ်းစ် ဂါနာတို့လည်း ပါဝင်ခဲ့ပါတယ်။

မာရှယ် အနေနဲ့ သူ့မှာရှိတဲ့ အလားအလာကောင်းတွေကို ဖော်ထုတ် ခြေစွမ်းပြဖို့ ယူနိုက်တက်မှာ မှန်ကန်တဲ့ ဆရာကောင်းတွေ လမ်းညွှန်ပေးမယ့် သူတွေ လိုအပ်နေတယ်လို့ ဘာဘာတော့ဗ်က မှတ်ချက်ပြုလိုက်ပါတယ်။

ချန်ပီယံလိဂ် ဆီမီး ပထမအကျော့က ပွဲမှာ ဦးခေါင်း ပြင်းထန်စွာ ဒဏ်ရာ ရသွားတဲ့ ခံစစ်မှူး ဗာတွန်ဂန်အတွက် စပါးက အခြားက ဆရာဝန်များနဲ့ပါ စစ်ဆေး ကုသမှု ပြုလုပ်ရန် ရှာဖွေနေပါတယ်။

စပါးနည်းပြ ပိုချက်တီနိုက စပါးဟာ အေဂျက်ကို ပထမအကျော့မှာ ရှုံးလိုက်ပေမယ့် ချန်ပီယံလိဂ် အိပ်မက်က အသက်ဝင်နေဆဲ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတ်ယ။

နူးကမ့်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာ လီဗာပူးကတော့ ဘာစီလိုနာကို ၃ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် ရှုံးနိမ့်ကာ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် မှေးမှိန်သွားခဲ့ပါပြီ။ ဘာစီလိုနာအတွက် ဂိုးတွေကို လူးဝစ်ဆွာရက်စ် က ၁ ဂိုး၊ မက်ဆီက ၂ ဂိုး အသီးသီး သွင်းယူခဲ့ပါတယ်။

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်က အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်အားရပေမယ့် မက်ဆီကို ရပ်တန့်လို့ မရနိုင်တာ အတွက် ၀န်ခံလိုက်ပြီး ပထမဂိုး ဖရီးကစ်က ကာကွယ်လို့ကို မရလိုက်သလို ဒုတိယဂိုးကလည်း ၄င်းရဲ့ အကောင်းဆုံး မဟုတ်တောင် စကေးလ် အပြည့်နဲ့ သွင်းသွားတဲ့ ဂိုးဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

လူးဝစ်ဆွာရက်စ်ရဲ့ အသင်းဟောင်း လီဗာပူးကို ဂိုးသွင်းအပြီး အောင်ပွဲခံမှုကို လီဗာပူး ပရိသတ်များ အမျက်ထွက်နေကြသလို ပြိုင်ဘက် ပရိသတ်များကလည်း လှောင်ပြောင်မှုများ ပြုလုပ်ရင်း တွစ်တာမှာ တိုက်ပွဲ ပြင်းထန်နေပါတယ်။

ဖရန့်ဘတ်နဲ့ ယူရိုပါလိဂ် ပွဲ စဉ်အတွက် ချယ်ဆီးအသင်းသား ၁၉ ယောက် ဂျာမနီသို့ ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။ ထို ၁၉ ယောက်ကတော့ ကီပါ၊ ကာဘယ်လာရို၊ ဂျင်မီကမ်းမင်း၊ ခရစ္စတီယန်ဆန်၊ ကွီတာ၊ လူးဝစ်၊ အလွန်ဆို၊ အီမာဆန်၊ ဇက်ပါကော်စတာ၊ ဂျော်ဂျင်ဟို၊ ကန်တေ၊ ရော့စ် ဘာကလေ၊ ကိုဗာဆစ်၊ လော့ဖ်တပ်ချိ၊ ဟာဇက်၊ ပက်ဒရို၊ ၀ီလျံ၊ ဂျီရူး၊ ဟီဂူအင်တို့ ဖြစ်ပါတယ်။

ချယ်ဆီး ဂိုးသမား ကီပါက အသင်းရဲ့ ထိပ်သီး လေးသင်း ၀င်ခွင့်အတွက် လက်တွေ့ကျကျ လုပ်ဆောင်သင့်တာက လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ် အားလုံး အနိုင် ကစားဖို့ ဖြစ်ကြောင်း အသင်းဖော်တေါကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

နည်းပြ အူနိုင်းအမ်မရီက အာဆင်နယ်အသင်းနဲ့ အတူ သမိုင်းသစ် ရေးထိုးလိုတယ်လို့ ပြောဆိုလိုက်ပြီး ယူရိုပါလိဂ် အောင်မြင်မှု ရယူဖို့ ပစ်မှတ်ထားလိုက်ပါတယ်။

ဖရန့်ဘတ်နဲ့ ယူရိုပါလိဂ် ပွဲ မတိုင်ခင် ချယ်ဆီးအသင်း ထရိန်နင်မှာ တိုက်စစ်သမား ၀ီလျံ ပြန် ပါဝင်လာခဲ့တာတွေ့ရပါတယ်။ ၄င်းက ဒီရာသီ ချယ်ဆီးရဲ့ ယူရိုပါလိဂ် ပွဲတွေမှာ အဓိက ကျခဲ့ပြီး ၁၂ ပွဲ ကစားရာ ၃ ဂိုးသွင်း ၇ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

အာဆင်နယ်က အခြေအနေဆိုးနေတဲ့ ခံစစ်ကြောင်း တိုးတက်မှု ရှိဖို့ ဗဟိုခံစစ်မှူး တစ်ဦး အသည်းအသန် ရှာဖွေနေပြီး ဂီတာဖေးမှ ခံစစ်မှူး Djene Dakonam ကို မျက်စိကျနေပါတယ်။

ရမ်ဆေးဟာ ဘယ်ဘက် တံကောက်ကြောဒဏ်ရာ အတွက် ဆက်လက် ကုသမှု ခံယူနေရပြီး ဒီရာသီ အာဆင်နယ် အသင်းရဲ့ လက်ကျန်ပွဲစဉ်မျှား ပါဝင်ကစားနိုင်မှာ မဟုတ်တော့ကြောင်း အမ်မရီက အတည်ပြုလိုက်ပါတယ်။ နောက်ရာသီ ဂျူဗင်တပ်သို့ ပြောင်းတော့မှာ ဖြစ်တဲ့ ရမ်ဆေးက အာဆင်နယ်အတွက နောက်ဆုံးပွဲ ကစားပြီး ဖြစ်သွားခဲ့ပါပြီ။

အာဆင်နယ်နှင့် ထိပ်တိုက်တွေ့ရမည် စိုးသောကြောင့် မန်ယူသို့ မပြောင်းရွှေ့ဖြစ်ခဲ့ဟု နာဆရီ ဖွင့်ဟ ဖာဂူဆန်နှင့်တွေ့ဆုံခဲ့ပြီး မ...
02/05/2019

အာဆင်နယ်နှင့် ထိပ်တိုက်တွေ့ရမည် စိုးသောကြောင့် မန်ယူသို့ မပြောင်းရွှေ့ဖြစ်ခဲ့ဟု နာဆရီ ဖွင့်ဟ
ဖာဂူဆန်နှင့်တွေ့ဆုံခဲ့ပြီး မန်ယူနှင့်သို့ရောက်ရန် နီးစပ်ခဲ့သော်လည်း အာဆင်နယ်အသင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အကြောင်း ဖန်လာသောကြောင့် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။

အာဆင်နယ်၌ ကစားနေစဉ် နာဆရီမှာ ဖာဂူဆန်နှင့် ပြင်သစ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မန်ယူသို့ပြောင်းရန် ဆွေးနွေးမှုများရှိခဲ့သော်လည်း၊ မန်စီးတီး၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့ ဖာဂူဆန်နဲ့ ပဲရစ်မှာတွေ့ဆုံခဲ့ပါတယ်။ ကောလဟာလတွေ ဖြစ်မလာအောင် လျှို့ဝှက်နေရာတစ်ခုမှာ တွေ့တာပါ။ ဒါပေမယ့် ပြဿနာတစ်ခု ရှိခဲ့ပါတယ်။ ဒါကတော့ မန်ယူကိုပြောင်းဖို့ အာဆင်နယ်နဲ့ အကြိတ်အနယ် ဆွေးနွေးခိုင်းတာပါပဲ။ ဒီလိုလုပ်ဖို့ မဖြစ်ဖူးဆတိုတာ ကိုယ့်ကိုယ်ကို သိခဲ့ပါတယ်။ အထူးသဖြင့် အဆင်ဝင်းဂါးနဲ့ပေါ့ဗျာ´ ဟု နာဆရီက Beln Sports သတင်းစာသို့ ၀န်ခံပြောကြားခဲ့သည်။

ထို့ပြင် မန်စီးတီး၏ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး မန်စီနီကလည်း နေ့စဉ်နေ့တိုင်း ဖုန်းခေါ်ခဲ့ကြောင်း၊ ထို့နောက် မိမိအနေဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အဆင်ဝင်းဂါးကိုယ်တိုင်က နာဆရီမှာ ငွေကြေးမက်လုံးကြောင့် မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။ မန်စီးတီးသို့ ရောက်ရှိခဲ့သည့် နာဆရီမှာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်နှင့် လိဂ်ဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သည်

02/05/2019

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၃၂/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၂)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
========================
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ
-------------------------
(က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း(Extremely Severe Cyclonic Storm) "ဖန်နီ"(FANI)သည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အနောက်တောင်ဘက် (၂၇၅)မိုင်ခန့်၊ ဗီဇာကာပတ္တနမ်မြို့(Vishakhapatnam)၏ တောင်-အရှေ့တောင်ဘက် (၁၄၅) မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အနောက်တောင်ဘက် (၄၁၅)မိုင်ခန့်အကွာပင်လယ်ပြင် ကို ဗဟိုပြုနေပါသည်။ အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရ ပါသည်။

(ခ) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
------------------
(က) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၅.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၈၄.၂)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၅၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၁၅)မိုင်နှုန်း ဖြစ်ပါသည်။

နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်
---------------
(က) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၄၈)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿ ကမ်းခြေကို ဂိုလ်ပါပူရ်မြို့(Gopalpur)နှင့် ချန်ဘာလီမြို့(Chandbali)အကြားမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်
-----------
(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏အရှိန်ကြောင့် (၂.၅.၂၀၁၉)ရက်နေ့မှ (၄.၅.၂၀၁၉)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်
----------------------
(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏အရှိန် ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

Address

Myingyan

Alerts

Be the first to know and let us send you an email when ဘောလုံးပွဲခန့်မှန်းချက်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share