21/07/2024
-------------နှောင်းအတိတ်အလွမ်း------------
ရှေ့ဆက်ရမဲ့အချိန်တွေထက်
ကျန်ခဲ့တဲ့ အတိတ်ကိုပဲပြန်သွားချင်နေမိတာ
အတိတ်ဆိုတာ မေ့နိူင်သူတွေအတွက်
ဘာမှမဟုတ်ပေမဲ့ ကိုယ့်အတွက်ကြတော့
ပြန်တွေးမိတိုင်းကြည်နူးရပါတယ်
ပစ္စုပ္ပန်မှာတေါ့ပျော်စရာမရှိတော့သလိုပါပဲ
အချိန်တွေသာ ရပ်တန့်လို့ရမယ်ဆို
မင်းနဲ့အတူရိုက်ခဲ့တဲ့ ဓာတ်ပုံလေးထဲက
အမှတ်တအချိန်လေးတွေ ပြန်လိုချင်မိတယ်
အရင်တုန်းကရှိခဲ့ဘူးတဲ့
အပြုံးလေးတစ်ပွင့်ဟာ
အခုတော့လဲ အမုန်းပန်းတစ်ပွင့်လိုပါပဲ
အရင်ကစကားတွေနွေးထွေးခဲ့သလောက်
အခုတော့လဲ အေးစက်လို့...
အတိတ်ကဆက်ဆံရေးလေးတစ်ခုက
လှစ်လျှုရှု့ခြင်းများကြားမှာ
ဝေဝါးပျောက်ကွယ်သွားခဲ့ပြီပေါ့
လူခြင်းသာနီးနေရပေမဲ့
နှလုံးသားခြင်းဝေးသွားခဲ့တာကြာပါပြီ
ငါကပဲ ချစ်မတတ်ခဲ့လို့လား
မင်းကပဲ မချစ်ချင်လို့
အပြစ်ရှာမြင်တတ်ခဲ့တာလား
ဒါမှမဟုတ် ချစ်တွေ
သက်တမ်းလွန်ကုန်ခဲ့တာပဲလား
နှောင်းခဲ့တဲ့အချိန်တွေထက် ပြောင်းလဲတတ်တဲ့မင်းကိုယ် သိပ်လွမ်းတယ် ။ ။
#ရန်နောင်ဖြိုး
#ကဗျာလေးများ