Canyon Gravel Couple - CGC

Canyon Gravel Couple - CGC Gravel is not just a bike,
It’s a Lifestyle.

22/06/2026
Re…🚴🏻‍♀️cap…🚴🏻ping …🚴🏻‍♂️
15/06/2026

Re…🚴🏻‍♀️cap…🚴🏻ping …🚴🏻‍♂️

ခုတော့ ရောက်ပြီ Sport Gear Trading - Thailand Sports Gear Trading - Myanmar
13/06/2026

ခုတော့ ရောက်ပြီ
Sport Gear Trading - Thailand

Sports Gear Trading - Myanmar

Day 6 Petchaburi ကနေ Bangkok ကတော့ End game တိုက်ပွဲဝင်မယ့်စိတ်ဓာတ်အပြည့်နဲ့ပါ။အဝေးပြေးလမ်းကိုရှောင်ပြီး အတွင်းလမ်းကနေ ပ...
12/06/2026

Day 6 Petchaburi ကနေ Bangkok ကတော့ End game တိုက်ပွဲဝင်မယ့်စိတ်ဓာတ်အပြည့်နဲ့ပါ။
အဝေးပြေးလမ်းကိုရှောင်ပြီး အတွင်းလမ်းကနေ ပင်လယ်ဝကိုမြင်ရတဲ့လမ်းကိုရွေးပါတယ်။
ဟိုတယ်ကလည်း အရင်ဟိုတယ်ပါပဲ။ သေချာအောင် ဖုန်းကြိုဆက်ထားပါတယ်။Booking ငွေတော့ မချေထားပါဘူး။

ဒီမှာတခုအတွေ့အကြုံရတာက Garmin ကဆွဲပေးတဲ့ route ပါ။
အရင်တခေါက်က Google Maps ကိုအားပြုပြီး ကိုယ်အဆင်ပြေသလိုနင်းတာပါ။ဒီတခေါက်က မိုးများမယ့်အချိန်မို့ ဖုန်းကိုအမြဲအပြင်ထုတ်ထားဖို့ မလွယ်ပါဘူး။
Garmin ကလည်း ၂ ယောက်စလုံးရှိနေတာမို့ Add courses မှာ Pradiphat လမ်းကိုထောက်ပြီး နင်းကြပါတယ်။
ထင်တဲ့အတိုင်းပဲ Samut Sakhon ရောက်တော့ မိုးက ကြမ်း၊ ကျောင်းဆင်း ရုံးဆင်းချိန်ဆိုတော့ ဖုန်းထုတ်လို့ကို အဆင်မပြေတာနဲ့ ကျနော်လည်း Garmin ပဲကြည့်ရတယ်။ သူက လမ်းချိုး လမ်းပြောင်းခါနီးရင်တော့ အသံပေးပါတယ်။ တနေရာရောက်တော့ လမ်းပြင်နေတာနဲ့ လမ်းကိုတလမ်းမောင်းလုပ်ပေးထားတယ်။ အဲ့မှာ Garmin က လမ်းပြောင်းပြန်တွေ နင်းခိုင်းတော့တာပဲ။ ဒါနဲ့ recenter လုပ်ပြန်တော့လည်း သူပြတဲ့ လမ်းတွေက အတိုဆုံးဖြစ်တယ် စက်ဘီးနင်းလို့ရတာတော့ မှန်တယ်။အကွေ့အချိုးတွေများတယ်။ လူက သုံးယောက် ။ ဦးကြည်က ဘာမြေပုံမှ ကြည့်တာမဟုတ်။ အနောက်ကနေ လိုက်နေတာ။ ရှေ့က လက်ပြတာလည်း ကြည့်ရသေး။ ဆိုင်ကယ်တွေ ကားတွေနဲ့လည်း ယှဉ်နင်းရသေး မိုးကလည်း ကြမ်းသေးနဲ့။ အဲ့မှာ သူတိုင်ပတ်တော့တာပဲ။ အနောက်ကလိုက်ရင်းနဲ့ လူကွဲသွားတယ်။ ကျနော်က နောက်ချန်ဆိုတော့ မြင်လိုက်လို့သာ။

ဒါနဲ့ Garmin ကိုစွန့်လွှတ်ပြီး google မြေပုံပြန်ကြည့်။ လူရဲ့ common senseကိုသုံးရတာပေါ့။Rama 6 လမ်းမကြီးကို ရောက်အောင်သွား။ Pradiphat လမ်းကို လမ်းညွှန်ဆိုင်းဘုတ်တွေမှာ ကြည့်ရင်း ထိန်းနင်းဖို့ သုံးယောက်စလုံးနားလည်တော့မှ ဟိုတယ်ရောက်တော့တယ်😁😁။

ဆိုတော့ Garmin ပဲသုံးသုံး google map ပဲသုံးသုံး Strava တွေ Komote တွေပဲသုံးသုံး ကိုမောင်မောင်ဆင့်မပါရင် အလုပ်မဖြစ်ပါဘူး။
CGC လည်းနောက်ဆိုရင် စက္ကူမြေပုံကြီးချပြီးcompass ကြည့်တတ်အောင် scout သင်တန်းတွေဘာတွေတက်ရမလား မသိဘူး။

Final Day ဘန်ကောက်ရောက်ဘန်ကောက်မြို့ထဲ မိုးများ ကားရှုပ် ပျားတုတ် ပုံတောင် ထပ်မရိုက်နိုင် နေ့ပဲ
11/06/2026

Final Day
ဘန်ကောက်ရောက်

ဘန်ကောက်မြို့ထဲ
မိုးများ ကားရှုပ် ပျားတုတ်
ပုံတောင် ထပ်မရိုက်နိုင် နေ့ပဲ

မနှစ်က ဘီးတွေ ရှယိပေါက်ခဲ့ လို့ ဘီးလေးဘီးလုံးဖြုတ် စစ်ခဲ့ရတဲ့ နေရာလေး ဖူးခက်-ဘန်ကောက်လမ်းကတာ့ ဘယ်တော့မဆို ထနင်းမလားဆို ထ...
11/06/2026

မနှစ်က ဘီးတွေ ရှယိပေါက်ခဲ့ လို့
ဘီးလေးဘီးလုံးဖြုတ် စစ်ခဲ့ရတဲ့ နေရာလေး

ဖူးခက်-ဘန်ကောက်လမ်းကတာ့
ဘယ်တော့မဆို ထနင်းမလားဆို ထနင်းချင်တဲ့ လမ်းလေး တစ်လမ်း ဖြစ်လာခဲ့ပါတယ်။

Day 4 and Day 5 Day 4  ကတော့ Chumphon ကနေ Prachup Kiri Khan ထိ ရောက်အောင်နင်းဖို့ပါပဲ။ အရင်တခေါက်က ThapSake ဆိုတဲ့နေရာမှ...
10/06/2026

Day 4 and Day 5
Day 4 ကတော့ Chumphon ကနေ Prachup Kiri Khan ထိ ရောက်အောင်နင်းဖို့ပါပဲ။ အရင်တခေါက်က ThapSake ဆိုတဲ့နေရာမှာ resort လေးကောင်းတာနဲ့ဝငိတည်းလိုက်တာ နောက်နေ့ ၂၀၀ လောက်နင်းလိုက်ရတယ်။ ဒီတခါ ဦးကြည်ပါတော့ တရက်တည်း ၂၀၀ မနင်းချင်တာနဲ့ Day 4 မှာ ကီလို ၂၅ လောက်ပိုနင်းလိုက်တယ်။ အဝေးပြေးလမ်းမကြီးဘေးက ခပ်စုတ်စုတ်တည်းခိုခန်းလေးပေမယ့် ဘေးမှာ အဝတ်လျှော်စက်တွေရှိတယ်။ စားဖို့ဆိုင်လေးရှိတယ်။ အဝတ်လျှော်ဆပ်ပြာမှုန့်ဝယ်ဖို့ဆိုင်ရှိတယ်။ လမ်းတဖက်မှာ PTT ဆီီဆိုင်မှာ 7/11 ရှိတယ်။ ဂငယ်ကွေ့ဖို့လည်း နီးတယ်။နာမည်က Good Inn guest house တဲ့။ ၃၅၀ ဘတ်ပေးရတယ်။

ဒါနဲ့ ဘယ်တည်းခိုခန်းက ဘယ်စျေး။ ဘယ်နေရာဆိုတာ ကျနော့် record အတွက် ကျနော်ရေးတာပါ။

ကြည်ဖြူဘီးကလည်းပေါက်နေပြီမို့ ဒီမှာပဲတည်းလိုက်တော့တယ်။

ဂျလုံးပလုံးလမ်းတွေမဟုတ်လို့ ဘီးမပေါက်ဘူး မထင်ပါနဲ့။ ပေါက်တာပါပဲ။ ကားကြီးတွေက ဒီလမ်းကပဲ သွားတာပါ။
ကိုယ်က အတွေ့အကြုံရှိပြီးသားမို့ ကျွတ် ၂ လုံးဆောင်တာတောင် Day 5 to Petchaburi မှာ ကျနော့်ဘိး Hua Hin မဝင်ခင် Praburi မှာ စျေးဦးပေါက်ပါတယိ။ နေ့လည်စားစားပြီး ပြန်အထွက် PTT မှာ တခါပေါက်ပြန်ပါတယ်။ ကျွတ်တခုကတော့ ပစ်လိုက်ရတယ်။ စက်ဘီးဆိုင်ရှာကြည့်တော့ အနီးဆုံး စက်ဘီးပြင်ဆိုငိတခုမှာ ကျွတ်ဝယိလို့ရလိုက်တယိ။

PTT Cha Am မှာ ညစျေးတန်းရှိတာ အရငိက သိထားတော့ ညစာစောစောစားပြီး Petchaburi နားထိကီလို ၂၀ ကျော်ဆက်နင်းဖို့ ခပ်ကြောက်ကြောက်နဲ့ပဲ ဆုံးဖြတ်လိုက်တယ်။ ဒီဆိုင်မှာ အရင်နှစ်က ဘီး၂ ခါပေါက်ဖူးတော့ ခုလည်း ခပ်ကြောက်ကြောက်ပဲ။ Petchaburi ဆိုတာ ညမှ ရောက်ရမယ့် ကံကိုပါနေတာ။ ဒီတခေါက်တော့ အတွေ့အကြုံရှိသွားပြီ။ အစောဆုံး အဆင်ပြေမယ့်နေရာကို တည်းဖို့ တိုင်ပင်ကြတယ်။

တည်းတဲ့နေရာတော့ ကျနော်လညိး မခေါ်တတ်ဘူး။ လမ်းမကြီးဘေးပဲ။ လူလည်း လမ်းဘေးအိပ် လမ်းဘေးစား ဖြစ်နေတာ ၂ ရက်ရှိပါပြီ။ နက်ဖန်တော့ အရက်ဆိုင်မှာ အိပ်ရလောက်ပါတယ်😁😁😁။

5th Day - Save the Date
10/06/2026

5th Day - Save the Date

Day -4 Save the date
09/06/2026

Day -4

Save the date

Day 3(Ranong to Chumphon 123km)တရက်အနားရထားတဲ့ကိုယ်ခန္ဓာနဲ့ Day 3 ကိုဆက်ပါတယ်။ 120 km ဝန်းကျင်ပါ။ ရနောင်းမှာ တရက်နားရတာတ...
08/06/2026

Day 3(Ranong to Chumphon 123km)
တရက်အနားရထားတဲ့ကိုယ်ခန္ဓာနဲ့ Day 3 ကိုဆက်ပါတယ်။ 120 km ဝန်းကျင်ပါ။

ရနောင်းမှာ တရက်နားရတာတန်ပါတယ်။ ရနောင်းသူချောချောလေးတွေ တွေ့ရလို့ပါ။ ထိုင်းတရုတ်စပ်တွေမို့လားမသိ။ Patong က ရှမ်းမလေးတွေထက်တောင်ချောကြလှကြပါသေးတယ်။

ရနောင်းကနေအထွက် view point မှာရပ်လိုက် ခါကာပူရီမြစ်ကမ်း မြန်မာနဲ့အနီးဆုံးနေရာမှာ ထမင်းဆိုင်ဖွင့်တာနဲ့ ဝင်စားကြလိုက် အဲ့နားကပ်လျက်ကော်ဖီဆိုင်မှာ ကော်ဖီသောက်လိုက်နဲ့ ဒီတခါတော့ အေးအေးဆေးဆေးပါ။
Chumphon ကိုညနေ၄ နာရီလောက်မှာ ရောက်ကြပါတယ်။ Chumphon Bike shop မပိတ်သေးတာနဲ့ ဝင်ကြတာ ကြည်ဖြူကတော့ MET တလုံးအမြတ်ထွက်သွားပါလေရော့လား။
တည်းတာကတော့ The Three resortပါ။ မြို့အပြင်နည်းနည်းရောက်ပါတယ် ။

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when Canyon Gravel Couple - CGC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share