Aung Dee - Prediction

Aung Dee - Prediction ♻️𝐎𝐧𝐥𝐢𝐧𝐞 ဘောလုံးပွဲဝန်ဆောင်မှုများအတွက် 👇👇

𝐕𝐢𝐛𝐞𝐫 - 𝟎𝟗𝟔𝟔𝟏𝟏𝟕𝟒𝟏𝟔𝟒

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 - https://t.me/aungde
(4)

World Cup previewအပိုင်း ၃ - ပေါ်တူဂီဒီကမ္ဘာ့ဖလားဟာ ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်ပါတယ်။ ပြန်ပြောပါမ...
09/06/2026

World Cup preview
အပိုင်း ၃ - ပေါ်တူဂီ

ဒီကမ္ဘာ့ဖလားဟာ ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်ပါတယ်။
ပြန်ပြောပါမယ်။
ဒီကမ္ဘာ့ဖလားဟာ ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်ပါတယ်။
ဒီတစ်ချက်နဲ့တင် ပေါ်တူဂီအသင်းရဲ့ပေါက်ကွဲလာနိုင်စွမ်းကိုမှန်းဆကြည့်လို့ရပါတယ်။ အပြင်ပန်းကြည့်ရင်သာ မာနကြီးတယ်၊ ကိုယ့်ကိုယ်ကိုယ်သွေးနားထင်ရောက်နေတယ်လို့ထင်ရပေမယ့် တကယ်တမ်းခရစ္စတီယာနိုရော်နယ်လ်ဒိုဆိုတဲ့လူသားမှာ ဖြူစင်တဲ့နှလုံးသားတစ်စုံရှိပါတယ်။ ကူညီပေးကမ်းရက်ရောချင်တဲ့ လက်တစ်စုံရှိပါတယ်။ ကိုယ့်အသင်းဖော်တွေကို ကိုယ့်ညီတွေလိုသဘောထားပြီး ဦးဆောင်လမ်းပြချင်စိတ်၊ ပုခုံးဖက်ပေါင်းသင်းချင်စိတ်ရှိပါတယ်။ ဒီအချက်တွေကြောင့်လည်း ရော်နယ်လ်ဒိုရဲ့အသင်းဖော်တွေက ရော်နယ်လ်ဒိုကိုချစ်ကြပါတယ်။ များသောအားဖြင့်ပေါ့လေ။

"လူတစ်ယောက်အတွက် ငါတို့ရေကုန်ရေခန်းပေးဆပ်ကြမယ်"ဆိုတဲ့စိတ်က ကမ္ဘာ့ဖလားလိုရေတိုရှုံးထွက်ပြိုင်ပွဲမျိုးမှာ အစွမ်းတစ်ခုပြတတ်ပါတယ်။ ပြီးခဲ့တဲ့၂၀၂၂တုန်းက အာဂျင်​တီးနားအသင်းကသက်သေပဲ။ အဲဒီအချိန်က ဒါဟာမက်ဆီရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်သွားနိုင်တယ်၊ နောက်တစ်ကြိမ်မသေချာဘူးဆိုတဲ့စိတ်နဲ့ အာဂျင်တီးနားတစ်သင်းလုံးသွေးသောက်ညီအစ်ကိုတွေလို ငါစားမချန်ပဲအသားကုန်ရုန်းခဲ့ကြတယ်။ အဲဒီစိတ်စွမ်းအားကြောင့်ပဲ ၂၀၁၈တုန်းက သူတို့ကိုအသာစီးကဆော့ပြီးဖြုတ်ချခဲ့တဲ့ပြင်သစ်ကို ၂၀၂၂ဖိုင်နယ်မှာသူတို့က လူစာရင်းအရအောက်အသင်းလိုဖြစ်နေပေမယ့် ပွဲထဲမှာတော့တစ်ပွဲလုံးအပေါ်အသင်းလို ​ကစားပြနိုင်ခဲ့တယ်။ ပေါ်တူဂီလည်းဒီတစ်ခေါက် ဒီလိုလာမှာပါပဲ။ ကိုယ့်ထက်လူအင်အားကြီးမားသာလွန်တဲ့အသင်းတွေနဲ့ကစားရတဲ့အခါ ရော်နယ်လ်ဒိုအတွက်ရုန်းကြမယ်ဆိုတဲ့စိတ်ကအရေးပါလာမှာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့တစ်နှစ်ကဝမ်းနည်းဖွယ်အကောင်းဆုံးပုံစံနဲ့ ထာဝရခွဲခွာနှုတ်ဆက်သွားခဲ့တဲ့ ဒီယိုဂိုဂျော့တာအတွက်လည်းသူတို့နှစ်ဆပိုရုန်းကြပါလိမ့်ဦးမယ်။ ပေါ်တူဂီမှာ ဒီလိုမျိုးemotional fuelတွေရှိနေပါတယ်။

စိတ်ပိုင်းဆိုင်ရာတွန်းအားတွေဖယ်ထားလိုက်မယ်။ ​လူစာရင်းသီးသန့်ပဲကြည့်မယ်ဆိုရင်လည်း ဒီတစ်ခေါက်ပေါ်တူဂီလူစာရင်းကတော်တော်လေးသဘောကျချင်စရာကောင်းတဲ့ထဲပါပါတယ်။ ဂိုးသမားနေရာမှာ ဒီယိုဂိုကော်စတာနဲ့ဟိုဆေးဆားရှိတယ်။ ဗဟိုခံစစ်မှာ ရူဘင်ဒီယက်စ်၊ အင်နာစီယို၊ ရီနာတိုဗီဂါ၊ အာရူဟိုတို့ရှိတယ်။ တိုက်စစ်မှူးနေရာမှာ ခရစ္စတီယာနိုရော်နယ်လ်ဒို၊ ဂွန်ဆာလိုရာမို့စ်နဲ့ ဂွီဒက်စ်ရှိတယ်။ ဒီpositionတွေမှာ ပေါ်တူဂီကတန်းတစ်ခုရှိပါတယ်။ ဒီpositionတွေမဟုတ်တဲ့ တခြားpositionတွေမှာတော့ တန်းတစ်ခုထက်ပိုပြီး တန်းနှစ်ခု၊ သုံးခုလောက်ကိုရှိနေတာပါ။ ခံစစ်အစွန်တွေကိုကြည့်ရင် လက်ရှိကမ္ဘာ့အကောင်းဆုံးဘယ်အစွန်လူ နူနိုမန်ဒက်စ်ရှိသလို ကန်ဆယ်လို၊ မက်တိုင်းယပ်စ်နူးနက်စ်၊ ဒါးလော့၊ ဆီမီဒိုတို့နဲ့ လုံးဝတင်းပြည့်ကျပ်ပြည့်ပဲ။

ကွင်းလယ်ကတော့ ပြိုင်ပွဲဝင်အသင်းတွေအားလုံးထဲမှာအတောင့်တင်းဆုံးလို့ဆိုရပါမယ်။ ၂နှစ်ဆက်ဥရောပချန်ပီယံတွေဖြစ်ထားတဲ့ ဗီတင်ညာ၊ ယာအိုနဲဗက်စ်အတွဲကိုမှ အကောင်းဆုံးခြေစွမ်းရနေတဲ့ဘရူနိုဖာနန်ဒက်စ်ရှိမယ်။ ရူဘင်နဲဗက်စ်၊ ဘာနာဒိုဆေးလ်ဗားတို့လို ဝါရင့်ကစားသမားကြီးတွေလည်းရှိဦးမယ်။ တောင်ပံနှစ်ဖက်မှာလည်း ပက်ဒရိုနက်တို၊ ယာအိုဖီးလစ်၊ ရာဖေးလီယို၊ ထရင်ကာအို၊ ကွန်စီယာအိုတို့လို အတိုးအလှုပ်အရမ်းကောင်းတဲ့ကစားသမားတွေပြည့်နှက်နေတယ်။ စာရွက်ပေါ်ကလူစာရင်းအရအရမ်းအားရဖို့ကောင်းသလို ကွင်းထဲကchemistryအားဖြင့်လည်းပေါ်တူဂီက အဆင်ပြေတာထက်ပိုတယ်။ ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်နှစ်ကြိမ်ဆက်ရထားတဲ့ ယာအိုနဲဗက်စ်နဲ့ဗီတင်ညာကို ကွင်းလယ်မှာတည်ပြီးဘယ်ခြမ်းကနူနိုမန်းဒက်စ်နဲ့ချိတ်ကစားမလား။ ညာခြမ်းတစ်ခြမ်းကို မန်စီးတီးမှာအချိတ်အဆက်မိပြီးသား မက်တိုင်းယပ်စ်နူးနက်စ်နဲ့ ဘာနာဒိုဆေးလ်ဗားဆီ ပုံအပ်မလား။ No.10ကွင်းလယ်ဖန်တီးရှင်နဲ့ strikerနေရာအတွက် မန်ယူနိုက်တက်မှာအတူတွဲကစားဖူးတဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ ရော်နယ်လ်ဒိုကိုတွဲပေးဦးမလား။ စသဖြင့် သူ့နေရာ၊ သူ့အပိုင်းနဲ့သူ အတွင်းသိ၊ အဆင်းသိတွေဖြစ်နေတာကလည်းပေါ်တူဂီရဲ့အားသာချက်ပါ။

ပေါ်တူဂီဟာ အုပ်စု(K)မှာ ကိုလံဘီယာ၊ DRကွန်ဂို၊ ဥဇဘက်ကစ္စတန်တို့နဲ့တစ်အုပ်စုတည်းကျရောက်နေပါတယ်။ ကိုလံဘီယာအသင်းကိုသာမထင်မှတ်ပဲရှုံးနိမ့်မသွားခဲ့ရင် အုပ်စုဗိုလ်ဖြစ်ဖို့သေချာပါမယ်။ အုပ်စုဗိုလ်အဖြစ်တက်သွားပြီဆိုရင်တော့ ၃၂သင်းအဆင့်မှာခရိုအေးရှားနဲ့တွေ့ဖို့များပါတယ်။ ခရိုအေးရှားကအရင်လိုမဟုတ်တော့တာကြောင့် ပေါ်တူဂီတက်ဖို့များပါတယ်။ ၁၆သင်းအဆင့်ကိုကျော်လွန်လာခဲ့ပြီဆိုရင်တော့ ကွာတားဖိုင်နယ်အဆင့်မှာအာဂျင်တီးနားအသင်းနဲ့ထိပ်တိုက်တွေ့ရဖို့များပါတယ်။ စာရေးသူမက်ဆီပရိသတ်ဖြစ်ပေမယ့်အခုချိန်မှာ ပေါ်တူဂီနဲ့အာဂျင်တီးနားထိပ်တိုက်တွေ့ရင် ပေါ်တူဂီတက်သွားမယ်လို့တောင်ပိုစိတ်သာနေပါတယ်။ အာဂျင်တီးနားအသင်းကိုဖြုတ်ချလာနိုင်ခဲ့ပြီဆိုရင်တော့ ဆီမီးဖိုင်နယ်မှာ ဘရာဇီး(သို့မဟုတ်)အင်္ဂလန်နဲ့တွေ့ပါမယ်။ အာဂျင်တီးနားကိုတောင်ဖြုတ်ချလာပြီးရင် ဘရာဇီးကိုဖြုတ်ချဖို့လည်းမခက်ခဲတော့ပါဘူး။ အင်္ဂလန်ဆိုရင်တောင် ပိုခက်ခဲပါဦးမယ်။ ဖိုင်နယ်တက်လာခဲ့ပြီဆိုရင်တော့ တစ်ဖက်ကပြင်သစ်၊ စပိန်၊ ဂျာမနီ၊ နယ်သာလန်တို့ထဲကတစ်သင်းသင်းနဲ့ရင်ဆိုင်ရဖို့ရှိပါတယ်။

စာရေးသူရဲ့အမြင်ကိုပြောရရင် ဒီကမ္ဘာ့ဖလားမှာပေါ်တူဂီအဖို့ ကွာတားဖိုင်နယ်အဆင့်ကိုအနည်းဆုံးတက်ရောက်နိုင်ဖို့ကလုံးဝ non-negotiableပါပဲ။ ကွာတားဖိုင်နယ်ကိုတက်လာခဲ့ပြီဆိုရင်တော့ အဲဒီကစလို့ဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေလို့ပြောရပါမယ်။ ကွာတားပြုတ်လည်းဖြစ်သွားနိုင်သလို ချန်ပီယံအထိလည်းဖြစ်သွားနိုင်တယ်လို့ဆိုလိုတာပါ။ မဖြစ်မနေတစ်ခုခုကိုအတိအကျခန့်မှန်းပေးရမယ်ဆိုရင်တော့ ​စာရေးသူအနေနဲ့ ပေါ်တူဂီအသင်းကို finalistsအထိခန့်မှန်းပေးချင်ပါတယ်။ Finalမှာစည်သူလွင်ဖြစ်မလား၊ ​ဇော်ဝင်းထွဋ်ဖြစ်မလား​ကတော့စောင့်ကြည့်ရမှာပါ။

World Cup previewအပိုင်း ၂ - ပြင်သစ်တစ်နေ့က အပိုင်း(၁)အဖြစ်လက်ရှိချန်ပီယံအာဂျင်တီးနားအသင်းကို သုံးသပ်ရေးသားခဲ့ပြီးဖြစ်ပါ...
09/06/2026

World Cup preview
အပိုင်း ၂ - ပြင်သစ်

တစ်နေ့က အပိုင်း(၁)အဖြစ်လက်ရှိချန်ပီယံအာဂျင်တီးနားအသင်းကို သုံးသပ်ရေးသားခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့မှာတော့ အပိုင်း(၂)အဖြစ် ၂၀၂၂ကမ္ဘာ့ဖလားရဲ့ runners-upတွေဖြစ်တဲ့ပြင်သစ်အသင်းရဲ့အခြေအနေနဲ့လားရာကို သုံးသပ်ရေးသားချင်ပါတယ်။

နာမည်ကျော်ဘောလုံးဒေတာကုမ္ပဏီဖြစ်တဲ့ Optaရဲ့ကမ္ဘာ့ဖလားဗိုလ်စွဲနိုင်ချေဖွင့်လှစ်မှု oddsအရ ပြင်သစ်အသင်းက စပိန်အသင်းရဲ့နောက်ဒုတိယရေပန်းအစားဆုံးအသင်းအဖြစ်ရှိနေပါတယ်။ Optaရဲ့ဖွင့်လှစ်မှုကိုသာ စာရေးသူကသွားပြီးပြင်ဆင်ခွင့်ရှိမယ်ဆိုရင် စပိန်နဲ့ပြင်သစ်ကိုနေရာချင်းလဲမိမှာအမှန်ပါပဲ။ ပြင်သစ်အသင်းဗိုလ်ဝင်ခံမယ့်နှစ်တစ်နှစ်လို့ကို သေချာခံစားမိနေလို့ပါ။ ဘာကြောင့်လဲဆိုတာဆက်ရှင်းပြပါမယ်။

ပထမဆုံးနဲ့အရေးအကြီးဆုံးfactorကတော့ရာသီဥတုပါ။ မြောက်အမေရိကတိုက်ရဲ့နွေအပူချိန်အောက်မှာကစားရမယ့် ကမ္ဘာ့ဖလားဖြစ်တာကြောင့် အတော်ပူမှာပါ။ ပွဲအများစုကို အပူလှိုင်းဖြတ်နေတဲ့အခြေအနေမှာ ကစားရမယ်ဆိုပြီးတော့လည်း ကမ္ဘာ့မိုးလေဝသအဖွဲ့ကိုယ်တိုင်က အတည်ပြုထားပါတယ်။ ပြီးခဲ့တဲ့နှစ်က အမေရိကန်ပြည်ထောင်စုမှာကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားကိုပဲကြည့်ပါ။ ရာသီဥတုအားသာချက်ကိုအသုံးချပြီး တောင်အမေရိကအသင်းတွေက ဥရောပထိပ်သီးအသင်းကြီးတွေကိုအံ့အားသင့်ဖွယ်အနိုင်ကစားခဲ့တဲ့ပွဲတွေမနည်းပါဘူး။ ဒီတစ်ခေါက်​အမေရိကန်ပြည်ထောင်စုမှာအဓိကကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အအေးပိုင်းရာသီဥတုနဲ့သာ အသားကျနေတဲ့ဥရောပသားတွေအဖို့ ပင်ပန်းလွယ်ပြီးသက်လုံပိုင်းပြဿနာရှိလာနိုင်ပါတယ်။ ဒါပေမယ့်အဲဒီထဲမှာ ပြင်သစ်မပါပါဘူး။

ဘာကြောင့်ဆို ပြင်သစ်အသင်းမှာအာဖရိကအနွယ်ဖွားတွေအများကြီးရှိပါတယ်။ လူမျိုးရေးခွဲခြားခြင်းလုံးဝ(လုံးဝ)မဟုတ်ပါ။ သူတို့မှာတစ်သင်းလုံးနီးပါး လူမည်းကစားသမားတွေချည်းဖြစ်နေတာက အားသာပါတယ်။ မည်းတဲ့အသားအရည်ဟာ melaminဓာတ်ပြည့်ပြည့်ဝဝပါရှိပါတယ်။ ဖြူတဲ့အသားအရည်မှာတော့ melaminနည်းနည်းပဲပါပါတယ်။ နေရောင်ခြည်ကထုတ်လွှတ်တဲ့အပူဒဏ်နဲ့ခရမ်းလွန်ရောင်ခြည်တွေကို ခုခံနိုင်တာဒီmelaminဓာတ်ပါပဲ။ ဒါကြောင့် melaminများတဲ့ကစားသမားတွေဟာ နည်းတဲ့ကစားသမားတွေထက် နေပူပူအောက်မှာသက်လုံပိုကောင်းပါတယ်။ မိနစ်၁၂၀အထိကစားရနိုင်တဲ့ရှုံးထွက်tournamentတွေမှာသက်လုံက စကားပြောပါတယ်။ နွေပူပူအောက်မှာလုပ်နိုင်ကိုင်နိုင်တဲ့ သက်လုံကတော့ဒီတစ်ခေါက်ပိုပြီးစကားပြောပါလိမ့်မယ်။ ဒီအတွက်ပြင်သစ်က တခြားသောဥရောပအသင်းတွေထက် heat resistance factorမှာအသာရပါတယ်။

ဒါဖြင့် အာဖရိကအသင်းတွေနဲ့ တောင်အမေရိကအသင်းတွေပဲဗိုလ်စွဲတော့မှာပေါ့လို့ပြန်ထောက်ချင်ထောက်နိုင်ပါတယ်။ Heat resistanceကောင်းတာချင်းအတူတူကိုမှ အဲဒီအာဖရိကအသင်းတွေနဲ့ တောင်အမေရိကအသင်းတွေထက် ပြင်သစ်အသင်းကအရည်အသွေးပိုင်း၊ လူအင်အားပိုင်းပိုသာနေပါတယ်။ ဒါ့အပြင် နောက်ဆုံးကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်တိုက်ဗိုလ်လုပွဲကိုတက်ရောက်ထားပြီး ၂၀၁၈တုန်းကဗိုလ်စွဲခဲ့တဲ့ နည်းပြဒက်စ်ချမ့်စ်အပြင်အမ်ဘာပေ၊ ကန်တေ၊ ရာဘီယော့၊ လူးကပ်စ်ဟာနန်ဒက်ဇ်တို့လိုကစားသမားတွေလည်း လက်ရှိလူစာရင်းထဲပြန်ပါလာမှာဖြစ်လို့ အတွေ့အကြုံပိုင်းကလည်း ပြင်သစ်ကအားလုံးထက်သာလွန်နေပါသေးတယ်။

ပြင်သစ်အသင်းဟာ အုပ်စု(I)မှာ ဆီနီဂေါ၊ နော်ဝေး၊ အီရတ်အသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်နေတာကြောင့် မချောင်လွန်း၊ မကြပ်လွန်းတဲ့အုပ်စုဖြစ်ပါတယ်။ လူအင်အားအရာမှာ ဆီနီဂေါနဲ့နော်ဝေထက်အပြတ်အသတ်သာ​လွန်နေတာကြောင့် အုပ်စုဗိုလ်ဖြစ်ဖို့မခဲယဥ်းဘူးထင်ပါတယ်။ အုပ်စုဗိုလ်ဖြစ်သွားပြီဆိုရင်တော့ နောက်ထပ်stageတွေမှာ ဂျာမနီ၊ နယ်သာလန်၊ စပိန်တို့လိုအသင်းကြီးတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရဖို့ရှိပါတယ်။ ဗိုလ်လုပွဲကိုတက်လာခဲ့ပြီဆိုရင်တော့ ဟိုဘက်routeကနေတက်လာနိုင်တဲ့ ဘရာဇီး၊ အာဂျင်တီးနား၊ ပေါ်တူဂီ၊ အင်္ဂလန်တို့လိုအသင်းတွေနဲ့ တွေ့ဆုံရနိုင်ပါတယ်။ ဒီလိုအသင်းကြီးတွေနဲ့ထိပ်တိုက်တွေ့ပြီဆိုရင် အတွေ့အကြုံ၊ သက်လုံနဲ့ တစ်ဦးချင်းအရည်အသွေးပိုသာတဲ့အသင်းက တစ်ပန်းသာပါမယ်။ အဲဒီအသင်းက ပြင်သစ်အသင်းပဲဖြစ်ပါတယ်။ တခြားအသင်းကြီးအတော်များများ ကြားထဲမှာgenerationအပြောင်းအလဲတွေ၊ နည်းပြအပြောင်းအလဲတွေနဲ့အသစ်ဖြစ်နေတဲ့အချိန်မှာ ပြင်သစ်ကတော့နည်းပြဒက်စ်ချမ့်စ်ရဲ့အောက်မှာပဲ ဒီလူစာရင်း၊ ဒီနည်းစနစ်နဲ့ နှစ်ပေါင်းများစွာအသားကျနေတဲ့အချက်ကလည်း ပြင်သစ်ကိုသဘောကျမိတဲ့အချက်ပါပဲ။

ချန်ပီယံလိဂ်နှစ်ကြိမ်ဆက်မှာ ခြေစောင်းထက်ခဲ့တဲ့ဒမ်ဘီလီ၊ ဒူရီ၊ ဇိုင်ရီအမ်မရီ၊ ဘာကိုလာတို့ရှိမယ်။ ကမ္ဘာ့ဖလားရောက်ရင်ရပ်တန့်လို့မရတတ်တဲ့ အမ်ဘာပေရှိတယ်။ ကန်တေလိုဝါရင့်သမ္ဘာရင့်ကွင်းလယ်ဗိုလ်ချုပ်ရှိတယ်။ ဆာလီဘာလွဲချော်ခဲ့ရင်တောင် အူပါမီကာနို-ကိုနာတေးအတွဲက မာကြောတာထက်ပိုတယ်။ ဒီရာသီရှယ်လန်းနေတဲ့ မိုက်ကယ်အိုလီဆေး၊ ရာယန်ချာကီတို့လို မှော်ဆရာတွေလည်းရှိသေးတယ်။ နည်းနည်းလေးအားမရတာဆိုလို့ အေစီမီလန်ဂိုးသမားမိုက်ဂ်နန်ဖမ်းမယ့်ဂိုးသမားနေရာလေးပဲရှိတယ်။ ပြင်သစ်အသင်းဘယ်အဆင့်နဲ့အဆုံးသတ်မလဲလို့ စာရေးသူကိုမေးလာရင်တော့ ချန်ပီယံအဖြစ်နဲ့အဆုံးသတ်သွားနိုင်တယ်လို့ ထင်မြင်မိပါတယ်။ တစ်ခုပဲ။ အမ်ဘာပေတစ်ဦးတည်းကို အရမ်းကြီးတည်မကစားနဲ့။

ရာသီဥတုကိုယ့်နောက်မပါဘူးနိုင်ငံတစ်နိုင်ငံကနေ နောက်တစ်နိုင်ငံကိုအကူးအပြောင်းမှာ ကြုံကိုကြုံရတယ့် shockနှစ်ခုရှိပါတယ်။ Cul...
07/06/2026

ရာသီဥတုကိုယ့်နောက်မပါဘူး

နိုင်ငံတစ်နိုင်ငံကနေ နောက်တစ်နိုင်ငံကိုအကူးအပြောင်းမှာ ကြုံကိုကြုံရတယ့် shockနှစ်ခုရှိပါတယ်။ Culture shockလို့ခေါ်တဲ့ယဥ်ကျေးမှုဓလေ့ထုံးတမ်းမတူညီမှုကြောင့်ဖြစ်တဲ့အခက်အခဲရယ်၊ Temperature shockလို့ခေါ်တဲ့ရာသီဥတုမတူညီမှုကြောင့်ဖြစ်တဲ့ အခက်အခဲရယ်ဖြစ်ပါတယ်။ ဒီထဲမှာ culture shockကအရမ်းမဆိုးပေမယ့် temperature shockကတော့တော်တော်ဆိုးပါတယ်။ အအေးပိုင်းဒေသနဲ့အသားကျနေတဲ့လူတွေဟာ ပူပြင်းတဲ့နိုင်ငံကိုရောက်လာတဲ့အခါမှာ လိုထက်ပိုပြီးမောပန်းနွမ်းလျကာenergyတွေကုန်ဆုံးကြတယ်။ အားကစားသမားတွေဆို ဘယ်ပြောကောင်းမလဲ။ အခုပဲကြည့်။ ကမ္ဘာ့ဖလားကန်ဖို့ အမေရိကားနွေပူပူထဲကိုရောက်လာတဲ့ နော်ဝေကစားသမားတွေရော၊ အင်္ဂလန်ကစားသမားတွေပါ ပွဲမကန်ရသေးဘူး၊ trainingနဲ့တင် တော်တော်အီစိမ့်နေကြပြီ။ စက်ရုပ်လူသားကြီး ဟာလန်းကအစပေါ့။ ရာသီဥတုကိုယ့်နောက်မပါတဲ့အချိန်မှာ ဥရောပသားတွေအတွက်ကမ္ဘာ့ဖလားမှာထင်သလောက်လုပ်ပြနိုင်ပါ့မလား၊ ဥရောပအခက် တောင်အမေရိကအချက်ဖြစ်သွားမလားဆိုတာလည်း စောင့်ကြည့်ရဦးမှာပါပဲ။

ဒီယိုမန်ဒီမှအစစ်ဒီယိုမန်ဒီကို ပီအက်စ်ဂျီနဲ့လီဗာပူးအသင်းတို့က စိတ်ဝင်စားနေပါတယ်​။ ကစားသမားကိုယ်တိုင်ကတော့ လီဗာပူးထက်စာရင်...
05/06/2026

ဒီယိုမန်ဒီမှအစစ်

ဒီယိုမန်ဒီကို ပီအက်စ်ဂျီနဲ့လီဗာပူးအသင်းတို့က စိတ်ဝင်စားနေပါတယ်​။ ကစားသမားကိုယ်တိုင်ကတော့ လီဗာပူးထက်စာရင် ပီအက်စ်ဂျီကိုပိုအားသန်နေတယ်လို့သိရပါတယ်။ ဒါပေါ့။ လက်ရှိမှာပီအက်စ်ဂျီက အပေါ်အသင်းပဲလေ။ လီဗာပူးထက်စာရင် higher ceilingလည်းရှိနေတယ်။ ဒါကြောင့်လည်း "ကျွန်တော့်အဖေကိုယ်တိုင်က PSGပရိသတ်ပါ။ ငယ်ငယ်ကတည်းကကျွန်တော့်အဖေဟာ PSGကိုချစ်မြတ်နိုးခဲ့တာပါ"လို့ပြောပြီး ရေလာမြောင်းပေးလုပ်ပါတယ်။ ဒါကလည်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အသင်းသစ်တစ်သင်းကိုပြောင်းတော့မယ့်ကစားသမားတိုင်းပြောနေကျစကားပဲမို့ မထူးဆန်းပါဘူး။ ထူးဆန်းတာက ပြီးခဲ့တဲ့ဇန်နဝါရီလကပဲ "ကျွန်တော့်အဖေကလီဗာပူးပရိသတ်ပါ။ သူငယ်ငယ်ကတည်းကအားပေးလာတာ"လို့ဒီယိုမန်ဒီကိုယ်တိုင်ပဲ ပြောခဲ့သေးတာပါ။ ဇန်နဝါရီတုန်းကလီဗာပူးပရိသတ်ဖြစ်ခဲ့တဲ့အဖေဟာ အခုတော့ပီအက်စ်ဂျီပရိသတ်ဖြစ်လို့နေပါတယ်။ ကျွန်တော်တို့ဆိုရှယ်မီဒီယာမှာ စနောက်နေကျဗန်းစကားဖြစ်တဲ့ "အဖေတစ်ယောက်တည်းကမွေးတာမဟုတ်လောက်ဘူး"ဆိုတဲ့စကားဟာ ဒီယိုမန်ဒီမှအစစ်လို့ပြောရမလို ဖြစ်နေပါပြီ။

World Cup previewအပိုင်း ၁ - အာဂျင်တီးနားဗူဗူဇီလာနှဲမှုတ်သံတွေနဲ့ ၄၈ခုသောနိုင်ငံ့အလံတွေ မြောက်အမေရိကတိုက်တစ်ခွင်လုံးကို ...
04/06/2026

World Cup preview
အပိုင်း ၁ - အာဂျင်တီးနား

ဗူဗူဇီလာနှဲမှုတ်သံတွေနဲ့ ၄၈ခုသောနိုင်ငံ့အလံတွေ မြောက်အမေရိကတိုက်တစ်ခွင်လုံးကို လွှမ်းခြုံသွားဖို့က ၈ရက်တိတိပဲလိုပါတော့တယ်။ ဒီအချိန်မှာ ကျွန်တော်တို့pageကလည်း "World Cup preview"ဆိုတဲ့ခေါင်းစဥ်အောက်မှာ နာမည်ကြီးလူကြိုက်များလှတဲ့ နိုင်ငံအသင်းတွေရဲ့ကမ္ဘာ့ဖလားအလားအလာနဲ့သုံးသပ်ချက်တွေကို တစ်နေ့ကိုတစ်သင်းနှုန်းနဲ့ သုံးသပ်ရေးသားသွားပါမယ်။ ဒီနေ့မှာအပိုင်း(၁)အနေနဲ့ လက်ရှိချန်ပီယံကို respectပေးရမယ်ဆိုတဲ့သဘောတရားအတိုင်း လက်ရှိကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်းအကြောင်းကို ပထမဆုံးလေး previewလုပ်ပေးချင်ပါတယ်။

အာဂျင်တီးနားအကြောင်းစပြောကြမယ်ဆိုရင် ပထမဆုံးခေါင်းထဲဝင်လာတဲ့အတွေးကတစ်ခုပဲရှိတယ်။ "ချန်ပီယံဘွဲ့ကို သူတို့ကာကွယ်နိုင်မှာလား"ဆိုတဲ့အတွေးပဲ။ ဒီအတွေးရဲ့နောက်မှာ "ပြီးခဲ့တဲ့တစ်ခေါက်ကလောက် သူတို့strongဖြစ်ဦးမှာလား"ဆိုတဲ့ထပ်ဆင့်အတွေးက ကပ်ပါလာတယ်။ အာဂျင်တီးနားပရိသတ်အစစ်ပဲဖြစ်စေ၊ မက်ဆီကြောင့်လိုက်အားပေးတဲ့သူပဲဖြစ်စေ အဖြူနဲ့အပြာစပ်ကြားအလံကို ခြုံကြမယ့်လူအတော်များများလည်း ပြီးခဲ့တဲ့တစ်ခေါက်ကလောက် strongဖြစ်ဦးမှာလားဆိုတဲ့အတွေးကိုတွေးနေကြမယ်ထင်ပါတယ်။

ဒါကလည်းအကြောင်းမဲ့မဟုတ်ပါဘူး။ ကာတာအောင်မြေကိုနင်းတော်မူခဲ့တုန်းက လိုင်ယွန်နယ်မက်ဆီရဲ့ all-timerခြေစွမ်းတစ်ခုမှာ သူတို့အမြတ်ထွက်ခဲ့ကြတယ်မဟုတ်လား။ တစ်သင်းလုံးကောင်းလို့ချန်ပီယံဖြစ်တာပါဆိုသော်ငြား ကောင်းခဲ့တဲ့တစ်သင်းလုံးမှာတောင် မက်ဆီရဲ့ကောင်းချက်ကြီးက အားလုံးထက်ပိုပြီးသိသာထင်ရှားနေခဲ့တာပါ။ ပြိုင်ပွဲတစ်လျှောက်မှာအာဂျင်တီးနားအသင်းက ၁၅ဂိုးအထိရရှိခဲ့ရာမှာ မက်ဆီတစ်ဦးတည်းရဲ့ဂိုးပါဝင်ပတ်သက်မှုက၁၀ဂိုးအထိ(၇ဂိုးသွင်း၊ ၃ဂိုးဖန်တီး)ရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီယူပေးခဲ့တဲ့ဖလားလို့ပြောချင်ရင်တောင် အားမနာတမ်းပြောပစ်လို့ရတဲ့အခြေအနေမှာရှိခဲ့တာပါ။ အဲဒီတုန်းက မက်ဆီရဲ့အသက်ဟာ၃၄နှစ်ပဲရှိပါသေးတယ်။

၄နှစ်အကြာမှာတော့ မက်ဆီ၃၈ရှိပါပြီ။ ၂၀၂၂ကလို ပွဲတိုင်းလိုလိုမှာပွဲချိန်ပြည့်ရှေ့ဆုံးကနေဦးဆောင်ရုန်းပေးဖို့ဆိုတာ သံသယဝင်စရာကောင်းလာပါပြီ။ ဘာကြောင့်ဆို မက်ဆီကိုယ်တိုင်လည်း၂၀၂၃ခုနှစ်ကတည်းက မေဂျာလိဂ်ကိုပြောင်းရွှေ့ကစားခဲ့တာဖြစ်လို့ အမြင့်မားဆုံး highest intensityတစ်ခုမှာမကစားခဲ့ရတာ ၃နှစ်လောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ မေဂျာလိဂ်ရဲ့intensityက ဥရောပထိပ်တန်းလိဂ်တွေရဲ့intensityနဲ့ယှဥ်ရင် တအားကွာပါတယ်။ အများကြီးပိုပြီးအေးဆေးသက်သာရှိပါတယ်။ ဒီလိုသက်တောင့်သက်သာပတ်ဝန်းကျင်တစ်ခုနဲ့ ၃နှစ်လောက်အသားကျနေတဲ့မက်ဆီက ရုတ်တရက်ကြီး intenseအဖြစ်ဆုံး၊ competitiveအဖြစ်ဆုံးပြိုင်ပွဲကြီးကို ရင်ဆိုင်ရမှာပါ။ ငယ်ငယ်ကမက်ဆီလိုမျိုးဆိုရင် ဘာပြဿနာမှမရှိပေမယ့် ၃၈နှစ်အရွယ်မက်ဆီဖြစ်နေတဲ့အတွက်ကြောင့်တော့ ဒီအခြေအနေက အနည်းငယ်စိုးရိမ်စရာကောင်းပါတယ်။

စာရေးသူမြင်တာက အာဂျင်တီးနားအသင်းဒီတစ်ကြိမ်ထပ်မံဗိုလ်စွဲဖို့က မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် တစ်သင်းလုံးရဲ့ကစားသမားတွေဟာ ကိုယ့်ရဲ့၂၀၂၂ဗားရှင်းထက် နှစ်ဆပိုကောင်းနေမှ မျှော်လင့်နိုင်ပါလိမ့်မယ်။ စပိန်အရမ်းကောင်းလာတယ်။ ပေါ်တူဂီလူစာရင်းအရမ်း​strongလာတယ်။ ပြင်သစ်နဲ့ဘရာဇီးလည်း ၂၀၂၂ကထက်ပိုတိုးတက်လာတဲ့အခြေအနေမှာရှိတယ်။ ချန်ပီယံဖြစ်ဖို့ဆိုရင် ဒီအသင်းတွေနဲ့တစ်ကွေ့မဟုတ်တစ်ကွေ့မှာ တွေ့ကိုတွေ့ရမှာပဲ။ အဲဒီလိုတွေ့တဲ့အချိန်မှာအနိုင်ယူကျော်ဖြတ်ဖို့ဆိုရင် မက်ဆီမဟုတ်တဲ့တခြားplayerတွေက step upလုပ်ပေးဖို့တကယ်လိုအပ်လာမှာဖြစ်ပါတယ်။ မက်ဆီကိုအရင်ကလောက်မှီခိုလို့မရတော့တဲ့အချိန်မှာ နည်းပြစကာလိုနီရဲ့ အရည်အသွေးကလည်းအသေအချာစကားပြောလာပါလိမ့်မယ်။

အုပ်စုအဆင့်မှာတော့ အာဂျင်တီးနားအသင်းဟာ သြစတြီးယား၊ အယ်လ်ဂျီးရီယား၊ ဂျော်ဒန်အသင်းတို့နဲ့ အုပ်စု(J)မှာကျရောက်နေပါတယ်။ အယ်လ်ဂျီးရီးယားနဲ့စကန်ပြီး ဂျော်ဒန်နဲ့ပိတ်ပါမယ်။ အုပ်စုဗိုလ်ဖြစ်ဖို့ မခက်ခဲဘူးလို့မြင်ပါတယ်။ အုပ်စုဗိုလ်အဖြစ်နဲ့တက်သွားပြီဆိုရင်တော့ ပြိုင်ပွဲရဲ့ Bracketအရ ကွာတားဖိုင်နယ်အဆင့်မှာပေါ်တူဂီအသင်းနဲ့ထိပ်တိုက်တွေ့နိုင်ချေရှိပါတယ်။ စာရေးသူ မက်ဆီပရိသတ်ဖြစ်ပေမယ့် အခုချိန်မှာအာဂျင်တီးနားနဲ့ပေါ်တူဂီထိပ်တိုက်တွေ့ပြီဆိုရင် ပေါ်တူဂီအသင်းကနောက်တစ်ဆင့်တက်ဖို့ပိုအားသာနေတယ်လို့တောင် ခံစားမိပါတယ်။ ပေါ်တူဂီအသင်းကို ကျော်ဖြတ်လာနိုင်ခဲ့ပြီဆိုရင်တော့ ဆီမီးဖိုင်နယ်မှာတွေ့နိုင်ချေအရှိဆုံးက ဘရာဇီး(သို့မဟုတ်)အင်္ဂလန်အသင်းပါပဲ။ ဘရာဇီး(သို့)အင်္ဂလန်ကိုကျော်ဖြတ်ပြီးပြီဆိုရင်တော့ ဖိုင်နယ်မှာတွေ့ဆုံနိုင်ချေရှိတာက ပြင်သစ်နဲ့စပိန်တစ်သင်းသင်းဖြစ်ပါတယ်။ ဒီလိုrouteအကြပ်ကြီးနဲ့ အာဂျင်တီးနားရဲ့လက်ရှိလူစာရင်းစုဖွဲ့မှုအရ တော်တော်မလွယ်တာတော့အမှန်ပါပဲ။

မက်ဆီကိုဖယ်လိုက်ရင် အယ်ဗာရက်ဇ်၊ အန်ဇိုဖာနန်ဒက်ဇ်လောက်ပဲ လောလောဆယ်အကောင်းဆုံးခြေစွမ်းမှာရှိတယ်။ အားကိုးရမယ်လို့မျှော်လင့်ထားတဲ့ နီကိုပက်ဇ်ကဒဏ်ရာပြဿနာကြောင့် ဘွမ်ဒီယားနဲ့ပြန်လဲရမယ့်အခြေအနေကြုံနေတယ်။ ဘွမ်ဒီးယားဆိုလည်း ပေါက်ကွဲအားကောင်းတယ်။ ဒါပေမယ့် ဦးနှောက်သုံးကစားနိုင်မှုအားနည်းတယ်။ ကွင်းလယ်မှာ ၂၀၂၂တုန်းကထောက်တိုင်ဖြစ်ခဲ့တဲ့မက်အလစ္စတာနဲ့ဒီပေါလ် နှစ်ဦးလုံးခြေကျနေတယ်။ နောက်တန်းကလည်း အရမ်းကြီးအားရစရာမရှိဘူး။ ဒါကြောင့် ချန်ပီယံအာဂျင်တီးနားအဖို့ ချန်ပီယံဘွဲ့ကိုဆက်လက်ကာကွယ်နိုင်ဖို့ဆိုရင် တစ်သင်းလုံးကလက်ရှိအနေအထားထက်နှစ်ဆပိုကောင်းလာမှ ဖြစ်နိုင်ပါလိမ့်မယ်။ ​စာရေးသူ မက်ဆီပရိသတ်ဖြစ်ပေမယ့် ဒီကမ္ဘာ့ဖလားမှာအာဂျင်တီးနားအသင်းရဲ့ဖြစ်နိုင်ချေကို မြင်တဲ့အတိုင်းသုံးသပ်ရရင်တော့ ကွာတားဖိုင်နယ်လောက်နဲ့အဆုံးသတ်ပါလိမ့်မယ်။ အလွန်ဆုံးဆိုရင် ဆီမီးဖိုင်နယ်ပေါ့။ ဒါဟာစာရေးသူရဲ့ထင်မြင်ချက်သီးသန့်ဖြစ်တဲ့အတွက် လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။

ယာအိုနဲဗက်စ်လိုဘဝမျိုးတွေပီအက်စ်ဂျီအသင်းကိုကြည့်လိုက်ရင် back-to-backချန်ပီယံလိဂ်ဖလားပိုင်ရှင်တွေနဲ့ တစ်သင်းလုံးကအားကျစရ...
04/06/2026

ယာအိုနဲဗက်စ်လိုဘဝမျိုးတွေ

ပီအက်စ်ဂျီအသင်းကိုကြည့်လိုက်ရင် back-to-backချန်ပီယံလိဂ်ဖလားပိုင်ရှင်တွေနဲ့ တစ်သင်းလုံးကအားကျစရာကြီးဖြစ်လို့နေပါတယ်။ ဒါပေမယ့် ကွင်းလယ်လူယာအိုနဲဗက်စ်ရဲ့ဘဝကတော့ အားလုံးထက်နည်းနည်းလောက်ပိုပြီးအားကျစရာကောင်းနေပါလိမ့်မယ်။ အသက်၂၁နှစ်ဆိုတဲ့အရွယ်(စာရေးသူထက် ၄နှစ်တောင်ငယ်တဲ့အရွယ်)မှာတင် မီလျံနာတစ်ယောက်ဖြစ်နေပြီ။ ဒီအရွယ်မှာမီလျံနာဖြစ်နေတဲ့ဘောလုံးသမားတွေအများကြီးပဲလေ၊ ဘာဆန်းလို့လဲဆိုရင် သူကချန်ပီယံလိဂ်၂လုံး​ရထားတာလေး အပိုဆောင်းရှိမယ်။ ဒါ့အပြင် ခရစ္စတီယာနိုရော်နယ်လ်ဒိုလိုကစားသမားမျိုးဆီကအနီးကပ်သင်ယူလေ့လာခွင့်ရနေသလို ​​အလုပ်ကနေအိမ်ပြန်လာရင်လည်း ငယ်ချစ်ဦးချောချောလေးကအသင့်စောင့်ဆိုင်းနေပါဦးမယ်။ ဘာလိုသေးလဲ။ ယာအိုနဲဗက်စ်ရဲ့ဘဝကတော့ ၂၁နှစ်ဆိုတဲ့အရွယ်မှာတင် I couldn't ask for moreဖြစ်နေပါပြီ။ လူတိုင်းက ကိုယ့်ကံနဲ့ကိုယ်လာကြတယ်ဆိုတာ အမှန်ပါပဲ။

ဟိုလိုလုပ်ကြည့်ပါလားဒီလိုလုပ်ကြည့်ပါလားကဲ...ပြောရတာလည်း အာပေါက်ပါတယ်။ မပြောပဲလွှတ်ထားလို့ကလည်း စာဖတ်သူကိုအသိပညာဗဟုသုတဖြန...
03/06/2026

ဟိုလိုလုပ်ကြည့်ပါလား
ဒီလိုလုပ်ကြည့်ပါလား

ကဲ...ပြောရတာလည်း အာပေါက်ပါတယ်။ မပြောပဲလွှတ်ထားလို့ကလည်း စာဖတ်သူကိုအသိပညာဗဟုသုတဖြန့်ဝေခြင်း၊ အတွေးအခေါ်အမျှော်အမြှင်တွေတည့်မတ်ပေးခြင်းဆိုတဲ့ content writerတစ်ယောက်ရဲ့ valuesတွေနဲ့သွေဖည်သလိုဖြစ်မှာစိုးတဲ့အတွက် ပြောနေရတယ်။ အခုလည်းထပ်ပြောစရာကိစ္စတစ်ခုကပေါ်လာပြန်ပါတယ်။ အဲဒါကတော့ ကစားသမားနဲ့နည်းပြတွေအောင်မြင်နေတာတွေ့ရင် အဲဒီလိုအောင်မြင်နေတဲ့အတိုင်းလေးပဲ Congratulateမလုပ်ပေးနိုင်၊ အသိအမှတ်မပြုပေးနိုင်ပဲ ဟိုလိုလုပ်ကြည့်ပါလား၊ ဒီလိုလုပ်ကြည့်ပါလားဆိုပြီးကန့်လန့်တိုက်တတ်တဲ့ ပြဿနာပဲဖြစ်ပါတယ်။

ဥပမာတွေပေးရရင်တော့အများကြီးပါပဲ။ ဂွါဒီယိုလာကနေ စပြောချင်ပါတယ်။ ဂွါဒီယိုလာတစ်ယောက် ဘာစီလိုနာမှာလာမာစီယာအုပ်စုနဲ့၊ တီကီတာကာကစားကွက်နဲ့လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့စဥ်က၊ အဲဒါပြီးတော့လည်းဘိုင်ယန်မြူးနစ်ကိုဆက်ကိုင်ချိန်တုန်းက တစ်ကမ္ဘာလုံးရဲ့ချီးကျူးထောပနာတွေကို လက်ခံရရှိနေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ ဂွါဒီယိုလာကို ပရီးမီးယားလိဂ်လာကိုင်ကြည့်ပါလား ဘာလုပ်ကြည့်ပါလား ညာလုပ်ကြည့်ပါလား ရူးတောင်သွားဦးမယ်ဆိုတဲ့အုပ်စုကလည်း တစ်အုပ်စုသပ်သပ်ရှိတာပါ။ တကယ်လည်းပရီးမီးယားလိဂ်ကိုရောက်လာပြီး ချန်ပီယံဆုတွေထမင်းစားရေသောက်သလိုယူပြ၊ ဖာဂူဆန်ရဲ့၃နှစ်ဆက်စံချိန်ကိုပါ ၄နှစ်ဆက်နဲ့ချိုးပြ​ရော "မန်စီးတီးလိုငွေသုံးနိုင်တဲ့အသင်းမို့ပါကွာဘုန်းမောက်ကိုကိုင်ကြည့်ပါလား၊ နယူးကာဆယ်ကိုကိုင်ကြည့်ပါလား"တွေ တစ်မျိုးပြောင်းပြောပြန်တယ်။

အဲဒီလိုပဲ လိုင်ယွန်နယ်မက်ဆီတို့၊ အာလင်းဟာလန်းတို့ကိုလည်း ပရီးမီးယားလိဂ်လာကန်ကြည့်ပါလားဆိုတဲ့အသံတွေ တောက်လျှောက်ကြားခဲ့ရဖူးတာပဲ။ ဟာလန်းကြီးတကယ်လည်းရောက်လာရော ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းစံချိန်တော်တော်များများ သူ့အပါးမှာခစားရတာပဲ။ ရွှေဖိနပ်ဆုကလည်း ၄နှစ်မှာ ၃ဆုနဲ့။ လိုင်ယွန်နယ်မက်ဆီဆိုတာလည်း ပရီးမီးယားလိဂ်ရဲ့ Big sixအသင်းတွေနဲ့ချန်ပီယံလိဂ်မှာ ၃၆ပွဲတိတိရင်ဆိုင်ကစားတာမှာ ၂၇ဂိုးအထိသွင်းပြီး ၆ဂိုးသွင်းထားတဲ့ကစားသမား။ ဒီ၃၆ပွဲမှာလည်း ၂၄ပွဲအထိ Man of the Matchရထားတဲ့ကစားသမား။ ဒါတောင် ပရီးမီးယားလိဂ်ရဲ့ Big sixအသင်းတွေပဲရှိသေးတာနော်။ ဘန်လေတွေ၊ လိဒ်စ်တွေမပါသေးဘူး။ ဒီလိုကစားသမားမျိုးပရီးမီးယားလိဂ်လာကစားလည်း မတောက်ပစရာဘာအကြောင်းရှိလဲဗျာ။ အခုလည်း ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်၂ကြိမ်ဆက်တိုက်ပူပူနွေးနွေးယူထားတဲ့ လူးဝစ်အန်ရီကေးကို ဟိုလိုလုပ်ကြည့်ပါလား၊ ဒီလိုလုပ်ကြည့်ပါလားတွေ ထပ်လာပြန်တယ်။ ပရီးမီးယားလိဂ်ကိုလာပြီးစပါးလို၊ အဲဗာတန်လိုအသင်းမျိုးကိုင်ကြည့်ပါလားတွေ ထပ်ပြောပြန်တယ်။ ဝ​ဋ်ပဲ။

စာရေးသူလည်း လိဂ်တွေအားလုံးထဲမှာပရီးမီးယားလိဂ်ကိုအကြိုက်ဆုံးပါ။ အသည်းစွဲအားပေးတဲ့အသင်းကလည်းပရီးမီးယားလိဂ်အသင်းပဲဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပွဲစဥ်တွေကိုပဲ အများဆုံးကြည့်ဖြစ်ပါတယ်။ ဒါပေမယ့် တခြားလိဂ်မှာမိုးပျံအောင်ကောင်းနေတဲ့ ကစားသမားနဲ့နည်းပြတွေကို ပရီးမီးယားလိဂ်လာကန်ကြည့်ပါလားတို့၊ လာနည်းပြကြည့်ပါလားလို့ တစ်ခါမှပါးစပ်ကလည်းထုတ်မပြောဖူးသလို စိတ်နဲ့လည်းတွေးပြီးdisrespectမလုပ်ဖူးပါဘူး။ အဲဒီလို ပရီးမီးယားလိဂ်လာကန်ကြည့်ပါလား၊ လာကိုင်ကြည့်ပါလားဆိုတဲ့သူတွေကိုလည်း မေးချင်ပါတယ်။ ပရီးမီးယားလိဂ်က ဘာကြီးမို့လို့လဲ။

တစ်လိဂ်လုံးအတိုင်းအတာနဲ့ပြိုင်ဆိုင်မှုပြင်းထန်တာတွေ၊ ရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှုအရမ်းမြင့်တာတွေကို လက်ခံပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်က ဓားတွေပြည့်နှက်နေတဲ့တောင်ကြီး၊ မီးဟုန်းဟုန်းတောက်နေတဲ့ပင်လယ်ကြီးမှမဟုတ်တာဗျာ။ ပရီးမီးယားလိဂ်မှာအစွမ်းပြဖို့ဆိုတာ လည်း အရမ်းကြီးခက်ခဲနေတဲ့အရာမှမဟုတ်တာ။ တခြားလိဂ်ကအကျော်အမော်ကစားသမားနဲ့နည်းပြတွေ ပရီးမီးယားလိဂ်ကိုလာပြီး လုပ်ချင်တိုင်းလုပ်သွားတဲ့သာဓကတွေလည်း အများကြီးရှိခဲ့၊ ရှိနေဆဲ၊ ရှိနေဦးမှာပါပဲ။ ဖာဂူဆန်၊ အာစင်ဝင်းဂါး၊ မော်ရင်ညို၊ သီယာရီအွန်နရီ၊ ဒရော့ဘာ၊ ရော်နယ်လ်ဒို၊ တောရက်စ်တို့ကစလို့ အန်ချယ်လော့တီ၊ အေဒင်ဟားဇက်၊ လူးဝစ်ဆွာရက်ဇ်၊ အဂွဲရိုး၊ ဒေးဗစ်ဆေးလ်ဗား၊ အလက်ဆစ်ဆန်းချက်ဇ်၊ ယာယာတိုရေး၊ အိုဇေးလ်တို့အလယ် ဂွါဒီယိုလာ၊ ယာဂင်ကလော့ပ်၊ ဒီဘရိုင်းနား၊ ဆာလာ၊ ဟာလန်းတို့အဆုံး။

ဒီလူတွေအားလုံးဟာ တခြားလိဂ်မှာအရမ်းကောင်းခဲ့ပြီးမှ ပရီးမီးယားလိဂ်ကို လာစွာခဲ့ကြသူတွေချည်းပဲ။ ပရီးမီးယားလိဂ်မို့လို့ ဘာမို့လို့ မဆိုင်ဘူး။ ကောင်းတဲ့လူက ကောင်းကိုကောင်းတယ်။ ပညာရည်ပြည့်ဝတဲ့သူက ဘယ်နေရာကိုပဲရောက်ရောက် ထူးချွန်တယ်။ ရလဒ်ထွက်တယ်။ ဒါကို ကိုယ့်လူတို့က တခြားလိဂ်မှာထူးချွန်တဲ့သူတွေ ပရီးမီးယားလိဂ်ကိုလာလိုက်ရင်ပဲ ဘောင်မဝင်တော့မှာလိုလို၊ ပြားပြားကိုဝပ်နေတော့မှာလိုလိုတွေပြောလွန်းတယ်။ ပရီးမီးယားလိဂ်ဆိုတာကြီးကို အရမ်းromanticizeလုပ်လွန်းတယ်။

နောက်တစ်ခုက ဂွါဒီယိုလာတို့၊ အန်ရီကေးတို့ကို အသင်းကြီးတွေကိုင်လို့အောင်မြင်နေတာပါကွာ။ ဟိုအသင်းကိုင်ကြည့်ပါလား၊ ဒီအသင်းကိုင်ကြည့်ပါလားဆိုတာတွေကိုလည်း ပြောရဦးမယ်။ ရှင်းရှင်းလေးပဲ တွေးကြည့်ကိုယ့်လူတို့။ နယ်ပယ်တစ်ခုမှာအတော်ဆုံး​ဆိုတဲ့လူတွေက အကောင်းဆုံးဆိုတဲ့အလုပ်တွေကိုရတတ်ကြတာ သဘာဝပဲ။ ကမ္ဘာ့ထိပ်တန်းနာမည်ကြီး အောက်စ်ဖို့ဒ်တက္ကသိုလ်မှာဆရာ(lecturer)လုပ်နေတဲ့သူတွေက ကမ္ဘာပေါ်မှာအတော်ဆုံးစာရင်းဝင်ဆရာတွေ။ ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီ Appleမှာအလုပ်လုပ်နေတဲ့ technicianတွေ၊ engineerတွေ​ဆိုတာ ကမ္ဘာ့အတော်ဆုံးစာရင်းဝင်တွေ။ သာမန်တော်ရုံ​လောက်တော်တဲ့သူကို အောက်စ်ဖို့ဒ်ကဆရာမခန့်သလို Appleကလည်းငှားမနေဘူး။ အဲဒီလိုပဲ အောက်စ်ဖို့ဒ်တက္ကသိုလ်လိုနေရာမျိုးမှာ ထိပ်တန်းလစာနဲ့ဆရာလုပ်နိုင်လောက်အောင် အရမ်းထူးချွန်နေတဲ့lecturerတွေကလည်း သာမန်နင်လားငါလားတက္ကသိုလ်လောက်ကို စိတ်မဝင်စားဘူး။ Appleလိုနေရာမျိုးမှာလုပ်နိုင်လောက်တဲ့ technicianတွေကလည်း Nokiaလောက်ကိုဆင်းပြီးလုပ်မှာမဟုတ်ဘူး။

ဂွါဒီယိုလာတို့၊ အန်ရီကေးတို့ကိုလည်း ဒီသဘောတရားနဲ့ပဲဆက်စပ်တွေးကြည့်ပါ။ သူတို့ဘာလို့အသင်းကြီးတွေကို ကိုင်လဲ။ အဲဒီအသင်းကြီးတွေက သူတို့ကိုလိုလိုချင်ချင်ကမ်းလှမ်းလာလို့ပဲပေါ့။ အဲဒီလိုအသင်းကြီးတွေက ထိပ်တန်းလစာပေးပြီးလိုလိုချင်ချင်ကမ်းလှမ်းရလောက်အောင်လည်း သူတို့ကထူးချွန်နေလို့ပေါ့။ ရှင်းနေတာပဲ။ အခုနောက်ပိုင်းတော့ ကွန်ပနီလိုလူမျိုး ဘိုင်ယန်ကိုင်ခွင့်ရနေတာ၊ ရော့စီနီယာလိုလူမျိုး ချယ်လ်ဆီးကိုင်ခွင့်ရနေတာ၊ အာဘီလိုအာလိုလူမျိုး ရီးရဲလ်ကိုင်ခွင့်ရနေတာတွေကြောင့်တော့ ဒီသဘောတရားက ဘောလုံးမှာအရမ်းကြီးမမှန်ကန်တော့ပေမယ့် ယေဘုယျအားဖြင့်တော့မှန်ကန်နေဆဲပါပဲ။ ဒါကိုဟိုလိုလုပ်ကြည့်ပါလား၊ ဒီလိုလုပ်ကြည့်ပါလား၊ ပရီးမီးယားလိဂ်ကိုလာကြည့်ပါလား၊ အသင်းငယ်ကိုင်ကြည့်ပါလားစသဖြင့် လျှောက်ပြောနေတာတွေက အချိန်ဖြုန်းခြင်းသပ်သပ်သာဖြစ်ပြီး လက်တွေ့နဲ့ကင်းကွာနေတဲ့ delusionတွေသာဖြစ်ပါတယ်။

တာကီတွင်ဖြစ်သည်ပုံထဲကမြင်ကွင်းကတော့ တာကီနိုင်ငံ(ဟုတ်ပါတယ်၊ တူရကီလို့မထွက်ပါဘူး။ အသံထွက်အမှန်က တာကီပါ)ရဲ့မြို့တော်အစ္စတန်...
03/06/2026

တာကီတွင်ဖြစ်သည်

ပုံထဲကမြင်ကွင်းကတော့ တာကီနိုင်ငံ(ဟုတ်ပါတယ်၊ တူရကီလို့မထွက်ပါဘူး။ အသံထွက်အမှန်က တာကီပါ)ရဲ့မြို့တော်အစ္စတန်ဘူလ်မြို့က မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးသွားရောက်ယှဥ်ပြိုင်ဖို့ အမေရိကန်ပြည်ထောင်စုကိုထွက်ခွာတော့မယ့် တာကီလက်ရွေးစင်အသင်းကို နိုင်ငံတော်အဆင့်လိုက်ပါပို့ဆောင်နေတဲ့မြင်ကွင်းလည်းဖြစ်ပါတယ်။ လေဆိပ်ကိုသွားနေတဲ့တာကီအသင်းဘတ်စ်ကားရဲ့​ဘေးနှစ်ဖက်နဲ့အနောက်မှာ ကားအစီးရေ ၂၀၀၊ ရဲတပ်ဖွဲ့ဝင်ပေါင်းအယောက်၃၀၀၀၊ အထူးတပ်ဖွဲ့ဝင်ပေါင်းအယောက်၁၀၀နဲ့ အနံ့ခံခွေးအကောင်ရေ၅၀အထိလိုက်ပါကာ တခမ်းတနားကြီးပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါမျိုးကို "Convoy"လို့ခေါ်ပါတယ်။ သာမန်ဆိုရင်ဒီလိုconvoyတွေကို စစ်ရေးပြအခမ်းအနားတွေ၊ နိုင်ငံတော်သမ္မတရဲ့အထူးလမ်းကြောင်းတွေမှာသာ အသုံးပြုလေ့ရှိပါတယ်။ လက်ရွေးစင်ဘောလုံးအသင်းတစ်သင်းကို အခုလိုမျိုးconvoyနဲ့ဝန်းရံပို့ဆောင်တာမျိုးကတော့ ​တော်တော့်ကိုကြုံတောင့်ကြုံခဲပါ။ တာကီအစိုးရရဲ့ဒီလိုအားပေးအားမြှောက်ပြုပေးမှုကြောင့် တာကီအသင်းသားတွေအတွက်စိတ်ခွန်အားကြီးကြီးမားမားရသွားခဲ့မှာတော့အမှန်ပါပဲ။

သူပါရင်ကို တစ်ပန်းသာတယ်နေမာရဲ့အကောင်းဆုံး prime timeတုန်းက အဆိုအမိန့်တစ်ခုရှိခဲ့ဖူးတယ်။ "Every team with Neymar has an a...
02/06/2026

သူပါရင်ကို တစ်ပန်းသာတယ်

နေမာရဲ့အကောင်းဆုံး prime timeတုန်းက အဆိုအမိန့်တစ်ခုရှိခဲ့ဖူးတယ်။ "Every team with Neymar has an advantage to themselves."တဲ့။ နေမာပါတဲ့အသင်းတိုင်းက တစ်ဖက်အသင်းထက်တစ်ပန်းသာနေပြီဆိုတဲ့အဓိပ္ပာယ်ပါ။ နေမာရဲ့အလိမ်အခေါက်၊ အတိုးအလှုပ်တွေက တော်တော်လေးထိန်းရခက်ခဲလွန်းတဲ့အပြင် ဂိုးသွင်းခြေပါရှိနေလို့ အဲဒီလိုတင်စားကြတာပါ။ အခုတော့ အဲဒီအဆိုအမိန့်ကို ကဗာရာစခယ်လီယာအတွက်ပြောင်းသုံးရတော့မယ်ထင်ပါတယ်။ ကဗာရာစခယ်လီယာရဲ့အလိမ်အခေါက်အတိုးအလှုပ်နဲ့ အဆုံးသတ်ပိုင်းတွေက သူပါနေရင်ကို ပါတဲ့အသင်းကတစ်ပန်းသာနေသလိုမျိုးဖြစ်နေစေပါတယ်။ သူပါတဲ့နာပိုလီအသင်း နှစ်ပေါင်း၃၀အတွင်းပထမဆုံးအကြိမ်စီးရီးအေဖလားပြန်ရခဲ့တယ်။ သူပါတဲ့ပီအက်စ်ဂျီအသင်း သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဖလားရခဲ့တယ်။ အခုဆိုရင် ၂နှစ်ဆက်တိုက်တောင်ဆွတ်ခူးထားပြီဖြစ်ပါတယ်။ ဒီဖလား၃လုံးစလုံးမှာလည်း သူကအဓိကနေရာကပါဝင်ခဲ့တာပါ။ တကယ့်playerပါပဲ။

၂၀၃၀ကျရင်ရော"အခုလာမယ့် ၂၀၂၆ကမ္ဘာ့ဖလားမှာ မင်းတို့ဘယ်အသင်းကိုအားပေးကြမှာလဲ"ဘော်ဒါနှစ်ယောက်ကိုဒီလိုမေးလိုက်တဲ့အခါ တစ်ယောက်...
02/06/2026

၂၀၃၀ကျရင်ရော

"အခုလာမယ့် ၂၀၂၆ကမ္ဘာ့ဖလားမှာ မင်းတို့ဘယ်အသင်းကိုအားပေးကြမှာလဲ"
ဘော်ဒါနှစ်ယောက်ကိုဒီလိုမေးလိုက်တဲ့အခါ တစ်ယောက်က ပေါ်တူဂီဖြေတယ်၊ နောက်တစ်ယောက်က အာဂျင်တီးနားတဲ့။ နှစ်ယောက်ထဲကတစ်ယောက်က ရော်နယ်လ်ဒိုပရိသတ်၊ နောက်တစ်ယောက်ကတော့ မက်ဆီဖန်။ ဒါဖြင့် ၂၀၃၀ကမ္ဘာ့ဖလားကျရင်ရောမင်းတို့ပေါ်တူဂီနဲ့အာဂျင်တီးနားကိုပဲ ဆက်အားပေးဦးမှာလားလို့ထပ်မေးလိုက်တဲ့အခါမှာတော့ နှစ်ဦးစလုံးချက်ချင်းပြန်မဖြေပဲ ခဏတာငြိမ်ကျသွားပါတယ်။ ခဏကြာမှနှစ်ယောက်ထဲကတစ်ယောက်က "အားပေးဖြစ်တော့မယ်မထင်ဘူးကွာ"တဲ့ ထဖြေတယ်။ နောက်တစ်ယောက်ကလည်း ခေါင်းညိတ်ပြတယ်။ သူလည်း အတူတူပါပဲပေါ့။ အဲဒီကတည်းကသိလိုက်ပါပြီ။ "ပေါ်တူဂီကိုအားပေးမယ်၊ အာဂျင်တီးနားကိုအားပေးမယ်"ဆိုတဲ့သူတို့ရဲ့အဖြေတွေမှာ ကာလာတွေစွန်းထင်းနေတာကိုပေါ့။

နောက်တော့ သူတို့လည်းစာရေးသူကိုပြန်မေးတယ်။ မင်းကရော ဘယ်အသင်းအားပေးမှာလဲတဲ့။ "ငါလား...မက်ဆီကိုအားပေးမှာပေါ့ကွ"လို့ ပြန်ဖြေလိုက်တယ်။ ပြောလို့ပြောတာမဟုတ်ပေမယ့် ဒီအဖြေ၃မျိုးထဲမှာ စာရေးသူဖြေလိုက်တဲ့အဖြေက အစစ်မှန်ဆုံး၊ authenticအဖြစ်ဆုံးအဖြေ ဖြစ်လိမ့်မယ်ထင်တယ်။ ဟုတ်တယ်လေ။ တကယ်လည်း အာဂျင်တီးနားပရိသတ်မှမဟုတ်တာ။ မက်ဆီရဲ့ပရိသတ်​ပဲလေ။ မက်ဆီကိုချစ်လို့ သူကန်နေတဲ့အာဂျင်တီးနားအသင်းကိုပါတစ်နွယ်ငင်တစ်စင်ပါဆိုသလို ဖလားရစေချင်တဲ့သဘောပဲ။ မက်​ဆီမရှိတော့မယ့် ၂၀၃၀ကမ္ဘာ့ဖလားကျရင်စာရေးသူအာဂျင်တီးနားကို လှည့်တောင်ကြည့်တော့မှာမဟုတ်ဘူး။ ဒါကြောင့် အာဂျင်တီးနားကိုအားပေးမယ်လို့ဖြေလိုက်ရင် အဲဒီအဖြေဟာဘယ်လိုမှအဖြူထည်ဖြစ်မှာမဟုတ်ဘူး။ ကိုယ်ဟာလိုင်ယွန်နယ်မက်ဆီရဲ့ပရိသတ်ပဲလေ။

စာရေးသူမှာ အတည်တကျအားပေးတဲ့ကလပ်အသင်းတော့ရှိပေမယ့် နိုင်ငံအသင်းတော့မရှိဘူး။ သူများတွေလို ၁၉၉၈ကတည်းကအင်္ဂလန်ကိုအားပေးလာတဲ့ အင်္ဂလန်ရဲ့အမာခံပရိသတ်ပါတို့၊ ကိုယ်ကတော့ဂျာမနီခရေဇီကွာ၊ ဘက်ဂီယိုခေတ်ကတည်းကအီတလီကိုတောက်လျှောက်ရူးသွပ်ခဲ့တာ ဆိုတာမျိုးတွေစာရေးသူမှာ ပြောစရာမရှိဘူး။ ဒီလိုလူတွေက နိုင်ငံအသင်းတွေနဲ့ပတ်သက်လာရင် တစ်သင်းသင်းကိုစွဲစွဲလမ်းလမ်းအားပေးကြတာ။ ကစားသမားတစ်ယောက်ယောက်ကိုအားပေးတာမျိုးမဟုတ်ဘူး။ မန်ယူမှာဘယ်ကစားသမားရှိရှိမရှိရှိ မန်ယူကိုပဲအမြဲတမ်းဆက်အားပေးနေသလိုမျိုး နိုင်ငံအသင်းတစ်သင်းသင်းကိုလည်း သူတို့အဲဒီလိုတောက်လျှောက်အားပေးကြတာ။ စာရေးသူမှာတော့အဲဒါမျိုးမရှိဘူး။ နောင်လည်းရှိလာမယ်မထင်ဘူး။ မရှိတော့အခုလိုကမ္ဘာ့ဖလားကာလရောက်ရင် အရမ်းကြီးလက်သီးလက်မောင်းတန်းပြီး စိတ်လှုပ်ရှားနေတာမျိုးမရှိဘူးပေါ့။

တစ်ခုတော့ရှိတယ်။ စာရေးသူ လိုင်ယွန်နယ်မက်ဆီကိုချစ်တယ်။ လူးဝစ်ဆွာရက်ဇ်ကိုချစ်တယ်။ ဒီကစားသမားနှစ်ယောက်က စာရေးသူရဲ့ personal favouriteနှစ်ယောက်ပဲ။ ဆွာရက်ဇ်ကိုက စာရေးသူအားပေးတဲ့ကလပ်အသင်းအတွက်ကစားခဲ့တုန်းက တော်တော်ကြီးသဘောကျချင်စရာ တစ်ကိုယ်တော်ခြေစွမ်းတွေကြောင့် အသည်းစွဲအောင်ခိုက်သွားခဲ့တာ။ မက်ဆီကိုကတော့ မက်ဆီဖြစ်နေလို့ကိုအားပေးတာ။ ဒါကြောင့်အရင်ကမ္ဘာ့ဖလားတွေတုန်းကလည်း မင်းဘယ်အသင်းကိုအားပေးမှာလဲလို့လာမေးရင် မက်ဆီနဲ့ဆွာရက်ဇ်ကိုအားပေးမယ်လို့ပဲ ပြန်ဖြေခဲ့တယ်။ အခုတော့ဆွာရက်ဇ်က လက်ရွေးစင်ကစားသမားဘဝကနေအနားယူသွားခဲ့ပြီဖြစ်တာကြောင့် သူ့နာမည်ထည့်ဖြေစရာမလိုတော့ဘူးပေါ့။

ဆိုတော့ကိုယ့်လူတို့ရော ကမ္ဘာ့ဖလားမှာဘယ်အသင်းပရိသတ်လဲမေးတဲ့အခါ ပေါ်တူဂီပရိသတ်တို့၊ အာဂျင်တီးနားပရိသတ်တို့ ဖြေနေကြတုန်းလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်လိုက်ပါ။ ရော်နယ်လ်ဒို၊ မက်ဆီမရှိတော့မယ့် ၂၀၃၀ကျရင်ရော ငါပေါ်တူဂီပရိသတ်ပဲလား၊ အာဂျင်တီးနားပရိသတ်ပဲလား။ အဖြေက "နိုး"ဆိုရင်တော့ ​ကိုယ့်ကိုယ်ကိုယ်ပေါ်တူဂီပရိသတ်၊ အာဂျင်တီးနားပရိသတ်လို့ခေါင်းစဥ်မတပ်သင့်ကြောင်းပါ။

Address

Mandalay

Telephone

+959980544416

Website

Alerts

Be the first to know and let us send you an email when Aung Dee - Prediction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category