T4 Bike shop, Mandalay

T4 Bike shop, Mandalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from T4 Bike shop, Mandalay, Bicycle shop, Mandalay.

𝑩𝒊𝒂𝒏𝒄𝒉𝒊 နဲ့ ကမ္ဘာကျော်ပြိုင်ကားကုမ္ပဏီ 𝐅𝐞𝐫𝐫𝐚𝐫𝐢 ပူးပေါင်းထုတ်ထားတဲ့ အလန်းစား Road Bike နှစ်ပေါင်း ရာချီသက်တမ်းရှိတဲ့ Bian...
28/10/2022

𝑩𝒊𝒂𝒏𝒄𝒉𝒊 နဲ့ ကမ္ဘာကျော်ပြိုင်ကားကုမ္ပဏီ 𝐅𝐞𝐫𝐫𝐚𝐫𝐢 ပူးပေါင်းထုတ်ထားတဲ့ အလန်းစား Road Bike

နှစ်ပေါင်း ရာချီသက်တမ်းရှိတဲ့ Bianchi ဟာ 2017 ခုနှစ်မှာ Ferrri ပြိုင်ကား Company နဲ့ပေါင်းပြီး High-End စက်ဘီးတွေကို ထုတ်လုပ်ဖို့ သဘောတူပြီး နောက်မှာတော့ Eurobike trade show မှာ SF-01 ကိုပြသရောင်းချခဲ့ပါတယ်။

သူ့ရဲ့ဈေးနှုန်းကတော့ ယခုပေါက်စျေးနဲ့
သိန်း ၅၀၀ ကျော် ( $ 18,000) ကျသင့်မှာဖြစ်ပါတယ်။

ဈေးကြီးကြီးပေးရတဲ့သူရဲ့ထူးခြားချက်တွေကတော့ -

- ကမ္ဘာမှာ ၁၂ စီးသာ ထုတ်လုပ်ထားခဲ့ပါတယ်။

- ဖင်ထိုင်ခုံရဲ့အလေးချိန်ကတော့(93 grams) သာရှိပြီးCarbon နဲ့ပဲ ပြုလုပ်ထားပါတယ်။

- တုန်ခါမှုကိုလျှော့ချပေးပြီး အရမ်းကိုပေါ့လွန်းတဲ့ Ultralight Carbon frame ကိုအသုံးပြုထားပါတယ်။

- Frame+fork အလေးချိန်ကတော့ 780 grams သာရှိပြီး 1kg တောင်မပြည့်ပါဘူး။ 😱😱😱

crd

 ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျ
18/09/2022



ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျ

26 Rim, weekend တစ်စီး ရောင်းပေးမယ်aluminum frameGear 1*7 ပုတ်ခလုပ်ရှေ့နောက် V breakOriginal ဆေးသားကောင်းရောင်းစျေး - ၁၁...
16/09/2022

26 Rim, weekend တစ်စီး ရောင်းပေးမယ်

aluminum frame
Gear 1*7 ပုတ်ခလုပ်
ရှေ့နောက် V break
Original ဆေးသားကောင်း

ရောင်းစျေး - ၁၁၀၀၀၀ ကျပ်
Cb/ 09967555045

ဘီးကြမ်းလေးရောင်းပေးမယ်ဗျာချောဖို့ အချိန်မပေးနိုင်လို့ပါCHEVROLET26 rimSteel frame, 1*7Degree ဇတ်ငုတ်နောက်တာယာတော့ လဲရမယ...
15/09/2022

ဘီးကြမ်းလေးရောင်းပေးမယ်ဗျာ
ချောဖို့ အချိန်မပေးနိုင်လို့ပါ

CHEVROLET
26 rim
Steel frame, 1*7
Degree ဇတ်ငုတ်
နောက်တာယာတော့ လဲရမယ်ဗျ

ရောင်းစျေး - ၈၀၀၀၀ ကျပ်ပါ

Ph- 09967555045 / cb

  ရောင်းထွက်သွားတဲ့ ဘီးလေးတွေပါကလေးမြို့က အကိုရေ ကျေးဇူးတင်ပါတယ်ခင်ဗျ
15/09/2022



ရောင်းထွက်သွားတဲ့ ဘီးလေးတွေပါ
ကလေးမြို့က အကိုရေ ကျေးဇူးတင်ပါတယ်ခင်ဗျ

စက်ဘီးရှေ့ဖေါက် Fork (front Suspension) နဲ့ Wheelsets ဂွေစုံ ဝယ်တော့မယ်ဆိုရင် အဓိက စဉ်းစားရမယ့် အချက်လေးတွေကို ပြောပြချင...
02/09/2022

စက်ဘီးရှေ့ဖေါက် Fork (front Suspension) နဲ့ Wheelsets ဂွေစုံ ဝယ်တော့မယ်ဆိုရင် အဓိက စဉ်းစားရမယ့် အချက်လေးတွေကို ပြောပြချင်လို့ပါ

Fork ရှေ့ဖေါက်ဝယ်မယ်ဆိုရင် ဘာအရင်သိရမလည်းဆိုတော့

၁) MTB မှာဆို 26” ဖရိမ်အတွက်လား၊ 27.5” လား 29” အတွက်လား အရင်သိရပါမယ်။ 26” အတွက်ဆို 29” မှာ တပ်လို့ မရပါဘူး။ အလားတူပဲ 29” ဖေါက်ကို 26” တို့ 27.5” တို့မှာ မတပ်ပါနဲ့၊ မရဘူးလားဆို တပ်ရင်တော့ ရတာပေါ့၊ ဒါပေမယ့် သူ့ရဲ့ရည်ရွယ်ချက်က 29” အတွက်ဆိုတော့ အခြားဖရိမ်အသေးတွေမှာ သွားတပ်ရင် စွမ်းဆောင်ရည် အပြည့်အဝ မရနိုင်ပါဘူး

၂) ဒုတိယ ကို သိရမယ်
ကိုယ့်ဘီး/ ဖရိမ်က XC Cross Country အတွက်လား၊ trail အတွက်လား၊ enduro လား downhill လား အရင် သိထားရပါမယ်။

XC ဆို Shock travel က 100mm standard နဲ့ လာပါတယ်။ အရပ်မြင့်၊ ဖရိမ်ဆိုဒ် အကြီးဆိုရင်တော့ XC လည်း 120mm Shock travel တပ်လို့ ရပါတယ်။

Trail တို့ Enduro ဖရိမ်/ဘီးဆိုရင်တော့ Shock travel က 120mm သို့မဟုတ် 130mm လောက်နဲ့စလာပါတယ်။ Downhill ဘီးတွေ ဆိုရင်တော့ မြင်ဖူးကြမှာပါ Shock travel အရှည်ကြီးတွေနဲ့ လာတာပါ။

XC နဲ့ Downhill ကြားမှာ All Mountain ဆိုပြီး လမ်းအကြမ်းဖက်ကို ရည်ရွယ်ထုတ်ထားတဲ့ Shock travel 120mm နဲ့ ဖေါက်တွေလည်း တွေ့ရမှာပါ။ All mountain အတွက် ထုတ်ထားတဲ့ ဖေါက်ဟာလည်း XC နဲ့ သိပ်မကွာပါဘူး

မှတ်ချက်။ ။အောက်ကပုံထဲမှာတော့ Shock travel က 130mm ပါ

၃) တတိယအနေနဲ့ကတော့ ဟတ်အကျယ်နဲ့ သီတံပါ။
ဟတ်အကျယ်က ပုံမှန်အားဖြင့် 5x100mm QR လို့ခေါ်တဲ့ Quick Release သီတံချောင်းနဲ့ လာပါတယ်။

နောက်ပိုင်းမှာ 15x100mm နဲ့ Boost ဖေါက်အဖြစ် 15x110mm ဆိုပြီး TA လို့ခေါ်တဲ့ Through Axle သီတံနဲ့ လာပါတယ်။

ဒီမှာ ကိုယ်တွေသိထားရမှာက ကိုယ့်ဘီးရဲ့ဖေါက်ရဲ့ ဟတ်အကျယ် နဲ့ သီတံကိုဘာသီတံနဲ့လာလည်းပဲ ဖြစ်ပါတယ်။ အဲ့ဒါကိုသိမှ ရှေ့ဘီးဟတ်/ဂွေကို ဝယ်ဖို့ အကြံပြုပါတယ်

၄)steerer Headtube ပြီးရင် သတိပြုရမယ့် နောက်တစ်ချက်က ဖေါက်ကတစ်ပါထိပ်ရှူး tapered လား၊ ရိုးရိုး straight လား ဆိုတာပဲ ဖြစ်ပါတယ်။ တစ်ချို့ straight ရိုးရိုး Headtube ကို adapter အဝိုင်းပြားလေးခံပြီး တစ်ပါဖရိမ်မှာ တပ်ကြတယ်၊ ဒါလည်း အိုကေပါတယ်

အများကြီးလည်း လေမရှည်ချင်တော့ပါဘူး၊ ဖေါက်အဝယ်မမှားကြစေဖို့ ဆန္ဒပြုပါတယ်🙏🏻

လေးစားလျက်
Crd
ကိုဘိုဘို

ကလစ် Pedals (Clipless Pedals) တွေရဲ့ 𝗧𝗲𝗻𝘀𝗶𝗼𝗻, 𝗥𝗲𝗹𝗲𝗮𝘀𝗲 𝗔𝗻𝗴𝗹𝗲 နဲ့ 𝗙𝗹𝗼𝗮𝘁 အကြောင်း...စက်ဘီးစီး Biker ညီကို တွေအတွက် ဒီအကြောင...
29/08/2022

ကလစ် Pedals (Clipless Pedals) တွေရဲ့ 𝗧𝗲𝗻𝘀𝗶𝗼𝗻, 𝗥𝗲𝗹𝗲𝗮𝘀𝗲 𝗔𝗻𝗴𝗹𝗲 နဲ့ 𝗙𝗹𝗼𝗮𝘁 အကြောင်း...

စက်ဘီးစီး Biker ညီကို တွေအတွက် ဒီအကြောင်းလေး အဓိက ရေးပေးချင်လို့ ဟိုတနေ့က Post လေးနဲ့ အစပျိူးဖြစ်ခဲ့တာပါ။ ကလစ် Pedal(Clipless Pedal) တွေကို သုံးတော့မယ်၊ ဒါမှမဟုတ် သုံးနေပြီဆိုရင် ဒီ(၃)မျိုးအကြောင်းကို သိထားသင့်တယ်လို့ ထင်ပါတယ်။

𝗧𝗲𝗻𝘀𝗶𝗼𝗻
ဒီတစ်ခုကတော့ Cyclists တော်တော်များသိကြပါတယ်။
Pedal နဲ့ ဆိုင်ပါတယ်။ ကလစ်ဖိနပ်ကို ကလစ်Pedals မှာ
တပ်တဲ့အခါပဲဖြစ်ဖြစ် ဖြုတ်တာပဲဖြစ်ဖြစ်၊ ပျော့တယ်မာတယ်ဆိုတာ Pedals Tension နဲ့ဆိုင်တာပါ။ 𝙎𝙝𝙞𝙢𝙖𝙣𝙤 ရဲ့ Pedals တွေတိုင်း(MTB ရော Road ရော)မှာ tension ကို စိတ်ကြိုက် Adjust လုပ်လို့ရပါတယ်။ တစ်ချို့ MTB ဆရာတွေအကြိုက် 𝗰𝗿𝗮𝗻𝗸𝗯𝗿𝗼𝘁𝗵𝗲𝗿𝘀 Pedals တွေကတော့ ရိုးရှင်းပြီး Tension က အသေပဲ၊လျှော့လို့လဲမရသလို တင်းလို့လဲမရပါ။
Road Bike ဆရာတစ်ချို့သုံးတဲ့ 𝗟𝗢𝗢𝗞 Carbon Pedals တစ်ချို့မှာတော့ tension က စပရင်တွေနဲ့ မဟုတ်ပဲ Carbon အပြားရဲ့ အကွေးအဆန့်လုပ်နိုင်မှုအပေါ်မှာ မူတည်ပါတယ်။ Tension ပြောင်းချင်ရင် Carbon ပြားလေးလဲရပါတယ်။ Tension နည်းနေတယ်(Carbon ပြားကပျော့နေတယ်)ဆိုရင် ပိုတောင့်တဲ့ Carbon ပြားကို Pedals ထဲမှာချိန်းလိုက်ခြင်းအားဖြင့် Tension ကိုတိုးနိုင်ပါတယ်။
Shimano ကတော့ ဒီလိုအလုပ်မရှုပ်စေပဲ L Key လေးနဲ့ (+,-)အလျော့တင်းလုပ်ပေးရုံဖြင့် Tension ကို ကြိုက်သလို ကလိနိုင်ပါတယ်ဗျာ။

𝗥𝗲𝗹𝗲𝗮𝘀𝗲 𝗔𝗻𝗴𝗹𝗲
ဘေးကို ဘယ်လောက် Degree စောင်းဖြုတ်ရင်ပြုတ်လဲပေါ့။ သူကတော့ Cleats(ဖိနပ်အောက်ကသံပြား)နဲ့ အများဆုံးဆိုင်ပါတယ်။
ကျွန်တော် လေ့လာကြည့်မိတဲ့ crankbrothers Pedals ကိုပဲပြောကြည့်ပါမယ်၊ Standard Release နဲ့ Easy Release ဆိုပြီးဖိနပ်အောက်ကသံပြား(Cleats)ကို သပ်သပ် ထပ်၀ယ်လို့ရပါတယ်။ Standard Release က 15°degree ရှိပြီး Easy Release က 10°degree ရှိပါတယ်။ Release Angle နည်းရင် နည်းနည်းလေးဘေးကိုစောင်းလိုက်တာနဲ့ ပြုတ်သွားပါတယ်။ အခုမှ စစီးတဲ့သူတွေအတွက် Angle နည်းတဲ့ Cleats တွေသုံးတာ ပိုအဆင်ပြေပါလိမ့်မယ်။ ပြုတ်လွယ်လို့ပါ။
Angle များရင်တော့ ဘေးကိုပိုစောင်းပီးဖြုတ်မှပြုတ်ပါတယ်။ တော်ရုံ မပြုတ်တာမို့ ပြိုင်ပွဲတွေ၊ စပရင့်ကိုင်တတ်တဲ့ Pro တွေ သုံးကြတာများတယ်။ Release Angle များတာက ပို safe ဖြစ်တာမို့ စီးသားကျသွားတဲ့သူတွေလဲ နောက်ပိုင်းကျရင်ပြောင်းသုံးသင့်ပါတယ်။

𝗣𝗲𝗱𝗮𝗹𝘀' 𝗙𝗹𝗼𝗮𝘁 𝗔𝗻𝗴𝗹𝗲
သူလဲ Cleats(သံပြား)နဲ့ပဲ အဓိကဆိုင်ပါတယ်။
အရင် Post မှာတုန်းက ပြောဖူးသလိုပါပဲ...
Float ဆိုတာ ဖိနပ်နဲ့ Pedals ကို တပ်ထားစဥ် မဖြုတ်ခင်အနေအထားမှာ လှုပ်စိလှုပ်စိလေးဖြစ်နေတာက float ဖြစ်ပြီးတော့ ဘယ်ညာ ဘယ်လောက်ထိ လှုပ်နေတယ်ဆိုတာကို degree နဲ့တိုင်းတာပါတယ်ဗျ။ (See video in comment). သာမန်အားဖြင့်တော့ 0°Degree(No Float) ကနေ 6°Degree Float အထိ ရှိပါတယ်။
Float ဘာလို့ရှိသင့်လဲဆိုတော့ ဒူးနာသက်သာအောင်လို့ပါ။ ခြေထောက်ကို ခြေနင်းနဲ့ အသေတွဲကပ်ထားတဲ့အပြင် လုံးဝမှပါ လှုပ်မရဘူးဆိုရင်တော့ ဒူးမှာပြသနာတက်လာနိုင်ပါတယ်။ လူကြီးတွေ စီးသားမကျတဲ့သူတွေ ဒူးနာတတ်တဲ့သူတွေကတော့ Float အသုံးသင့်ဆုံးဖြစ်ပြီး။ ပြိုင်ပွဲစီးတဲ့သူတွေတောင် No Float မသုံးကြပဲ 2°Floatရှိတဲ့ Cleatsတွေ သုံးကြတယ်ဗျ။ No Float ကိုဘယ်မှာသုံးကြလဲဆိုတော့ Road Bike မှာဆိုရင် Velodrone (ဒယ်အိုးကွင်း)တွင်းစီး တာတိုသမားတွေနဲ့ MTB မှာဆိုရင်လဲ Skill ကြမ်းတဲ့ သူတွေ သုံးကြပါတယ်။
crankbrothers Cleats တွေ၀ယ်ရင် Release Angle လိုပဲ Float Degree မှာလဲ 0°degree(No Float)နဲ့ 6°degree Float ဆိုပြီး ၂မျိုး ရွေးရပါတယ်။ အောက်ကပုံလေးတွေထဲမှာကြည့်ရင် ပိုရှင်းပါလိမ့်မယ်။ နောက်တစ်ခု Shimano Road Cleats တွေမှာ အနီရောင်, အပြာရောင်နဲ့ အ၀ါရောင်လေးတွေကို Road Bike သမားတွေတွေ့ဖူးပါလိမ့်မယ်။ ကျွန်တော်တုန်းကတော့ Fancy ဆန်အောင် ကိုယ့်ဘီးနဲ့ လိုက်တဲ့အရောင်ရွေးရအောင် (၃)ရောင် ထုတ်ထားပေးတယ်ထင်ခဲ့တာဗျ။ 😑:3
တကယ်က အနီက 0°(No Float), အပြာက 2° Float, အ၀ါက 6°degree Float ပါတဲ့ဗျားးး။

အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်မိပါတယ်ခင်ဗျာ။ Biker ညီကိုတို့လဲ ဒီရက်ပိုင်း စိတ်ညစ်စရာတွေအရမ်းများနေရင်တောင် မိမိ၀ါသနာပါရာလေးတွေ လေ့လာရင်း အားတင်းထားကြပါ။ အကြောင်းအရာအသစ်အဆန်းလေးတွေ ကျွန်တော်နောက်ထပ်သိခဲ့ရင်လဲ မျှဝေသွားပါဦးမယ်ခင်ဗျာ။

Crd to COG Cycling

သိန်း ၆၀၀ တန် စက်ဘီး McLaren လို့ပြောရင် ကမ္ဘာကျော်ပြိုင်ကားကုမ္ပဏီကို ပြေးမြင်မိကြမှာပါ။ဒီစက်ဘီးကတော့ ကမ္ဘာပေါ်မှာ အစီး...
24/08/2022

သိန်း ၆၀၀ တန် စက်ဘီး

McLaren လို့ပြောရင် ကမ္ဘာကျော်ပြိုင်ကားကုမ္ပဏီကို ပြေးမြင်မိကြမှာပါ။
ဒီစက်ဘီးကတော့ ကမ္ဘာပေါ်မှာ အစီးရေ 250 သာထုတ်လုပ်ထားတဲ့ McLaren နဲ့ Specialized တို့ရဲ့
ပေါင်းစပ်မှုဖြစ်တဲ့ Specialized McLaren S-Works Tarmac ဖြစ်ပြီး သူရဲ့တန်ဖိုးကတော့ တစ်စီးကို သိန်း ၆၀၀ ဝန်းကျင် ဖြစ်ပါတယ်။
Handmade ပြုလုပ်ထားတဲ့အပြင် တစ်စီးလုံးကို ကာဗွန်နဲ့ပြုလုပ်ထားပြီး McLaren နဲ့ Paint-Job room မှာ သေသပ်လှပစွာ ကာလာသွင်းထားတာဖြစ်ပါတယ်။
တစ်စီးဝယ်ယူတိုင်း Specialized S Works Helmet နဲ့
Cycling Shoe ကိုပါ ရရှိနိုင်မှာပါ။

17/08/2022
       ဝယ်ယူအားပေးတဲ့ customers တစ်ဦးစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ❤️
17/08/2022


ဝယ်ယူအားပေးတဲ့ customers တစ်ဦးစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ❤️

E-Bike~~~~~~~~~~ စက်ဘီးစီးတဲ့ လူတော်တော်များများ က နင်းရပါတယ်။E bike တွေကတော့ နင်းရပေမယ့် ပိုသက်သာအောင် ပြုလုပ်ပေးထားပါတ...
08/08/2022

E-Bike
~~~~~~~~~~

စက်ဘီးစီးတဲ့ လူတော်တော်များများ က နင်းရပါတယ်။E bike တွေကတော့ နင်းရပေမယ့် ပိုသက်သာအောင် ပြုလုပ်ပေးထားပါတယ်။ဘာလို့လဲ ဘာလို့လဲ ဆိုတော့ သူတို့မှာ မော်တာတွေပါလို့ပါပဲ။မော်တာတွေက နင်းရတဲ့ အားကိုသက်သာအောင်ကူညီပေးပါတယ် ဥပမာ ၁၀၀၀ ဖိုး နင်းရမယ့်ခရီးကို E bike က ၃၀၀ ဖိုး ၄၀၀ ဖိုးလောက်ပဲ နင်းရအောင် ပြုလုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။E bike တွေရဲ့ အလားအလာ က တိုးတက်လာသလို ပြည်တွင်းမှာလဲ အသုံးပြုတဲ့လူတွေတိုးပွာလာနေပါတယ်။ကျတော်ရေး တဲ့အထဲမှာ တော့ ပြန် လီဗာ ဖောက်ထားတဲ့ Modify E Bike တွေကို ထည့်သွင်းပြောသွားမှာ မဟုတ်ပါဘူး လီဘာ ပါတဲ့ E bike က စက်ဘီး စားရင်း ဝင် မဝင် ကျွန်တော်ကိုယ်တိုင်မသိလိုလဲဖြစ်သလို လီဘာ ဖောက်ထားတဲ့ E bike ကိုလဲ အား မပေးချင်လို့ပါပဲ။ကျန်တာကတော့ စာဖတ်သူတို့ပဲ သုံးသတ်ဝေဖန်လို့ရပါတယ်။

E bike ဆိုတာဘာလဲ
~~~~~~~~~~~~~~

E bike ဆိုတာ လျှပ်စစ် စက်ဘီးပါ (Electric Bike) လျှပ်စစ်ကို အသုံးပြုထားတဲ့ ဒါမှမဟုတ် လျှပ်စစ်နဲ့ အသုံးပြုနိုင်တဲ့ စက်ဘီးကို E bike လို့ခေါ်ပါတယ်။E bike မှာ မော်တာ ပါဝင်ပြီးတော့ အဲ့ဒီမော်တာကပဲ စီးတဲ့လူကို သက်သာအောင် ကူညီ ထောက်ပံ့ပေးထားတာပဲဖြစ်ပါတယ်။

E bike ရဲ့ ကောင်းခြင်းများ
~~~~~~~~~~~~~~~~~~

1. E bike က လူကိုသက်သာစေတယ်

တကယ်သက်သာ စေနိုင်ပါတယ်။စက်ဘီးစီးတက်တဲ့ ဘယ်သူမဆို တက်ပြီး နင်းလိုက်ရုံနဲ့တင် စီးလို့ရတဲ့အထိ လွယ်ကူပါတယ်။ပြီးတော့ တစ်မိုင်လောက်ဝေးတဲ့ ခရီးကို ရိုးရိုးစက်ဘီးနဲ့ ကယ်လိုရီ ၂၀၀ သုံး ရတယ်ဆိုရင် E bike နဲ့က ကယ်လိုရီ ၁၀၀ လောက်နဲ့တင်ရောက်နိုင်ပါတယ်။အချိန်လဲ ပိုသက်သာ စေနိုင်ပါတယ် လူပင်ပန်းလဲသက်သာစေနိုင်ပါတယ်။

2. သဘာဝ နဲ့ကိုက်ညီမှုရှိတယ်

E bike တွေက ကား တွေ ဆိုင်ကယ်တွေထက်စာရင် သဘာဝပတ်ဝန်းကျင်ကို ညစ်နွမ်းစေနူန်းနည်းပါးပါတယ်။E bike စီးတာကနေ Carbon လျှော့ချရေးကိုအားပေးလို့ရနိုင်ပါသေးတယ် အင်ဂျင်ပါပေမယ့် ကာဗွန် ထုတ်လွတ်ခြင်း မရှိတာကလဲ E bike ရဲ့အားသာချက်တစ်ခုပါပဲ။

3. ပုံမှန်စက်ဘီးတွေထက်မြန်တယ်

ပုံမှန် E bike တွေက အများဆုံး မိုင်၂၀ ကနေ ၂၈ မိုင်အမြန်နူန်း ( ၃၂ ကနေ ၄၅ ကီလိုမီတာ)လောက်ထိ မြန်တက်ကြပါတယ်။ပုံမှန်စက်ဘီးသမား အများစုက မိုင်၂၀ အမြန်နှုန်းလောက်နဲ့သာ နင်းနိုင်ကြပါတယ် ဒါတောင် တောက်လျှောက်မရနိုင်ပါဘူး။E bike တွေက အမြန်နှုန်း တောက်လျှောက် ထိန်းထားနိုင်တာကြောင့် ပုံမှန်အမြန်နှုန်း ရှိတဲ့စက်ဘီးတွေထက် သွားလိုတဲ့နေရာကိုမြန်မြန်ရောက်စေနိုင်ပါတယ်။

4. အသံငြိမ်တယ်

E bike အများစုက အသံငြိမ်ပါတယ်။ဆိုင်ကယ်တွေလို တဝူးဝူး အသံမမြည်သလို ကား တွေလိုလဲ အင်ဂျင်အမြဲမဆူနေပါဘူး။ဘာသံမှ မကြားရတာက ဘေးပတ်ဝန်းကျင်က အသံတွေကို ပိုကြားရစေနိုင်ပါတယ်။မိမိ ယာဉ်ကထွတ်တဲ့ ဆူညံသံကြောင့်လဲအခြား သောသူတွေကို အနှောက်အယှက်မဖြစ်စေနိုင်ပါဘူး။

5. battery ကုန်သွားလဲ စီးလို့ရနေဦးမယ်

E bike တွေက စက်ဘီး တွေပဲဖြစ်တာကြောင့် Battery ကုန်သွားတယ်ပဲ ထားဦး ခြေနင်းနဲ့ ဆက်ပြီး နင်းလို့ရနေဦးမှာပဲဖြစ်ပါတယ်။ဆိုင်ကယ်တွေလိုမျိုး တွန်းပြန်စရာ မရှိပါဘူး။

6. တစ်ချို့သော လူတွေအတွက်ပိုအဆင်ပြေတယ်

အသက်ကြီးတဲ့လူတွေ က အသက်ကြီးလာတဲ့အခါ စက်ဘီးကို အားထည့်ပြီးမနင်းနိုင်တော့ပါဘူး E bike က အသက်ကြီးတဲ့လူတွေအတွက်လဲပိုသင့်တော်ပါတယ် နဲနဲနင်းရုံနဲ့ အားသိတ်စိုက်စရာမလိုပဲ လိုရာခရီးကို ရောက်အောင်ကူညီပေးမှာပဲဖြစ်ပါတယ်။

7. E bike တွေက ကြည့်ကောင်းပြီး ခောတ်မှီပါတယ်

အခု ခောတ် E bike တွေက ဒီဇိုင်းလှလာပြီးတော့ Battery တွေကလဲ ပိုခံ ပိုသေးလာပါတယ်။ကြည့်လိုက်ရင် battery မပါဘူးရထင်ရတဲ့အထိ ခောတ်မှီလာပြီးတော့ ကြည့်လိုက်ရင် သမရိုးကျစက်ဘီးနဲ့မတူအောင်လဲ ဒီဇိုင်းတွေ ထူးခြားလာပါတယ်။

E bike ၏ ဆိုးခြင်းများ
~~~~~~~~~~~~~~~~

1. အားဖြည့်ဖို့ လျှပ်စစ်လိုပါမယ်

ပုံမှန် E bike တွေက ၁ နာရီ ကနေ တစ်နာရီခွဲလောက်ပဲအားခံပါတယ် အဲ့ဒါပြီးရင်တော့ အားပြန်ဖြည့်ဖို့လိုအပ်မှာပဲဖြစ်ပါတယ်။အားသွင်းဖို့ လွယ်တဲ့ နေရာ မှာ တော့ ပြဿနာမဟုတ်ပေမယ့် လျှပ်စစ် မရှိတဲ့နေရာ နဲ့ အားသွင်းဖို့ နေရာနဲ့ ဝေးတဲ့အခါမျိုးမှာတော့ ပြဿနာရှိနိုင်ပါတယ်။

2. အားသွင်းဖို့ အချိန်ကြာတယ်

ပုံမှန် E bike တွေက အားသွင်းဖို့ ၂/၃/၄ နာရီအထိ ကြာတက်ပါတယ်။မလိုအပ်တဲ့အခါ ပြဿနာမရှိပေမယ့် မဖြစ်မနေစီးရတော့မယ် အားလဲမရှိဘူး ဆိုတဲ့အခါမျိုး မှာစိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။တစ်ချို့ Battery တွေကတော့ မြန်မြန်အားပြည့်နိုင်ပေမယ့် Battery ပေါက်ကွဲမှာကိုလဲ ဂရုပြုရပါတယ်။

3. ဈေးကြီးတယ်

E bike အများစုက ဈေးကြီးပါတယ်။ပုံမှန် မိန်းမစီး နှစ်စီး သုံးစီးရဲ့ တန်ဖိုးက E bike တစ်စီးနဲ့ညီမျှနိုင်ပါတယ်။အထူးသဖြင့် Battery တွေက ပိုဈေးကြီးပါတယ်။E bike တစ်စီးအစား ပုံမှန်စက်ဘီးဝယ်ရင် ကောင်းကောင်းတစ်စီးရပါတယ်။

4. လေးတယ်

ဟုတ်ပါတယ် E bike အများစုက ပုံမှန်စက်ဘီးတွေထက်လေးပါတယ်။အပေါ် ထက်နေရတဲ့လူတွေအတွက်သယ်ရပြုရပိုခတ်ခဲနိုင်သလို ထားဖို့နေရာလဲ အခြား ဘီးတွေထက် ယူပါသေးတယ်။

5. Battery အသစ်လဲရင်လဲဈေးကြီးတယ်

Battery အသစ်လဲတာကလဲ ဈေးကြီးပါတယ် Battery အမျိုးအစား၊ပစ္စည်းအရွယ်အသွေး၊လုံခြုံစိတ်ချရမှု တွေပါ ထည့်တွက်ရင် Battery တစ်လုံး ဈေးကလဲ မသေးလှပါဘူး။

6. လေယာဉ်တင်ခွင့်မရှိပါဘူး

battery တွေ ကန်သတ်ချက်နဲ့ သယ်ခွင့်ပေးပေမယ့် E bike က Battery တွေကတော့မပါပါဘူး။သယ်လို့ရရင်တောင် battery တစ်လုံး နဲ့တင် သင့်အဝတ် ဆယ်ထည်စာလောက်အလေးချိန်ယူသွားနိုင်ပါတယ်။

7. ပြုပြင်စရိတ် နဲ့ ပစ္စည်းဈေးကြီးတယ်

တစ်ချို့သော E bike တွေက အသိတ်အပိုင်းတွေက limited ထုတ်ထားတာတွေ ဖြစ်နေတက်ပါတယ် ထုတ်တော့ထုတ်တယ် ဝယ်မရတာ တွေလည်း ရှိနိုင်ပါတယ်။ပြုပြင်ခ ကလည်း ပုံမှန် စက်ဘီး တွေထက် ပိုများပြားပါတယ်။စိတ်ချရတဲ့လူဆီမှာ ပြင်ဖို့လဲ အရေးကြီးပါတယ်။

8. ကျန်းမာရေးအတွက်မကောင်း

စက်ဘီး စီးတာက ကျန်းမာရေးကောင်းစေပါတယ် E bike တွေမှာ Motorပါတာကြောင့် ပင်ပန်းတာကိုသက်သာစေပါတယ် ခြေနင်းနူန်းကို လျှောချစေပါတယ်။ခြေနင်း အလုပ်မလုပ်ရတဲ့အတွက် လူက အလုပ်မလုပ်ရပါဘူး လူကခြေထောက်နင်းမှသာ ငွေလည်ပတ်မှု ကောင်းစေပြီးတော့ နှလုံး သွေးလည်ပတ်မှုကိုလဲ ပိုကောင်းမွန်စေပါတယ်။E bike နင်းတာက ကျန်းမာရေးအတွက် သိတ်ကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။

Crd to


(Holibike)
#စက်ဘီး

အရောင်းပို့စ် တင်အုံးမယ်ဗျာအထူးစျေးနှုန်းတွေနဲ့ ရောင်းပေးထားပါတယ်စိတ်ဝင်စားလို့ ကြိုက်နှစ်သက်ရင် အားပေးကြပါခင်ဗျCb/ ph 0...
04/08/2022

အရောင်းပို့စ် တင်အုံးမယ်ဗျာ

အထူးစျေးနှုန်းတွေနဲ့ ရောင်းပေးထားပါတယ်

စိတ်ဝင်စားလို့ ကြိုက်နှစ်သက်ရင် အားပေးကြပါခင်ဗျ

Cb/ ph 09 967555045
၁၄ လမ်း၊ ၈၆×၈၇ ကြား၊ မင်းကြိုက်ကဖေး မန်းလေး။

စက်ဘီးအကြောင်းဗဟုသုတလေးတွေလည်း page မှာ share ပေးထားပါတယ်နော်
မူရင်းရေးသားသူအားလုံးကိုလည်း လေးစားစွာ ခရတ်ဒစ်ပေးထားပါတယ်ဗျ

https://www.facebook.com/T4-Bike-shop-Mandalay-103923798957613/

Address

Mandalay

Telephone

+959967555045

Website

Alerts

Be the first to know and let us send you an email when T4 Bike shop, Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category