Monywa Sein Nan Daw Fittness & Gym Club

Monywa Sein Nan Daw Fittness & Gym Club Are you ready to get Fit? Join us now...

အထိုင်များသူများသတိထားလေ့ကျင့်ခန်းပုံမှန်လုပ်နေသူဖြစ်သော်လည်း တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်း ကြောင့် လူတို...
30/11/2019

အထိုင်များသူများသတိထား

လေ့ကျင့်ခန်းပုံမှန်လုပ်နေသူဖြစ်သော်လည်း တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်း ကြောင့် လူတို့၏ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောကြားသည်။ လေ့လာမှုများအရ နေ့များစွာထိုင်ပြီး အလုပ်လုပ်ရသူများသည် ၀လာကြောင်း၊ ၎င်းင်းအပြင် နှလုံးရောဂါ နှင့် အသက်အန္တရာယ်ကို ထိခိုက်နိုင်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံထုတ် ကျန်းမာရေးအားကစား ဂျာနယ်တွင် အားကစားနှင့် ကျန်းမာရေးသင်တန်း ကျောင်းမှ Elin Ekblom-Bakက ပြောကြားရာတွင် တာ၀န်ရှိသူများအနေဖြင့် ကြာမြင့်စွာထိုင်ခြင်း အားဖြင့် ဖြစ်ပွားနိုင်သည့် အန္တရာယ်များကို သိသာစေခြင်းဖြင့် ကျန်းမာရေးလှုပ်ရှားမှုများကို ပြန်လည် စဉ်းစားဖို့ လိုလာပြီဖြစ်ကြောင်း၊ ကျန်းမာရေးအရာရှိများက ကိုယ်လက်လှုပ်ရှားမှုများကို လမ်းညွှန်ပေး ထားသော်လည်း အချိန်မည်မျှကြာ ထိုင်မည်ဆိုသည့် အချိန်သတ်မှတ်ချက်ကို အကြံပြုမည်သူ မရှိကြောင်းဆိုသည်။

(၄) နာရီကြာထိုင်ပြီးနောက် ကိုယ်ခန္ဓာမှစတင်၍ အန္တရာယ်ပြုမည့် လက္ခဏာများပြလာကြောင်း၊ ၎င်းင်းပြင် ကိုယ်ခန္ဓာရှိ အဆီဓာတ်နှင့် ဂလူးကိုစ့်ပမာဏကို လည်ပတ်စေမည့် ဗီဇမျိုးစိတ်လည်း မထုတ် တော့ကြောင်း၊ စားပွဲခုံတွင် ကြာမြင့်စွာထိုင်ခြင်းသည် အန္တရာယ်အလွန်များကြောင်း သူမက ပြောကြားခဲ့ သည်။

လွန်ခဲ့သောနှစ်က ထုတ်ဝေသော လေ့လာမှုစာစောင်အရ ကနေဒါလူမျိုး (၁၇၀၀၀) ဦးကို (၁၂) နှစ်ကြာ လေ့လာမှုပြုခဲ့ရာ ကိုယ်လက်လှုပ်ရှားမှု ပြုသည့်အချက်နှင့် သက်ဆိုင်မှုမရှိဘဲ အချိန်ကြာမြင့် ထိုင်သူများသည် အသက်အန္တရာယ်ပင် ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားသည်။ ကနေဒါ သုတေသနခေါင်းဆောင် ၀င်န်နင်တန်ဇီဝဆေးပညာ သုတေသနဗဟိုဌာနမှ Peter Katzmorzyk က ကြာမြင့်စွာထိုင်နေသည့် အပြုအမူများကို ရှောင်ကြဉ်ပြီး မကြာခဏထပြီး လမ်းလျှောက်ခြင်းသည် ပိုမိုကောင်းမွန်ကြောင်းဆိုသည်။

၂၀၀၅ခုနှစ် ၀က်လင်တန်ရှိ ဆေးပညာသုတေသနတက္ကသိုလ် နယူးဇီလန်အရ သွေးကြောသွေးခဲမှု ဝေဒနာရှင် (၆၂) ဦးတွင် တက္ကစီသမား၊ အိုင်တီအလုပ်သမားများ မန်နေဂျာများသည် ဤရောဂါကို ခံစားနေရပြီး ဤရောဂါ၏ ၃၂% သည် အလုပ်တွင် ကြာမြင့်စွာထိုင်ငြ်း၏ အကျိုးရလာဒ်များဖြစ် ကြောင်းကို ဖော်ပြခဲ့သည်။ ဤလေ့လာမှုအရ အလုပ်ချိန် (၈) နာရီအတွင်း (၃) နာရီကြာ ထိုင်ပြီးအလုပ်လုပ်သူများသည့် အတွက် ဤသို့အလုပ်၌ ရွှေ့ပြောင်းမှုမရှိဘဲ ကြာမြင့်စွာအလုပ်ုလုပ်ခြင်းသည် အန္တရာယ်တစ်ခု ဖြစ်ကြောင်း၊ အိုင်တီစက်ရုံများ၏ အလုပ်သမားများအတွက် တစ်နေ့လျှင် (၁၂) နာရီကြာ အလုပ်လုပ်ရာ တွင် (၁) နာရီကြာ မထဘဲမတ်တပ်ရပ်ချိန်မရှိပါက အလွန်အန္တရာယ်များကြောင်း ပြောကြားခဲ့သည်။ ၂၀၀၃-၂၀၀၄ ခုနှစ် အမေရိကန် လေ့လာတွေ့ရှိချက် ကိန်းဂဏန်းများအရ အမေရိကန်လူမျိုးများ သည် ၎င်းင်းတို့အချိန်၏ သက်တမ်းတစ်၀က်ကျော်ကို ထိုင်ခြင်းအားဖြင့် အချိန်ကုန်ဆုံးလေ့ရှိကြောင်း သိရသည်။

ရေဆာနေလား🥵🥵???????ရေဆာရင် ရေကိုပဲ သောက်ပါ။ 🧴 🧴✔️✔️✔️✔️အချိုရည်တွေကို မသောက်ကြပါနဲ့ 🥤❌🥤❌🥤🥤🍹ကျွန်ုပ်တို့နေ့စဉ် အလွယ်တကူဝယ်...
30/11/2019

ရေဆာနေလား🥵🥵???????
ရေဆာရင် ရေကိုပဲ သောက်ပါ။ 🧴 🧴✔️✔️✔️✔️
အချိုရည်တွေကို မသောက်ကြပါနဲ့ 🥤❌🥤❌

🥤🥤🍹ကျွန်ုပ်တို့နေ့စဉ် အလွယ်တကူဝယ်ယူသောက်သုံးနေကြတဲ့ အချိုရည်ဘူးတွေ၊ အအေးဘူးတွေမှာ သကြားတွေ ဘယ်လောက်တောင်ပါဝင်နေလဲဆိုတာ ပုံနဲ့တကွ ပြောပြပေးပါမယ်‼️‼️

🔶 ၃၃၀ မီလီလီတာ (330 ml) ရှိတဲ့ လက်ဖက်ရည်အအေးဘူးတစ်ဘူးမှာ သကြား လက်ဖက်ရည်ဇွန်း (၅) ဇွန်းခွဲခန့်ပါဝင်ပါတယ်။

🔶 ၃၃၀ မီလီလီတာ (330 ml) ပါဝင်တဲ့ အရသာထည့်ထားတဲ့ ဒိန်ချဉ်ဘူးတစ်ဘူးနဲ့ နွားနို့တစ်ဘူးမှာတော့ သကြားလက်ဖက်ရည်ဇွန်း (၇) ဇွန်းခန့်လောက် ပါဝင်ပါတယ်။

🔶 ၃၃၀ မီလီလီတာ (330 ml) ပါဝင်တဲ့ အချိုရည်ဘူးတစ်ဘူးမှာတော့ သကြားလက်ဖက်ရည်ဇွန်း (၈) ဇွန်းခွဲခန့် ပါဝင်နေပါတယ်။
🔺 အဲ့ဒါက အသက် (၄) နှစ်ကနေ (၅) နှစ် ကလေးတစ်ယောက် သကြားကို တစ်နေ့အများဆုံးစားသုံးသင့်တဲ့ ပမာဏပဲ ဖြစ်ပါတယ်။ အသက် (၄) နှစ်ကနေ (၅) နှစ် ကလေးတစ်ယောက်ဟာ သကြားကို တစ်ရက်မှာ လက်ဖက်ရည်ဇွန်း (၈) ဇွန်းခွဲထက်ပိုပြီး မစားသင့်ပါဘူး❌❌

🍹🍹အသီးဖျော်ရည်တွေကလည်း ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တယ်လို့ ထင်ရပေမယ့် သူတို့တွေမှာလည်း အချိုရည်တွေလောက်နီးပါး တစ်ခါတစ်လေ အချိုရည်တွေထက်ပိုပြီး သကြားဓာတ်တွေ ပါဝင်နေတတ်ပါတယ်။
🔶 ၃၃၀ မီလီလီတာ (330 ml) ရှိတဲ့ အသီးအရသာရောထားတဲ့ အအေးဘူးတွေ၊ အသီးဖျော်ရည်ဘူးတွေမှာ သကြားလက်ဖက်ရည်ဇွန်း (၉) ဇွန်းခွဲလောက်တောင် ပါဝင်နေပါတယ်။
🔶 အဆိုးဆုံးကတော့ အားဖြည့်အချိုရည်တွေပါ။ ၃၃၀ မီလီလီတာ (330 ml) ပါဝင်တဲ့အားဖြည့်အချိုရည်ဘူးတစ်ဘူးမှာ သကြားလက်ဖက်ရည်ဇွန်း (၁၀) ဇွန်းလောက်တောင် ပါဝင်နေပါတယ်။

✔️✔️✔️လူတစ်ဦးဟာ သကြားကို တစ်နေ့လက်ဖက်ရည်ဇွန်း (၁၂) ထက် ပိုမစားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါတယ်။

ဒါကြောင့် အချိုရည်ဘူး၊ အအေးဘူး၊ လက်ဖက်ရည် စတာတွေကို ချင့်ချိန်သောက်သုံးနိုင်ကြဖို့ ဖော်ပြပေးလိုက်ရပါတယ်✅✅✅

credit : Health Literacy Promotion Unit
photo credit : WHO ; Nutrifit

သင့်ကျန်းမာရေးရဲ့အဖော်မွန်
Your Vitamin Partner

ကာယဗလသမားများရေနေ.စဉ် ဘယ်လောက်သောက်သင်.သလဲလူတိုင်းဟာရေကိုနေ.စဉ် သောက်သင်. သောက်ထိုက်တဲ.အတိုင်းအတာ နှင်.အညီလုံလောက်အောင် ...
30/11/2019

ကာယဗလသမားများရေနေ.စဉ် ဘယ်လောက်သောက်သင်.သလဲ

လူတိုင်းဟာရေကိုနေ.စဉ် သောက်သင်. သောက်ထိုက်တဲ.အတိုင်းအတာ နှင်.အညီလုံလောက်အောင်
သောက်ရပါမယ်။ ယနေ. လူအများစုဟာရေကိုအရေးပါတဲ. အာဟာရတစ်ခုအဖြစ် အသိအမှတ် မပြုတတ်ကြပါဘူး။ ဒါပေမဲ. အသက်ရှင်ဖို.အတွက် အောက်ဆီဂျင်ပြီးရင် ရေဟာဒုတိယအရေးကြီးဆုံးပါပဲ။

ရက်ပေါင်းများစွာအစာမစားဘဲနေနိုင်ပေမယ် ရေကိုရက် အနည်းငယ် မသောက်ပဲမနေနိုင်ပါဘူး။ ဒါကြောင်.လည်းရှေးလူကြီးတွေကထမင်းအသက် (၇) ရက် ရေအသက် တစ်မနက် လို. တင်စားခဲ.ကြတာ ဖြစ်တယ်။ ကိုယ်ခန္ဒာ အလေးချိန်ရဲ.(၄) ပုံ (၃) ပုံဟာရေတွေ ဖြစ်ပါတယ်။

လူကြီးတစ်ယောက်ရဲ. ကိုယ်ခန္ဒာမှာ ပျှမ်းမျ ရေ (၁၀) ဂါလံလောက် ပါ၀င်ပါတယ်။ ရေရဲ. အစွမ်းသတ္တိဟာကျေချက် ထားသမျှ အာဟာရများ၊ ဗီတာမင်များ၊ သတ္တုဓာတ်များတို.ကိုအရည်ဖျော်ပြီးသွေးကြောများအတွင်း ၀င်နိုင်ရေးအတွက် လုပ်ဆောင် ပေးပါတယ်။

ရေဓာတ်ဟာကိုယ်ခန္ဒာ ရဲ. အပူချိန် ကိုလည်းထိန်းချုပ်ပေးပါတယ်။ ကိုယ်အတွင်းမှာရေဓာတ်နည်းလွန်းရင် ၊ကြွက်သားများအားယုတ်ပြီး ကြွက်တက်ခြင်းနှင်. မောပန်းလွယ်ခြင်းတို. ဖြစ်နိုင်သလို ကြွက်သားကလပ် စည်းများအတွင်းရေဓာတ်မရှိ တဲ.အခါမှာ ကြွက်သားမျှင်များတည်ဆောက်မှုနှင်. ကြွက်သားများခွန်အားပြည်. အလုပ်လုပ် ဆောင်မှု ကိုထိခိုက်စေပါတယ်။

ရေမရှိရင် အဆိပ်အတောက်ဖြစ်စေတဲ.ဓာတ်များကိုယ်တွင်းသွေးကြောကြီးများထဲမှာ စုဝေးနိုင်စေပါတယ်။ အဲဒီအခါမှာသွေးပမာဏလျှော.ကျပြီးအောက်ဆီဂျင် နှင်. အာဟာရများကိုယ်တွင်းပို.ဆောင်ပေးနိုင်စွမ်းကိုထိခိုက်စေပါတယ်။ ၀မ်းချုပ်မှု ကိုကာကွယ်ပေးပြီး ၀မ်းတွင်းမှ အညစ်အကြေးများကို ပြင်ပသို. ရောက်အောင်လည်းဆောင်ရွက်ပေးပါတယ်။

အမေရီကန် ပြည်ထောင်စုဘေလာဆေးကောလိပ်မှ ဆေးပညာရှင် ဆီးပါမောက္ခ ဒေါက်တာဒေါ်နယ်ဂရစ်ဖစ် ရဲ. အဆိုအမိန်.အရရေကိုအလုံအလောက် မသောက်ရင် ဆီးသွားနဲနိုင်ပါတယ်၊ ဆီးသွားနည်းခြင်းဟာကျောက်ကပ်မှာကျောက်တည်စေနိုင်တဲ. အန္တရာယ်ကိုအားပေးမှု ဖြစ်စေနိုင်တယ်လို. ဆိုထားပါတယ်။

ရေသောက်နည်းခြင်းဟာ ၀မ်းဗိုက်အတွင်း အစာချေဖျက်မှု ပြသာနာများကိုလည်း ဖြစ်စေနိုင်ပါတယ်။ နှလုံး နှင်. သွေးကြောအဖွဲ. အလုပ် လုပ်ဆောင်မှု ကိုလည်းထိခိုက်စေနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်အမြစ်နှင်. ကြွက်သားများနာကျင်ကိုက်ခဲ ခြင်းတို.ကို ဖြစ်စေနိုင်တယ်လို. ဆိုပါတယ်။

ကျန်းမာရေးပါရဂူများရဲ. အဆိုအရကိုယ်အလေးချိန် (၁၅၄) ပေါင်ရှိတဲ. ပျမ်းမျှ အမျိုးသားတစ်ဦးဟာနေ.စဉ် ရေဖန်ခွက် (၁၂)ခွက် ခန်.သောက်ဖို. လိုအပ်ပါတယ်။ ကိုယ်အလေးချိန် (၁၂၀) ရှိတဲ.ပျမ်းမျှ အမျိုးသမီးတစ်ဦးဟာနေ.စဉ် ရေ (၈) ခွက် ခန်. သောက်နိုင်ပါတယ်။

အလွယ် တွက်မယ်ဆိုရင်တော. ကိုယ်အလေးချိန်၁၅ ပေါင် ကိုရေတစ်ဖန်ခွက် သောက်သင်. တယ် လို. ဆိုပါတယ်။ နောက်တစ်ခု က ရေဆိုတိုင်းကဖိန်းဓာတ်ပါတဲ. ကော်ဖီနှင်. အရက် တို.လိုအရည်မျိုးသောက်တာနှင်. မတူကြောင်းအဲဒီဖျော်ရည်နှင်. ယမကာများကိုသောက်သုံးခြင်းဖြင်. ရေသောက်စရာမလိုဘူး၊ ရေကိုလျှော. သောက်၇မယ်လို. ထင်နေခြင်းဟာမှားယွင်းကြောင်းဆိုထားပါတယ်။

ယင်းသို. အရက်ပါတဲ. ဖျော်ရည် ယမကာများနှင်. ကဖိန်းဓာတ် ပါ အရည်များကိုသောက်သုံးခြင်းဟာကိုယ်ခန္ဓာ အတွင်းမှ ရေအားဆုံးရှုံးမှု ကို ပါ လှုံ.ဆော် ပေးတယ်လို. ဆိုထားပါတယ်။

နောက်ဆုံးအနေနဲ. အကြံပေးလိုသည်မှာကာယဗလသမားများဟာတစ်နေ. ကိုရေ (၈) ခွက် မှ (၁၂) ခွက် ခန်. ပုံမှန် သောက်သုံးသင်.ပါတယ်။ ပြင်းပြင်းထန်ထန် လေ.ကျင်. လို. ချွေးထွက် များတဲ. နေ.ဆိုရင် ပို ပြီးသောက်သင်.ပါတယ်။ ပြိုင်ပွဲ ၀င် ကာယဗလသမားများအနေနဲ. ပြိုင်ပွဲ ၀င်ခါနီး တစ်ရက်နှစ်ရက် အလိုမှသာရေကိုအနည်းငယ် လျှော. သောက်ကြရပါတယ်။ ကြွက်သားများစိုပြေ မှု လျှော.မှာစိုးပြီးလျှော. မသောက်သူများလည်းရှိပါတယ်ဆိုတာတင်ပြရင်းရေဟာလူတစ်ယောက်အတွက် ဘယ်လောက် အရေးကြီးတဲ. အာဟာ ရ တစ်ခု ဖြစ်တယ် ဆိုတာ ေ၇းသား လိုက်ပါတယ်။

မိန်းကလေးတွေ အလေးကစားရင် ပုံပျက်သွားမှာလား?🤔တကယ်တမ်းက? 💯✔~ပုံကျသွားမယ်...တင်နဲ့ရင်နဲ့...ကိတ်လာမယ်ပေါ့...🏋️‍♀️~အဆီတွေကင်း...
27/08/2019

မိန်းကလေးတွေ အလေးကစားရင် ပုံပျက်သွားမှာလား?🤔

တကယ်တမ်းက? 💯✔

~ပုံကျသွားမယ်...တင်နဲ့ရင်နဲ့...ကိတ်လာမယ်ပေါ့...🏋️‍♀️

~အဆီတွေကင်းပြီး abs လေးတွေနဲ့ ပုံတွေထဲမှာတွေ့တဲ့
ပုံစံမျိုးလေးတွေဖြစ်သွားမယ်...💓

~ပိုပြီး ဆွဲတောင်မှုရှိလာမယ်...(Sexy ဖြစ်လာမယ်ပေါ့)

~ကျန်းမာရေးသိသိသာသာကောင်းမွန်လာမယ်...💫

~ကောင်လေးတွေဝိုင်းလာပြီး ကံကောင်းရင် မင်မင်
တောင် crush သွားနိုင်ပါတယ်...😛❤
(ဤကားစကားချပ်)

မဖြစ်နိုင်တာတွေက?❌

~အရမ်းကြီး muscle ကြီးတွေကြီးမလာပါဘူး....👀🤘

~ယောက်ျားလေးနဲ့တူမလာပါဘူး...👎

~မိန်းမ ဟာကျူလီ (Hercules) ဖြစ်မလာပါဘူး...
ဖြစ်နိုင်ဖို့လည်းလွန်စွာတိကျသေချာတဲ့ training ;
မှန်ကန်တဲ့ supplement ; အချိန်ပမာဏတစ်ခု နဲ့
မှဖြစ်မှာပါ...💪

ဘာကြောင့်လဲ? 🤔

Muscle တွေကြီးစေတာ အဆီတွေကျစေတာ စတဲ့လုပ်ငန်းတွေလုပ်ဆောင်တဲ့ testosterone hormone (ကျား ဟော်မုန်း) ဟာမိန်းကလေးတွေ
မှာနည်းလို့ဖြစ်ပါတယ်...👏

အသင့်အတင့်ရှိပေမယ့် ယောက်ျားလေးနဲ့
ယှဉ်ရင်နည်းပါးပါတယ်...
ဒါကြောင့် ယောက်ျားလေးတွေကသာလျှင်ပိုမို Muscle ဖွံ့ဖြိုးပြီးမိန်းကလေးတွေမှာ muscle development (Muscle တက်မှု) လျော့နည်းပြီး အဆီကင်းကင်းနဲ့ပိုမိုလှစေပါတယ်...😊

ဒီတော့ ဒီနေ့ပဲ စပြီး weight train လိုက်ကြစို့!
တစ်ရက်စောပြီးပိုကိတ် ပိုလှလည်း
စိတ်မဆိုးကြဘူးမလား မမတို့ ညလေးတို့ရဲ့!❤

Like and share for more! Support
🏋️‍♂️

😴 အိပ်ရေးမဝခြင်း၏ အကျိုးဆက် 😴▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ အိပ်ရေးမဝခြင်း ရဲ့ အကျိုးဆက်ကတော့ မကောင်းဘူး ဆိုတာ လူတိုင်း ပြောစရာမလို ခ...
24/08/2019

😴 အိပ်ရေးမဝခြင်း၏ အကျိုးဆက် 😴
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အိပ်ရေးမဝခြင်း ရဲ့ အကျိုးဆက်ကတော့ မကောင်းဘူး ဆိုတာ လူတိုင်း ပြောစရာမလို ခံစား သိရှိထားမှာ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဖြင့် ဖြစ်နိုင်တဲ့ ဆိုးကျိုး များ ကတော့ ……

1⃣ ကိုယ်ခံအားနည်းခြင်း
ကိုယ်ခံအားနည်းခြင်း အကျိုးဆက်ကြောင့် ဘယ်လို ရောဂါမျိုးမဆို အလွယ်တကူ ဝင်ရောက်စေနိုင်မှာ ဖြစ်ပါတယ်။

2⃣ သွေးချို၊ ဆီးချို အဖြစ်လွယ်ခြင်း
တစ်ရက်ကို ၅ နာရီအောက် လျော့အိပ်နေသူ များဟာ ခန္ဓာကိုယ်တွင်းက သွေးထဲက ဂလူးကိုစ့်ဓာတ်ကို များလာ စေပြီး သွေးချို၊ ဆီးချို ရောဂါ တို့ကို အလွယ်တကူ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

3⃣ မျိုးပွားနိုင်နှုန်း ကျဆင်းခြင်း
အိပ်ရေးမဝတဲ့သူဟာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် မျိုးပွားနိုင်တဲ့ဆဲလ်များ မွေးဖွားမှုနည်းပြီး ကလေး မရနိုင်တဲ့ အခြေအနေအထိ ဆိုးသွား နိုင်ပါတယ်။

4⃣ နှလုံးရောဂါ ဖြစ်လွယ်စေခြင်း
အိပ်ရေးမဝသူရဲ့ ကိုယ်တွင်း သွေးလည်ပတ်မှုဟာ သာမန်လူထက် မြန်ခြင်း၊ နှေးဖြစ် ဖြစ်တတ်ပြီး Blood Pressure မမှန် ပါဘူး။ ဆိုးကျိုး အကျိုးဆက် အနေနဲ့ ကတော့ နှလုံးရောဂါ ဖြစ်စေမှာ ဖြစ်ပါတယ်။

5⃣ အဆီတက်၍ ဝ,လာစေခြင်း
အိပ်ရေးမဝသူတို့ရဲ့ ကိုယ်တွင်းမှာ Leptin လို့ခေါ်တဲ့ ဓာတ်တစ်မျိုး မြင့်တက်ပြီး ဝလာစေပါတယ်။ ဝတာက ကျန်းမာရေးနဲ့ ဆီလျော်စွာ ဝခြင်း မဟုတ်ဘဲ အဆီပိုများ ထွက်ရှိလာခြင်း ဖြစ်ပါတယ်။
အများစု အထင်မှားတာက အိပ်ရေးပျက်ရင် ပိန်မယ် ဆိုတဲ့ အချက် ဖြစ်ပြီး ယင်းဟာ မှားယွင်းပါတယ်။ အိပ်ရေးပျက်လေလေ ပိုဝလာလေလေ ဖြစ်ပါတယ်။
နဂို ပိန်နေသူများအနေနဲ့ Ghrelin ဓာတ် လျော့ကျပြီး ပိုပိန် ပါတယ်။ သူက ဝဖို့ ဓာတ်ခံရှိသူကို ပိုဝစေပြီး၊ ပိန်ဖို့ ဓာတ်ခံ ရှိသူကို ပိုပိန် စေပါတယ်။ ဒီတော့ အိပ်ရေးဝအောင် ပုံမှန် အိပ်ခြင်းကသာ ကျန်းမာရေးနဲ့ နည်းလမ်းကျကျ ဝစေ၊ ပိန်စေမှာ ဖြစ်ပါတယ်။
ဒီတော့ အရွယ်ရောက်ပြီး သူများ အနေနဲ့ တစ်ရက်ကို အနည်းဆုံး ၇ နာရီ အိပ်ရန် လိုအပ်ပါတယ်။ အိပ်ရေး ပျက်သူများ အတွက် ဖြေရှင်းတဲ့ နည်းလမ်း ရှိပါတယ်။ ယင်းကတော့ အားလပ်ရပ်၊ အနားယူရက်တွေမှာ ကိုယ် အိပ်ရေးပျက်ခဲ့တဲ့ နာရီတွေအစား ပြန်လည် အိပ်စက်ပေးခြင်း ဖြစ်ပါတယ်။ ပြီးတော့ တစ်ရက်က မဖြစ်မနေ အကြောင်း အမျိုးမျိုးကြောင့် အိပ်ရေးပျက်ထားရင် နောက်နေ့မှာ အိပ်ရေးမပျက်အောင် ဂရုစိုက်ပြီး စောစော အိပ်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရန် အကောင်းဆုံး အချိန် အနေနဲ့ ၁၀ နာရီကနေ မနက် ၈ နာရီကြား ဖြစ်ပါတယ်။
ရိုးရာလေး စာဖတ်သူတို့ အိပ်စက်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်အောင် ဆန္ဒဖြင့် ရေးသား မျှဝေ လိုက်ရ ပါတယ်။

©အောင်ခမ်း (ရိုးရာလေး)

▄▄▄▄▄▄▄▄▄▄▄▄▄▄▄

us for daily workout tips, motivation, health articles & many awesome fitness contents.

✨  #အမှန်တကယ်_အဆီကျချင်ရင် ✨1⃣ အဆီ အဆိမ့် အချို ငံလွန်းတဲ့ အစားအစာ၊ ရယ်ဒီမိတ် (အသင့်စား) ခေါက်ဆွဲခြောက်ထုပ်၊ ဆီကြော်စာ၊ ...
24/08/2019

✨ #အမှန်တကယ်_အဆီကျချင်ရင် ✨

1⃣ အဆီ အဆိမ့် အချို ငံလွန်းတဲ့ အစားအစာ၊ ရယ်ဒီမိတ် (အသင့်စား) ခေါက်ဆွဲခြောက်ထုပ်၊ ဆီကြော်စာ၊ ဆီပြန်ဟင်းအနှစ်တွေ၊ တိရိစ္ဆာန်ရဲ့ကလီစာနဲ့ အရေပြား (တုတ်ထိုး ငါးရေခွံ ကြက်ရေခွံ)၊ ဗူးချိုရည်အမျိုးမျိုး၊ ဥအမျိုးမျိုးရဲ့အနှစ်တွေ စတာတွေရှောင်ပါ။

2⃣ နံနက်စာ၊ နေ့လည်စာ၊ ညနေစာ အချိန်မှန် စားပါ။ နံနက်စာလွတ်သွားလို့ နေ့လည်မှပေါင်းစားတာမျိုး၊ ပိန်ချင်လွန်းလို့ ထမင်းဖြတ်တာ၊ ညစာ မစားတာမျိုးဟာ အဆီကိုပိုတက်စေပါတယ်။

3⃣ ညနက်မှ အိပ်တာမျိုးရှောင်ပါ။
အိပ်ယာဝင်ချိန် 11pmထက်နောက်မကျတာ အကောင်းဆုံးပါ။
တစ်နေ့တာအိပ်ချိန် 6နာရီမှ8နာရီကြား ရှိရပါမယ်။

4⃣ ရေ တစ်ရက် လေးလီတာ အနည်းဆုံးသောက်ပါ။ အစားမစားမီ ရေသောက်ပေးပါ။
(ရေများများသောက်ရင် ဝိတ်ကျပါတယ်။ ဒါပေမဲ့ ရေသောက်များလွန်းသွားရင် water intoxication ဖြစ်ပြီး သေနိုင်တယ် ဆိုတာလေး သတိပြုပါ။
တစ်နာရီကို 1L နှုန်းပဲသောက်သင့်ပါတယ်။ တစ်နာရီအတွင်း ရေ 3/4 lit လောက် သောက်တာမျိုး ရှောင်ပါ)

5⃣ အစာစားပြီးပြီးချင်း ရေ / ကော်ဖီ သောက်တာ၊ အသီးအနှံစားတာ၊ ထိုင်တာ၊ အချိုတည်းတာမျိုး ရှောင်ပါ ။ အနည်းဆုံး 45 မိနစ်ခြားပါ။

6⃣ အရက်၊ ဆေးလိပ်၊ ဘီယာ ရှောင်ပါ။
သောက်ချင်တာပ ဆိုလည်း တစ်ရက်ကို
အရက် ယောင်္ကျားလေး နှစ်ပတ်၊ မိန်းကလေး တစ်ပတ် ။
ဘီယာ ယောင်္ကျားလေး နှစ်ဗူး၊ မိန်းကလေး တစ်ဗူး။
ဝိုင် ဆိုရင် ယောင်္ကျားလေး 300ml၊ မိန်းကလေး 150 ml ထက်မပိုသင့်ပါ။
(ဒေါက်တာ ညီညီကျော်ပြောထားတာလေးပါ 😁)

7⃣ အားကစားလုပ်ပါ။

8⃣ တစ်ရက်ကို အနည်းဆုံး အသား ဆယ်ကျပ်သားခန့်၊ ကြက်ဥ ငါးလုံးခန့် (အနှစ်မပါ) မဖြစ်မနေ စားပေးပါ။
(ပရိုတင်း လုံလောက်စွာ စားပြီး လေ့ကျင့်ခန်းလုပ်မှ အသားတွဲတာ၊ skin fat ကျန်တာတွေ မဖြစ်မှာပါနော်)

9⃣ ညနေစာ ထမင်း/ ဂျုံ /ခေါက်ဆွဲ မစားဘဲ အသီးအရွက်/ အသား/ ငါး / ဥ လေးတွေပဲ စားပေးနိုင်ရင် အကောင်းဆုံးပါ။

1⃣0⃣ အဆီကိုချေဖို့ အဆီ(ကောင်းတဲ့အဆီ)လည်း စားပေးဖို့လိုအပ် ပါတယ်နော်။ ဥပမာ - ထောပတ်သီး
အစေ့အဆံ အခွံမာသီးတွေ ဖြစ်တဲ့ နေကြာစေ့၊ ဗန်နာစေ့၊ သီဟိုစေ့၊ ငါးကရတဲ့အဆီ Omega-3 တွေကိုလည်း အနည်းငယ် စားပေးပါ။
(ငါးကြီးဆီ မနက်တစ်လုံး ညတစ်လုံး သောက်ပေးနိုင်ပါတယ်။ အဆီလည်းကျ နှလုံးအားလည်း ကောင်းစေပါတယ်)
ငါးကြီးဆီက သုံးလသောက်ပြီး တစ်လနားပေးရပါတယ်။ ပြီးမှသုံးလဆက်သောက်၊ နှစ်ချီဆွဲ မသောက်သင့်ပါဘူးနော်။

ကဲ...ကျန်းကျန်းမာမာနဲ့ အဆီကျဖို့ ဒီ အခြေခံ 10 ချက် ကို ဘယ်တော့မှမမေ့နဲ့နော့...🤗🤗🤗
အမြဲတန်းလှချင်ရင် အမြဲတန်းလိုက်နာပါနော်🤗

ချွင်းချက်အနေနဲ့တခါတလေတော့စားချင်တာစားပေါ့🙄

Credit

▄▄▄▄▄▄▄▄▄▄▄▄▄▄▄

us for daily workout tips, motivation, health articles & many awesome fitness contents.

ဆုံကာယဗလသမားတစ်ယောက်မှာ မည်သည့်လေ့ကျင့်ခန်းကြိုက်သည် မည့်သည့်လေ့ကျင့်ခန်းကို မကြိုက်ဘူး လေ့ကျင့်ရတာ ပင်ပန်းတယ် မသန်ဘူးဆိ...
02/08/2019

ဆုံ

ကာယဗလသမားတစ်ယောက်မှာ မည်သည့်လေ့ကျင့်ခန်းကြိုက်သည် မည့်သည့်လေ့ကျင့်ခန်းကို မကြိုက်ဘူး လေ့ကျင့်ရတာ ပင်ပန်းတယ် မသန်ဘူးဆိုတာရှိချင်ရှိလိမ့်မည်။သို့သော်မသန်ဘူး မကြိုက်ဘူးဆိုတိုင်း ချန်ခဲ့လို့မရပေ။ထောင့်စုံအောင်လေ့ကျင့်နိုင်မှလည်း စင်မြင့်ပေါ်တွင် ပေါ်လွင်ထင်ရှားနေမည်ဖြစ်သည်။အားနည်းချက်ဆိုသည်ကို မိမိသာမသိရင်ရှိမည် စင်အောက်မှ ကြည့်နေသည့် ဒိုင်နှင့် ပရိသတ်အမြင်မှာတော့ ကွက်ကွက်ကွင်းကွင်းရှိလှသည်။

ထိုသို့သော အများအမြင်တွင် ထင်သာမြင်သာရှိလှသည့် ကြွက်သားများတွင် ဆုံကြွက်သားများလည်းပါဝင်သည်။ဆုံ ကြွက်သားဆိုသည်မှာလည်း ကြွက်သားတစ်ခုတည်းမဟုတ်သည့် ရှေ့လယ် နောက် ဆိုသည့်ကြွက်သားခေါင်း သုံးခုပါဝင်သည်ဆိုတာကို သိထားသင့်သည့်။ထိုကြောင့် ဆုံနှင့် ပတ်သက်သည့် သတိပြုသင့်သည့် အချက်အချို့ကို ဝါသနာရှင်များသိရှိနိုင်ရန်ဖော်ပြပေးရလျင်

(၁)ဆုံ ကြွက်သား ခေါင်း ၃မျိုးလုံးကို လေ့ကျင့်ပါ။မိမိလေ့ကျင့်နည်း ပရိုဂရမ်သည် ရှေ့သား အလယ်သား နောက်သား မျှတစွာ ရေးဆွဲထားသည့် လေ့ကျင့်နည်းပရ်ုဂရမ်တစ်ခုဖြစ်သင့်သည်။

(၂)ဆုံလေ့ကျင့်ခန်းမစတင်မှီ ဆုံ ရှေ့ လယ် နောက်ကြွက်သားများကို အနေတော်အလေးလောက်နှင့် သွေးပူလေ့ကျင့်ခန်းမဖြစ်မနေလုပ်ပါ။

(၃)ဆုံလေ့ကျင့်ခန်းများလေ့ကျင့်ရာတွင် အလေးမတန်တဆနှင့်မနိုင်ဝန်မထမ်းမိပါစေနှင့်။အထူးသဖြင့် ဘားရှည် လည်ပင်းနောက်ဆုံတွန်းအတွက် မနိုင်မနင်းအလေးများကို ဆွဲတင်သည့်အခါဖြစ်စေ လေ့ကျင့်နေစဉ် ဟန်ချက်ပျက်၍ နောက်နည်းနည်းလန်သွားရုံမျှနှင့်ဖြစ်စေ ထိခိုက်ဒဏ်ရာရလွယ်တတ်
သည်မှာ ဆုံလေ့ကျင့်ခန်းများတွင်အများဆုံးဖြစ်သည်။

(၄)တစ်ချို့လူသစ်လေးများ ဆုံ ရှေ့သားအတွက် အာနိုးပရက်စ် လေ့ကျင့်ရာမှာ အလေးများပြီး ယိမ်း ထိုးနေသည်ကိုတွေ့ရသည်။မိမိအဆင့်နှင့် တန်သည် မတန်သည်ဆိုတာထက် မိမိအတွက် အလေး အနည်း အများကိုချင့်ချိန်ပြီး ပုံစံမှန်ကို လေ့ကျင့်နိုင်ဖို့သတိထားပါ။ကစားနည်းများကို အသေးစိတ်လေ့လာ လိုလျင် You tube မှာလေ့လာပါ။စမ်းတဝါးဝါးသည် လမ်းမှားကိုရောက်စေသည် ဆိုသည့် ၈ထပ်ကွမ်း ရွန်နီကိုးလ်မင်း စကားကိုလိုက်နာပါ။

(၅)ဘားရှည်ဆုံတွန်းလေ့ကျင့်ရာမှာ အလေးဝန်ကိုအပေါ်သို့တွန်းတင်ချိန်တွင် တံတောင်များကိုမဖြောင့် လိုက်ပါနှင့်။ဆုံကြွက်သားအပေါ်ထိရောက်မှုမရှိလျင်သင့်ရဲ့ လေ့ကျင့်မှုကလည်းအချည်းနှီးပါ။တံတောင်
မဖြောင့်ခင်လေးမှာတစ်ကြိမ်အဆုံးသတ်ပါ။

(၆)အကျော့တိုင်းကိုထိရောက်အောင်လေ့ကျင့်ပါသို့သော် အကြိမ် အကျော့အနည်းအများကိုတော့ သတိပြုပါ။ဆုံကြွက်သားခေါင်း ၃မျိုးအတွက် ထိရောက်သည့် အကြိမ်အကျော့က်ု နားလည်တတ်ကျွမ်းသည့် နည်းပြများနှင့် တိုင်ပင်ညှိနှိုင်းပြီး ပရိုဂရမ်တစ်ခု ရေးဆွဲပါ။

(၇)လေ့ကျင့်မှုပြင်းအား(intensity)နှင့် အနားယူမှု (recovery)ဆိုသည့်အချက်၂ချက်ကို မျှတအောင် ဂရု
စိုက်ပါ။ဆုံ လေ့ကျင့်ခန်းမှမဟုတ် မည့်သည့် လေ့ကျင့်ခန်းမှာမဆို အဆိုပါ အချက်နှစ်ချက်ကို နှလုံးသွင်းပါ။ဆိုလိုသည်မှာ လုံလောက်သည့် ပြင်းအားနှင့် ညှစ်ကစားပေးဖို့လိုသလို လုံလောက်သည့် အနားယူမှုရှိဖို့လည်း အရေးကြီးသည်ဆိုတာပင်ဖြစ်သည်။

(၈) ဆုံလေ့ကျင့်ခန်းများကို တတ်နိုင်လျင် သီးသန့်တစ်ရက်ထားပြီးလေ့ကျင့်ခြင်းသည် အကောင်းဆုံးဖြစ်
သည်။သို့မှသာ ထိရောက်အောင် လေ့ကျင့်နိင်သလို စင်မြင့်ပေါ်တွင် ဘယ်လိုမှ လိမ်ပြီးပြလို့မရသည့် ဆုံ ရှေ့လယ်နောက် ကြွက်သားသုံးမျိုးက်ု မျှမျှတတ လေ့ကျင့်နိုင်ရန်အချိန်ပေးနိုင်မည်ဖြစ်သည်။

(၉)လေ့ကျင့်ခန်းတိုင်းကိုအလေးအနက်ထားပါ ပျော်စေပျက်စေသဘောမျိုးဖြင့် လေ့ကျင့်ခြင်းကို ဆုံ လေ့ကျင့်ချိန်တွင်သတိပြုသင့်သည်။သာမန်အဆင့်မပြောနှင့် ကမ္ဘာ့ချန်ပီယံအဆင့်များပင် အလေးအနက်ထား လေ့ကျင့်နေကြသည့်ကြားမှ ဆုံလေ့ကျင့်ခန်းတွင် ဒဏ်ရာမရဖူးသူ ခပ်ရှားရှားပင် ဒိုရီယန် ကယ်ဗင်လက်ဗရုန်း ဖရင့်ဇိန်း နာဆာအယ်ဇွန်ဘတ်တီ အစရှိသည့် နာမည်ကျော်များပင် ဆုံ ဒဏ်ရာကြောင့် ခွဲစိတ်မှုတွေ တိုးတက်မှုဆုတ်ယုတ်ခြင်းတွေနဲ့ ပြိုင်ပွဲဝင်ဘဝကအနားယူသွားသူတွေ ဒုနဲ့ဒေးပါ။ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင်ဆိုသလိုပင်။

- Gym ထဲမှာ အလေးထပ်တိုးမဆော့နိုင်တော့ရင် ဘယ်လိုနည်းတွေနဲ့ ကြိုးစားမလဲ -ဒါပေါ့။ အလေးတွေ ပိုဆော့နိုင်၊ ပိုလုပ်နိုင်တာဟာ ပိ...
31/07/2019

- Gym ထဲမှာ အလေးထပ်တိုးမဆော့နိုင်တော့ရင် ဘယ်လိုနည်းတွေနဲ့ ကြိုးစားမလဲ -

ဒါပေါ့။ အလေးတွေ ပိုဆော့နိုင်၊ ပိုလုပ်နိုင်တာဟာ ပိုပြီး သန်မာလာတာကို အဓိကပြတဲ့ အရာတွေဖြစ်သလို ဒါတွေကပဲ Result ရနေပါလားဆိုတာကို သိစေတာပါပဲ။

၁၀ ချက် ဒိုက်ထိုးနိုင်တာကနေ အချက် ၂၀ ဒိုက်ထိုးနိုင်လာတယ်ဆိုတာ ရင်ဘတ်ကြွက်သားတွေ သန်မာလာတာကို ပြတာပေါ့။ ဒီလိုပါပဲ၊ အလေးတွေ တိုးတိုးပြီး ဆော့နိုင်လာတာလဲ ပိုသန်မာလာတာ၊ ပိုသန်မာလာခြင်းရဲ့ အဖြေဖြစ်တဲ့ ကြွက်သား အသစ်တွေ တိုးလာတာလို့လဲ မှတ်ယူနိုင်ပါတယ်။ ဒီလို Gym ထဲမှာ တစ်ပတ်ပြီး၊ တစ်ပတ် တိုးတက်နေတာတွေ့ရရင်လဲ ပင်ပန်းရကျိုးတွေနပ်သွားသလို ပျော်ရပြန်ပါရော။

ဒါပေမယ့် ဘ၀ဆိုတာ အမြဲကောင်းနေတာတွေချည်း မဖြစ်နိုင်သလို ဒီလို ရလဒ်တွေ ရနေတာလဲ တစ်ချိန်ကျ ရပ်တန့်သွားတတ်စမြဲပါ။ သင်ဘယ်လောက် ကြိုးစား ကြိုးစား၊ အရင် အပတ်က လုပ်တာထပ်ကို ပိုမလုပ်နိုင်တဲ့ အချိန်ဆိုတာ ကြုံလာတော့တာပါပဲ။ အရင် အပတ်ဆိုတာ အသာထား၊ တစ်ချို့ဆို လွန်ခဲ့တဲ့ နှစ်လလောက်က လုပ်တာထပ်ကို ပိုမလုပ်နိုင်ပဲ တစ် နေတာရှိပါတယ်။

ဒါဟာ နည်း စနစ်ပိုင်းဆိုင်ရာ သိတာ မသိတာနဲ့ မဆိုင်ပါဘူး။ နည်းစနစ်ပိုင်း ဆိုင်ရာ သိတယ်ဆိုရင်တောင် လူဟာ လူပဲမလို့ တစ်ချိန်မှာ ဒီလိုမျိုး အဖြစ်နဲ့ ကြုံမှာ မလွဲပါပဲ။ ဒီလိုအချိန်ဆို ကိုယ့်ရှေ့မှာ ဘယ်လို တွန်းတွန်း မရွေ့တဲ့ ကျောက်ဆောင်ကြီး ပိတ်နေသလို စိတ်ဓါတ်ကျဖွယ်ရာ အတိ။ ဒါကြီးကို မကျော်နိုင်လေ Result တွေဟာ နှေးသွားလေဆိုတော့လဲ စိတ်ပျက်စရာကို ဖြစ်တတ်ပါတယ်။

ဒီလို ဖြစ်နေသူတွေအတွက် ဒီလိုပိတ်နေတဲ့ ကျောက်ဆောင်ကြီးကို ဖြိုခွင်း ကျော်သွားနိုင်ဖို့ ထိရောက်တဲ့ နည်းစနစ်၊ လက်နက်တွေကို Golden_Dreams page အနေနဲ့ အကြံဥာဏ်ပေးလိုက်ပါတယ်။

ဒါပေါ့၊ လက်နက်ကိရိယာတွေ ရှိပြီဆိုရင်တောင် ဒီကျောက်ဆောင်ကို ကျော်ဖို့ အချိန် အတိုင်းအတာ တစ်ခုပေးရမှာပေါ့။ ဒါပေမယ့် လက်နဲ့ မတူးပဲ၊ ဘူဒိုဇာနဲ့ ထိုးသလို မြန်အောင် ဒီဆောင်းပါးက ရည်ရွယ်ပါတယ်။

ကဲ၊ ထုံးစံအတိုင်း ကြည့်လိုက်ကြရအောင်။

_______________

နည်း ၁ - Cheat and recovery

အရင်ဆောင်းပါးတွေမှာ ပြောခဲ့ဖူးတာကို မှတ်မိအုန်းမလားမသိ။ အလေးဆော့တဲ့အခါ (အလေးလွတ်ပဲဖြစ်ဖြစ်) မှာ ပုံစံမှန်ဖို့ အရေးကြီးဆုံးလို့ ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့် ဒီတောင်ကို ကျော်မယ့်အခါမှာတော့ နည်းနည်းလေး " ပ " စားပေးလိုက်ပါ။ ဘာကို ဆိုလိုသလဲဆိုတော့ သင်ဟာ ဥပမာအနေနဲ့ 20 Kg အလေးမှာ တစ်နေတယ် ဆိုပါတော့။ စက်ကိရိယာနဲ့ဆော့လို့ အလေး ၅ပြားမှာ တစ်နေတယ်ဆိုလဲ ၅ပြားပေါ့။

ဒီလိုအခါမှာ သင့်အနေနဲ့ 22.5 Kg ၊ ဒါမှမဟုတ် အလေးပြား ၆ပြားကို အတင်း တွန်းဖို့လိုလာပါပြီ။ ဒီလိုတွန်းတဲ့အခါ ပုံစံ နည်းနည်းပျက်ယွင်းတာမျိုး ရှိလိုနိုင်ပေမယ့် စိတ်ဓါတ်မာမာနဲ့ အားစိုက်၊ ရှိသမျှ ခွန်အားတွေနဲ့ တွန်းပါ။

ပုံစံ " နည်းနည်း " ပျက်ယွင်းစွာဆိုတာကို တလွဲမကောက်အောင် ပြောပါမယ်။ နည်းနည်း ဆိုတဲ့အတိုင်း အခြေခံ ပုံစံကိုတော့ မှန်အောင်နေရမှာပါ။ နည်းနည်း ပျက်ယွင်းတယ်ဆိုတာ တစ်ခါတစ်လေ အကြိမ်ရေများလာလို့ မနိုင်ရင် အရှိန် နည်းနည်းယူပြီး Cheat လိုက်တာ၊ ခပ်နှေးနှေးမလုပ်ပဲ နည်းနည်း သက်သာအောင် မြန်မြန်လေး လုပ်လိုက်တာမျိုးကို ဆိုပါတယ်။ ဒီလို နည်းနည်းလေး လှည့်စားလိုက်တာကို Cheat လို့ ဒီမှာ ခေါ်ပါတယ်။

ဥပမာအနေနဲ့ 20Kg ကနေ 22.5Kgကို Cheat လုပ်ချင်တဲ့ သူတွေအတွက်

22.5 Kg x 8 ကြိမ် လုပ်ပါ။ ဒါဟာ Cheat and recovery method ရဲ့ ပထမ ပိုင်း Cheat ပေါ့။

ဒီလို ၈ ကြိမ်လေးလေးဆော့ပြီးတာနဲ့ ဆော့လိုက်တဲ့ အလေးရဲ့ တစ်ဝက်ပဲလေးတဲ့ အလေးကို ကောက်ကိုင်ပါ။ ဥပမာ 22.5 kg နဲ့ Cheat ရင် တစ်ဝက်က 11Kg ဆိုတော့ အနီးစပ်ဆုံး 12.5 Kg အလေးကို ကောက်ကိုင်ပါ။ ပြီးရင် 11 Kg x ၁၀-၁၂ ကြိမ် ၀န်းကျင် ရသလောက်ကို ပုံစံအမှန်နဲ့ ဖြေးဖြေးစီ (တစ်ကြိမ် 4 seconds နှုန်းနီးပါး) လုပ်ပါ။ ဒီလိုလုပ်တာဟာ အလေးအကြီးနဲ့ ဆော့တုန်းက လှည့်စားထားတာကို ပြန်ဖြည်တယ်လို့ သတ်မှတ်ပြီး Recovery လို့ခေါ်ပါတယ်။

ဒီတော့ Cheat and recovery နည်းအပြည့်ဆိုရင် (ဥပမာ အလေးပမာဏ)

Cheat = 22.5 Kg x 8ကြိမ်
Recovery = 12.5 Kg x ၁၀-၁၂ ကြိမ် ပေါ့။ ဒါကို တစ်ကြော့လို့ သတ်မှတ်ပါတယ်။ သင်ဆော့နေကျ ပုံစံတစ်ခုကို ၃ကြော့ဆိုရင် ဒီလိုမျိုး ၃ခေါက်ကြော့နိုင်ပါတယ်။

ဒီလိုလုပ်တာဟာ ဘာ့ကြောင့် ထိရောက်လဲဆိုရင် ဒီနည်းဟာ ခန္ဓာကိုယ်ရဲ့ အာရုံကြောတွေကို ပိုလေးလံတာတွေနဲ့ ရင်ပါးစေလို့ပါပဲ။ အရင်က သင့်ခန္ဓာကိုယ်ဟာ 20 Kg အလေးကိုပဲ သယ်နိုင်ပြီး 22.5 Kg ဆိုရင် လန့်နေ စိမ်းနေတယ်၊ ဒီအချိန်မှာ 22.5 Kg ကို Perfect နည်းစနစ်နဲ့ မဟုတ်ပေမယ့် တဖြေးဖြေး စမိတ်ဆက်ပေးလိုက်ပြီး ရင်ပါးစေတာပေါ့။ ဒါနဲ့ပဲ အချိန် အတိုင်းအတာ တစ်ခုကြာတဲ့အချိန်မှာ ပိုပြီး အလေးဆော့နိုင်လာစေပါရော။

_______________

နည်း ၂ - ဖြေလျှော့တဲ့အပိုင်းကို အာရုံစိုက်လုပ်ခြင်း

English လိုဆိုရင်တော့ Eccentric Training လို့ ခေါ်ပါတယ်။ ဒီနည်းလမ်းကို အလေးမတိုးနိုင်တဲ့ အချိန်မှာပဲ သုံးကြတာမဟုတ်ပါဘူး။ ပုံမှန် ကြွက်သားဆော့နေတဲ့အခါမှာလဲ သုံးရင် အများကြီး အကျိုးရှိပါတယ်။ ဒါပေမယ့် အခုလို အလေး ထပ်မတိုးနိုင်တဲ့ အခါမျိုးမှာလဲ ဒီနည်းလမ်းဟာ လက်နက်ကောင်း တစ်ခုပါပဲ။ ဘယ်လိုလဲ ဆိုတာကြည့်လိုက်ရအောင်။

အလေးဆော့တဲ့ လှုပ်ရှားမှု ( အလေးလွတ်လဲ တူတူ) ကို အကြမ်းဖျင်း သုံးမျိုး ခွဲကြပါတယ်။ Concentric ၊ Isometric နဲ့ Eccentric လို့ ခေါ်ပါတယ်။ မြန်မာလို ပြန်ရတာ နည်းနည်း ကသီ နိုင်ပေမယ့် အလွယ်ဆုံးပြောရရင်

- ကြွက်သား ညှစ်တဲ့ အပိုင်း
- ကြွက်သား အတင်းဆုံးအပိုင်းမှာ အသေနေခြင်း
- ကြွက်သား ဖြေလျှော့တဲ့ အပိုင်း ဆိုပြီး မှတ်လို့ရမယ်ထင်ပါတယ်။ သင်္ချာလိုကြည့်ချင်ရင် အပေါင်း ၊ သုည နဲ့ အနှုတ်လို့ ဆိုရမလားပဲ။

ဥပမာ အနေနဲ့ နှစ်ခုပေးလိုက်ပါမယ်

ဒိုက်ထိုးတဲ့အခါ လက်ကို ဆန့်ပြီး တွန်းလိုက်တဲ့ အပိုင်းဟာ ကြွက်သားညှစ်တဲ့ အပိုင်း၊ အပေါ်ရောက်လို့ လက်ကို ဆန့်လျက်သားနေတာက ကြွက်သား
အတင်းဆုံးဖြစ်နေတုန်း အသေနေတဲ့ အပိုင်း၊ အောက်ကို ဖြေးဖြေးချင်း ပြန်ဆင်းတာက ကြွက်သားတွေ ဖြေလျှော့တဲ့ အပိုင်းပေါ့။

အိပ်ထမတင်ဆိုရင် ထိုင်ပြီးထတာက ညှစ်တဲ့ အပိုင်း၊ ပြီးရင် ပြန်လှဲချတာက ဖြေလျှော့တဲ့ အပိုင်း၊ အလယ်မှာ တောင့်ပြီးနေတာက ကြွက်သား
အတင်းဆုံးဖြစ်နေတုန်း အသေနေတဲ့အပိုင်း။ ဒါဆို မျက်လုံးထဲ ပေါ်လောက်ပြီ ထင်ပါတယ်။

ဒီလို ပုံစံတစ်မျိုးထဲကိုပဲ ၃မျိုးခွဲချလိုက်ရင် ကြွက်သားပြတ်တောက်မှု အများဆုံး အပိုင်းက ကြွက်သားဖြေလျှော့တဲ့ အပိုင်းမှာ ဖြေးဖြေးနဲ့ ထိန်းပြီး ဆော့ခြင်းပါပဲတဲ့။ ကြွက်သား ပြတ်တောက်မှု အများဆုံးဖြစ်ခြင်းဟာ ကြွက်သား အသစ်တွေ တည်ဆောက်မှု အများဆုံးကို ဦးတည်တာမလို့ ဒီ Eccentric Training ဟာ လူသုံးများကြတာပါပဲ။

ဒါကို အလေးတွေ ပိုဆော့နိုင်အောင် ကြိုးစားတဲ့အခါမှာ ဘယ်လို သုံးနိုင်မလဲ။

အပေါ်က ဥပမာအတိုင်း 20 Kg x 12 ကြိမ် ကနေ ဘယ်လိုမှ မတိုးနိုင်ဘူးဆိုပါစို့။

ပထမနည်း -
20 Kg x 12 ကြိမ် ကိုပဲဆော့ပါ။ ဒါပေမယ့် ဒီတစ်ခေါက် ဆော့ရင် Eccentric အပိုင်းမှာ အချိန်ဆွဲပြီး ဖြေးဖြေးချပါ။

ဥပမာ ရင်ဘတ်တွန်းမယ်ဆို တွန်းပြီး ပြန်ချတဲ့ အခါမှာ အမြန်မဟုတ်ပဲ 4 seconds လောက် အချိန်ယူပြီး ဖြေးဖြေး ထိန်းချပါ။ အရင်နဲ့ မတူပဲ ကြွက်သား အမျှင်လေးတွေအထိ သွားထိတာကို ခံစားရပါလိမ့်မယ်။

ဒုတိယနည်း -
အပေါ်က Cheat တဲ့နည်းကို Eccentric နဲ့ ပေါင်းသုံးလို့ရပါတယ်။
ဥပမာ
22.5 Kg/25 Kg ကို အရှိန်နဲ့ မပါ။ ပြီးရင် ပြန်အချကိုပဲ ဖြေးဖြေးချင်း အာရုံစိုက်ပြီး ထိန်းချပါ။ အနည်းဆုံး တစ်ကြော့မှာ ၈-၁၂ ကြိမ်ဆော့ပါ။

ဒီ Eccentric Training ဟာ ရင်ဘတ်၊ နောက်ကျော၊ လက်မောင်း ရှေ့နောက်၊ ဗိုက်ကြွက်သား တွေအတွက် အလွန်ကောင်းပါတယ်။

# #မလုပ်သင့်တဲ့ ပုံစံတွေကတော့ Squat တို့၊ Deadlift တို့မှာတော့ သိပ်မသင့်တော်ပါဘူး။ ဒူး နဲ့ နောက်ကျော ခါးဆစ်တွေကို အားပြုရတဲ့ လေ့ကျင့်ခန်းတွေမှာတော့ ဒီနည်းလမ်းကို မသုံးပါနဲ့။

_______________

နည်း ၃ - အလေးပေါ့နှင့် ရံဖန်ရံခါ ရေကုန်ရေခမ်း အကြိမ်များများဆော့ခြင်း

ခေါင်းစဉ်ကြည့်တာနဲ့တင် ဘယ်လိုလုပ်ရမလဲဆိုတာ သိပ်ရှင်းပြစရာလိုမယ် မထင်ပါဘူး။ဒါပေမယ့် ဘာ့ကြောင့် ဒီနည်းသုံးသလဲဆိုတာကို ဖတ်မိသလောက် ရှင်းပြပါမယ်။

အလေးများများနဲ့ အကြိမ်ရေ နည်းနည်းဆော့တယ်ဆိုတာ ကြွက်သားတွေက တစ်ဆင့် ခန္ဓာကိုယ်ကို စိန်ခေါ်တယ်ဆိုရင် အလေးနည်းနည်းနဲ့ အကြိမ်ရေ များများဆော့တာက ဓါတုဖြစ်စဉ်တွေကနေ ခန္ဓာကိုယ်ကို စိန်ခေါ်တယ်လို့ ဆိုကြပါတယ်။

အလေးပေါ့နဲ့ ဆော့တဲ့အခါ နိုင်နင်းတယ်ဆိုရင်တောင် အကြိမ်ရေများလာတဲ့ အခါ တဖြည်းဖြည်း ပူပြီး နာလာသလို ခံစားရပါတယ်။ စပြီး Burn လာသလိုပေါ့။ ဒီလိုဖြစ်လာရင် ခန္ဓာကိုယ်ထဲမှာ ဓါတ်ပြုမှုတွေစလာပြီး Lactic acid တို့၊ Metabolites တို့ စုလာတာမျိုးရှိပါတယ်။

အကြိမ်များများလုပ်လေ ဒါတွေ ခဏတာစုစုလာလေဖြစ်ပြီး ဒါဟာလဲ ကြွက်သား အသစ်တွေကို တည်ဆောက်ပေးပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ ရေတိုပဲ ရတာမလို့ အခုလို အတားအဆီးကျော်တဲ့ အခါမျိုးမှာ ရံဖန်ရံခါ ထည့်လုပ်ကျတာပါပဲ။

ရေတိုပဲ ရတဲ့ အကြောင်းရင်းက အလေးပေါ့ ဆိုတဲ့အတွက်၊ Physical စိန်ခေါ်မှုမရှိတဲ့ အတွက် ကြွက်သားတွေကို Tension လုံလောက်စွာ မပေးနိုင်လို့ပါပဲ။ Tension over time ဟာ ကြွက်သား အသစ်တက်ဖို့ မရှိမဖြစ် လိုအပ်တာမလို့ Tension သိပ်မပေးနိုင်တဲ့ အလေးပေါ့ ဆော့နည်းကို ရေရှည် အဖြစ် မသုံးကြပါဘူး။

ဒီနည်းကို သုံးတဲ့ အခါ အလေးပေါ့ကိုရွေးပါ။ အကြိမ်ရေ ၂၀လောက် (ဥပမာ) မှာကြွက်သားက စပြီး ပူလာ၊ နာလာပြီဆို ဆက်လုပ်ပါ။ ဒီလို စနာလာတဲ့ အချိန်မှ တစ်ကယ့် ထိရောက်မှုက စတာမလို့ ဒါကို အစလို့ မှတ်ပါ၊ မရပ်လိုက်ပဲ ရသလောက် အကြိမ်ရေကို အားကုန် ညှစ်တွန်းပါ။

ဒီလို အလေးပေါ့နှင့် ရံဖန်ရံခါ ရေကုန်ရေခမ်း အကြိမ်များများဆော့ပေးခြင်းဟာလဲ ရှေ့ကပိတ်ခံနေတဲ့ ကျောက်တောင်ကြီးကို ဖြိုဖျက်ပေးနိုင်တဲ့ လက်နက်ကောင်း တစ်ခုပါပဲ။

_______________

အခက်အခဲဆိုတာ စိတ်ညစ်စရာမဟုတ်ပါဘူး။

အခက်အခဲဆိုတာ ကျောင်းတော်ကြီးက ချပေးလိုက်တဲ့ Test တွေ၊ Project တွေလိုပါပဲ။ တစ်ခု တစ်ခုခြင်းစီဟာ သင့်ကို လက်ရှိမှာ စိတ်ညစ်စေနိုင်ပေမယ့် ဒါတွေ ကျော်ဖြတ်နိုင်တဲ့အခါမှာ သင်ဟာ အရင်လူ မဟုတ်တော့ပါဘူး။ " ဒါတွေနဲ့ မှတ်ကျောက်တင်ခဲ့တဲ့ လူ " ဖြစ်သွားပါပြီ။

" သင့်ကို သေအောင် အလဲမထိုးနိုင်တဲ့အရာဟာ သင့်ကို ပိုသန်မာစေတယ် " ဆိုတဲ့ အင်္ဂလိပ် စကားတောင် ရှိတယ်မဟုတ်လား။

ဘာတွေ စောင့်နေအုန်းမလဲ ???

ဒီနည်းလမ်းတွေနဲ့ အလှည့်ကျ သွားသာစိန်ခေါ်လိုက်ပါတော့။ Gym ဘော်ဒါတွေရှိရင်လဲ Admin ကိုယ်စား လက်တို့ Share ပေးကြပါအုန်းလို့။

အခြား Fitness/Wellness tips တွေအတွက်လဲ Sein Nan DawGym&Fitness page ထဲ ဝင်လည်ဖို့၊ Like and See first လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။ ❤️

အသိနဲ့သတိကိုလက်​ကိုင်​ထားပါGymထဲမှာ အ​လေးကိုင်​လိုက်​ပြီဆို ကတည်းက သင့်​မှာသတိရှိသင့်​ပါတယ်​။အားကစားတိုင်းမှာ ထိခိုက်​...
27/06/2019

အသိနဲ့သတိကိုလက်​ကိုင်​ထားပါ

Gymထဲမှာ အ​လေးကိုင်​လိုက်​ပြီဆို ကတည်းက သင့်​မှာသတိရှိသင့်​ပါတယ်​။အားကစားတိုင်းမှာ ထိခိုက်​ဒဏ်​ရာဆိုတာ ရှိတတ်​စမြဲပါ။ အသိနဲ့သတိ​လေး​တော့ ထားမယ်​ဆို Gymကစားတာအခြားအားကစားထက်​စာရင်
တော်​ရုံတန်​ရုံဖြစ်​ခဲပါတယ်​။မဖြစ်​ဘူးလို့​တော့အာမမခံပါဘူး။

Gymကစားခြင်းနဲ့ဆက်​နွယ်​ပြီး ထနခိုက်​ဒဏ်​ရာရမှု​တွေ အ​ရေး ​ပေါ်ခန်းထဲ ​ပြေးရသူ​တွေ တစ်​နှစ်​ကို အနည်းဆုံး ၁၀​ယောက်​အထက်​မှာရှိတယ်​လို့ ​လေ့လာသူများရဲ့အဆိုအရသိရပါတယ်​။

1990မှစပြီး 2017ထိ လူ​ပေါင်း၉သိန်း​ကျော်​ခန့်​ အ​ရေး​ပေါ်ခွဲစိတ်​ခန်းကို​ပြေး​ကြသူ​တွေ ဒုနဲ့​ဒေးလို့ ဆိုပါတယ်​။

1990 မှ 2007 အတွင်း ​သေဆုံးသူ​ပေါင်း ၁၁၄​ယောက်​ခန့်​ရှိခဲ့ပါတယ်​။

2012 တစ်​နှစ်​ထဲမှာတင်​ လူ​ပေါင်း ၄သိန်းခွဲ​ကျော်​ခန့်​ ထိခိုက်​ဒဏ်​ရာရခဲ့ကြပါတယ်​။

အဘယ်​​ကြောင့်​ ထို့သို ထိခိုက်​ဒဏ်​ရာရပြီး
သေဆုံးမှု​တွေဖြစ်​လာကြသလဲဆိုတာ​ သု​တေသီ​တွေ​လေ့လာခဲ့ရာမှာကျွန်​​တော်​တို့​လေ့လာမှတ်​သားဖွယ်​အချက်​အလက်​အချို့ကို သိရှိနို​င်​ဖို့ထုတ်​​ဖော်​ပြခဲ့ကြတယ်​။

(1) Gym ကစားသူကိုယ်​တိုင်​န​မော်​နမဲ့ဖြင့်​အ​လေးပြား ဖြုတ်​တပ်
ပြုလုပ်​စဉ်​ ​ခြေ​ထောက်​​ပေါ်ကျရာမှ ကျိုးပဲ့နိုင်​​ခြေဖြစ်​ခြင်း

(2)Gymရုံအတွင်း​ခြေဗလာဖြင့်​ကစား​သော
ကြောင့်​အ​လေးပြားခလုတ်​တိုက်​ပြီးထိခိုက်​ဒဏ်​ရာရနိုင်​ခြင်း

(3)ကစား​ဖော်​၏န​မော်​နမဲ့နိုင်​မှု​​ကြောင့်
အ​လေးဘားတန်း အ​လေးပြားများ မိမိခန္ဓာ
ကိုယ်​နှင့်​ဦး​ခေါင်း​ ​ခြေလက်​များအ​ပေါ်ကျနိုင်​​ခြေရှိခြင်း

(4)စက်​ပစ္စည်းချို့ယွင်းမှုကို​လေ့လာမဆန်းစစ်​ပဲကစားချင်​စိတ်
ပြင်းပြစွာဖြင့်​ အ​လောတကြီး ကစားရင်း ​ကေဘယ်​ကြိုးပြတ်​ခြင်း
နှင့်​ အခြားအ​ထွေ​ထွေချို့ယွင်းမှုများ​ကြောင့်​မိမိအတွက်​ထိခိုက်​ဒဏ်​ရာရနိုင်​ခြင်း

(5)စိတ်​အာရုံပျံလွင့်​ပြီး​လေ့ကျင့်​သည်​​လေ့ကျင့်​ခန်းအ​ပေါ် ​ပေါ့ပျက်​ပျက်​ဖြင့်​ကစာခြင်း​ကြောင့်​အ​ထွေ​ထွေဒဏ်​ရာရခြင်း

(6)မနိုင်​၀န်​ထမ်းခြင်း​ကြောင့်​မဖြစ်​သင့်​သည်​အကျိုးဆက်​များဖြစ်
နိုင်​ခြင်း(leg press movieကို နမူနာယူပါ)

(7)နည်းစနစ်​မမှန်​ပုံစံမကျ​လေ့ကျင့်​ခြင်းကလည်းထိခိုက်​ဒဏ်​ရာ
နိုင်​​ခြေကိုဖိတ်​​ခေါ်သလိုဖြစ်​ခြင်း

(8)မိမိ၏ကျန်းမာ​ရေးအ​ခြေအ​နေကိုကြိုတင်​စစ်​​ဆေးခြင်းမပြုပဲ ​လေ့ကျင့်​ခန်းပြုလုပ်​ခြင်း------------စတာ​တွေကို​​ဖော်​ပြ​ပေးခဲ့ပါတယ်​။

ဒါ​ကြောင့်​ကျွန်​​တော်​တို့ဝါသနာပါတဲ့အားကစားကို​လေ့ကျင့်​ရာမှာ အသိနဲ့သတိကိုလက်​ကိုင်​ထားပါ။ ​နောက်​​ပြောင်​ပြီးကစားခြင်း
မနို်င်​၀န်​ထမ်းပြီး ​ခြေ​ချော်​လက်​​ချော်​ဖြစ်​တတ်​ခြင်း နည်းစစ်​မှန်​မှန်​ ပုံစံကျကျမကစားခြင်းစတာ​တွေကို​တော့Gymအများစုမှာ​တွေ့ရ တတ်​ပါတယ်​။သတိထားကြပါလို့​ပြောရုံကလွဲပြီး ကျွန်​​တော်​တို့လည်း ဒီထက်​မတတ်​နိုင်​ပါဘူးကိုယ်​ဖြစ်​ရင်​ကိုယ်​ခံရမှာပါ။

ခြေဆစ်​လက်​ဆစ်​လွဲခြင်းကျိုးခြင်း အရွတ်​ပြဲခြင်း ​ခြေကျိုးလက်​ကျိုးခြင်းနင့်​ဒီထက်​ဆိုးတဲ့ ခါးရိုးထိခိုက်​ဒဏ်​ရာရခြင်းမှသည်​ အသက်​​သေဆုံးသည့်​အထိ ဖြစ်​ရပ်​များစွာရှိပါသည်​။

အောက်​ပိုင်းထိုင်​ရင်းခါးရိုးအကြီးအကျယ်​ဒဏ်​ရာရသူများ ရင်​အုပ်​တွန်းရမိမိ၏အ​လေးဘား တန်းပိပြီး ​သေဆုံးသူများလည်းရှိခဲ့သည်​။

လိုရင်းကိုတိုတို​ပြောရရင်​ မ​ပေါ့ပါနဲ့နည်းစနစ်​အမှန်​ကို​လေ့လာပါ ။
Credit #

နည်းစနစ်တကျ အခြေခံထိုင်ထ(Squat)- ++++++++++++++++++++++++++++++++++(ဘာကြောင့်ထိုင်ထလုပ်ရင် ဖနောင့်အောက်မှာခုထားရတာလဲ?)အဓ...
27/06/2019

နည်းစနစ်တကျ အခြေခံထိုင်ထ(Squat)-
++++++++++++++++++++++++++++++++++

(ဘာကြောင့်ထိုင်ထလုပ်ရင် ဖနောင့်အောက်မှာခုထားရတာလဲ?)

အဓိကအကြောင်းရင်းကတော့ အလေးထမ်းပြီးထိုင်ထပြုလုပ်ချိန်မှာ Stability balance လို့ခေါ်တဲ့ ကိုယ်ဟန်အနေအထားညီညွတ်မျှတစေဖို့ဘဲဖြစ်ပါတယ်။ အလေးထမ်းထိုင်ထ (Barbell Squat)မှာ ဘားတန်းအမြင့်နှင့်ဘားတန်းအနိမ့် (High Bar & Low Bar) ဆိုပြီး Barbell ထမ်းသည့်ပုံစံ ၂ မျိုးရှိပါတယ်။

High Bar

ဘားတန်းအမြင့် (High Bar) ကတော့

၁- ဂုတ်သားဖြင့်ထမ်းရပါတယ်။
၂- လက်၂ဖက်ဟာ ၉၀ ဒီဂရီနီးပါးတည့်မတ်ပြီး ပုခုံးအကျယ်အတိုင်းအလေးတပ်ဘားတန်းကိုဆုပ်ကိုင်အထောက်အကူပြုထားရတဲ့ပုံစံဖြစ်ပြီး
၃- တံတောင်ဆစ်ကိုအောက်သို့စိုက်ချထားရပါတယ်။
၎- အဓိကရွှေ့လျားမူ့အစိတ်အပိုင်းကတော့ ပေါင်ဖြစ်ပြီး၊ ပေါင်အရှေ့သားအပေါ်သက်ရောက်မူ့ဖြစ်စေပါတယ်။
၅- အလေးထမ်းပြီးမတ်တပ်အနေအထားမှာ ဒေါင်လိုက်တည့်တည့်ထိုင်ချရတဲ့နည်းဖြစ်ပါတယ်။

Low Bar

ဘားတန်းအနိမ့် (Low Bar)ကတော့

၁- ဂုတ်သားထက်မှလျော့ကျပြီး လက်မောင်းဆုံသားအားပြုထမ်းတဲ့ပုံစံတွေဘဲဖြစ်တဲ့အတွက်
၂- လက်၂ဖက်ပုံစံအနေအထားဟာ အင်္ဂလိပ်အက္ခရာ ဒဘယ်ယူ(W) ပုံစံအနေအထားဖြင့် ပုခုံးထက်ကျယ်သောအကွာအဝေးမှအလေးတပ်ဘားတန်းကိုအထောက်အကူပြုထားရတဲ့ပုံစံမျိုးဖြစ်ပြီး
၃- တံတောင်ဆစ်ကတော့ အနောက်ဘက်သို့ဦးတည်ထွက်နေသောပုံစံအနေအထားဖြစ်ပါတယ်။
၎- အဓိကသက်ရောက်မူ့အပိုင်းကတော့ ပေါင်နောက်သား (Hams) နှင့် ခါးအောက်ပိုင်းကြွက်သားများဖြစ်ပါတယ်။
၅- အလေးထမ်းပြီးမတ်တပ်အနေအထားမှာ ခါးညွတ်၊ တင်ပါးနောက်ပစ်ပြီးထိုင်ချရတဲ့နည်းဖြစ်ပါတယ်။ အရပ်အခေါ်အဝေါ်အရ မြင်းထိုင်၊ ထိုင်သည်ဟုဆိုကြပါတယ်။

ဘားတန်းအနိမ်(Low Bar) ရဲ့အားသာချက်ကတော့ ခါးပင်မ,မဏ္ဏိုင်ကြွက်သားမသန်မာသူများအတွက် အလေးတန်းအလေးချိန်ဟာ ကျောရိုးအပေါ်တိုက်ရိုက်သက်ရောက်မူ့မရှိတဲ့အတွက် ခါနာတတ်သူများအတွက် ဘားတန်းအနိမ့်ထိုင်ထပုံစံကပိုမိုသင့်တော်ပါတယ်။

ဘားအမြင့်နှင့်ဘားအတိုထိုင်ထတွင် ဘားအတိုထိုင်ထက ကိုယ်အနေအထားညီညွတ်မျှတမူ့ပိုမိုဖြစ်စေပါတယ်။မည်သို့ပင်ဖြစ်စေ ကိုယ်ဟန်အနေအထားညီညွတ်ဖို့ဆိုရင် အောက်ပါအချက်များကိုထည့်သွင်းစဉ်းစားရမှာဘဲဖြစ်ပါတယ်။

၁- လေ့ကျင့်သူ၏ကိုယ်ခန္ဓာအမျိုးအစား (အရပ်အနိမ့်၊အမြင့်၊ ခါးအလျားတို၊ ခါးရှည်၊ ပေါင်တံတို၊ပေါင်တံရှည်)

၂- ထမ်းယူထားတဲ့အလေးချိန်ဟာ ခြေထောက်အလယ်တည့်တည့် (Mid-Foot Balance Point)ပေါ်တည်ရှိမရှိ

၃- အားစိုက်ထည့်ရမည့်အကွာအဝေး (Moment Arms)တို့ဖြစ်ပါတယ်။

လူတိုင်းတွင်အရပ်အနိမ့်အမြင့်မတူညီနိုင်သောကြောင့် ကိုယ်ခန္ဓာအချိုးအစားဟာလည်းမတူညီနိုင်ပါဘူး။ အရပ်ပုတဲ့လူက ပိုပြီး Stable ဖြစ်တယ်ဆိုတာလည်း ရာနှုန်းပြည့်တော့မမှန်ကန်ပါဘူး။ အချို့အရပ်ပုပေမယ့် ကျောရိုးရှည်တတ်သလို အရပ်ရှည်သူတိုင်းဟာ ကျောရိုးမရှည်ကြပြန်ပါဘူး။ ထို့ကြောင့် ကျောရိုးရှည်ပြီးပေါင်တံတိုသောကစားသမားအတွက်အလေးဖြင့် Squat လုပ်သောအခါ rage of motion ရရန်အတွက်ခါးကော့ညွတ်နေဖို့ ကြိုစားစရာမလိုဘဲ ကျောရိုးကိုတည့်မတ်ပြီးထိုင်ချဖို့လွယ်စွာထိုင်ချနိုင်ခြင်းမှာ (Knee moment arm)ပခုံးစွန်းမှဒူးစွန်းအကွာအဝေးနည်းပါးသောကြောင့်ဖြစ်ပါတယ်။
ကျောရိုးတို ပေါင်တံရှည်သောကစားသမားအတွက် ကိုယ်နေဟန်ညီညွတ်မျှတစွာနှင့် ထိုင်ထပြုလုပ်ဖို့မလွယ်ကူနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခါးကျောတိုသူမှာ Range of motion အရှိရန်အတွက် ခါးကော့ညွတ်ထားပေမယ့်လည်း Knee Moment Arm လို့ခေါ်တဲ့ ပုခုံးစွန်းနှင့် ဒူးအစွန်းအကွာအဝေးဟာ ပုခုံးစွန်းအကွာအဝေးနှင့်တင်ပါးအကွာအဝေးထက်ပိုမိုဝေးကွာနေခြင်းကြောင့် ပိုမိုအားစိုက်ထုတ်ရပြီး၊ ကိုယ်ဟန်အနေအထားညီညွတ်ဖို့ခက်ခဲစွာထိန်းသိမ်းရပါတယ်။ အများသောအားဖြင့်ထမ်းမထားသောအလေးချိန်ကြောင့် အနောက်ဘက်သို့ပိုမိုယိမ်းညွတ်ကာ အခန့်မသင့်လျှင်ပက်လက်လန်ကျနိုင်ပါသေးတယ်။

ထို့ကြောင့် ကျောရိုးတို၊ ပေါင်တံရှည်ကစားသမားများ ကိုယ်နေအထားညီညွတ်မျှတစေဖို့ ဖနောင့်အောက်တွင် အလေးပြား၁ ချပ်ထု သိုမဟုတ် ၁ လက်မအမြင့်ရှိအရာဝထ္တုတခုခုခံထားပေးခြင်းဖြင့် အလေးထမ်းမထားသောခန္ဓာကိုယ်မှာအရှေ့သို့အနည်းငယ်တိမ်းညွတ်နေခြင်းဖြင့် knee moment arm အကွာအဝေးအားလျော့ကျစေပါတယ်။ ခြေသလုံးကြွက်သားနှင့်ဖနောင့်ရိုးအားတွယ်ဆက်ထားသော (Achilles Tendon)အရွတ်အား၊ သက်ရောက်မူ့လျော့စေပြီး ဒဏ်ရာရစေခြင်းမှသက်သာစေနိုင်ပါတယ်။ (ဖနောင့်အပေါ်၊ ခြေသလုံးကြွက်သားအောက်ခြေနေရာ)။ ခြေဖနောင့်အောက်မှာ တခုခုခံထားမယ်ဆိုရင်တော့ ခြေနှစ်ဖက်ကို ခပ်ကျယ်ကျယ်ထားပြီး လေ့ကျင့်ရမှာဖြစ်ပါတယ်။ ဖနောင့်အောက်တွင်ခုခံစရာမလိုတဲ့ ကျောရိုးရှည်၊ ပေါင်တံတိုသောကစားသမားကတော့ ခြေထောက်ကိုပခုံးအကျယ်ထက်အနည်းငယ်ကျဉ်းပြီးကစားရမှာဖြစ်ပါတယ်။ knee moment arm အကွာအဝေးတိုလျှင် ဒူးအပေါ်အလေးသက်ရောက်မူ့လျှော့ပါးပြီး ပေါင်သားအပေါ်ပြောင်းလည်းသက်ရောက်စေခြင်းဖြင့် ဒူနာခြင်းမှကင်းဝေစေနိုင်ပါတယ်။

ဒါဆိုရင် သက်ရောက်မူ့မတူတဲ့ထိုင်ထအမျိုးအစားနှင့် အလေးထမ်းထိုင်ထ (Squat) လုပ်သူတိုင်းဖနောင့်အောက်မှာခုထားဖို့မလိုအပ်ပါဘူးဆိုတာသဘောပေါက်ပြီလို့ယူဆပါတယ်။

နည်းစနစ်တကျ အခြေခံထိုင်ထ(Squat)-

လေ့ကျင့်ခန်း၊ အစားအစာ၊ အဆီချခြင်းနှင့် Workout ဝါသနာပါသူများအတွက် ဆောင်းပါးများ ဆက်ဖတ်လိုပါက GYM_Sein Nan Daw page ထဲ ဝင်ရောက်လေ့လာနိုင်ပါကြောင်း

Nan Daw

Address

Naung Da Pin Road, Phayagyi Quarter
Monywa

Opening Hours

Monday 06:00 - 11:00
16:00 - 20:00
Tuesday 06:00 - 11:00
16:00 - 20:00
Wednesday 06:00 - 11:00
16:00 - 20:00
Thursday 06:00 - 11:00
16:00 - 20:00
Friday 06:00 - 11:00
16:00 - 20:00
Saturday 06:00 - 11:00
16:00 - 20:00

Telephone

959770709699

Website

Alerts

Be the first to know and let us send you an email when Monywa Sein Nan Daw Fittness & Gym Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share