Ancient BURMA

Ancient BURMA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ancient BURMA, Esports Team, Mandalay.

"Pes mobileစိတ်လှုပ်ရှားဖွယ်                အတွေ့အကြုံအသစ်များဖြင့်                ကစားကြည့်ပါ"                (သို့မဟုတ်...
26/05/2022

"Pes mobileစိတ်လှုပ်ရှားဖွယ်
အတွေ့အကြုံအသစ်များဖြင့်
ကစားကြည့်ပါ"
(သို့မဟုတ်)
"အသင်းဝင်အသစ်ဖိတ်ခေါ်ပိုစ့်"

သင်ဟာဘောလုံးဝါသနာရှင်တစ်ယောက်ဖြစ်သလို၊Pes emobile ဂိမ်းကစားသူဖြစ်ရင်၊Pesကစားရင်းစိတ်လှုပ်ရှားစရာအခိုက်အတန့်လိုချင်ခဲ့ရင်၊ကိုယ့်လက်ဆဘယ်လောက်ရှိနေပြီလဲသိချင်ရင်ပဲဖြစ်ဖြစ်၊Pesနည်းစနစ်ပိုင်းကိုဒီထက်မကပိုသိချင်ရင်ပဲဖြစ်ဖြစ်ဒီပိုစ့်လေးကိုအဆုံးထိဖတ်ပေးပါခင်ဗျ😁

ကျနော်တို့အသင်းသစ်တစ်သင်းဖြစ်တဲ့Ancient Soccer ဟာ Myanmar E league(MEL) Season(1)ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။အခု Season(2)ကိုဆက်လက်ယှဉ်ပြိုင်မှာပါ။Season(1) ကအားနည်းချက်တွေကိုဖာထေးရင် အခု Season(2)ကိုအကောင်းဆုံးယှဉ်ပြိုင်ဖို့အစီအစဉ်ရှိပါတယ်။
ကျွန်တော်တို့အသင်းဟာလက်ရှိမှာ လာလျှောက်တဲ့playerတွေထဲကစီစစ်ရွေးထုတ်ခဲ့ရာမှအခုဆိုအမာခံကစားသမားအချို့ရှိနေခဲ့ပါပြီ။ထိုအမာခံအချို့ဟာလည်းအသက်အရွယ်ပေါင်းစုံ(ဆယ်ကျော်သက်၊၂၀ကျော်၊၃၀ကျော်)၊ဘဝရပ်တည်မှုတွေမတူကြပေမယ့်ဘောလုံးအားကစားကိုချစ်တဲ့စိတ်တူညီကြသလို ဘောလုံးဂိမ်းကစားကြတာဝါသနာအရင်းခံနဲ့ကစားကြပြီးနိုင်လည်းအတူတူရှုံးလည်းအတူတူဆိုတဲ့စိတ်နဲ့ကစားနေတဲ့ညီအကိုအဖွဲ့တစ်ခုအနေနဲ့ရှိနေကြပါပြီ။အသင်းအတွက်အမာခံအယောက်၂၀ထားရှိလိုတာကြောင့်နောက်ထပ်အခုလက်ရှိအသင်းမရှိသေးသူဝါသနာရှင်ရွက်ပုံးသီးကစားသမားကိုယ့်အစွမ်းအစကိုသက်သေပြချင်သူကစားသမားလေးတွေအလိုရှိပါတယ်။အသင်းကိုဝင်ရောက်လျောက်လာသူညီအကိုများကိုလည်းနွေးထွေးပျူငှာစွာဖြင့်အားတဲ့အချိန်ရတာနဲ့အသင်းမှအမာခံplayerဆရာကြီးများကအသင်းမှာပါသင့်မပါသင့်ကိုအရင်လက်စမ်းကန်ပေးမှာဖြစ်ပြီးလိုအပ်ချက်လေးများလည်းထောက်ပြပေးမှာဖြစ်ပါတယ်။အသင်းမှာကစားတဲ့ကစားသမားသမားတွေတစ်ယောက်ချင်းစီကမတူညီတဲ့ဟန်ပန်တဲ့ကစားကြပြီး433 4312 4123 442 5212 343 4222 4114ဆိုပြီးယခုလက်ရှိ 2Cf ၂ယောက်အကွက်ခေတ်စားတဲ့ထဲမှာကျွန်တော်တို့အသင်းကစားသမားတွေကဖီလင်တစ်ခုအနေနဲ့သူများကစားတိုင်းမကစားပဲကိုယ်ပိုင်စိတ်အတွေးအခေါ်ကိုယ်စီနဲ့သူအားသာရာအကွက်နဲ့ကိုယ်စီပိုင်နိုင်စွာကစားကြပါတယ်။ဒါကြောင့်အသင်းမှာရွေးချယ်ခံရသူညီကိုအနေဖြင့်အသင်းမှာလည်းမိမိကစားချင်တဲ့အကွက်အပေါ်မူတည်ပြီးအကြံပေးနိုင်တဲ့ ဆရာအချို့လည်းတစ်စုတစ်စည်းထဲရှိနေကြပါတယ်။လက်ရှိအမာခံအချို့ထဲမှာဆို...
1.ဂိုးသွင်းတာကိုထမင်းစားရေသောက်သွင်းနိုင်သူicကစားအများကြီးမရှိပဲလက်ကောင်းသူ၊သူနဲ့အတူနည်းစနစ်များစွာကစားကွက်များစွာပိုင်နိုင်ကစားတက်သူ တစ်ဖက်ပြိုင်ဘက်ကစားကွက်အပေါ်မူတည်ပြီးအားနည်းချက်ကိုရှာတက်သူဘလိုဖောက်ရမလဲချက်ချင်းဆုံးဖြတ်တက်သူ အသင်းပွဲထွက်လူစာရင်းထုတ်ပြန်ပေးသူ။

2. အလှပဆုံးကစားဟန်နဲ့အထူးအခြားဆုံးကစားဟန်ရှိသူ ပတ်ဂတုံးဂွာဒီရိုလာရဲ့နည်းစနစ်ပိုင်းကြိုက်နှစ်သက်ပြီးသူအကွက်သူကိုပဲသုံးပြီးတစ်ဖက်အသင်းကိုအေးဆေးတည်ငြိမ်စွာနဲ့နေရာချောင်းမြောင်းကစားတက်ပြီးbaseပလေယာအများစုနဲ့icအနည်းစုလေးနဲ့ တောင် ic full squadကိုမကြောက်မရွံပဲအနိုင်ကန်တက်သူဘောကိုင်အရမ်းကောင်းသူ၊ဘောကိုင်ကျွမ်းကျင်သူ😁လက်ရှိLocal top 20စာရင်းဝင်သူ။နောက်ပြီးအသင်းမှာအသက်ကြီးဆုံးဖြစ်သလိုအတွေ့အကြုံလည်းရင့်ကျက်ပြီးသူနဲ့ကန်နေရင်းကိုကိုယ့်အားနည်းချက်တွေမြင်နိုင်စေပြီးကိုယ့်လက်တက်နိုင်အောင်ကူညီပေးသူလည်းရှိပါတယ်။

3.နောက်Pesကစားသမားတွေရဲ့အားနည်းချက်အားသာချက်အတော်သိပြီး ဘယ်အကွက်မှာဘယ်သူကိုပိုသုံးသင့်တယ်။ဘယ်သူကိုနေရာချသင့်တယ်အသေးစိတ်ကျကျလေ့လာသူလည်းရှိတာကြောင့်အဲ့ဒါတွေလည်းသိနိုင်သူလည်းရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့အဖွဲ့ထဲရောက်လာသူကတကယ့်မဟာကံထူးရှင်လို့ပြောပါရစေ😁

အသင်းအတွက် ရေရှည် အချိန်ပေးနိုင်သူ စိတ်ဓာတ်တက်ကြွပြီး ရေကုန်ရေခမ်း ကစားပေးနိုင်သူများ လိုအပ်ပါတယ်။ ညီအကိုသဖွယ် ဖေးမကူညီကြမယ့် အသင်းဖြစ်တာကြောင့် လာရောက် ပူပေါင်းဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။
လိုအပ်ချက်များ 👇👇👇
Rating (RT) =======>1300+
Common Formation =====>Squad(2)ပုံ

https://www.facebook.com/Kaungthihatun.28958

https://www.facebook.com/yannaing.saisai

Link မှာ စာရင်းပေးသွင်းနိုင်ပါသည်။
#မှတ်ချက် RT နဲ့ လက်ရည်သည် တိုက်ရိုက် အချိုး မကျပါသဖြင့် စိတ်ပါဝင်စားပါက စာရင်းပေးနိုင်သည်။

ကျွန်တော်တို့ ANC အသင်းဟာ Myanmar Europa League ဒုကျော့အဖြစ် Myanmar Junior Team နဲ့ယှဉ်ပြိုင်ကစားရာမှာ 6 ဂိုး 4 ဂိုးနဲ့...
01/05/2022

ကျွန်တော်တို့ ANC အသင်းဟာ Myanmar Europa League ဒုကျော့အဖြစ် Myanmar Junior Team နဲ့ယှဉ်ပြိုင်ကစားရာမှာ 6 ဂိုး 4 ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ဒါမဲ့ပကျော့က 6 -3 နဲ့ရှုံးနိမ့်ထားတာကြောင့်နှစ်ကျော့ပေါင်း 10ဂိုး 9 ဂိုးနဲ့ရှူံးနိမ့်ပီးပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ကြိုးစားယှဉ်ပြိုင်ပေးခဲ့တဲ့ ANC အသင်းသားအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လာမယ့်ပွဲစဉ်တွေမှာလည်းအကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားပါ့မယ်။

"ကျွန်တော်တို့အသင်းထိုက်ထိုက်တန်တန်ရှုံးခဲ့ပါတယ်...သို့သော်..."မြန်မာယူရိုပါလိဒ်ရှုံးထွက်ပွဲစဉ်ပထမအကျော့အဖြစ်ကျွန်တော်တိ...
21/04/2022

"ကျွန်တော်တို့အသင်းထိုက်ထိုက်တန်တန်ရှုံးခဲ့ပါတယ်...သို့သော်..."

မြန်မာယူရိုပါလိဒ်ရှုံးထွက်ပွဲစဉ်ပထမအကျော့အဖြစ်ကျွန်တော်တို့ ANC အသင်းနဲ့ MJT တို့ယှဉ်ပြိုင်ကစားခဲ့ရာ 3 vs 6 ဆိုတဲ့ရလဒ်နဲ့အရေးနိမ့်ခဲ့ရပါတယ်။အမှားမခံတဲ့ပွဲစဉ်ဖြစ်သည်နဲ့အညီ ၂ဖက်ပြိုင်ဖက်တွေအကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီးတကယ့်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒီပွဲမှာပြောစရာတစ်ခုကတော့ တစ်ဖက်အသင်းက ကစားသမား Raa ဆိုတဲ့ထိုင်းနိုင်ငံသား player ရဲ့ အကျဉ်းတန်ညစ်နွမ်းဖွယ်ပွဲတစ်ပွဲအပေါ်ပွဲစီစဉ်မှုကတော့စိတ်ပျက်ဖွယ်ပါ။ဘလိုလဲဆိုတော့ ကျနော်တို့အသင်းရဲ့ Yawana နဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမဆုံး ၁ဂိုးသွင်းသွင်းချင်းမိနစ်၁၀ရောက်ရောဂိမ်းကကစားနေရင်းထွက်သွားပါတယ်။ဆာဗာကိုအကြောင်းပြပြီးနောက် ၈၀မိနစ်ထပ်ကန်မယ်ပြောပါတယ်။နောက်ဒုတိယပွဲထပ်ကန်တယ် မိနစ်၂၀ ရောက်ရော တစ်ဖက်မှဂိုးလည်းမသွင်းနိုင်ရောထပ်ထွက်သွားပြန်ပါတယ်။😂 ဒါသူမဟန်မှန်းသိလိုပွဲအရှိန်ဖြတ်သလိုလုပ်သွားတာပါ။ဘာလို့ထွက်လဲဆိုတော့ server အကြောင်းပြပြန်ပါတယ်။ထူးခြားတဲ့ server ပါ။😆 ကျွန်တော်တို့အသင်းကကိုရာဝနကတော့ကန်ချင်စိတ်ပျောက်စိတ်ပျက်နေပါပြီ။တတိယပွဲ ကျန်မိနစ်၆၀ ထပ်ကန်ရအောင်တဲ့ အဲ့ငကြောက်ထိုင်းကပြောပြန်ပါတယ်။တတိယပွဲလည်းရောက်ရော သူဘက်ကဂိုးပြတ်နိုင်ခဲ့ပါတယ်။ဂိုးပြတ်နိုင်ရောခုနက လိုမထွက်တော့ပဲအဆုံးထိကန်သွားပါတယ်။အရမ်းဆန်းပြားတဲ့ လိပ်မျိုးဆာဗာပါ။ တစ်ဖက် MJT အသင်းကိုတော့ ပထမအကျော့အတွက် congratulation ပါ။ဒါမယ့် အဲ့ဒီအသင်းက စုန်းပြူး ငလိမ် ငထိုင်း Raa တော့မပါပါ။😂😂သူကတော့ ကျနော်တို့အသင်းသားတွေစိတ်ထဲမှာချဉ်စရာ black list ကစားသမားတစ်ယောက်ပါပဲ။

အမှတ်ပေးပွဲ week 11 result လေးပါ။မြန်မာယူရိုပါလိဒ်ရှုံးထွက်အဆင့်ကိုအဓိကအားစိုက်နေရပြီးအမှတ်လိုအပ်ချက်မရှိတော့တဲ့ဒီပြိုင်...
13/04/2022

အမှတ်ပေးပွဲ week 11 result လေးပါ။မြန်မာယူရိုပါလိဒ်ရှုံးထွက်အဆင့်ကိုအဓိကအားစိုက်နေရပြီးအမှတ်လိုအပ်ချက်မရှိတော့တဲ့ဒီပြိုင်ပွဲမှာ main player အချို့ကိုအနားပေးပြီး မျက်နှာသစ်ကစားသမားအချို့နဲ့ပွဲထွက်လာခဲ့ပြီး မထင်မှတ်ထားလောက်အောင်အကောင်းဆုံးတုန့်ပြန်ကစားနိုင်ခဲ့ပြီးအနိုင်ယူနေကျ main player အချို့ရဲ့သရေရလဒ်ကြောင့်သာအခုလိုအရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။အမှတ်ပေးပွဲ week 10 result လေးပါ။ရှေ့ဆက်ပွဲတွေအကောင်းဆုံးပုံစံရင်ဆိုင်နိုင်မယ်လို့မျှော်လင့်မိပါတယ်။

Ancient

အတောင့်ဆုံးလူစာရင်းဖြစ်လာပြီ။ဒီထက်တောင့်ဖို့ဆိုတာမလွယ်တော့ဘူး။
10/04/2022

အတောင့်ဆုံးလူစာရင်းဖြစ်လာပြီ။ဒီထက်တောင့်ဖို့ဆိုတာမလွယ်တော့ဘူး။

အမှတ်ပေးပွဲ week 10 result လေးပါ။အသင်းကလိုအပ်ချက်များစွာနဲ့ဆက်ရှုံးနိမ့်နေခဲ့ပါတယ်။ရှေ့ဆက်ပွဲတွေအကောင်းဆုံးပုံစံရင်ဆိုင်...
06/04/2022

အမှတ်ပေးပွဲ week 10 result လေးပါ။အသင်းကလိုအပ်ချက်များစွာနဲ့ဆက်ရှုံးနိမ့်နေခဲ့ပါတယ်။ရှေ့ဆက်ပွဲတွေအကောင်းဆုံးပုံစံရင်ဆိုင်နိုင်မယ်လို့မျှော်လင့်မိပါတယ်။

Ancient

Myanmar Champion League ရဲ့ Group Dရဲ့ပွဲစဉ်(၉)ဒုတိယအကျော့အဖြစ်ကျွန်တော်တို့ ANCIENT BURMA အသင်းနဲ့ TMT အသင်းတို့ယှဉ်ပြိ...
04/04/2022

Myanmar Champion League ရဲ့ Group Dရဲ့ပွဲစဉ်(၉)ဒုတိယအကျော့အဖြစ်ကျွန်တော်တို့ ANCIENT BURMA အသင်းနဲ့ TMT အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ကျွန်တော်တို့အသင်းသားတို့ရဲ့လိုအပ်ချက်တစ်ချို့ရယ် နိုင်သင့်တဲ့ပွဲတွေမှာ အမာခံကစားသမားတွေရဲ့များပြားလှတဲ့သရေပွဲရလဒ်တွေကြောင့် 4 vs 1 ဆိုတဲ့ရလဒ်နဲ့အရေးနိမ့်ခဲ့ရပါတယ်။

"အောင်မြင်သူများ၏ပထမခြေလှမ်းသည်ရှုံးနိမ့်ခြင်းဆိုတဲ့အတွေ့အကြုံနဲ့စတက်၏"

ဆက်လက်ပြီးပြိုင်ရမယ့်အသင်းတွေဟာကလည်းအားကစားစိတ်ဓာတ်အပြည့်နဲ့သန့်သန့်ရှင်းရှင်းပြိုင်တဲ့အသင်းများနဲ့တွေ့ခွင့်ရပါစေလို့မျှော်လင့်ဆုတောင်းရင်း...

Ancient

Myanmar ePremier League ရဲ့ အမှတ်ပေးပွဲWeek9ပွဲစဉ်၈ပွဲအဖြစ်ကျွန်တော်တို့ ANCIENT BURMA အသင်းနဲ့Burmese Hyper အသင်းတို့စေ...
29/03/2022

Myanmar ePremier League ရဲ့ အမှတ်ပေးပွဲWeek9ပွဲစဉ်၈ပွဲအဖြစ်ကျွန်တော်တို့ ANCIENT BURMA အသင်းနဲ့Burmese Hyper အသင်းတို့စနေ့တစ်ကျော့ တနင်္ဂနွေတစ်ကျော့ နှစ်ကျော့ယှဉ်ပြိုင်ကစားခဲ့ကြပြီး လိုအပ်ချက်လေးအချို့ အမှားလေးအချို့ကြောင့် ကံခေစွာနဲ့ ပထမအကျော့သရေ ဒုတိယအကျော့ကပ်ရှုံးနိမ့်ခဲ့ပါတယ်။😎ဒါကြောင့် Myanmar ePremier League အမှတ်ဇယားမှာတော့ကျွန်တော့်တို့အသင်းဟာ အသင်း၈သင်း ၂ကျော့ပေါင်း ၁၆ပွဲကစားအပြီး ရမှတ် ၂၀မှတ်ရရှိထားပါတယ်။လိုအပ်ချက်လေးတွေအမှားလေးတွေပြင်ဆင်ရင်းရှေ့ပွဲများအကောင်းဆုံးရလဒ်တွေပြန်ရအောင်ကြိုးစားပါအုံးမည်။💪 စနေ တနင်္ဂနွေ ပထမအကျော့ ဒုတိယအကျော့၂ကျော့၂ပွဲကစားခဲ့ရပြီးတစ်ကျော့၁ပွဲကို အသင်းကစားသမား၁၁ယောက်စီနဲ့၁၁ပွဲအဆုံးဖြတ်ကစားရမယ့်ဒီပွဲကြီးမှာ အနိုင်ရလဒ်ယူပေးသူတွေကတော့...

*1.Hein Lin Naing(၂ကျော့စလုံးနိုင်)
2.Kaung Kaung
3.Yan Naing Htwe
4.Wai Khant Aung
5.Thar Htet
6.Robortson
7.Yawana
8.Htet Win Mo
9.Arkar Paing Minn
အနိုင်ရသူတွေအဖြစ်မှတ်တမ်းတင်အပ်ပါသည်။ကျန်အနိုင်မရခဲ့တဲ့ညီငယ်များလည်း အကောင်းဆုံးရလဒ်တွေပြန်ဖြစ်လာမယ်လို့ယုံကြည်မိပါတယ်။
"အောင်မြင်သူများ၏ပထမခြေလှမ်းသည်ရှုံးနိမ့်ခြင်းဆိုတဲ့အတွေ့အကြုံနဲ့စတက်၏"

ဆက်လက်ပြီးပြိုင်ရမယ့်အသင်းတွေဟာကလည်းအားကစားစိတ်ဓာတ်အပြည့်နဲ့သန့်သန့်ရှင်းရှင်းပြိုင်တဲ့အသင်းများနဲ့တွေ့ခွင့်ရပါစေလို့မျှော်လင့်ဆုတောင်းရင်း...

Ancient

Myanmar Champion League ရဲ့ Group Dရဲ့ပွဲစဉ်(၈)ဒုတိယအကျော့အဖြစ်ကျွန်တော်တို့ ANCIENT BURMA အသင်းနဲ့ အုပ်စုပွဲရှုံးပွဲမရှ...
27/03/2022

Myanmar Champion League ရဲ့ Group Dရဲ့ပွဲစဉ်(၈)ဒုတိယအကျော့အဖြစ်ကျွန်တော်တို့ ANCIENT BURMA အသင်းနဲ့ အုပ်စုပွဲရှုံးပွဲမရှိရာနှုန်းပြည့်နိုင်ထားတဲ့အဆင့်အတန်းမြင့်မားလှတဲ့အသင်းကြီးCNWEအသင်းတို့ယှဉ်ပြိုင်ခဲ့ကြပြီးကျွန်တော်တို့အသင်းသားတွေရဲ့အားထုတ်ကြိုးစားမှုနဲ့အတူတစ်ဖက်အသင်းရဲ့စည်းကမ်းလိုက်နာမှုလေးစားဖွယ်ရာစိတ်အဆင့်အတန်းမြင့်မားမှုတွေကြောင့်အဖိုးတန်နိုင်ပွဲရရှိခဲ့ပါတယ်။ကျွန်တော်တို့အသင်းသားတွေဟာ ရှုံးလည်းအတူ နိုင်လည်းအတူဆိုတဲ့စိတ်နဲ့ ရိုးသားမှန်ကန်တရားမျှတစွာဖြင့်သန့်ရှင်းစိတ်သန့်လိပ်ပြာလုံစွာစိတ်တူကိုယ်တူဆက်လက်ကြိုးစားသွားအုံးမှာပါ။၁၁ပွဲကစားတဲ့အခုပြိုင်ပွဲမှာ လိုင်းထစ်လိုင်းလေးခြင်းမရှိ တကယ့်ကိုကန်လို့ကောင်းခဲ့တဲ့ပြိုင်ပွဲဖြစ်ခဲ့ပြီး ၉ပွဲမြှောက်ထိ 4 vs 4 ရလဒ် ၄ပွဲနိုင်၎ပွဲရှုံးတစ်ပွဲသရေ ရလဒ်အနေနဲ့အကြိတ်အနယ်ဖြစ်နေခဲ့ပြီး အသင်းအတွက်နိုင်ပွဲရယူသူတွေကတော့...
1.ဘောကိုင်ဆရာလေးနည်းစနစ်ပိုင်းကျွမ်းကျင်ကောင်းမွန်စွာကစားတက်သူ ညီငယ်Kaung Thiha Tun၊
2.အနိုင်အရှုံးဂရုမစိုက်ပဲရဲရဲဝံ့ဝံ့ကစားတက်သူ Robortson၊
3.အသင်းရဲ့နိုင်ပွဲအများဆုံး ဂိုးအများဆုံးသွင်းထားသူ Leader ဖြစ်သူ Wai Khant Aung၊
4. အသင်းထဲမှာရုပ်ရည်ခံညားအချောဆုံးဖြစ်သလိုအခုနောက်ပိုင်းလက်ကောင်းလာပြီးဂိုးသွင်းပါကြမ်းလာပြီဖြစ်တဲ့ဆရာ Yan Naing Htwe၊
အစရှိတဲ့ကစားသမားတွေက နိုင်ပွဲရယူပေးခဲ့ပြီး😁
၉ပွဲကစားပြီးချိန်4 vs 4 သရေဖြစ်နေတာကြောင့်ရင်ခုန်စရာအခိုက်အတန်ဖြစ်နေခဲ့ပြီးအဆုံးအဖြတ်ပွဲ၂ပွဲအကျန်မှာ ဗုဒ္ဓဟူးနေ့ကစပြိုင်တဲ့ပြိုင်ပွဲမှာ စနေနေ့ညအထိစောင့်နေခဲ့ပေမယ့်ပြိုင်ဘက်ကစားသမား၂ဦးက ဒဏ်ရာပြဿနာကြောင့်လာရောက်မယှဉ်ပြိုင်နိုင်တာကြောင့် auto win ရခဲ့ပြီး 6 vs 4 ဆိုတဲ့ရလဒ်နဲ့အသင်းအတွက်အဖိုးတန်နိုင်ပွဲရရှိခဲ့ပါတယ်။

ဒီပွဲတွေရဲ့အသင်းအကောင်းဆုံးကစားသမားကတော့ အနိုင်ရလဒ်ယူပေးသူ ဂိုးအပြတ်ဆုံးနိုင်ပွဲယူသူ Wai Khant Aung ကပဲ(MOTM )ကိုရရှိသွားပါတယ်။

Ancient

Myanmar Champion League ရဲ့ Group Dရဲ့ပွဲစဉ်(၇)ဒုတိယအကျော့အဖြစ်ကျွန်တော်တို့ ANCIENT BURMA အသင်းနဲ့ Southern Burma အသင်း...
18/03/2022

Myanmar Champion League ရဲ့ Group Dရဲ့ပွဲစဉ်(၇)ဒုတိယအကျော့အဖြစ်ကျွန်တော်တို့ ANCIENT BURMA အသင်းနဲ့ Southern Burma အသင်းတို့ယှဉ်ပြိုင်ခဲ့ကြပြီး၇ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ကျွန်တော်တို့အသင်းဟာစိတ်ပျက်ဖွယ်ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ကျွန်တော်တို့အသင်းသားတွေဟာ ရှုံးလည်းအတူ နိုင်လည်းအတူဆိုတဲ့စိတ်နဲ့ ရိုးသားမှန်ကန်တရားမျှတစွာဖြင့်သန့်ရှင်းစိတ်သန့်လိပ်ပြာလုံစွာစိတ်တူကိုယ်တူဆက်လက်ကြိုးစားသွားအုံးမှာပါ။၁၁ပွဲကစားတဲ့အခုပြိုင်ပွဲမှာ ရှုံးပွဲဆိုတာဘာမှန်းမသိတဲ့ Leader Wai Khant Aung ကိုယ်တိုင်အရှုံးဆိုတဲ့ရလဒ်ကိုမြည်းစမ်းခွင့်ရရှိခဲ့ပါတယ်။😂သူဟာဒီပွဲကို အဓိကပြိုင်ဘက်ကတစ်ဖက်အသင်းကပြိုင်ဘက်မဟုတ်ပဲကိုနမီဆာဗာလိုင်းလေးမှုကိုအဓိကယှဉ်ပြိုင်ခဲ့ရပါတယ်။လေးလှတဲ့လိုင်းကြားအဆင်ပြေစွာမကန်နိုင်တဲ့ကြားထဲကရအောင်ကန်ပြီး 4 vs 3 ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။🥲 ကိုနမီဆာဗာလိုင်းရဲ့ညစ်ပတ်မှုကလွန်လွန်းပါတယ်။အက်မင်အသင်းသားတွေပြောပုံအရစာရင်းကောက်ကြည့်ချက်အရ၁၁ပွဲမှာကံဆိုးစွာဖြင့် ၉ပွဲလောက်ကလိုင်းလေးတွေနဲ့ကစားခဲ့ရတာထူးခြားတဲ့တိုက်ဆိုင်မှုဖြစ်ခဲ့ပြီးRobortson၊Thar Htet ၂ယောက်သာပုံမှန်လိုင်းနဲ့ကစားခဲ့ရတဲ့မဟာကံထူးရှင်ဖြစ်ခဲ့ပါတယ်။😂 ထူးထူးခြားခြား နိုင်ပွဲရယူပေးသူကလည်း၂ယောက်သာရှိခဲ့ပါတယ်။ထိုရှားရှားပါနိုင်ပွဲယူပေးသူတွေကတော့ ညီငယ် Kaung Thiha Tunနဲ့ Robortson တို့ဖြစ်ပါတယ်။ လိုင်းလေးတဲ့ကြားထဲကကန်ခဲ့ရတဲ့ကျွန်တော်တို့အသင်းကဥပမာအနေနဲ့ပြောရရင်အင်္ဂလန်၊ဂျပန်ခေတ်ကတိုက်ပွဲတစ်ခုမှာ တစ်ဖက်ကသေနက်နဲ့လာတိုက်တဲ့ရန်သူကိုလက်နက်အင်အားမမျှတုတ်၊ဓားနဲ့ခုခံရတဲ့မြန်မာတော်လှန်ရေးတပ်လိုပဲတစ်ဖက်သက်ဆန်တဲ့တိုက်ပွဲဖြစ်ခဲ့သလို၊ယခုလက်ရှိရုရှားကယူကရိန်းကိုလက်နက်အင်အားနဲ့ဖိပြီးကျူးကျော်စစ်ပြုအနိုင်ကျင့်သလိုအကျဉ်းတန်လွန်းလှပါတယ်။အခုပွဲကလည်းပြီးသွားပါပြီရှုံးတာကရှုံးသွားပါပြီပြန်လည်းနိုင်မှာမဟုတ်မဟုတ်ပါဘူး။ရှုံးလို့ပြောတာရေးတာမဟုတ်ပဲကျွန်တော်တို့အသင်းသားတွေရဲ့လက်ရှိအရှုံးဖြစ်စဉ်မှာလက်တလောဖြစ်ပေါ်နေတဲ့ဖြစ်နေတဲ့စိတ်ခံစားချက်လေးတွေကိုဖော်ညွှန်းရေးသားခြင်းပါ။🤧လိုင်းလေးတဲ့ကြားထဲက ရအောင်ကြိုးစားနိုင်ပွဲယူပေးရှာတဲ့ ညီငယ် Kaung Thiha Tun ကိုဂုဏ်ပြုပေးလိုက်ပါတယ်။
အခုပွဲကျွန်တော်တို့အသင်းရဲ့ Man of the match(MOTM)ဆုကိုတော့ Kaung Thiha Tun ကိုပေးချင်ပေးမယ့် သူထက်သာတဲ့ ထူးထူးခြားခြားတိုက်တိုက်ဆိုင်၉ပွဲကိုတေလိုင်းလေးစေတဲ့ကျွန်တော်တို့အသင်းသားတွေရှုံးဖို့နီးစပ်အောင်နောက်ကွယ်ကနေထောက်ပံ့ပေးတဲ့ဆာဗာမနိုင်တဲ့ကိုနမီ ရွဲ့ကာ ဒဲ့ပဲ ပေးနိုင်ပါတယ်ခင်ဗျာ☹️

Thank you ကျေးဇူးကိုနမီ😂😂😂
ကိုနမီသင့်အနေဖြင့်Game playအပိုင်းကောင်းပေမယ့်Fifa mobile လိုလိုင်းလေးတာနဲ့ပတ်သက်ဖြေရှင်းပုံဖြေရှင်းနည်းလေ့လာသင့်ပြီ။ဒါမှကျွန်တော်တို့အသင်းဒီပွဲအနိုင်ရဖို့နီးစပ်ပေလိမ့်မည်။🤧🤧🤧

Ancient

လက်ရှိကျွန်တော်တို့အသင်းရဲ့ Myanmar ePremier leagueရဲ့အဆင့်အမှတ်ဇယားရပ်တည်မှုပါဆက်လက်အကောင်းဆုံးကြိုးစားပါအုံးမည်💪
17/03/2022

လက်ရှိကျွန်တော်တို့အသင်းရဲ့ Myanmar ePremier leagueရဲ့အဆင့်အမှတ်ဇယားရပ်တည်မှုပါဆက်လက်အကောင်းဆုံးကြိုးစားပါအုံးမည်💪

လက်ရှိကျွန်တော်တို့အသင်းရဲ့ MCL GroupD မြန်မာချန်ပီယံလိဒ်အုပ်စုအဆင့်အမှတ်ဇယားရပ်တည်မှုပါ...
17/03/2022

လက်ရှိကျွန်တော်တို့အသင်းရဲ့ MCL GroupD မြန်မာချန်ပီယံလိဒ်အုပ်စုအဆင့်အမှတ်ဇယားရပ်တည်မှုပါ...

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Ancient BURMA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category