Team Brotherly FC - TBFC

Team Brotherly FC - TBFC 👊

04/06/2026

ယခု 2026 ရာသီအတွက် အသင်း Jersey များအား
Aer Pu & 𝐁𝐫𝐨𝐭𝐡𝐞𝐫𝐬 𝐁𝐢𝐠 𝐁𝐢𝐤𝐞 𝐒𝐡𝐨𝐩 နှင့်
Super Star Distribution မှ ပံ့ပိုးသည်။

Thanks for your support 🧡🧡🧡

💥💥2026 🅰🆆🅰🆈 🅺🅸🆃 💥💥𝑨 𝑯𝑬𝑨𝑹𝑻𝑭𝑬𝑳𝑻 𝑻𝑯𝑨𝑵𝑲 𝒀𝑶𝑼 𝑻𝑶  𝑶𝑼𝑹 𝑰𝑵𝑪𝑹𝑬𝑫𝑰𝑩𝑳𝑬 𝑺𝑷𝑶𝑵𝑺𝑶𝑹!A huge shoutout to 𝘼𝙀𝙍𝙋𝙐 𝘼𝙉𝘿 𝘽𝙍𝙊𝙏𝙃𝙀𝙍𝙎 - 𝘽𝙄𝙂 𝘽𝙄𝙆𝙀 𝙎𝙃𝙊𝙋...
04/06/2026

💥💥2026 🅰🆆🅰🆈 🅺🅸🆃 💥💥

𝑨 𝑯𝑬𝑨𝑹𝑻𝑭𝑬𝑳𝑻 𝑻𝑯𝑨𝑵𝑲 𝒀𝑶𝑼 𝑻𝑶 𝑶𝑼𝑹 𝑰𝑵𝑪𝑹𝑬𝑫𝑰𝑩𝑳𝑬 𝑺𝑷𝑶𝑵𝑺𝑶𝑹!

A huge shoutout to 𝘼𝙀𝙍𝙋𝙐 𝘼𝙉𝘿 𝘽𝙍𝙊𝙏𝙃𝙀𝙍𝙎 - 𝘽𝙄𝙂 𝘽𝙄𝙆𝙀 𝙎𝙃𝙊𝙋 for their incredible support in sponsoring our brand-new away kits! 💛
Your backing fuels our passion, and the entire Team Brotherly FC family is deeply honored to represent you on the field. We are ready to give our best in this new season and
wear this kit with pride.
Let’s ride to victory together! ⚽

Thank you Aer Pu
အလုပ်အကိုင်များ ယခုထက် အဆပေါင်းများစွာ
အောင်မြင်တိုးတက်ပါစေခင်ဗျာ



𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!  ထုံးစံအတိုင်းပါပဲအရှေ့အရပ်ကနေထွက်တယ် အနောက်အရပ်က နေဝင်တယ်ပထမံ ဆရာသိန်း 5000 ထိတယ် ပုံမှန်ပါပဲကဲ ဒီတခ...
25/05/2026

𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!




ထုံးစံအတိုင်းပါပဲအရှေ့အရပ်ကနေထွက်တယ်
အနောက်အရပ်က နေဝင်တယ်
ပထမံ ဆရာသိန်း 5000 ထိတယ် ပုံမှန်ပါပဲ
ကဲ ဒီတခါတော့ ဒုတိယအကျော့ သူ့ကိုသူ
Fine အထိနည်းတယ်ဆိုပြီး ဂုဏ်ဆာ ဆာနေတဲ့ ပထမံဆရာသိန်း 5000 တန်းရောက်သွားပါတယ်
ပြိုင်ဘက်တွေက မလှီတော့တဲ့အခါ ရွှေဘိုသား
အယ်ကိုဟောလစ် ဆရာကြီးဟာလည်း
ပထမံဆရာသိန်းနဲ့ အတူ Fine ထိခဲ့ပါတယ်
substitute မလုပ်ရင် အမြဲ Fine မထိတတ်တဲ့ ရွှေသီ ဟာလည်း Fine ထိပြန်ပါတယ်

TB ရဲ့ ပထမဆုံးသော Fantasy Premier League ရဲ့ ချန်ပီယံ အသင်းကတော့ ဂွတ်တမောနင်းဝေဝေ ဖြစ်ပါတယ် အားလုံးပဲ Congratulations လုပ်သွားပါဦး
ဒုတိယနေရာက စည်သူနိူ ရဲ့ ရီကီမာရူ အသင်းကို 31 မှတ် အသာနဲ့ ဗိုလ်စွဲခဲ့တာပါ
တတိယလူအဖြစ် ကျော်ကြီးက ရပ်တည်ခဲ့ပြီး
ဇယားအလယ်အလတ်အသင်းတွေအဖြစ်ကတော့
မြင်းမကောင်းလို့ ခွာလိပ်ခဲ့တဲ့ မန်နေဂျာ ရဲထွေးနဲ့
သူ့အောက်မှာတော့ ဖိုင်းကြေးအနည်းဆုံးနဲ့ ဂုဏ်ဆာတတ်တဲ့ ပထမံဆရာသိန်း ဖြစ်ပါတယ်
ဆရာသိန်း ဖိုင်းကြေး နည်းဆို သူဟာ စွန့်စားရဲတဲ့ မန်နေဂျာမျိုးမဟုတ်ပဲ Safe Play လောက် ဆော့ချင်ပြီး Risk မယူရဲတဲ့ မန်နေဂျာတွေဟာ ဇယားအလယ်မှာ သာမာန်အသင်းအနေနဲ့ပဲ ပြီးဆုံးမှာပါ(ဤက စကားချပ်)
သူ့တို့အောက် တန်းဆင်းဇုန်မှာတော့
ရွှေသီ အက်ဖ်စီ၊ဖိုးစန်းလီယို၊မုဆိုးဖိုတို့ ရပ်တည်ခဲ့ပါတ
ယ်။ လာမယ့် ရာသီမှာတော့ အသင်းသစ် ၂ သင်းဖြစ်တဲ့ နံဂျပ်ကူငတေနဲ့ တရုတ်မ တို့အသင်း ပါလာမှာဖြစ်လို့
ဖားလေးတွေ တိုးလာပြီ ဆိုပြီး ဇယားအောက်ခြေက
ဂျာကြီးတို့ ပြုံးနေမယ် ထင်ပါတယ်

ရာသီပိတ် ရှက်ကာ ဒကာကြီးတွေကတော့

1.ဝါရင့်မန်နေဂျာပထမံဆရာသိန်း 4000
2.substitute ဘုရင် Runner စိုး 4000
2.ရွှေဘိုအယ်ကိုဟောလစ်ဆရာကြီး 2000

⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️

𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!  ကဲ ညီကိုတို့ရဲ့ EPL Week 37 တော့ မနက်ဖန် ဆို ရောက်တော့မယ်ဆိုတော့ ပြီးခဲ့တဲ့ TB Fantasy League week 3...
15/05/2026

𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!




ကဲ ညီကိုတို့ရဲ့ EPL Week 37 တော့ မနက်ဖန် ဆို ရောက်တော့မယ်ဆိုတော့ ပြီးခဲ့တဲ့ TB Fantasy League week 36 အကြောင်းလေး စားမြုံပြန်ကြအုံးစို့ ညီကိုတို့

ဒီတပတ်မှာတော့ ထိပ်ဆုံးကနေ ပီး အဆင့် ၁ ဖြစ်ပီဟေ့လို့ လေမကြွယ်ရဲသေးတဲ့ ဂွတ်ထမောနီးဝေဝေ တို့ ခြေချော်လဲ ခဲ့တဲ့ အပတ်စဉ်ပဲ ဖြစ်ပါတယ်
ပြီးတော့ လှူနေကြ ဒကာကြီး ကို မေ့သွားမှာဆိုးလို့ ထပ်ထပ်လှူနေတဲ့ ရမ်နာရွှေသီလေး ပဲ ဖြစ်ပါတယ်
အဆင့် ၁ ဂွတ်ထမောနီးဆံရှည်ကြီး ချော်လဲလို့ အဆင့် ၂ ဖြစ်သူက အခွင့်အရေးမယူနိူင်ပါပဲ သူပါ မှောက်ရက်လဲတဲ့ သရီးလိုင်းရင်းအီဘောရှင်း မန်နေဂျာဒီဒီယာနိုနို ပဲဖြစ်ပါတယ် (သူကိုယ်သူတော့ အပ်နော်မယ်ရီကီးမာရူးလို့ပြောတာပဲ)အက်မင်ကတော့ အီဘောရှင်းပဲ ဟိဟိ

Weekend 2 ပတ် ပဲ ကျန်တော့တဲ့ အချိန် မှာ ချန်ပီယံ လုဘက်တွေ အဖြစ် လက်ရှိ
အဆင့် ၁။ ဂွတ်ထမောနီးဝေဝေ
အဆင့် ၂။ အပ်နော်မယ်ရစ်ကီမာရူး
အဆင့် ၃။ ဝူးဝမ်ဝူးကျော်ကြီး တို့ဖြစ်ကြပီး

အလယ်အလတ် အောက်မရောက်အလယ်မှာဂွထိုင်နေတာကတော့
အဆင့် ၄။ ပထမံဆရာသိန်း
အဆင့် ၅။ ၆၉ ရဲထွေး

တန်းဆင်းဇုန် မှာတော့
အဆင့် ၆။ အလှူဒကာကြီးရမ်နာရွှေသီ
အဆင့် ၇။ အသံမထွက်တော့တဲ့ ဖိုးစမ်းလီယို
အဆင့် ၈။ လျော့ပါတယ်ဆိုပီး အောက်ဆုံးကတက်မလာတဲ့ မုဆိုးဘိုကြီး တို့ပဲ ဖြစ်ပါတယ်

ထူးခြားချက်ကတော့ အခု ပြောခဲ့တဲ့ ဂရု ၃ခု မှာ ဂရုတခုထဲမှာတော့ အမှတ် မကွာကြပဲ ဂရု အနေနဲ့ ရမှတ်တွေ ကွာခြားနေတာကို တွေ့ရမှာဖြစ်ပါတယ်

ဒီတပတ် ရှက်ကာ အလှူရှင်တွေကတော့

၁။ ဂွတ်ထမောနီးတောင်းပန်ပါတယ်။ ၅၀၀၀
၂။ ဖူဆယ်မှာတီကီတာကာ
ဆော့ကြမယ်လေ။ ၃၀၀၀
၃။ ငါကအငြင်းမသန်ဘူး
စိတ်မကောက်တက်ဘူး။ ၂၀၀၀


⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️

၁- တစ်ပတ်ချင်း ရှုံးကြွေးကို digital pay ဖြစ်သာ
လွှဲပြီး Group SS ပို့ရန်

၂-နောက်တစ်ပတ်မစခင် တစ်ပတ်စာ
အရှုံးငွေ ကြိုလွှဲရန်
ထိုမှမဟုတ်ပဲ နောက်တစ်ပတ် ပွဲစချိန်နေ့ထိ
မလွှဲရင် ရှုံးကြွေး Double သတ်မှတ်မည်

𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!  အပတ်စဉ် TB Fantasy player တွေကစားလာတာရာသီကုန် ပူလောင်ရဖို့ ၃ပတ်ပဲ ကျန်ပါတော့တယ်ဗျာဒီတပတ်လဲ ပြောစရာ ရ...
05/05/2026

𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!




အပတ်စဉ် TB Fantasy player တွေကစားလာတာ
ရာသီကုန် ပူလောင်ရဖို့ ၃ပတ်ပဲ ကျန်ပါတော့တယ်ဗျာ

ဒီတပတ်လဲ ပြောစရာ ရေးစရာ ထူးထူးခြားခြား မရှိပါဘူးဗျာ ဖြစ်နေကြတွေလိုပဲ
၆၉ဂျာကြီး ရဲထွေး လှူနေကြ ရမ်နာရွှေသီစိုး
အယ်ကိုဟောလစ်မုဆိုးဘို ဒီလူ ဒီplayer တွေပဲ ထိမြဲကြုံမြဲ အတိုင်းပါပဲ
ဒီတပတ် ရမှတ် အများဆုံးကတော့ ရာသီအစ လေကျယ်ကြီး လီယို ဖြစ်ပီး BB Crips နဲ့ သာယာနေခဲ့တာပဲ ဖြစ်ပါတယ်
ယခင်တပတ် ၅၀၀၀ တန် ဆရာသိန်းက ဒီတပတ်
ဒုတိယ အမှတ်အများဆုံးနဲ့ comeback လာနိုင်ခဲ့ပါတယ်ဗျ

လှူနေကြရှက်ကာ ဒကာကြီးတွေကတော့

၁- ရဲထွေး ၆၉။ ၅၀၀၀ ကျပ်
၂- ရန်နာရွှေသီစိုး။ ၃၀၀၀ ကျပ်
၃- အယ်ကိုဟောလစ်မုဆိုးဘို။ ၂၀၀၀ ကျပ်

🟰🟰🟰🟰🟰🟰🟰🟰🟰🟰🟰🟰🟰

သတိပြုရန်

၁- ရှုံးငွေကို Digital Pay ဖြင့်သာ ပေးချေရမည်ဖြစ်ပါသည်

၂-နောက်တစ်ပတ်မစခင် တစ်ပတ်စာ
အရှုံးငွေ ကြိုလွှဲရန်
ထိုမှမဟုတ်ပဲ နောက်တစ်ပတ် ပွဲစချိန်နေ့ထိ
မလွှဲရင် ရှုံးကြွေး Double သတ်မှတ်မည်

𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!  အရှေ့အရပ်ကနေထွက်တယ် အနောက်အရပ်က နေဝင်တယ်ပထမံ ဆရာသိန်း 5000 ထိတယ် ပုံမှန်ပါပဲကဲ ဒီတခါတော့ ဒုတယအကျော့ ...
28/04/2026

𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!




အရှေ့အရပ်ကနေထွက်တယ်
အနောက်အရပ်က နေဝင်တယ်
ပထမံ ဆရာသိန်း 5000 ထိတယ် ပုံမှန်ပါပဲ
ကဲ ဒီတခါတော့ ဒုတယအကျော့ သူ့ကိုသူ
Fine အထိနည်းတယ်ဆိုပြီး ဂုဏ်ဆာ ဆာနေတဲ့ ပထမံဆရာသိန်း 5000 တန်းရောက်သွားပါတယ်
ပြိုင်ဘက်တွေက မလှီတော့တဲ့အခါ ရွှေဘိုသား
အယ်ကိုဟောလစ် ဆရာကြီးဟာလည်း
ပထမံဆရာသိန်းနဲ့ အတူ Fine ထိခဲ့ပါတယ်
ဂျလိန်အုံးက ဆရာကြီးနှစ်ပွေ ဝေဝေအက်ဖ်စီနဲ့ အပ်နော်မယ်ရီကီမာရူတို့က အဆင့်1/2 လုနေပေမယ့်
အဆင့် 3 က ဝီဝူးကျော်က ဒီတခါ ဖိုင်းထိပါတယ်
ပုံမှန်နေရာ ပုံမှန် အမှတ်နဲ့ ရွှေသီ/ဖိုးစန်းလီယိုတို့ကလည်း ဖိုင်း မထိခဲ့ပဲ ရွှေသီ Login ဝင်မရပဲ အမြဲ အမှတ်ရနေလို့ ခုတလော အာနည်းနည်းချောင်ပါပြီး
Chip တွေကို မစီမံ မခန့်ခွဲတတ်ခဲ့တဲ့
ဆစ်စတီရဲထွေးဟာလည်း ယခုအပတ်
အမှတ်နုတ်ခံပြီး Substitute လုပ်ခဲ့ရပါတယ်
ယခုအပတ်မှာတော့ ပထမံ ဆရာသိန်းဟာ 42 မှတ်နဲ့ အမှတ်အနည်းဆုံးဖြစ်ပြီး သူ့အထက်အသင်းများနဲ့ အမှတ်သိပ်မကွာပေမယ့်
မုဆိုးဖို 46 မှတ်
ဝီဝူးကျော် 47 မှတ်
ဇယားထိပ်ဝေဝေကတော့ 48 မှတ်ဖြင့် Fine ဘေးမှ
ကပ်လွှတ်ခဲ့ပါတယ်။ယခုအပတ် အမှတ်အများဆုအသင်းကတော့ အမှတ် 70 နဲ့ ရီကီမာရူ အသင်း
ပဲ ဖြစ်ပါတယ်

ဒီတစ်ပတ်ရှက်ကာ ဒကာကြီးတွေကတော့

1.ပထမံဆရာသိန်း 5000
2.ရွှေဘိုအယ်ကိုဟောလစ်ဆရာကြီး 3000
3.ဝီဝူးဝမ်းကျော် 2000 တို့ဖြစ်ပါတယ်

⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️

၁- တစ်ပတ်ချင်း ရှုံးကြွေးကို digital pay ဖြစ်သာ
လွှဲပြီး Group SS ပို့ရန်

၂-နောက်တစ်ပတ်မစခင် တစ်ပတ်စာ
အရှုံးငွေ ကြိုလွှဲရန်
ထိုမှမဟုတ်ပဲ နောက်တစ်ပတ် ပွဲစချိန်နေ့ထိ
မလွှဲရင် ရှုံးကြွေး Double သတ်မှတ်မည်

𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!  ကဲ လာပါပြီဗျာ မန်နေဂျာ ၈ ဦးရဲ့ ဉာဏ်ကွန့်မြူးခဲ့တဲ့ Double Game Week ကြီးမှာ ဘယ်သူတွေထောင်တက်ပြီး ဘယ်...
23/04/2026

𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!




ကဲ လာပါပြီဗျာ
မန်နေဂျာ ၈ ဦးရဲ့ ဉာဏ်ကွန့်မြူးခဲ့တဲ့
Double Game Week ကြီးမှာ ဘယ်သူတွေ
ထောင်တက်ပြီး ဘယ်သူ တွေ လဲကျခဲ့သလဲဆိုတာ

ဒီတစ်ပတ်ရဲ့ ဇာတ်လိုက်နဲ့ပဲ စလိုက်ရအောင်
စံချိန်တင် အမှတ်အနည်းဆုံး ဖြစ်ခဲ့တဲ့ ရီကီမာရု ကပဲ ယခု DGW မှာ TB FPL ရဲ့ စံချိန်တင် အမှတ်အများဆုံး ဖြစ်ခဲ့ပါတယ် ယခင်စံချိန်က ဝီဝူး‌‌ဝမ်း ရဲ့ 107 မှတ်ကို
ယခု အပတ်မှာ ရီကီမာရုအပြင် ဇယားထိပ် ဝေဝေ
ကလည်း 114 မှတ်နဲ့ ကျော်ဖြတ်ခဲ့ပါတယ်

ယခုဆိုရင် ဆရာကျတဲ့ ဂျလိန်အုံးGroup ကပဲ
ဇယားထိပ်ဆုံး 3 နေရာမှာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်နေဆဲ ဖြစ်သလို အာဆင်နယ်လို ရာသီအစ
ဇယားထိပ်နေ ‌‌နိုင်တာ ပွဲမပြီးပဲ တက်မ
တက်တက်ထောင်နေပြီး
5000တန်ကို လေးပတ်ဆက် ဖိုင်းထိတဲ့စံချိန်ရှင်
ဆစ်စတီရဲထွေး ဟာ ယခင်အပတ် အမှတ်များလို့
ထိပ်ဆုံး 3သင်းနဲ့ အပြိုင်လိုက်နေပေမယ့်
DGW မှာတော့ 74 မှတ်သာ ရလို့ တတိယနေရာက
ဝီဝူးဝမ်းနဲ့ အမှတ် 70 ပြတ်နေပြီ ဖြစ်တာကြောင့်
၅ ပွဲသာကျန်တော့တဲ့အချိန် လေဆင်နယ်လို
စည်သူလွင်ဘဝတောင် မရေမရာဖြစ်နေရပါပြီ

သူ့အောက်မှာတော့ သူ့လို ထူးမခြားနားပဲ ပုံမှန် နေရာမှာ ရှိနေတဲ့ ပထမံဆရာသိန်းဟာ Haaland Triple Captain နဲ့ သူ့ဘဝရဲ့ အမှတ်အများဆုံး စံချိန် ကို 97 မှတ်နဲ့
တင်ခဲ့ဖူးပါပြီ

ကျန်တဲ့ ဇယားအောက်ခြေက 3သင်းမှာတော့ ရွှေသီအသင်းဟာ မည်သို့မည်ပုံဖြင့် TB League Cup ချန်ပီယံ ဖြစ်သွားမှန်းမသိ ဖြစ်ခဲ့ပါတယ် Congratulations ပါ 👏👏👏

နောက်တစ်သင်းဖြစ်တဲ့ ဖိုးစန်းလီယိုအသင်းဟာလည်း TB League Cup Finalists အဖြင့် ဆရာသီနဲ့အတူ ယောင်တောင်တောင် တက်ယှဉ်ဆိုင်ပြီး DGW ကစားသမား ပိုများစွာထည့်ထားတာတောင် ရွှေသီကို ရှုံးနိမ့်ခဲ့ပါတယ် သူဟာလည်း အာဆင်နယ်ဖန် ရဲထွေးလို ရာသီအစက အင်မတန် အသံကျယ်ခဲ့တဲ့ အသင်းမန်နေဂျာပါပဲ

ဇယားအောက်ဆုံးနေရာမှာတော့
"ပြိုင်ဘက်တွေက လှီတာ"ဆိုတဲ့ ဆောင်ပုဒ်နဲ့
အောက်ကနေ အတိုနဲ့ ထိုးထိုးနေတဲ့ ငါးမည်ရပြည်ရွှေဘိုက မန်နေဂျာကြီး အယ်ကိုဟောလစ်ဟာ ယခုအပတ်မှာ ၅၀၀၀ တန် အပိုင်စားလိုက်ရပါတယ်

ဒီတစ်ပတ်ရှက်ကာ ဒကာကြီးတွေကတော့

1. ရွှေဘိုအယ်ကိုဟောလစ်ဆရာကြီး 5000
2. ဖိုးစန်းလီယို 3000
3.ချန်ပျံရွှေသီ 2000 တို့ဖြစ်ပါတယ်

⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️

၁- တစ်ပတ်ချင်း ရှုံးကြွေးကို digital pay ဖြစ်သာ
လွှဲပြီး Group SS ပို့ရန်

၂-နောက်တစ်ပတ်မစခင် တစ်ပတ်စာ
အရှုံးငွေ ကြိုလွှဲရန်
ထိုမှမဟုတ်ပဲ နောက်တစ်ပတ် ပွဲစချိန်နေ့ထိ
မလွှဲရင် ရှုံးကြွေး Double သတ်မှတ်မည်

18/04/2026

မဂ်လာရှိသော နှစ်သစ် ဖြစ်ပါစေခဗျာ....

TB အဖွဲ့သားများကိုယ်စား

ကျနော် မောင်ငနို ကနေပီးတော့ အိပ်ယာထဲကနေ

ဆုတောင်းပေးလိုက်ပါတယ်ခဗျ

(အခါတွင်းမှာ မူးနေလို့ အခုမှ နှစ်သစ်ဆုတောင်းပေးလိုက်ရပါတယ်)

𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!  ကဲ နိုင်ငံတကာပွဲတွေ/UCLတွေ FA ပွဲတွေကြောင့်ဝေးကွာနေခဲ့တဲ့ FPL ပြန်လာပါပြီ။ ဒီတစ်ပတ်မှာတော့4 ပတ်ဆက်တိ...
14/04/2026

𝚑𝚎𝚛𝚎 𝚠𝚎 𝚐𝚘 𝚊𝚐𝚊𝚒𝚗!!




ကဲ နိုင်ငံတကာပွဲတွေ/UCLတွေ FA ပွဲတွေကြောင့်
ဝေးကွာနေခဲ့တဲ့ FPL ပြန်လာပါပြီ။ ဒီတစ်ပတ်မှာတော့
4 ပတ်ဆက်တိုက် စံချိန်တင် 5000 လှူခဲ့တဲ့ ဆစ်စတီရဲထွေးဟာ ရမှတ် 79 မှတ် ယခုအပတ်ရဲ့ အမှတ်အများဆုံးအဖြစ် အရှိန်အဟုတ် နဲ့ ချန်ပီယံပြေးလမ်းထဲကို ပြန်ဝင်လာပါပြီ။ယခုဆိုရင် ဂျလိန်အုံးက 3သင်းနဲ့ အပြိုင် အသင်း 4 သင်းဟာ ရာသီကုန်ခါနီးလေ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်လာနေပြီ ဖြစ်ပါတယ်
ယခုအပတ်မှာ ပွဲတွေ မကစားရလို့ တလနီးပါး နားနေပေမယ့် ခြေချော်ခဲ့တဲ့ ဆိုက်ကားဂိတ်ကြောင့် ဝီဝူးကျော် နဲ့ ဝေဝေအက်ဖ်စီတို့ဟာ ဒီအပတ်မှာ ရှက်ဒကာ ဖြစ်ခဲ့ပါတယ် ထို့နောက် TB FPL ရဲ့ Cup Semifinals မှာတော့

Shwe Thi VS WiWuWan Team
Wai Wai FC VS LEO တို့ ယှဉ်ပြိုင်ခဲ့ရာမှာ
Shwe Thi နဲ့ ဖိုးစန်းလီယိုဟာ နောက်အပတ်မှာ
Final ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်

ဒီတစ်ပတ်ရှက်ကာ ဒကာကြီးတွေကတော့

1. ဝီဝူးဝမ်းကျော် 5000
2. အယ်ကိုဟောလစ်သီဟ 3000
3.ဂွတ်တမောနင်းဝေဝေ 2000 တို့ဖြစ်ပါတယ်
ဂွတ်‌တမောနင်းဝေဝေ ယခင်အပတ် 3000+ဖိုင်း 3000
စုစုပေါင်း 8000 ဖြစ်ပါတယ်

⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️⛔️

၁- တစ်ပတ်ချင်း ရှုံးကြွေးကို digital pay ဖြစ်သာ
လွှဲပြီး Group SS ပို့ရန်

၂-နောက်တစ်ပတ်မစခင် တစ်ပတ်စာ
အရှုံးငွေ ကြိုလွှဲရန်
ထိုမှမဟုတ်ပဲ နောက်တစ်ပတ် ပွဲစချိန်နေ့ထိ
မလွှဲရင် ရှုံးကြွေး Double သတ်မှတ်မည်

Address

Mandalay

Telephone

+959953332008

Website

Alerts

Be the first to know and let us send you an email when Team Brotherly FC - TBFC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category