23/08/2026
လူငယ်တို့ရဲ့ ခြေလှမ်းသစ်၊
အိပ်မက်တွေရဲ့ အစပြုရာ….
မန္တလေးမြို့ အခြေစိုက်
ပြိုင်ပွဲဝင် စက်ဘီးအသင်းဖြစ်တဲ့
Team Yadanarbon Cycling -TYC ရဲ့
လက်ရွေးစင် ကစားသမားများ၊ မျိုးဆက်သစ်
လူငယ်စက်ဘီးအားကစားသမားများနဲ့အတူ
“မန်းခေတ် ကဖေး ” ရဲ့ ပံ့ပိုးမှုအတွက်
ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။
စက်ဘီး အားကစားကို ဝါသနာပါပြီး
မြန်မာ့စက်ဘီး လောကမှာ ခြေလှမ်းသစ်တွေနဲ့
အောင်မြင်မှု လမ်းကြောင်းပေါ် တက်လှမ်းနေကြတဲ့
လူငယ်များ၏ အိပ်မက်များကို ပံ့ပိုးကူညီပေးတဲ့အနေနဲ့
"မန်းခေတ်ကဖေး"မှ TYC စက်ဘီးအသင်းအတွက်
Official Jersey Sponsor အဖြစ်
လှိုက်လှိုက်လှဲလှဲ ပါဝင် ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။
ခေတ်မီဆန်းသစ်တဲ့ စတိုင်လ်၊
ကောင်းမွန်တဲ့ အရည်အသွေး၊
အေးချမ်းတဲ့လေထုနဲ့အတူ လူငယ်တို့ရဲ့
တက်ကြွမှုတွေကို အမြဲတမ်း ခွန်အားဖြည့်ပေးနေတဲ့
"မန်းခေတ်ကဖေး" ကို Team Yadanarbon Cycling
TYC အသင်းမှ အထူးပင်ကျေးဇူးတင်ရှိကြောင်း
ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။
မန္တလေးမြို့ရဲ့ အေးချမ်းလှပတဲ့
အငွေ့အသက်တွေနဲ့အတူ
မန်းခေတ်ရဲ့ ဆိုင်ခွဲများအားလုံးမှ
အရသာရှိလှတဲ့ အစားအသောက်၊ဟင်းလျာ
ကောင်းများနဲ့ လန်းဆန်းမှုတွေကို ရယူချင်ရင်တော့
"မန်းခေတ်ကဖေး"သို့ မဖြစ်မနေ လာရောက်
သုံးဆောင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
လူငယ်တို့ရဲ့ အားကစားစိတ်ဓာတ်နဲ့အတူ
ရှေ့ဆက်မယ့် အောင်မြင်မှု ခရီးစဉ်မှာ
"မန်းခေတ်ကဖေး" ရဲ့ Jersey လှလှလေးတွေနဲ့အတူ
TYC အသင်းသားတွေ ပိုမို တောက်ပသွားတော့မှာပါ!
မန်းခေတ်- ကဖေး ဆိုင် (၁)
လိပ်စာ- (၅၆) လမ်း၊ (၁ဝ၃) လမ်းထောင့်၊
(အောင်ပင်လယ်)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09443175664
မန်းခေတ် - ကဖေး ဆိုင်(၂)
လိပ်စာ- (၂၃)လမ်း၊ (၆၂) လမ်းနှင့် (၆၃) လမ်းကြား၊
(မဟာဇေယျာဘုံ)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
09264188799
မန်းခေတ် - ကဖေး ဆိုင်(၃)
လိပ်စာ- (၂၈)လမ်း၊(၆၃)လမ်းနှင့် (၆၄) လမ်းကြား၊
(အောင်တော်မူ)၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
09400090403
#မန်းခေတ်ကဖေး