Sport news

Sport news အားကစားသတင်းများ အစံလင်တင်ပေးပါမည်။

Full-time : Liverpool 1 - 1 Chelsea ဆာလက် ( ၄၅' + ၃' Pen )  ဟာဗက်ဇ် ( ၂၂' ) ဒုတိယ တပိုင်းလုံး တယောက်လျော့နဲ့ ကစားသွားခဲ့...
28/08/2021

Full-time : Liverpool 1 - 1 Chelsea

ဆာလက် ( ၄၅' + ၃' Pen ) ဟာဗက်ဇ် ( ၂၂' )

ဒုတိယ တပိုင်းလုံး တယောက်လျော့နဲ့ ကစားသွားခဲ့ပေမယ့် ချဲလ်ဆီးတို့ အမ်းဖီးလ်မှာ သရေ တမှတ် ခက်ခက်ခဲခဲ ခွဲဝေယူနိုင်ခဲ့ပါတယ် ။

👉👉ပထမပိုင်းပြီးခါနီးပယ်နယ်တီကြောင့် အကြိတ်အနယ်ရှိလာနိုင်တဲ့ ဒုတိယပိုင်းLiverpool 1-1 Chelsea (HT)⚽️Havertz 22’⚽️Salah 45...
28/08/2021

👉👉ပထမပိုင်းပြီးခါနီးပယ်နယ်တီကြောင့် အကြိတ်အနယ်ရှိလာနိုင်တဲ့ ဒုတိယပိုင်း

Liverpool 1-1 Chelsea (HT)

⚽️Havertz 22’
⚽️Salah 45+5’(Pen)
🟥James 45+3’

Credit
(UK Match Day)

ပွဲပြီးသုံးသတ်ချက် ဒီမှာတော့ သရေကို သရေလို့မမြင်ဘဲ အရှံးလို့မြင်တဲ့ admin ရဲ့အမြင်နဲ့ဆွေးနွေးသွားမှာပါပထမဦးဆုံးအနေနဲ့ လ...
22/08/2021

ပွဲပြီးသုံးသတ်ချက်

ဒီမှာတော့ သရေကို သရေလို့မမြင်ဘဲ အရှံးလို့မြင်တဲ့ admin ရဲ့အမြင်နဲ့ဆွေးနွေးသွားမှာပါ
ပထမဦးဆုံးအနေနဲ့ လူစာရင်းပါ ဂိုးသမားကတော့ ပုံမှန် ဒီဂီယာနဲ့ ထွက်လာပြီးနောက်တန်းကလည်း ခါတ်ုင်း လုပ်ရှော ဘစ်ဆာကာနဲ့ မက်ဂွားယားလင်းဒီလော့ဖ် အတွဲနဲ့ဘဲ ပြန်ပွဲထွက်လာခဲ့ပါတယ် ဒီနေ့ပွဲအဖြေက ကွင်းလယ်နဲ့တိုက်စစ် အားမရတာလို့မြင်မိတယ် မာတစ်နဲ့ ဖရက်အတွဲကို ကွင်းလယ်ခံစစ်နေရာမှာ ထွက်လာပြီး တိုက်စစ်မှာ ပေါ့ဘ်ဘာ ဘရူနိုနဲ့ ဂရင်းဝုတ်တို့ပါသလို အထောင်နေရာ မာရှယ် ပါ လူစာရင်းကြေညာကတည်းက adminအမြင်မှာ ကွင်းလယ်ကအတွဲမညီမှာ စိုးရိမ်ခဲ့သလို တကယ်ဘဲ ယူနိုက်တက် ဂိုးပေါက်ကို ချိမ်းခြောက်နိုင်တဲ့ အခွင့်အရေးတွေကို မန်ယူကွင်းလဲ အတွဲမညီမှုတွေကဘဲ ရလာတာပါ ပထမပိုင်းပွဲစကတည်းက ဆောက်သမ်တန်ရလာတဲ့ ဖရီးကစ်ကို ဂိုးသမားဒီဂီယာ ကွာကွယ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ကံကောင်းလာခဲ့သော်လည်း မိနစ်၃၀ မှာဘဲ ဆောက်တမ်သန် ကန်လိုက်တဲ့ဘောလုံးဟာကွင်းလယ် လူ ဖရက်နဲ့ထိပြီး ogဝင်သွားပြီး ယူနိုက်တက်တို့ ပျာယာခက်သွားစေပါတယ် တိုက်စစ်မှာ ဘရူနိုပေါ့လ်ဘာ တို့တွဲက အလုပ်ဖြစ်သလောက် အထောင်တိုက်စစ်မှူး မာရှယ် အဖျက်များနေတာကြောင့် ဘောလုံးတွေပျက်ခဲ့ရပြီး ဂိုးမရနိုင်တာပါ Matic Fred တို့အတွဲကလည်း ထင်သလောက်အလုပ်မဖြစ်ခဲ့ပါဘူး ခြေပဂိုးရပြီး 55 မိနစ်မှာယူနိုက်တက်တို့အနေနဲ့ စိတ်ဓါတ်နည်းနည်း တက်ကြွလာခဲ့လို့ တိုက်စစ်အရှိန်မြင့်ရန် 59မိနစ်မှာ မာရှယ်နဲ့ ဆန်ချိုကို လူစားလဲလိုက်ပြီး ဆန်ချိုအနေနဲ့လည်း ခြေစွမ်းမပြနိုင်သေးတာကြောင့် အခက်တွေ့နေပါတယ် ခြေပဂိုး ရတယ်ဆိုတာလဲ admin မပျော်ရပါဘူး ချေပဂိုးမရခင်ကတည်းယူနိုက်တက် ကစားသမားတွေ တက်ကြွမှုမရှိတော့ဘဲ ေခြပဂိုးပြန်ရလာတဲ့ အခါ ယူနိုက်တက်တို့တိုက်စစ်ဆင်လာခဲ့ကြပြီး နောက်တန်းတွေရဲ့ ပေးပို့မှူ အမှားတွေရယ် ကွင်းလဲ မှာထင်သလောက်အတွဲမဖြစ်တဲ့ matic နဲ့ ဖရက်ရယ် တိုက်စစ် မှာ ပေးပို့လာသမျှ ဖြုန်းပစ်တဲ့ မာရှယ်နဲ့တော့ ဒီနေ့ယူနိုက်တက်ဟာ ၂၀၂၁/၂၂ ရာသီအတွက် ပထမဆုံးသရေပွဲကို ယူနိုက်တက်တို့ပရိတ်သတ်တို့ထံ စတင်ပေးလိုက်ပေးလိုက်ခြင်းဖြင့် နောက်တစ်ပတ်မှာ ၂၉ရက်နေ့ တင်္နဂနွေနေ့မှာဘဲ ဝုဒ်ဗာဟန်တန်ရဲ့အဝေးကွင်းမှာသွားရောက်ယဥ်ပြိုင်ကြရအုန်းမှာပါ

#လောင်မြိုက်ခြင်းများစွာနဲ့ချစ်သောယူနိုက်တက်

ပွဲစဉ်(၁)မှာတင် အရှုံးဆိုတဲ့ အရသာကို မြည်းစမ်းလိုက်ရတဲ့ ချန်ပီယံ မန်စီးတီးစပါး ၁ - ၀ မန်စီးတီး (Full Time)ဆွန်ဟောင်မင် ၅...
15/08/2021

ပွဲစဉ်(၁)မှာတင် အရှုံးဆိုတဲ့ အရသာကို မြည်းစမ်းလိုက်ရတဲ့ ချန်ပီယံ မန်စီးတီး

စပါး ၁ - ၀ မန်စီးတီး (Full Time)
ဆွန်ဟောင်မင် ၅၅မိနစ်

ပရီးမီးယားလိဂ် ပွဲစဉ်(၁)ရဲ့ အကောင်းဆုံးပွဲစဉ် ဖြစ်တဲ့ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲမှာတော့ စပါးအသင်းဟာ အဓိက တိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ မန်စီးတီးအသင်းကို အနိုင်ရခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အဓိက မြင်ခဲ့ရတာကတော့ မန်စီးတီးအသင်းဟာ ယခုနှစ်ရာသီမှာ ဆုဖလားတွေ ရယူချင်ရင် ထိပ်တန်း တိုက်စစ်မှူး တဦးကို မဖြစ်မနေ ခပ်မြန်မြန် ခေါ်ယူဖို့ လိုအပ်တယ် ဆိုတာပါပဲ။

ကွင်းလယ်ပိုင်းက လုပ်အားနှုန်း ၊ ဖန်တီးနိုင်စွမ်း အပြည့်အဝ ရှိပေမယ့် တိုက်စစ်ပိုင်းမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမား မရှိတာက ထီပေါက်ပြီးမှ ထီလက်မှတ် ပျောက်နေတာနဲ့ တူပါတယ်။

စပါးအသင်းအနေနဲ့လည်း ဒီနေ့ပွဲစဉ်မှာ ဟယ်ရီကိန်းကို ဘယ်လောက်အထိ လိုအပ်လဲ ဆိုတာ သိသိသာသာ မြင်တွေ့ခွင့်ရပြီး ဘာ့ချ်ဝင့် ၊ မော်ရာတို့ရဲ့ နေရာမှာ ဟယ်ရီကိန်းသာ ဆိုရင် စပါးအသင်းရဲ့ နိုင်ပွဲဟာ ဒီထက် ပိုမို ပြတ်သားသွားနိုင်ပါတယ်။

မန်စီးတီးအသင်းရဲ့ ပေါင် ၁၀၀သန်းတန် ကွင်းလယ်လူ ဂရီးလစ်ရှ်ကတော့ ယနေ့ညပွဲစဉ်မှာ ပုံမှန်ခြေစွမ်းကိုသာ ပြသနိုင်ခဲ့ပြီး မဆိုးဘူး ဆိုတဲ့ အနေအထားမှာသာ ရှိခဲ့ပါတယ်။

သေချာတာကတော့ မနက်ဖြန် မနက်မှာ မန်စီးတီးအသင်းနဲ့ ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့ သတင်းတွေ ပိုမို ကျယ်လောင်လာဖို့ ရှိနေပါတယ်

 မက်ဆီဟာ PSG ဆီ အလွတ် ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း နာမည်ကျော် ဂျာနယ်လစ် ရိုမာနိုက ဖော်ပြလိုက်ပါပြီ...
10/08/2021



မက်ဆီဟာ PSG ဆီ အလွတ် ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း နာမည်ကျော် ဂျာနယ်လစ် ရိုမာနိုက ဖော်ပြလိုက်ပါပြီ ။

မက်ဆီဟာ PSG မှာ တစ်နှစ် ယူရို 25 သန်း ဆိုတဲ့ လစာငွေကို ရရှိမယ်လို့ သိရပြီး အပိုဆုကြေး အပါအဝင် ယူရို 35 သန်း အထိ ရရှိသွားဖွယ် ရှိနေတယ်လို့ သိရပါတယ် ။ PSG ဟာ မက်ဆီ ကို ၂ နှစ် စာချုပ် (၁ နှစ်ထပ်တိုးခွင့်ပါ ပါ ) ချုပ်ဆို သွားမှာ ဖြစ်ပါတယ် ။

PSG အသင်းဟာ လာမယ့် နာရီပိုင်း အတွင်း မက်ဆီ ဟာ သူတို့ ကစားသမား ဖြစ်လာပြီ ဖြစ်ကြောင်း ကြေညာသွားမယ်လို့ သိရပါတယ် ။

End of An Eraaa!!!ဒီဓာတ်ပုံလေးကိုတော့ မေလ ၁၆ရက်နေ့ ၊ ၂၀၂၁ခုနှစ်မှာ ရိုက်ကူးထားတာ ဖြစ်ပြီး ဒီပုံဟာ မက်ဆီကို ဘာစီလိုနာအသင်...
05/08/2021

End of An Eraaa!!!

ဒီဓာတ်ပုံလေးကိုတော့ မေလ ၁၆ရက်နေ့ ၊ ၂၀၂၁ခုနှစ်မှာ ရိုက်ကူးထားတာ ဖြစ်ပြီး ဒီပုံဟာ မက်ဆီကို ဘာစီလိုနာအသင်းရဲ့ အင်္ကျီနဲ့ နောက်ဆုံး မြင်တွေ့ခဲ့ရတဲ့ ဓာတ်ပုံလည်း ဖြစ်ပါတယ်။

အခုတော့ ဒါဟာ သမိုင်းဝင် ဓာတ်ပုံတပုံ ဖြစ်သွားပါပြီ။

မက်ဆီဟာ ဒုတိယ တော့တီ ၊ ဒုတိယ ပေါလ်စခိုးလ် ၊ ဒုတိယ ရိုင်ယန်ဂစ် ၊ ဒုတိယ ဂျာရတ် ၊ ဒုတိယ မာကိုရူးစ် ဖြစ်ခွင့် မရှိတော့ပါဘူး 💔💔💔

Transfer Update News!!!ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်တော့မယ်လို့ သတင်းတွေ...
05/08/2021

Transfer Update News!!!

ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်တော့မယ်လို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်ထားပေမယ့် ယနေ့ ညပိုင်းမှာ ရုတ်တရတ် ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ ခက်ခဲနေကြောင်း သိရပါတယ်။

Rac1 ၊ Marca တို့လို ခိုင်မာတဲ့ စပိန်အခြေစိုက် သတင်းဌာနတွေ ကတော့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ထပ်မံ မချုပ်ဆိုဖို့ အထိ တွေးနေကြောင်း ဖော်ပြထားကြပြီး အခြား စပိန်သတင်းထောက်တွေကလည်း ဘာစီလိုနာအသင်းဟာ စာချုပ်သစ်နဲ့ ပတ်သတ်ပြီး မက်ဆီကို ဖုံးကွယ်မှု တချို့ ပြုလုပ်ခဲ့တာကြောင့် ယခုလို ပြဿနာတွေ ဖြစ်နေကြောင်း ဆိုပါတယ်။

အချို့သတင်းဌာနတွေ ကတော့ မက်ဆီနဲ့ ဘာစီလိုနာအသင်းရဲ့ ကြားမှာ အဓိက ဖြစ်နေတဲ့ ပြဿနာရပ်ဟာ လာလီဂါဘောလုံးအဖွဲ့ချုပ်ရဲ့ ကြားဝင်မှုကြောင့် ဖြစ်ကြောင်း ဖော်ပြနေပါတယ်။

လာလီဂါဘောလုံးအဖွဲ့ချုပ်ဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် ဘာစီလိုနာအသင်းကို ငွေကြေး ချေးငှားခွင့် ပေးရင် ဘာစီလိုနာအသင်းဟာ စူပါလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်ရမယ် လို့ ယတိပြတ် ပြောကြားထားပြီး အကယ်၍ စူပါလိဂ်ကနေ မနုတ်ထွက်ရင်တော့ မက်ဆီကို ဆုံးရှုံးရမယ်လို့ သတိပေးထားပါတယ်။

ဒါကြောင့် ဘာစီလိုနာအသင်း အနေနဲ့ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ ခက်ခဲနေပြီး ဘဏ္ဍာရေး အကြပ်အတည်းကိုသာ မဖြေရှင်းနိုင်ရင် မက်ဆီကို စာချုပ်သစ် မချုပ်ဆိုနိုင်လောက်ဘူးလို့ ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ခန့်မှန်းထားပါတယ်။

ကဲ အလှည့်အပြောင်းတွေနဲ့ မက်ဆီရဲ့ စာချုပ်သစ်ကိစ္စကတော့ ပိုပြီိး စိတ်ဝင်စားစရာ ကောင်းလာပါပြီ။

ပရိသတ်ကြီးကရော မက်ဆီက ဘာစီလိုနာအသင်းမှာ ဆက်ပြီး ရှိနေမယ်လို့ ထင်ကြလားဗျ..

အောင်လအန်ဆန် က ဘရာဇီးနိုင်ငံသား လီအန်ဒရိုအတေးစ်ကို ပထမအချီမှာတင် အလဲထိုးအနိုင်ရ=============================စင်ကာပူနိုင်...
30/07/2021

အောင်လအန်ဆန် က ဘရာဇီးနိုင်ငံသား လီအန်ဒရိုအတေးစ်ကို ပထမအချီမှာတင် အလဲထိုးအနိုင်ရ
=============================

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ One Championshipရဲ့ BATTLEGROUND ပြိုင်ပွဲကြီးမှာ အောင်လအန်ဆန်က ဘရာဇီးလ်ဖိုက်တာ လီအန်ဒရိုအတေးစ်ကို ပထမအချီမှာတင် အလဲထိုးသက်အနိုင်ယူလိုက်ပါတယ်။

အောင်လက မစ်ဒယ်ဝိတ်တန်း တွဲဆိုင်းမှာ ထိုးသက်တာ ဖြစ်ပြီး ပထမအချီအတွင်း ၃မိနစ်နဲ့ ၄၅ စက္ကန့်မှာ အနိုင်ရလိုက်တာလဲ ဖြစ်ပါတယ်။

ပြိုင်ပွဲကို မြန်မာစံတော်ချိန် ည ၇နာရီမှာ စတင်ခဲ့ပြီး ONE ရဲ့ YouTube ချန်နယ်ကနေ တိုက်ရိုက်ထုတ်လွှင့်နေတာလဲ ဖြစ်ပါတယ်။

ခက်ခဲတဲ့ ယခုလို အချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ အနာဂတ်အတွက်ကိုပဲ စဥ်းစားပေးကြပါ။ ကိုယ့်အတွက် မစဥ်းစားပါနဲ့
အောင်လအန်ဆန် ပွဲပြီး ပြောစကား

OFFICIAL: ဒေါ့မွန်အသင်းဟာ တိုက်စစ်မှုး ဒန်ရယ်မာလန်ကို ပီအက်ဗီ အသင်းထံမှ ပြောင်းရွေ့ကြေး ယူရိုသန်း ၃၀ နဲ့ ခေါ်ယူနိုင်ခဲ့က...
27/07/2021

OFFICIAL: ဒေါ့မွန်အသင်းဟာ တိုက်စစ်မှုး ဒန်ရယ်မာလန်ကို ပီအက်ဗီ အသင်းထံမှ ပြောင်းရွေ့ကြေး ယူရိုသန်း ၃၀ နဲ့ ခေါ်ယူနိုင်ခဲ့ကာ ငါးနှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။

SN

ချယ်လ်ဆီးအသင်း Erling Haalandကို ခေါ်ယူဖို့ရာ ဆွေးနွေး
27/07/2021

ချယ်လ်ဆီးအသင်း Erling Haalandကို ခေါ်ယူဖို့ရာ ဆွေးနွေး

CFC's new defensive 🎯နာမည်ကျော် သတင်းထောက်/ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီး ဟာ ဆီဗီးလား ရဲ့ ပြင်သ...
27/07/2021

CFC's new defensive 🎯

နာမည်ကျော် သတင်းထောက်/ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီး ဟာ ဆီဗီးလား ရဲ့ ပြင်သစ် နောက်ခံလူ ဂျူးလ် ကွန်ဒီ ကို ခေါ်ယူဖို့ စပိန်ကလပ်နဲ့ ဆွေးနွေးမှု ပြုလုပ်နေတယ်လို့ သိရှိရပါတယ် ။

ချဲလ်ဆီး ဂန္တဝင် ခံစစ်မှူး ဂျွန်တယ်ရီ ဟာ ယနေ့မှာပဲ အက်စတွန်ဗီလာ အသင်းရဲ့ လက်ထောက် နည်းပြ ရာထူးကနေ တရားဝင် နုတ်ထွက်ခဲ့ပြီ...
26/07/2021

ချဲလ်ဆီး ဂန္တဝင် ခံစစ်မှူး ဂျွန်တယ်ရီ ဟာ ယနေ့မှာပဲ အက်စတွန်ဗီလာ အသင်းရဲ့ လက်ထောက် နည်းပြ ရာထူးကနေ တရားဝင် နုတ်ထွက်ခဲ့ပြီဖြစ်ပါတယ် ။

SN

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Sport news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category