Chess Online Training

Chess Online Training Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chess Online Training, Kyaukka Road, Monywa.

အခြေခံစစ်တုရင်ကစားနည်း ပညာဒါနသင်ခန်းစာ (၈. ၂)အဖွင့်ပိုင်းတိုက်ကွက်များတိုက်ကွက် ၆ ၊ ၇ ၊  ၈ - ကာဆယ်အမိဖမ်းကွက်တိုက်ကွက် ၉...
18/08/2022

အခြေခံစစ်တုရင်ကစားနည်း ပညာဒါန
သင်ခန်းစာ (၈. ၂)

အဖွင့်ပိုင်းတိုက်ကွက်များ

တိုက်ကွက် ၆ ၊ ၇ ၊ ၈ - ကာဆယ်အမိဖမ်းကွက်
တိုက်ကွက် ၉ - ဘုရင်အမိဖမ်းကွက်
တိုက်ကွက် ၁၀ - ကာဆယ်အမိဖမ်းကွက်

တိုက်ကွက် ( ၆ )

1. e4 e5
2. Bc4 d6
3. Nf3 Nf6
4. Ng5 h6
5. Nxf7(ဘုရင်မနှင့် ကာဆယ်ကို ခွချက်)

တိုက်ကွက် ( ၇ )

1. e4 e5
2. Nc3 Qf6
3. Nd5 Qg6
4. Nxc7 (ဘုရင်နှင့် ကာဆယ်ကို ခွချက်)

တိုက်ကွက် ( ၈ )

1. e4 e5
2. Qh5 g6
3. Qxe5 Qe7
4. Qxh8 (ကာဆယ်ကို စားရပါသည်)

တိုက်ကွက် ( ၉ )

1. e4 e5
2. Qh5 d6
3. Nf3 Nc6
4. Ng5 Nf6
5. Qxf7 #

တိုက်ကွက် ( ၁၀ )

1. e4 e5
2. Nf3 f6
3. Nh4 d6
4. Qh5+ g6
5. Nxg6 hxg6
6. Qxh8 (ကာဆယ်စားရပါသည်)

အခြေခံစစ်တုရင်ကစားနည်း ပညာဒါနသင်ခန်းစာ (၈.၁)အဖွင့်ပိုင်းတိုက်ကွက်များတိုက်ကွက် ၁၊ ၂ ၊ ၃     - ဘုရင် အမိဖမ်းကွက်ပါတိုက်ကွ...
17/08/2022

အခြေခံစစ်တုရင်ကစားနည်း ပညာဒါန
သင်ခန်းစာ (၈.၁)

အဖွင့်ပိုင်းတိုက်ကွက်များ

တိုက်ကွက် ၁၊ ၂ ၊ ၃ - ဘုရင် အမိဖမ်းကွက်ပါ
တိုက်ကွက် ၄ - ဘုရင်မ အမိဖမ်းကွက်ပါ
တိုက်ကွက် ၅ - ဘုရင် အမိဖမ်းကွက်ပါ

တိုက်ကွက် - ၁ (ABC အကွက်)

1. e4 e5
2. Bc4 d6
3. Qh5 Nf6
4. Qxf7 #

တိုက်ကွက် - ၂

1. e4 e5
2. Bc4 d6
3. Qf3 Nc6
4. Qxf7 #

တိုက်ကွက် - ၃

1. e4 e5
2. Bc4 d6
3. Qh5 g6
4. Qf3 Nc6
5. Qxf7 #

တိုက်ကွက် - ၄ (ဖားတုခရုခုန်အကွက်)

1. e4 e5
2. Nf3 Nf6
3. Nxe5 Nxe4
4. Qe2 Nf6
5. Nc6++

တိုက်ကွက် - ၅

1. e4 e5
2. Bc4 d6
3. Qh5 Nh6
4. d4 exd4
5. BxNh6 gxh6
6. Qxf7 #

17/08/2022

အခြေခံစစ်တုရင်ကစားနည်း ပညာဒါန
သင်ခန်းစာ (၇)

စစ်တုရင် ကစားကွက် ရေးသားနည်း

စစ်တုရင်ခုံတွင်
အဖြူဘက်ခြမ်းမှ နေပြီး အလျားလိုက်ကို a ကနေ h ထိ အစဉ်လိုက်
မှတ်သားပြီး ဒေါင်လိုက်ကို 1 ကနေ 8 ထိ အစဉ်လိုက် အကွက်ချထားသည်။
e4 အကွက် ဆိုရင် အလျားလိုက် e နဲ့ ဒေါင်လိုက် 4 ဆုံတဲ့အကွက်ကို
ညွှန်းဆိုခြင်းဖြစ်သည်။ အကွက် နံပါတ်များကို မှတ်သားထားပါ ။

ကစားကောင်များကို အတိုမှတ်ထားပုံက
King (ဘုရင် ) = K
Queen ( ဘုရင်မ ) = Q
Bishop ( စစ်ကဲ , ဘုန်းကြီး ) = B
Knight ( မြင်း ) = N
Rook ( ရထား , ကာဆယ် )= R
Pawns ( ပွန်း ) ကို သင်္ကေတ မသတ်မှတ်ထားပါဘူး ။
ဥပမာ - 1.e4 ဆိုရင် ပွန်းကို e4 အကွက်သို့
ရွှေ့သည်ဟုနားလည်ရမည်ဖြစ်သည် ။

ကစားပွဲတွင် အသုံးပြုသော လူပ်ရှားမူ သင်္ကေတများ
Check ( ချက် , ခွေသည် )= +
Double Check ( နှစ်ထပ်ချက် )= ++
Capture ( စားသည် ) = x
Castles Kingside ( ကင်းဘက်ခြမ်း ကာဆယ်ရိန်းသည် )= 0-0
Castles Queenside ( ကွင်းဘက်ခြမ်း ကာဆယ်ရိန်းသည် )= 0-0-0
Good move ( ရွှေ့ကွက်ကောင်း )= !
Bad move ( ရွှေ့ကွက် ညံ့ )= ?
Checkmate ( မိတ်ကွက် , ပွဲပြီးကွက် )= #

ကစားကောင်ကို အကြီးဖြင့်ရေးပြီး ကစားကွက်ကို အငယ်ဖြင့်ရေးသည်။

ဥပမာ ကစားပွဲ တခု ကို လေ့လာကြည့်ပါ ။

1. e4,e5 ( အဖြူပွန်း e4 အကွက် သို့ ရွှေ့ပြီး အနက်ပွန်း e5 အကွက်သို့
ရွှေ့သည်။)
2. f4,Bc5 ( အဖြူပွန်း f4 အကွက်သို့ ရွှေ့ပြီး အနက် ဘီးရှော့ c5
အကွက်သို့ရွှေ့သည်။)
3. fxe5, Qh4+ ( f အကွက် မှ e5 တွင်ရှိသော အကောင်ကို စားသည် , ကွင်းကို h4 သို့ရွှေ့ပြီး ချက် လုပ်လိုက်သည် ,
4.Ke2,Qxe4 # ( ဘုရင် e2သို့
ရွှေ့သည် , ကွင်း e4အကွက်သို့ စားပြီး ချက်ရာတွင် checkmate
ဖြစ်သွားသည် ၊ )

အောက်က ကစားပွဲများကို ရွှေ့ကြည့်ရင်း လေ့လာပါ ။

ကစားပွဲ ၁
1. e4 c6 2. d4 d5 3. Nc3 dxe4 4. Nxe4 Nf6 5. Qd3 e5 6. dxe5 Qa5+
7. Bd2 Qxe5 8. O-O-O Nxe4 9. Qd8+ Kxd8 10. Bg5+ Kc7 11. Bd8 #

ကစားပွဲ ၂
1. f4 e5 2. fe5 d6 3. ed6 Bd6 4. g3 Qg5 5. Nf3 Qg3+ 6. hg3 Bg3 #
တခါတရံ တခြားရူပ်ထွေးနိုင်သော အကွက်မပါလျှင် အစားသင်္ကေတ
ကိုဖျောက်ပြီး ရေးသားကြသည်။ ed6 = e ကအကောင်မှ d6 က အကောင်ကိုစားသည် ။

ကစားပွဲ ၃
1. e4 c6 2. d4 d5 3. Nc3 de4 4. Ne4 Nd7 5. Qe2 Ngf6 6. Nd6 #

မူရင်းရေးသားသူအား Credit ပေးပါတယ်

အခြေခံမှသည် အောင်မြင်မှုပန်းတိုင်ဆီသို့

🥇🥈🥉

🏆🏆🏆

အခြေခံစစ်တုရင်ကစားနည်း ပညာဒါန သင်ခန်းစာ ( ၆ )ကတ်စလင်းပြုလုပ်နည်း နှစ်မျိုးကတ်စလင်းပြုလုပ်သည်ဆိုသည်မှာ တဖက်တိုက်ကွက်ကို က...
17/08/2022

အခြေခံစစ်တုရင်ကစားနည်း ပညာဒါန
သင်ခန်းစာ ( ၆ )
ကတ်စလင်းပြုလုပ်နည်း နှစ်မျိုး

ကတ်စလင်းပြုလုပ်သည်ဆိုသည်မှာ တဖက်တိုက်ကွက်ကို ကြိုရှောင်ရန် ဘုရင်လုံခြုံရန် တဖက်ပြိုင်ဘက်ကို ကာဆယ်ဖြင့် တိုက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဘုရင်နှင့်ကာဆယ်ကို နေရာချိန်းကြခြင်းဖြစ်သည်။

ဘုရင်ဖက်ကာဆယ်ဖြင့်ချိန်း၍ ကတ်စလင်းလုပ်ခြင်း နှင့် ဘုရင်မဖက်ကာဆယ်ဖြင့်ချိန်း၍ ကတ်စလင်းလုပ်ခြင်း ဟူ၍ နှစ်မျိုးရှိသည်။

ကတ်စလင်းစည်းကမ်းချက်များရှိသည်
- ဘုရင်ဖက်ကာဆယ်ဖြင့်ချိန်းလျှင် တစ်ကွက်ချန်ရမည်။
- ဘုရင်မဖက်ကာဆယ်ဖြင့်ချိန်းလျှင် နှစ်ကွက်ချန်ရမည်။
- ဘုရင်ကို တဖက်မှ ချက်ထားလျှင် ကတ်စလင်းလုပ်မရပါ။
- ဘုရင်နှင့် ကာဆယ်အကြား တဖက်ကစားရုပ်များချိန်ထားသည့် အကွက်များကို ကျော့်ဖတ်၍ ကတ်စလင်းလုပ်မရပါ။
- ဘုရင်နှင့်ကာဆယ်တို့သည့် တစ်ကြိမ်ရွှေ့ဖူးပါက ကတ်စလင်းပြုလုပ်၍ မရတော့ပါ။

အခြေခံမှသည် အောင်မြင်မှု ပန်းတိုင်ဆီသို့

🥇🥈🥉

🏆🏆🏆

အခြေခံစစ်တုရင်ကစားနည်း ပညာဒါနသင်ခန်းစာ (၅)စစ်တုရင်ကစားရုပ် တန်ဖိုးများစစ်တုရင် ဘုရင်ကို အဓိကအမိဖမ်းရန် ဗျူဟာကျကျ ကစားရသေ...
16/08/2022

အခြေခံစစ်တုရင်ကစားနည်း ပညာဒါန
သင်ခန်းစာ (၅)

စစ်တုရင်ကစားရုပ် တန်ဖိုးများ

စစ်တုရင် ဘုရင်ကို အဓိကအမိဖမ်းရန် ဗျူဟာကျကျ ကစားရသော ကစားနည်းဖြစ်သော်လည်း ဘုရင်ကို တိုက်ရိုက် တိုက်ခိုက်ရန် အခွင့်အရေးမရသေးပါက တစ်ဖက်ပြိုင်ဘက်
အင်အားနည်းစေရန် သို့မဟုတ် ကစားကွက်ပျက်စေရန် ကစားရုပ်များ စားပြီးလဲရမည်။ ထိုအခါတွင် ကစားရုပ်တန်ဖိုးများသိထားမှ အဆင်ပြေမည် ဖြစ်သည်။

မှတ်ချက်။ ။ အမိဖမ်းမည် နေရာကို ထောက်ထားသောကစားရုပ်များကိုမူ တန်ဖိုးကြည့်နေစရာမလိုပါ စားပြီး လဲရမည်ဖြစ်သည်။

အခြေခံမှသည် အောင်မြင်မှုပန်းတိုင်ဆီသို့

🥇🥈🥉

🏆🏆🏆

အခြေခံစစ်တုရင်ကစားနည်း ပညာဒါနသင်ခန်းစာ (၄-ခ)2. Rook (ကာဆယ်)ကာဆယ်ကို တံတိုင်းဟုလည်းခေါ်ကြသည်။ ပွဲအစပိုင်းတွင် သိပ်မသုံးရသ...
16/08/2022

အခြေခံစစ်တုရင်ကစားနည်း ပညာဒါန
သင်ခန်းစာ (၄-ခ)

2. Rook (ကာဆယ်)

ကာဆယ်ကို တံတိုင်းဟုလည်းခေါ်ကြသည်။ ပွဲအစပိုင်းတွင် သိပ်မသုံးရသော်လည်း ကာဆယ်ချိန်းခြင်း (ကက်စလင်းလုပ်ခြင်း ) ဖြင့် ဘုရင်ကို ကာကွယ်ပေးနိုင်သည်။ ကာဆယ်လမ်းကြောင်းဖွင့်ထားပါက တစ်ဖက်ရန်သူကို ဖိအားပေးတိုက်ခိုက်နိုင်ပါသည်(စတုန်းဝေါ တိုက်စစ်တွင် ပိုသိသာပါသည်)။
ကာဆယ်နှစ်ခု တစ်လိုင်းထဲထားပြီးတိုက်ပါက ကြောက်စရာကောင်းသည်။ အဆုံးသတ်ပိုင်းတွင် ဘုရင်နှင့် ကာဆယ် ပေါင်းပြီး အမိဖမ်း ကစားကွက်သည် အကောင်းဆုံးဖြစ်သည်။

3. Bishop (ဘုန်းကြီး)

ဘစ်ရှော့ကို စစ်သူကြီးဟုလည်းခေါ်ကြသည်။ ကျားကြီးနှင့်တူသည်။ ပွဲအစတွင်ပင် သုံးကွက်ဖြင့် အမိဖမ်းပြသော ဘစ်ရှော့နှင့် ဘုရင်မ ပေါင်းတိုက်သည့် ABC အကွက်မှာ စစ်တုရင် စတင် ကစားသူများကြားတွင် ရေပန်းစားလှသလို ကစားကျွမ်းသူများပင်လျှင် အငိုက်မိတတ်သော ချောင်းကွက် ဖြစ်သည်။

4. Knight (မြင်း)

အန္တာရယ်များပြီး ခန့်မှန်းရခက်သော ကစားရုပ်ဖြစ်သည်။
တခါတရံ တစ်ကောင်တည်း တက်ပြီး တဖက်ဘုရင်မနှင့် ကာဆယ်ကို ခွချက်ပြီး ကာဆယ်နှင့်လဲကစားသည့်အကွက်မှာ အရမ်းကောင်းသလို ဘစ်ရှော့နှင့်ပေါင်းပြီး ဘုရင်အရှေ့ ပွန်းကိုစားပြီးမှ ကာဆယ်နှင့်လဲတတ်သောအကွက်မှာလည်း အရမ်းကောင်းပါသည်။ အဆုံးသတ်ပိုင်းတွင် မြင်းရုပ်၏ ခွချက်များမှာ ပိုကြောက်စရာကောင်းပါသည်။

5. Queen (ဘုရင်မ)

အကောင်းဆုံး တန်းဖိုးအမြင့်ဆုံး ကစားရုပ်ဖြစ်သည်။

6. King (ဘုရင်)

ဘုရင်သည် အစပိုင်းတွင် အခြားကစားရုပ်များ၏ အကာအကွယ်ယူရသော်လည်း အဆုံးသတ်ပိုင်းတွင် ကိုယ်တိုင်ထွက်တိုက်နိုင်သည့် ကစားရုပ်ဖြစ်သည်။

စစ်တုရင်ကစားနည်းသည် ဘုရင်ကိုသာ အဓိကဖမ်းရသောကစားနည်းဖြစ်သည်။ ကစားရုပ်မည်မျှရှိရှိ ဘုရင်ကျလျှင် အရှုံးဖြစ်သည်။ ထို့ကြောင့် မိမိ၏တိုက်ကွက်တိုင်းသည်
မိမိကိုကစားရုပ်များကို အထောက်အကူပြုပြီး တဖက်ဘုရင်ကို တိုက်ခိုက်မည့် အကွက်များကိုသာ ပိုအသုံးပြုသင့်ပါသည်။

အခြေခံမှသည် အောင်မြင်မှု ပန်းတိုင်ဆီသို့

🥇🥈🥉

🏆🏆🏆

အခြေခံစစ်တုရင်ကစားနည်း ပညာဒါနသင်ခန်းစာ (၄ - က)စစ်တုရင်အရုပ်များ ရွှေ့နည်း/စားနည်း1. Pawn (နယ်ရုပ်) ပွန်းများသည် မိမိ၏ နယ...
06/08/2022

အခြေခံစစ်တုရင်ကစားနည်း ပညာဒါန
သင်ခန်းစာ (၄ - က)
စစ်တုရင်အရုပ်များ ရွှေ့နည်း/စားနည်း

1. Pawn (နယ်ရုပ်)

ပွန်းများသည် မိမိ၏ နယ်မြေများဖြစ်သည်။
အလွယ်တကူအဆုံးရှုံးမခံသင့်ပါ။
ပွန်းများကိုလွတ်လွတ်ကျွတ်မတက်ရ။
ပွန်းများအချင်းချင်းချိတ်ဆက်ထားရမည်။
ပွန်းများသည် မခြားကစားရုပ်များကိုလည်း ကာကွယ်ပေး
ခြင်း ထောက်ပေးခြင်းများ ပြုလုပ်ပေးပါသည်။

ယခုသင်ခန်းစာတွင် ပွန်းတက်နည်း ၊ စားနည်း ၊ ဖြတ်စား
စသည့် သင်ခန်းစာသုံးမျိုး​ဖြင့် ဖော်ပြထားပါသည်။

အခြေခံမှသည် အောင်မြင်မှုပန်းတိုင်ဆီသို့...

🥇🥈🥉

🏆🏆🏆

အခြေခံစစ်တုရင်ကစားနည်း ပညာဒါနသင်ခန်းစာ (၃)စစ်တုရင်အရုပ်စီခြင်းစစ်တုရင်ကစားသမားများသည် ကစားပွဲစသည်နှင့် ခုံအနေအထားမှန်မမှ...
06/08/2022

အခြေခံစစ်တုရင်ကစားနည်း ပညာဒါန
သင်ခန်းစာ (၃)
စစ်တုရင်အရုပ်စီခြင်း

စစ်တုရင်ကစားသမားများသည် ကစားပွဲစသည်နှင့် ခုံအနေအထားမှန်မမှန် ကစားရုပ်အနေအထားမှန်မမှန် အရင်စစ်ဆေးရပါမည်။ ကစားရုပ်စီခြင်းသဘောတရားကို နားလည်ထားပါက နားမလည်သူများနှင့် ကစားသည့်အခါ
ရှင်းပြတတ်မည်ဖြစ်သည်။

အခြေခံမှသည် အောင်မြင်မှုပန်းတိုင်ဆီသို့....

🥇🥈🥉

🏆🏆🏆

အခြေခံစစ်တုရင်ကစားနည်း သင်ခန်းစာ ( ၂)စစ်တုရင်ခုံပေါ်ရှိနံပတ်များ စစ်တုရင်ကစားသမားများသည် စစ်တုရင်ခုံပေါ်ရှိအကွက်နံပတ်မျာ...
06/08/2022

အခြေခံစစ်တုရင်ကစားနည်း
သင်ခန်းစာ ( ၂)
စစ်တုရင်ခုံပေါ်ရှိနံပတ်များ

စစ်တုရင်ကစားသမားများသည် စစ်တုရင်ခုံပေါ်ရှိအကွက်နံပတ်များကို သိရှိထားမှာသာ ကစားနည်းစာအုပ်များကို ဆက်လက်လေ့လာနိုင်မှဖြစ်ပြီး ကစားပွဲမှတ်တမ်းများကိုလည်း ရေးမှတ်တတ်မည်ဖြစ်သည်။

အခြေခံမှသည် အောင်မြင်မှုပန်းတိုင်ဆီသို့....

🥇🥈🥉

🏆🏆🏆

အခြေခံစစ်တုရင်ကစားနည်း ပညာဒါနသင်ခန်းစာ (၁)စစ်တုရင်ခုံအကြောင်းအခုမှ စစ်တုရင် စတင်ကစားမည့် ဝါသနာရှင်ကစားသမားများသည် မိမိတိ...
06/08/2022

အခြေခံစစ်တုရင်ကစားနည်း ပညာဒါန
သင်ခန်းစာ (၁)
စစ်တုရင်ခုံအကြောင်း

အခုမှ စစ်တုရင် စတင်ကစားမည့် ဝါသနာရှင်ကစားသမားများသည် မိမိတို့ကစားမည့်ခုံ၏ ထားပုံထားနည်းကို သေချာစွာသိထားသင့်ပါသည်

သို့မှသာ စစ်တုရင် ကစားနည်းကို အခြေခံကျကျ မှန်မှန်
ကန်ကန်ကစားနိုင်ပြီး မသိနားမလည်သော သူများမေးလာ
ခဲ့သော် ကောင်းမွန်မှန်ကန်တိကျသောအဖြေများ ပေးနိုင်မည် ဖြစ်ပါသည်

အခြေခံမှသည် အောင်မြင်မှု ပန်းတိုင်ဆီသို့....

🥇🥈🥉

🏆🏆🏆

စစ်တုရင် ပညာဒါန သင်တန်းအခုတလော စစ်တုရင် ပညာကို ပိုစိတ်ဝင်စားလာတာတွေ့ရပါတယ် ဒါကြောင့် စစ်တုရင်ဝါသနာရှင်များကို မက်ဆင်ဂျာက...
04/08/2022

စစ်တုရင် ပညာဒါန သင်တန်း
အခုတလော စစ်တုရင် ပညာကို ပိုစိတ်ဝင်စားလာတာ
တွေ့ရပါတယ်
ဒါကြောင့် စစ်တုရင်ဝါသနာရှင်များကို မက်ဆင်ဂျာကနေတဆင့် ပညာဒါန သင်တန်းပေးချင်ပါတယ်
သင်တန်ကြေးက သင်ယူပြီးမှ စေတနာရှိသလောက်သာ ပေးသွင်းနိုင်ပါတယ်
သင်တန်းကာလ တစ်လပါ
မိမိအားလပ်သည့်အချိန်ညှိနှိုင်းသင်ပေးပါသည်
သင်တန်းသားများလျှင် ဂရုဖွဲ့၍ သင်ပေးပါမည်

သင်ပေးမယ့်ခေါင်းစဥ်တွေကတော့

အခြေခံစစ်တုရင် ကစားနည်း

စစ်တုရင်ခုံ
စစ်တုရင်အရုပ်စီခြင်း
စစ်တုရင်အရုပ်တစ်ခုချင်းစီ၏တန်ဖိုး
စစ်တုရင်အရုပ်တစ်ခုချင်းစီ၏ ရွှေ့နည်း ၊ စားနည်း
စစ်တုရင်အကွက်ပေါ်ရှိနံပတ်များ
စစ်တုရင်အရုပ်ရွှေ့ကွက်များကို စာဖြင့်ရေးသားနည်း
အဖွင့်ပိုင်းတိုက်ကွက်များ (၁၅) ကွက်
တန်ပြန်တိုက်ကွက်များ
စတေးနည်းများ
Check နည်း (၃) မျိုး
ကတ်စလင်းပြုလုပ်နည်း ( ၂) မျိုး
ပွန်းမှတဆင့် တခြားအရုပ်များပြောင်းယူခြင်း
အမိဖမ်းကွက် (၂) မျိုး

အထူးလက်ဆောင် - စတုန်းဝေါတိုက်စစ် တစ်ပွဲစာ

မှတ်ချက် - စစ်တုရင်ကစားခုံရှိရပါမည်

Address

Kyaukka Road
Monywa

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00

Telephone

09963872579

Website

Alerts

Be the first to know and let us send you an email when Chess Online Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share