Fit Over Forty

Fit Over Forty “Helping women 40+ stay fit, strong & balanced through hormone-friendly workouts, healthy habits & mindset. 💪🇲🇲”

🚨40+ တို့အတွက် နုပျိုမှုရဲ့လျှို့ဝှက်ချက် –Easy Fit for 40+🔔 အိမ်မှာနေရင်း ကိုယ်ကာယကျန်းမာ၊ စိတ်ပါပျော်ရွှင်ချင်တဲ့ 40+ ...
25/11/2025

🚨40+ တို့အတွက် နုပျိုမှုရဲ့လျှို့ဝှက်ချက် –Easy Fit for 40+

🔔 အိမ်မှာနေရင်း ကိုယ်ကာယကျန်းမာ၊ စိတ်ပါပျော်ရွှင်ချင်တဲ့ 40+ အမျိုးသမီးများအတွက် အခွင့်အရေးကောင်း!
"အသက်ကြီးလို့ ဝတာပါ၊ နာတာပါ" ဆိုပြီး ကိုယ့်ကျန်းမာရေးကို ပစ်မထားလိုက်ပါနဲ့!
၄၀ ကျော်လာပြီဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ နှေးကွေးပြီး ဝိတ်တက်လွယ်မယ်၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်တိုလွယ်မယ်၊ ခါးနာဒူးနာတွေ ဖြစ်လာမယ်။ ဒါတွေဟာ ရှောင်လွှဲလို့မရဘူးလို့ ထင်ရပေမယ့်... မှန်ကန်တဲ့ စနစ်တကျ ပြုပြင်မှုတွေနဲ့ ပြောင်းလဲနိုင်ပါတယ်!
🎯 သင့်ပြဿနာတွေကို ဖြေရှင်းဖို့ ဘာတွေလိုအပ်မလဲ?
သင့်အတွက် အကောင်းဆုံးနည်းလမ်းကတော့ သင့်နဲ့ သင့်တော် မှန်ကန်တဲ့ လေ့ကျင့်ခန်း၊ အာဟာရဆိုင်ရာ ဗဟုသုတ၊ နဲ့ စနစ်တကျ အနားယူမှု တွေ ဟန်ချက်ညီနေဖို့ပါပဲ။ ဒီလိုဟန်ချက်ညီတဲ့ ဘဝနေထိုင်မှုပုံစံကို ဖန်တီးဖို့ Fit Over Forty ရဲ့40+ အမျိုးသမီးများအတွက် သီးသန့် Online Fitness Community ကို ဖိတ်ခေါ်ပါတယ်။
လစဉ်ကြေး လုံးဝ (လုံးဝ) ပေးစရာမလိုပါ။
💸 ၂၉,၉၀၀ ကျပ်တည်းနဲ့ "တစ်သက်တာ" ဘာတွေရမလဲ? (ကော်ဖီ ၃ ခွက်စာတန်ဖိုးဖြင့် နုပျိုကျန်းမာမှုကို ဝယ်ယူပါ)
ယခု ပေးသွင်းလိုက်တဲ့ ၂၉,၉၀၀ ကျပ် ဟာ သင့်ရဲ့ ကျန်းမာရေးအတွက် ရာသက်ပန် (Lifetime) ရင်းနှီးမြှုပ်နှံမှု ဖြစ်လာမှာပါ။
✨ Member ဝင်ထားသင့်တဲ့ အားသာချက် (၄) ချက်
💁🏼‍♀️ ပုံမှန်လုပ်ဖြစ်အောင် တွန်းအားပေးခြင်း– တစ်ယောက်တည်း ပျင်းရိမသွားစေဖို့ နေ့စဉ် လှုံ့ဆော်မှုပေးမယ့် Post များ နဲ့ Community Vibe ကို ရရှိပါမယ်။
💁🏼‍♀️ အမှားမလုပ်မိအောင် ပံ့ပိုးပေးခြင်း – တစ်ပတ် (၁) ခါ မေးခွန်းမေးပြီး ကျွမ်းကျင်သူထံမှ အဖြေရယူနိုင်ခြင်းဖြင့် သင်သိထားတဲ့ ဗဟုသုတတွေ မှားယွင်းမနေစေဖို့ စစ်ဆေးပေးပါမယ်။
💁🏼‍♀️ လေ့ကျင့်ခန်းထက် ပိုသည် –ခန္ဓာကိုယ်လှပဖို့အတွက် လေ့ကျင့်ခန်းသာမက အသက်အရွယ်နဲ့ လိုက်လျောညီထွေရှိတဲ့ အစားအသောက် အစီအစဉ်များ၊ စိတ်ကျန်းမာရေးနှင့် ကျန်းမာရေး Knowledge မျိုးစုံ ကိုပါ တစ်စုတစ်စည်းတည်း ရရှိနိုင်ခြင်း။

🔔 အထူးအစီအစဉ် (Lifetime Access): Member Fees ၂၉,၉၀၀ ကျပ် တစ်ကြိမ်သွင်းရုံဖြင့် "ရာသက်ပန် (Life-time)" ဝင်ရောက်လေ့လာခွင့် ရရှိပါမယ်။ နောက်လတွေမှာ ထပ်ပေးစရာ မလိုပါဘူး!
📢 သင့်ကျန်းမာရေးအတွက် ဒီနေ့ပဲ ရင်းနှီးမြှုပ်နှံလိုက်ပါ!
အသက် ၄၀+ နောက်ပိုင်းမှာ ပိုမိုလှပပြီး စွမ်းအင်တွေ ပြည့်ဝနေဖို့ဆိုတာ သင်ကိုယ်တိုင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။ အိမ်ရှင်မတွေ၊ ရုံးဝန်ထမ်းတွေအတွက် အချိန်ကုန်သက်သာစေမယ့် အစီအစဉ်ပါ။
🧑‍💻 စတင်မည့်ရက် - ၇-၁၂-၂၀၂၅
🗓️ အခြေခံ သင်တန်းကာလ - ၄၅ ရက် (Lifetime Access ရရှိမည်)
💰 သင်တန်းကြေး -၂၉,၉၀၀ ကျပ် (ရာသက်ပန် / Life-time)
📇 စာရင်းပေးသွင်းရန်: 09782002428 (Viber/Telegram)
💸 KBZ Pay: 09782002428 / Daw Zin Mon Htike
📢အချိန်မနှောင်းခင် စာရင်းသွင်းပြီး သင့်ရဲ့ နုပျိုလှပမှု ခရီးလမ်းကို စတင်လိုက်ပါ!

#စိတ်နဲ့ခန္ဓာဟန်ချက်ညီကျန်းမာစေရမည်FitOverForty

🚨"အသက် ၄၀ ကျော်လာရင်တော့ ကျန်းမာရေးက အားနည်းလာတာ သဘာဝပဲ" ဆိုတဲ့ အတွေးတွေ ရှိနေတုန်းပဲလား?မင်္ဂလာပါ 40+ တို့ဒီအရွယ်မှာ ခန...
04/10/2025

🚨"အသက် ၄၀ ကျော်လာရင်တော့ ကျန်းမာရေးက အားနည်းလာတာ သဘာဝပဲ" ဆိုတဲ့ အတွေးတွေ ရှိနေတုန်းပဲလား?

မင်္ဂလာပါ 40+ တို့

ဒီအရွယ်မှာ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေက သဘာဝဆိုတာ မှန်ပေမယ့် အားနည်းသွားဖို့ ဆိုတာကိုတော့ လက်မခံသင့်ပါဘူး။

💁🏼‍♀️ကိုယ့်အတွက် အချိန်ပေးပြီး တနေ့ကို နာရီဝက်ပဲ ဖြစ်ဖြစ် လမ်းလျှောက်တာ၊ ယောဂကျင့်တာ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ လှုပ်ရှားမှု တခုခု မဖြစ်မနေ ပြုလုပ်ပါ။
👉ပုံမှန် လှုပ်ရှားမှုက အရိုးပွတာ၊ နှလုံးရောဂါနဲ့ စိတ်ကျရောဂါ ဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်တယ်။

💁🏼‍♀️အစားအသောက်ကို ဂရုစိုက်ပါ။
👉ဟော်မုန်း ပြောင်းလဲမှုတွေကြောင့် ကိုယ်အလေးချိန် ထိန်းရ ပိုခက်လာနိုင်ပါတယ်။ အမျှင်ဓာတ်များတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုစားပြီး အချိုနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့ပါ။

💁🏼‍♀️ကျန်းမာရေး စစ်ဆေးမှုတွေကို ပုံမှန်လုပ်ပါ။
👉သားအိမ်ခေါင်း ကင်ဆာ၊ ရင်သားကင်ဆာ စတာတွေအတွက် စောစီးစွာ စစ်ဆေးပါ။

💁🏼‍♀️စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ဦးစားပေးပါ။
👉ကလေးတွေ၊ အလုပ်၊ အိမ်မှုကိစ္စတွေကြားမှာ ပိတ်မိမနေပါနဲ့။ သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ ဝါသနာပါတာလုပ်တာ စတာတွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပါ။

ဆိုတော့…
ဒီနေ့ သင့် ကို သင် ကျန်းမာဖို့အတွက် ဘာထူးထူးခြားခြား လုပ်ခဲ့ပြီးပြီလဲ?
သင့် အနာဂတ် စိတ်-ခန္ဓာ ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံဖို့ နောက်ဆုတ်နေတာက တကယ်ပဲ သဘာဝကျပါသလား?

🔔ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ဖန်တီးဖို့ ဘယ်တော့မှ နောက်မကျပါဘူး။

📢 အသက်ရလာလို့ ကျန်းမာရေးက အားနည်းလာတာ သဘာဝပဲ" ဆိုတဲ့ အတွေး နဲ့ ထင်မြင်ချက်ဟောင်းကို အခုကစ စိန်ခေါ်လိုက်ပါ🙌

#စိတ်နဲ့ခန္ဓာဟန်ချက်ညီကျန်းမာစေရမည်FitOverForty

03/10/2025

#စိတ်နဲ့ခန္ဓာဟန်ချက်ညီကျန်းမာစေရမည်FitOverForty

မင်္ဂလာပါ 40+ တို့💁🏼‍♀️စိတ်ခံစားမှု အတက်အကျတွေကြောင့် အိုမင်းခြင်းလမ်းစကို ရောက်လာပြီလို့ ခံစားနေရပြီလား?တကယ်တော့…40+ဆို...
01/10/2025

မင်္ဂလာပါ 40+ တို့

💁🏼‍♀️စိတ်ခံစားမှု အတက်အကျတွေကြောင့် အိုမင်းခြင်းလမ်းစကို ရောက်လာပြီလို့ ခံစားနေရပြီလား?

တကယ်တော့…
40+ဆိုတာ ဘဝရဲ့ နောက်ထပ် Golden Season ကို စတင်ရမယ့် အချိန်ပါ!

ဘာကြောင့်လဲဆိုရင်…
👉 ဟော်မုန်း ပြောင်းလဲမှုတွေကြောင့် စိတ်ထိခိုက်လွယ်၊ စွမ်းအင်နည်းတာတွေရှိပေမယ့်… အဲဒီနောက်မှာ စိတ်ခွန်အားအသစ်တွေ ရှိနေတတ်တယ်။

💪40+ အမျိုးသမီးတွေရဲ့ Superpower တွေက
🛡️ ကြုံလာရတဲ့ ပြဿနာ ကျော်လွှားနိုင်စွမ်း
🚫 မလိုအပ်တဲ့ အရာတွေ ပယ်ချနိုင်စွမ်း
💡 ဘဝကို ပိုရှင်းလင်း ပြတ်သား စဉ်းစားနိုင်စွမ်းတွေလည်း ရှိလာပြီ

ဆိုလိုတာက 👉 စိတ်ခံစားမှု နူးညံ့ပေမယ့် စိတ်ဓာတ်က သံမဏိလို ခိုင်မာလာတဲ့ အချိန်ပဲ ဖြစ်တယ်။

ဆိုတော့…
ကိုယ့်ကိုယ်ကို ချစ်ဖို့ အချိန်ပေးပါ။
💁🏼‍♀️Mood မကောင်းတဲ့နေ့မှာ ရုပ်ရှင်ကြည့်၊ ☕️ ကော်ဖီကောင်းကောင်းသောက်၊ ဒါမှမဟုတ် 🤸‍♀️ အားကစား တခုခုလုပ်ပြီး Hormones တွေကို ပြန်ချိန်ညှိပါ။
💁🏼‍♀️ကိုယ့်ခံစားချက်တွေအကြောင်း ယုံကြည်ရတဲ့ သူငယ်ချင်း ဒါမှမဟုတ် စိတ် ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဖို့ မရှက်ပါနဲ့။
📣 သင်ရော စိတ်ခံစားချက်အတက်အကျတွေကို ဘယ်လို နည်းလမ်းနဲ့ ကျော်ဖြတ်ခဲ့လဲ? Comment မှာ မျှဝေပေးခဲ့ပါဦး🙌

#စိတ်နဲ့ခန္ဓာဟန်ချက်ညီကျန်းမာစေရမည်FitOverForty

🔔သင့် ကို သင် ပြန်ရှာတွေ့ဖို့ လိုအပ်နေပြီလား? မင်္ဂလာပါ 40+တို့ဒီနေ့ 40+တို့ ကိုယ့်ကိုကိုယ် မေးစေချင်တာလေး တခုရှိတယ်... ...
01/10/2025

🔔သင့် ကို သင် ပြန်ရှာတွေ့ဖို့ လိုအပ်နေပြီလား?

မင်္ဂလာပါ 40+တို့

ဒီနေ့ 40+တို့ ကိုယ့်ကိုကိုယ် မေးစေချင်တာလေး တခုရှိတယ်...
အဲဒါက…ကိုယ်ပိုင် အချိန်ရဖို့၊ ကိုယ်ချစ်တဲ့အရာတွေ လုပ်ဖို့အတွက် ခွင့်ပြုချက် (permission) ယူနေရသလို ခံစားနေရဖူးလား? အမြဲတမ်း တခြားသူတွေရဲ့ လိုအပ်ချက်တွေကို ဦးစားပေးရင်း ကိုယ့်ရဲ့ ခံစားချက်နဲ့ လိုအင်တွေ ကို မေ့ထားသလို ဖြစ်နေလား?

💁🏼‍♀️တကယ်တော့ ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ဆိုတာ ဇိမ်ခံခြင်း (luxury) မဟုတ်ပါဘူး။ ဒါဟာ မရှိမဖြစ် လိုအပ်ချက် (necessity) ပါ!

ဆိုတော့…သင့်ကိုသင် ပြန်ရှာတွေ့နိုင်မယ့် လျှို့ဝှက် Tool လေးတခု ပြောပြမယ်... ဒါက ဘာမှ ထူးထူးဆန်းဆန်း ပစ္စည်းမဟုတ်ဘူး၊
💁🏼‍♀️ "Self-Connection 5-Minute Scan" လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းလေးပါ။
💁‍♀️ ဘယ်လိုလုပ်ရမလဲဆိုတော့... နေ့စဉ် ၅ မိနစ်လေးပဲ ရင်းနှီးပါ။ နေရာတခုမှာ တိတ်တိတ်လေး ထိုင်ပြီး ကိုယ့်ကိုယ်ကို ဒီမေးခွန်း (၃) ခု မေးကြည့်ပါ
👉ဒီအချိန်မှာ ငါ့ခန္ဓာကိုယ်က ဘာကို ခံစားနေရလဲ?" (တောင့်တင်းမှု၊ ပေါ့ပါးမှု၊ ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်မှုလား?)
👉"ငါ့စိတ်ထဲမှာ ဘယ်လိုအတွေးတွေ လှည့်ပတ်နေလဲ?" (စိုးရိမ်ပူပန်မှု၊ ပျော်ရွှင်မှု၊ ဒါမှမဟုတ် စိတ်ရှုပ်ထွေးမှုလား?)
👉"ဒီနေ့ ငါ့စိတ်ဝိညာဉ်က ဘာကို လိုချင်နေလဲ?" (နားခိုဖို့၊ တက်ကြွဖို့၊ ဒါမှမဟုတ် အေးချမ်းဖို့လား?)

💁🏼‍♀️ဒီလိုရိုးရှင်းတဲ့ မေးခွန်းလေးတွေ မေးခြင်းအားဖြင့်၊ သင့်ရဲ့ စိတ်ခံစားမှု သံလိုက်အိမ်မြှောင် (emotional compass) က ဘယ်ဘက်ကို ညွှန်ပြနေလဲဆိုတာကို သိလာရပါလိမ့်မယ်။ ဒါက သင့် ကို သင် နားလည်မှု (Self-Understanding) ကို အခြေခံတဲ့ ပထမဆုံး ခြေလှမ်း ပဲ ဖြစ်တယ်။ 👣

📣အရေးကြီးဆုံး အရာကတော့ သင်ကိုယ်တိုင် ပါပဲ။ စိတ်-ခန္ဓာ ဟန်ချက်မျှ ကျန်းမာဖို့ ဒီနေ့ပဲ 'Self-Connection 5-Minute Scan' ကို စမ်းကြည့်လိုက်ပါ!
💬 Comment မှာ "5 MINUTES" လို့ ရိုက်ပြီး ဒီလေ့ကျင့်ခန်းကို စလုပ်မယ်လို့ ကတိပေးလိုက်ပါ။ 🤝 ပြီးရင် သင့် 40+ သူငယ်ချင်းတွေကိုလည်း ဒီပို့စ်လေးကို Tag (mention) လုပ်ပြီး မျှဝေလိုက်ပါ။

💁🏼‍♀️အနှစ်ချုပ်ပြောရရင် ကိုယ့်ကိုယ်ကို ဂရုစိုက်တာဟာ အတ္တကြီးတာမဟုတ်ဘဲ ဉာဏ်ပညာ (wisdom) ရှိတာပါ။ သင်ဟာ ဒါကို ရထိုက်ပါတယ်🙌

#စိတ်နဲ့ခန္ဓာဟန်ချက်ညီကျန်းမာစေရမည်FitOverForty

🚨သင့် ကြွက်သားတွေ တိတ်တဆိတ် ဆုံးရှုံးလာတာ သိပြီးပြီလား?မင်္ဂလာပါ 40+တို့ဒီကနေ့ သင်ကိုယ်တိုင် သတိမထားမိပဲနဲ့ ကြုံတွေ့နေရတ...
30/09/2025

🚨သင့် ကြွက်သားတွေ တိတ်တဆိတ် ဆုံးရှုံးလာတာ သိပြီးပြီလား?

မင်္ဂလာပါ 40+တို့

ဒီကနေ့ သင်ကိုယ်တိုင် သတိမထားမိပဲနဲ့ ကြုံတွေ့နေရတဲ့ အချက်လေးတခုကို မျှဝေပေးချင်ပါတယ်…

အဲဒါကတော့...
👉 ကြွက်သားတွေ တိတ်တဆိတ် ဆုံးရှုံးလာတဲ့ (Sarcopenia) ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်ကြောင့် အသက် ၃၀ ကျော်တာနဲ့ တနှစ်ကို ကြွက်သားပမာဏ ၁% – ၂% ခန့် တဖြည်းဖြည်းနဲ့ လျော့နည်းလာတာပဲ ဖြစ်တယ်။

ဒါကို လျစ်လျူရှုပြီး လေ့ကျင့်ခန်းမလုပ်ဘဲ အချိန်ကြာလာရင် ဘာဖြစ်လာနိုင်လဲ?

📉 Sarcopenia ရဲ့နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ!
ကြွက်သားတွေ နည်းသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာပြီး နေ့စဉ်ဘဝမှာ…
👉Metabolism (ဇီဝကမ္မဖြစ်စဉ်) နှေးသွားလို့ အဆီပိုတွေ စုမိဖို့ ပိုလွယ်ကူလာမယ်။
👉လမ်းလျှောက်တာ၊ လှေကားတက်တာ ပိုမောလာပြီး အားအင်တွေ လျော့နည်းလာတယ် လို့ ခံစားရမယ်။
👉ဈေးဝယ်ခြင်းတောင်းလေးတောင် ပိုလေးသလို ခံစားရတာမျိုး၊ ပစ္စည်းမတာမျိုးမှာ အရင်လို မလွယ်ကူတော့တာမျိုး ဖြစ်လာနိုင်တယ်။

💁🏼‍♀️ကာကွယ်ခြင်းနဲ့ ပြန်လည်တည်ဆောက်ခြင်းအတွက် ထိရောက်တဲ့ နည်းလမ်း ၂-ခု

1️⃣ အချိန်ပိုင်း အစာရှောင်ခြင်း (Intermittent Fasting - IF) + Autophagy စွမ်းအား
IF ကို စနစ်တကျလုပ်ဆောင်တာက ခန္ဓာကိုယ်ကို "သန့်ရှင်းရေးမုဒ်" ထဲ ရောက်စေပြီး Autophagy (ပျက်စီးနေတဲ့ဆဲလ်တွေကို ဖယ်ရှားပြီး အသစ်တည်ဆောက်ခြင်း) ကို အားပေးတယ်။ ဒါပေမဲ့ သတိပြုရမှာက IF လုပ်နေချိန်မှာ ကြွက်သားတွေ ဆုံးရှုံးဖို့ ပိုလွယ်ကူ လာနိုင်တာပါပဲ။

ဒါကြောင့်...
2️⃣ ပရိုတင်း (Protein) + ခုခံအားသုံး လေ့ကျင့်ခန်း (Resistance Training)
IF လုပ်တဲ့ အစာစားချိန် (Eating Window) အတွင်းမှာ ပရိုတင်းဓာတ်ကို လုံလောက်အောင် မှီဝဲဖို့ လုံးဝလိုအပ်ပါတယ်။ ဒီလိုလုပ်မှသာ အစာရှောင်နေစဉ်အတွင်း ပျက်စီးနိုင်တဲ့ ကြွက်သားတွေကို ပြန်လည်တည်ဆောက်ဖို့နဲ့ ထိန်းသိမ်းဖို့ လိုအပ်တဲ့ "အားအင် (အသားဓာတ်)" ကို ရရှိမှာပါ။

📌 အဓိကသော့ချက်
IF နဲ့ ပရိုတင်းဓာတ် သာမက၊ အလေးမတာ၊ ခံနိုင်ရည်ရှိအောင် လေ့ကျင့်တာ စတဲ့ Resistance Training တွေကို ပုံမှန် ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်ကို "ကြွက်သားတွေကို ထိန်းသိမ်းရမယ်၊ အားကောင်းလာရမယ်" ဆိုပြီး အချက်ပြမှာ ဖြစ်ပါတယ်။

ဒီနေ့ကစပြီး "စွမ်းအင်ပြည့်ဝ" နေဖို့အတွက် အောက်ပါအတိုင်း စတင်လိုက်ပါ။
✅ လေ့ကျင့်ခန်းလုပ်ချိန် ဇယားဆွဲပါ။ (တပတ်ကို အနည်းဆုံး ၂-၃ ကြိမ် Resistance Training )
✅ ပရိုတင်းကြွယ်ဝတဲ့ မနက်စာနဲ့ ညစာကို မဖြစ်မနေ မှီဝဲပေးပါ။

📣 သင်ရော? သင့်ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့နဲ့ ပရိုတင်းဓာတ်ကို ပြည့်အောင် ဘယ်လိုစားသုံးနေလဲ? ဘယ်လို လေ့ကျင့်မှုတွေ ပြုလုပ်နေလဲ? သင့်ရဲ့ ထိရောက်တဲ့ နည်းလမ်းလေးတွေကို ကွန်မန့်မှာ ဝေမျှပေးခဲ့ပါဦး🙌
#စိတ်နဲ့ခန္ဓာဟန်ချက်ညီကျန်းမာစေရမည်FitOverForty

🔔Fit Over Forty နဲ့ဆို ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှု ရှိနိုင်ပါပြီ🤝Sep -8 နေ့ training စပါတယ်၂-ပတ် အတွင်း ၁-ပေါင် ကျတယ်S...
29/09/2025

🔔Fit Over Forty နဲ့ဆို ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှု ရှိနိုင်ပါပြီ🤝

Sep -8 နေ့ training စပါတယ်

၂-ပတ် အတွင်း ၁-ပေါင် ကျတယ်

Sep-28 အထိ ၃-ပတ် ကစားရက် ၁၅-ရက်

၃-ပတ် results က SS ထဲက အတိုင်းပါပဲ

ကစားချိန် တရက် မိနစ်-၃၀ (Recorded Video) - ကစားနည်း မှန်/မမှန် ပြန်စစ်ပေးပါတယ်။

ကျမတို့ လူတယောက်နဲ့တယောက် နေ့စဉ်ဘဝ လှုပ်ရှားမှု၊ စွမ်းဆောင်ရည်၊ခံနိုင်ရည်အား၊ သူ့ရဲ့ အလုပ်တာဝန်ဝန်တွေ ဒါတွေကို ချိန်ညှိပြီး physical,mental, emotional ပါထည့်သွင်း လေ့ကျင့်ပေးပြီး စိတ်-ခန္ဓာ ဟန်ချက်မျှအောင် training ပေးပါတယ်။
ဒီခရီးဟာ လက်တွဲညီညီ ရေရှည်သွားရမယ့် ခရီးမို့ အတူတူကြိုးစားပေးတဲ့ client ကို ကျေးဇူးတင်တဲ့ ပို့စ်ပါ ရှင်🎊

🔔40+ အရွယ်ရောက်ပြီလား? ဒါဆို သင့်ဘဝရဲ့ အကောင်းဆုံးအပိုင်း စတင်ပါပြီ!မင်္ဂလာပါ 40+တို့40+ဆိုတာ 👵🏻 အိုမင်းခြင်းရဲ့ လမ်းစလိ...
29/09/2025

🔔40+ အရွယ်ရောက်ပြီလား? ဒါဆို သင့်ဘဝရဲ့ အကောင်းဆုံးအပိုင်း စတင်ပါပြီ!

မင်္ဂလာပါ 40+တို့

40+ဆိုတာ 👵🏻 အိုမင်းခြင်းရဲ့ လမ်းစလို့ ထင်နေလား?
🙅‍♀️လုံးဝမဟုတ်ပါဘူး!
👉စိတ်ခံစားမှု ပြောင်းလဲတာ တွေ (ဟော်မုန်းကြောင့် စိတ်ထိခိုက်လွယ်တာ၊ စွမ်းအင်နည်းတာ) က သဘာဝအကူးအပြောင်း (Perimenopause) ကြောင့်ပါ။ ဒါတွေဟာ လှေလှော်တက်ခတ်တာမျိုးပါ။ ဒီလှိုင်းလုံးတွေရဲ့ နောက်မှာ စိတ်ခွန်အားအသစ် တခု ရှိနေ ပုန်းကွယ်နေတတ်ပါတယ်။

အဲဒီ လျှို့ဝှက်ချက်ကတော့
40+ အမျိုးသမီးတွေဟာ ဘဝကို ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပိုင်ပိုင်နိုင်နိုင် နေထိုင်တတ်လာကြတာပါပဲ။ ဒါကို "Second Adulthood" လို့တောင် ခေါ်ကြတယ်။

▫️ဒီအရွယ်မှာ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ အားသာချက်တွေက အံ့မခန်းပါပဲ!
🛡️ (Emotional Resilience)
💁🏼‍♀️စိတ်ထိခိုက်လွယ်တာတွေ ရှိပေမဲ့၊ အတွေ့အကြုံတွေကြောင့် ပြဿနာတွေကို မြန်မြန်ဆန်ဆန် ကျော်လွှားနိုင်စွမ်း ရှိလာတယ်။
🚫 (Boundary Setting)
💁🏼‍♀️လူမှုရေး ဖိအားတွေနဲ့ မလိုအပ်တဲ့ ကိစ္စတွေကို ပယ်ချရဲတဲ့ သတ္တိ ရှိလာတယ်။ ကိုယ့်တန်ဖိုးကို ပိုသိလာလို့ ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ မကြောက်တော့ဘူး။
💡 ရှင်းလင်းပြတ်သားတဲ့ အတွေး
💁🏼‍♀️"အတိတ်နဲ့ အနာဂတ်" ကို စဉ်းစားတာ များလာပေမဲ့၊ ဘဝရဲ့ အနှစ်သာရ ကို ပိုပြီး နားလည်လာတာကြောင့်၊ ဘာလုပ်ရမလဲဆိုတာ ပိုပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်လာတယ်။ Self-confidence လျော့ကျတယ်ဆိုရင်တောင် ကိုယ့်ရဲ့ တကယ့် အရည်အသွေး ကို ယုံကြည်မှု ပိုရှိလာပါတယ်။
💁🏼‍♀️ဆိုလိုတာက..40+ဆိုတာ စိတ်ခံစားမှု အရ နူးညံ့ပေမဲ့ စိတ်ဓာတ်အရတော့ ပိုပြီး သံမဏိလို ခိုင်မာလာတဲ့ အချိန်ပါပဲ!

ရှေ့ဆက်ဖို့ စိန်ခေါ်လိုက်မယ်
ဆိုတော့…
ဒီအရွယ်ဟာ ကိုယ့်အတွက်ပဲ အာရုံစိုက် ရမယ့် အချိန်ပါ။
💖 ကိုယ့်ကိုယ်ကို ချစ်ပါ။
💁🏼‍♀️စိတ်မကြည်တဲ့နေ့တွေမှာ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ကြည့်၊ ကော်ဖီကောင်းကောင်း သောက်၊ ဒါမှမဟုတ် အားကစား တခုခု လုပ်ပြီး ဟော်မုန်းတွေကို ပြန်ချိန်ညှိ ပါ။
🗣️ ပွင့်ပွင့်လင်းလင်း ပြောပါ
💁🏼‍♀️ကိုယ့်ရဲ့ ခံစားချက်ပြောင်းလဲမှုတွေအကြောင်း ခင်မင်ရင်းနှီးတဲ့သူ ဒါမှမဟုတ် ကျန်းမာရေးပညာရှင် နဲ့ တိုင်ပင်ဆွေးနွေးဖို့ မရှက်ပါနဲ့။

📣40+အရွယ်မှာ ကိုယ်ရင်ဆိုင်ခဲ့ရတဲ့ ဒီလို ခံစားချက်အတက်အကျတွေကို ဘယ်လို အလွယ်ဆုံးနည်းလမ်း နဲ့ ကျော်ဖြတ်ခဲ့လဲဆိုတာ Comment မှာ share လုပ်ပေးခဲ့ပါဦးနော်🙌

#စိတ်နဲ့ခန္ဓာဟန်ချက်ညီကျန်းမာစေရမည်FitOverForty

မင်္ဂလာညပါ 40+တို့🌃💤ညဘက် အိပ်စက်ရ ခက်ခဲနေပြီလား?🔔ဒီအလေ့အကျင့် -၅မျိုးကို ပြုလုပ်ကြည့်ပါ👇💁🏼‍♀️ညဘက် နှစ်ခြိုက်စွာ အိပ်ပျော...
26/09/2025

မင်္ဂလာညပါ 40+တို့
🌃💤ညဘက် အိပ်စက်ရ ခက်ခဲနေပြီလား?

🔔ဒီအလေ့အကျင့် -၅မျိုးကို ပြုလုပ်ကြည့်ပါ👇

💁🏼‍♀️ညဘက် နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အတွက် နေ့ခင်းဘက် ပြုမူနေထိုင်မှုပုံစံကလည်း အရေးကြီးတယ်။

🚨ညဘက် အိပ်စက်မှု အရည်အသွေးကို မြှင့်တင်နိုင်ဖို့ အထောက်အကူပြုစေတဲ့ အလေ့အကျင့် (၅) မျိုး

1️⃣နေ့လယ်စာ စားပြီးနောက် လမ်းလျှောက်ပါ
▫️နေ့လယ်စာ စားပြီးတာနဲ့ ထိုင်မနေဘဲ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ခြင်း (၁၀-၁၅ မိနစ်ခန့်) ပြုလုပ်ပါ။ ဒါက အစာချေစနစ်ကို ကောင်းမွန်စေပြီး နေ့လယ်စာစားပြီးနောက် ဖြစ်တတ်တဲ့ ငိုက်မျဉ်းမှု (Food Coma) ကို လျှော့ချပေးနိုင်တယ်။ နေ့ခင်းဘက်မှာ တက်ကြွမှုရှိလေ၊ ညဘက်မှာ ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်လေ ဖြစ်ပါတယ်။
2️⃣ကဖင်းနဲ့ သကြားကို နေ့လယ် ၂ နာရီနောက်ပိုင်း ကန့်သတ်ပါ
▫️နေ့လယ် ၂ နာရီနောက်ပိုင်းမှာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ သကြားများတဲ့ အချိုရည်တွေ ရှောင်ပါ။ ကဖင်းရဲ့ အာနိသင်ဟာ ခန္ဓာကိုယ်ထဲမှာ နာရီပေါင်းများစွာ ကျန်ရှိနေနိုင်ပြီး ညဘက် အိပ်ပျော်ဖို့ ခက်ခဲစေတယ်။
3️⃣ရေဓာတ် လုံလောက်စွာ ဖြည့်တင်းပါ
▫️တနေတာအတွက် ရေလုံလောက်စွာ သောက်ပါ။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ပြည့်ဝနေခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ညဘက် ရုတ်တရက် ရေငတ်လို့ နိုးထတာမျိုးကို ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ ညအိပ်ယာ မဝင်ခင် နာရီပိုင်းမှာတော့ အလွန်အကျွံ မသောက်မိဖို့ သတိထားပါ။
4️⃣စိတ်ဖိစီးမှု လျှော့ချနိုင်ဖို့ လေ့ကျင့်ခန်း လုပ်ပါ
▫️အလုပ်လုပ်နေရင်း ဒါမှမဟုတ် နေ့လယ်ပိုင်းမှာ ၅ မိနစ်မှ ၁၀ မိနစ်ခန့် အချိန်ယူပြီး တရားထိုင်ခြင်း (Meditation) ဒါမှမဟုတ် အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်ပါ။ နေ့ခင်းဘက် စိတ်ဖိစီးမှုတွေကို စီမံခန့်ခွဲလိုက်ခြင်းက ညဘက်ရောက်ရင် ဦးနှောက်ကို အနားယူဖို့ ပိုပြီး အဆင်သင့် ဖြစ်စေတယ်။
5️⃣နေ့ခင်းဘက် အလင်းရောင်များများ ရယူပါ
▫️မနက်ခင်း နေရောင်ခြည် ခံယူပြီးနောက်မှာလည်း ရုံးခန်း ဒါမှမဟုတ် အိမ်တွင်းမှာ အလင်းရောင် လုံလောက်စွာ ရရှိအောင် နေပါ။ နေ့ခင်းဘက် အလင်းရောင်များများ မြင်တွေ့ရခြင်းဟာ ညဘက်မှာ Melatonin ထုတ်လုပ်မှုကို အားကောင်းစေပြီး အိပ်စက်မှု ပုံစံကို တည်ငြိမ်စေတယ်။

💁🏼‍♀️ဒီနေ့ခင်းဘက် အလေ့အကျင့်တွေကို ပုံမှန် အိပ်ချိန်ဇယားနဲ့ တွဲဖက်
လိုက်နာမယ်ဆိုရင် 40+တို့ရဲ့ အိပ်စက်မှု အရည်အသွေး သိသိသာသာ တိုးတက်လာစေမှာပဲ ဖြစ်တယ်🙌
#စိတ်နဲ့ခန္ဓာဟန်ချက်ညီကျန်းမာစေရမည်FitOverForty

📣  “စိတ်နှင့် ခန္ဓာ” ကို ဦးစားပေးပြီး စနစ်တကျ တည်ဆောက်ထားတဲ့ ဟန်ချက်ညီ ကျန်းမာရေး သင်တန်း ” “ReBalance 40+ “💡ကိုယ်ခံအားစ...
26/09/2025

📣 “စိတ်နှင့် ခန္ဓာ” ကို ဦးစားပေးပြီး စနစ်တကျ တည်ဆောက်ထားတဲ့ ဟန်ချက်ညီ ကျန်းမာရေး သင်တန်း ” “ReBalance 40+ “

💡ကိုယ်ခံအားစနစ်၊ ဟော်မုန်းစနစ်၊ သဘာဝ မျှတစွာ အလုပ်လုပ်နေရင် စိတ်နဲ့ ခန္ဓာဟာ ကျန်းမာရေးကောင်းပါတယ်။ ဒါပေမယ့် အသက် ၄၀ ကျော်လာတဲ့အခါ —
🔺စိတ်ဖိစီးမှုများလာတယ်
🔺ဟော်မုန်း မညှိနိုင်တော့ဘူး
🔺metabolism လျှော့တယ်
🔺ပင်ပန်းနွမ်းနယ်မှု များလာတယ်

⚠️ဒီလိုမျိုး စနစ်တွေ မညီတဲ့အခါ ခန္ဓာကိုယ်နဲ့ စိတ်အခြေအနေဟာလည်း မမျှတတော့ဘူး။ ဒီအချိန်မှာ “သဘာဝနည်းနဲ့ ကိုယ်တိုင် စနစ်တွေကို ပြန်ညှိပြီး စိတ်၊ ခန္ဓာ၊ ဟော်မုန်းစတာတွေကို ပြန်ညီမျှအောင်” ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

💎Fit Over Forty ရဲ့ ReBalance 40+ Program ကလည်း အဲ့ဒီနည်းလမ်းတွေနဲ့ စနစ်တကျ ပြန်ညှိပေးဖို့ရည်ရွယ်ပါတယ်။

🌟 အသက် ၄၀ကျော်ဆိုတာ ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ အားငယ်နေရတဲ့ အရွယ် မဟုတ်ပါ!

🔹 ၄၀ ကျော်ကတည်းက…
✅ ပင်ပန်းနွမ်းနယ်တာ ပိုများလာပြီလား?
✅ မျှတမှုမရှိတဲ့ အာဟာရကြောင့် ခန္ဓာကိုယ် ပြောင်းလဲလာပြီလား?
✅ မအိပ်နိုင်တာ, စိတ်ဖိစီးမှု, ဟော်မုန်း အပြောင်းအလဲတွေကို ထိန်းချုပ်လို့ မရတော့ဘူးလား?

📣ဒါဆိုရင်တော့ “ReBalance 40+” သင်တန်းနဲ့ ဖြေရှင်းနိုင်ပြီ ဖြစ်ပါတယ်!

🔹ဒီသင်တန်းက ဘာတွေ လုပ်ဆောင်ပေးမလဲ?
⏩️နေ့စဉ် လုပ်ဆောင်ရန် အချက်များ ( Private Group မှာ Post တင်ပေးမည် )
⏩️၂-ပတ်တကြိမ် Live Zoom တွေ့ဆုံမှု (Q&A အမေးအဖြေ ကဏ္ဍ) ပါဝင်မည်။
⏩️သင်တန်းတလျှောက် ကိုယ့်ရဲ့ အားနည်းချက်တွေကို တိုင်ပင်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

🚫 ဒီသင်တန်းကို မတက်သင့်သူများ
❌ ကိုယ့်ကျန်းမာရေးအပေါ် Investment (ကြိုးစားမှု) မလုပ်ချင်သူများ
❌ ကျန်းမာရေးကို အထိလွန်အောင် အမြန်ဆုံး ပြုပြင်ချင်သူများ
❌ တကယ် လေ့လာလိုမှု မရှိသူများ
❌ Workout Videos ကိုသာ စိတ်ဝင်စားသူများ
❌ Cardio Training သာ ကြိုက်သူများ
❌ ယုံကြည်မှု မရှိသူများ
❌ အစားအသောက် ဖြတ်တောက်ချင်သူများ
❌ Holistic Approach ကို မယုံကြည်သူများ

📅 သင်တန်းစတင်မည့်ရက် –[10.10.2025]
💸 သင်တန်းကြေး – 150,000MMK
📍 သင်တန်းကာလ – 6-weeks
📍သင်တန်းအမျိုးအစား –Online
📍 သင်ကြားမည့်ပုံစံ – Private Group + Zoom Live Sessions

📢”စိတ်နဲ့ခန္ဓာဟန်ချက်ညီ ကျန်းမာစေရမည်”ဆိုတဲ့ FitOverForty ရဲ့ ဆောင်ပုဒ်အတိုင်း ကိုယ်ပိုင်ပြောင်းလဲမှုအတွက် ပထမခြေလှမ်းကို စတင်ဖို့!

☎ Register Now – [ Viber (or) Telegram-09-782002428 မှတဆင့် စာရင်းသွင်း အပ်နှံနိုင်ပါပြီ ] 🤍🤝

40+တို့ မဖြစ်မနေ သိထားရမယ့် မနက်ခင်း ရေသောက်ခြင်း အကျိုးကျေးဇူး (၇)ချက်💁🏼‍♀️ဘာကြောင့် မနက်ခင်းမှာ ရေ သောက်သင့်တာလဲ?1️⃣အိ...
25/09/2025

40+တို့ မဖြစ်မနေ သိထားရမယ့် မနက်ခင်း ရေသောက်ခြင်း အကျိုးကျေးဇူး (၇)ချက်

💁🏼‍♀️ဘာကြောင့် မနက်ခင်းမှာ ရေ သောက်သင့်တာလဲ?
1️⃣အိပ်စက်ချိန်အတွင်း ကုန်ခမ်းသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးတယ်
2️⃣ တနေ့တာလုံး စိတ်လန်းဆန်းစေတယ်
3️⃣ ဦးနှောက်နဲ့ အာရုံကြော အတွက် လိုအပ်တဲ့ အာဟာရကို ထိရောက်စွာ သယ်ဆောင်ပေးနိုင်တယ်။
4️⃣ ကိုယ်တွင်းဇီဝဖြစ်ပျက်မှု မြန်စေပြီး ကိုယ်အလေးချိန်ထိန်းရာမှာ အထောက်ကူ ဖြစ်စေတယ်။
5️⃣ သွေးလည်ပတ်မှု ကောင်းစေပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်
6️⃣ အစာခြေစနစ်ကို တဖြည်းဖြည်းကောင်းမွန်လာစေတယ်
7️⃣ အသားအရည် ကြည်လင် လှပစေတယ်

💁🏼‍♀️ဘယ်လောက်သောက်ရမလဲ?
👉ကိုယ်အလေးချိန် (kg) ကို ၂၃ နဲ့ စားပါ။ ရလာတဲ့ ဂဏန်းက တနေ့တာအတွက် သောက်သင့်တဲ့ ရေပမာဏ ဖြစ်ပါတယ်။
ဥပမာ—60kg ဆိုရင် 60 ÷ 23 = 2.6L လောက်သောက်ဖို့ လိုပါတယ်။

📌 သတိထားရန်
လေ့ကျင့်ခန်းပြုလုပ်သူများ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးပြဿနာရှိသူများအတွက်တော့ ရေပမာဏ ကွာခြားနိုင်ပါတယ်။

💬သင်သိတဲ့ အကျိုးကျေးဇူးလေးတွေရှိရင်လည်း comment မှာ မျှဝေပေးခဲ့ပါဦး🙌

#စိတ်နဲ့ခန္ဓာဟန်ချက်ညီကျန်းမာစေရမည်FitOverForty

🚨ညတိုင်း စိတ်ပင်ပန်းပြီး အိပ်မရသူတွေ ရှိလား?? မင်္ဂလာညပါ 40+တို့💁🏼‍♀️တခါတလေ ညဘက်ရောက်ပြီဆို အိပ်ချင်ပေမယ့် စိတ်က မျိုးစု...
23/09/2025

🚨ညတိုင်း စိတ်ပင်ပန်းပြီး အိပ်မရသူတွေ ရှိလား??

မင်္ဂလာညပါ 40+တို့
💁🏼‍♀️တခါတလေ ညဘက်ရောက်ပြီဆို အိပ်ချင်ပေမယ့် စိတ်က မျိုးစုံတွေးပြီး မအိပ်နိုင်ဖြစ်နေသလား?
👉အိပ်ရေးမဝတာဟာ 40+ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ပြဿနာတခုပါ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ၊ ဟော်မုန်းအပြောင်းအလဲတွေနဲ့ နေ့စဉ်ဘဝရဲ့ စိန်ခေါ်မှုတွေကြောင့် ဖြစ်တတ်ပါတယ်။

*ဖြေရှင်းနည်း (၃) ချက်*

1️⃣အိပ်စက်ချိန် အချိန်ဇယား တခု သတ်မှတ်ပါ
👉ညတိုင်း တချိန်တည်းမှာ အိပ်ရာဝင်ပြီး တချိန်တည်းမှာ ပြန်ထဖို့ ကြိုးစားပါ။ ပုံမှန်လုပ်ရိုးလုပ်စဉ်လေးတခုရှိရင် ခန္ဓာကိုယ်ကို အချိန်မှန် အနားယူဖို့ သင်ကြားပေးနိုင်ပါတယ်။
2️⃣ညနေပိုင်းမှာ ကဖိန်းဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ပါ
👉ကော်ဖီ၊ လက်ဖက်ရည်နဲ့ ချောကလက်တို့ဟာ သင့်ကို အကြာကြီး နိုးကြားနေစေနိုင်ပါတယ်။ ဒါကြောင့် နေ့ခင်း (၂) နာရီ နောက်ပိုင်းမှာ ဒါတွေကို မသောက်မိအောင် ရှောင်ပါ။
💁🏼‍♀️အိပ်ရာမဝင်ခင် စိတ်ကို လျှော့ချပါ
👉အိပ်ရာမဝင်ခင် (၁) နာရီလောက်အလိုမှာ ဖုန်း၊ တီဗီတို့ကို ခဏထားလိုက်ပါ။ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ ဒါမှမဟုတ် ရေနွေးနွေးလေးနဲ့ ရေချိုးတာမျိုးလုပ်ပေးပါ။

🚨မနက်ခင်းဘက်မှာ နေရောင်ခြည်ရအောင် လမ်းလျှောက်တာ၊ stretching လုပ်တာမျိုး ပြုလုပ်ပေးပါ။
🚨အိပ်ခန်းကို အလင်းမှိန်မှိန်နဲ့ အေးပြီး ငြိမ်သက်နေအောင် ထားပါ။
🚨အိပ်ရာထဲမှာ အလုပ်ကိစ္စတွေ၊ ငွေရေးကြေးရေးကိစ္စတွေ စဉ်းစားတာမျိုး မလုပ်ပါနဲ့။
🚨အိပ်ရာထဲမှာ အချိန်အကြာကြီး အိပ်မပျော်ဖြစ်တဲ့အခါမျိုးမှာ စာဖတ်တာ၊အသက်ရှု လေ့ကျင့်တာ၊တရားထိုင်တာမျိုး ပြုလုပ်ပါ။

▫️သက်တောင့်သက်သာ အိပ်စက်အနားယူနိုင်ပြီး အားလုံး စိတ်-ခန္ဓာ လန်းဆန်း တက်ကြွတဲ့ နေ့ရက်တွေ ပိုင်ဆိုင်နိုင်ကြပါစေ🙌

📣ဒီအချက်တွေထဲက ဘယ်အချက်က သင့်အတွက် အထိရောက်ဆုံးဖြစ်လဲ ဆိုတာ comment မှာ ရေးပြီး မျှဝေပေးခဲ့ပါဦး။

#စိတ်နဲ့ခန္ဓာဟန်ချက်ညီကျန်းမာစေရမည်FitOverForty

Address

Mandalay
0514

Website

Alerts

Be the first to know and let us send you an email when Fit Over Forty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share