17/08/2026
🌞ကစားသမားတစ်ယောက်အတွက် လေ့ကျင့်ရေး၊ အာဟာရနဲ့ အနားယူခြင်း🌕
ကြွက်သားထွက်ဖုဖို့နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် လေ့ကျင့်ခန်းလုပ်ရုံ၊ စနစ်တကျ စားသောက်ရုံနဲ့ မပြီးသေးပါဘူး။ "ကောင်းမွန်စွာ အိပ်စက်ခြင်းနဲ့ အနားယူခြင်း" ဟာလည်း မရှိမဖြစ် လိုအပ်တဲ့ သုံးပွင့်ဆိုင်သော့ချက်တစ်ခု ဖြစ်ပါတယ်။
ကြွက်သားသစ်များ တည်ဆောက်ခြင်း: ကြွက်သားတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ပျက်စီးသွားပြီး ကောင်းစွာအိပ်စက်အနားယူချိန် (Deep Sleep) ရောက်မှသာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး ပိုမိုကြီးထွားလာတာဖြစ်ပါတယ်။
Growth Hormone ထွက်ရှိခြင်း: အိပ်စက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ Growth Hormone အများဆုံးထွက်ရှိပြီး ခန္ဓာကိုယ်ဆဲလ်တွေကို ပြန်လည်အားဖြည့်ပေးပါတယ်။
ဒဏ်ရာရရှိမှု လျှော့ချပေးခြင်း: လုံလောက်တဲ့ အနားယူမှုမရှိရင် အာရုံစိုက်မှုနည်းပါးလာပြီး လေ့ကျင့်ခန်းလုပ်စဉ် ဒဏ်ရာရလွယ်ပါတယ်။
"Gym မှာ ကြွက်သားကို ပျက်စီးအောင်လုပ်တယ်၊ အစားအသောက်က အာဟာရဖြည့်ပေးတယ်၊ အိပ်စက်ခြင်းက ကြွက်သားကို ကြီးထွားစေတယ်။
🏋️♂️ Wolves Club Gym & Fitness (Online Services)
Gym သို့ တိုက်ရိုက် မလာရောက်နိုင်သော ကစားသမားများနှင့် အဝေးရောက် ကစားသမားများအတွက်လည်း မိမိတို့၏ Fitness Goals များကို အကောင်အထည်ဖော်နိုင်ရန်
အောက်ပါ Online Programs များကို စီစဉ်ပေးထားပါပြီ -
🎯 Online Program: မိမိနှင့် ကိုက်ညီမည့် Workout Plan & Meal Plan များ
👥 Online Group Training: စနစ်တကျ အဖွဲ့လိုက် လေ့ကျင့်နိုင်မည့် Program
👤 Online One-on-One Training: သီးသန့် အသေးစိတ် training ပေးမည့် Personal Coaching
Wolves Club Gym & Fitness ၌ မိမိ၏ Fitness ခရီးစဉ်ကို အကောင်းဆုံး စတင်လိုက်ပါ။