07/11/2023
FIDE Women's Grand Swiss 2023 က (၂၂)နှစ်အရွယ် စစ်တုရင်ပါရမီရှင်မလေး Rameshbabu Vaishali
Vaishaliရဲ့မွေးနေ့က 2001ခုနှစ် ဇွန်လ (၂၁)ရက်ပါ။သူ့ရဲ့ဇာတိက အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ပါ။တမီလ်နွယ်ဖွားသူ့မှာ မွေးချင်းအနေနဲ့ ၄နှစ်ငယ်တဲ့ မောင်လေး Grandmaster Praggnanandaa(အိန္ဒိယအဆင့်(၃)၊ကမ္ဘာ့အဆင့် (၁၅))လည်းရှိပါတယ်။WGMနဲ့ IM Titleတွေ ရထားတဲ့ Vaishaliကလည်း ခေသူမဟုတ်ပါဘူး။သူ့မှာ Grandmasterဖြစ်ဖို့ လိုအပ်တဲ့Norm(၃ခု)ရပြီးပါပြီ။နောက်ထပ်လက်ရည်သတ်မှတ်ချက်ဖြစ်တဲ့ Rating (2500)ကို မရောက်သေးလို့သာ Grandmaster Title မရသေးတာပါ။လက်ရှိ Standard ratingက (2467)ရှိပါတယ်။
Vaishali က အသက်(၁၁)နှစ်နဲ့ (၁၃)နှစ်မှာ Girls' World Youth Chess Championship( U12, U14 )ပြိုင်ပွဲတွေ အနိုင်ရခဲ့ပါတယ်။
2013ခုနှစ် သူ့အသက်(၁၂)နှစ်မှာ အဲဒီနှစ်မှာပဲ သူ့ရဲ့မွေးရပ်မြေ ချန်နိုင်းမှာ Anandကို စိန်ခေါ်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာမယ့် Magnus Carlsenကို တစ်ယောက်နဲ့ အများပြိုင်ပွဲ( "simul", one player with multiple games )မှာ အနိုင်ရခဲ့ပါတယ်။
2016ခုနှစ် အသက်(၁၅)နှစ်မှာ WIM Titleကို ရပြီး အိန္ဒိယမှာ နံပါတ် (၂)နဲ့ ကမ္ဘာ့နံပါတ်(၁၂) U16မိန်းကလေးကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။အဲဒီအချိန်တုံးက Vaishaliက rating 2300 ရှိနေပါပြီ။
2018ခုနှစ် ဩဂုတ်လ (၁၂) ရက်မှာ လက်ဗီးယားနိုင်ငံက Riga နည်းပညာတက္ကသိုလ်ဖွင့်ပွဲမှာ သူ့ရဲ့Normတွေ ပြည့်မှီသွားလို့အမျိုးသမီး Grandmaster (WGM) ဖြစ်လာခဲ့ပါတယ်။
Vaishaliက အိန္ဒိယအတွက် 2020 Online Olympiad မှာ
ပထမဆုံးရွှေတံဆိပ်တွင် ယူပေးခဲ့တဲ့ နိုင်ငံအသင်းရဲ့ အဖွဲ့ဝင်ကစားသမားတစ်ဦးပါ။
2021မှာတော့ သူဟာ IM Titleရခဲ့ပါပြီ။
2022 ခုနှစ် ဇူလိုင်လကနေ သြဂုတ်လအထိ ချန်နိုင်းမြို့က Mamallapuramမှာ ကျင်းပတဲ့ 44th Chess Olympiadမှာ သူက board 3 မှာ ကစားပြီး တစ်ဦးချင်းကြေးတံဆိပ်ဆွတ်ခူးခဲ့ပါတယ်။အိန္ဒိယနိုင်ငံကတော့ အမျိုးသမီးအသင်းလိုက် ကြေးတံဆိပ်ရခဲ့ပါတယ်။
Vaishaliဟာ FIDE Women's Speed Chess Championship 2022မှာ ကစားဖို့လည်း ဖိတ်ကြားခံခဲ့ရပါသေးတယ်။အဲဒီပြိုင်ပွဲမှာ လက်ရှိWomen's World Blitz Chess Championဖြစ်တဲ့ Bibisara Assaubayevaကို အနိုင်ကစားပြီး ကွာတားဖိုင်နယ်မှာ GM Harika Dronavalli(အမျိုးသမီးကမ္ဘာ့အဆင့် ၁၀)ကို အနိုင်ယူခဲ့ပါတယ်။
2023မှာ Vaishali က Tata Steel Challengers 2023မှာ ကစားပြီး ၁၄ပွဲမှာ ၄မှတ်ခွဲရခဲ့ပေမယ့် rating 2600 GMတွေဖြစ်တဲ့ Luis Paulo Supi နဲ့ Jerguš Pecháč တို့ကို ကျော်ဖြတ်ခဲ့ပါတယ်။
Qatar Masters Open 2023မှာ သူက ၉ပွဲမှာ ၅မှတ်ရပြီး သူ့အတွက် လိုနေသေးတဲ့ နောက်ဆုံးGM Normကို ရခဲ့ပါတယ်။
လက်ရှိမှာ ကမ္ဘာ့ထိပ်တန်းအမျိုးသမီးစစ်တုရင်သမားအယောက် (၅၀)စာရင်းမှာ Vaishaliလည်း ပါဝင်ပါတယ်။
အောက်တိုဘာ(၂၅)ရက်ကစပြီး အခုလ နိုဝင်ဘာ(၆)ရက်အထိ ကျင်းပယှဥ်ပြိုင်နေဆဲ FIDE Women's Grand Swiss 2023မှာလည်း တစ်ကယ့်ဒိပ်ဒိပ်ကြဲပြိုင်ပွဲဝင် အယောက်(၅၀)ကြားမှာ နံပါတ်(၁)နေရာက ရပ်တည်နေပါတယ်။စုစုပေါင်း (၁၁)ပွဲမှာ (၆)ပွဲနိုင် (၅)ပွဲသရေ ရှုံးပွဲမရှိရလဒ်နဲ့ (၈)မှတ်ခွဲရထားတဲ့သူပါ။နိုင်ပွဲ(၆)ပွဲထဲမှာ (၃)ပွဲက အမျိုးသမီးကမ္ဘာ့စစ်တုရင်ချန်ပီယံဂရန်းမာစတာတွေဖြစ်တဲ့ Tan Zhongyi(2017_2018 )၊ Antoaneta Stefanova(2004_2006)၊ Anna Olehivna Muzychuk ( Rapid- 2014 , Blitz- 2014, 2016 )တို့ (၃)ယောက်ကို အနိုင်ယူပြီး ချန်ပီယံနေရာကို ထိုက်ထိုက်တန်တန်ရရှိထားတာပါ။ ဒီပြိုင်ပွဲက ထိပ်ဆုံး၂ယောက်က 2024မှာ ကျင်းပမယ့် FIDE Women's World Championshipပြိုင်ပွဲမှာ ယှဥ်ပြိုင်ကစားခွင့်ရမှာပါ။ဒါကြောင့်
Vaishaliနဲ့ Anna Olehivna Muzychuk တို့နှစ်ယောက်ကတော့ ကမ္ဘာ့ချန်ပီယံလုပွဲမှာ candidateတွေဖြစ်သွားကြပါပြီ။
ဒါကတော့ ကမ္ဘာ့အဆင့်GMတွေကို ကျော်ဖြတ်ပြီး အမျိုးသမီးကမ္ဘာ့ချန်ပီယံပန်းတိုင်ကို ရောက်ဖို့ အင်တိုက်အားတိုက်အစွမ်းကုန်ကြိုးစားနေတဲ့ အသက်(၂၂)အရွယ် အိန္ဒိယနိုင်ငံက IM Vaishaliရဲ့ အောင်မြင်မှုများစွာထဲက အနည်းငယ်အကြောင်းပါ။
မူရင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
https://en.m.wikipedia.org/wiki/R_Vaishali
Chess.com https://www.chess.com/events/2023-fide-womens-grand-swiss/results
Translated by Su Su Hlaing (APCC)
Photos credited to original
#စစ်တုရင်သင်တန်း