Myanmar Lady Biker GP

Myanmar Lady Biker GP Myanmar Lady Biker (MLB) Official Page

မတူညီတဲ့ ဆိုင်ကယ် နှစ်စီး နဲ့  mood နှစ်မျိုး 🤘🏼ညနေခင်း စီးမျော
12/08/2026

မတူညီတဲ့ ဆိုင်ကယ် နှစ်စီး နဲ့

mood နှစ်မျိုး 🤘🏼

ညနေခင်း စီးမျော


ပန်း​လောင် ဆိုပီး ဘယ်ရောက်လာကြတာလဲလို့ ဘယ်နေရာလဲ ပြောပေးကြဦး 😜😜😜😜😜
29/07/2026

ပန်း​လောင် ဆိုပီး ဘယ်ရောက်လာကြတာလဲလို့

ဘယ်နေရာလဲ ပြောပေးကြဦး

😜😜😜😜😜




16/07/2026

I’m like ,”hey what’s up hello 👋 👋👋

မနေ့က Cheerful Adventure အဖွဲ့ရဲ့ 4th years Anniversary လေးကို MLB Lady တွေ Join ဖစ်တာလေး ပါ။ပျော်ခဲ့ရပါတယ် ခုလို ပွဲလေး...
05/07/2026

မနေ့က Cheerful Adventure အဖွဲ့ရဲ့

4th years Anniversary လေးကို

MLB Lady တွေ Join ဖစ်တာလေး ပါ။

ပျော်ခဲ့ရပါတယ် ခုလို ပွဲလေးကို invite လုပ်တဲ့

တွက်လည်း Cheerful Adventure Gp ကိုလည်း

ကျေးဇူးတင်ပါတယ် 😇😇😇။

ဓါတ်ပုံ အမိုက်စားတွေရိုက်ပေးတဲ့

အကို ကိုလည်း ကျေးဇူးတင်ပါတယ် 😇။

ပျော်ခဲ့ရသော 😇 bike and breakfast meet လေး😇
20/06/2026

ပျော်ခဲ့ရသော 😇 bike and breakfast meet လေး😇

MLB lady တွေ join ဖစ်ခဲ့တာလေးး😇
20/06/2026

MLB lady တွေ join ဖစ်ခဲ့တာလေးး😇

MLB lady rider နှစ်ယောက်ရဲ့ motocross adventure လေးကို join ဖစ်ခဲ့ခြင်းပါ အခုလိုမျိုး lady rider တွေ အနေနဲ့ စိတ်ဝင်စားတယ...
05/05/2026

MLB lady rider နှစ်ယောက်ရဲ့

motocross adventure လေးကို join ဖစ်ခဲ့ခြင်းပါ

အခုလိုမျိုး lady rider တွေ အနေနဲ့ စိတ်ဝင်စားတယ်

Join ချင်တယ်ဆိုရင် motocross adventure

ရဲ့ TickTock page နဲ့ fb page တွေမှာ သိလိုရာများကို

ဆက်သွယ်စုံစမ်းပီးမေးမြန်းနိုင်ပါတယ် 😇

Lady တွေလည်း ဒါမျိုး ဖြုတ်ကြည့် $ရမါးမိုက်တဲ့

Feel တခု ရလာလိမ့်မယ် မကြောက်နဲ့ ဘဝမှာ

မိန်းကလေးဆိုပီး တွေးမနေနဲ့ ချသာချ အားပေးပါတယ်

Lady rider တွေကို ဒီ့ထက်ပိုပီး လုပ်နိုင်စွမ်းကို ချပြစေ

ချင်တဲ့ စေတနာနဲ့ ပြောပြခြင်းဖြစ်ပါတယ် 🫶🏻🫶🏻🫶🏻





10/03/2026

မန်းလေး to ငွေဆောင် ခရီးစဉ် မှတ်တမ်းအတိုချုပ်

တကယ်တမ်းသွားမယ်ဆိုတဲ့ ဒီခရီးစဉ်လေးက အများကြီးထဲ့စဉ်းစားစရာတွေ များပါတယ် ဘာလို့ဆို ပုံမှန် မန်းလေး တောင်ကြီး သွားနေကြ လိုမျိုး လမ်းကြောင်းကို သိနေတာမျိုးမဟုတ်တာကော မိန်းကလေးတွေ ချည်းသွားကြမှာဖစ်ပီး ခရီးရှည်ကြီး ဖစ်နေလို့ပါပဲ အာ့အတွက် ကြိုတင်ပြင်ဆင်မှု့များကတော့ လုပ်သွားရတာပါပဲ

မန်းလေးကနေ မနက်အစော ၄:၄၅ မိနစ်မှာ စထွက်တယ်
မိတ်ထီလာကို ၇ နာရီဝန်းကျင် ရောက်တယ် မနက်စာစားတယ် လမ်းမှာဆီကို ကျတော့်ဘီးရယ် မမျိုးဘီးရယ်ကိုက ဆီဂိတ်မရတဲ့တွက် ၃နာရီခြား တခါနားပီး ဆီဖြည့်ကြပါတယ် လမ်းမှာ နားတဲ့ နားချိန်ကတော့ပုံသေ
မရှိပူးပေါ့နော် ဗိုက်ဆာရင် တွေ့တဲ့ဆိုင် ကောင်းမယ်ထင်တာ ဝင်စားလိုက်တယ် ရေဆာလာရင် ဖရဲသီးဆိုင်
ရပ်နားပီး စားခဲ့ကြတယ် အသွားလမ်းခရီး ပဲခူးထိ လမ်းကြောင်းကော လမ်းကြောကောက အေးအေး
ဆေးဆေးနဲ့ ညနေ ၅နာရီကို ပဲခူးရောက်ခဲ့ပါတယ်
ပဲခူးမှာတည်းခဲ့ တဲ့ Bago Hintar hotel လည်းတော်တော်လေးအဆင်ပြေခဲ့ပါတယ်
နောက်ရက်မနက်
အစောပဲခူး ကနေ ထွက်ပီး ရန်ကုန်ကို မှော်ဘီဘက်ကနေ ဖြတ်ပီး ထွက်ခဲ့ကြပါတယ် အာ့မှာ တော်တော် ကြာကြာ ပတ်လိုက်ရပါတယ် လမ်းကြောင်းကကွေ့ပတ်လိုက်ရတာ
ဆိုတော့ ရန်ကုန်ကနေ အထွက် မနက် ၉နာရီကျော်မှ မနက်စာစားပီး ပုသိမ်ထိ တောက်လျောက်မောင်းခဲ့ကြတာပါ လမ်းမှာ တနေရာလေးပဲ တားပီး ဘယ်သွားမလဲ မေးပီး ကျန်တာကတော့ အားလုံးအေးဆေးလေးပါပဲ
လမ်းမှာလည်း ဆိုင်ကယ် နဲ့ ခရီးသွားကြတဲ့ စီနီယာ တွေကိုလည်း တွေ့ခဲ့ပါတယ် တချို့တွေကလည်း မေးနေကြတာမိန်းကလေးတွေချည်းပဲ မောင်းပီး လာကြတာမို့ အံ့ဩနေကြတာလည်းရှိပါတယ် ဒီလိုနဲ့ ပုသိမ်ကိုရောက်လာပီး ညနေ ၃ နာရီခန့်မှာ
Welcome to Ngwe Saung ရှေ့ကိုရောက်လာပီး တည်းရမယ့်ဟိုတယ် လိပ်စာကို ပြန်ကျိပီး ပုံရိုက်ပီး ဟိုတယ်ဆီရောက်ခဲ့ကြပါတယ် ငွေဆောင်မှာ lady rider တွေ 4ညအိပ် ၅ ရက် ကြာခဲ့ပါတယ်
နောက်ရက်ငွေဆောင်ကနေ မနက် ၁၁နာရီ က စထွက်ခဲ့ကြပါတယ် အပြန်လမ်းမှာ ပန်းတနော် နဲ့ ညောင်တုန်းကြားကတော့ အသွားကော အပြန်ကော လမ်းပြင်နေတာဆိုတော့ ဖေးဖေး မောင်းခဲ့ကြရပါတယ်
ရန်ကုန်ကို ညနေ ၄နာရီမှာ ရောက်ခဲ့ပီး Yangon hotel မှာ ညအိပ်ဖစ်အောင်ဆိုပီး တညအိပ်နားခဲ့ကြပါတယ် (တကယ်က မကောင်းပါပူး ဘာလို့ဆို အချိန်ပုပ်သွားတယ်လို့ခံစားရပါတယ် ပြန်အထွက်မှာ) အပြန်လမ်းက
ရာသီဉတုပူတဲ့ အတွက် အသွားတုန်းကလောက် မောင်းမကောင်းခဲ့ကြတော့ပါပူး ခိနခိန နားဖစ်ခဲ့ကြပါတယ် ရေလည်း တအားဆာကြပါတယ် ၂နာရီခြားတခါကို နားမိကြတော့တာပါပဲ နောက်ဆုံး မိတ်ထီလာမှာပဲ တည
ထပ်အိပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ပင်ပန်းနေကြပီမို့ တညနားပီးမှပဲ နောက်ရက် မနက်အစော မှာ အလုပ်တွေ ဝင်ကြမှာ ရှိတဲ့အတွက် ထွက်ခဲ့ကြပီး
မန်းလေးကို ၈နာရီ ပြန်ရောက်ခဲ့ကြပါတယ်

ကဲ lady တွေရဲ့ ပထမဆုံး long trip ဖစ်တဲ့ မန်းလေးငွေဆောင် ခရီးစဉ်လေးကတော့ ပီးပါပီရှင် လမ်းခရီးတစ်လျောက် လုံးမှာကတော့အခက်အခဲမရှိ
အောင်မြင်စွာနဲ့ ပြန်လာခဲ့နိုင်ကြပါတယ်ရှင်
နောက်နောင်လည်း ခုလို ခရီးရှည်မျိုး ထွက်နိုင်အောင်ကိုလည်း များကြီးကြိုးစားပါဦးမယ်ရှင်😇😇😇😇😇

မန်းလေး to ငွေဆောင် (part-1)long trip ကိုဆိုင်ကယ်တွေနဲ့သွားခဲ့တဲ့ lady riders (4) ဦးရယ် နဲ့ အကြောင်းကြောင်းတွေကြောင့် ဆိ...
01/03/2026

မန်းလေး to ငွေဆောင် (part-1)

long trip ကိုဆိုင်ကယ်တွေနဲ့

သွားခဲ့တဲ့ lady riders (4) ဦးရယ် နဲ့

အကြောင်းကြောင်းတွေကြောင့် ဆိုင်ကယ် နဲ့

မလိုက်ဖစ်ရတော့ပဲ ကားနဲ့ လိုက်ခဲ့လိုက်ရတဲ့

Lady rider (2)ဦးရယ် အားလုံး အဆင်ပြောပြေချောချော

မွေ့မွေ့နဲ့ ခရီးစဉ်လေး အောင်မြင်ခဲ့ပါတယ်

ကျွန်မရဲ့ lady တွေကိုလည်း ကျေးဇူးတင်ပါတယ်

တချက်မှ မညီးညူးပဲ မောင်းနိုင်ကြလို့😍

ပီးတော့ ဆိုင်ကယ်တွေကလည်း တစီးမှ မတူနေပူး😇

(ADV/racing/naked/classic)😇😇😇

အာ့လို မတူညီပေမဲ့လည်း တစီးနဲ့ တစီး လိုက်လျော

ညီထွေပီး မောင်းနိုင်ခဲ့ကြပါတယ် လမ်းတစ်လျောက်လုံး

မှာလည်း ဘီးပေါက်ခြင်း စက်ရပ်ခြင်း တခုမှ မဖစ်တာကို

လည်း အရမ်းကျေးဇူးတင်ပါတယ် 😇


#မန်းလေးtoငွေဆောင်



Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Myanmar Lady Biker GP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share