Diamond Gym

Diamond Gym Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Diamond Gym, Gym/Physical Fitness Center, Myo Shaung Road, Myaenigone, Mawlamyine.

တစ်လလောက် ခရီးထွက်သွားတဲ့ တပည့် Gym ပြန်ရောက်လာပုံ🙂
10/02/2026

တစ်လလောက် ခရီးထွက်သွားတဲ့ တပည့်
Gym ပြန်ရောက်လာပုံ🙂

Diamond Gym မိသားစုနဲ့ အဖွဲ့ဝင်များမှယနေ့ 31.12.2025 မှာ မုန့်ဟင်းခါးစတုဒီသာ မနက် ညနေ နှစ်ကြိမ်တိုင် ဧည့်ခံကျွေးမွေးခဲ့ပ...
31/12/2025

Diamond Gym မိသားစုနဲ့ အဖွဲ့ဝင်များမှ
ယနေ့ 31.12.2025 မှာ မုန့်ဟင်းခါးစတုဒီသာ
မနက် ညနေ နှစ်ကြိမ်တိုင် ဧည့်ခံကျွေးမွေးခဲ့ပါတယ်
လာရောက်သုံးဆောင်သူတဦးတယောက်ချင်းစီတိုင်း
ကိုကျေးဇူးတင်ရှိပါတယ်

ညနေ ၄နာရီ  မုန့်ဟင်းခါးစတုဒီသာ ထပ်ကျွေးအုန်းမှာဖြစ်ပါတယ် လူမျိုးဘာသာမရွေးလာရောက်သုံးဆောင်ကြဖို့ ဖိတ်ခေါ်ပေးအပ်တယ်နော် 🤗
31/12/2025

ညနေ ၄နာရီ မုန့်ဟင်းခါးစတုဒီသာ
ထပ်ကျွေးအုန်းမှာဖြစ်ပါတယ်
လူမျိုးဘာသာမရွေးလာရောက်
သုံးဆောင်ကြဖို့ ဖိတ်ခေါ်ပေးအပ်တယ်နော် 🤗

မနက်ဖြန် မနက် (7:20 )လူမျိုးဘာသာမရွေးလာရောက်သုံးဆောင်ကြပါရန် ဖိတ်ကြားအပ်ပါတယ်နော်
30/12/2025

မနက်ဖြန် မနက် (7:20 )လူမျိုးဘာသာ
မရွေးလာရောက်သုံးဆောင်ကြပါရန်
ဖိတ်ကြားအပ်ပါတယ်နော်

နှစ်သစ်အကြို Diamond Gym မိသားစုနှင့် Diamond Gym အဖွဲ့ဝင်များမှ စုပေါင်းအလှူမုန့်ဟင်းခါး စတုဒီသာအချိန် - ( ၃၁.၁၂.၂၅ ) ဗ...
29/12/2025

နှစ်သစ်အကြို Diamond Gym မိသားစုနှင့်
Diamond Gym အဖွဲ့ဝင်များမှ စုပေါင်းအလှူ

မုန့်ဟင်းခါး စတုဒီသာ

အချိန် - ( ၃၁.၁၂.၂၅ ) ဗုဒ္ဓဟူးနေ့ ( နံနက် ၇ :၂၀ )

နေရာ - Royal Htar Hotel အနီး Diamond Gym

မုန့်ဟင်းခါးစတုဒီသာအလှူက်ို လူမျိုး
ဘာသာမရွေး မည်သူမဆိုလွတ်လပ်စွာ
လာရောက်သုံးဆောင်နိုင်ကြပါကြောင်း
အသိပေးနှိုးဆော်ပေးလိုက်ပါသည်ရှင်🤗

ဝိတ်ကျချင်တယ် ဒါမယ့် ဘယ်လိုလုပ်လုပ်မကျဘူးဖြစ်နေလို့ စိတ်ဓာတ်ကျနေတဲ့ ကောင်မလေးတွေအတွက် ကျန်းမာ ကျစ်လစ် သွယ်လျလှပတဲ့ခန္ဓာက...
24/12/2025

ဝိတ်ကျချင်တယ် ဒါမယ့် ဘယ်လိုလုပ်လုပ်မကျဘူးဖြစ်နေလို့ စိတ်ဓာတ်ကျနေတဲ့ ကောင်မလေးတွေအတွက် ကျန်းမာ ကျစ်လစ် သွယ်လျလှပတဲ့ခန္ဓာကိုယ် ရဖို့နဲ့ Confidence ရှိသွားစေဖို့ ခုပဲ Diamond Gym မှာ စာရင်းသွင်းလိုက်တော့နော် 🏋🏻‍♀️🏋🏻‍♀️

ကိုယ့်အတွက် ကိုယ်ပိုင်အချိန်လေး ၁နာရီခွဲ၂နာရီ လောက်ပေးရုံနဲ့ ပြောင်းလဲသွားစေဖို့ လှပသွားစေဖို့အတွက် 💁🏻‍♀️

👉🏻 Personal Trainning ကစားချင်သူများ

👉🏻Weight Loss, Weight Gain ဖြစ်ချင်သူများ

👉🏻Online Training လိုချင်သူများ

👉🏻Workout plan လိုချင်သူများ

👉🏻Diet meal plan လိုချင်သူများ

Diamond Gym ( အမျိုးသမီးသီးသန့် Gym )
( အမျိုးသားသီးသန့် Gym ) မှာ ယုံကြည်မှုရှိတဲ့
ခြေလှမ်းတွေကိုအခုပဲ စတင်လိုက်ပါ💪🏻🏋🏻

💸 30000mmk (for one month)
( PT fees - CB )

⏱️ 7:30 AM to 10:30 AM
3 PM to 7 PM

📆 Mon to Sat (Sunday closed )

☎️ 09942942356

🏠 Diamond GYM မြို့ရှောင်လမ်း၊
မြေနီးကုန်းရပ် Royal Hinthar ဟိုတယ်အနီး၊
အောင်ကလေးဆေးခန်းဘေးမော်လမြိုင်မြို့

👉🏻 Personal Training /Group PT/Online PT
အချိန်ညှိနှုန်းလိုသူများCbတွင်လာရောက်
မေးမြန်းနိုင်ပါတယ်

မိန်းကလေးတိုင်း ဖြစ်ချင်တဲ့ အမြန်ဆုံးအဆီကျပြီးထိရောက်ဖို့အတွက် 🦾🧘‍♀️💯• 🏋️ လေ့ကျင့်ခန်း နှင့် Cardio ဥပမာ- ပြေးခြင်း၊ အဆီ...
10/12/2025

မိန်းကလေးတိုင်း ဖြစ်ချင်တဲ့ အမြန်ဆုံးအဆီကျပြီး
ထိရောက်ဖို့အတွက် 🦾🧘‍♀️💯

• 🏋️ လေ့ကျင့်ခန်း နှင့် Cardio ဥပမာ- ပြေးခြင်း၊ အဆီလောင်ကျွမ်းမှု အရှိန်မြှင့်တင်ရန် ပုံမှန်လုပ်သွားပေးဖို့

• Strength Training ကြွက်သားတည်ဆောက်ပြီး ဇီဝကမ္မဖြစ်စဉ် မြှင့်တင်ဖို့အတွက် အစားအသောက်
ကယ်လိုရီ တစ်နေ့တာ လိုအပ်သည်ထက် လျော့ချဖို့

• သကြားနှင့် ကာဗိုဟိုက်ဒရိတ် ဆိုးများ နဲ့ အချိုရည်နှင့် ပြုပြင်ထားသော အစားအစာတွေကို ချက်ချင်းမဟုတ်ရင်တောင် ပုံမှန်ထက် တစ်နေ့ နည်းနည်းစီ လျော့စားပေးဖို့တော့ လိုပါတယ်နော်

• ပရိုတင်းနှင့် အသားဓာတ် အမျှင်ဓာတ် များများစားပေးပြီး အစာခြေစနစ်ကို အထောက်အကူဖြစ်ဖို့

• အိပ်ရေးဝအောင် အိပ်ပါအနည်းဆုံးအိပ်ချိန် (၇နာရီ): ဟော်မုန်းများ မျှတစေဖို့

• စိတ်ဖိစီးမှု ထိန်းချုပ်ဖို့နှင့်ဗိုက်အဆီစုစေသော Cortisol ဟော်မုန်းကို လျှော့ချစေဖို့

အစာစားချိန် ပြောင်းရုံနဲ့ ကျန်းမာရေးပြောင်းလဲခြင်း  "သဘာဝတရားနဲ့ ဆန့်ကျင်ဘက် မလုပ်ပါနဲ့ (မနက်စာနဲ့ ညစာရဲ့ လျှို့ဝှက်ချက်...
25/11/2025

အစာစားချိန် ပြောင်းရုံနဲ့ ကျန်းမာရေးပြောင်းလဲခြင်း "သဘာဝတရားနဲ့ ဆန့်ကျင်ဘက် မလုပ်ပါနဲ့ (မနက်စာနဲ့ ညစာရဲ့ လျှို့ဝှက်ချက်)"
"မနက်စာကို ဘုရင်လိုစား၊ ညစာကို သူတောင်းစားလိုစား" ဆိုတဲ့ ရှေးစကားဟာ သိပ္ပံနည်းကျ အင်မတန်မှန်ကန်ပါတယ်။ ဒါကို Chrononutrition လို့ ခေါ်ပါတယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ဇီဝနာရီ (Circadian Rhythm) ရှိပါတယ်။
-မနက်ပိုင်း အင်ဆူလင် (Insulin Sensitivity) တုံ့ပြန်မှု အကောင်းဆုံးအချိန် ဖြစ်တယ်။ ဆိုလိုတာက မနက်ပိုင်းစားတဲ့ အစာကို ခန္ဓာကိုယ်က စွမ်းအင်အဖြစ် ချက်ချင်းပြောင်းလဲပေးပါတယ်။
ညပိုင်း ခန္ဓာကိုယ်က အနားယူဖို့ ပြင်ဆင်နေတဲ့အချိန် ဖြစ်ပါတယ်။ မယ်လာတိုနင် (Melatonin) ထွက်လာချိန်မှာ အင်ဆူလင် ထွက်နှုန်း ကျဆင်းသွားပါတယ်။
သိထားရမည့် အချက် -
ညဉ့်နက်မှ စားတဲ့ ကယ်လိုရီ ၂၀၀၀ နဲ့ မနက်ပိုင်းစားတဲ့ ကယ်လိုရီ ၂၀၀၀ ဟာ တူညီတဲ့ အစားအစာ ဖြစ်နေရင်တောင် ခန္ဓာကိုယ်ထဲမှာ သက်ရောက်ပုံချင်း လုံးဝ မတူပါဘူး။ ညဘက်စားတာက အဆီအဖြစ် စုဆောင်းဖို့ ပိုများပါတယ်။
လက်တွေ့ကျတဲ့ အကြံပြုချက် -
နေဝင်ပြီးရင် အစားလျှော့ပါ။
မနက်စာကို ပရိုတင်း (Protein) ပါအောင် စားပါ။
ညဘက်မှာ ကာဗိုဟိုက်ဒရိတ် (ထမင်း/ဂျုံ) အများကြီး စားမယ့်အစား အသီးအရွက်နဲ့ အသားကို ဦးစားပေးပါ။
ကျန်းမာကြပါစေ။
Crd.

 #ဗိုက်မှာအဆီစုရတဲ့အကြောင်းရင်း==================လူကတော့ သိပ်မဝပါဘူး ။ ဒါပေမယ့် စုတဲ့အဆီတွေအကုန်လုံးက ဗိုက်မှာချည်းပဲ ဆိ...
23/04/2025

#ဗိုက်မှာအဆီစုရတဲ့အကြောင်းရင်း
==================

လူကတော့ သိပ်မဝပါဘူး ။ ဒါပေမယ့် စုတဲ့အဆီတွေအကုန်လုံးက ဗိုက်မှာချည်းပဲ ဆိုသူတွေအတွက် ဒီဆောင်းပါးလေးမှာ ဘာကြောင့်ဗိုက်မှာမှအဆီတွေစုရတယ်ဆိုတဲ့အကြောင်းလေးပြောပြချင်ပါတယ်။

ဒီအချက်၆ချက်ထဲက ကိုယ်နဲ့တိုက်ဆိုင်နေတာများရှိရင် စစ်ဆေးပြီးပြုပြင်လို့ရအောင်ပါ။

၁- မျိုးရိုးလိုက်လို့။
ဒီအချက်က အရေးကြီးဆုံးနဲ့ ပြင်ဖို့ခက်တဲ့အချက်ပါ။ မျိုးရိုးထဲမှာ ဗိုက်ပူသူများရင် ကိုယ်လည်း ဗိုက်ပူနိုင်တယ်လို့သာမှတ်ပြီး အမြဲ အစားအသောက်သတိထားသင့်ပါတယ်။

၂- အသင့်စားတွေအစားများလို့။
အသင့်စား Ready Made တွေ အလွယ်စား Fast Food တွေမှာ ကယ်လ်လိုရီတွေ များများပိုပါ ပါတယ်။ ဗိုက်ပူနေသူတွေအနေနဲ့ အိမ်မှာချက်တဲ့လတ်ဆက်တဲ့ အစားအစာတွေကိုစားသင့်ပါတယ်။

၃- အိပ်ချိန်နည်းလို့။
မအိပ်တော့ မဝဘူးပေါ့လို့များထင်ရင် မှားနေပါပြီနော်။ အတော်များများဗိုက်ပူတဲ့သူတွေဟာ အိပ်ချိန် နည်းလို့ အိပ်ချိန်မမှန်တဲ့သူတွေဖြစ်တာတွေ့ရပါတယ်တဲ့။

၄- စိတ်ဖိစီးမှုများလို့။
"ဟယ်သူက အလုပ်တွေများပြီး စိတ်ဖိစီးမှုတွေသာများတယ် ဗိုက်လေးကျပူလို့၊ ပိန်လည်းမပိန်ပါလား"ဆိုတာ စိတ်ဖိစီးမှုက ထုတ်တဲ့ Cortisol ဟော်မုန်းကြောင့် ဖြစ်ပါတယ်။

၅- ရောဂါရှိနေလို့။
တကယ်လို့ သင်ဟာအမျိုးသမီးဖြစ်မယ်။ ရာသီမမှန်ဘူး။ဗိုက်မှာအဆီစုနေမယ်။ အမွှေးအမျှင်ထူနေမယ်ဆိုရင် မျိုးဥအိမ်ထဲရေအိတ်တွေရှိနေတဲ့ Polycystic Ovarian Syndrome ခံစားနေရတာဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။

၆- လှုပ်ရှားမှုနည်းလို့၊ အထိုင်များလို့။
အဆီပိုတွေမရှိဖို့က တက်ကြွတဲ့လူနေမှုပုံစံလိုအပ်ပါတယ်။ တစ်နေကုန်အထိုင်များနေမယ်ဆို ဗိုက်နဲ့ ပေါင်နေရာမှာ အဆီပိုတွေစုလာမှာ သေချာပါတယ်။

2 Months Body Transformation 👏🏻💪🏻190lb ➡️ 176lbကြိုးစားမှုရဲ့ရလဒ် 14 lb ကျသွားခြင်း 😍Body transformation အတွက် နောက်ကျနေ...
18/04/2025

2 Months Body Transformation 👏🏻💪🏻

190lb ➡️ 176lb

ကြိုးစားမှုရဲ့ရလဒ် 14 lb ကျသွားခြင်း 😍

Body transformation အတွက် နောက်ကျ
နေပြီးဆိုတာမရှိပါဘူးနော် အမှန်တကယ်
အစပြုလိုက်ဖို့ပဲလိုပါတယ်နော်

Diamond Gym ( အမျိုးသမီးသီးသန့် Gym )
( အမျိုးသားသီးသန့် Gym )

🔥Weight Loss / Weight Gain / Fat Loss /
Diet meal plan / Personal Trainning /
Group PT ကစားချင်သူများ🔥

💸 25000mmk (for one month)
( PT fees - CB )

📆 Mon to Sat (Sunday closed )

☎️ 09942942356

🏠 Diamond GYM မြို့ရှောင်လမ်း၊
မြေနီးကုန်းရပ် Royal Hinthar ဟိုတယ်အနီး၊

🙏နှစ်သစ် ဆုတောင်း 🌷🌿 မင်္ဂလာရှိသော မြန်မာ့ နှစ်သစ်ကူးမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး ကျန်းမာ ပျော်ရွှင်ပြီး  ...
17/04/2025

🙏နှစ်သစ် ဆုတောင်း 🌷

🌿 မင်္ဂလာရှိသော မြန်မာ့ နှစ်သစ်ကူးမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး ကျန်းမာ ပျော်ရွှင်ပြီး ကပ်ကြီး ၃ ပါး ဘေး မှ ကင်းဝေးကြပါစေ၊ နှစ်ဟောင်းမှ ဆင်းရဲခြင်းများ ကုန်ဆုံး၍ နှစ်သစ်တွင် ချမ်းသာသုခများ ရရှိကြပါစေ ကြောင်း Diamond Gym မိသားစုမှ ဆုတောင်း မေတ္တာများ ပို့သအပ်ပါသည်ရှင် 🌿

Address

Myo Shaung Road, Myaenigone
Mawlamyine
110101

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 07:00 - 19:00

Telephone

+959785322488

Website

Alerts

Be the first to know and let us send you an email when Diamond Gym posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share