
  • Home
  • Myanmar
  • Monywa

မြန်မာ့ဂုဏ်ရည် ခြင်းလုံး Myanma Gone Yi Chinlone

England ပြည် ၀င်ဘာလေကွင်းမှာဦးလော်ပေါ်နှင့်အဖွဲ့ခြင်းရွဲခတ်ကစားပြစဉ်က
05/07/2025

England ပြည် ၀င်ဘာလေကွင်းမှာဦးလော်ပေါ်နှင့်အဖွဲ့
ခြင်းရွဲခတ်ကစားပြစဉ်က

04/05/2024

ကိုအောင်ဝင်း(မုံရွာ)

**face bookပေါ်မှမြန်မာ့၇ိုး၇ာခြင်းလုံးPageနှင့်
Group,များအညွှန်း**

မြန်မာ၇ိုး၇ာခြင်းလုံးနှင့်ပတ်သက်သောသမိုင်း
ကြောင်းများဗဟုသုတများခတ်ကစားပုံနည်းစနစ်များ။ခြင်းအလှခတ်videoများအမှတ်ပေးပြိုင်ပွဲ
Videoများ။အမျိုးသမီးပင်တိုင်စွမ်း၇ည်ပြvideo
များ။ကိုယခုဖော်ပြပါခြင်းလုံးpageများ။Group
များ။ခြင်း၇ုံများဧ။်pageများ။လူပုဂ္ဂိုလ်တို့ဧ။်acc;
(ကကောင့်)များတွင်အလွယ်တကူဝင်ေ၇ာက်ကြည့်၇ှုလေ့လာနိုင်ပါသည်။

တက်သစ်စခြင်းရုံ*

တက်သစ်စ(ခြင်း၇ုံ)ခြင်းလုံးpageတွင်မြန်မာ့လက်ေ၇ွးစင်ကိုအောင်စိုးမိုးဧ။်ခြင်းကြီး။ခြင်းလတ်။
ခေတ်ဆန်းလေ့ကျင့်ပုံနမူနာများ။တက်သစ်စခြင်း၇ုံဧ။်လူငယ်လေးများဖြစ်သောမျောက်ခြောက်ကောင်အဖွဲ့၇ဲ့အလှခတ်ပွဲvideoများကိုစုံလင်စွာ
ဖော်ပြထားပါသည်။ထို့အတူ

စကားဝါခြင်း၇ုံ*

မယ်လမုခြင်း၇ုံ*

ပဲခူးတိုင်းခြင်းလုံးအားကစား၇ုံ*တို့တွင်လည်းဝင်ေ၇ာက်ကြည့်၇ှုနိုင်ပါသည်။

ယခုဖော်ပြသည့်pageများတွင်လည်းဝင်ေ၇ာက်
ကြည့်၇ှူနိုင်ပါသည်။

မြန်မာ့ဂုဏ်၇ည်ခြင်းလုံး*

မြန်မာ့ဂုဏ်၇ည်ခြင်းလုံးpageတွင်၇ိုး၇ာခြင်းလုံး
ကဗျာများ။ဆောင်းပါးများ။ခတ်နည်းကဗျာများ
အမျိုးသမီးစွမ်း၇ည်ပြတပင်တိုင်သမိုင်း။နှင်ခြင်း
လုံးနှင့်ပတ်သက်သောဆောင်းပါးများကိုဖော်ပြ
ထားသည်။မြန်မာ့ဂုဏ်၇ည်ခြင်းလုံးpageသည်
မြန်မာနိုင်ငံဧ။်တစ်ခုတည်းသောစာပေpage
(Literature Page)ဖြစ်သည်။
ထို့အတူအောက်ပါpageများတွင်လည်းလေ့လာနိုင်ပါသည်။

မြန်မာ့၇ိုး၇ာခြင်းလုံးမြတ်နိုးသူများ*

မြန်မာ့၇ိုး၇ာခြင်းလုံးအားကစားချစ်မြတ်နိုးသူများ
(ဘု၇ားကြီးမြို့)*

မြန်မာ့၇ိုး၇ာခြင်းလုံးဝါသနာ၇ှင်*

မြန်မာ့ခြင်းလုံးနှင့်အခြားဗဟုသုတ*

ခြင်းလုံးဝါသနာ၇ှင်များဆုံစည်း၇ာ*

ခြင်းသမားများဆုံစည်း၇ာ*

ပျဉ်းမနားမြို့၇ိုး၇ာခြင်း*စသည့်pageများတွင်လေ့လာနိုင်ပါသည်။

ယခုဖော်ပြမည့်Group,Community,Federation
Sport Team,များတွင်လည်းလေ့လာနိုင်ပါသည်

Aesthetic Chinlone Myanmar*
(Group)

My like hobby-Traditional Chinlone.
(Community)

Myanmar Traditional Chinlone*

Traditional Chinlone*

Myanmar Traditional Chinlone Clementi
Group(Sports Team)*

Myanmar Chinlone Federation*

Loving Chinlone Group*

Yo Yar Beautiful Chinlone*

ယခုဖော်ပြသည့်acc;(အကောင့်)များတွင်လည်း
ကြည့်၇ှူနိုင်ပါသည်။

Aung Soe Moe*
(မြန်မာ့လက်ေ၇ွးစင်)
Myominthu Chinlone*
(မြန်မာ့လက်ေ၇ွးစင်)
Kaung Kaung*
(မြန်မာ့လက်ေ၇ွးစင်)
သီဟစံ သီဟစံ*
မာတလိနတ်သားလေး*
တာတာ၇ာ၇ာ*
Kyaw Thiha Htonbo*
Aung Win*
John Son*
Chin lone Chit Thu*
Myat Htike Aung*
Tin Min Kyi*
Swe Thahar*

*(ကြယ်ပွင့်ပြထားသောခြင်းလုံးpageများGroupများကိုစာ၇ိုက်ကာအလွယ်တကူ၇ှာဖွေလေ့လာနိုင်ပေသည်။)

#*ခြင်းလုံဝါသနာ၇ှင်များအနေဖြင့်မိမိတို့နှစ်သက်၇ာpageကိုpage likeလုပ်ထားလျင်၎င်းpageမှတင်သမျှpostများကိုအလွယ်တကူကြည့်၇ှူ့နိုင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင်မွေထိုင်းလက်ဝှေ့နှင့်ပိုက်ကျော်ခြင်းpageများ(၁၀၀၀၀၀)ကျော်၇ှိသည်ဟုလက်ေ၇ွးစင်ပိုက်ကျော်ခြင်းအားကစားသမားတစ်ယောက်ဧ။်ပြောကြားချက်အ၇သိ၇ှိ၇ပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံတွင်face-bookအသုံးပြုသူများသာအလွန်များပြီးဝါသနာပါ၇ာကိုလေ့လာနိုင်သောpageများကိုပင်ဝင်ေ၇ာက်ကာ။မကြည့်၇ှု့တတ်။မလေ့လာတတ်ကြကြောင်းသိ၇ှိနေ၇ပေသည်။

မြန်မာ့၇ိုး၇ာခြင်းလုံးနှင့်ပတ်သက်သောpage,Group,Communityများမှာလည်း(၅၀)မျှပင်မ၇ှိသေးချေ။

ခြင်းလုံးဝါသနာ၇ှင်များအနေနှင့်လည်းခြင်းလုံးpageများGroupများကိုဆက်လက်တည်ထောင်ကြပါ၇န်လည်းတိုက်တွန်းအပ်ပါသည်။တည်ထောင်
ပြီးသောpageများကိုလည်းေ၇၇ှည်တည်တန့်အောင်ထိန်းသိမ်းကြပါ၇န်တိုက်တွန်းအပ်ပါသည်။

ကိုအောင်ဝင်း(မုံရွာ)

ခြင်းသမိုင်းတွေပဲရေးနေတာလား။ခြင်းခတ်နည်းအခြေခံတွေတော့မရေးတော့ဘူးလား။ဆိုသူများအတွက်၂၀၁၅ကရေးထားတဲ့ခြင်းခတ်နည်းအခြေခံခြေဖျာ...
04/05/2024

ခြင်းသမိုင်းတွေပဲရေးနေတာလား။
ခြင်းခတ်နည်းအခြေခံတွေတော့မရေး
တော့ဘူးလား။ဆိုသူများအတွက်
၂၀၁၅ကရေးထားတဲ့
ခြင်းခတ်နည်းအခြေခံ
ခြေဖျားခတ်နည်းပါ။

ကိုအောင်ဝင်း(မုံရွာ)

မြန်မာ့ရိုးရာခြင်းလုံးအခြေခံလေ့ကျင့်နည်း**

(ခြေဖျား)

မြန်မာ့၇ိုး၇ာခြင်းလုံးခတ်နည်းများတွင်ခြေဖျားသည်အေ၇းအကြီးဆုံးခတ်နည်းတစ်ခုဖြစ်သည်။ေ၇ှ့ခြေဖျားကိုပိုင်နိုင်အောင်လေ့ကျင့်၇ပါသည်။*ခြေ
ဖျားမပိုင်ခြင်းမနိုင်*ဟူသောဆို၇ိုးစကားလည်း၇ှ်ိ
ပေသည်။ခြင်းမင်းသားတိုင်းလည်းအခြေခံဖြစ်သောခြင်း၇ိုးခြေဖျားကိုလေ့ကျင့်ပြီးသူများသာဖြစ်
ကြသည်။ခြင်းလုံးဧ။်အစသည်ခြေဖျားလေ့ကျင့်ခန်းဖြင့်သာစတင်၇ပါသည်။အတော်အတန်ခတ်နိုင်သူများသည်လည်းခြေဖျားထိချက်ကစားကွက်
များဖြင့်ခတ်ကစားကြပါသည်။ခြင်းလုံးကိုပိုင်ပိုင်နိုင်နိုင်ခတ်နိုင်ကြသောခြင်းမင်းသားများသည်လည်းဆန်းသစ်သောခြင်းပေါက်များကိုခြေဖျားထိချက်ဖြင့်ခတ်ကစားကြသည်။ထို့ကြောင့်မြန်မာ့၇ိုး၇ာ
ဝိုင်းခြင်းလောကတွင်**(အစခြေဖျား။အလယ်
ခြေဖျား။အဆုံးခြေဖျား)*ဟူသောဆို၇ိုးစကားလည်း၇ှိပေသည်။

အဆယ်အထောက်ပြုလုပ်၇ာတွင်ခြေဖျားသည်အဓိကကျလှပေသည်။မိမိတို့လို၇ာကိုခြေဖျားဖြင့်တည်၇်ျကစားချင်သောခြင်းပေါက်ကိုခတ်ကစားနိုင်ပေသည်။ထို့ကြောင့်ခြေဖျားသည်မြန်မာ့၇ိုး၇ာဝိုင်းခြင်းခတ်ကစားသူများအတွက်အထူးအေ၇း
ပါသည့်အခြေခံထိချက်တစ်ခုဖြစ်သည်။

ခြေဖျားခတ်နည်းလေ့ကျင့်ပုံ***

ေ၇ှ့ခြေဖျားတော့မည့်ဟန်ဖြင့်ဒူးခေါက်ကိုအနည်းငယ်ကွေးကာဆန့်ကာေ၇ှ့သို့ထိုးတော့သည့်ပုံကို
ခြင်းလုံးမပါဘဲခွင်အလွတ်ချိုး၇ပါမည်။၇ပ်ထားသောခြေ(ထောက်ခြေ။တိုင်ခြေ)သည်မြေမှမေ၇ွ့လျားစေဘဲလူကိုယ်ခန္ဓာအလေးချိန်သည်ထောက်ခြေပေါ်တွင်၇ှိစေ၇မည်။မိမိခြေဖျားကိုအနည်းငယ်ကုန်းသယောင်ဖြင့်ကြည်ထား၇မည်။ထောက်ခြေကိုအနည်းငယ်ကွေးညွှတ်ထား၇ပါမည်။
ဤကဲ့သို့ခွင်လွတ်ချိုးကို(၁၀၀)မှ(၃၀၀)တိုင်တိုင်ခတ်ခြေကိုမြေမချဘဲထိုးတော့ဟန်ဖြင့်ခြင်းလုံးမပါဘဲလေ့ကျင့်၇ပါမည်။
(ခြေထောက်လှုပ်၇ှားမှုသွက်လက်လာစေ၇န်နှင့်၇ပ်ခြေတည်ငြိမ်လာစေ၇န်အတွက်လေ့ကျင့်၇ခြင်းဖြစ်သည်။)

ထိုသို့လေ့ကျင့်ပြီး၇ပ်ခြေတည်ငြိမ်လာသောအခါ
ခြင်းလုံးနှင့်တပါတည်းလေ့ကျင့်ပါ။တစ်တော့နှစ်တော့မှစ၇်ျအကြိမ်ဖန်များစွာလေ့ကျင့်လျင်အတော့၇ာထောင်ချီကာတော့လာနိုင်မည်ဖြစ်သည်။
ခြင်းလုံးကိုတော့နေ၇င်းဖြင့်မိမိလို၇ာသို့ခေါ်ယူကြည့်ပါ။ခေါ်ယူနိုင်ပေလိမ့်မည်။

ခြေဖျားအစိတ်အပိုင်းများနှင့်ထိတွေ့သောခြင်းလုံးဧ။်ထိတွေ့မှုများကိုလည်းသိ၇ှိလာပေလိမ့်မည်။
(ဥပမာ။ ။ခြေမနှင့်ခြေညှိုးအပိုင်းဖြင့်ခြင်းလုံးထိမှု့ကိုသိခြင်း။ခြေခလယ်အပိုင်းနှင့်ထိတွေ့မှု့။ခြေသမ်းဘက်အပိုင်းနှင့်ခြင်းလုံးကိုထိသိမှု့စသည်)

၇ိုး၇ိုးခြင်းဝါသနာ၇ှင်တစ်ဦးအနေဖြင့်ခြေဖျား(၂၀၀)မှ(၅၀၀)ခန့်တော့နိုင်လျင်သင့်တော်ပါသည်။ကစားခြင်းများကိုကိုယ်တိုင်ခြေဖျားဖြင်တည်၇်ျခတ်ကစားနိုင်လာပေလိမ့်မည်။

ခြင်းပညာကိုပညာ၇ပ်တစ်ခုအနေဖြင့်လေ့ကျင့်ကာအသက်မွေးဝမ်းကြောင်းအတတ်ပညာတစ်ခု
အနေဖြင့်လိုက်စားသူများအဖို့မှာကားပို၇်ျစနစ်ကျသောလေ့ကျင့်နည်းများ(ဥပမာ။ခြေဖျား၇ိုး၇ိုးခွင်အလွတ်ချိုးကိုအုပ်ခဲမှောက်၇က်ပေါ်တွင်အကြိမ်ေ၇ထောင်ချီကာခွင်အလွတ်ချိုးခြင်း)စသည်ဖြင့်လေ့ကျင့်ကြ၇ပါသည်။

ယခုခြင်းမင်းသားကလေးများခတ်ကစားနေကြသောအပ်ခြေဖျား(အသံတိတ်ခြေဖျား)ခတ်ကစားနည်းများကိုလည်းထပ်မန်ကာလေ့ကျင့်နိုင်ပေသည်။

ခြေဖျားအထိန်းအသိမ်းကိုပိုင်နိုင်လိုပါက(တွဒ်)ပါသောဆိုက်ခြေဖျားကိုခါးလောက်ပုံမှန်အမြင့်သို့
မြှောက်စေအောင်တော့ပြီး။ခတ်ခြေကိုမြေသို့ချကာလိုက်၇်ျတော့ပါ။အလုံးေ၇ကိုလည်းထောင်ချီ
အောင်တော့ပါ။ခတ်လိုက်သောခြင်းလုံးဧ။်အမြင့်ကိုလည်းတူညီသောအမြင့်တူညီသောတိုင်ပင်ဖြင့်ခတ်ပါ။ဤနည်းကိုလေ့ကျင့်ပါကခြေဖျားအထိန်းအသိမ်းခြေဖျားအယူအစအထူးကောင်းမွန်ပိုင်နိုင်လာမည်ဖြစ်သည်။(ဦးကျော်သိန်း။မန္တလေးထံမှ၇သောနည်းလမ်းကောင်းတစ်နည်းဖြစ်သည်။)

အခြေခံဖြစ်သောခြင်း၇ိုးခြေဖျားကိုပိုင်နိုင်ပြီးပါက
ခြင်းလေးခတ်ကွက်ထပ်ခြေဖျား။ဝိုက်ခြေဖျား။ကျော်ပြန်ခြေဖျား။တိုကိုလည်းကောင်း။အတွင်း၇စ်။
အပြင်၇စ်။အင်းလေး၇စ်စသောခတ်ကွက်များကိုလည်းကောင်း။ခြင်းလတ်ခတ်ကွက်ဖြစ်သောမဟာနွယ်။ပတ်ညွန့်။စသည်တို့ကိုလည်းကောင်း။ခြင်း
ကြီးခတ်ကွက်ဖြစ်သောမဟာကြီး။မဟာညွန့်စသည့်ခတ်ကွက်များနှင့်ဆန်းသစ်လာသောခြေဖျားခြင်းခတ်ကွက်အမျိုးစုံကိုလေ့ကျင့်ခတ်ကစားလာနိုင်ပေမည်ဖြစ်သည်။

မြန်မာ့၇ိုး၇ာခြင်းလုံးအားကစားနည်းသည်လွယ်မယောင်နှင့်ခက်။တိမ်မယောင်နှင့်နက်နဲသောအားကစားနည်းတစ်မျိုးဖြစ်သည်။သို့သော်စိတ်၇ှည်၇ှည်ဖြင့်ဇွဲနှင့်၇င်းကာကြိုးစားလေ့ကျင့်လျင်တတ်
မြောက်နိုင်ပါသည်။ထို့ကြောင့်ခြင်းပညာဧ။်အခြေခံအဓိကကျသောခြေဖျားလေ့ကျင့်နည်းကိုဖော်ပြ
လိုက်၇ပေသည်။

*ခြင်းခတ်ကစား။မြန်မျိုးသား။တစ်လွှားကမ္ဘာကျော်စေအံ့*

ကိုအောင်ဝင်း(မုံရွာ)

၂၀၁၆ကရေးခဲ့တာလေး။၀ါသနာရှင်ကြီးကိုဘိုသန့်အတွက်
04/05/2024

၂၀၁၆ကရေးခဲ့တာလေး။
၀ါသနာရှင်ကြီးကိုဘိုသန့်အတွက်

ကိုအောင်၀င်း(မုံရွာ)                            (        မြန်မာ့ဂုဏ်ရည်ခြင်းလုံး      )မြန်မာ့ရိုးရာခြင်းလုံးသမိုင်းအတွက...
28/03/2024

ကိုအောင်၀င်း(မုံရွာ)

( မြန်မာ့ဂုဏ်ရည်ခြင်းလုံး )

မြန်မာ့ရိုးရာခြင်းလုံးသမိုင်းအတွက် အရေးပါတဲ့တွေ့ရှိချက် အထောက်အထားအသစ်များ(ကုန်းဘောင်ခေတ်)

မြန်မာ့ရိုးရာခြင်းလုံးသမိုင်းအတွက် အထောက်အထားလေးများ(ကုန်းဘောင်ခေတ်)
24/03/2024

မြန်မာ့ရိုးရာခြင်းလုံးသမိုင်းအတွက် အထောက်အထားလေးများ(ကုန်းဘောင်ခေတ်)

မြန်မာ့ရိုးရာခြင်းလုံးသမိုင်းအတွက် အထောက်အထားလေးတစ်ခု(ကုန်းဘောင်ခေတ်)
24/03/2024

မြန်မာ့ရိုးရာခြင်းလုံးသမိုင်းအတွက် အထောက်အထားလေးတစ်ခု(ကုန်းဘောင်ခေတ်)

ကိုအောင်၀င်း(မုံရွာ)မြန်မာ့ဂုဏ်ရည်ခြင်းလုံး**ခြင်းပညာရှင် ကိုဖုန်းအကြောင်းကိုဦးချစ်သန်း(မတရ),ဦးတင်ငွေ,ဘကြီးဌေးစသည့်အကေ...
17/12/2023

ကိုအောင်၀င်း(မုံရွာ)
မြန်မာ့ဂုဏ်ရည်ခြင်းလုံး

**ခြင်းပညာရှင် ကိုဖုန်းအကြောင်းကို
ဦးချစ်သန်း(မတရ),ဦးတင်ငွေ,ဘကြီးဌေး
စသည့်အကေင့်များမှ၊မေးလာကြပါသည်။

ဖြေ။ ။ခြင်းပညာရှင်ကိုဖုန်းအကြောင်းမှတ်တမ်းမှတ်ရာများများစားစားမတွေ့ရပါ။
ခြင်းပညာရှင်ကိုဖုန်းသည်နေပြည်တော်ခြင်းအသင်း
ကြီး၏အသင်းသားတစ်ဥိီးဖြစ်ကြောင်းကို ၊ပီကင်းပြန်ဦး၀င်းကို(အင်း၀)ရေးသည့်စာအုပ်တွင်တွေ့ရပါသည်။ဆရာကြီးဦးဘသိန်းကြီး၏တပည့်တစ်ဦး
ဖြစ်ကြောင်းသိရှိရပါသည်။(နေပြည်တော်အသင်း
၀င်စာရင်းကိုပူးတွဲဖော်ပြပေးထားသည်။)

**ဆရာကြီးမြမျိုးလွင်*ရေးသောမြန်မာ့ခြင်းခတ်ပညာ` သရုပ်ဖော်ဆောင်းပါးတွင်လည်းနိုင်ငံကျော်
ကိုဖုန်းအကြောင်းကိုရေးသားထားသည်ကိုတွေ့ရပေသည်။
ထိုဆောင်းပါးသည်လျှပ်စစ်ဘသိန်းလေးငယ်စဥ်အခါက(ပွဲစတင်ခတ်ကစားသည့်အချိန်က)အကြောင်းကိုရေးသားထားသည့်ဆောင်းပါး
တစ်ပုဒ်ဖြစ်သည်။ဆောင်းပါးတွင် ကိုဖုန်းအကြောင်းတစွန်းတစ ကိုသိနိုင်ပေသည်။

*ဦးအောင်ဘ(ဖ၀ါး)၏တပည့်ဖြစ်သူမန္တလေးဇာတိ
ယခုမုံရွာမြို့တွင်နေထိုင်သူ လူမှု့ဖူလုံရေးမန်နေဂျာ
ဟောင်းတစ်ဦးပြောပြသည့် ကိုဖုန်း အကြောင်း***

**ကိုဖုန်းသည်ပိုးထည်နှင့်ရွှေဆိုင်းကုန်သည်
တစ်ဦးဖြစ်ကြောင်း
ဆရာကြီးဦးဘသိန်းကြီးထံတွင်ခြင်းပညာသင်
ယူခဲ့ကြောင်း
နေပြည်တော်အသင်း၀င်တစ်ဉီးဖြစ်
ကိုယ်နေဟန်ထားအချိုးကျစွာခတ်ကစားနိုင်သူဖြစ်ကြောင်း
ခြင်းပေါက်စုံကိုခတ်ကစားနိုင်သူဖြစ်ကြောင်း
လှည့်လည်ရောင်း၀ယ်သူဖြစ်၍နယ်တကာအစုံမှာ
ခြင်းခတ်ခဲ့ရာ နာမည်အထူးထင်ရှားသူဖြစ်ကြောင်း

မန္တလေးခြင်းပွဲများမှာဆရာဖြစ်သူဦးဘသိန်းကြီးနှင့်
အတူခတ်ရလျင်ဆရာဖြစ်သူနှင့်တုပြိုင်ကာမခတ်ဘဲ၊အပျော်အပျက်*ခြင်းလူရွှင်တော်*အဖြစ်နဲ့သာ
ခတ်ကစားကြောင်း

ငှက်ဖျားရောဂါဖြင့်အရွယ်ကောင်းစဥ်အချိန်တွင်
ကွယ်လွန်ခဲ့ကြောင်း သိရှိရပေသည်။

အနယ်နယ်အရပ်ရပ်မှမေးမြန်းလာကြတဲ့ခြင်းလုံးနဲ့ပါတ်သက်တဲ့မေးမြန်းချက်များကိုပြန်လည်ပြီးဖြေကြားပေးပါမည်ခင်ဗျာမေးကြတာတွေကတော့အ...
16/12/2023

အနယ်နယ်အရပ်ရပ်မှမေးမြန်းလာကြတဲ့
ခြင်းလုံးနဲ့ပါတ်သက်တဲ့မေးမြန်းချက်များ
ကိုပြန်လည်ပြီးဖြေကြားပေးပါမည်ခင်ဗျာ
မေးကြတာတွေကတော့အများအပြားပင်
ထိုအထဲမှအချို့စိတ်၀င်စားဖွယ်မေးမြန်း
ချက်များကိုဖြေကြားပေးပါမယ်။
(British library.Pann` Musiciam,တို့မှာရှာတွေ့ထားတဲ့မြန်မာ့ခြင်းလုံးသမိုင်း အထောက်အထား
ပရပိုက်ဖြူများကိုလေ့လာနိုက်စေရန်ဖော်ပြပေး
လိုက်ပါတယ်)

ကိုအောင်၀င်း(မုံရွာ)
မြန်မာ့ဂုဏ်ရည်ခြင်းလုံး

မြန်မာ့ဂုဏ်ရည်ခြင်းလုံး{(ကိုအောင်၀င်း(မုံရွာ))}ခြင်းပညာရပ်ပိုင်းဆိုင်ရာအတွက်ကျနော့ရဲ့ကူညီပံ့ပိုးမှူ့အသီးအပွင့်ကလေး*****မ...
16/12/2023

မြန်မာ့ဂုဏ်ရည်ခြင်းလုံး{(ကိုအောင်၀င်း(မုံရွာ))}

ခြင်းပညာရပ်ပိုင်းဆိုင်ရာအတွက်ကျနော့ရဲ့ကူညီပံ့ပိုးမှူ့အသီးအပွင့်ကလေး***

**မြန်မာ့ရိုးရာခြင်းပညာကိုငယ်စဥ်အခါကစလို့စိတ်၀င်တစားနဲ့သင်ယူလေ့ကျင့်ခဲ့တယ်။ခက်ခဲနက်နဲတဲ့ပညာရပ်ပိုင်းဆိုင်ရာများကိုတစိုက်မတ်မတ်
လေ့လာသင်ယူခဲ့တယ်။

ပညာရပ်ပိုင်းဆိုင်ရာ(သုတေသနနယ်ပယ်အတွက်)အထူးပြုလေ့လာခဲ့တယ်။ခြင်းပညာနဲ့ပတ်သက်တဲ့စာတမ်း(မဟာ၀ိဇ္ဇာနှင့်ဘွဲ့လွန်အတွက်စာတမ်း)များစွာကိုအကူအညီပေးခဲ့တယ်။ကိုယ်လေ့လာထားတဲ့အသိပညာတွေကို​ေ၀မျှကာ
Sharingတွေအများကြီးလုပ်ပေးပြီးကူညီခဲ့တယ်။
*ကျွန်တော့်ရဲ့ခြင်းပညာတပည့်ဖြစ်သူ(ဇင်ကိုဦး)ရဲ့ညီမငယ် မထက်ထက်ဇော်၏ မဟာ၀ိဇ္ဇာဘွဲ့
စာတမ်းအတွက်**မြန်မာ့ရိုးရာခြင်းပညာနှင့်ခြင့်ခတ်နည်းဆိုင်ရာ​ေ၀ါဟာရများလေ့လာချက်***ကျမ်းငယ်အတွက်၊ခြင်းခတ်နည်း၊စည်းမျဥ်း၊ခြင်းပညာဆိုင်ရာ​ေ၀ါဟာရ၊ခြင်းပေါက်ဆိုင်ရာ​ေ၀ါဟာရ၊
ကိုယ်နေဟန်ထားဆိုင်ရာ​ေ၀ါဟာရ၊ပြိုင်ပွဲသုံး​ေ၀ါဟာရ၊စသည်ဖြင့်ကျနော်ပြုစုထားတဲ့​ေ၀ါဟာရစကားလုံးပေါင်း(၆၀၀)ကျော်ထဲမှ၊ယခုခြင်းလုံးလောကမှာအမှန်တကယ်အသုံးပြုနေတဲ့​ေ၀ါဟာရ
အလုံး(၂၀)ကိုသာဤကျမ်းအတွက်အဖွင့်အနေနဲ့
ဖော်ပြခဲ့ပါတယ်။

*ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှကထိကမြန်မာစာဒေါက်တာတစ်ဦးနဲ့စကားပြောဖြစ်ရာမှာ
*ခြင်းလုံးနဲ့ပါတ်သက်တဲ့ဘွဲ့လွန်စာတမ်းကျမ်းပြုသူ
များဟာယခုဤကျမ်းငယ်ကိုအကိုးအကားယူကြ
တယ်လို့သိရပါတယ်။
*ဤကျမ်းငယ်အတွက်ဂုဏ်ယူမိပါတယ်***
*ဤကျမ်းကိုပြုစုသူသမီးငယ်မထက်ထက်ဇော်*
အတွက်လည်းဂုဏ်ယူ၀မ်းမြောက်မိပါတယ်။

ကိုအောင်၀င်း(မုံရွာ)
မြန်မာ့ဂုဏ်ရည်ခြင်းလုံး

စာရိုက်ရမှာပျင်းနေတာနဲ့postတွေမတင်ဖြစ်တာလည်းကြာပေါ့။သွားလေသူဒေါက်တာမြင့်ဆွေရဲ့လှသုဆွေpage ကတော့ကျသွားပြီထင်ပါရဲ့။မြန်မာ့...
21/09/2023

စာရိုက်ရမှာပျင်းနေတာနဲ့postတွေမတင်ဖြစ်တာ
လည်းကြာပေါ့။သွားလေသူဒေါက်တာမြင့်ဆွေရဲ့
လှသုဆွေpage ကတော့ကျသွားပြီထင်ပါရဲ့။
မြန်မာ့ခြင်းလုံးသမိုင်းအထောက်အကူပြုပရပိုက်
ပန်းချီကို British libraryမှာရှာဖွေတွေ့ရိှထားတာလေး တင်ပေးလိုက်ပါတယ်။
Postတွေလည်းဆက်တိုက်တင်ပေးပါတော့မည်။
(လှသုဆွေ ရွှေလေးရာ ၊Dr. မြင့်ဆွေရဲ့ Page
မကျသေးပါဘူးတဲ့၊Page ရဲ့link လေးကို
၀ါသနာရှင်တစ်ယောက်က ပို့ပေးလာပါတယ်။
commantမှာပါ။)

Address

Monywa

Telephone

+959970362398

Website

Alerts

Be the first to know and let us send you an email when မြန်မာ့ဂုဏ်ရည် ခြင်းလုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category