NASA 84 - Mandalay Fitness Center

NASA 84 - Mandalay Fitness Center KEEP HEALTH WITH NASA 84 GYM

ယောဂ ကစားနည်းပုံမှာပြထားတဲ့အတိုင်း တစ်မျိုးကို ၂၀ စက္ကန့် ၂ ကြိမ် လုပ်ပေးပါ။မူရင်း​ရေးသားသူအား credit ​ပေးပါတယ်
14/07/2018

ယောဂ ကစားနည်း

ပုံမှာပြထားတဲ့အတိုင်း တစ်မျိုးကို ၂၀ စက္ကန့် ၂ ကြိမ် လုပ်ပေးပါ။

မူရင်း​ရေးသားသူအား credit ​ပေးပါတယ်

09/07/2018

အားလုံးမင်္ဂလာပါ။
ကျွန်​ပ်​တို့ gymကိုလာ​ရောက်​ကစားတဲ့မိတ်​​ဆွေအားလုံရဲ့ကြိုးစားအားထုတ်​မှုရလဒ်​မှာတစ်​ပတ်​နဲ့တစ်​ပတ်​သိသိသာသာbody weightကျ ပြီး ခန္ဓာကိုယ်​အချိုးအစားကျစ်​လှစ်​လှပလာကြရာ ​ယုံကြည်​စွာလာ​ရောက်​ကစား​သောမိတ်​​ဆွေအားလုံးနှင့်​ ​သေချာဂရုစိုက်​​လေ့ကျင့်​​ပေးသည့်​နည်းပြဆရာအား ကျွန်​​တော်​တို့ မှအထူး​ကျေးဇူးတင်​ရှိပါတယ်​။
မိတ်​​ဆွေတို့ရဲ့​​မျှော်​လင့်​​ထားတဲ့ အလှဆုံး body အချိုးအစားကို ပိုင်​ဆိုင်​နိုင်​​အောင်​၊ မိတ်​​ဆွေ၏ တန်​ဖိုးရှိ​သောအချိန်​ကိုအ​လေအလွင့်​ မရှိ​အောင်​ Nasa84 gym မှ​သေချာဂရုစိုက်​၍ တစ်​​ယောက်​ချင်းစိတ်​ရှည်​စွာနည်းပြ​ပေးသည့်​အတွက်​ လာ​ရောက်​​လေ့လာကစားကြရန်​ အားလုံးကိုဖိတ်​​ခေါ်ပါတယ်​။

30/06/2018
"အားလုံးသိထားသင့်တဲ့အစားအသောက်များနဲ့ ကယ်လိုရီအကြောင်း"Credit: Willian Willian
19/06/2018

"အားလုံးသိထားသင့်တဲ့
အစားအသောက်များနဲ့ ကယ်လိုရီအကြောင်း"

Credit: Willian Willian

30/04/2018
Gym ကစားပြီးနောက် ပေါ့ပါးလန်းဆန်းသွားစေရန် ချက်ချင်း ရေအေးမော့သောက်ခြင်း (သို့) ရေချိုးခြင်းများ ပြုလုပ်ကြသည်။ ကျန်းမာရေ...
28/02/2018

Gym ကစားပြီးနောက် ပေါ့ပါးလန်းဆန်းသွားစေရန် ချက်ချင်း ရေအေးမော့သောက်ခြင်း (သို့) ရေချိုးခြင်းများ ပြုလုပ်ကြသည်။ ကျန်းမာရေးရှုထောင့်အရကြည့်လျှင် ဤသို့ မပြုလုပ်သင့်ပါ။

Gym ကစားပြီးနောက် ချက်ချင်း မပြုလုပ်သင့်သည်များကို သိသလောက် share ပါရစေ…

1/ ချက်ချင်းထိုင်ချပြီးအနားယူခြင်းမပြုလုပ်သင့်
အားကစားလုပ်ပြီး ချက်ချင်းထိုင်ချအနားယူခြင်းသည် အမောပြေစေနိုင်သော်လည်း သွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေပါသည်။ အခန့်မသင့် ရှော့ဖြစ်သွားနိုင်သည်။ ထို့ကြောင့် အားကစားလုပ်ခြင်းကို အဆုံးသတ်တော့မည်ဆိုလျှင် ပြင်းထန်စွာလုပ်ဆောင်နေရာမှ တဖြည်းဖြည်း ညင်သာသော အားကစားများ ပြောင်းလုပ်၍ လေရှူရှိုက်မှုပုံမှန်ဖြစ်အောင်အရင်လုပ်ပါ (ဥပမာ။ လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်း၊ လေရှူထုတ်​ခြင်းတို့ပြုလုပ်ခြင်းဖြင့် သွေးများနှလုံးထိလည်ပတ်အောင် ပြုလုပ်ပါ။) မောပန်းနွမ်းနယ်ခြင်းသက်သာစေပြီး အားအင်လျင်မြန်စွာပြန်လည်ပြည့်လာသည်ကို ခံစားရလိမ့်မည်။

2/ ချက်ချင်းအအေးသောက်ခြင်းမှ ရှောင်ကျဉ်ပါ
အားကစားပြုလုပ်ရာတွင် ချွေးထွက်များ၍ အားအင်ကုန်ခမ်းပြီး ခံတွင်းခြောက်ခြင်းတို့ကိုခံစားရမည်။ ၎င်းအချိန်တွင် အထူးသဖြင့် လူငယ်လူရွယ်တို့သည် အေးစိမ့်သော အအေးဖျော်ရည်များဖြင့် အာသာဖြေလေ့ရှိသည်။ ထိုအချိန်တွင် အစာအိမ်အလုပ်လုပ်ဆောင်မှု အားနည်း၍ ချက်ချင်း အအေးသောက်ပါက ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ စသည့် အစာအိမ်လမ်းကြောင်းအား ထိခိုက်မှုဖြစ်စေသည်။ ရေနွေးနွေး (သို့) ဓါတ်ဆားရည် အနည်းငယ်မျှသာ သောက်ပါ။

3/ ချက်ခြင်းအစာမစားပါနှင့်
အထူးသဖြင့် ပြင်းထန်သော အားကစားများပြုလုပ်ပြီးချိန်တွင် အစာအိမ်၏ လုပ်ဆောင်မှုသည် ၂၀~၃၀ မိနစ် လောက်မှသာ ပုံမှန်ပြန်ဖြစ်သောကြောင့်၊ ချက်ခြင်းအစာစားခြင်းသည် အစာချေဖျက်မှုလမ်းကြောင်းအား ဖိစီးမှုပေးသကဲ့သို့ဖြစ်ရာ၊ ချက်ချင်းမပြုလုပ်သင့်ပါ။

4/ ချက်ချင်းခန္ဓာကိုယ်အပူချိန်လျော့ချခြင်း
အားကစားပြုလုပ်ချိန် သွေးလည်ပတ်မှုအားကောင်းပြီး အရေပြားရှိချွေးပေါက်များပွင့်လာကာ ကိုယ်ခန္ဓာ၏ အပူချိန်မြင့်မားလာ၍ ချွေးများထွက်လာသည်။ ထိုအချိန် ချက်ချင်း aircon ခန်း (သို့) လေတိုက်ရာအရပ်တွင် လေညင်းခံအနားယူခြင်း (သို့) ရေအေးလောင်းချခြင်းများပြုလုပ်ပါက အရေပြားရှိချွေးပေါက်များပိတ်သွား၍ ကိုယ်ခန္ဓာ၏ အပူချိန်မျှတမှုမရှိခြင်းတို့ ဖြစ်ပေါ်၍ ခုခံအားကျဆင်းကာ နေမကောင်းခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှူမဝခြင်းတို့ဖြစ်ပေါ်နိုင်သည်။

5/ ဆေးလိပ်သောက်ခြင်း
အားကစားလုပ်ပြီး ချက်ချင်းဆေးလိပ်သောက်ပါက အဆုပ်သို့ ရှူသွင်းသည့်လေသည် အောက်ဆီဂျင်ဓါတ်နည်းပါးသွားမည်ဖြစ်ပြီး၊ ကြွက်သားဖြေလျော့ခြင်းအား အဟန့်အတားဖြစ်စေသည်။ ထို့အပြင် အသက်ရှူမဝခြင်း၊ မောပန်းခြင်း၊ ခေါင်းမူးခြင်းများလည်း ဖြစ်ပေါ်နိုင်သောကြောင့် အားကစားလုပ်ပြီးချိန်တွင် ချက်ချင်းဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်သင့်သည်။

6/ အကြောလျော့ခြင်းကို မဖြစ်မနေလုပ်ပါ
ကြွက်သားများ ညောင်းကိုက်မှု ဖြေလျော့ရန်၊ ခန္ဓာကိုယ်သွေးလည်ပတ်မှုပုံမှန်ပြန်ဖြစ်ရန်၊ အသက်ရှူမှု ပုံမှန်ပြန်ဖြစ်ရန် စသည်တို့အတွက် အကြောလျော့ခြင်းအား မဖြစ်မနေလုပ်ဆောင်သင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် အားကစားကြောင့် ခေါင်းမူးခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ပျို့အန်ခြင်း၊ မျက်စိဝေဝါးသွားခြင်းတို့မှ ကာကွယ်နိုင်သည်။

# KEEP HEALTH WITH NASA 84 GYM & BODY FIT

NASA 84 မှ ကြိုဆိုပါတယ်​။ ​ဆောင်းရာသီမှာ ရာသီဥတုချမ်း​အေးလို့ အ​နွေးထည်​​တွေဝတ်​၊ ​ဟော့​ပေါ့​တွေစားပြီး ဝိတ်​တာလာပါသလာ...
12/02/2018

NASA 84 မှ ကြိုဆိုပါတယ်​။
ဆောင်းရာသီမှာ ရာသီဥတုချမ်း​အေးလို့ အ​နွေးထည်​​တွေဝတ်​၊ ​ဟော့​ပေါ့​တွေစားပြီး ဝိတ်​တာလာပါသလား။ေ​နွရာသီအမီ ကိုယ်​ကပ်​​လေး​တွေနဲ့ စမတ်​ကျကျ လှပခန့်​​ချော​စေဖို့ NASA 84 သို့ ကြွလှမ်းခဲ့ပါ။
ဝလို့ ဝိတ်​ချချင်​ပါသလား၊ ပိန်​လို့ ခန္ဓာကိုယ်​အချိုးကျကျဖြစ်​ချင်​ပါသလား••• ၁ဦးချင်းစီနဲ့ သင့်​​တော်​တဲ့ ကစားနည်း​တွေနဲ့ ​ပျော်​ရွှင်​ပေါ့ပါးစွာ အားကစားလုပ်​ဖို့ မှ ဖိတ်​​ခေါ်ပါရ​စေ။
လိပ်​စာ- ၈၄လမ်း၊ ၃၁ နှင့်​ ၃၂လမ်းကြား။
ဖုန်း ၀၉၄၅၁၅၁၈၇၈၈

ကျွန်တော်တို့NASA84 Gym အသစ်ကိုဖွင့်လှစ်လိုက်ပြီဖြစ်ပြီးစာရင်းများစတင်လက်ခံနေပါသဖြင့်လူဦးရေအကန့်သက်ထားပြီးအမြန်ဆုံးလာရေ...
04/12/2017

ကျွန်တော်တို့NASA84 Gym အသစ်ကိုဖွင့်လှစ်လိုက်ပြီဖြစ်ပြီးစာရင်းများစတင်လက်ခံနေပါသဖြင့်လူဦးရေအကန့်သက်ထားပြီးအမြန်ဆုံးလာရောက်စာရင်းပေးသွင်းရန် NASA84 Gym မှဖိတ်ခေါ်ပါရစေ.84-31-32ကြား

ကျွန်တော်တို့ရဲ့NASA 84 Gymကိုဒီဇင်ဘာ၃ရက်နေ့၂၀၁၇မှာစတင်ဖွင့်လှစ်ပါမည်,လူကြီးမင်းများအနေနဲ့လာရောက်ကြည်ရှူ့လေ့လာစာရင်းပေးန...
27/11/2017

ကျွန်တော်တို့ရဲ့NASA 84 Gymကိုဒီဇင်ဘာ၃ရက်နေ့၂၀၁၇မှာစတင်ဖွင့်လှစ်ပါမည်,လူကြီးမင်းများအနေနဲ့လာရောက်ကြည်ရှူ့လေ့လာစာရင်းပေးနိုင်ပါပြီ,ကျွန်တော်တို့ရဲ့NASA 84Gymရဲ့ထူးခြားချက်မှာမနက်အချိန်ညနေအချိန်,မနက်ညဆိုပြီးအချိန်သုံးချိန်စိတ်ကြိုက်ရွေးပြီးကစားနိုင်ပါသည်,ခေတ်မှီတဲ့ပြေးစက်bodyမရွေးspeedနဲ့အမြန်ပြေးဆော့နိုင်ခြင်း,​ခေတ်မှီတဲ့gymစက်ပုံစံအမျိုးမျိုးထားရှိပေးခြင်း,24hour airconလွတ်ထားပေးခြင်း,အတွေ့အကြုံရှိပြီးရုပ်ချောသ​ဘောကောင်း,စေတနာအပြည့်ရှိတဲ့နည်းပြဆရာနဲ့လူကြီးမင်းများရဲ့လှပတဲ့ခန္ဓာကိုယ်ကိုပိုပြီးလှပသွားအောင်သင်ကြားပေးသွားပါမည်,လူကြီးမင်းများလာရောက်လေ့ကျင့်ရန်အတွတ်ကျွန်တော်တို့NASA 84Gymမှဖိတ်ခေါ်ကြိုဆိုပါရစေ,
ဆက်​သွယ်​ရမယ့်​လိပ်​စာက​တော့ NASA 84 GYM
84 လမ်း၊ 31x32လမ်းကြား၊ ဖုန်း 09451518788 ကို စုံစမ်း​မေးမြန်းနိုင်​ပါသည်​။

Address

84th Street
Mandale

Opening Hours

Monday 06:00 - 12:00
15:00 - 20:30
Tuesday 06:00 - 12:00
15:00 - 20:30
Wednesday 06:00 - 12:00
15:00 - 20:30
Thursday 06:00 - 12:00
15:00 - 20:30
Friday 06:00 - 12:00
15:00 - 20:30
Saturday 06:00 - 12:00
15:00 - 20:30

Telephone

09975758090

Website

Alerts

Be the first to know and let us send you an email when NASA 84 - Mandalay Fitness Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category