Yadanarpon Sports & Services

Yadanarpon Sports & Services ကြိုးစားမှုနှင့်ယုံကြည်မှု Online Bettingအကောင်းဆုးံဝန်ဆောင်မှု
ဘောလုးံသတင်းနှင့်ပွဲကြို
ခန့်မှန်းပြိုင်ပွဲများတင်ဆက်ပေးသွားမယ့်
Yadanarpon Sports&Sevices

25/01/2023

hello

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ=============================အင်တာလူစာရင်းမှာ အိုင်ကာဒီ လွဲချော်ဆဲအင်တာမ...
01/03/2019

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ
=============================

အင်တာလူစာရင်းမှာ အိုင်ကာဒီ လွဲချော်ဆဲ

အင်တာမီလန်တိုက်စစ်မှူး အိုင်ကာဒီဟာ ကက်ဂလီယာရီကွင်းမှာကစားမယ့် အသင်းလူစာရင်းမှာလည်း ဆက်လက်ချန်လှပ်ခံရဆဲဖြစ်ပါတယ်။ သူဟာ ဒူးဒဏ်ရာကြောင့် အနားယူရတယ်လို့ သတင်းတွေထွက်ပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြေတာကြောင့် တမင်ချန်လှပ်ခံထားရတာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့ကြောင့် သူ့နေရာမှာ ၂၀၁၇ စက်တင်ဘာက ဘိုကာဂျူနီယာကပြောင်းလာတဲ့ အသက် ၁၉ နှစ်သာရှိသေးတဲ့ ကိုလီဒိုင်အို အစားထိုးခေါ်ယူထားပါတယ်။

***************************

မာကိုရူးစ်မှာ အရဲစွန့်သုံးမှာမဟုတ်တဲ့ ဒေါ့မန်

ဒေါ့မန်အသင်းဟာ ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ အသင်းခေါင်းဆောင် မာကိုရူးစ်ကို အော့စ်ဘတ်နဲ့ကစားမယ့်လူစာရင်းမှာ ပြန်လည်ထည့်သွင်းခဲ့ပေမယ့် အရဲစွန့်ကစားခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။ သူတို့ရဲ့ ဂိုးသွင်းဘုရင် မပါဝင်ချိန်မှာ ဒေါ့မန်ဟာ ပြိုင်ပွဲအားလုံးမှာ ၅ ပွဲဆက် နိုင်ပွဲပျောက်တာမျိုး ကြုံခဲ့ရပါတယ်။ အသက် ၂၉ နှစ်ရှိ မာကိုရူးစ်ဟာ ဒီရာသီမှာ ၁၃ ဂိုးသွင်း၊ ၆ ကြိမ် ဂိုးဖန်တီးထားပြီး ကြံ့ခိုင်မှုအပြည့်အ၀ မရသေးဘူးလို့ နည်းပြ ဖာဘရီက အတည်ပြုပါတယ်။

***************************

အင်တာကို အနိုင်ရမယ်လို့ မာရန် ယုံကြည်

ကက်ဂလီယာရီနည်းပြ မာရန်ဟာ ယနေ့ညမှာ အင်တာမီလန်ကို အနိုင်ရမယ်လို့ ယုံကြည်နေပါတယ်။ မာရင်အနေနဲ့ အင်တာမီလန်ကို ရင်ဆိုင်ရာမှာ စိုးရိမ်တဲ့အချက် ၁ ချက်ပဲရှိပြီး အဲ့ဒါက ဘာလဲဆိုတော့ ကွင်းလယ်ဒိုင် လွှမ်းမိုးမှုမပါဖို့ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ပွဲမှာ အင်တာမီလန်ဘက်ကို ကွင်းလယ်ဒိုင် မျက်နှာပေးတယ်ဆိုပြီး ဝေဖန်သံတွေ ထွက်ခဲ့ပါတယ်။

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ=============================ဖရက်ဒ်ကို သေချာပေါက်ပွဲထုတ်မယ့် ဆိုးလ်ရှားမ...
27/02/2019

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ
=============================

ဖရက်ဒ်ကို သေချာပေါက်ပွဲထုတ်မယ့် ဆိုးလ်ရှား

မန်ယူနည်းပြ ဆိုးလ်ရှားဟာ ကွင်းလယ်လူများစွာ ဒဏ်ရာရနေတဲ့ ပဲလေ့စ်နဲ့ပွဲမှာ ဖရက်ဒ်က်ု ပွဲထုတ်မယ်လို့ အတည်ပြုလိုက်ပါတယ်။ မာတစ်နဲ့ ဟာရဲရား ဒဏ်ရာရနေတာကြောင့် ပေါင် ၅၂ သန်းနဲ့ခေါ်ယူထားတဲ့ ဖရက်ဒ်ဟာ ပေါ့ဂ်ဘာ၊ တွမ်မီနေးလ်တို့နဲ့အတူ ပွဲထွက်စာရင်းထဲ ပါဝင်လာမှာဖြစ်ပါတယ်။ ဖရက်ဒ်ဟာ ဒီရာသီ ၁၅ ပွဲကစားခဲ့ရာမှာ ၁ ဂိုးသာသွင်းနိုင်သေးပြီး သူနဲ့အတူ ရုန်းကန်နေရတဲ့ နောက်ထပ်တောင်အမေရိကကစားသမား ဆန်းချက်ဇ်လည်း ပဲလေ့စ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရဖွယ်ရှိပါတယ်။

***************************

ဘာစီလိုနာနဲ့ပွဲမှာလည်း ချန်လှပ်ခံရပြန်တဲ့ အစ္စကို

ရီးရဲလ်နည်းပြ ဆိုလာရီနဲ့ အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်လူ အစ္စကိုဟာ ဘာစီလိုနာနဲ့ အရေးကြီးပွဲမှာလည်း ချန်လှပ်ခံရပြန်ပါတယ်။ အခုလို ပွဲကြီးတွေမှာ ဆက်တိုက်ချန်လှပ်ခံရတာကြောင့် ရီးရဲလ်မှာဆက်ရှိဖို့လည်း မသေချာတော့သလောက်ဖြစ်သွားပါတယ်။ ရီးရဲလ်ပရိသတ်တွေကတော့ နည်းပြနဲ့ကစားသမား ပြဿနာကြောင့် အသင်းရလဒ်ထိခိုက်မှာကို စိုးရိမ်သလို အစ္စကိုဆီက အကောင်းဆုံးခြေစွမ်းမရတာကိုလည်း စိတ်ပျက်တေကြပါတယ်။

***************************

ကိုပါအီတာလီယာကို အရဆွတ်ခူးမယ့် ဖီအို

ဖီအိုရင်တီးနားအသင်းရဲ့ ကာလရှည်ဆုဖလား ကင်းမဲ့မှုကို ကိုပါအီတာလီယာဖလားနဲ့ အဆုံးသတ်မယ်လို့ နည်းပြ ပီအိုလီက ဆိုပါတယ်။ ဒီပြိုင်ပွဲမှာ ထိပ်ဆုံး ၃ သင်းလုံး ဆီမီးဖိုင်နယ် မပါဝင်တဲ့ရာသီ တစ်ကြိမ်မှ မရှိခဲ့ဖူးတာကြောင့် ဖီအိုရင်တီးနားအတွက် မဟာအခွင့်အရေးဖြစ်တယ်လို့ ပီအိုလီက ဆိုပါတယ်။ ဖီအိုရင်တီးနားဟာ ပြီးခဲ့တဲ့အဆင့်မှာ ရိုးမားကို ၇-၁ ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့ပါတယ်။

***************************

ဝက်ဖို့ဒ်နဲ့ပွဲကို ဖာမီနို လွဲချော်

လီဗာပူးတိုက်စစ်မှူး ဖာမီနိုဟာ မန်ယူနဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာကြောင့် ဝက်ဖို့ဒ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး အဲဗာတန်နဲ့ပွဲမှာတော့ ပြန်လည်ပါဝင်နိုင်မယ်လို့ သိရပါတယ်။ ဘရာဇီးလက်ရွေးစင် မပါဝင်တာကြောင့် ဆာလက်ဟာ အထောင်တိုက်စစ်မှူးအဖြစ် ပြောင်းလဲကစားရဖွယ်ရှိပြီး ရှာကီရီက ညာခြမ်းမှာ ပွဲထွက်ခွင့်ရဖွယ်ရှိပါတယ်။ လီဗာပူးဟာ အခုဆိုရင် ၂ ပွဲဆက် ဂိုးပေါက်ပျောက်နေပြီး နောက်ဆုံး ၅ ပွဲမှာလည်း နိုင်ပွဲ ၁ ပွဲသာ ရှိထားပါတယ်။

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ=============================မဖြစ်မနေနိုင်ရမယ့်ပွဲလို့ မာကိုဆေးလ်ဗားဆိုရ...
26/02/2019

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ
=============================

မဖြစ်မနေနိုင်ရမယ့်ပွဲလို့ မာကိုဆေးလ်ဗားဆို

ရလဒ်ဆိုးတွေကြောင့် ရာထူးက ထုတ်ပယ်ခံရမယ့် ဖိအားရှိနေတာကို အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားက လက်ခံလိုက်ပြီး ကာဒစ်ဖ်ကွင်းမှာ ကစားရမယ့်ပွဲဟာ မဖြစ်မနေ အနိုင်ရသင့်တဲ့ပွဲလို့ ဆိုလိုက်ပါတယ်။ နောက်ဆုံး ၁၆ ပွဲမှာ ၁၀ ပွဲရှုံးခဲ့တာကြောင့် အဲဗာတန်ဟာ မာကိုဆေးလ်ဗားကို စောင့်ကြည့်လာခဲ့ပြီဖြစ်ပြီး အခုကာဒစ်ဖ်နဲ့ပွဲအတွက် ၂ ပတ် အနားရထားတာကြောင့် ရလဒ်ကောင်းဖို့ မျှော်လင့်ထားပါတယ်။ အဲဗာတန်ဟာ ဒီပွဲပြီးရင် လီဗာပူးနဲ့ မာဆေးဆိုက်ဒါဘီပွဲကစားရပါမယ်။

***************************

ဟက်ဒါဖီးလ်နဲ့ပွဲအတွက် ၀ုဗ်နည်ပြ မစိုးရိမ်

ဝုဗ်အသင်းဟာ ဒီညမှာတွေ့ဆုံမယ့် ဟက်ဒါဖီးလ်ကို ပထမအကျော့မှာ ၂ ဂိုးနဲ့ရှုံးခဲ့ပါတယ်။ ဟက်ဒါဖီးလ်အတွက် အဲ့ဒီပွဲဟာ ဒီရာသီနိုင်ပွဲ ၂ ပွဲထဲက ၁ ပွဲဖြစ်ပြီး ဒီညမှာ ကစားမယ့်ပွဲအတွက် ၀ုဗ်အနေနဲ့ အသာရပါ့မလားဆိုတဲ့ မေးခွန်းတွေရှိနေပေမယ့် နည်းပြ ဆန်တိုကတော့ ယုံကြည်မှုအပြည့်ရှိနေတယ်လို့ ဆိုပါတယ်။ ၀ုဗ်အသင်းမှာ ဒီပွဲအတွက် ဒဏ်ရာရကစားသမားလုံးဝမရှိပဲ ဘုန်းမောက်နဲ့သရေပွဲက လူစာရင်းကို ဆက်လက်အသုံးပြုဖွယ်ရှိပါတယ်။

***************************

အန္တရာယ်ဇုန်ထဲရောက်နေတဲ့ ဘရိုက်တန်

ဘရိုက်တန်ရဲ့ လက်ရှိရပ်တည်မှုဟာ အန္တရာယ်ဇုန်ထဲရောက်နေတယ်လို့ လက်စတာနဲ့ပွဲမတိုင်ခင် နည်းပြ ဟောက်တန်က ပြောကြားလိုက်ပါတယ်။ နှစ်သစ်ကူးပြီး ပရီးမီးယားလိဂ် ၅ ပွဲမှာ ဘရိုက်တန်ဟာ ၁ မှတ်ပဲရသေးတာကြောင့် တန်းဆင်းဇုန်နဲ့ ၃ မှတ်ပဲကွာပါတော့တယ်။ ဒါ့ကြောင့် လက်စတာနဲ့ပွဲမှာ အစွမ်းကုန်ကစားဖို့ ကစားသမားတွေကို
ဟောက်တန်က သတိပေးလိုက်ပါတယ်။

***************************

နောက်တန်းပြဿနာရှိနေတဲ့ လာဖီယို

လာဇီယိုအသင်းဟာ အေစီမီလန်နဲ့ကစားရမယ့် ကိုပါအီတာလီယာပွဲအတွက် ခံစစ်ပြဿနာရှိနေတယ်လို့ နည်းပြ အင်ဇာဂီက ၀န်ခံလိုက်ပါတယ်။ အင်ဇာဂီဟာ ကွင်းလယ်လူ လူးကပ်စ်ကို ဗဟိုခံစစ်ကိုပြောင်းလဲကစားဖို့ရည်ရွယ်ထားရပါတယ်။ တစ်ချိန်တည်းမှာပင် အေစီမီလန်တိုက်စစ်မှူး ပီယာတက်ခ်ဟာ ခြေစွမ်းပြနေတာကြောင့် အသင်းနောက်တန်းအတွက် စိုးရိမ်မိတယ်လို့ အင်ဇာဂီက ဆိုပါတယ်။

***************************

ဖလားဗိုလ်လုပွဲလိုကစားမယ့် ရွန်ဒွန်

နယူးကာဆယ်တိုက်စစ်မှူး ရွန်ဒွန်ဟာ ဘန်လေနဲ့ပွဲကို ဖလားဗိုလ်လုပွဲလို ကစားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဘန်လေဟာ စွမ်းဆောင်ရည် အလွန်ကောင်းနေပြီး စပါးလို အသင်း အနိုင်ယူထားပါတယ်။ ဒါပေမဲ့ ဒီရာသီ ၈ ဂိုးသွင်းယူထားတဲ့ ရွန်ဒွန်ကလည်း ပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်ဖို့ အခုလို အိမ်ကွင်းပွဲမျိုးမှာ အနိုင်ရထားဖို့ လိုတယ်လို့ အသင်းဖော်တွေကို အသိပေးလိုက်ပါတယ်။

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ=============================မိနစ် ၆၀ အတွက်ပဲ ပြင်ဆင်ထားတယ်လို့ ဆာရီပြော...
24/02/2019

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ
=============================

မိနစ် ၆၀ အတွက်ပဲ ပြင်ဆင်ထားတယ်လို့ ဆာရီပြော

ချဲလ်ဆီးနည်းပြ ဆာရီဟာ မန်စီးတီးနဲ့ပွဲမှာ မိနစ် ၆၀ အတွက်သာ ပြင်ဆင်ထားတယ်လို့ ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။ ဒီပွဲမှာ ဂိုးပြတ်ရှုံးခဲ့ရင် ဆာရီဟာ ချဲလ်ဆီးကနေ ထုတ်ပယ်ခံရဖို့ သေချာသလောက်ရှိသွားပါမယ်။ “ ပြီးခဲ့တဲ့တွေ့ဆုံမှုမှာ မိနစ် ၃၀ လောက် ကျွန်တော်တို့ရုန်းကန်ခဲ့ရတယ်။ အဲ့ဒီအချိန် ကျွန်တော် စိုးရိမ်ခဲ့ရပါတယ်။ အသင်းက ယုံကြည်မှုလည်း ပျောက်ဆုံးနေတယ်လေ။ ဒါ့ကြောင့် အခုပွဲအတွက် မိနစ် ၆၀ မှာ အကောင်းဆုံးကစားဖို့ပဲ ပြင်ဆင်ထားပါတယ်။ ဒီ့ထက်ပိုလိုချင်ပေမယ့် ဒီဟာကိုပဲ အကောင်းဆုံးလုပ်ဆောင်ချင်ပါတယ် “ လို့ ဆာရီက ဆိုပါတယ်။

***************************

မန်ယူကို မလွယ်ကူနိုင်ဘူးလို့ ဟန်ဒါဆန် ၀န်ခံ

လီဗာပူးအနေနဲ့ လက်ရှိ မန်ယူအသင်းကို ရင်ဆိုင်ရာမှာ ဒီရာသီအစောပိုင်းကလောက် မလွယ်ကူနိုင်ဘူးလို့ အသင်းခေါင်းဆောင် ဟန်ဒါဆန်က ၀န်ခံလိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂ လလောက်က ၁၈ ပွဲမှာ ၆ ပွဲသာ နိုင်ပြီး နည်းပြနဲ့ အဆင်မပြေ၊ အသင်းယုံကြည်မှု ပျောက်ဆုံးနေတဲ့ မန်ယူကို လီဗာပူးက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ အဝေးကွင်းဖြစ်နေတဲ့အတွက်လည်း ဟန်ဒါဆန်က “ မတူညီတဲ့ ယူနိုက်တက်ကို ရင်ဆိုင်ရမှာပါ။ သူတို့ဟာ အရာအားလုံးပြောင်းလဲနေပါပြီ။ ချဲလ်ဆီးနဲ့ပွဲမှာဆို ဘယ်လိုအနိုင်ယူရလဲဆိုတာ နားလည်ခဲ့ပါတယ် “ လို့ ဆိုခဲ့ပါတယ်။

***************************

တိုက်စစ်ဖျော်ဖြေမယ့်ပွဲလို့ ဖီအိုနည်းပြ ပီအိုလီပြော

အင်တာမီလန်နဲ့ကစားမယ့်ပွဲဟာ တိုက်စစ် ၂ သင်းဖျော်ဖြေမယ့် ပွဲကောင်းဖြစ်လာနိုင်တယ်လို့ ဖီအိုရင်တီးနားနည်းပြ ပီအိုလီက ဆိုပါတယ်။ အင်တာမီလန်ဟာ တိုက်စစ်မှူး အိုင်ကာဒီ မပါဝင်လည်းပဲ လက်ရှိမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေပါတယ်။ ပီအိုလီဟာ ဗုဒ္ဒဟူးနေ့မှာ ရိုးမားနဲ့ကစားဖို့ရှိတဲ့ ကိုပါအီတာလီယာပွဲစဉ်ကြောင့် ကစားသမားအချို့ကို အနားပေးဖွယ်ရှိနေပါတယ်။

***************************

ဆက်ဆူအိုလိုနဲ့ပွဲမှာ စပယ်လ်နည်းပြ ပါဝင်နိုင်မှာမဟုတ်

စပယ်လ်နည်းပြ ဆမ်ပလစ်ဆီဟာ အစာအိမ်ရောဂါကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့က ဆေးရုံမှာ အရေးပေါ်ကုသခဲ့ရပြီး ဒီညပွဲမှာလည်း ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ သူဟာ ခွဲစိတ်ကုသမှုခံယူခဲ့တဲ့အထိ လိုအပ်ခဲ့တာကြောင့် ဆေးရုံကနေ လွယ်လွယ်နဲ့ ဆင်းနိုင်ဦးမှာ မဟုတ်ပါဘူး။ စပယ်လ်အသင်းဟာ နည်းပြ ဆမ်ပလစ်ဆီရဲ့ အခြေအနေ အားလုံးကောင်းမွန်နေပြီလို့ အတည်ပြုခဲ့ခြင်းနဲ့အတူ လက်ထောက်နည်းပြ ကွန်ဆူမီ ကိုင်တွယ်မယ်လို့ ကြေညာခဲ့ပါတယ်။

***************************

ဂျူဗင်တပ်ကို အနိုင်ယူမယ်လို့ မီဟိုင်းလိုဗစ် ကြွေးကြော်

ဘိုလော့ဂ်နာနည်းပြ မီဟိုင်းလိုဗစ်ဟာ ယနေ့ညမှာ ဂျူဗင်တပ်ကို အက်သလက်တီကိုရဲ့ စိတ်ဓာတ်မျိုးနဲ့ အနိုင်ယူသွားမယ်လို့ ဆိုပါတယ်။ ဂျူဗင်တပ်ဟာ စီးရီးအေမှာ ရှုံးပွဲမရှိသေးဘဲ အမှတ်ပေးဇယားထိပ်မှာ ၁၃ မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်ဟာ ရှုံးပွဲမရှိတဲ့အသင်းမဟုတ်ဘူးဆိုတာကို အက်သလက်တီကိုက ပြသလိုက်တဲ့အတွက် ဒါဘီပွဲ ၁ ပွဲလို ကစားသွားမယ်လို့ မီဟိုင်းလိုဗစ်က ပြောပါတယ်။ ဒါပေမဲ့ သူ့အသင်းမှာတော့ တိုက်စစ်မှူးတွေဖြစ်တဲ့ ပလာစီယို၊ ဒက်စ်ထရို၊ မက်တီရယ်တို့ ပါဝင်နိုင်မှာ မဟုတ်သေးပါဘူး။

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ=============================ဘန်လေနဲ့ပွဲမှာ ဟာရီကိန်း ပါဝင်ဖို့ မသေချာစပ...
23/02/2019

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ
=============================

ဘန်လေနဲ့ပွဲမှာ ဟာရီကိန်း ပါဝင်ဖို့ မသေချာ

စပါးနည်းပြ ပိုချက်တီနိုဟာ ဒဏ်ရာက ပြန်ကောင်းလာတဲ့ ဟာရီကိန်းကို ဘန်လေနဲ့ပွဲမှာ ထည့်သွင်းအသုံးပြုဖို့ မသေချာသေးဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ အသက် ၂၅ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ဟာ မတ်လအထိ အနားယူရမယ်လို့ ခန့်မှန်းခံထားရပေမယ့် စောလျင်စွာ ပြန်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကြားရက်မှာ ချဲလ်ဆီး၊ ပြီးရင်
အာဆင်နယ်တို့နဲ့ပွဲစဉ်တွေရှိတာကြောင့် အရဲစွန့်မသုံးဖို့ ပိုချက်တီနိုက ရည်ရွယ်ထားပါတယ်။

***************************

ရိုးမားတွင် ရှဟစ်နဲ့ အန်ဒါတို့ မပါဝင်

ဖရိုစီနိုနီကွင်းသို့ သွားရောက်ကစားမယ့် ရိုးမားအသင်းမှာ လူငယ်တိုက်စစ်သမား ၂ ဦးဖြစ်တဲ့ ရှဟစ်နဲ့ အန်ဒါတို့ ပါဝင်မှာ မဟုတ်ပါဘူး။ တူရကီသား အန်ဒါဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေပေမယ့်လည်း အနားပေးခံရတာဖြစ်ပြီး ကာဒရော့လည်း ဒဏ်ရာရနေပါတယ်။ နည်းပြ အူစီဘီယိုကတော့ ၃-၅-၂ ကစားကွက်နဲ့ အဆင်ပြေတဲ့အတွက်
ဆက်လက်အသုံးပြုမယ်လို့ ဆိုပါတယ်။

***************************

ဟာသာဘာလင်ကို အနိုင်ရဖို့ အရေးကြီး

ဒီတစ်ပတ် ဘွန်ဒက်စ်လီဂါမှာ ဒေါ့မန်ဟာ လေဗာကူဆင်နဲ့ ပွဲကျပ်ကစားရမှာဖြစ်လို့ ဟာသာဘာလင်ကို အနိုင်ယူပြီး အခွင့်ကောင်းယူထားဖို့ လိုတယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြ
ကိုဗက်က ဆိုပါတယ်။ ဒီပွဲအတွက် ဘိုင်ယန်မြူးနစ်မှာ ရော်ဘင်၊ ဂိုရက်ဇ်ကာနဲ့ ဟမ်မဲလ်ကလွဲရင် အဓိကကစားသမားတွေ အားလုံးဒဏ်ရာကင်းစင်နေပါတယ်။ လီဗာပူးနဲ့ပွဲကလို
ပေးဂိုးမရှိခံစစ်ကို ထပ်မံလိုချင်တယ်လို့ သူက ကစားသမားတွေကို သတိပေးထားပါတယ်။

***************************

ရိုးမားကို ပိတ်ကစားမှာမဟုတ်တဲ့ ဖရိုစီနိုနီ

ဖရိုစီနိုနီအသင်းဟာ ရိုးမားနဲ့ပွဲမှာ ခံစစ်ကစားမှာမဟုတ်ဘဲ အပြန်အလှန်တိုက်စစ်ဆင်သွားမယ်လို့ နည်းပြ မာကိုဘာရိုနီက ဆိုပါတယ်။ သူ့ရဲ့အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဂျူဗင်တပ်ကို ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။ ဖရိုစီနိုဟာ ရိုးမားရဲ့ ရောမပြိုင်ဘက် လာဇီယိုကို အိမ်ကွင်းမှာ နောက်ဆုံးလက်ခံကစားတုန်းကလည်း ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ဖူးပါတယ်။ ရိုးမားနဲ့ပွဲအတွက် ဖရိုစီနိုနီအသင်းမှာ ဒဏ်ရာရသူ ၃ ဦးရှိနေပါတယ်။

***************************

ဒူဘရာကာကို ဆက်လက်ယုံကြည်မယ့် ဘင်နီတက်ဇ်

ဂိုးသမား ဒူဘရာကာဟာ ပြီးခဲ့တဲ့ပွဲတွေမှာ လက်စွမ်းတည်ငြိမ်မှု သိပ်မရှိခဲ့ပေမယ့် ဟက်ဒါဖီးလ်နဲ့ပွဲမှာ ဆက်လက်ယုံကြည်စွာ ပွဲထုတ်မယ်လို့ နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်က ဆိုပါတယ်။ ဆလိုဗေးနီးယားဂိုးသမားဟာ ၀ုဗ်နဲ့သရေပွဲတုန်းက ပွဲချိန် ၉၄ မိနစ်မှာ ပေးလိုက်ရတဲ့ ချေပဂိုးအတွက် ဝေဖန်ခံနေရပါတယ်။ ဒါပေမဲ့ ဘင်နီတက်ဖ်ကတော့ ဆက်လက်ယုံကြည်ဆဲဖြစ်ပြီး စံချိန်တင်ကြေးနဲ့ခေါ်ယူထားတဲ့ အဲလ်မီရွန်ကိုလည်း ပွဲထုတ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ=============================အမ်ပိုလီကို လျှော့မတွက်ဖို့ ဂတ်တူဆို သတိပေး...
22/02/2019

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ
=============================

အမ်ပိုလီကို လျှော့မတွက်ဖို့ ဂတ်တူဆို သတိပေး

အေစီမီလန်နည်းပြ ဂတ်တူဆိုဟာ ယနေ့ညမှာ အိမ်ကွင်းလာကစားမယ့် အမ်ပိုလီကို လျှော့မတွက်ဖို့ ကစားသမားတွေကို သတိပေးလိုက်ပါတယ်။ ဂျီနိုအာက ရောက်ရှိလာပြီးနောက် အသင်းအတွက် ပွဲတိုင်းဂိုးသွင်းပေးနေတဲ့ ပီယာတက်ခ်နဲ့အတူ အေစီမီလန်ဟာ အခုအိမ်ကွင်းပွဲမှာ အနိုင်ရဖို့ ရေပန်းစားနေပါတယ်။ ဒါပေမဲ့ ရာသီပြီးဆုံးဖို့ နီးကပ်လာတာနဲ့အမျှ တန်းဆင်းဇုန်အသင်းတွေကို သတိထားကစားရမှာဖြစ်ပြီး ကက်ဂလီယာရီနဲ့ပွဲကလို ပွဲအစ ၁ မိနစ်တည်းက အာရုံစိုက်ဖို့လိုတယ်လို့ ဂတ်တူဆိုက ဆိုပါတယ်။

***************************

ဖူလ်ဟမ်နဲ့ပွဲမှာပွဲထွက်နိုင်မယ့် လန်ဇီနီနဲ့ နာဆရီ

ဝက်စ်ဟမ်းကွင်းလယ်လူ ၂ ဦးဖြစ်တဲ့ လန်ဇီနီနဲ့ နာဆရီတို့ဟာ ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ပွဲထွက်နိုင်မယ်လို့ သိရပါတယ်။ အာဂျင်တီးနားကွင်းလယ်လူ လန်ဇီနီဟာ ၇ လကြာအနားယူခဲ့ရတာဖြစ်ပြီး နာဆရီဟာလည်း တံကောက်ကြောဒဏ်ရာကြောင့် ၃ ပွဲသာ ကစားပေးနိုင်ပါသေးတယ်။ အခုတော့ ၂ ဦးလုံးဟာ လေ့ကျင့်ခန်းအပြည့်အ၀ ပြန်ဆင်းနိုင်ပြီဖြစ်လို့ ဖူလ်ဟမ်နဲ့ပွဲမာ ပါဝင်နိုင်မယ်လို့ နည်းပြ ပယ်လီဂရီနီက အတည်ပြုပါတယ်။

***************************

ကြံ့ခိုင်မှုအသားပေးမှသာ မီလန်ကို အနိုင်ရမယ်

အမ်ပီုလီအသင်းဟာ ဆက်ဆူအိုလိုကို အိမ်ကွင်းမှာ အနိုင်ရခဲ့တာကြောင့် တန်းဆင်းဇုန်ကနေ ယာယီလွတ်မြောက်ခဲ့ပြီး အေစီမီလန်ကွင်းမှာ အနိုင်ရချင်ရင် ကြံ့ခိုင်မှုအသားပေးကစားဟန်ကို အပြင်းအထန် ကစားဖို့လိုတယ်လို့ နည်းပြ အိုင်ချီနီက ဆိုပါတယ်။ " အေစီမီလန်ဟာ အရေးပါတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပြီးနောက် အသင်းကောင်းပြန်ဖြစ်နေတာပါ။ ကျွန်တော်တို့ တွေဝေစွာ ကစားမယ်ဆိုရင် နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး " လို့ အိုင်ချီနီက ဆိုပါတယ်။

***************************

တန်းမဆင်းရဖို့ ကစားသမားတွေ ယုံကြည်မှုအပြည့်ရှိနေ

ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရဖို့ ဖူလ်ဟမ်ရဲ့ အရေးပါတဲ့အချက်ဟာ ကစားသမားတွေ ယုံကြည်မှုရှိနေတာပဲ ဖြစ်တယ်လို့ နည်းပြ ရာနီရေရီက ဆိုပါတယ်။ ဖူလ်ဟမ်အသင်းဟာ ၂ ပတ်လောက်အနားယူခဲ့ရပြီးနောက် ယနေ့ညမှာ ၀က်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာပါ။ " လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေ မြင်ရဖို့ တန်းမဆင်းရဖို့ကို ယုံကြည်မှုအပြည့်ရှိနေသလိုပဲ။ ဒါကို ၀က်စ်ဟမ်း၊ ဆောက်သမ်တန်၊ ချဲလ်ဆီးတို့နဲ့ပွဲတွေမှာ တွေ့ရနိုင်ပါတယ် " လို့ ၂၀၀၇ ခုနှစ်က ပါးမားကို တန်းဆင်းဇုန်က လွတ်အောင်စွမ်းဆောင်ပေးဖူးတဲ့ ရာနီရေရီက ပြောပါတယ်။

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ=============================မဲလ်မိုပွဲမှာ ကီပါ မပါဝင်ချဲလ်ဆီးဂိုးသမား က...
21/02/2019

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ
=============================

မဲလ်မိုပွဲမှာ ကီပါ မပါဝင်

ချဲလ်ဆီးဂိုးသမား ကီပါဟာ မန်ယူနဲ့ပွဲမှာ လက်ချောင်းဒဏ်ရာရခဲ့တာကြောင့် မဲလ်မိုနဲ့ ယူရိုပါလိဂ်အိမ်ကွင်းပွဲအပြင် မန်စီးတီးနဲ့ကစားရမယ့် လိဂ်ဖလားဗိုလ်လုပွဲပါ မသေချာဘူးလို့ သိရပါတယ်။ ဖိအားဒဏ်ခံနေရတဲ့ ချဲလ်ဆီးနည်းပြ ဆာရီအတွက် စပိန်ဂိုးသမားအပြင် ပီဒရိုကလည်း အစာအိမ်ရောင်နေလို့ မကစားနိုင်ဘူးဖြစ်နေပါတယ်။ ချဲလ်ဆီးဟာ ဥရောပပွဲနောက်ဆုံးအိမ်ကွင်း ၆ ပွဲဆက် အနိုင်ရထားပါတယ်။

***************************

ဗလန်စီယာတွင် အဓိကကစားသမား ၃ ဦးမပါဝင်

ဆဲလ်တစ်ကို အိမ်ကွင်းမှာလက်ခံကစားရမယ့် ဗလန်စီယာမှာ အဓိကကစားသမား ၃ ဦးလွဲချော်မှာဖြစ်ပြီး ၁၇ ဦးသာ လေ့ကျင့်ခန်းဆင်းနိုင်တယ်လို့ သိရပါတယ်။ မပါဝင်နိုင်တဲ့ ၃ ဦးကတော့ မိုရီနို၊ ပေါလစ္စတာနဲ့ ပီချီနီတို့ပါ။ တိုက်စစ်မှူး မိုရီနိုဟာ ဘယ်ဘက်ခြေချောင်းဒဏ်ရာကြောင့် ပထမအကျော့ရော ပြီးခဲ့တဲ့ ဗလန်စီယာနဲ့ပွဲကိုပါ လွဲချော်ခဲ့တာပါ။ အဓိကဂိုးသမား နက်တိုလည်း ဗြိတိန်ပွဲစဉ်မှာ လက်ချောင်းဒဏ်ရာရခဲ့ပေမယ့် အက်စ်ပန်ညိုနဲ့ပွဲမှာပဲ ပါဝင်နိုင်ခဲ့လို့ အခုပွဲမှာလည်း ဆက်လက်ပွဲထွက်ခွင့်ရဖွယ်ရှိပါတယ်။

***************************

အိုဇေးလ်၊ ဆိုကရာတစ်တို့ ပွဲထွက်လာမယ့် အာဆင်နယ်

အာဆင်နယ်ဟာ ဘိုရီဆော့ဗ်နဲ့ အိမ်ကွင်းအရေးကြီးပွဲစဉ်မှာ နောက်ဆုံးပွဲထွက်လူစာရင်းကို ၄ ဦးအပြောင်းအလဲလုပ်ပြီး အိုဇေးလ်နဲ့ ဆိုကရာတစ်ကို ပွဲထုတ်မယ်လို့ သိရပါတယ်။ ဂိုးသမားနေရာမှာ ယူရိုပါလိဂ်မှာ အမြဲပွဲထွက်တဲ့ ပီတာချက်ပါဝင်မှာဖြစ်ပြီး နောက်တန်းမှာတော့ ဆိုကရာတစ်နဲ့ ကိုစီရယ်နီတို့ တွဲကစားမယ်လို့ သိရပါတယ်။ တိုက်စစ်မှာတော့ လာကာဇက် ပွဲပယ်ခံထားရတာကြောင့် အူဘာမီယန်ကို အထောင်ထားပြီး အိုဇေးလ်၊ ခီတာရန်၊ အီဝိုဘီတို့က နောက်ကနေ ၀န်းရံမှာဖြစ်ပါတယ်။ ပထမအကျော့မှာ ၁-၀ ဂိုးနဲ့ရှုံးထားတာကြောင့် အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်မှာ နောက်တစ်ဆင့် တက်လှမ်းမှာပါ။

***************************

ဆဲလ်တစ်အတွက် အကောင်းဆုံးပေးဆပ်မယ့် စကော့ဘရောင်း

ဆဲလ်တစ်အသင်းခေါင်းဆောင် စကော့ဘရောင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲကနေ စောစီးစွာမထွက်သွားရဖို့ ဗလန်စီယာကွင်းမှာ အကောင်းဆုံးခြေစွမ်းနဲ့ ပေးဆပ်မယ်လို့ ဆိုပါတယ်။ စကော့တလန်အမှတ်ပေးချန်ပီယံအသင်းဟာ စပိန်မြေမှာ ဥရောပနိုင်ပွဲမရဖူးပါဘူး။ ပထမအကျော့အိမ်ကွင်းမှာ ၂-၀ ဂိုးနဲ့ရှုံးထားပေမယ့် ကွင်းလယ်လူ စကော့ဘရောင်းကတော့ အကောင်းဆုံးရလဒ်ကို ယူဆောင်စေရမယ်လို့ ယုံကြည်ထားပါတယ်။

***************************

အင်တာမီလန်လူစာရင်းမှာ အိုင်ကာဒီ လွဲချော်ဆဲ

ဒူးဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပေမယ့်လည်း ရက်ပစ်ဝီယန်နဲ့ကစားမယ့် အင်တာမီလန်ရဲ့ ယူရိုပါလိဂ်လူစာရင်းမှာ အိုင်ကာဒီ လွဲချော်ဆဲဖြစ်ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ အသင်းခေါင်းဆောင်အဖြစ် ဖယ်ရှားခံရပြီးနောက် လူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပြီး ဒူးဒဏ်ရာကြောင့်လို့ ထင်ခဲ့ကြပေမယ့် အခုတော့ အသင်းနဲ့ အဆင်မပြေတာ ထင်ရှားနေပါတယ်။ နည်းပြ စပယ်လက်တီကလည်း အိုင်ကာဒီအနေနဲ့ ပြန်ကစားဖို့အတွက် လူမူကွန်ယက်တွေမှာ စကားပြောတာလျှော့ဖို့ သတိပေးထားပါတယ်။

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ=============================စီရော်နယ်ဒိုဟာ အားသာချက်ပဲလို့ အယ်လီဂရီဆိုဂ...
20/02/2019

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ
=============================

စီရော်နယ်ဒိုဟာ အားသာချက်ပဲလို့ အယ်လီဂရီဆို

ဂျူဗင်တပ်အသင်းဟာ စီးရီးအေထက် ချန်ပီယံလိဂ်ကို ပိုမိုအလေးထားတယ်လို့ နည်းပြ အယ်လီဂရီက ၀န်ခံလိုက်ပြီး စီရော်နယ်ဒိုကို ပိုင်ဆိုင်ထားတဲ့အတွက် အားသာချက်ဖြစ်စေတယ်လို့ ဆိုပါတယ်။ စီရော်နယ်ဒိုဟာ ရီးရဲလ်ကစားသမားအဖြစ် ပြိုင်ပွဲအားလုံးမှာ အက်သလက်တီကိုနဲ့ ၃၁ ပွဲရင်ဆိုင်ခဲ့ရာမှာ ၂၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လောလောဆယ်မှာလည်း စီးရီးအေ ၂၄ ပွဲမှာ ၁၉ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ထားပါတယ်။ ဂျူဗင်တပ်ရင်ဆိုင်ရမယ့် အက်သလက်တီကိုဟာ နောက်ဆုံး ၅ ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၂ ကြိမ်တက်လှမ်းခဲ့နိုင်ပါတယ်။

***************************

ရှော်ကေးကွင်းမှာ ရုန်းကန်ရနိုင်တယ်လို့ ဂွါဒီယိုလာသတိပေး

မန်စီးတီးအသင်းဟာ ယနေ့ည အဝေးကွင်းပွဲမှာ အနိုင်ရဖို့ ရေပန်းစားပေမယ့် ရှော်ကေးမှာ အသင်းကို အန္တရာယ်ပေးနိုင်တဲ့ အရည်အသွေးတွေရှိတယ်လို့ ဂွါဒီယိုလာက ကစားသမားတွေကို သတိပေးလိုက်ပါတယ်။ ဒါပေမဲ့လည်း ရှော်ကေးဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၂ ရပ်တည်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ အဆင့် ၁၄ မှာ ရပ်တည်နေပြီး ဒီရာသီမှာ ခြေစွမ်းမတည်ငြိမ်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဆောင်းရာသီအနားရထားဟာ ဘွန်ဒက်စ်လီဂါအသင်းတွေရဲ့ အခြားအသင်းနဲ့မတူတဲ့ အားသာချက်ဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။

***************************

ကွင်းလယ်ပြဿနာရှိနေတဲ့ ရှော်ကေး

မန်စီးတီးရဲ့ရင်သပ်ရှုမောဖွယ်ရာ တိုက်စစ်ကို ရင်ဆိုင်မယ့် ရှော်ကေးဟာ အဓိကကွင်းလယ်လူ ၃ ဦးမပါဝင်နိုင်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ စပါးကွင်းလယ်လူဟောင်းတွေဖြစ်ကြတဲ့ ဘန်တာလက်နဲ့ စတန်ဘောလီတို့ဟာ ဒဏ်ရာတွေရနေကြသလို အသက် ၂၆ နှစ်ရှိ မက်စ်ကာရယ်ကလည်း ပွဲပယ်ခံထားရတာကြောင့် ကွင်းလယ်အဖျက်မှာ ပြဿနာရှိနေတာပါ။ ဒါ့ကြောင့် ယူရို ၁၆.၅ သန်းနဲ့ အသင်းကိုရောက်လာတာ ၁၁ ရက်ပဲရှိသေးတဲ့ နောက်ခံလူ ရူဒီကို ကွင်းလယ်မှာ ပြောင်းလဲအသုံးပြုရပါတော့မယ်။

***************************

ဂျီးဆပ်စ်၊ စတုန်း၊ မန်ဒီတို့ မန်စီးတီးမှာ မပါဝင်

ရှော်ကေးကို ရင်ဆိုင်မယ့် မန်စီးတီးလူစာရင်းမှာ ဂျီးဆပ်စ်၊ စတုန်းနဲ့ မန်ဒီတို့ဟာ ဒဏ်ရာကြောင့် ချန်လှပ်ခံခဲ့ရပါတယ်။ ဂျီးဆပ်ဟ်နဲ့ စတုန်းတို့ဟာ ကြွက်သားဒဏ်ရာရရှိနေကြပြီး အနည်းဆုံး အခုပွဲကိုလွဲချော်ဖို့ လိုအပ်ခဲ့တာပါ။ ပြင်သစ်နောက်ခံလူ မန်ဒီကတော့ လေ့ကျင့်ခန်းပြင်ဆင်းနေပြီဖြစ်ပေမယ့် အရဲစွန့်မသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်းတို့ ၃ ဦးအပြင် ဒဲလ်ဖ်လည်း မန်ချက်စတာမှာပဲ နေရစ်ခဲ့ရပါတယ်။

***************************

ပွဲချိန်ပြည်ကစားရန် ကော်စတာ ကြံ့ခိုင်မှုမရှိ

အက်သလက်တီကိုတိုက်စစ်မှူး ကော်စတာဟာ ဗယ်လီကာနိုနဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပေမယ့်လည်း ဂျူဗင်တပ်နဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ဖို့ ကြံ့ခိုင်မှုမလုံလောက်သေးကြောင်း နည်းပြ ဆီမြွန်နီက အတည်ပြုပါတယ်။ ဒါ့ကြောင့် ဂျူဗင်တပ်တိုက်စစ်မှူးဟောင်း မိုရာတာကို ဂရစ်ဇ်မန်းနဲ့အတူ ပွဲထုတ်ဖွယ်ရှိနေပါတယ်။ ကော်စတာဟာ ခြေချောင်းဒဏ်ရာခွဲစိတ်ခဲ့ရတာကြောင့် ၂ လနီးပါး အနားယူခဲ့ရပါတယ်။ ဒါပေမဲ့ ကာလကြာရှည် အနားယူခဲ့ရတဲ့ ကွင်းလယ်လူ ကိုကီ ပြန်လည်ပွဲထွက်နိုင်ဖွယ်ရှိပါတယ်။

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ=============================လီဗာပူး-ဘိုင်ယန်ပွဲကို လိုင်နင်ကာ ဘယ်လိုခန်...
19/02/2019

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ
=============================

လီဗာပူး-ဘိုင်ယန်ပွဲကို လိုင်နင်ကာ ဘယ်လိုခန့်မှန်းထားလဲ

ယနေ့ညမှာတွေ့ဆုံမယ့် လီဗာပူး-ဘိုင်ယန်ပွဲနဲ့ပတ်သက်ပြီး အင်္ဂလန်တိုက်စစ်မှူးဟောင်း လိုင်နင်ကာက အခုလို ခန့်မှန်းထားပါတယ်။ “ ဘိုင်ယန်က ဒီရာသီမှာ ခြေစွမ်းမငြိမ်ပါဘူး။ အပြောင်းအလဲတွေများပြီး ကိုဗက်ဟာ အကောင်းဆုံးအသင်းကို ရှာနေဆဲပါ။ လီဗာပူးကတော့ အရမ်းကောင်းပြီးသားပါ။ ပြီးခဲ့တဲ့ရာသီကထက်လည်း ပိုကောင်းလာပါတယ် “ လို့ လိုင်နင်ကာက ဆိုပါတယ်။ လီဗာပူးနဲ့ဘိုင်ယန် ဥရောပပြိုင်ပွဲမှာ နောက်ဆုံးတွေ့ခဲ့တာကတော့ ၂၀၀၁ ခုနှစ်ကဖြစ်ပြီး ဥရောပစူပါဖလားမှာ လီဗာပူးက ၃-၂ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

***************************

မက်ဆီကို စီရော်နယ်ဒိုလောက် လိုင်ယွန်ဥက္ကဌ အထင်မကြီး

လိုင်ယွန်ဥက္ကဌ အော်လက်စ်ဟာ ယနေ့ညမှာ ထိန်းချုပ်ရမယ့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို စီရော်နယ်ဒိုလောက် အထင်မကြီးဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။ လိုင်ယွန်အသင်းဟာ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဖီကီယာမပါဘဲ စပိန်အင်အားကြီးကို ရင်ဆိုင်ရမှာပါ။ “ စီရော်နယ်ဒိုဟာ ကျွန်တော်တို့အသင်းကို ဒုံးပျံကန်ချက်နဲ့ နောက်ကောက်ချဖူးပါတယ်။ မက်ဆီကတော့ ကျွန်တော်တို့ကို အထင်ကြီးစရာမှတ်တမ်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ သူဖျားပြီးမပါနိုင်ဖို့တော့ ဆုတောင်းမိပါတယ် “ လို့ အော်လက်စ်က ဆိုပါတယ်။

***************************

လီဗာပူး ရေပန်းစားတယ်လို့ ကင်မစ်ခ်ျ ၀န်ခံ

ဘိုင်ယန်နောက်ခံလူ ကင်မစ်ခ်ျဟာ အန်ဖီးလ်ပွဲမှာ သူတို့အသင်း ရုန်းကန်ရနိုင်တယ်လို့ ၀န်ခံလိုက်ပါတယ်။ ဘိုင်ယန်ဟာ ၀ါရင့်နောက်ခံလူ ဘိုတန် မပါဝင်ပဲ လီဗာပူးကို ရင်ဆိုင်ရမှာပါ။ ဒီပွဲမှာ လီဗာပူး ရေပန်းစားတဲ့အချက်ကလည်း ဘိုင်ယန်ရဲ့ အားနည်းချက်ကြောင့်ပဲ ဖြစ်တယ်လို့ ကင်မစ်ခ်ျက ဆိုပါတယ်။ “ ဒီရာသီမှာ ကျွန်တော်တို့ ခြေစွမ်းအတက်အကျများလွန်းပြီး တိုးတက်ဖို့လိုအပ်ချက်တွေရှိနေပါတယ်။ ကိုယ့်ရဲ့အားနည်းချက်ကြောင့် ပြိုင်ဘက်အားသာနေတဲ့သဘောပါ “ လို့ ကင်မစ်ခ်ျက ဆိုပါတယ်။

***************************

ပြီးခဲ့တဲ့ရာသီကလို အဖြစ်မခံနိုင်တဲ့ ဗယ်ဗာဒီ

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ ပြီးခဲ့တဲ့ရာသီကလို အဝေးကွင်းရလဒ်ဆိုးနဲ့ ပြိုင်ပွဲကနေ စောစီးစွာထွက်ရတာမျိုး အဖြစ်မခံနိုင်ဘူးလို့ နည်းပြ ဗယ်ဗာဒီက ဆိုပါတယ်။ ပြီးခဲ့တဲ့ရာသီကွာတားဖိုင်နယ်မှာ ဘာစီလိုနာဟာ ရိုးမားကို အိမ်ကွင်းမှာ ၄-၁ ဂိုးနဲ့အနိုင်ရပြီးမှ ရောမမှာ ၃-၀ ဂိုးနဲ့ရှုံးပြီး ပြိုင်ပွဲကနေ ဆိုးရွားစွာထွက်ခဲ့ရတာပါ။ အဲ့ဒီဖြစ်ရပ်ဟာ ဘာစီလိုနာအတွက် ယခုအထိ သင်ခန်းစာကောင်းဖြစ်နေဆဲမို့ လိုင်ယွန်ကွင်းမှာ ဂရုစိုက်ကစားမယ်လို့ ဗယ်ဗာဒီက ဆိုပါတယ်။

***************************

ဖာဘင်ဟိုကို ဗဟိုခံစစ်ပြောင်းသုံးမယ့် ကလော့ပ်

လီဗာပူးနည်းပြ ကလော့ပ်ဟာ ဘိုင်ယန်နဲ့ပွဲမှာ နောက်တန်းပြဿနာရှိနေတာကြောင့် ဖာဘင်ဟိုကို ဗဟိုခံစစ်မှာ ပြောင်းလဲအသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ ဘရာဇီးကွင်းလယ်လူဟာ ဒီရာသီမှာ ကလော့ပ်လိုအပ်နေတဲ့ နေရာမျိုးမှာ ပါဝင်ကစားနေရပါတယ်။ ဒီပွဲအတွက် လီဗာပူးမှာ ဗန်ဒစ်ခ်ျ ပွဲပယ်ခံထားရသလို လိုဗရန်ကလည်း ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ဖာဘင်ဟိုကို အသုံးပြုဖို့လိုအပ်လာခဲ့တာပါ။ ခံစစ်အစွန်လူ ဂျိုးလ်ဂိုမက်ဇ်လည်း ဒဏ်ရာကြောင့်လွဲချော်မှာဖြစ်လို့ လီဗာပူးနောက်တန်းပြဿနာဟာ စိုးရိမ်စရာအလွန်ကောင်းနေပါတယ်။

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ=============================မန်ယူကိုမကျော်ဖြတ်နိုင်လျှင် ဆာရီ ထုတ်ပယ်ခံ...
17/02/2019

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ
=============================

မန်ယူကိုမကျော်ဖြတ်နိုင်လျှင် ဆာရီ ထုတ်ပယ်ခံရဖွယ်ရှိ

ချဲလ်ဆီးအသင်းဟာ အက်ဖ်အေဖလားမှာ မန်ယူကို မကျော်ဖြတ်နိုင်လျှင် နည်းပြ ဆာရီကို ထုတ်ပယ်သွားမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။ မန်စီးတီးကို အရှက်ရဖွယ်ရှုံးပြီးနောက်ပိုင်း ဆာရီဟာ ထုတ်ပယ်ခံရမယ့် နည်းပြစာရင်းမှာ ထိပ်ဆုံးကပြေးနေပြီး သူ့ရဲ့ ဂျော်ဂျင်ဟိုနဲ့ ကန်တီတို့ အသုံးပြုပုံကို ကစားသမားတွေကိုယ်တိုင်က မနှစ်သက်ဘူးလို့ သိရပါတယ်။ စီနီယာကစားသမားထဲက တစ်ဦးက ဖွင့်ဟရာမှာ ဆာရီရဲ့အနာဂတ်ဟာ မန်ယူ၊ မန်စီးတီးနဲ့ ၂ ပွဲဆက်ရလဒ်က အဓိကကျတယ်လို့ သိရပါတယ်။

***************************

၉၉ စိတ်ဓာတ်နဲ့ ချဲလ်ဆီးကို ကျော်ဖြတ်မယ့် ဆိုးလ်ရှား

မန်ယူနည်းပြ ဆိုးလ်ရှားဟာ ၁၉၉၉ ခုနှစ်မှာ ဆုဖလား ၃ လုံးဆွတ်ခူးစဉ် အက်ဖ်အေဖလားမှာ အသင်းကြီးတွေကို ကျော်ဖြတ်ခဲ့ဖူးတဲ့ စိတ်ဓာတ်မျိုးနဲ့ ချဲလ်ဆီးကို ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။ ဆိုးလ်ရှားပါဝင်တဲ့ အဲ့ဒီတုန်းက မန်ယူအသင်းဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးကို အနိုင်ယူပြီး အာဆင်နယ်နဲ့ လီဗာပူးတို့ကိုလည်း ကျြော်ဖတ်ခဲ့တာပါ။ ဒါပေမဲ့ ဒီပွဲမှာ လင်ဂတ်၊ မာရှယ်တို့လို အဓိကကစားသမားတွေ လွဲချော်မယ့်အပြင် ဂိုးသမားနေရာမှာ ရိုမီယိုကို သုံးမယ်လို့လည်း သိရပါတယ်။

***************************

နုရင်ဘတ်နဲ့ပွဲမှာ ပူလီဆစ် ပါဝင်မှာမဟုတ်

ဒေါ့မန်ကွင်းလယ်လူ ပူလီဆစ်ဟာ စပါးနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် နုရင်ဘတ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ အမေရိကန်လက်ရွေးစင်ဟာ ရာသီကုန်မှာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရထားပြီး ဒေါ့မန်အတွက် ထိုးနှက်ချက်ကတော့ ပူလီဆစ်အပြင် မာကိုရူးစ်၊ ပစ်ဇက်၊ အကန်ဂျီတို့လည်း လွဲချော်မှာပါ။ စပါးနဲ့ပွဲကိုလွဲချော်ခဲ့တဲ့ အဲလ်ကာဆာနဲ့ ၀ီဂယ်တို့တော့ လူစာရင်းမှာ ပါဝင်လာပါတယ်။

***************************

နည်းပြသစ်နဲ့ ဘိုလော့ဂ်နာကို သတိထားရမယ်

ရိုးမားဟာ တနင်္လာညမှာ ဘိုလော့ဂ်နာကို အိမ်ကွင်းလက်ခံကစားရမှာဖြစ်ပြီး တန်းဆင်းဇုန်အသင်းဆိုပြီး လုံးဝလျှော့မတွက်ဖို့ ကစားသမားတွေကို နည်းပြ အူစီဘီယိုက သတိပေးလိုက်ပါတယ်။ `ဘိုလော့ဂ်နာဟာ အသင်းသစ်ဖြစ်နေပါတယ်။ နည်းပြသစ် လက်လက်မှာ သူတို့ပုံစံကောင်းအရမ်းရနေတယ်။ ကျွန်တော်တို့အသင်း ရေပန်းစားတယ်ဆိုပြီး ပေါ့ပေါ့ဆဆကစားရင် ဒုက္ခရောက်သွားနိုင်ပါတယ်`လို့ အူစီဘီယိုက ဆိုပါတယ်။

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ=============================အစ္စကို မပါဝင်တာကို ပရိသတ်တွေအံ့အားသင့်နေဂီရ...
17/02/2019

ပွဲကြိုက်သူရဲ့ ယနေ့ညပွဲကြိုအထောက်အကူပြုသတင်းများ
=============================

အစ္စကို မပါဝင်တာကို ပရိသတ်တွေအံ့အားသင့်နေ

ဂီရိုနာနဲ့ကစားမယ့် ရီးရဲလ်လူစာရင်းမှာ ကွင်းလယ်လူ အစ္စကို ချန်လှပ်ခံခဲ့ရတာကို ပရိသတ်တွေကို သိချင်နေကြပါတယ်။ အစ္စကိုဟာ လက်ရှိမှာ ဒဏ်ရာလည်းမရပေမယ့် နည်းပြ ဆိုလာရီနဲံ့ အဆင်မပြေဖြစ်နေပါတယ်။ အခုလို ကွင်းလယ်လူ ၅ ဦးသာရွေးချယ်ပြီး အစ္စကိုကို ချန်လှပ်ခဲ့တာကြောင့် ဆိုလာရီနဲ့ နည်းစနစ်ပိုင်းအရတင်မဟုတ်ပဲ ပုဂ္ဂိုလ်ရေးပိုင်းပါ အဆင်မပြေတာ ထင်ရှားစေခဲ့ပါတယ်။ ဂီရိုနာအသင်းဟာ ဒီဇင်ဘာနောက်ပိုင်း ပြိုင်ပွဲအားလုံးမှာ နိုင်ပွဲပျောက်နေပါတယ်။

***************************

ဒွန်ကက်စတာနဲ့ပွဲမှာ ဘတ်ရှုယာရီ ပွဲထွက်မယ်

ပဲလေ့စ်အသင်းဟာ တိုက်စစ်မှူး ဇာဟာရဲ့ ပွဲပယ်ပြန်လွတ်မြောက်ရေး အယူခံ ပယ်ချခံလိုက်ရတာကြောင့် ချဲလ်ဆီးကနေ အငှားခေါ်ယူထားတဲ့ ဘတ်ရှုယာရီကို ပွဲထွက်အသုံးပြုမှာဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ ဇန်န၀ါရီက ပြောင်းရွှေ့လာပြီးနောက် လူစားဝင်အဖြစ် ၂ ပွဲကစားပြီးပါပြီ။ တစ်ဖက်မှာ ဇာဟာဟာ ၂ ပွဲပယ်ခံထားရပြီး အားထားရတဲ့ကွင်းလယ်လူ ကူရာတီဟာလည်း ၂ ပွဲလွဲချော်ပြီးနောက် အခုပွဲမှာ ပါဝင်နိုင်မယ်လို့ သိရပါတယ်။

***************************

ဒဏ်ရာပြဿနာတွေ ကြုံတွေ့နေရတဲ့ လာဇီယို

လာဇီယိုအသင်းဟာ ဂျီနိုအာကွင်းမှာ သွားကစားရမယ့်ပွဲအတွက် ဒဏ်ရာပြဿနာတွေ ကြုံတွေ့နေရပါတယ်။ ကြားရက် ဆီဗီလာနဲ့ ယူရိုပါလိဂ်ပွဲမှာလည်း ရှုံးပွဲကြုံခဲ့တဲ့ ရောမအသင်းမှာ ကစားသမား ၁၀ ဦးဒဏ်ရာရနေပြီး ဒီထဲမှာ မီလင်ကိုဗစ်၊ ပါရိုလို၊ အဲလ်ဘာတို၊ လူးကပ်စ်တို့လို အဓိကကစားသမားတွေ ပါဝင်နေပါတယ်။ ဆီဗီလာနဲ့ပွဲမှာ အနားပေးခဲ့တဲ့ တိုက်စစ်မှူး အင်မိုဘိုင်းကို ပြန်လည်ပွဲထုတ်မယ်လို့ နည်းပြ အင်ဇာဂီက အတည်ပြုပါတယ်။

***************************

ဆမ်ဒိုးရီးယားကို စပယ်လက်တီ ကြောက်ရွံ့နေ

အင်တာမီလန်နည်းပြ စပယ်လက်တီဟာ ဆန်စီရိုကွင်းကို လာကစားမယ့် ဆမ်ဒိုးရီးယားကို ပါရမီရှင်ကစားသမားတွေနဲ့အတူ ဥရောပပြိုင်ပွဲအတွက် ကြိုးစားနေတဲ့အသင်းအဖြစ် ကစားသမားတွေကို သတိပေးလိုက်ပါတယ်။ အင်တာမီလန်မှာ လူငယ်တိုက်စစ်မှူး မာတီနက်ဇ် ခြေစွမ်းပြနေပေမယ့် အဓိကကစားသမား အိုင်ကာဒီကတော့ နည်းပြနဲ့ အဆင်မပြေသလို ဒူးဒဏ်ရာလည်းရနေပါတယ်။ အင်တာမီလန်မှာ အိုင်ကာဒီအပြင် တောင်ပံတိုက်စစ်မှူး ခီတာလည်း ဒဏ်ရာရနေပါတယ်။

***************************

တိုရီနိုနဲ့လူစာရင်းမှာ မာတန်စ် ပြန်လည်ပါဝင်လာ

နာပိုလီတိုက်စစ်မှူး မာတန်စ်ဟာ အသင်းဖော် ဗာဒီနဲ့အတူ တိုရီနိုနဲ့ရင်ဆိုင်ရမယ့် လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် မာတန်စ်ဟာ ဇူးရစ်ခ်ျကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်မှာ အရန်စာရင်းတောင် မပါဝင်နိုင်ပဲ ဒဏ်ရာရနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ အင်ပြည့်အားပြည့် ပြန်လည်ကောင်းမွန်နေခြင်းနဲ့အတူ တိုရီနိုနဲ့ပွဲအတွက် နာပိုလီမှာ အဓိကကစားသမား မဟုတ်တဲ့ထဲက ဒဏ်ရာရသူ ၂ ဦးသာ ရှိနေပါတယ်။

Address

Mandalay
Mandale
09771977616

Alerts

Be the first to know and let us send you an email when Yadanarpon Sports & Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share