23/09/2026
🎉 VictoryChessApp Version 1.2 အသစ်ထွက်ရှိပါပြီ! 🎉
ချစ်ခင်ရပါသော စစ်တုရင်ဝါသနာရှင်များအတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အဆင့်မြှင့်တင်မှုများစွာ ပါဝင်လာတဲ့ VictoryChessApp v1.2 ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ယခင် Version 1.1 နဲ့စာရင် ဘာတွေများ ထူးခြားပြောင်းလဲသွားလဲဆိုတာ အောက်မှာ လေ့လာကြည့်လိုက်ရအောင် - 👇
📂 ၁။ လေ့လာမှုမှတ်တမ်းနှင့် ပွဲစဉ်များ (Favorites & Master Games)
Export All Favorites (PGN): မိမိ ကြိုက်နှစ်သက်လို့ သိမ်းဆည်းထားတဲ့ Favorite ပွဲစဉ်တွေအားလုံးကို PGN ဖိုင်အနေနဲ့ တစ်ခါတည်း Export ထုတ်ယူနိုင်ပါပြီ။ ဒါကြောင့် ဖုန်းအသစ်ပြောင်းရင်တောင် မိမိရဲ့ လေ့လာဆဲ ဒေတာတွေ မပျောက်ပျက်ဘဲ အလွယ်တကူ ပြောင်းရွှေ့သယ်ယူသွားနိုင်ပါပြီ။
Copy PGN စနစ် (Master Games): Master Games တွေက ပွဲစဉ်တွေကို PGN Copy ကူးယူပြီး မိမိနှစ်သက်ရာ အခြား Chess Engine တွေ၊ PGN Reader တွေမှာ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒါ့အပြင် App ထဲမှာ Built-in ပါဝင်တဲ့ Analysis Board ပေါ်ကို Paste ချပြီးတော့လည်း ကိုယ်တိုင် အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်ပါပြီ။
Pro-Level Filters & Super Suggestion: Database Software အကြီးစားတွေမှာသာ တွေ့ရလေ့ရှိတဲ့ အဆင့်မြင့် Filter စနစ်နဲ့ Super Suggestion စနစ်တွေကို Favorite နဲ့ Master Games စာမျက်နှာ နှစ်ခုလုံးမှာ ပိုမိုမြန်ဆန်တိကျအောင် အထူးစွမ်းဆောင်ရည်မြှင့် (Improve) ပေးထားပါတယ်။
📚 ၂။ စာအုပ်စင် (Library Section)
စာအုပ်များ ဖျောက်ထားနိုင်ခြင်း (Hide Books): App ထဲမှာ လေ့လာစရာ စာအုပ်တွေ များပြားလာတဲ့အခါ မျက်စိရှင်းသွားအောင် လောလောဆယ် မလေ့လာဖြစ်သေးတဲ့ စာအုပ်တွေကို ခေတ္တဖျောက် (Hide) ထားနိုင်တဲ့ စနစ် ပါဝင်လာပါတယ်။
တိုးတက်မှုမှတ်တမ်း (Progress Tracker): စာအုပ်တစ်အုပ်ချင်းစီကို ဘယ်လောက်အထိ လေ့လာပြီးသွားပြီလဲ၊ ဘယ်လောက်အောင်မြင်နေပြီလဲ ဆိုတဲ့ (Progress) ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပါပြီ။
Download PDF: လေ့လာစရာ စာအုပ်တချို့ကို PDF အနေနဲ့ Download ဆွဲယူနိုင်တဲ့ လုပ်ဆောင်ချက် အသစ်ထည့်သွင်းပေးထားပါတယ်။
Progress မပျက်စေမယ့် Update စနစ်: (ဒီအချက်လေးက Version 1.1 ကတည်းက ပါဝင်ခဲ့ပေမယ့် အခုမှပဲ သတင်းကောင်းပါးပါရစေ) - စာအုပ် Version အသစ်တွေ ထွက်လာလို့ Update တင်လိုက်ရင်လည်း ယခင်ကစားထားခဲ့တဲ့ မိမိရဲ့ အောင်မြင်မှု Progress တွေ လုံးဝ ပျောက်ပျက်သွားမှာ မဟုတ်ဘဲ မူလအတိုင်း ဆက်လက်ထိန်းသိမ်းထားပေးမှာ ဖြစ်ပါတယ်။
🎯 ၃။ ပဟေဠိကစားခြင်း (Puzzle Gameplay Section)
ဒီအပိုင်းကတော့ ကစားသမားတွေရဲ့ စွမ်းရည်ကို သိသိသာသာ တက်လာစေမယ့် အဓိက အပြောင်းအလဲတွေ (Major Updates) ဖြစ်ပါတယ် -
Share FEN: မိမိကစားနေတဲ့ စစ်တုရင်အနေအထား (Position/FEN) ကို သူငယ်ချင်းတွေဆီ အလွယ်တကူ Share လုပ်ပြီး အတူတကွ ဆွေးနွေးနိုင်ပါပြီ။
🔥 Training Mode အသစ်: ရိုးရိုး အဖြေတစ်ကြောင်းတည်း မှန်ရုံနဲ့ ပုစ္ဆာပြီးသွားတာမျိုး မဟုတ်တော့ပါဘူး။ ဥပမာ - "Mate in 2" ပုစ္ဆာဆိုပါစို့၊ Computer ဘက်က ပြန်လည်တုံ့ပြန် ကစားလာနိုင်တဲ့ လမ်းကြောင်းအမျိုးမျိုး (Pre-defined solutions အားလုံး) ကို မှန်ကန်အောင် ဖြေရှင်းနိုင်မှသာ ဒီ Puzzle ကို "အောင်မြင်တယ် (Pass)" လို့ သတ်မှတ်ပေးမယ့် စနစ်ပါ။ တကယ့်ပြိုင်ပွဲဝင် တစ်ယောက်လို စေ့စေ့စပ်စပ် လေ့ကျင့်ချင်သူတွေအတွက် အထူးသင့်လျော်ပြီး အချိန်မရွေး On/Off လုပ်နိုင်ပါတယ်။
🔥 Play Unfinished Only (မအောင်မြင်သေးတာတွေကိုသာ ဆက်ကစားမည်): စာအုပ်တစ်အုပ်ထဲက ပုစ္ဆာတွေကို ကစားတဲ့အခါ "Next" ခလုတ်ကို နှိပ်လိုက်တိုင်း ကိုယ် မကစားရသေးတဲ့ (သို့) မအောင်မြင်သေးတဲ့ Puzzle တွေကိုပဲ သီးသန့်ရွေးချယ်ပြီး ဆက်တိုက် Load လုပ်ပေးသွားမယ့် စနစ်ပါ။ (ဒီစနစ်လေး အလုပ်လုပ်နေကြောင်းကို Next ခလုတ်လေး အရောင်ပြောင်းသွားတာနဲ့ သိနိုင်ပြီး အချိန်မရွေး On/Off လုပ်နိုင်ပါတယ်)။
မှတ်ချက် - အကယ်၍ ကိုယ် ခုလေးတင် ဖြေရှင်းလိုက်တဲ့ Puzzle ကို သဘောမကျလို့၊ မကျေလည်လို့ ပြန်လေ့လာချင်တယ်ဆိုရင်လည်း "Previous" ခလုတ်ကို နှိပ်ပြီး ပုံမှန်အတိုင်း ပြန်လည်ခေါ်ယူ လေ့လာနိုင်ပါတယ်။
ဒီလို ထူးခြားတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ VictoryChessApp က သင့်ရဲ့ စစ်တုရင်စွမ်းရည်ကို နောက်တစ်ဆင့်ဆီ မြှင့်တင်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ယခုပဲ ဖော်ပြထားသော link မှ Version 1.2 ကို Update ♻️ ရယူပြီး အတွေ့အကြုံသစ်တွေကို ခံစားကြည့်လိုက်ပါ! 🏆♟
https://tinyurl.com/VictoryChessApp