13/10/2022
💢💢 ုပ်သင့်သည့်_နေ့များ 💢💢
by Tom Burmese
💢 Gym ကို သွားရန်ကြိုက်သည့် gym ပျော်၊ gym crazy များ ရှိ သကဲ့သို့ gym ကြောက်သူများ၊ မပျော်သူများရှိ ပါမည်။ gym ကစားသူတိုင်း တစ်ပတ်လျှင် အနည်းဆုံး တစ်ရက် နားသင့်ပါသည်။ ဘော်ဒီ သို့ မာဆယ်ကို အနားပေးရန်လည်း လိုအပ်ပါသည်။ အထူးသဖြင့် မာဆယ်ကြီးချင်သူများ၊ ဘော်ဒီအရွယ်အစား ပိုထွှားချင်သူများ လုံလောက်သော အနားယူမူလိုအပ် ပါသည်။
💢 မည့်သည့် အခြေအနေတွင် workout မလုပ်သင့်သနည်း ဟု မကြာခဏ အမေးခံရပါသည်။ အဖြေမှာ။ ။
1️⃣ You are coughing or wheezing
မိုးတွင်းကာလတွင် နှာစေး ချောင်းဆိုး ဖြစ်သည်မှာ ရာသီစာ ပင်ဖြစ်သည်။ နည်းနည်း ပါးပါး ဖြစ်သည့် အခြေအနေတွင် ပေါ့ပါးသော workout လုပ်နိုင်ပါသည်။ ထိုသို့ လုပ်ပေးခြင်းဖြင့် သက်သာ သွားနိုင်ပါသည်။ သို့သော် လည်ပင်းအောက်ပိုင်း ဖြစ်သည့် ရင်ဘက်ဝန်းကျင်တွင် အသက်ရူ၍ မ ဝ ဖြစ်လျှင် workout မလုပ် သင့်ပါ။ ထိုအခြေအနေဖြစ်လျှင် ဘော်ဒီကို အနား ပေး ပေးပါ။ ကိုယ်ခံစွမ်းအားပိုကောင်းပြီး ဆင် တုပ်ကွေး မဖြစ်အောင် gym ပုံမှန် ကစားပါ။
2️⃣ Past midnight, planing to hit the at 6 am
gym ကစားသမားများ အနေဖြင့် အိပ်ချိန် ၆ နာရီမှ ၈ နာရီ အိပ်နိုင်ပါက အကောင်းဆုံး ဖြစ်သည်။ တခါတရံ အကြောင်းအမျိုးမျိုးကြောင့် ည ၁၂ နာရီကျော်သွား သော်လည်း အိပ်၍ မရဖြစ်ခြင်း ကြုံဖူးကြမည် ထင်ပါသည်။ နံနက်စောစော ၆ နာရီတွင် gym သွားပြီး၊ ကစားရန် ပြင်ဆင်ထားသော်လည်း၊ အိပ်ချိန် နည်းလွန်းလျှင်၊ workout မလုပ်ပဲ၊ အနားယူပေးပါ။ သို့မဟုတ် တစ်ခြား အချိန်ပြောင်းပြီး ကစားပါ။ night out ရန် ကြိုက်သော gym သမားများ သတိထားသင့်သည်။
3️⃣ You’re running a fever
သင့် ဖျားနေသည့် အချိန်တွင် (ကိုယ်အပူချိန်များလျှင်) workout မလုပ်ပါနှင့်။ workout ကြောင့် ကိုယ်တွင်းအပူ ပိုများလာနိုင်၍၊ ပြန်လည်နေကောင်းလာရန် အချိန်ကြာတတ်သည် ကို သတိထားပါ။ တုပ်ကွေးလက္ခဏာ များဖြစ်သည့် ချမ်းခြင်း၊ ကိုယ်ခန္ဓာကိုက်ခြင်းဖြစ်လျှင် ပြေးစက်ပေါ် အစား အိပ်ယာပေါ်တွင်သာ နေသင့်ပါသည်။
4️⃣ Your muscles still hurt from yesterday’s workout
ယမန်နေ့က ပြင်းထန်စွာ ကစားထားသော workout မှ မာဆယ်နာကျင်ခြင်း သို့ DOMS delayed-onset muscle soreness ဖြစ်တတ်သည်။ ဖြည့်စွက်စားများ မသုံးသည့် ကစားသမားများနှင့် nutrition ပိုင်း ပိုင်နိုင်စွာ မကျွေးတတ်သည့် ကစားသမားများတွင် ပိုဖြစ်တတ်သည်။ ထို့သို့ recover မဖြစ်သေးလျှင် အနားယူသင့်သည်။ မဟုတ်လျှင် ၎င်း DOMS ဖြစ်ခြင်း မှ injury ထပ်ပြီး ရလာနိုင်ပါသည်။
5️⃣ Your knee or foot aches every time you go for a jog
ကြွက်သားများ ခဏတာ နာကျင်ခြင်းမဟုတ်ပဲ၊ ထိုနာကျင်ခြင်းမှာ အချိန် တခု ထိ မပျောက်ပါက ကျွှမ်းကျင်သည့် therapist များနှင့်ပြသင့်ပါသည်။ ထို့သို့ ဒဏ်ရာ မပျောက်ခြင်းမှာ workout မလုပ်ရန် မီး နီ ပြခြင်းဖြစ်ပါသည်။
6️⃣ You’ve been running on empty for weeks now
တခါတရံ ကိုယ်ခန္ဓာ လေးလံထိုင်းမှိုင်း နေလျှင် workout ဖြင့် ချွှေးထုတ်လိုက်ပါက ပေါ့ပါး သက်သာသွားတတ်သည်။ လေ့ကျင့်ခန်းကြောင့် ဘော်ဒီ energy ပိုတက် လာခြင်း ဖြစ်ပါသည်။ သို့သော် တစ်ပတ်မှ နှစ်ပတ် အထိ workout လုပ်တိုင်း ပင်ပန်းလွန်းပြီး စိတ်မပါ ဖြစ်ပါက၊ workout မလုပ်ပါနှင့်။ ကျွှမ်းကျင်သူများနှင့် ပြသသင့်ပါသည်။
💢 အမျိုးသမီးများ၏ လစဉ်ဖြစ်သည့် အချိန်အတွင်း workout လုပ်ခြင်း နားသင့်ပါသလား။
နားသင့်သည်ဟု သိပ္ပံနည်းကျ ပြော ထားသည့် အချက်မရှိပါ။ အချို့မှာ နားကြပြီး၊ အချို့မှာ ပေါ့ပါးသော လေ့ကျင့်ခန်း ဥပမာ။ Yoga, Pilates များ ကစားကြပါသည်။ period အတွင်း ကစားပါက သွေးလည်ပတ်အား ပိုကောင်းစေ၍ နာကျင်ကိုက်ခဲခြင်း သက်သာတတ်သည်ဟု ဆိုသည်။ ထို့အတူ workout လုပ်ခြင်းမှ endorphins ဟော်မုန်း ထုတ်လွှတ်၍ စိတ်ကြည်လင်ခြင်းကို ဖြစ်စေပါသည်။ ပြင်းထန်သော workout လုပ်ခြင်းနှင့် sprints ခုန်ပေါက် ကစားနည်းများကို လျှော့ ချပြီး ကစားသင့်ပါသည်။
💢 သင့်မိတ်ဆွေများအတွက် အသုံးဝင်ပါက like & share လုပ်ပေးဖို့ မမေ့နဲအုံးနော် အမျိုးတို့ရေ။ copy & paste လုပ်ချင်သူများ crd # ပေးပြီး စိတ်ကြိုက်သုံးနိုင်ပါကြောင်း။
🙏 Have a healthy & happy day 🙏
အားလုံးကျန်းမာကြပါစေ။ “Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈
Credit with thanks
Tom Burmese