Mandalay Road Runners

Mandalay Road Runners We run to enjoy our lives physically and mentally

6KM CHARITY RUN “လှူမယ်။ ပြေးမယ်။ အတူတူကူမယ်။ ❤️”မန်းလေးမြို့မှာရှိတဲ့ အပြေးအသင်းတွေ စုပေါင်းပြီးရေဘေးအတွက် တစ်ဖက်တစ်လမ်...
01/09/2026

6KM CHARITY RUN

“လှူမယ်။ ပြေးမယ်။ အတူတူကူမယ်။ ❤️”

မန်းလေးမြို့မှာရှိတဲ့ အပြေးအသင်းတွေ စုပေါင်းပြီး
ရေဘေးအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီလှူဒါန်းနိုင်ဖို့ 6KM Charity Run လေးကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 🏃‍♀️🏃‍♂️

ဒီပွဲက ပြိုင်ဆိုင်ဖို့ထက်
အတူတူပြေးရင်း၊ အတူတူပျော်ရင်း၊ အတူတူကူညီကြမယ့် Fun Run လေးပါ။ ❤️

━━━━━━━━━━━━━━

📅 DATE — 6 September 2026

📍 ROUTE — ရွှေမန်းတောင်ကွင်း

🏃 DISTANCE — 6 KM

💰 DONATION — 25,000 ကျပ်

👜 TOTE BAG — Donation ထည့်ဝင်သူတိုင်း ရရှိမည်

📝 REGISTRATION — Google Form ဖြင့်

━━━━━━━━━━━━━━

💵 Donation ကို ဘယ်လိုထည့်ဝင်မလဲ?

Donation ငွေကို ကြိုတင်ကောက်ခံမှာ မဟုတ်ပါဘူး။

📌 ပြေးပွဲနေ့မှာသာ 25,000 ကျပ် Donation ထည့်ဝင်ရမှာဖြစ်ပြီး

🧾 Donation ငွေထည့်ဝင်ပြီး ငွေလက်ခံဖြတ်ပိုင်း ရရှိမှာ ဖြစ်ပါတယ်။

🎁 အဲ့ဒီ ငွေလက်ခံဖြတ်ပိုင်းကို ပြပြီး Tote Bag ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ❤️

━━━━━━━━━━━━━━
ဒီ Charity Run လေးကို စတင်အကောင်အထည်ဖော်နိုင်ဖို့အတွက်

🤝 Nomad Squad+ မှ မတည်ငွေ ၅ သိန်းကျပ် ထည့်ဝင်ပံ့ပိုးထားပါတယ်။

ဒီမတည်ငွေနဲ့အတူ ပါဝင်လာကြမယ့် Runner တစ်ဦးချင်းစီရဲ့ Donation တွေကို ပေါင်းစပ်ပြီး ရေဘေးသင့်ပြည်သူများအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ❤️

━━━━━━━━━━━━━━

👟 ပြေးမယ်။
❤️ လှူမယ်။
🤝 အတူတူကူမယ်။

မန်းလေးက အပြေးသမားတွေအားလုံး
အသင်းအဖွဲ့မခွဲဘဲ အတူတူစုပေါင်းပြီး
ပေါ့ပေါ့ပါးပါး Fun Run လေးအဖြစ် ပါဝင်ကြရအောင်။ 🏃‍♀️🏃‍♂️❤️

📢 ပါဝင်ချင်သူများအနေနဲ့
အောက်ပါ Google Form မှာ ကြိုတင်စာရင်းသွင်းနိုင်ပါတယ်။

👇 Registration Form

https://docs.google.com/forms/d/e/1FAIpQLSdumVxlCz2dHt1CAPr540RccO85W2cSykmp83ajqxbx49HZQA/viewform?usp=dialog

“လှူမယ်။ ပြေးမယ်။ အတူတူကူမယ်။ ❤️”

#လှူမယ်ပြေးမယ်အတူတူကူမယ်

ဒီတစ်ပတ် Sunday မနက်ခင်းမှာလည်း Mandalay Road Runners (MRR) ရဲ့ ပုံမှန် Sunday Run အပြေးအစီအစဉ်လေး ရှိနေပါတယ်ခင်ဗျာ ☺️👍ဝ...
29/08/2026

ဒီတစ်ပတ် Sunday မနက်ခင်းမှာလည်း Mandalay Road Runners (MRR) ရဲ့ ပုံမှန် Sunday Run အပြေးအစီအစဉ်လေး ရှိနေပါတယ်ခင်ဗျာ ☺️

👍ဝိတ်ချချင်လို့ပဲဖြစ်ဖြစ်၊
👍ကျန်းမာရေးအတွက် အားကစားလုပ်ချင်လို့ပဲဖြစ်ဖြစ်၊
👍ပြေးတာကို ဝါသနာပါလို့ပဲဖြစ်ဖြစ်...

🏃‍♂️အတွေ့အကြုံရှိတဲ့ ဝါရင့် Runner တွေရော၊
🏃‍♀️အခုမှ စပြေးမယ့် Beginner တွေပါ အားလုံး
အဆင်ပြေပြေ ပါဝင်နိုင်အောင် ...

📍 5Km နဲ့ 8Km (ပုံမှန် ပြေးနေကျသူများအတွက်)
📍 3Km (အခုမှ စပြေးမယ့် Beginner များအတွက် သီးသန့်)
စုပြေးကြပါမယ် ☺️☺️

💧 ပြေးရင်းနဲ့ ချွေးထွက်များပြီး ရေငတ်သွားရင်လည်း စိတ်ပူစရာမလိုပါဘူး။ Runner တွေအတွက် လိုအပ်တဲ့ ဓာတ်ဆားဓာတ်ကို ချက်ချင်း ပြန်ဖြည့်ပေးမယ့် ဟီကာရီ အိုင်းယွန်းဖြည့် အချိုရည်များကို Hikari Ion Supply Drink - ひかり မှ ပါဝင်ပံ့ပိုးပေးထားပါတယ်ခင်ဗျာ။

အကျွေးအမွေး အထူးအစီအစဉ်အနေနဲ့ လဲ MRR မှ ဖရဲသီးစိပ်များကိုလဲ
စိတ်ကြိုက်စားသုံးနိုင်ရန် စီစဉ်ထားပေးပါ့မယ်ဗျာ

🗓 နေ့ရက် - 30/08/2026 (Sunday)

⏰ အချိန် - မနက် (5:30) တွင် လူစုပြီး (5:45) မှာသွေးပူ အကြောလျှော့ လေ့ကျင့်ခန်းများ စတင်ပါမည်။ (6:00) တိတိတွင် စတင်ပြေးပါမည်။

📍 စုရပ် - ၆၆ လမ်း x ၁၉ လမ်းထောင့် (ကျုံးအတွင်း ကားပါကင် မြောက်ဘက်)

🅿️ ကား/ဆိုင်ကယ် - ကျုံးအတွင်း ကားပါကင်မှာ လုံခြုံစိတ်ချစွာ အပ်နှံထားနိုင်ပါတယ်။

ခန္ဓာကျန်းမာ၊ စိတ်ချမ်းသာဖို့၊ MRR နဲ့ ပြေးကြစို့!
မနက်ဖြန် ဆုံကြမယ်နော်... ☺️👍

📢 SAVE THE DATE 🏃‍♀️❤️6KM CHARITY RUN မှာ ပြေးရင်း ရေဘေးသင့်ပြည်သူများအတွက် အတူတူကူညီကြမယ်။ 🤍📅 6 September 2026ကျန်းမာရေ...
28/08/2026

📢 SAVE THE DATE 🏃‍♀️❤️

6KM CHARITY RUN မှာ ပြေးရင်း ရေဘေးသင့်ပြည်သူများအတွက် အတူတူကူညီကြမယ်။ 🤍

📅 6 September 2026

ကျန်းမာရေးအတွက် ပြေးမယ်၊ အလှူအတွက် ပါဝင်မယ်။
ဒီနေ့ကို Calendar ထဲမှာ Save လုပ်ထားပြီး ပါဝင်ဖို့ အသင့်ပြင်ထားပါနော်။ 🏃‍♀️✨

လှူမယ်။ ပြေးမယ်။ အတူတူကူမယ်။

အသေးစိတ်အချက်အလက်များကို မကြာမီ ထပ်မံကြေညာပေးပါမယ်။ 👀

#လှူမယ်ပြေးမယ်အတူတူကူမယ် #ရေဘေးသင့်ပြည်သူများအတွက်

Trail ချစ်တဲ့ MRR အဖွဲ့သားတွေရော... အောက်တိုဘာလထဲ ပြင်ဦးလွင် တောတောင်တွေဆီကို သွားဖို့ ဖိနပ်ကြိုးတွေ သေချာ ချည်ထားကြပြီလ...
27/08/2026

Trail ချစ်တဲ့ MRR အဖွဲ့သားတွေရော... အောက်တိုဘာလထဲ ပြင်ဦးလွင် တောတောင်တွေဆီကို သွားဖို့ ဖိနပ်ကြိုးတွေ သေချာ ချည်ထားကြပြီလား?

See you on the trail! 🌲

ပြင်ဦးလွင်က တောင်တန်းတွေရဲ့ ခေါ်သံကို MRR ကြားခဲ့ရပါတယ်၊ ပြီးခဲ့တဲ့ July 28 ကပေါ့ 🤩

UMTR-Ultimate Myanmar Trail Run UMTR ကနေ ကြီးမှူးကျင်းပမယ့် Pyin Oo Lwin Jungle Trail (POLJT) 2026 ပွဲကြီးမှာ

Mandalay Road Runners (MRR) ကို တရားဝင် ဖိတ်ကြားလာတဲ့အတွက် အထူးပဲ ကျေးဇူးတင် ဂုဏ်ယူရပါတယ်။

လာမယ့် အောက်တိုဘာလ (၁၀) ရက်နေ့ မှာ ပြင်ဦးလွင်ရဲ့ သဘာဝ တောတောင်အလှတွေ၊ အကြမ်းစား Elevation တွေကြားထဲမှာ Trail ပြေးခြင်းရဲ့ အရသာကို အပြည့်အဝ ခံစားဖို့ MRR တို့ အဆင်သင့်ဖြစ်နေပါပြီ 🔥💪

ဒီလို အမိုက်စား Trail ပွဲကြီးမှာ နိုင်ငံတကာနဲ့ ဒေသတွင်းက Trail Community တွေနဲ့ အတူတူ ချွေးတွေ၊ ရွှံ့တွေကြားကနေ မလျှော့တဲ့ ဇွဲ၊ သွေးဆူတဲ့ စိတ်ဓာတ်တွေနဲ့ အမိုက်စား အမှတ်တရတွေ MRR အဖွဲ့သားတွေ ပါဝင်ဖန်တီးကြပါမယ်။ ⛰️🏃‍♂️💨

ဖိတ်ကြားတဲ့အတွက် အထူးကျေးဇူးပါ၊ UMTR-Ultimate Myanmar Trail Run ☺️

ပြင်ဦးလွင်က တောင်တန်းတွေရဲ့ ခေါ်သံကို MRR ကြားခဲ့ရပါတယ်၊ ပြီးခဲ့တဲ့ July 28 ကပေါ့ 🤩UMTR-Ultimate Myanmar Trail Run UMTR ...
27/08/2026

ပြင်ဦးလွင်က တောင်တန်းတွေရဲ့ ခေါ်သံကို MRR ကြားခဲ့ရပါတယ်၊ ပြီးခဲ့တဲ့ July 28 ကပေါ့ 🤩

UMTR-Ultimate Myanmar Trail Run UMTR ကနေ ကြီးမှူးကျင်းပမယ့် Pyin Oo Lwin Jungle Trail (POLJT) 2026 ပွဲကြီးမှာ

Mandalay Road Runners (MRR) ကို တရားဝင် ဖိတ်ကြားလာတဲ့အတွက် အထူးပဲ ကျေးဇူးတင် ဂုဏ်ယူရပါတယ်။

လာမယ့် အောက်တိုဘာလ (၁၀) ရက်နေ့ မှာ ပြင်ဦးလွင်ရဲ့ သဘာဝ တောတောင်အလှတွေ၊ အကြမ်းစား Elevation တွေကြားထဲမှာ Trail ပြေးခြင်းရဲ့ အရသာကို အပြည့်အဝ ခံစားဖို့ MRR တို့ အဆင်သင့်ဖြစ်နေပါပြီ 🔥💪

ဒီလို အမိုက်စား Trail ပွဲကြီးမှာ နိုင်ငံတကာနဲ့ ဒေသတွင်းက Trail Community တွေနဲ့ အတူတူ ချွေးတွေ၊ ရွှံ့တွေကြားကနေ မလျှော့တဲ့ ဇွဲ၊ သွေးဆူတဲ့ စိတ်ဓာတ်တွေနဲ့ အမိုက်စား အမှတ်တရတွေ MRR အဖွဲ့သားတွေ ပါဝင်ဖန်တီးကြပါမယ်။ ⛰️🏃‍♂️💨

ဖိတ်ကြားတဲ့အတွက် အထူးကျေးဇူးပါ၊ UMTR-Ultimate Myanmar Trail Run ☺️

🏃‍♂️ Sunday မနက်ခင်းကို အိပ်ရာထဲမှာပဲ ကုန်ဆုံးမလား? ဒါမှမဟုတ် MRR နဲ့အတူ ပြေးရင်း New Me ကြမလား ? 🏃‍♀️ဒီတစ်ပတ် Sunday မန...
22/08/2026

🏃‍♂️ Sunday မနက်ခင်းကို အိပ်ရာထဲမှာပဲ ကုန်ဆုံးမလား?
ဒါမှမဟုတ် MRR နဲ့အတူ ပြေးရင်း New Me ကြမလား ? 🏃‍♀️

ဒီတစ်ပတ် Sunday မနက်ခင်းမှာလည်း Mandalay Road Runners (MRR) ရဲ့ ပုံမှန် Sunday Run အပြေးအစီအစဉ်လေး ရှိနေပါတယ်ခင်ဗျာ ☺️

👍ဝိတ်ချချင်လို့ပဲဖြစ်ဖြစ်၊
👍ကျန်းမာရေးအတွက် အားကစားလုပ်ချင်လို့ပဲဖြစ်ဖြစ်၊
👍ပြေးတာကို ဝါသနာပါလို့ပဲဖြစ်ဖြစ်...

🏃‍♂️အတွေ့အကြုံရှိတဲ့ ဝါရင့် Runner တွေရော၊
🏃‍♀️အခုမှ စပြေးမယ့် Beginner တွေပါ အားလုံး
အဆင်ပြေပြေ ပါဝင်နိုင်အောင် ...

📍 5Km နဲ့ 8Km (ပုံမှန် ပြေးနေကျသူများအတွက်)
📍 3Km (အခုမှ စပြေးမယ့် Beginner များအတွက် သီးသန့်)
စုပြေးကြပါမယ် ☺️☺️

💧 ပြေးရင်းနဲ့ ချွေးထွက်များပြီး ရေငတ်သွားရင်လည်း စိတ်ပူစရာမလိုပါဘူး။ Runner တွေအတွက် လိုအပ်တဲ့ ဓာတ်ဆားဓာတ်ကို ချက်ချင်း ပြန်ဖြည့်ပေးမယ့် ဟီကာရီ အိုင်းယွန်းဖြည့် အချိုရည်များကို Hikari Ion Supply Drink - ひかり မှ ပါဝင်ပံ့ပိုးပေးထားပါတယ်ခင်ဗျာ။

🗓 နေ့ရက် - 23/08/2026 (Sunday)

⏰ အချိန် - မနက် (5:30) တွင် လူစုပြီး (5:45) မှာသွေးပူ အကြောလျှော့ လေ့ကျင့်ခန်းများ စတင်ပါမည်။ (6:00) တိတိတွင် စတင်ပြေးပါမည်။

📍 စုရပ် - ၆၆ လမ်း x ၁၉ လမ်းထောင့် (ကျုံးအတွင်း ကားပါကင် မြောက်ဘက်)

🅿️ ကား/ဆိုင်ကယ် - ကျုံးအတွင်း ကားပါကင်မှာ လုံခြုံစိတ်ချစွာ အပ်နှံထားနိုင်ပါတယ်။

ခန္ဓာကျန်းမာ၊ စိတ်ချမ်းသာဖို့၊ MRR နဲ့ ပြေးကြစို့!
မနက်ဖြန် ဆုံကြမယ်နော်... ☺️👍

ဒီတပတ်လဲ MRR Sunday Run ရှိနေပါတယ်။မနက်ဖြန် 16/08/2026 (Sunday) မှာ5Km နဲ့ 8Km ပြေးကြပါမယ်😀😀😀ခုမှ စပြေးမယ့်သူတွေကတော့ 3K...
15/08/2026

ဒီတပတ်လဲ MRR Sunday Run ရှိနေပါတယ်။

မနက်ဖြန် 16/08/2026 (Sunday) မှာ
5Km နဲ့ 8Km ပြေးကြပါမယ်😀😀😀

ခုမှ စပြေးမယ့်သူတွေကတော့ 3Km ပဲ ပြေးပေါ့ 😄

#စုရပ်က
66နဲ့19လမ်းထောင့် ကျုံးအတွင်း
ကားပါကင်မြောက်ဘက်မှာ

⏰ မနက် (5:30) လူစုပြီး
သွေးပူအကြောလျှော့ လေ့ကျင့်ခန်းများပြုလုပ်ကြမယ်။

⏰ (5:45) am မှာ စပြေးကြပါမယ်👍

Hydration အနေနဲ့ကတော့
Hikari Ion Supply Drink - ひかり မှ ဟီကာရီအိုင်းယွန်းဖြည့်အချိုရည်များ စီစဥ်ပေးထားမှာပါခင်ဗျာ။✌✌✌

အပတ်စဉ် Sunday မနက်တိုင်း Running Activity လေးတွေ စုပေါင်းလုပ်ကြတာမို့
👍ကျန်းမာရေးအရဖြစ်စေ
👍ဝိတ်ကျချင်လို့ဖြစ်စေ
👍အပြေးအားကစားကိုစိတ်ပါဝင်စားလို့ဖြစ်စေ
ယခုမှ စပြေးချင်တဲ့ beginner များ နှင့် ဝါသနာရှင်မည်သူမဆို အတူလာရောက်ပြေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ 😊😊

ကားနှင့်ဆိုင်ကယ်များကို ကျုံးအတွင်း Car Parking မှာ အပ်နှံနိုင်ပါတယ်။
ခန္ဓာကျန်းမာ၊ စိတ်ချမ်းသာဖို့၊ MRR နဲ့ ပြေးကြစို့။ 😊

မန္တလေးခရိုင် အဆင့် လူရွေးပွဲကြေညာချက် 🗣🗣အသက် ၁၈ နှစ်အောက် (၂၀၀၉ / ၂၀၁၀ / ၂၀၁၁ ခုနှစ် မွေးဖွားသူများ)မန္တလေးခရိုင်အတွင်း...
13/08/2026

မန္တလေးခရိုင် အဆင့် လူရွေးပွဲကြေညာချက် 🗣🗣

အသက် ၁၈ နှစ်အောက် (၂၀၀၉ / ၂၀၁၀ / ၂၀၁၁ ခုနှစ် မွေးဖွားသူများ)

မန္တလေးခရိုင်အတွင်းရှိ အောက်ပါ (၇) မြို့နယ် မှ အားကစားသမားများအနေဖြင့် ခရိုင်အဆင့် ပြေးခုန်ပစ် အားကစားသမား လူရွေးပွဲ တွင် ပါဝင်အရွေးခံနိုင်ပါသည်။

ပါဝင်နိုင်သည့် မြို့နယ်များ✍✍

ချမ်းအေးသာစံမြို့နယ်
အောင်မြေသာစံမြို့နယ်
မဟာအောင်မြေမြို့နယ်
ချမ်းမြသာစည်မြို့နယ်
ပြည်ကြီးတံခွန်မြို့နယ်
ပုသိမ်ကြီးမြို့နယ်
အမရပူရမြို့နယ်

ယှဉ်ပြိုင်အရွေးခံမည့် မီတာအကွာအဝေးများ
100 မီတာ / 200 မီတာ / 400 မီတာ / 800 မီတာ /
1500 မီတာ / 3000 မီတာ / 5000 မီတာ

ရက်စွဲ 16.8.2026 (တနင်္ဂနွေနေ့)
အချိန် နံနက် 7:00 နာရီတိတိ
နေရာ -22/90 အောင်မြေမန္တလာအားကစားကွင်း

လာရောက်အရွေးခံမည့်သူများအနေဖြင့် မှတ်ပုံတင် ယူဆောင်လာရမည်။

ရောက်ရှိစာရင်းပေးဖြစ်ပါသဖြင့် နံနက် 6:00 နာရီလာရောက်ပေးကြပါရန်။

တိုင်းအဆင့် ထပ်မံလူရွေးပွဲ
----------------------------------------
ခရိုင်အဆင့် လူရွေးပွဲမှ ရွေးချယ်ခံရသော အားကစားသမားများကို
၂၀၀၉ / ၂၀၁၀ / ၂၀၁၁ ခုနှစ် မွေးဖွားသူများအတွက်
28.8.2026 တွင်
မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုယှဉ်ပြိုင်ရန်အတွက် ထပ်မံလူရွေးချယ်သွားမည် ဖြစ်ပါသည်။

စိတ်ပါဝင်စားသော အားကစားသမားများအနေဖြင့် သတ်မှတ်ထားသည့် ရက်နှင့်အချိန်တွင် အချိန်မီလာရောက်၍ ပါဝင်အရွေးခံကြပါရန် အသိပေးအပ်ပါသည်။

#ပြေးခုန်ပစ်ကော်မတီ

ရှိတာပေါ့၊ ထုံးစံအတိုင်း ဒီတပတ်လဲ MRR Sunday Run ရှိနေပါတယ်။မနက်ဖြန် 9/08/2026 (Sunday) မှာ5Km နဲ့ 8Km ပြေးကြပါမယ်😀😀😀ခုမ...
08/08/2026

ရှိတာပေါ့၊ ထုံးစံအတိုင်း ဒီတပတ်လဲ MRR Sunday Run ရှိနေပါတယ်။

မနက်ဖြန် 9/08/2026 (Sunday) မှာ
5Km နဲ့ 8Km ပြေးကြပါမယ်😀😀😀

ခုမှ စပြေးမယ့်သူတွေကတော့ 3Km ပဲ ပြေးပေါ့ 😄

#စုရပ်က
66နဲ့19လမ်းထောင့် ကျုံးအတွင်း
ကားပါကင်မြောက်ဘက်မှာ

⏰ မနက် (5:30) လူစုပြီး
သွေးပူအကြောလျှော့ လေ့ကျင့်ခန်းများပြုလုပ်ကြမယ်။

⏰ (5:45) am မှာ စပြေးကြပါမယ်👍

Hydration အနေနဲ့ကတော့
Hikari Ion Supply Drink - ひかり မှ ဟီကာရီအိုင်းယွန်းဖြည့်အချိုရည်များ စီစဥ်ပေးထားမှာပါခင်ဗျာ။✌✌✌

အပတ်စဉ် Sunday မနက်တိုင်း Running Activity လေးတွေ စုပေါင်းလုပ်ကြတာမို့
👍ကျန်းမာရေးအရဖြစ်စေ
👍ဝိတ်ကျချင်လို့ဖြစ်စေ
👍အပြေးအားကစားကိုစိတ်ပါဝင်စားလို့ဖြစ်စေ
ယခုမှ စပြေးချင်တဲ့ beginner များ နှင့် ဝါသနာရှင်မည်သူမဆို အတူလာရောက်ပြေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ 😊😊

ကားနှင့်ဆိုင်ကယ်များကို ကျုံးအတွင်း Car Parking မှာ အပ်နှံနိုင်ပါတယ်။
ခန္ဓာကျန်းမာ၊ စိတ်ချမ်းသာဖို့၊ MRR နဲ့ ပြေးကြစို့။ 😊

ဒီတစ်ပတ် ထုံးစံအတိုင်း Sunday Run ရှိနေပါတယ်ရှင့်မနက်ဖြန် 2/08/2026 (Sunday) မှာ 5Km နဲ့ 8Km ပြေးကြပါမယ်😀😀😀66နဲ့19လမ်းထေ...
01/08/2026

ဒီတစ်ပတ် ထုံးစံအတိုင်း Sunday Run ရှိနေပါတယ်ရှင့်

မနက်ဖြန် 2/08/2026 (Sunday) မှာ 5Km နဲ့ 8Km ပြေးကြပါမယ်😀😀😀

66နဲ့19လမ်းထောင့် ကျုံးအတွင်း
ကားပါကင်မြောက်ဘက်မှာ

⏰ မနက် (5:30) လူစုပြီး
သွေးပူအကြောလျှော့ လေ့ကျင့်ခန်းများပြုလုပ်ပီး
(5:45) am စပြေးကြပါမယ်။ 👍

Hydration အနေနဲ့ကတော့

Hikari Ion Supply Drink - ひかり မှ ဟီကာရီအိုင်းယွန်းဖြည့်အချိုရည်များ စီစဥ်ပေးထားမှာပါခင်ဗျာ။✌✌✌

အပတ်စဉ် Sunday မနက်တိုင်း Running Activity လေးတွေ စုပေါင်းလုပ်ကြတာမို့

👍ကျန်းမာရေးအရဖြစ်စေ
👍ဝိတ်ကျချင်လို့ဖြစ်စေ
👍အပြေးအားကစားကိုစိတ်ပါဝင်စားလို့ဖြစ်စေ

ယခုမှ စပြေးချင်တဲ့ beginner များ နှင့် ဝါသနာရှင်မည်သူမဆို အတူလာရောက်ပြေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ 😊😊

ကားနှင့်ဆိုင်ကယ်များကို ကျုံးအတွင်း Car Parking မှာ အပ်နှံနိုင်ပါတယ်။

ခန္ဓာကျန်းမာ၊ စိတ်ချမ်းသာဖို့၊ MRR နဲ့ ပြေးကြစို့။ 😊

Address

Mandalay
05021

Website

Alerts

Be the first to know and let us send you an email when Mandalay Road Runners posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category