Sai Kyaw Gyi mdy

Sai Kyaw Gyi mdy Football,bicycle, swimming,running

Chelae
30/05/2024

Chelae

အပြန် #သစ္စာပိုင်စိုးဘာမှမဆွတ်ခူးနိုင်တဲ့ လက်နှစ်ဖက်ကလက်အုပ်မချီဖြစ်တာလည်းလက်နှစ်ဖက်စာ နှစ်များကြာအမျှော်တွေ လမ်းမတဆုံး ...
13/05/2024

အပြန်
#သစ္စာပိုင်စိုး

ဘာမှမဆွတ်ခူးနိုင်တဲ့ လက်နှစ်ဖက်က
လက်အုပ်မချီဖြစ်တာလည်း
လက်နှစ်ဖက်စာ နှစ်များကြာ

အမျှော်တွေ
လမ်းမတဆုံး ထားခဲ့နိုင်တာပဲရှိတယ်
ကိုယ့်အညွန့်လေး တလူလူအတွက်
အမေ့အခက်အလက်လေးတွေ ချိုးချိုးပေးရ

"ဒီလောက်တောင်ပဲလား သားရယ် ပြန်ခဲ့ပါ" တဲ့

"အမေ ... ယုံကြည်ချက်နဲ့ မာနတရားဆိုတာ
ဒီလိုရှိပါတယ်" ဆိုပြီး
ရသမျှဒုက္ခတွေ
အမေ့ဆီ ခဏခဏပြန်ရောင်းခဲ့

အမေပေးခဲ့သမျှတွေက
ဟောင်းနွမ်း ပျောက်ရှ ပျက်စီး ဆွေးမြေ့ပြီ
ကိုယ်ပေးခဲ့တဲ့ အမျှော်တွေသာ
ညနေတိုင်ရင် လမ်းမထွက်တဲ့မျက်ရည်တွေဖြစ်

ခုတော့ စိတ်ညစ်ညစ်ရှိတိုင်း
အမေ့ပုခက်နဲ့လွှဲသိပ်သလို
မူးပြီးမှ အိပ်ပျော်တတ်တာပဲ။

တကယ်တော့ ဘာမှမဟုတ်တဲ့မာနနဲ့
ဘာမှမယူနိုင်လည်း နေပါစေ
အမေ့ကြိုက်တတ်တဲ့ဆံပင်ပုံလေးညှပ်ပြီး
သပ်သပ်ရပ်ရပ်ပြန်လာတယ်ဆိုရင်ပဲ
ရင်ဘတ်ကလေး လက်နဲ့ဖိပြီး
ပြုံးပြုံးကြီးကြည့်နေမှာ
သားသိပါတယ်အမေ ။ ။

သစ္စာပိုင်စိုး

လူကြီးချင်း စကား‌ပြောပြီးပါပြီ........နောက်မပတ်သတ်ဖို့။Crd
12/05/2024

လူကြီးချင်း စကား‌ပြောပြီးပါပြီ........

နောက်မပတ်သတ်ဖို့။
Crd

17/04/2024
16/04/2024
16/04/2024

Address

19 Street Between 90 91
Mandalay
05014

Telephone

+959940009247

Website

Alerts

Be the first to know and let us send you an email when Sai Kyaw Gyi mdy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sai Kyaw Gyi mdy:

Share

Category