Phoe Thar Htoo

Phoe Thar Htoo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phoe Thar Htoo, Sports Team, Mandalay.

29/01/2024

နှုတ်ဆက်ဖို့သက်သက်
ဆုံတွေ့ခြင်းမျိုး ဆိုလျှင်
ဘယ်ရေစက်မှ မခုံမင်တော့ပါ ။

29/01/2024

ချစ်ခြင်းမေတ္တာ ဆိုတာလေ
ထိတွေ့ကိုင်တွယ်လို့မရပေမယ့်
ခံစားလို့ရတယ်။

နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ
သူ့ကြောင့် ကိုယ့်စိတ်လေးအေးချမ်းနေရင်
ဒါဟာ ချစ်ခြင်းမေတ္တာပဲပေါ့ကွယ် ။

❣️🥀

29/01/2024

ရေစက်ဆိုတာ အတိတ်ကံတစ်မျိုးပါပဲ ။

ရေစက်မှဆုံနေသေးရင်
မတွေ့ချင်တော့ဘူးဆိုပြီးရှောင်ပုန်းနေလည်း
တွေ့နေရဦးမှာပဲ ။

ရေစက်ကုန်သွားပြီဆိုတော့လည်း
ဘယ်လောက်ခိုင်ပါတယ်ဆိုတဲ့
ကြိုးနဲ့ချည်ထားရင်တောင်
လွတ်ထွက်သွားပြန်ရော ။

တချို့ကျတော့လည်း
ရေစက်ပါလာမှန်းမသိတော့
တွေ့ဆုံမှုကို တန်ဖိုးမထားတတ်ဘူး ။

တချို့ကျတော့လည်း
ရေစက်ကုန်သွားမှန်း နားမလည်တော့
လွတ်သွားတဲ့ လက်တစ်ဖက်ကိုတောင်
နာနာကျင်ကျင် ဖမ်းဆုပ်ထားချင်တုန်း ။

28/01/2024

တစ်ဖက်လူက ရှောင်ဖယ်ချင်လာတဲ့အခါ
ကျနော်တို့က အလိုက်တသိ
တိတ်ဆိတ်ပေးလိုက်ခြင်းကလည်း
ချစ်ခြင်း တစ်မျိုးပါပဲ..။

#ရဝေလင်း

28/01/2024

တခြားသူကို ရင်ထဲထည့်ထားတဲ့
တစုံတယောက်အား သဘောကျခြင်းဖြင့်
ငါတို့ဟာ ကိုယ့်အသည်းကိုပြန်ခွဲခဲ့ကြ

ရိုးသားစွာ ချစ်မိပါသည် ရိုးသားစွာ ဆက်ချစ်နေမည် 💛
28/01/2024

ရိုးသားစွာ ချစ်မိပါသည်
ရိုးသားစွာ ဆက်ချစ်နေမည် 💛

28/01/2024

လူတစ်ယောက် စိတ်ထိခိုက်သွားတဲ့အခါ
သူ လိုအပ်တာက
သူ့ကို အကျိုးအကြောင်း ပြောပြပြီး
နားချမယ့်လူ မဟုတ်ပါဘူး။
ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ သူ့ဘက်ကနေ
ခိုင်ခိုင်မာမာ ရပ်တည်ပြီး
သူ့ကို ကာကွယ်ပေးမယ့်လူကို လိုတာပါ။

လူတစ်ယောက်ဟာ
ကိုယ့်အားကိုယ်ကိုးတတ်လာတဲ့အခါ
လူတိုင်းကို ပြုံးပြပြီး
“ အဆင်ပြေပါတယ် ”လို့ ပြောတတ်လာရင်
တကယ်တမ်းမှာ သူ တကယ်အဆင်ပြေနေတာတော့ မဟုတ်ပေမယ့် အခက်ခဲဆုံးအချိန်ကို
သူ တစ်ယောက်တည်း ဖြတ်ကျော်လာခဲ့တဲ့အတွက်
ဘယ်သူ့အပေါ်မှ
မျှော်လင့်ချက်ထားမနေတော့တာ ဖြစ်တယ်။

လူတစ်ယောက်ဟာ
ရင်ထဲကနာကျင်လေ
ပိုပြီး တိတ်တဆိတ်နေတတ်လာလေ ဖြစ်တယ်။

တကယ်လို့ သင်ဟာ လူတစ်ယောက်အပေါ် ကြင်နာတယ် ၊ မေတ္တာရှိတယ်ဆိုရင် သင်ဟာ သူရဲ့နေမင်းဖြစ်ပါစေ။
ဝေဖန်အပြစ်တင်မှာထက်
သူ့ဘဝ ၊ သူ့နေ့ရက်ကို ဖေးမ နွေးထွေးပေးနိုင်ပါစေ။

28/01/2024

မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်
ဝမ်းနည်းစရာ မလိုသလို
ပြန်ပြီးလည်း မမျှော်လင့်ပါနဲ့..။

ရေစက်ရှိလို့ ဘဝရဲ့လှည့်ကွက်တွေအောက်မှာ တစ်ယောက်နဲ့ တစ်ယောက်
မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး

မျှော်လင့်မထားတဲ့
ကံကြမ္မာမုန်တိုင်း ဖန်တီးလာပြီဆိုရင်...

ထင်မှတ်မထားတဲ့
အခြေအနေတွေကြောင့်လည်း
တစ်ယောက်နဲ့ တစ်ယောက်
ဝေးကွာသွား ရတာပါပဲ။

တစ်ကယ်တမ်းကြတော့..
ရေစက်ရှိလို့ ဆုံတာထက်
တစ်ယောက်ကို တစ်ယောက်
ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ။

အနားကထွက်ခွာသွားသူကို
ကျေးဇူးတင်လိုက်ပါ။

သူကြောင့်
ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ။

ဘဝဆိုတာ
ကိုယ်က ချစ်နေပြန်တော့လည်း
တစ်ဖက်သားက မုန်းနေပြန်တတ်တယ်။

ကိုယ်က မုန်းနေပြန်တော့လည်း
တစ်ဖက်သားက ချစ်နေပြန်တတ်တယ်။

ချစ်ခြင်းမုန်းခြင်းတွေ အောက်မှာ
သိပ်ပြီးတော့လည်း လိုက်ခံစား
မနေပါနဲ့ ။

နေရတဲ့အချိန်လေးမှာ
ကိုယ့်ကြောင့်လည်း
သူတစ်ပါး စိတ်မဆင်းရဲစေနဲ့။

သူတစ်ပါကြောင့်လည်း
ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့။

ကိုယ့်ကိုယ်ကို အေးချမ်းစွာနေရင်း
ဘဝလမ်းခရီးကို
အကောင်းမြင်တက်တဲ့ မျက်လုံး

စာနာတက်တဲ့ နှလုံးသား
ကူညီတက်တဲ့ လက်တစ်စုံနဲ့
လျှောက်လှမ်းကြပါ...။

28/01/2024

လူငယ်တေး
**********

မျက်ရည်နဲ့ မိုးရောချိုးနေရတဲ့,
ဒီလိုအထီးကျန်မှုမျိုး၊
ငါတို့ ..,
ကြုံဖူးတာပေါ့အချစ်ရယ်။

ကိုယ့်အပူနဲ့ကိုယ်မို့,
နေစိမ့်တဲ့ဘယ်သူ့ကိုမှ
အပြစ်မတင်ခဲ့ကြဘူး ..။

သာရာနားချိန်မှာလည်း
သူတို့တွေလာနားကြတာပါပဲ ။

ရင်နာပေမယ့်
ခွင့်လွှတ်ခဲ့ကြရတယ် ။

💔မောင်လှမျိုး - ချင်းချောင်းခြံ

ကျနော်က perfect Relationship တစ်ခုကိုလိုချင်တာမဟုတ်ပါဘူးကျနော့်ကို ဆုံးရှုံးရမှာ ကြောက်တဲ့သူကျနော့်ရဲ့ဂရုစိုက်ပေးမှုတွေက...
28/01/2024

ကျနော်က perfect Relationship တစ်ခုကို
လိုချင်တာမဟုတ်ပါဘူး
ကျနော့်ကို ဆုံးရှုံးရမှာ ကြောက်တဲ့သူ
ကျနော့်ရဲ့ဂရုစိုက်ပေးမှုတွေကို အသိအမှတ်ပြုတဲ့သူ
ကျနော့်ကိုပိုင်ဆိုင်ထားရတာကို ဂုဏ်ယူတဲ့သူ
တန်ဖိုးထားတဲ့သူ

ကျနော့်ရဲ့ပုံစံအစစ်အမှန်ကို ချစ်နေပေးတဲ့သူ
အဲ့လိုလူတစ်ယောက်ကိုပဲလိုအပ်တာပါ
ပကာသန အလှအပတွေမလိုချင်ဘူး မလိုအပ်ဘူး။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Phoe Thar Htoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category