Chit Su Htwe : Professional Life Coach

Chit Su Htwe : Professional Life Coach I help people find their true purpose and live meaningfully

မကြာမီ လာမည်မျှော်ပါရှင်
10/10/2025

မကြာမီ လာမည်မျှော်ပါရှင်

📨Mindspire Mental Health Day 2025 Live Webinar အတွက် ဖိတ်ကြားလွှာ

🌎အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ကျရောက်သော ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) အား ဂုဏ်ပြုသောအားဖြင့်၊ International Certified Coach ဆရာအောင်ထက်ခန့် ဦးစီးသော Mindspire Coaching Community Premium (MCCP) မှ Professional Coaches များနှင့် ပူးပေါင်း၍ "Mindspire Mental Health Day 2025" Live Webinar ကို စီစဉ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
----------------------------------------------------------------

💡 Webinar ၏ ရည်ရွယ်ချက်နှင့် အစီအစဉ်

ဤ Webinar မှာ စိတ်ကျန်းမာရေး (Mental Well-being) ဆိုင်ရာခေါင်းစဉ်နှင့်ပတ်သက်ပြီး Professional Coaches တွေနဲ့အတူ တက်ကြွ၊ ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာတွေ ရရှိစေဖို့ ရည်ရွယ်တဲ့အပြင်၊ ကိုယ့်ဘဝအတွက် အကောင်းဆုံး ရင်ဖွင့်တိုင်ပင်ရာနေရာတစ်ခုအနေနဲ့ Coaching ကို အခြေခံပြီး လက်တွေ့ကျတဲ့ နည်းလမ်းများ၊ ကိုယ်တိုင် အသုံးချနိုင်မည့် နည်းစနစ်များကိုလည်း ဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်။
----------------------------------------------------------------

✨ ပါဝင်တက်ရောက်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ

- စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာတိုးပွားခြင်း
- စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု (Mental Resilience) မြှင့်တင်နိုင်ခြင်း
- Professional Coaches များနှင့် တိုက်ရိုက်မေးမြန်း ဆွေးနွေးခွင့်
- လက်တွေ့ကျသော Coaching နည်းလမ်းများသင်ယူရရှိခြင်း

----------------------------------------------------------------

💻 အသေးစိတ် အချက်အလက်များ

Date: 10 Oct, 2025 (Friday)
Time: (8-9) PM
Location: Zoom Live
With Who: Sayar Aung Htet Khant and Mindspire Professional Coaches
—-----------------------------------------------------------------

🔔Mindspire Mental Health Day 2025 Live ကို မလွတ်သွားစေဖို့
1️⃣အောက်ပါ Group ကို Join ပါ။
https://www.facebook.com/groups/226337085483762

2️⃣Comment မှာ “Yes” လို့မန့်ခဲ့ပေးပါ။
----------------------------------------------------------------

👇 Mindspire Coaching မှာ အခုလို အပတ်စဉ်တိုင်း မတူညီတဲ့ ခေါင်းစဉ်တွေနဲ့ ဝေမျှပွဲတွေရှိတာမို့ Member ဝင်လိုပါက Page Messenger ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🎉 စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး ဘဝကို အောင်မြင်စွာ ရင်ဆိုင်ဖြတ်သန်းနိုင်ကြပါစေ။

With Love🍀,
Mindspire Coaching

#2025

ဒီလထဲမှာ သုတဓမ္မနဲ့ကိုယ့်စိတ်ကိုပြန်ကြည့်ချင်တာကြောင့်အချိန်အားနည်း နေလို့Coaching ပိုင်းကို အားမစိုက်ဖြစ်ဘူး။ကျွန်မကိုမ...
23/09/2025

ဒီလထဲမှာ သုတဓမ္မနဲ့
ကိုယ့်စိတ်ကိုပြန်ကြည့်ချင်တာကြောင့်
အချိန်အားနည်း နေလို့
Coaching ပိုင်းကို အားမစိုက်ဖြစ်ဘူး။

ကျွန်မကိုမှ ရှာဖွေ ရွေးချယ်ရောက်ရှိလာတဲ့
Clients တွေကို မနေသာဘဲ လုပ်ပေးဖြစ်တယ်။

လုပ်ပေးပြီးသွားတိုင်း
ကျေနပ် ပျော်ရွှင်သွားတာကိုမြင်ရတော့လဲ

ပီတိဖြစ်ရတယ်။
အေးချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ကျွန်မကိုယ်တိုင်လဲ စိတ်ရော ကိုယ်ပါ အေးချမ်းပျော်ရွှင်တဲ့ဘဝကို
Wheels of Life အဖြစ်တည်ဆောက်နိူင်ပါစေ

အမှတ်တရ သတိရချင်လို့
Coaching Session မစခင်ပုံ‌
ရှိတဲ့ပုံလေးပဲတင်လိုက်ပါတယ်။

ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်လူ့ဘဝရလာသူတိုင်းမိမိဘဝကို အကျိုးရှိအောင်နေတတ်ဖို့လိုပါတယ်။မျက်မှောက်ဘဝအကျိုးတမလွန်ဘဝအကျိုး...
01/09/2025

ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်

လူ့ဘဝရလာသူတိုင်းမိမိဘဝကို အကျိုးရှိအောင်နေတတ်ဖို့လိုပါတယ်။
မျက်မှောက်ဘဝအကျိုး
တမလွန်ဘဝအကျိုး
အကျိူး ၂မျိုးလုံးကိုသိဖို့ ဓမ္မ အသိနဲ့နေမှရမယ်။

ဘဝမှာအကျိုးရှိရှိနေဖို့ အသိဉာဏ်ရှိရမယ်။
အကျိူးရှိတဲ့နေနည်းနဲ့ အကျိူးမဲ့စေတဲ့နေနည်းလဲရှိတယ်။
အချို့သောနေနည်းတွေက လက်ရှိမှာတော့အကျိုးရှိပြီ
တမလွန်ဘဝမှာ အကျိုးမရှိတဲ့နေနည်းမျိူဖြစ်တယ်။

တစ်ရက်ပြီးတစ်ရက် ဖြတ်ကျော်လာခဲ့တဲ့ နှစ်တွေ လတွေ
ရက်တွေ နာရီတွေမှာ ငါ ဘယ်ပုံ ဘယ်နည်း ငါ့မှာကုန်ဆုံးခဲ့သလဲ ဒါကိုပြန်စဉ်းစားကြရမယ်။

လောကစီးပွားအတွက် အချိန်ကုန်တာလား
ဓမ္မရေးရာအတွက် အချိန်ကုန်တာလားဆိုတာ
ကိုယ့်အချိန်ဇယားကိုကြည့်လိုက်ရင် အချိန်ကို ဘယ်ပုံဘယ်နည်း အသုံးချခဲ့တယ်ဆိုတာ အဖြေထွက်လာမယ်။

နေ့စဉ်ဘဝတစ်ခုမှာ အခြေခံအားဖြင့် အကျိုးရှိအောင်နေဖို့ဆိုတာ
အကုသိုလ်နည်းအောင်နေဖို့ပါ။

စီးပွားရှာတဲ့အခါမှာလဲ တရားမျှတစွာ စိတ်ကောင်းမွေးပြီရှာဖွေကြရမယ်။
ငါလုပ်တဲ့အလုပ်ဟာ အများအတွက်ဖြစ်ပါစေ။
အများအတွက် ငါလုပ်သမျှ အကျိုးဖြစ်ပါစေ။
ဒီလိုစိတ်ထားမျိုးထားပြီးတော့လုပ်ကိုင်ပေးရမယ်။

ဒါဟာ ဘဝမှာအကျိုးရှိအောင်နေနည်းတစ်ခုပဲပေါ့။

ငါခြည်းပဲလုပ်နေရတယ် သူကတော့ ဘာမှမလုပ်ဘူး
ဒီစိတ်မ်ျုးထားလိုက်ရင် အကုသိုလ်

ငါလုပ်ပေးလိုက်တဲ့အတွက် သူ့တို့လေးတွေ အဆင်ပြေပြေ ဖြစ်သွားရပြီ
ဆိုပြီး နှလုံးသွင်းလိုက်မယ်ဆိုရင် ကုသိုလ်စိတ်ကလေး ရယ် ကောင်းကျိုးချမ်းသာတွေရယ် ရလာမှာပါ။

သုတဓမ္မ Level -2စာအုပ်ကနေ မျှဝေပါတယ်။

လိုက်နာကျင့်သုံးပါမယ်ဘုရား။

(4)Day Group Coaching 8.8.2515.8.2522.8.2529.8.25အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ။အခုလိုမျှဝေခွင့်ရအောင် သင်ပေးတဲ့ ဆရာ ဆရာမ မ...
29/08/2025

(4)Day Group Coaching
8.8.25
15.8.25
22.8.25
29.8.25
အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ။

အခုလိုမျှဝေခွင့်ရအောင် သင်ပေးတဲ့ ဆရာ ဆရာမ များအားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုယ့်ရဲ့ ဓားကို သွေးခွင့်ရနေပြီ
Quality of life အဖြစ်ရှင်သန်ခွင့်ရနေတာကိုလဲကျေးဇူးတင်ပါတယ်။

နောင်(3) နှစ်မှာ ချပေးခဲ့တဲ့မျိုးစေ့လေးတွေ မျိုးစေ့မှန်စွာ ရှင်သန်ကြီးထွားနေမယ်လို့ယုံကြည်ပါတယ်။

Day -3Leadership mindset Group Coaching မိမိကစပြောင်းလဲပါ။အသိ သတိလေးတွေရသွားကြတယ်။ထင်ထားတာထက် အများကြီးတော်အများကြီးကြို...
22/08/2025

Day -3
Leadership mindset
Group Coaching

မိမိကစပြောင်းလဲပါ။
အသိ သတိလေးတွေရသွားကြတယ်။
ထင်ထားတာထက် အများကြီးတော်
အများကြီးကြိုးစားကြလို့
ဝမ်းသာပီတိဖြစ်ရတယ်။

ကိုယ်တိုင်လဲတည်ဆောက်ရင်း
ပျိုးထောင်ရင်း ပိုကောင်းတဲ့နေ့ရက်တွေဆီ အတူတူသွားကြမယ်။

17/08/2025

-

🌟 Life Coaching Session ကနေသင့်ဘဝကို Level Up ချင်ပါသလား?

📌 သင့်ရဲ့ ဘဝမှာ အဓိပ္ပါယ်နဲ့ ပန်းတိုင်တွေ ပိုမိုတိကျစွာ သတ်မှတ်ချင်ပါသလား?
📌 စိတ်ဓာတ်ကျ‌ေနလား?မသေချာမှုတွေနဲ့ ဘယ်လိုစတင်ရမလဲ မသိဖြစ်နေလား?
📌 သင့်ရဲ့ အချိန်၊ စွမ်းအား၊ စိတ်ဓာတ်ကို ပိုကောင်းအောင် စီမံချင်ပါသလား?

🌟ဘယ်လို အကျိုးကျေးဇူးတွေရမလဲ?

🌱 Coaching Session တစ်ခုထဲမှာ သင်ရရှိမယ့် အကျိုးကျေးဇူးများ —
✅ သင့်ရဲ့ Life Purpose ကို ရှာဖွေရန် လမ်းညွှန်ချက်
✅ ကိုယ်ပိုင်စွမ်းအားတွေကို အသုံးချနိုင်မယ့်နည်းလမ်း
✅ အတားအဆီးတွေကို ချိုးဖောက်နိုင်မယ့် Action Plan
✅ စိတ်ချမ်းသာမှုနဲ့ အကျိုးရှိစွာ နေထိုင်နိုင်မယ့် Strategy
စတာတွေကိုရှာဖွေနိူင်မှာဖြစ်ပါတယ်။

💬 1-on-1 သို့မဟုတ် Group Session – သင့်လိုအပ်ချက်အတိုင်း ရွေးချယ်နိုင်ပါသည်။

📍 Location / Online – Zoom

💌 Register Now

👉👉👉ဒီလအတွက် (3)ဦးသာ နေရာရှိပါတယ်။

✨ သင့်ဘဝကို မနက်ဖြန်ကောင်းမွန်အောင် စတင်ချင်ရင် ဒီနေ့တင် လှုပ်ရှားလိုက်ပါ ✨

-

Day(2)Life Purpose Group Coaching အောင်မြင်စွာပြီးခဲ့ပြီ။အမြဲအားပေးပြီဘေးကနေ ရပ်ပေးတဲ့ ဖေဖေနဲ့ မကြီးကိုပိုင်ဆိုင်ခွင်ရခြ...
15/08/2025

Day(2)
Life Purpose Group Coaching
အောင်မြင်စွာပြီးခဲ့ပြီ။
အမြဲအားပေးပြီ
ဘေးကနေ ရပ်ပေးတဲ့ ဖေဖေနဲ့ မကြီးကိုပိုင်ဆိုင်ခွင်ရခြင်းကလဲ ကံကောင်းခြင်း တစ်ခုပါပဲ။

အတူတူရှိနေပေးလို့ကျေးဇူးတင်ပါတယ်။

တကယ်လိုအပ်နေသူတွေကို ကိုယ့်ရဲ့ Life Purpose ကို ရှာဖွေနိူင်ဖို့ လမ်းပေါ်တင်ပေးခွင့်ရတာလဲ
ကျွန်မအတွက်က ကံကောင်းခြင်းတစ်မျိုးပါပဲ။

လုပ်ကြည့်မှ ဘယ်လောက်ထိပျော်ရလဲသိခွင့်ရတယ်ဆိုတာသိလာရတယ်။

Day (2)Life Purpose Group Coaching စဖို့ Ready ဖြစ်နေပါပြီ။
15/08/2025

Day (2)
Life Purpose Group Coaching
စဖို့ Ready ဖြစ်နေပါပြီ။

14/08/2025

စိတ်ချမ်းသာဖို့
ဘာတွေလုပ်ရင်းကုန်ဆုံးနေမိလဲ?

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when Chit Su Htwe : Professional Life Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chit Su Htwe : Professional Life Coach:

Shortcuts

Share

Category