16/10/2025
နာမည်ကြီးအသင်းတွေဝင်ခွင့်မရသေးတဲ့ အာဖရိကဇုန်ခြေစစ်ပွဲ
အာဖရိကဇုန် Qualifier ရဲ့ပထမအဆင့်ပြီးချိန်မှာတော့ နိုက်ဂျီးရီးယား၊ ကင်မရွန်းနဲ့ ဂါဘွန်အသင်းတွေဟာ ကမ္ဘာ့ဖလားဝင်ခွင့်ကိုမရခဲ့ကြပါဘူး။ သူတို့ဟာဒုတိယအဆင့်ကို ဆက်လက်ယှဉ်ပြိုင်ကစားကြရတော့မှာပါ။ ဒီအဆင့်မှာ အနိုင်ရခဲ့ရင်တောင်မှ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိဦးမှာမဟုတ်သေးဘဲ playoff ရှိပါသေးတယ်။
Group C မှာ နိုက်ဂျီးရီးယားဟာ တောင်အာဖရိကအသင်းကိုဝင်ခွင့်လက်လွှတ်ပေးလိုက်ရသလို Group D မှာလည်း ကင်မရွန်းက အသင်းငယ်လေး ကိပ်ဗာဒီကိုလက်လွှတ်ခဲ့ရတာပါ။ Group F မှာတော့ ဂါလွန်က အိုင်ဗရီကို့စ်ကို လက်လွှတ်ခဲ့ရပါတယ်။
ဒါကြောင့်ဘရိုင်ယန် အမ်ဘျူမို၊ ဗစ်တာ အိုဆီမန်၊ အော်ဘားမီးယန်းတို့အထဲက အနည်းဆုံး ၂ ယောက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ခွင့်ရရှိတော့မှာ မဟုတ်ပါဘူး။ အခန့်မသင့်ရင်သူတို့ ၃ ယောက်စလုံး ကမ္ဘာ့ဖလားကို အိမ်ကနေအားပေးသွားရနိုင်ပါတယ်။