04/09/2026
🚨🔴 မြန်မာနိုင်ငံက မန်ယူဖန်တွေအတွက် အိပ်မက်တစ်ခု အကောင်အထည်ဖော်တော့မယ်! 🇲🇲❤️
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ Ryan Giggs 🇬🇧 | Patrice Evra 🇫🇷 | Dimitar Berbatov 🇧🇬 | Anderson 🇧🇷 တို့ ရန်ကုန်မြို့ကို လာရောက်မယ်လို့ သိရပါတယ်! 🤩🔥
“Legendary Players in Yangon” လို့ အမည်ပေးထားတဲ့ Meet & Greet အစီအစဉ်ကို The Garden Agency က စီစဉ်ထားတာဖြစ်ပြီး—
📅 October 30 – November 1, 2026
📍 Melia Hotel, Yangon
📍 Yangon Convention Centre (YCC)
တို့မှာ Welcome Day, Meet & Greet, LIVE Podcast, Fan Activities နဲ့ Public Meet & Greet အစီအစဉ်တွေ ပါဝင်မယ်လို့ သိရပါတယ်။ ❤️
အထူးသဖြင့် November 1 ရက်နေ့မှာတော့ မြန်မာနိုင်ငံက မန်ယူဖန်တွေအနေနဲ့ ကိုယ်ချစ်ရတဲ့ United Legends တွေနဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ရတော့မှာပါ! 😍🔴
1999 ရဲ့ အမှတ်တရတွေ…
Giggs ရဲ့ ဘယ်ခြေ…
Evra ရဲ့ စိတ်ဓာတ်…
Berbatov ရဲ့ Class…
Anderson ရဲ့ အမှတ်တရတွေ…
အခုတော့ မြန်မာပြည်ကနေ အနီးကပ်တွေ့ရတော့မယ်! 🥹❤️
🎟️ Ticket & Merchandise Pack အသေးစိတ်ကိုတော့ မကြာမီ ထပ်မံကြေညာပေးသွားမယ်လို့ သိရပါတယ်။
Myanmar Reds — Are You Ready? 🔴🔥