13/03/2026
အခန်း ၃၂ - တင်းကြပ်သော စောင့်ကြည့်မှု
ကောင်းကင်ကြီးက အနည်းငယ်လင်းလာပြီး နေ့စဉ်နေ့တိုင်းကြုံတွေ့နေကျ အရုဏ်တက်ချိန်သို့ ရောက်ရှိလာပြန်လေသည်။
သေးငယ်သောခြင်တစ်ကောင်ညာ လခစား ဝန်ထမ်းတစ်ဦး၏ အငှားခန်းမှပျံသန်းထွက်ခွာလာခဲ့သည်။
မနေ့ကကဲ့သို့ပင် ၎င်းဟာ ကွန်ပျူတာပေါ်တွင် Run နေသော ပရိုဂရမ်အားလုံးကိုပိတ်ပြီး ကြည့်ရှုမှု မှတ်တမ်းနှင့် QQ ဝင်ရောက်မှုမှတ်တမ်းအားလုံးကို ရှင်းလင်းခဲ့သည်။
ဤသည်မှာ အခြေခံအကျဆုံး သတိထားမှုပင် ဖြစ်သည်။
လူစည်ကားနေဆဲဖြစ်သည့် နံနက်စာဆိုင်ကို ဖြတ်ကျော်ပျံသန်းပြီး ဘတ်စ်ကားမှတ်တိုင်ဆီသို့ ဦးတည်သွားလိုက်သည်။
ယနေ့ သူ၏ ပထမဆုံးခရီးစဉ်မှာ မနေ့ကနှင့် အတူတူပင်ဖြစ်ပေသည်။
တစ်နာရီခန့် အကြာတွင်... ကျားယန်ဟာ သူ လူသားဘဝတုန်းက ရိုက်သတ်ခံခဲ့ရသည့်နေရာသို့ နောက်တစ်ခေါက်ရောက်ရှိလာခဲ့သည်။
ရှေ့မှ ဆောက်လက်စအဆောက်အအုံကြီးက ခန့်ညားထည်ဝါနေသော်လည်း သက်ရှိဟူ၍ ကင်းမဲ့နေလေသည်။
ကျားယန် သူ့စိတ်ကို ငြိမ်အောင်ထိန်းလိုက်ပြီး အဆောက်အအုံထဲရှိ အခန်းများဆီသို့ ပျံသန်းသွားလိုက်သည်...
"သေချာတာပေါ့... သူ မသေဘူး"
ကျားယန်ဟာ အခန်းထဲဝင်လိုက်ပြီး CHr-379 ဆေးရည်ပါဝင်သည့် ပုလင်းကို ကြည့်လိုက်၏။
ဤပုလင်းပေါ်တွင် ကျားယန်ညာ လေးလံသော အပိုင်းအစများကို အဖုံးအဖြစ် အသုံးပြုကာ မနေ့က ဖမ်းမိခဲ့သည့် တရုတ်ငှက်ဖျားခြင်ကို ပိတ်လှောင်ထားခဲ့ပြီး ပြန်မထွက်နိုင်စေရန် သေချာစီစဉ်ထားခဲ့ပေသည်။
ယခု၌ တရုတ်ငှက်ဖျားခြင်သည် မနေ့က မသေဆုံးခဲ့ပေ။ ဖြစ်နိုင်သည်မှာ ချက်ချင်းတုံ့ပြန်မှု မပြသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ယခုအချိန်အထိ အတွင်းမှ ငှက်ဖျားခြင်ထီးညာ (၂၀) နာရီကျော်ကြာပြီးသည့်တိုင် အသက်ရှင်နေဆဲပင်ဖြစ်သည်။
၎င်းညာ တက်ကြွစွာ ခုန်ပေါက်နေဆဲဖြစ်ပြီး မူမမှန်သည့် လက္ခဏာတစ်စုံတစ်ရာ မရှိချေ။
ဆိုလိုသည်မှာ ကျားယန်အတွက် ဤဆေးရည်က အလွန် ဘေးကင်းသည်ဟုမှတ်ယူနိုင်ပေသည်။
ထို့ကြောင့် ကျားယန်၏ စိတ်နှလုံးက အနည်းငယ် ပေါ့ပါးသွားလေသည်။
ထို့နောက် သူအဖုံးကို ဖွင့်လိုက်သည်။
'ဝီ'
အတွင်းမှ ငှက်ဖျားခြင်ဟာ အပြင်သို့ ပျံထွက်ရန်ပြင်လိုက်လေသည်။
သို့သော် မထွက်နိုင်ခင်မှာပင် ကျားယန်၏ သန်မာသောရှေ့ခြေထောက်များက ၎င်းကို မြဲမြံစွာ ဖိချထားလိုက်သည်။
"တောင်းပန်ပါတယ်... မင်းက ခြင်ထီးဖြစ်ပြီး သွေးမစုပ်ဘူးဆိုတာ ငါသိပေမဲ့ မင်းဒီအတိုင်း ပျံထွက်သွားရင် လူတွေကို အဆိပ်သင့်စေနိုင်တဲ့ အခွင့်အလမ်း အများကြီး ရှိနေသေးတယ်။
အပြစ်မဲ့သူတွေကို မထိခိုက်စေဖို့အတွက်... မင်း သေဖို့ အချိန်တန်ပြီ"
ကျားယန်ဟာ ရှေ့ခြေထောက်နှစ်ဖက်စလုံးဖြင့် ခြင်၏ခေါင်းကို လိမ်ချိုးပစ်လိုက်လေသည်။
"ခြင်တွေနဲ့ ယှဉ်ရင်... ငါကလူသားတွေဘက်ကို ပိုပါနေတုန်းပါပဲ"
ကျားယန် ခေါင်းကိုဖြည်းညှင်းစွာ ခါလိုက်ပြီး သေဆုံးသွားသည့် ငှက်ဖျားခြင်ထီး၏အလောင်းကို မြေကြီးပေါ် ပစ်ချလိုက်သည်။
သူ့ခန္ဓာကိုယ်က သူတို့ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်နေပေမဲ့ ကျားယန်ကတော့ သူ့စိတ်နှလုံးဟာ လူသားတွေဘက်မှာ ပိုတိမ်းညွတ်နေတုန်းပဲလို့ ယုံကြည်ထားပေသည်။
ထို့နောက် ကျားယန်ညာ CHr-379 ဟုခေါ်သော ဗိုင်းရပ်စ်ဆေးရည်ပါဝင်သည့် ပုလင်းထဲသို့ သူ့၏ သွယ်လျသော နှာမောင်းတံကို သတိထားပြီး ထိုးသွင်းလိုက်လေသည်။
ဆေးရည်အနည်းငယ်ကို နှာမောင်းတံဖြင့် စုပ်ယူသည့်အချိန်၌ ကျားယန်ဟာ အလွန်ဂရုတစိုက်ဖြင့် အရသာ နည်းနည်း ခံကြည့်လိုက်သည်။
"ခြင်တစ်ကောင်အနေနဲ့ သောက်ကြည့်ရသလောက် အရသာက မဆိုးဘူးပဲ။
နည်းနည်းချိုသလိုလိုနဲ့... တော်တော်လေး ကောင်းမွန်တဲ့ အရသာပဲ"
တစ်ငုံ သောက်ပြီးနောက်... ကျားယန် ပုလင်းဝတွင် ရပ်ပြီး စောင့်ကြည့်နေလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် သူ့ခန္ဓာကိုယ်တွင် အပြောင်းအလဲ သို့မဟုတ် ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာမဖြစ်ပေါ်လာသဖြင့် သူညာ ခေါင်းငုံ့လိုက်ပြီး နှာမောင်းတံကို ဆေးရည်ထဲပြန်လည် ထိုးသွင်းလိုက်လေသည်။
ဒီတစ်ခါတော့ သူဟာ ဆေးရည်များကို 'ဂလု'ခနဲ မျိုချလိုက်ပေသည်။
မိနစ်အနည်းငယ်ကြာသောအခါ.... အရည်များ ပြည့်နှက်နေသဖြင့် ဗိုက်ပူပြီးဖောင်းကားနေသည့် ဧရာမ ခြင်ကြီးတစ်ကောင်ဟာ ဆောက်လက်စအဆောက်အအုံထဲမှ ပျံထွက်လာခဲ့ပေသည်။
"ဒီလိုဆိုတော့ ပိုပြီးမြင်သာဖို့ လွယ်သွားပြီပဲ" ကျားယန် သူ့ခန္ဓာကိုယ်ကို သူပြန်ကြည့်လိုက်၏။
သူ့ ခြင်ခန္ဓာကိုယ်က သွယ်လျပြီး (၁.၅)စင်တီမီတာ အရွယ်အစားရှိသော်လည်း လူသားမျက်လုံးဖြင့် ရှာဖွေတွေ့ရှိရန် မလွယ်ကူလှပေ။
သို့သော် ဗိုင်းရပ်စ်ဆေးရည်ကို စုပ်ယူပြီးနောက် သူ့ခန္ဓာကိုယ်က ဖောင်းကားလာသဖြင့ မျက်စိလျင်သည့် လူသားများအနေဖြင့် ကောင်းကင်တွင် သူ့ကို အလွယ်တကူတွေ့မြင်နိုင်ပေသည်။
"ကံကောင်းတာက ငါ့အမြန်နှုန်းအပေါ် သိပ်ပြီး သက်ရောက်မှုမရှိတာပဲ... အရှိန်ကုန်ပျံလိုက်ရင် လူတစ်ယောက် ပြေးတဲ့အရှိန်လောက်တော့ ရှိတယ်။
ဒီကနေစပြီး ငါပိုသတိထားရမယ်... ပြဿနာ သိပ်မကြီးဘူးလို့ ထင်ပါတယ်။
သူတို့ တွေ့သွားရင်တောင် ငါအမြင့်ကို အမြန်ပျံတက်သွားလို့ ရတာပဲ။
ငါ့ကံ အရမ်းမဆိုးရင်တော့... ထွက်ပြေးလွတ်မြောက်နိုင်ခြေ (၉၀) ရာခိုင်နှုန်း ရှိတယ်"
ကျားယန် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ဘတ်စ်ကား မှတ်တိုင်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်သည်...
နာရီဝက်ခန့် ကြာသည့်အခါ... သူ့ပုံရိပ်ညာ အခြားသော အဆောက်အအုံဟောင်းတစ်ခု၏ ရှေ့တွင် ပေါ်လာလေသည်။
ဤနေရာက အတော်အတန်လူပြတ်ပြီး... ကားရပ်နားမှု သိပ်မရှိလှပေ။
ဤသည်မှာ လုပ်ကြံသတ်ဖြတ်သူနှစ်ဦး နေထိုင်သည့် နေရာပင်ဖြစ်သည်။
"အဲဒီလူက အခုငါတို့ကို စောင့်ကြည့်နေတယ်လို့ မင်း ထင်လား....
အခု ငါပြောနေတဲ့ စကားတွေကိုတောင် သူကြားနေနိုင်မလား"
ငှားရမ်းထားသည့် အခန်းထဲတွင် မုတ်ဆိတ်မွေးနှင့်လူက သူ့ကြံရာပါကို အားမလိုအားမရ မေးလိုက်လေသည်။
"ငါ ဘယ်သိမလဲ...ဒါပေမဲ့ ငါတို့အခန်းတစ်ခန်းလုံးကို ရှာပြီးပြီ... လျှို့ဝှက်နားထောင်တဲ့ စက်လိုမျိုး ဘာတစ်ခုမှ မတွေ့ဘူး။
ဒါကြောင့် သူက ငါတို့ပြောတာတွေကို ကြားနိုင်မယ် မထင်ဘူး" မျက်မှန်နှင့်လူငယ်က စဉ်းစားပြီး ပြန်ဖြေလိုက်၏။
"ဆောရီးပါ... ငါ အကုန်ကြားနေရတယ်"
ပြတင်းပေါက် အနောက်ဘက်ရှိ လျှို့ဝှက်သောနေရာမှနေ၍ ကျားယန် ပုန်းအောင်းနေပြီး... သူတို့ ပြောသမျှ စကားလုံးတိုင်းကို ကြားနေရလေသည်။
သူ့၏ လုံးဝန်းသောခန္ဓာကိုယ်ထဲတွင် CHr-379 ဟု ခေါ်သည့် သေစေလောက်သည့် ဗိုင်းရပ်စ်ဆေးရည်များ ပြည့်နှက်နေပေသည်။
ယခု သူဟာ ပေါက်ကွဲပစ္စည်းများပြည့်နှက်နေသည့် လက်ပစ်ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေပြီး တိုက်ခိုက်စွမ်းရည်အမြင့်ဆုံးသို့ ရောက်ရှိနေလေသည်။
တိုက်ခိုက်စွမ်းရည် (၅)ပင် မပြည့်သည့် အမှိုက်ကောင်အဖြစ်မှ တိုက်ခိုက်စွမ်းရည် (၁၀၀)ရှိသည့် နတ်ဘုရားတစ်ပါးအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်......
အကယ်၍ ဤလုပ်ကြံသတ်ဖြတ်သူနှစ်ဦးက မရိုးမသားလုပ်ရန် ကြိုးစားပါက သူတို့ကို သနားညှာတာမည်မဟုတ်ဘဲ သူတို့ အာရုံလွင့်နေချိန်တွင် ဗိုင်းရပ်စ် ထိုးသွင်းပေးလိုက်မည်ဖြစ်သည်။
"ငါတို့ သူ့ကို တကယ်ယုံလို့ ရပါ့မလား.....
ဒီလူက ယုထောင်ကို စောင့်နေတာမဟုတ်ဘဲ... ယုထောင်ပြန်လာပြီး ငါတို့ကို ရှင်းပစ်ဖို့ စောင့်နေတာများ ဖြစ်နိုင်မလား.... အခုပြောနေတာတွေက ငါတို့ကို အချိန်ဆွဲထားရုံ သက်သက်များလား" မုတ်ဆိတ်မွေးနှင့်လူ သံသယ ဝင်နေဆဲပင်။
မှန်ပေသည်... လုပ်ကြံသတ်ဖြတ်သူတစ်ဦးအနေဖြင့် ဤကဲ့သို့ သတိထားမှုမျိုး မရှိမဖြစ်လိုအပ်ပေသည်။
မျက်မှန်နှင့်လူငယ် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်- "မဟုတ်ဘူး... ငါ မြင်ရသလောက်တော့ ဒီလူ့မှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားတဲ့ စွမ်းရည်ရှိတယ်။
ယုမိသားစုအနေနဲ့ ဒီလိုလူမျိုးဆီက အကူအညီ ရယူနိုင်လောက်တဲ့ စွမ်းရည်နဲ့ နည်းလမ်း ရှိတယ်လို့ မင်း ထင်လို့လား"
"မင်းပြောတာ ဟုတ်တယ်။ ယုမိသားစုက ရှန်ဟိုင်းမြို့မှာ ပထမတန်းစားဖြစ်ပေမဲ့... တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး။
ငါတို့ ဆက်ဆံနေရတဲ့သူက စီနီယာ အက်ဒစ်ဟုတ်ဟုတ် မဟုတ်ဟုတ်... အနည်းဆုံးတော့ သူနဲ့ တန်းတူအဆင့်ရှိတဲ့သူပဲ... ယုမိသားစု အနေနဲ့ သူ့အကူအညီကို တောင်းခံနိုင်စွမ်းမရှိလောက်ဘူး"
ကျားယန် အပြင်ဘက်မှ နားထောင်နေရာ သူ အနည်းငယ် အံ့အားသင့်သွားမိသည်။
သူ့အမြင်တွင် ယုမိသားစုက လုံလောက်စွာ ကြီးမားသည့် မိသားစုကြီး တစ်ခုဖြစ်ပြီး... ရေတွက်၍ မကုန်နိုင်သည့် စီးပွားရေးဆက်ဆံမှုများရှိသည်ဟု ထင်ထားခဲ့သည်။
မထင်မှတ်ဘဲ ဤလုပ်ကြံသတ်ဖြတ်သူနှစ်ဦး၏ ပါးစပ်ဖျားတွင် ယုမိသားစုက အလွန်သေးနုပ်သော အရာတစ်ခုဖြစ်နေလေသည်။
ဖြစ်နိုင်သည်မှာ ယုမိသားစုက တရုတ်နိုင်ငံ၏ နိုင်ငံတကာမြို့တော်ဟု တင်စားခေါ်ဝေါ်သော ရှန်ဟိုင်းတွင် ကောင်းမွန်သည့် ပထဝီဝင်တည်နေရာ ရရှိထားရုံသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
လက်တွေ့တွင်မူ မိသားစု၏ တကယ့်အာဏာစက်မှာ ထင်သလောက် မကြီးမားခြင်းဖြစ်နိုင်ပေသည်။
"ဒီလိုလူမျိုးကို ရန်စတာမျိုး ရှောင်ကြစို့။
သူသာ ငါတို့ကို တကယ်အန္တရာယ်ပေးချင်ရင်... တခြားလူတွေ လိုမယ်မထင်ဘူး... သူတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်။
ဖြစ်နိုင်တာက သူ တကယ်ပဲ တစ်ယောက်တည်းလုပ်နေပြီး... နောက်လိုက်တွေ အရေးတကြီးလိုနေတာ ဖြစ်မယ်" မျက်မှန်နှင့်လူငယ် သုံးသပ်လိုက်လေသည်။
"ဒါဆို... ငါတို့ ဒီအတိုင်း စိတ်ရှည်ရှည်နဲ့ စောင့်နေရုံပဲလား" မုတ်ဆိတ်မွေးနှင့်လူ သက်ပြင်းချလိုက်သည်။
"စောင့်လေ...ဘာလို့ မစောင့်ရမှာလဲ...
ဒီတစ်ခါ ငါတို့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားနိုင်ရင် နောက်နောင် ငါတို့ အကူအညီလိုတဲ့အခါ သူငါတို့ကို ကူညီချင် ကူညီမှာပေါ့"
ကျားယန်ဟာ သူတို့၏အပြောချိုမှုအောက်တွင် အရေပျော်မသွားခဲ့ချေ။
သူပြတင်းပေါက်နားသို့ ပိုမိုတိုးကပ်သွားပြီး သူတို့၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် ချောင်းမြောင်း နားထောင်နေလိုက်သည်။
နောက်ဆုံးတွင် နေ့တစ်ဝက်ကျော် ကုန်ဆုံးသွားလေသည်။
အချိန်က ညနေ (၁၆:၃၅)သို့ ရောက်ရှိလာပြီ ဖြစ်သည်။
လုပ်ကြံသတ်ဖြတ်သူများပေးသည့် ယုထောင်၏ ခရီးစဉ်သာမှန်ကန်ပါက သူဟာ ပါရီမြို့မှ ပျံသန်းလာပြီး ယခုအချိန်တွင် ရှန်ဟိုင်း ဖူရှီးလေဆိပ်သို့ ဆင်းသက်နေပြီ ဖြစ်ရပေမည်။
သို့ပေမဲ့ လုပ်ကြံသတ်ဖြတ်သူနှစ်ဦး ထွက်ပြေးမည့် အရိပ်အယောင် မရှိသေးပေ။
ကျားယန် ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။
အချိန်က (၁၈:၀၀)ခန့် ရောက်ရှိလာသည့်အခါ...
ကောင်းကင်ကြီး မှောင်ရီပျိုးစပြုနေပြီဖြစ်သည်။
"ငါ ပြောမယ်... အဲဒီလူသာ တကယ် တစ်ယောက်တည်းလုပ်နေတာဆိုရင်... အခုချိန်လောက်ဆို ယုထောင်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေလောက်ပြီ။
ငါတို့ တကယ် မပြေးတော့ဘူးလား" မုတ်ဆိတ်မွေးနှင့်လူ ခေါက်ဆွဲပြုတ်စားရင်း အသံအက်အက်ဖြင့် မေးလိုက်၏။
မျက်မှန်နှင့်လူငယ်က ပြန်မဖြေချေ။
အချိန်အတော်ကြာမှ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"ထားလိုက်ပါတော့... သူသာ ယုထောင်နဲ့ တကယ် အဆက်အသွယ်ရှိခဲ့ရင်... ငါတို့ စောစောကတည်းက အဖမ်းခံလိုက်ရပြီ"
"အခုထိ ဘာတုံ့ပြန်မှုမှမရှိသေးဘူးဆိုတော့... သူတို့ ကမ်းလှမ်းတဲ့ ပူးပေါင်းဆောင်ရွက်မှုက အစစ်အမှန် ဖြစ်လောက်တယ်။
သူယုထောင်ကို တကယ်သတ်မသတ် စောင့်ကြည့်ကြတာပေါ့... သူသာ ငါတို့အတွက် ယုထောင်ကို တကယ် သတ်ပေးရင်... ငါတို့ သူ့အတွက် အလုပ်လုပ်ပေးတာ ဘာမှားလို့လဲ....
စိတ်မပူပါနဲ့... ကိစ္စပြီးရင် နှုတ်ပိတ်ဖို့အတွက် ငါတို့ကို သတ်မှာ မဟုတ်ပါဘူး"
အခန်းထဲတွင် တိတ်ဆိတ်သွားပြန်လေသည်။
နောက်ထပ် (၁၀)မိနစ်ခန့် စောင့်ပြီးနောက် ကျားယန်၏ ဆေးရည်များပြည့်နေသောလုံးဝန်းသည့် ခန္ဓာကိုယ်ဟာ အိမ်ခေါင်မိုးအောက်မှ ပျံထွက်လာခဲ့သည်။
ဒီလုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ကို တစ်နေ့လုံး စောင့်ကြည့်ပြီးနောက် အနည်းဆုံးတော့ အခု မြင်ရသလောက် သူတို့မှာထွက်ပြေးဖို့ ရည်ရွယ်ချက် လုံးဝမရှိကြပေ။
တကယ်တော့ သူတို့ကို စောင့်ကြည့်ရခြင်းမှာ အခြား ရည်ရွယ်ချက်တစ်ခုလည်း ရှိသေးပေသည်။ အကယ်၍ သူတို့နှစ်ဦး စကားပြောနေစဉ် ဤ CHr-379 ဆေးရည်၏ ဖုံးကွယ်ထားသောအန္တရာယ်များအကြောင်းထုတ်ပြောလာပါက သူဗိုက်ကို ချက်ချင်း ထိန်းချုပ်ပြီး ဆေးရည်များကို အကုန်ပြန်အန်ထုတ်ပစ်ရန်ဖြစ်သည်။
အဲဒီလိုလုပ်ခြင်းက အန္တရာယ်အားလုံးကို မရှောင်ရှားနိုင်ပေမဲ့... အကူအညီ အများကြီးတော့ ဖြစ်စေမည်ပင်။
ကံကောင်းစွာနဲ့ဆေးရည်နဲ့ ပတ်သက်ပြီး အဲဒီလို ပြဿနာမျိုး မကြားခဲ့ရချေ။
ကျားယန် သူ့ကိုယ်သူ ဒီအဆင့်ထိ အလွန်ဂရုစိုက်ခဲ့သည်ဟု ယူဆလေသည်။
အကယ်၍ သူထွက်သွားပြီးမှ သူတို့နှစ်ဦး ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ရင်လည်း တတ်နိုင်တဲ့ကိစ္စ မဟုတ်တော့ပေ။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဒီCHr-379 ဗိုင်းရပ်စ်က အစစ်အမှန်ဖြစ်တယ်ဆိုတာ သူအတည်ပြုနိုင်လိုက်အေပြီ။
ထို့ကြောင့် ဒီဗိုင်းရပ်စ်ရှိနေသရွေ့... သူဟာ ယုယွမ်ကို သတ်နိုင်တုန်းဖြစ်ပေမည်။
တစ်ခုပဲရှိတာက ယုယွမ်ကို သူဖြစ်စေချင်သလောက် နာကျင်အောင် လုပ်လို့မရတော့တာပင်။။
နောက်ဆုံးတော့ ဆုံးရှုံးသွားတာက ဒီလုပ်ကြံသတ်ဖြတ်သူနှစ်ယောက်အတွက် ယုထောင်ကို ကူညီသတ်ပေးလိုက်ရတဲ့ အလဟဿဖြစ်သွားမယ့် အားထုတ်မှုပင်။
နောက်တစ်ကြိမ် ထွက်ခွာလာပြီး ပစ်မှတ်ကတော့ ယုမိသားစု၏ရုံးချုပ် မင်ရှား အဆောက်အအုံပင် ဖြစ်သည်။