Mandalay Region Football Association - MRFA

Mandalay Region Football Association - MRFA The official page of Mandalay Region Football Association

၂၀၂၆ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဗိ...
17/08/2026

၂၀၂၆ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးခြင်း အခမ်းအနားကို(၁၇.၈.၂၀၂၆)ရက်နေ့ညနေ ၃း၃၀ အချိန်တွင် အောင်မြေမန္တလာကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအစိုးအဖွဲ့ ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီး လွတ်တော်ဥက္ကဌ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာ အရာရှိကြီးများ မန္တလေးတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့် ဖိတ်ကြားထားသောဧည်သည်တော်များ တက်ရောက်ခဲ့အားပေးကြပါသည်။ဗိုလ်လုပွဲတွင် ရမည်းသင်းခရိုင်အသင်းနှင့် ကျောက်ဆည်ခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားရာ ကျောက်ဆည်ခရိုင်အသင်းမှ ၃:၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ဆက်လက်ပီးဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ နေရာအလိုက်အကောင်းဆုံးဆုများ၊တတိယဆုရရှိသည့်ပြင်ဦးလွင်ခရိုင်အသင်း၊ဒုတိယရှိသော ရမည်းသင်းခရိုင်အသင်းများ ကို တိုင်းဒေသကြီးလွတ်တော်ဥက္ကဌ ၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးဘောလုံဆပ်ကော်မတီ ဥက္ကဌ တို့မှ ဆုတံဆိပ်နှင့်ငွေသားများကိုချီးမြှင့်ပေးခဲ့ကြပီး ပထမဆုရရှိခဲ့သည့် ကျောက်ဆည်ခရိုင်ဘောလုံးအသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တံခွန်စိုက်ဖလားနှင့် ငွေသား ဆုများကို ချီးမြှင့်ပေးခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးဘောလုံးဆပ်ကော်မတီ ဥက္ကဌမှ လည်း ပထမဆုအတွက် ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုအတွက် ငွေကျပ် ၈သိန်း တတိယဆုအတွက်ငွေကျပ် ၅ သိန်း စုစုပေါင်း ၂၃ သိန်းကျပ်အားထပ်ဆောင်းဆုချီးမြှင့်ပေးခဲ့ပါသည်။

၂၀၂၆ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဖွ...
17/08/2026

၂၀၂၆ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို(4.8.2026)ရက်နေ့ညနေ ၃နာရီအချိန်တွင် အောင်မြေမန္တလာကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီး လွတ်တော်ဥက္ကဌ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာ အရာရှိကြီးများ မန္တလေးတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့် ဖိတိကြားထားသောဧည်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားကို တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပေးကာဖွင့်လှစ်ပေးခဲ့ပီး ပြိုင်ပွဲဝင်အသင်းများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဘောလုံးများထောက်ပံ့ပေးခဲ့ပါသည်။မန္တလေးတိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဌ မှလည်း ပြိုင်ပွဲ ဝင် ခရိုင်အသင်း ၁၁ သင်း အတွက် တသင်း လျှင် ၃သိန်းကျပ်နှုန်းဖြင့် ၃၃ သိန်းကျပ်အား ထောက်ပံ့ပေးခဲ့ပါသည်။
ပြိုင်ပွဲများကို (4.8.2026)ရက်နေ့မှ(17.8.2026)နေ့အထိ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်ကွင်းများတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

FIFA Football For Schools Program မိတ်ဆက်ခြင်းနှင့် ဘောလုံးလွှဲပြောင်းခြင်း အခမ်းအနားကို ယနေ့မနက်ပိုင်းက မန္တလေးတိုင်းဒေ...
12/06/2026

FIFA Football For Schools Program မိတ်ဆက်ခြင်းနှင့် ဘောလုံးလွှဲပြောင်းခြင်း အခမ်းအနားကို ယနေ့မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အထက ၂၇ ကျောင်းအားကစားကွင်း တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရဖွဲ့ဝင်ဝန်ကြီးများ၊ဌာနဆိုင်ရာ မှတာဝန်ရှိသူများ၊အားကစားဝန်ကြီးဌာန မှတာဝန်ရှိသူများ ၊ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊မန္တလေးတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊MFF မှ တာဝန်ရှိသူများ ၊မြန်မာ့လက်ရွေးစင်ကစားသမားများ၊ ဆရာဆရာမများ ကျောင်းသားကျောင်းသူများနှင့်ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအစီစဉ်အရ တိုင်းဒေသကြီးဝန်ကြီးချုပ်မှအဖွင့်အမှာစကားပြောကြားပေးပီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ Adidas No-4 ဘောလုံးများကို ပညာရေးဝန်ကြီဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များမှ လက်တွေ့သင်ခန်းစာသရုပ်ပြ နေကြသည့်ကျောင်းသား ကျောင်းသူများအားလှည့်လည်ကြည့်ရှု့အားပေးခဲ့ကြပါသည်

မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းဝေးကို ၂၇.၅.၂၀၂၆ ရက်နေ့ ၁၁ နာရီ အချိန် တွင် မန္တ...
27/05/2026

မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းဝေးကို ၂၇.၅.၂၀၂၆ ရက်နေ့ ၁၁ နာရီ အချိန် တွင် မန္တလေးတိုင်းဒေသကြီး အား/ကာ ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြပါသည်။ အခမ်းအနား သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အယူခံကော်မတီ ဥက္ကဌ ဦးအေးမောင်ကြီး ၊မန္တလေးတိုင်းဒေသကြီး အာ:/ကာ ညွှန်းကြားရေးမှူး ဦးနိုင်လင်းအောင် နှင့် မန္တလေးတိုငိးဒေကြီး ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဌ ဦးကျော်သက်လှိုင်တို့မှ အဖွင့်အမှာစကားအသီးသီး ပြောကြားပေးပီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ တာဝန်ခံ ဦးမင်းဦးကြိုင်မှ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကို တင်ပြေဆွေးနွေးပေးခဲ့ပါသည်။ဆက်လက်ပီး တက်ရောက်လာကြသောမြို့နယ် အားကစားမှုးများနှင့် မြိုနယ် ဘောလုံး အဖွဲ့ချုပ်များမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ခဲ့ကြပါသည်။

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတ...
14/05/2026

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး U-18 ဘောလုံးအသင်း ဩဝါဒ ခံယူပွဲ အခမ်းအနား ကို (၁၃.၅.၂၀၂၆ )ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး အား/ကာ ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်မှ မန္တလေးတိုင်း ဘောလုံးအသင်းအား ဩဝါဒအမှာ စကားပြောကြာပေးပီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် မှလည်း ဂုဏ်ပြုထောက်ပံ့ငွေများနှင့် အားကစားဝတ်စုံများ လှူဒါန်းပေးအပ်ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် လွတ်တော်ကိုယ်စလှယ်များမှ ကြီးမှူးကျင်းပသော Football for school programme အစီ...
13/05/2026

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် လွတ်တော်ကိုယ်စလှယ်များမှ ကြီးမှူးကျင်းပသော Football for school programme အစီစဉ်ဖြင့် ကျင်းပပြုလုပ်သော အခြေခံဘောလုံးသင်တန်း၊ကရာတေး၊တိုက်ကွန်ဒိုနှင့်စာပွဲတင်တန်းနစ် သင်တန်း ဖွင်ပွဲ အခမ်းနားကို ၁၂.၅.၂၀၂၆ ရက်နေ့တွင် ပြည်ကြီးတံခွန် မြို့နယ် (စ)ရပ်ကွက်ပြည်သူ့ အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုး၊ လွှတ်တော် ဒုဥက္ကဌ ဦးကျော်မြင့် နှင့် လွှတ်တော်ကိုယ်စလှယ်များ၊လူမှု့ရေးရာဝန်ကြီး ဦးလှကြွယ် ၊တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည် ၊ဌာနဆိုင်ရာမှ အရာရှိကြီးများ ၊မန္တလေးတိုင်း ဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ နှင့် အဖွဲ့ဝင်များ ၊တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသောဧည့်သည်များ တက်ရာက်ခဲ့ကြပါသည်။ အခမ်းနား အစီစဉ်အရ လွတ်တော်ဥက္ကဌမှ အဖွင့်အမှာစကားပြောကြာပေးပီး အလှူရှင်များမှလှူဒါန်းကြရာ မန္တလေးတိုငိးဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မှ သင်တန်း အတွက် ဘောလုံးများ သင်ထောက်ကူပြုလေ့ကျင့်ရေးပစ္စည်းများ ကို လှူဒါန်းပေးခဲ့ပါသည် ။

Football For School Programme အစီစဉ်အရ မန္တလေးတိုင်းဒေသကြီး အစိုးရဖွဲ့ မှကြီးမှူးကျင်းပသော အခြေခံဘောလုံးသင်တန်းနှင့် ဆက်...
08/05/2026

Football For School Programme အစီစဉ်အရ မန္တလေးတိုင်းဒေသကြီး အစိုးရဖွဲ့ မှကြီးမှူးကျင်းပသော အခြေခံဘောလုံးသင်တန်းနှင့် ဆက်စပ်အားကစားနည်းများ အခြေခံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို 4.4.206 နေ့တွင် ဗထူးမိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ မန်လေးတိုင်းဒေသကြီး အစ်ုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် ဝန်ကြီးများ၊ မန်လေးတိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီနှင့်မန်လေးတိုင်းဒေကြီးဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးစောငြိမ်းနှင့် အဖွဲဝင်များ ၊ ဖိတ်ကြားထားသောဧည့်သည်များ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လစ်သော MFF Summer Football Skills Course-2026 2nd Batch Mandalay ဖွင့် ပွ...
06/05/2026

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လစ်သော MFF Summer Football Skills Course-2026 2nd Batch Mandalay ဖွင့် ပွဲ အခမ်းနားကို မန္တလေး ဘောလုံးအကယ်ဒမီ လေ့ကျင့်ရေး က္ရွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးစောငြိမ်း နှင့် အဖွဲ့ ဝင်များ မြန်နိုင်ငံဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ထွန်းထွန်းအောင်နှင့် တာဝန်ရှိသူများ ဖိတ်ကြားထား သူများ တက်ရောက် ခဲ့ကြပါသည်။ရှေးဦးစွာ မန္တလေးတိုင်ဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မှ အဖွင့်အမှာစကား ပြောကြားပေးပီး သင်တန်းသားသင်တန်းသူများ ကို ရင်ရင်နှီးနှီး လိုက်လံနှုတ်ဆက် အမှတ်တရ ဓာတ်ပုံရိုက်ကာ အခမ်းနား ကို အစီစဉ်တိုင်းဆက်လက်ဆောင်ရွက်ခဲ့ပါသည်

AFC U17 Asian Cup Saudi Arabia 2026 အာရှခြေစစ်ပွဲအောင်မြင်ခဲ့သော မြန်မာ U17 အသင်းတွင်ပါဝင်ခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီး...
11/12/2025

AFC U17 Asian Cup Saudi Arabia 2026 အာရှခြေစစ်ပွဲအောင်မြင်ခဲ့သော မြန်မာ U17 အသင်းတွင်ပါဝင်ခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီးမှ နည်းပြချုပ် ၊လက်ထောက်နည်းပြ နှင့် ကစားသမားများအား မန္တလေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်မှ ဂုဏ်ပြုနေ့လည်စာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ နှင့် အဖွဲ့ ဝင်များ၊ဌာနဆိုင်ရာ အကြီးကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ဥက္ကဌ မှ အဖွင့်အမှာစကားပြောကြား ပီး ဂုဏ်ပြုဆုငွေ သိန်း၅၀ ချီးမြှင့်ပေးခဲ့ပါသည်။ကစားများက်ုယ်စားနည်းပြချုပိ ဦးကျော်ဇေယျမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ဦးကျော်ဇေယျ သည် မန္တလေးတိုင်းဘောလုံးဆပ်ကော်မတီ မှ 2022 ခုနှစ်မန်တိုင်း U-18 အမျိုးသမီး ၊ ၂၀၂၃ခုနှစ်မန်းတိုင်း U-18 အမျိုးသား တို့တွင် နည်းပြချုပ် အဖြစ် တာဝန်ပေးအပ်ခဲ့ရာ ၂ကြိမ်ဆက် ရွှေတံဆိပ်ဆု ကို ရယူပေးနိုငိခဲ့ပြီး ယခုတခါ အာရှခြေစစ်ပွဲကိုအောင်မြင်ခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ အဌမ အကြိမ်မြောက် ကွန်ဂရက် 8th MFF Congress 2025 အခမ်းအနားအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လု...
02/12/2025

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ အဌမ အကြိမ်မြောက် ကွန်ဂရက် 8th MFF Congress 2025 အခမ်းအနားအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ က Novotel Yangon Max တွင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ နှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပါသည် ။ကွန်ဂရက်စ် တွင် မြန်ဘောလုံးလောကအတွက် နှစ်ပေါင်းများစွာ ကြိုးပမ်း ဆောင်ရွက်ပေးခဲ့သော ဦးတင်မြင့်အောင်အား Service Award ဆုချီးမြှင့်ခြင်း၊လစ်လပ်လျက်ရှိသော အလုပ်အမှု့ဆောင်တစ်ဦးနေရာအတွက် ဦးအောင်အောင်ဦး (ကစားသမား အစု အဖွဲ့ ကိုယ်စားလှယ်)အား ခန့်အပ်ခြင်း ၊အဖွဲ့ချုပ်၏ ငွေကြေးသုံးစွဲမှု့ ၊ရငွေ/သုံးငွေ ဆိုင်ရာစရင်းရှင်းတမ်းများ တင်ပြခြင်း၊ပြင်ပစာရင်းစစ်အဖွဲ့မှ တွေ့ရှိချက်များ အားတင်ပြခြင်း ၊ အဆိုပြုတင်ပြချက်များအားမဲခွဲ ဆုံးဖြတ်ခြင်း၊ အတည်ပြုချက်ရယူခြင်းများကို အစီစဉ်တိုင်းဆောင်ရွက်ခဲ့ကြပါသည်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Mandalay Region Football Association - MRFA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category