Ko Phoe Taung

Ko Phoe Taung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Phoe Taung, Gun range, Monywa.

19/06/2024

ငါ့မြင်း ငါစိုင်းရင်တော့

စစ်ကိုင်းမကဘူး

ဘယ်ရောက်ရောက်ပေါ့ ။

သူများမြင်းကို ငှာစိုင်းရင်တော့

အတိုင်းအတာလေးတော့

ရှိရမယ် ။

13/06/2024

တကယ်တော့

တစ်စုံတစ်ခုကို

အစွဲလမ်းကြီးတာရယ်
တွယ်တာတက်တာရယ်ကို

ပြင်လိုက်လိုက်မယ်ဆိုရင်

တဖြေးဖြေး ပျော်တက်လာမှာပါ ။

#ဖိုးသောင်း

တာဝန်ခံထားတာ မရှိတော့တာဝန်ယူဖို့တော့ လိုမယ် မထင်ဘူးဖြစ်သမျှအကြောင်းတော့ အကောင်း ဖြစ်ပါစေအဆိုး ဖြစ်ပါစေဝေးဝေးမှာနေပါတယ်ဝေ...
07/06/2024

တာဝန်ခံထားတာ မရှိတော့

တာဝန်ယူဖို့တော့ လိုမယ် မထင်ဘူး

ဖြစ်သမျှအကြောင်းတော့

အကောင်း ဖြစ်ပါစေ
အဆိုး ဖြစ်ပါစေ

ဝေးဝေးမှာနေပါတယ်

ဝေ့သွားတာ မဟုတ်ပါဘူး

02/06/2024

ကောင်းစားစေချင်လို့ ဆိုပီး

အားနည်းချက်ကို

လှောင်ပြောင်တဲ့

လူတွေရှိတယ်

#ဖိုးသောင်း

31/05/2024

မိတ်ဆွေ

သင် နိုင်ငံသားဟုဆိုလျှင်

ဓမ္မနဲ့အဓမ္မ ခွဲခြားမြင်နိုင်ပါစေ

လူနဲ့ခွေး ခွဲခြားတတ်ပါစေ ။

#ဖိုးသောင်း

26/05/2024

အာဏာရှင်ဆန်လာရင်တော့
မအလမှ မဟုတ်ဘူး
ဘယ်သူနေနေ တော်လှန်ရမှာပဲ
ဆန္ဒပြသင့်တဲ့သူကို ဆန္ဒပြမယ်
လက်နက်ကိုင်မှ ရမယ်ဆိုလဲ
လက်နက်ကိုင်လိုက်မယ် ။

#ဖိုးသောင်း

မအ‌လတွေသိဖို့စစ်မှုထမ်း ဥပဒေကိုမင်းတို့က ထုတ်ပြန်ခဲ့တယ်မင်းတို့က မတရားဖမ်းဆီးပီးစစ်မှုထမ်းခိုင်းနေပေမယ့်ဒီမှာတော့ သူတို့...
15/05/2024

မအ‌လတွေသိဖို့

စစ်မှုထမ်း ဥပဒေကို

မင်းတို့က ထုတ်ပြန်ခဲ့တယ်

မင်းတို့က မတရားဖမ်းဆီးပီး

စစ်မှုထမ်းခိုင်းနေပေမယ့်

ဒီမှာတော့ သူတို့စိတ်နဲ့သူတို့

ဝင်လာမစဲ တသဲသဲဖြစ်နေတယ်

12/05/2024

ဟူးးးး

တော်လှန်ရေးကြီးကလဲ
ငိုတက်တဲ့ကလေး မုန့်စားရသလိုပဲ

အလုပ်လုပ်တာ မလုပ်တာ နောက်မှ

သနားတက်အောင်
ပြောတက်ဆိုတက်မှ ထောက်ပံ့ချင်ကြတယ် ။

တိုက်ပွဲရှိမှ
နာမည်ကြီးရန်အလို့ငှာ ထောက်ပံ့ချင်တဲ့
ကောက်ရိုးမီးတွေကလဲ ပေါလိုက်တာ ။

#ဖိုးသောင်း

နှစ်စဆွဲလေးပါ1. လေပြင်းအားကြောင့် လမ်းမပေါ်ကျိုးပိတ်နေတာလဲရှင်း2. ရဲဘော်တို့စခန်းအတွက်လဲ ထင်းပေါ့နေတက်ရင်တော့ ကျေနပ်စရာက...
08/05/2024

နှစ်စဆွဲလေးပါ

1. လေပြင်းအားကြောင့် လမ်းမပေါ်ကျိုးပိတ်နေတာလဲရှင်း

2. ရဲဘော်တို့စခန်းအတွက်လဲ ထင်းပေါ့

နေတက်ရင်တော့ ကျေနပ်စရာကြီးပေါ့

#ဖိုးသောင်း

29/04/2024

#လူ

ဖြစ်ချင်တာ ဖြစ်နေရရင်
လုပ်ချင်တာ လုပ်နေရရင် ကောင်းသားဗျ

ကိုယ် ဖြစ်ချင်သလို
ကိုယ် လုပ်ချင်သလို မလုပ်ရတဲ့

အချိန်ရောက်လာရင်တော့
အပြောင်းလဲကြီး ပြောင်းလဲ လာပါလိမ့်မယ် ။

#ဖိုးသောင်း

29/04/2024

လွမ်း

ဘာအလွမ်းလဲဆိုတော့
ချစ်ခြင်း ၊ မုန်းခြင်းမပါပဲ
သဘာဝတရားကြီး အတိုင်း
တိုက်ဆိုင်မှု ရှိလာတာမျိုးလေးက
မျှော်လင့်မထားပဲ အလွမ်းအရသာကို
ခံစားရတာမျိုးပေါ့ ။

#ဖိုးသောင်း

27/04/2024

အနေကြာလို့
သွေးအေးသွားတော့မှာလား

ကြာနေရတဲ့အကြောင်းတွေ
ပြန်တွေးပေးပါ

နေနေရတဲ့ဘ၀တွေ
ပြန်မြင်ကြည့်ပါ

ကူညီကြပါ

မကူနိုင်ရင်တောင်
ညီပေးကြရပါ
ညီရင်ရှေ့တလှမ်း‌ရောက်ပြီး

ကူညီမယ်ဆိုရင်တော့
ပန်းတိုင်အရောက် အမြန်ပေါက်မှာပေါ့...။

#ဖိုးသောင်း

Address

Monywa

Telephone

+959797898515

Website

Alerts

Be the first to know and let us send you an email when Ko Phoe Taung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category