02/04/2022
နှစ်ပေါင်း(၂၀၀)ခန့်သက်တမ်းရှိပြီဖြစ်သောအနုစိတ် ကနုတ်ပန်း လက်ရာ တို့နှင့်တည်ဆောက်ထားသည့် ဘုံ(၃)ဆင့်ပါ ရှေးဟောင်းကျောင်းဆောင်ကြီး ရှိရာ နောင်သခေါရွာ သို့မေမြို့စက်ဘီးစီးကလပ် မှသွားရောက်လည်ပတ်ခဲ့ကြပါသည်။ နောင်သခေါရွာ သည်မန္တလေးတိုင်းနှင့်ရှမ်းပြည်နယ်စပ်မျဉ်းအနီးရှမ်းပြည်နယ်ဘက်တွင်ပါဝင်သောရှမ်းရွာလေးတစ်ရွာဖြစ်ပါသည်။ နောင်သခေါရွာလေးသည်အလွန်သန့်ရှင်းသပ်ရပ်ပြီးရွာခံများကလည်းရိုးသားဖြူစင်မှုမှာအတုယူခြင်စဖွယ်ပင်ဖြစ်ပါသည်။ စိုက်ခင်းများမှာလည်းစတော်ဘယ်ရီ၊ဂေါ်ဖီထုပ်၊မုန်လာဥနီနှင့်ပန်းခင်းများတို့ဖြင့်စိတ်ချမ်းမြေ့စရာအလွန်ကောင်းလှပါသည်။ အခွင့်ကြုံလျှင်နောင်သခေါရွာသို့သွားရောက်လည်ပတ်ရန်တိုက်တွန်းချင်ပါသည်။