Yadanarbon Football Club

Directions Website Contact the business

Yadanarbon Football Club “ 𝑻𝑯𝑬 𝑶𝑹𝑰𝑮𝑰𝑵𝑨𝑳 𝑪𝑯𝑨𝑴𝑷𝑰𝑶𝑵 “

04/10/2026

Aung Thu x Schooling Seniors. ✨

03/10/2026

Steal the Ball Challenge ⚽️

Three wasn’t enough, so he came back for three more.Back-to-back hat-tricks for Pyae Phyo Aung.
03/10/2026

Three wasn’t enough, so he came back for three more.

Back-to-back hat-tricks for Pyae Phyo Aung.

Today’s U20 action as Yadanarbon claimed a 3–2 victory over ISPE.
02/10/2026

Today’s U20 action as Yadanarbon claimed a 3–2 victory over ISPE.

BACK-TO-BACK HAT-TRICK & PLAYER OF THE MATCH | PYAE PHYO AUNGM League 2026 (U20) ပြိုင်ပွဲ၏ ပွဲစဉ် (၁၇) အဖြစ် ISPE FC နှ...
02/10/2026

BACK-TO-BACK HAT-TRICK & PLAYER OF THE MATCH | PYAE PHYO AUNG

M League 2026 (U20) ပြိုင်ပွဲ၏ ပွဲစဉ် (၁၇) အဖြစ် ISPE FC နှင့် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် ရတနာပုံ FC အသင်းအတွက် အနိုင်ဂိုး (၃) ဂိုးစလုံးကို တိုက်စစ်ကစားသမား ပြည့်ဖြိုးအောင် မှ သွင်းယူပေးခဲ့ပါသည်။

ယခု သွင်းဂိုးများသည် ပြည့်ဖြိုးအောင်အတွက် ပြီးခဲ့သည့် မြဝတီ FC နှင့် ပွဲစဉ်မှစတင်ကာ (၂) ပွဲဆက်တိုက် သွင်းယူနိုင်ခဲ့သည့် "Back-to-back Hat-trick" ဂိုးများဖြစ်ပြီး၊ ယခုရာသီ ပြိုင်ပွဲတစ်လျှောက် ၎င်း၏ ဒုတိယမြောက် Hat-trick သွင်းဂိုးများလည်း ဖြစ်ပါသည်။

ISPE FC နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ခြေစွမ်းပြသကာ အသင်းအတွက် အဖိုးတန် အနိုင်ရမှတ်ကို ရှာဖွေပေးနိုင်ခဲ့သော ပြည့်ဖြိုးအောင်သည် ယခုပွဲစဉ်၏ AYA PAY Player of The Match ကိုပါ ပွဲစဉ် (၂) ပွဲဆက်တိုက် ထိုက်ထိုက်တန်တန် ရရှိဆွတ်ခူးသွားခဲ့ပါသည်။

FULL-TIME RESULT | M LEAGUE 2026 (U20)ယနေ့ ယှဉ်ပြိုင်ကစားခဲ့သော M League 2026 (U20) ပြိုင်ပွဲ၊ ပွဲစဉ် (၁၇) တွင် ရတနာပုံ ...
02/10/2026

FULL-TIME RESULT | M LEAGUE 2026 (U20)

ယနေ့ ယှဉ်ပြိုင်ကစားခဲ့သော M League 2026 (U20) ပြိုင်ပွဲ၊ ပွဲစဉ် (၁၇) တွင် ရတနာပုံ FC အသင်းသည် အမှတ်ပေးဇယား အဆင့် (၁) နေရာမှ ISPE FC ကို ၃ - ၂ ဂိုးဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါသည်။

ယခုပွဲစဉ်တွင် ရတနာပုံ FC အသင်းအတွက် အနိုင်ဂိုး (၃) ဂိုးစလုံးကို တောင်ပံ ကစားသမား ပြည့်ဖြိုးအောင်မှ Hat-trick အဖြစ် ထပ်မံသွင်းယူပေးခဲ့ပြီး အသင်းအတွက် အဖိုးတန် ရမှတ် (၃) မှတ်ကို ရှာဖွေပေးနိုင်ခဲ့ပါသည်။

ပြိုင်ပွဲ၏ ပထမအကျော့ တွေ့ဆုံမှုတွင်လည်း ရတနာပုံ FC မှ ISPE FC ကို ၂ - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယခု ဒုတိယအကျော့ တွေ့ဆုံမှုတွင်လည်း ထပ်မံအနိုင်ယူကာ ခြေစွမ်းပြသနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

HAPPY 16TH ANNIVERSARY | YADANARBON FAN CLUBလွန်ခဲ့သော ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ...
01/10/2026

HAPPY 16TH ANNIVERSARY | YADANARBON FAN CLUB

လွန်ခဲ့သော ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရတနာပုံအသင်းကို ချစ်ခင်အားပေးကြသည့် ပရိသတ်များ စုစည်းကာ www.yadanarbonfans.com / Yadanarbon Fan Club ကို စတင်တည်ထောင်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၁၆) နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

ရတနာပုံ FC အသင်း၏ ပွဲစဉ်တိုင်းတွင် Yadanarbon Fan Club မှ ပရိသတ်များ၏ တစ်ခဲနက် အားပေးသံများသည် ကစားသမားများအတွက် ကြီးမားသော ခွန်အားများဖြစ်စေခဲ့ပြီး အသင်းအတွက် အမြဲတမ်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ထို့အပြင် အဝေးကွင်းပွဲစဉ်များတွင်လည်း မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်များဖြင့် အပင်ပန်းခံကာ လိုက်ပါအားပေးခဲ့ကြသည့် အစဉ်အလာများကိုလည်း အသင်းမှ အထူးပင် လေးစားဂုဏ်ယူ မှတ်တမ်းတင်အပ်ပါသည်။

ကွင်းတွင်း အားပေးမှုများသာမက အသင်းနှင့်အတူတကွ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများနှင့် ပရိသတ်တွေ့ဆုံပွဲများကိုလည်း မန္တလေးနှင့် ရန်ကုန်မြို့များတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ထို့အပြင် မန္တလေးမြို့ ရေဘေးကြုံတွေ့ရချိန်များနှင့် အခြားသော မြို့ရွာများတွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရချိန်များ၌လည်း တတ်နိုင်သမျှ စုပေါင်းကာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီ ပံ့ပိုးပေးခဲ့ကြသည့် စံပြအဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါသည်။

(၁၆) နှစ်တာ ကာလပတ်လုံး အသင်းနှင့်အတူ အေးအတူ ပူအမျှ ရပ်တည်ပေးခဲ့ကြသော Yadanarbon Fan Club မှ ညီအစ်ကို မောင်နှမ တစ်ဦးချင်းစီတိုင်းကို ရတနာပုံ FC မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်လာမည့် နှစ်ပေါင်းများစွာတိုင်အောင် အသင်းနှင့်အတူ ခိုင်ခိုင်မာမာ ဆက်လက် ဝန်းရံအားပေးကြပါရန် ဆန္ဒပြုလျက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

As you can see, the mood is terrible. 🫩
01/10/2026

As you can see, the mood is terrible. 🫩

Here’s how October looks for YDNB FC. 🔒M League 2026-27 ရာသီ၊ ပထမအကျော့၏ အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ကစားရမည့် ရတနာပုံ F...
01/10/2026

Here’s how October looks for YDNB FC. 🔒

M League 2026-27 ရာသီ၊ ပထမအကျော့၏ အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ကစားရမည့် ရတနာပုံ FC အသင်း၏ ပွဲစဉ်များကို ဖော်ပြအပ်ပါသည်။

အောက်တိုဘာလတွင် ရတနာပုံ FC အသင်းအနေဖြင့် ပွဲစဉ် (၄) ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ အဆိုပါ ပွဲစဉ်အားလုံးကို အဝေးကွင်းပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

အဝေးကွင်းပွဲစဉ်များအဖြစ် မြဝတီ FC၊ ISPE FC တို့နှင့် ရန်ကုန်မြို့ သီဟဒီပကွင်းတွင် လည်းကောင်း၊ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ပဲခူးမြို့ Grand Royal ကွင်းတွင် လည်းကောင်း၊ ဧရာဝတီယူနိုက်တက်အသင်းနှင့် ပုသိမ်မြို့ ကျောက်တိုင်ကွင်းတွင် လည်းကောင်း အသီးသီး သွားရောက် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပါသည်။

အဝေးကွင်းပွဲစဉ်များ ဆက်တိုက်ဖြစ်သော်လည်း အသင်းနှင့်အတူ အားမာန်အပြည့်ဖြင့် အတူတကွ ဝန်းရံအားပေးကြပါရန် ရတနာပုံ ပရိသတ်ကြီးအား တိုက်တွန်းနှိုးဆော်အပ်ပါသည်။

30/09/2026

They took it literally.

Address

71st Street , Bt 29 × 30th St
Mandalay
05021

Alerts

Be the first to know and let us send you an email when Yadanarbon Football Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yadanarbon Football Club:

Shortcuts

Share