555Mix Senior Agent

555Mix Senior Agent Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 555Mix Senior Agent, Football Stadium, Mandalay.

555Mix ကစားမယ်ဆို Viber 09756050057 ကိုဆက်သွယ်ပေးပါရှင်t======= ====.555mxi ဒေါင်းလော့ဆွဲရန်=new Version dowload link👇👇

https://app.box.com/s/srdvj3901meut8mohi990vy487pi115y

ဒီနှစ်မှာလဲ ကာရစ်ရဲ့ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ဖလားရဖို့ လုံးဝကို မလွယ်နိုင်သေးပါဘူး ဘာလို့လဲဆိုတော့ ယူနိုက်တက်တို့ဟ...
03/09/2026

ဒီနှစ်မှာလဲ ကာရစ်ရဲ့ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ဖလားရဖို့ လုံးဝကို မလွယ်နိုင်သေးပါဘူး

ဘာလို့လဲဆိုတော့ ယူနိုက်တက်တို့ဟာ ရှုံးချင်ရင် ရှုံးချင်ပြီး နိုင်ချင်ရင် ကောက်ထပြီး နိုင်သွားလို့ပါ

အာဆင်နယ်တို့ စီးတီးတို့လို ယူနိုက်တက်ရဲ့နိုင်ပွဲတွေက တသမတ်တည်း (Consistency) မရှိပါဖူး

ဒါကြောင့် ယူနိုက်တက်တို့အတွက်ဆိုရင် ဒီနှစ်မှာ ဖလားထပ်ရမယ်လို့ အာမမခံနိုင်တာပဲဖြစ်ပါတယ်

တိုက်စစ်တွေပဲ ငွေပုံသုံးနေပြီး ခံစစ်နဲ့ ကွင်းလယ်ကို အားမဖြည့်ထားတဲ့ လီပါပူးလ်လည်း ချန်ပီယံလုပွဲထဲ ထည့်ဖို့ မဖြစ်နိုင်သေးပါဘူး

ဂန္တဝင်တွေအားလုံးကတော့ ဒီနှစ်မှာ အာဆင်နယ်ကိုပဲ ဖလားမှန်းထားကြပါတယ်

အဲ့တော့ ယူနိုက်တက်နဲ့ လီပါပူးလ်တို့ဖလားရဖို့ဆိုတာ ဒီတိုင်းတွေးကြည့်ရင်တောင် တော်တော်လေးကို မဖြစ်နိုင်သေးတဲ့အရာပါ

နောက်ပြီးလက်ရှိမှာ စီးတီးကလဲ ဂိုးပြတ်ခြေပြတ်တွေနဲ့ပြန်လာနေပါတယ်

အဲ့တော့ ဒီနှစ်လည်း အာဆင်နယ် နဲ့ စီးတီးတို့ပဲပြိုင်လုကြဖို့ ပိုများမယ် ထင်ပါတယ်

တိုက်စစ်ကြမ်းနေပြီး ဥရောပပွဲကန်စရာမလိုတဲ့ ချဲလ်ဆီးတို့ကိုလည်း ချန်ပီယံလုပွဲထဲ ထည့်စဉ်းစားဖို့လိုနေပါပြီ

ဘောလုံး စျေးကွက်ထဲမှာ အလားအလာကောင်းတဲ့ လူငယ် နောက်တန်း ကစားသမားတွေ ပေါများနေတာတောင် ယူနိုက်တက်ကတော့ ဘယ်နောက်ခံလူ နေရာအတွ...
03/09/2026

ဘောလုံး စျေးကွက်ထဲမှာ အလားအလာကောင်းတဲ့ လူငယ် နောက်တန်း ကစားသမားတွေ ပေါများနေတာတောင် ယူနိုက်တက်ကတော့ ဘယ်နောက်ခံလူ နေရာအတွက် အားဖြည့်ဖို့ မစဉ်းစားသေးပါဘူး

ပြိုင်ဘက် အသင်းတွေက အားကိုးရတဲ့ ဘယ်နောက်ခံလူတွေကို အပိုင် ဆွဲယူနေချိန်မှာ ယူနိုက်တက် ကတော့ အသုံးမကျတဲ့ သူတွေကို လျှောက်ခေါ်ရင်း အချိန်တွေ အလကား ဖြုန်းတီးခဲ့တာ ဖြစ်ပါတယ်

ဒီနှစ် နွေရာသီ အပြောင်းအရွှေ့မှာလည်း ဒီလို အရေးကြီးလှတဲ့ ဘယ်နောက်ခံလူ နေရာအတွက် လူသစ် တစ်ယောက်မှ ခေါ်ယူနိုင်ခဲ့ခြင်း မရှိဘဲ ပရိသတ်တွေကို ဒေါသထွက်အောင် လုပ်ပြသွားခဲ့တာပါ

အကြိမ်ကြိမ် ပြိုလဲခဲ့တာကိုမှ မသင်ခန်းစာရဘဲ မပြင်ဆင်ချင်တာကတော့ ခေါင်းမာတာ ဖြစ်ပြီး ဒီလိုမှ မလုပ်နိုင်သေးရင် ဘောလုံးလောကမှာ ယူနိုက်တက်တို့ နေရာပြန်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး

“အန်ဇို မန်စီးတီးရောက်တာနဲ့ ဟာလန်းက စိတ်အေးသွားပြီ။ 😂အပြောင်းအရွှေ့က တကယ်ဖြစ်မဖြစ် စောင့်ကြည့်နေရတာထက် အန်ဇို စာချုပ်မှာ...
02/09/2026

“အန်ဇို မန်စီးတီးရောက်တာနဲ့ ဟာလန်းက စိတ်အေးသွားပြီ။ 😂

အပြောင်းအရွှေ့က တကယ်ဖြစ်မဖြစ် စောင့်ကြည့်နေရတာထက် အန်ဇို စာချုပ်မှာ လက်မှတ်ထိုးပြီးတာကို မြင်လိုက်ရမှ...

ဟာလန်း — “အင်း၊ အခု ငါ အိပ်လို့ရပြီ” 😴😂

တစ်သင်းလုံး အန်ဇိုကို စောင့်နေကြတာမဟုတ်ဘူးထင်တယ်...
ဟာလန်းက သူ့အိပ်ချိန်ကို စောင့်နေတာဖြစ်နေတယ်။ 💀

ယူရိုသန်းရာချီတန် အပြောင်းအရွှေ့ကြီးတစ်ခု ပြီးမြောက်သွားတာထက် ဟာလန်းအတွက်တော့ “ဒီည အေးအေးဆေးဆေး အိပ်လို့ရပြီ” ဆိုတာက ပိုအရေးကြီးနေခဲ့တာပဲ။ 😂🔵”

"ရှင် နာကျင်ခံစားခဲ့ရတာတွေ၊ လဲကျခဲ့ရတာတွေနဲ့ ပြန်ထရပ်ခဲ့တာတွေကို ငါအနီးကပ် မြင်တွေ့ခဲ့ရပါတယ်။ အရာရာတိုင်းဟာ ရှင့်စိတ်ကြိ...
01/09/2026

"ရှင် နာကျင်ခံစားခဲ့ရတာတွေ၊ လဲကျခဲ့ရတာတွေနဲ့ ပြန်ထရပ်ခဲ့တာတွေကို ငါအနီးကပ် မြင်တွေ့ခဲ့ရပါတယ်။ အရာရာတိုင်းဟာ ရှင့်စိတ်ကြိုက် ဖြစ်မလာခဲ့တဲ့အချိန်မှာတောင် ဇွဲမလျှော့ဘဲ ထပ်ခါထပ်ခါ ကြိုးစားခဲ့တာကိုလည်း ငါမြင်ခဲ့ရတာပါ။ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးတဲ့နောက် ရှင့်ရဲ့အိပ်မက်တွေ ပြည့်ဝသွားခဲ့တာ၊ ငါတို့ဘဝရဲ့ အပျော်ရွှင်ဆုံး နေ့ရက်တွေကို ဖြတ်သန်းနိုင်ခဲ့တာတွေကို မြင်တွေ့ခွင့်ရခဲ့လို့ ငါ တကယ်ပဲ ကံကောင်းခဲ့ပါတယ်။

ဒါပေမဲ့ ဒီဇာတ်လမ်းတစ်လျှောက်လုံးမှာ ငါ့ကို အထိစပ်ဆုံးနဲ့ စိတ်လှုပ်ရှားစေခဲ့တာကတော့ ငါတို့ရဲ့ ကလေးတွေဟာ ဒါတွေကို အနီးကပ် မြင်တွေ့ခွင့်ရပြီး ကြီးပြင်းလာခဲ့ရတာပါပဲ။ သူတို့ရဲ့ အဖေဟာ သူလိုချင်တဲ့အရာအတွက် ဘယ်တော့မှ လက်မလျှော့ဘဲ နောက်ဆုံးအချိန်ထိ ယုံကြည်မှုအပြည့်နဲ့ တိုက်ပွဲဝင်ခဲ့တာကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ရှင် အရာရာကို အောင်မြင်အောင်ယူပြပြီး ကမ္ဘာ့ဖလားကြီးကို မြှောက်ကိုင်နိုင်ခဲ့တာကို သူတို့ကိုယ်တိုင် အနီးကပ် ဝိုင်းရံကြည့်ရှုခွင့် ရခဲ့ကြတယ်။

ဒါတွေအားလုံးကို ရှင့်ရဲ့ဘေးနားမှာ အတူတူ ဖြတ်သန်းခွင့်ရခဲ့တာဟာ ငါ့အတွက်တော့ အင်မတန်မှ အဖိုးတန်တဲ့ အခွင့်အရေးတစ်ခုပါပဲ။ ငါတို့ ရှင့်ကို အမြဲတမ်း ချစ်နေမှာပါ"
Antonela Roccuzzo

ဒီပို့တီပိုအသင်းဟာ အခုရာသီမှာ ၅ ဂိုးရရှိထားပြီး အဆိုပါအနက်က ၃ ဂိုးကို အော်ဘားမီးယန်းက သွင်းပေးထားခဲ့တာပါ ။ အယ်လ်ချီ ၊ မာ...
31/08/2026

ဒီပို့တီပိုအသင်းဟာ အခုရာသီမှာ ၅ ဂိုးရရှိထားပြီး အဆိုပါအနက်က ၃ ဂိုးကို အော်ဘားမီးယန်းက သွင်းပေးထားခဲ့တာပါ ။ အယ်လ်ချီ ၊ မာလာဂါတို့နဲ့ ၁ ဂိုးစီသရေကျတဲ့ပွဲတွေ ၊ ဗလင်စီယာကို ၃-၁ နဲ့ အနိုင်ရတဲ့ မနေ့ညက ပွဲစဉ်တွေမှာ ဒီပို့တီပိုအသင်းအတွက် အော်ဘားမီးယန်း ဂိုးတွေသွင်းပေးခဲ့ပါတယ် ။ တပွဲကို ၁ ဂိုးနှုန်းနဲ့ ၃ ပွဲ ၃ ဂိုးသွင်းယူပေးထားခဲ့တာပါ ။ ၃၉ နှစ်အရွယ်ကစားသမားကြီးက အသင်းရဲ့ အကောင်းဆုံးဂိုးသွင်းရှင်အဖြစ် ပုံစံကောင်းပြသနေတုန်းပါပဲ ။

🚨 သီယာရီ အွန်နရီက အစ်ဆွစ်ချ်နဲ့ပွဲမှာ ဘရူနို ဖာနန်ဒက်စ် ဟက်ထရစ်သွင်းခဲ့တဲ့အပေါ် —🗣️ “နားထောင်ပါဦး။ တစ်ချိန်ချိန်မှာတော့ ...
31/08/2026

🚨 သီယာရီ အွန်နရီက အစ်ဆွစ်ချ်နဲ့ပွဲမှာ ဘရူနို ဖာနန်ဒက်စ် ဟက်ထရစ်သွင်းခဲ့တဲ့အပေါ် —

🗣️ “နားထောင်ပါဦး။ တစ်ချိန်ချိန်မှာတော့ ဘရူနို ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး အငြင်းပွားနေတာတွေ ရပ်ပြီး သူ့ရဲ့အရည်အသွေးကို စတင်အသိအမှတ်ပြုဖို့ လိုပါပြီ။

ဒီနေ့ ဟက်ထရစ်သွင်းတယ်၊ PFA Player of the Year ဆုကိုလည်း ရထားတယ်၊ အခုထိ အမြင့်ဆုံးအဆင့်မှာ ခြေစွမ်းကောင်းကောင်း ဆက်လက်ပြသနေတုန်းပဲ။ Magnifique! (အံ့မခန်းပါပဲ။)

သူ့ရဲ့ ဘောလုံးမြင်ကွင်း၊ ပေးပို့မှု၊ ဂိုးသွင်းနိုင်စွမ်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေက မယုံနိုင်စရာကောင်းလောက်အောင် ထူးချွန်ပါတယ်။ မန်ချက်စတာယူနိုက်တက်က အထူးတစ်ခုခု လိုအပ်လာတိုင်း ဘရူနိုကိုပဲ အားကိုးရတာပါ။

သူက အပတ်တိုင်းလိုလို အခွင့်အရေးဖန်တီးပေးတယ်၊ ဂိုးသွင်းတယ်၊ အသင်းအတွက် တာဝန်ယူတယ်။ ဒါပေမယ့် အံ့ဩစရာကောင်းတာက အခုထိ ဘရူနိုကို အသင်းရဲ့ ပြဿနာလို့ ပြောနေတဲ့ ယူနိုက်တက်ပရိသတ်တွေ ရှိနေသေးတာပါ။

ပြဿနာတဲ့လား? တကယ်ပဲလား?

အသင်းခေါင်းဆောင်က ဟက်ထရစ်သွင်းပြီး PFA Player of the Year ဆုကိုပါ ရယူထားတယ်ဆိုရင် သူ့ကို အပြစ်တင်ရမှာ မဟုတ်ပါဘူး။ သူ့ပတ်ဝန်းကျင်မှာ အသင်းတစ်သင်းကို တည်ဆောက်ရမှာပါ။

ကျွန်တော့်အမြင်မှာတော့ ဘရူနိုက မန်ချက်စတာယူနိုက်တက်ရဲ့ ပြဿနာ မဟုတ်ပါဘူး။ အသင်းက ရှေ့ဆက်တိုးတက်လာနိုင်ဖို့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုပါ။

အရေးကြီးတဲ့အချိန်တိုင်း အသင်းအတွက် ဆက်လက်စွမ်းဆောင်ပေးနေတဲ့ ကစားသမားတစ်ယောက်ကို အမြဲတမ်း အပြစ်တင်နေဖို့ မဖြစ်နိုင်ပါဘူး။

ဘောလုံးပရိသတ်တွေဟာ တစ်ခါတလေမှာ တကယ့်ထူးချွန်မှုတွေကို သူတို့မရှိတော့တဲ့အချိန်မှ တန်ဖိုးထားတတ်ကြပါတယ်။

ဘရူနို ဖာနန်ဒက်စ်က သူ့အလုပ်ကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ မန်ချက်စတာယူနိုက်တက်အနေနဲ့လည်း ဒီအသင်းကို သူ့ပတ်ဝန်းကျင်မှာ အခြေခံပြီး တည်ဆောက်သင့်ပါတယ်။”

မက်သီးယက်ပ်စ် ဂျစ်ဆဲလ်ဟာ တိုနယ်လီ ၊ ဂွီမာရက်စ် ၊ ဂေါ်ဒွန်တို့မရှိတော့တဲ့ နယူးကာဆယ်ကို နည်းပြလုပ်ဖို့ ရောက်လာခဲ့တယ် ။ ပရီ...
30/08/2026

မက်သီးယက်ပ်စ် ဂျစ်ဆဲလ်ဟာ တိုနယ်လီ ၊ ဂွီမာရက်စ် ၊ ဂေါ်ဒွန်တို့မရှိတော့တဲ့ နယူးကာဆယ်ကို နည်းပြလုပ်ဖို့ ရောက်လာခဲ့တယ် ။ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲမှာ လီဗာပူး ၊ တော့တင်ဟမ်ဟော့စပါးတို့လို အသင်းကြီးတွေနဲ့ ကစားခဲ့ရတယ် ။ လီဗာပူးကို ဂိုးအရင်သွင်းပြီး သရေကျခဲ့တယ် ၊ နောက်ဆုံးမိနစ်အထိ အနိုင်ရရှိနေခဲ့တာ . . . ။ တော့တင်ဟမ်ဟော့စပါးနဲ့ပွဲမှာတော့ မက်သီးယပ်စ် ဂျစ်ဆဲလ်တယောက် နိုင်ပွဲစတင်ရယူသွားနိုင်ခဲ့ပါပြီ ။ အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ကစားပြီးတော့ပါ ။ အီလန်ဂါ ၂ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပြီး စပါးအသင်းကို ဂိုးမပေးရအောင်လည်း ကစားနိုင်ခဲ့ပါတယ် ။ ကွင်းဘေးကနေ ပွဲချိန်တလျောက်လုံး အသင်းသားတွေကို အော်ဟစ်ညွှန်ကြားနေတဲ့ မက်သီးယပ်စ် ဂျစ်ဆဲလ်ရဲ့ ပုံရိပ်တွေဟာ အခုဆိုရင် ပရီးမီးယားလိဂ်ဖန်တွေအကြားမှာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါပြီ ။

လီဗာပူးရော ဖောရက်စ်ပါ ပွဲစဉ် ၁ တုန်းက နိုင်ပွဲမရခဲ့ကြပါဘူး ။ ဒါပေမယ့် ဖောရက်စ်က ရှုံးပွဲတွေ့ခဲ့တာဖြစ်တဲ့အပြင် ကြားရက်တုန...
29/08/2026

လီဗာပူးရော ဖောရက်စ်ပါ ပွဲစဉ် ၁ တုန်းက နိုင်ပွဲမရခဲ့ကြပါဘူး ။ ဒါပေမယ့် ဖောရက်စ်က ရှုံးပွဲတွေ့ခဲ့တာဖြစ်တဲ့အပြင် ကြားရက်တုန်းကလည်း ခါရာဘောင်ဖလားမှာ ထပ်ရှုံးထားပါသေးတယ် ။ အခုတပွဲပါရှုံးမယ်ဆိုရင် ၃ ပွဲဆက်ဖြစ်လာမှာပါ ၊ ဒါဆိုရင် နည်းပြ အိုလီဗာ ဂလက်စနာအတွက် အခြေအနေမကောင်းနိုင်ပါဘူး ။

ဒါပေမယ့် ဒီလိုကိစ္စမျိုးတွေက ရာသီအစမှာ ဖြစ်တတ်ပါတယ် ။ အသင်းက ကစားသမားတွေက နည်းပြသစ်အပေါ်မှာ ယုံကြည်မှုအပြည့်အဝမရှိသေးပါဘူး ၊ နည်းပြအတွက် အစွမ်းကုန်ကြိုးစားပေးဖို့ထက် ဒီနည်းပြက သင့်တော်တဲ့သူဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းတွေကို မေးမိနေမှာပါ ။ ဒီလိုအနေအထားက လီဗာပူးအတွက် အခွင့်အရေးပါပဲ ။ လီဗာပူးကလည်း ရှေ့လည်နောက် ဟန်ချက်ညီနေတဲ့အသင်းတော့မဟုတ်သေးပါဘူး ၊ ဒါပေမယ့် အိမ်ကွင်းမှာကစားရမယ့်ပွဲကိုတော့ အနိုင်ရအောင် ကစားနိုင်မှာပါ ။

ချာကီ ပြန်လာမှုနဲ့အတူ မန်စီးတီးကလည်း ပဲလေ့စ်ကို ဂိုးပြတ်နိုင်ပွဲအတူ အနိုင်ယူပြခဲ့ပါတယ် ဟာလန်း ၂ ဂိုးသွင်းသလို ချာကီကလည်း...
29/08/2026

ချာကီ ပြန်လာမှုနဲ့အတူ မန်စီးတီးကလည်း ပဲလေ့စ်ကို ဂိုးပြတ်နိုင်ပွဲအတူ အနိုင်ယူပြခဲ့ပါတယ်

ဟာလန်း ၂ ဂိုးသွင်းသလို ချာကီကလည်း ၂ ဂိုးသွင်းပြီး မာရက်စ်ကာအတွက် ဒုတိယနိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့ပါတယ်

အဲ့ထက်ကြမ်းတာက ၂ ပွဲပဲရှိသေးချိန်မှာ ချာကီက ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးနဲ့ ဂိုးဖန်တီးမှုအများဆုံး စာရင်းမှာ ထိပ်ဆုံးက ပြေးနေပါပြီ

မဲခွဲပွဲ ရလဒ်တွေကို သေချာ လေ့လာကြည့်လိုက်ရင် ယူနိုက်တက်အနေနဲ့ အဆင့် ရလဒ်ကောင်းတွေနဲ့အတူ အုပ်စု ထိပ်ဆုံးပိုင်းဆီ အလွယ်တကူ...
28/08/2026

မဲခွဲပွဲ ရလဒ်တွေကို သေချာ လေ့လာကြည့်လိုက်ရင် ယူနိုက်တက်အနေနဲ့ အဆင့် ရလဒ်ကောင်းတွေနဲ့အတူ အုပ်စု ထိပ်ဆုံးပိုင်းဆီ အလွယ်တကူ တက်လှမ်းသွားနိုင်မယ့် အခွင့်အရေး အပြည့် ရရှိထားတာကို တွေ့မြင်နိုင်ပါတယ်

ဘိုင်ယန်နဲ့ အက်သလက်တီကိုတို့က အဓိက အတားအဆီး စိန်ခေါ်မှုတွေ ဖြစ်နေပေမယ့် ရိုးမား လိုက်ပဇစ် စပို့တင်း ဗီလာရီးယဲလ် ဆာဘားနဲ့ ကိုမိုတို့လို ပြိုင်ဘက်တွေ ပါဝင်နေမှုဟာ ယူနိုက်တက်အတွက် အတော်လေး အားသာချက် ရှိစေတဲ့ ပွဲစဉ်ဇယား ဖြစ်လာစေတာပါ

ဒါ့အပြင် ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ရှစ်ပွဲအနက် လေးပွဲကို အိုးထရက်ဖို့ဒ်မှာ အိမ်ကွင်း ပရိသတ်တွေရဲ့ အားပေးသံတွေနဲ့အတူ ယှဉ်ပြိုင်သွားရမှာမို့ ရမှတ် အပြည့်အဝ စုဆောင်းနိုင်ဖို့ အခွင့်အလမ်းကြီး ရရှိထားတာပါ

ဒီမဲခွဲမှုရလဒ်ဟာ ကြောက်စရာ လုံးဝ မဟုတ်ဘဲ ဥရောပမှာ အနိုင်ရ သိမ်းပိုက်ရမယ့် အခွင့်အရေးကောင်းကြီး တစ်ခု ဖြစ်ပါတယ် အိုးထရက်ဖို့ဒ် မြေမှာ ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ အောင်ပွဲဆီ တက်လှမ်းသွားမယ့် ယူနိုက်တက်ရဲ့ ခြေလှမ်းတွေကို စောင့်ကြည့်သွားရတော့မှာပါ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 555Mix Senior Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share