ACT-aungchanthar Futsal

ACT-aungchanthar Futsal ဖူဆယ်ဘောလုံးကွင်း

05/03/2024

" ဝီဇာတို့ ညီအစ်မနှစ်ကောင် သတ်ခံလိုက်ရပြီ "

" ဘယ်က ကြားလာတာလဲ "

" သမီးကိုယ်တိုင် မြင်တာလေ၊ အိမ်နောက်ဖေးမှာ သတ်ခံလိုက်ရတာ "

" မျက်မြင်တွေ့မှ လန့်မနေနဲ့။ တော်ကြာနေ နင့်အစ်မနဲ့ ကျောင်းလိုက်သွား "

" ဟုတ် "

အမေ့ကို ဟုတ်လို့ ပြောပြီး အဘွားရှိရာဘက် ပျံခဲ့လိုက်တယ်။ မဟုတ်ရင် ဆက်ငေါက်ခံနေရဦးမှာ။

" ဘာဖြစ်လာတာလဲ ဝီဇီ "

အဘွားက တန်းမေးတယ်။ သူ့ထိတ်လန့်မှုက အထင်းသားများ ဖြစ်နေသလားမသိ။

" ခုနက ... ဝီဇာတို့ ညီအစ်မ "

" သတ်ခံလိုက်ရပြီလား "

သူ့စကား မဆုံးခင် အဘွားက ဖြတ်​မေးတယ်။ ပြန်မဖြေပေမယ့် ဘာဖြစ်သွားတယ်ဆိုတာ အဘွားသိပုံပဲ။

" အဲဒါကြောင့် မနက်ကတည်းက ပြောနေရတာပေါ့။ သင်္ချာအတန်းဟာ အရေးကြီးတယ်လို့ "

အဘွားဆီက ဒီစကားထွက်လာမယ်ဆိုတာ သိသားပဲ။ မှန်နေတော့လည်း ပြန်မပြောသာ။

" အဘွားတို့ မျိုးရိုးမှာ သက်တမ်းစေ့နေသွားသူချည်းပဲ။ အသတ်ခံရတယ်ဆိုတာ ရာဇဝင်မှာ မရှိဘူး။ အထီးဆို ခုနစ်ရက် အမဆို ၄၂ ရက်လောက်အထိ အသက်ရှည်ကြတာချည်းပဲ။ ဒါကလည်း ပညာကို တန်ဖိုးထားလို့၊ ပညာတတ်တွေချည်းဖြစ်အောင် အားထုတ်ကြတာမို့။ သင်္ချာဟာ သိပ်အရေးကြီးတယ်။ လူတစ်ယောက်ကို မြင်တာနဲ့ သူ့ခြေတံလက်တံ၊ သွက်လက်မှု၊ ကျောရိုးအနေအထား ဒါတွေကို တွက်ချက်တတ်ရတယ်။ သူတို့ လက်လှမ်းမမီတဲ့နေရာကနေ သွေးစုပ်ရတယ်။ ဒီမှာ ကြည့် ... "

အဘွားက ပြောပြောဆိုဆို ထပျံပြီး စာဖတ်နေတဲ့ လူတစ်ယောက်ရဲ့ ကျောကုန်းဆီကနေ သွေးစုပ်ပြတယ်။ ဟိုလူခမျာ အဘွားကို ရိုက်ဖို့ လက်လှမ်းမမီရှာဘူး။ ဘယ်ဘက်လက်နဲ့ လှမ်းလိုက်၊ ညာဘက်လက်နဲ့ လှမ်းလိုက်နဲ့ ကိုးရိုးကားယား ဖြစ်နေတယ်။ အဘွားက တဝါးဝါး ရယ်ပြီး ကျွန်မဆီ ပြန်ပျံလာတယ်။

" သင်္ချာဟာ သိပ်အရေးကြီးတယ်။ သင်္ချာပညာကို ခြင်တွေက စခဲ့တာ။ အာရပ်တွေဟာ ခြင်တွေကို လေ့လာပြီး သင်္ချာပညာအကြောင်း သိသွားတာ "

" ဟုတ်လို့လား အဘွားရယ်။ လူတွေက ဉာဏ်အကောင်းဆုံးသတ္တဝါတွေဆို "

" မဟုတ်မဟတ်တွေ ဘယ်က ကြားလာပြန်သလဲ။ လူတွေသာ ဉာဏ်အကောင်းဆုံးဆိုရင် လောကကို အကျိုးပြုနေတဲ့ အဘွားတို့ခြင်မျိုးနွယ်တွေကို ဘယ်သတ်မလဲ မြေးရဲ့ "

" ​သမီးတို့က လောကကို အကျိုးပြုတယ်လား "

" ဒါပေါ့ကွယ်။ ဒီအချိန် ဒီကာလအထိ ရှင်သန်နေတဲ့သတ္တဝါမှန်သမျှဟာ လောကကို တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်လို့၊ ဆက်ရှင်သန်နေဖို့ လိုအပ်လို့ မပျက်သုဥ်းသေးတာပဲ။ ဒိုင်နိုဆောတွေ၊ မွေးရှည်ဆင်ကြီးတွေဟာ ကာလတစ်ခုစာလောက်ပဲ လောကကို အကျိုးပြုနိုင်လို့၊ ပညာမတတ်လို့ မျိုးပြုတ်သွားကြတာပဲ။ အဘွားတို့မျိုးနွယ်တွေက ပညာတတ်တော့ လောကနဲ့ အဆက်မပြတ်နိုင်သေးဘူး။ ကမ္ဘာပျက်တဲ့အချိန် လောကထဲ နောက်ဆုံးချိန်အထိ ကျန်ရှိနေမယ့်သတ္တဝါဟာ ခြင်တွေပဲကွဲ့ "

" အဘွား ဘယ်လိုသိတာလဲ "

" ရှေ့ဖြစ်ဟော ခြင်ဘိုးတော်တွေဆီကပေါ့ကွယ်။ အဘွားတို့သာ ကမ္ဘာပေါ်မှာရှိဖို့ မလိုအပ်ဘူးဆိုရင် နောဧက သူ့သင်္ဘောကြီးပေါ် ခြင်ထီးခြင်မနှစ်ကောင်ကို တင်ခေါ်ပါ့မလား ... ကဲ "

အဘွားပြောတော့လဲ ဟုတ်သလိုလိုပဲ။

" ဒါဆို သမီးတို့က ဘာတွေအကျိုးပြုတာလဲ "

ခြင်ကျောင်းအုပ်ကြီးဖြစ်တဲ့ အဘွားက ကျွန်မအမေးကို တော်တော် သဘောကျသွားတယ်။ ဖြေချင်ရက် ခေါင်းတို့အခြေအနေကိုး။

" အဘွားတို့ထက် ဉာဏ်ရည်နိမ့်တဲ့ သတ္တဝါတစ်မျိုးရှိတယ်။ မနက်က သင်္ချာချိန် လာတက်တဲ့အုပ်စုထဲက အဲဒီတစ်ကောင်နဲ့တောင် မြေးကို မိတ်ဆက်ပေးလိုက်သေးတယ်လေ "

" ကြမ်းပိုးကို ပြောတာလား "

" သိပ်ဟုတ်။ ကြမ်းပိုးထောင်ဆိုတာ မြေး ကြားဖူးလား "

" ကြမ်းပိုးဆိုးတွေကို ချထားတဲ့ ထောင်လား "

" မဟုတ်ကဟုတ်ကကွယ်။ အဲဒီလိုထောင်ဆိုတာမျိုးက လောကကို မှီတည်ရှင်သန်နေတဲ့သတ္တဝါအချင်းချင်း ချယ်လှယ်အမြတ်ထုတ်ဖို့အတွက် လူသတ္တဝါတွေသာ ဖန်တီးအသုံးပြုတာမျိုးကွဲ့။ ထားတော့ကွယ်။ အဘွားပြောချင်တာက ခြင်ထောင်အကြောင်း "

" ဟုတ် "

" ဟိုဟာကို ခြင်ထောင်လို့ပဲ ခေါ်တယ်။ ကြမ်းပိုးထောင်လို့ မခေါ်ဘူး။ ယင်ထောင်လို့ မခေါ်ဘူး။ ပျားထောင် မြွေထောင် စသဖြင့် မခေါ်ဘူးကွဲ့။ အဘွားတို့လို ခြင်တွေကိုပဲ ဂုဏ်ပြုပြီး ခေါ်တာမို့ ခြင်ထောင်တဲ့ "

အဘွားက စာဖတ်နေသူဘေးက ခြင်ထောင်ကို ပြပြီး ပြောတယ်။

" ခြင်ဆေးခွေဆိုတာလည်း ဒီလိုပဲ၊ လောကကို ခြင်တွေ အကျိုးပြုလို့ ပေါ်လာရတာပဲ။ တချို့က ခြင်နိုင်ဆေးခွေလို့ ခေါ်သေး။ ဟက် ဟက် ... ဘယ်မှာနိုင်ပါ့မလဲ။ ကမ္ဘာဦးအစကတည်းက လူဆိုတာ ခြင်တွေရဲ့ငယ်နိုင်ပဲ။ အခုဆို ခြင်ပြေးခွေလို့တောင် ခေါ်တာတွေ ရှိနေပြီ။ အမည်ပညတ်တွေ ဘယ်လိုပြောင်းပြောင်း အဘွားတို့ ဘဝမပြောင်းဘူးကွဲ့။ လူတွေအနေနဲ့ ခြင်ရှုံးခွေတို့ ခြင်မနိုင်ဆေးခွေတို့လို့တောင် အမည်ပြောင်းပေးသင့်နေပြီ၊ ဟက် ဟက် ... "

" ဟိုဖျန်းဆေးတွေကတော့ တကယ်သေတာနော် အဘွား။ ပိုးဟပ်တွေဆို ချက်ချင်း ဆန့်ငင်ဆန့်ငင်နဲ့ ဂန့်ဂန့်သွားတာ "

" အေးကွဲ့၊ လူ့သဘောပေါ့။ လူဟာ လောကကို ဖျက်ဆီးဖို့ ဖြစ်ပေါ်လာတဲ့သတ္တဝါပဲ။ အရာရာမှာ အနိုင်အရှုံးကို အင်မတန် ထည့်တွက်တဲ့သတ္တဝါ။ မတင်းတိမ် မရောင့်ရဲဘဲ အင်မတန် လိုဘကြီးတဲ့သတ္တဝါ။ အခြားသတ္တဝါတွေနဲ့ အတူတူ ရှင်သန်နေထိုင်ဖို့ထက် အခြားသတ္တဝါတွေ မျိုးတုံးပျက်သုဥ်းဖို့အတွက်သာ အားထုတ်တတ်ကြတာ။ မကောင်းတဲ့ဘက်မှာ အင်မတန် အားသန်တော့ အဘွားတို့ကို သေစေနိုင်တဲ့ ဆေးတစ်မျိုးမဟုတ်တစ်မျိုး စမ်းသပ်ဖော်ထုတ်နေကြမှာပဲ "

" သမီးတို့ကြောင့်လည်း လူတွေ သေကြတာပဲမဟုတ်လား "

" သေတာပေါ့။ တကယ်တမ်းကျ ကမ္ဘာဦး ခြင်ဘိုးခြင်ဘေးတွေက လူတွေကို အန္တရာယ်မပြုချင်ခဲ့ဘူး။ လူတွေက အကြိမ်ကြိမ် ရန်စလို့သာ နဂါးမှန်းသိအောင် အမောက်ထောင်ပြရတယ်ဆိုသလို ခြင်မျိုးနွယ်အလိုက် ကာကွယ်တိုက်ခိုက်နည်းတွေ အသုံးပြုခဲ့ကြတာ။ လူရှိန်အောင် လုပ်ရတာပေါ့။ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ အသားဝါ၊ ဆင်ခြေထောက်နဲ့ ဘေလုံးကြီးရောဂါတွေဆိုတာ အဘွားတို့ခြင်တွေ ခေသူမဟုတ်ကြောင်း ပြဖို့ ဖန်တီးခဲ့ရတာတွေပဲ "

" ဂျပန်ဦးနှောက်ရောင်ရောဂါလည်း ပါတယ်မလား "

" အေးအေး ... ပါတာပေါ့ "

" မနေ့က သမီးဝင်ကြည့်ခဲ့တဲ့ ဖယောင်းပြတိုက်ထဲမှာ အေးဒီးစ်တို့ အနိုဖလိတို့က အကောင်အကြီးကြီးတွေ အဘွားရဲ့။ သူတို့က စစ်တိုက်ရတဲ့မျိုးနွယ်တွေမို့လား "

" ဟုတ်လည်းဟုတ်သလို မဟုတ်လည်းမဟုတ်ဘူး။ အကောင်သေးပေမယ့် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးခြင်တွေ အများကြီးရှိတယ်။ ကမ္ဘာမှာ ခြင်မျိုးစိတ်ပေါင်း ၃,၆၀၀ ကျော်ဆိုတာ နည်းတဲ့ပမာဏလားကွဲ့ "

" ဒီအကြောင်းတွေကို သမီးတို့ခြင်တွေကပဲ ပြုစုထားတာလား "

" ဘယ်ဟုတ်မလဲ။ အဘွားတို့က ရှင်သန်ရေးကိုပဲ အာရုံစိုက်ကြတာ။ ဘဝအရသာကိုပဲ မှတ်ရှုဆင်ခြင်နေထိုင်ကြတာ။ သတ္တဝါအများစုဟာ ဒီလိုပဲ။ အရာရာကို ရှာဖွေမှတ်တမ်းတင်ပြီး ပြုစုတယ်ဆိုတာမျိုးက လူသတ္တဝါလို သူများအကြောင်း စိတ်ဝင်စားတဲ့သတ္တဝါပဲ လုပ်ကြတာ။ အဲဒါကြောင့်လည်း သတ္တဝါဖြစ်မှုရဲ့အရသာဟာ လူတွေကြားထဲ ပျောက်ဆုံးလာတာပေါ့။ သူတို့က လက်ရှိဖြတ်သန်းနေရတဲ့ ပစ္စုပ္ပန်ကို အာရုံမစိုက်ဘဲ အတိတ်နဲ့ အနာဂတ်မှာပဲ အမြဲ ပိတ်မိနေကြတာ။ သနားစရာတွေပေါ့ကွယ် "

" ဟိုလူကိုင်ထားတာ ခြင်ရိုက်တံနော် အဘွား "

" ဟုတ်တယ်၊ အဲဒါကို မြေး သတိထားရမယ်။ ရှော့ခ်ရိုက်ခံရပြီး သေရတာ တယ်မနိပ်ဘူး။ ရူပဗေဒအချိန်ကိုပါ မြေး သွားတက်သင့်တယ် "

" တက်မှာပါ အဘွားရဲ့။ ဝီဇာတို့ညီအစ်မ သမီးမျက်စိရှေ့တင် အသတ်ခံလိုက်ရတော့ ပညာတန်ဖိုး သိပ်ကြီးတယ်ဆိုတာ သိသွားပြီ။ ဓာတုချိန်လည်း တက်လိုက်မယ်နော် "

" ကောင်းတာပေါ့ကွယ်။ သားကောင်ကို ရှာတဲ့အခါ အော်ဂဲနစ်ဓာတ်ပေါင်းသဘောတွေ၊ အပူချိန်၊ စိုထိုင်းဆနဲ့ လှုပ်ရှားပုံတွေကို သိထားဖို့ လိုတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အောက်တနောလ်နဲ့ လက်တစ်အက်ဆစ်အကြောင်းတွေ နားလည်ထားရမယ် "

" ခြင်မ ဖြစ်ရတာ မမိုက်ဘူး အဘွားရာ။ အသက်စွန့်ပြီး သွေးစုပ်ရတယ်၊ ဘာသာရပ်တွေ လေ့လာရတယ်။ လင် အသေစောလို့ ခြင်မုဆိုးမလည်း ဖြစ်ရသေးတယ် "

" အဲဒီလိုလည်း ဘယ်ဟုတ်မလဲကွယ်။ ဖြစ်လာတဲ့ဘဝကို လက်ခံတတ်ဖို့ လိုတာပေါ့။ အထီးတွေ ခြောက်ရက် ခုနစ်ရက်နဲ့ သေပေမယ့် အမတွေ ရက် ၄၀ ကျော် ရှင်သန်ခွင့်ရတယ်ဆိုတာ ပညာဉာဏ်ကြီးလို့ ရတဲ့ အကျိုးပဲကွဲ့။ တန်ဖိုးထားတတ်ရတယ်။ ပြီးတော့ ခုနက အဘွားပြောခဲ့သလိုမျိုး လိုအပ်တဲ့နေရာအလိုက် ဘဝတွေ ဖြစ်တည်နေရတာပဲ။ အထီးတွေရော အလကားနေရတယ်လို့ ​မြေးက ထင်နေတာလား။ သူတို့က အပင်တွေ၊ အပွင့်တွေအကြောင်း လေ့လာရတယ်။ ပန်းဝတ်ရည်ကို စုပ်ယူပြီး အပင်တွေ မျိုးပွားနိုင်အောင် ကူညီရတယ်။ ခြင်ဆိုတာ အထီးရော အမပါ နည်းဟန်အမျိုးမျိုးနဲ့ လောကကို အကျိုးပြုနေတဲ့သတ္တဝါပဲ။ ကဲ ... မြေးလည်း ကျောင်းလိုက်တက်ဖို့ ပြင်ဆင်ဦး။ ဟိုမှာ သမီးအစ်မ ဝီဇူးနဲ့ သူ့သူငယ်ချင်းတွေ ပျံလာနေတယ် "

အဘွား ဝီစျာန်က ပြောပြောဆိုဆို ထပျံသွားတယ်။

" ဟဲ့ ... ဝီဇီ၊ ငါတို့နဲ့ ဟိုဘက် လိုက်မလား "

" ဘာသွားလုပ်မလို့လဲ။ အမေက မမနဲ့ ကျောင်းလိုက်တက်ဖို့ ပြောထားတယ် "

" မကြာပါဘူးဟယ်။ ပျော်စရာကောင်းတာတစ်ခု သွားလုပ်မလို့ "

ဘာမှပျော်စရာကို မလုပ်ရသေး။ မမတို့ ခြင်မတစ်သိုက်က တဝစ်ဝစ် ရယ်နေကြပြီ။

" လာဟဲ့ ... ကျောင်းမသွားခင် ပေါ့ပေါ့ပါးပါးဖြစ်အောင် သွားမှာ "

မမဝီဇူးတို့ ပျံတော့ ကျွန်မလည်း နောက်ကနေ အမြန်လိုက်ပျံရတယ်။ ပျံနေရင်း လေတစ်ချက်ဝေ့တော့ ကျွန်မ ယိုင်ပြီး ဟန်ချက်ပျက်သွားတယ်။

" ဘတ် "

မမက လှည့်ပျံလာတယ်။

" နင်ကလေ ... အရာရာနဲ့ အကြောင်းကြောင်းပဲ။ တော်သေးတယ်။ ခြင်လုံဇကာရှိလို့ နင် အဲဒီအခန်းထဲ မရောက်တာ။ ဒီအခန်းထဲက ပန်းချီဆရာက လက်ရဲဇက်ရဲဟဲ့။ သူ့လက်နဲ့ သေခဲ့တဲ့ ခြင်မတွေ မနည်းဘူး "

မမအပြောကြောင့် ကျွန်မ လန့်သွားတယ်။ တော်ပါသေးရဲ့၊ ခြင်လုံဇကာကယ်လို့။

" ဝီဇူး "

ခြင်မတစ်သိုက် ပြိုင်တူအော်ခေါ်လို့ ကျွန်မတို့ညီအစ်မလည်း အမြန်ပျံလိုက်ရတယ်။

တိုက်ခန်းတစ်ခန်းထဲ ကျွန်မတို့ ပျံဝင်ကြတယ်။

" ဘာလုပ်ကြမှာလဲ မမ။ ငါ သင်္ချာချိန် မတက်ရသေးလို့ သွေးဝင်မစုပ်ချင်ဘူးနော် "

" ငါတို့လည်း သွေးစုပ်ဖို့ လာတာမဟုတ်ဘူးဟဲ့။ အသာနေ၊ ဝီဇုံမတို့လုပ်တာ ကြည့်နေရုံပဲ "

မမသူငယ်ချင်း ဝီဇုံတို့ အလျင်အမြန် ပျံပြီး အခန်းထဲက လင်မယားနှစ်ယောက်နား တဝီဝီ သွားလုပ်ကြတယ်။ နားရွက်နား ကပ်တဲ့အချိန် အမျိုးသမီးက ယပ်တောင်နဲ့ လှမ်းရိုက်တာ ဝီဇုံတို့ကို မထိ၊ အမျိုးသားနဖူးကို ဘတ်ခနဲ ထိတယ်။

" ဘယ်လိုလုပ်တာလဲ သဲရယ် "

" အိုး ... ခြင်ကို ရိုက်တာလေ။ မောင့်ကိုပဲ တမင်ရိုက်ရမလား။ မောင်ကလည်း အချိန်ပြည့် အဲဒီဖုန်းပဲ။ သဲကို အချိန်မပေးနိုင်ရင် မိန်းမတောင် ယူမနေသင့်ဘူး "

" ဟာသဗစ်ဒီယိုလေးတွေ ကြည့်မိရင် ရပ်မရလို့ပါကွာ။ အရေးထဲ သောက်ခြင်တွေကလည်း များလိုက်တာ။ ခြင်ဆေးခွေတွေလည်း သုံးစားလို့ကို မရဘူး "

အမျိုးသားက ဖုန်း ဘေးချပြီး ယပ်တောင်တစ်ချောင်းနဲ့ ယပ်တယ်။

" ယောကျ်ားယူရတာ တစ်ခုမှ မကောင်းဘူး။ ဒီရပ်ကွက်ဘက် မြောင်းတွေများလို့ မငှားနဲ့ပြောတာကို မောင်က နားမဝင်ဘူး။ လုပ်ချင်ရာလုပ်တယ်။ အခုတော့ တစ်ရက်တစ်ရက် ခြင်တွေပဲ ရိုက်နေရတယ်။ တော်ပြီ၊ ခြင်ထောင်ထဲ သွားတော့မယ် "

" ဟုတ်တယ်၊ တဝီဝီသံတွေနဲ့ နားညည်းတာ မခံနိုင်တော့ဘူး။ မောင်လည်း လိုက်မယ် "

" မလိုက်နဲ့ "

အမျိုးသမီးက သူ့ခါးကို လာဖက်တဲ့လက်တစ်ဖက်ကို ဆိုးနွဲ့ဟန်နဲ့ ပုတ်ချပြီး ခြင်ထောင်ထဲ အမြန် ပြေးဝင်တယ်။ အမျိုးသားကလည်း ခြင်ထောင်ထဲ အမြန် လိုက်ဝင်တယ်။

" ခြင်ထောင်ကို အနားစတွေ လုံအောင် ချလေ။ ခြင်ဝင်မယ် "

" ခြင်တွေကို အဲဒီလောက်ကြောက်မနေပါနဲ့ သဲရာ "

ချွဲတဲတဲနဲ့ ဘယ်လိုအသံကြီးမှန်း မသိဘူး။ လူချွဲသံတွေက ကျောရော ဗိုက်ရော ချမ်းစိမ့်သွားစေတာပဲ။

" မကြောက်ပါဘူး။ ခြင်ထက်ဆိုးတာကြီးတောင် ယူထားမိပြီပဲ "

" ​မောင့်ကို အဲဒီလိုပြောတယ်ပေါ့။ ကဲကွာ ... "

" မောင်နော် ... ခစ် ခစ် "

ခြင်တဝီဝီသံလို နားထောင်မကောင်းတဲ့ ခြင်ထောင်သံတွေကြောင့် ဝီဇုံတို့ ခြင်ပြောင်မတစ်သိုက် ပြန်လှည့်လာကြတယ်။ တဝီဝီ တဝါးဝါးနဲ့ ရယ်လည်းရယ်လိုက်ကြသေးရဲ့။

" ဘာရယ်စရာမှလည်း မပါဘူး "

ကျွန်မစကားကို မမက ရွဲ့ပြပြီး ပြန်ပြောတယ်။

" ပါတာပေါ့ဟဲ့။ ခါတိုင်း လူမိသားစုတွေကို သွားစရတာ ရယ်ရပျော်ရတယ်။ ခြင်ထောင်ဆိုပြီး ငါတို့က ထောင်မကျဘူး။ လူတွေပဲ ခြင်ထောင်ထဲ ဝင်ပြီး ထောင်ကျကြတာ။ ခုက ညားကာစလင်မယားကို စရတာမို့ မရယ်ရတာ။ သူတို့က ခြင်ထောင် တော်တော်ကြိုက်ပုံရတယ် "

ကျွန်မတို့ခြင်တွေ လောကကို အကျိုးပြုနိုင်လို့ လူတွေလည်း မျိုးဆက်မပြတ်ကြတာပဲ။ အဘွားဝီစျာန်ပြောတာ တကယ်မှန်တယ်။

#ခြင်တမ်းစာ

#လူသာမန်
31.12.2020; 11:18 pm

🟥 ယခု မူရင်းပို့စ်ကို share လို့ ရပါတယ်။
Copy ကူးယူဖော်ပြခြင်း ခွင့်မပြု။

26/06/2020

လေးစားအပ်ပါသော
မိတ်ဟောင်းမိတ်သစ်များခင်ဗျာ
ကျွန်တော်တို့ ACT Futsal ဘောလုံးကွင်းနှင့်
ACT Ps4ဂိမ်းဆိုင်အား 27.6.2020 ရက်နေ့မှစ၍ပုံမှန်အတိုင်းပြန်လည်ဖွင့်လစ်ပြီဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။

24/03/2020

လေးစားအပ်ပါသော Customers များခင်ဗျာ

ကျွန်တော်တို့ ACT Futsal ကွင်းနှင့်
ACT PS4 ဂိမ်းဆိုင်အား Covid-19 ရောဂါအခြေအနေအရ
ယာယီပိတ်ထားပါကြောင်းအသိပေးကြေညာအပ်ပါသည်။

ပြန်လည်ဖွင့်လှစ်မည့်ရက်အား Page မှတဆင့်ပြန်လည်ကြေညာပါမည်။

Football PES 2020 ရပြီ။
11/02/2020

Football
PES 2020 ရပြီ။

19/01/2019

လေးစားအပ်​ပါ​သော ဖူဆယ်​အားကစားဝါသနာရှင်​များခင်​ဗျာ
ကျွန်​​တော်​တို့ ACT Futsal ​ဘောလုံးကွင်းတွင်

နေ့လည်​ 3-PM မှ ည 10-PM ထိ (၁၃၀၀၀) ကျပ်
နှင့်
ကျန်​အချိန်​များအား (၁၀၀၀၀) ကျပ်​ ဖြင့်

လာ​ရောက်​အား​ပေးနိုင်​ပြီဖြစ်​​ကြောင်းအသိ​ပေး​ကြေညာအပ်​ပါသည်​။

PES 2019
Fifa 2019
ဂိမ်းများလည်း လာ​ရောက်​အား​ပေးနိုင်​ပါသည်​။

30/11/2018

December ၁ ရက်​​နေ့ မှ ၂ ရက်​​နေ့ ထိ
ACT Futsal ကွင်းတွင်​ (1 section) လျှင်
Track suit 1 ထည်​ ​မေတ္တာလက်​​ဆောင်​ရယူပါ။

လာအားပေးလို့ရနေပါပြီလက်ညောင်းချင်သူများ ၈၀၀ခြေညောင်းချင်သူများ ၁၃၀၀၀
01/06/2018

လာအားပေးလို့ရနေပါပြီ
လက်ညောင်းချင်သူများ ၈၀၀
ခြေညောင်းချင်သူများ ၁၃၀၀၀

ACT Futsal ကွင်းမှာ နောက်တစ်ပါတ်မှစပြီးPS 4 နဲ့ ဘောလုံးကန်လို့ရနေပြီ။ တစ်နာရီ ၈၀၀ ထဲ ရယ်။
22/05/2018

ACT Futsal ကွင်းမှာ နောက်တစ်ပါတ်မှစပြီး
PS 4 နဲ့ ဘောလုံးကန်လို့ရနေပြီ။
တစ်နာရီ ၈၀၀ ထဲ ရယ်။

06/01/2018

ကျွန်​​တော်​တို့ ACT(​အောင်​ချမ်းသာ)ဖူဆယ်​​ဘောလုံးကွင်း
မှ​ဆောင်းရာသီPromotionအ​နေဖြင့်

မနက်​၆နာရီ မှ ​နေ့လည်​၂နာရီထိ အချိန်​များတွင်

တစ်​နာရီလျှင်​ (၁၀၀၀၀)ကျပ်​ဖြင့်​လာ​ရောက်​အား​ပေးနိုင်​ပါပြီဖြစ်​​ကြောင်းအသိ​ပေး​ကြေညာအပ်​ပါသည်​။

မှတ်​ချက်​။ ။ (8.1.2018) မှ (28.2.2018) ထိသာ

23/12/2017
23/12/2017
ပထမဆုရရှိ​သော (Autumn) အသင်းအားကျွန်​​တော်​တို့ ACT Futsal Club မှဂုဏ်​ယူဝမ်း​မြောက်​ပါ​ကြောင်း
23/12/2017

ပထမဆုရရှိ​သော (Autumn) အသင်းအား
ကျွန်​​တော်​တို့ ACT Futsal Club မှ
ဂုဏ်​ယူဝမ်း​မြောက်​ပါ​ကြောင်း

Address

Https://her. Is/2yF2lsC
Monywa
50301

Telephone

09765140028

Website

Alerts

Be the first to know and let us send you an email when ACT-aungchanthar Futsal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share